ရွှေအဆင့်နည်းပြ

Oleh Swae_Nyoe

103K 13.2K 106

ဘာသာပြန်သူ - စွဲညို့အသင်း Esport ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ "ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး" ဆိုတဲ့ တစ်ပ... Lebih Banyak

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
တယ်လီဂရုလေး ကြေညာချက်..
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Notice!!
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 71
Part 72
Part 73
Part 74
Part 76
Part 78
Part 79
Part 80
Part 81
eSport ဇာတ်လမ်းလေးနောက်တစ်ပုဒ်
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Telegram ကို လာခဲ့နော်
Part 115
Part 116
Completed in Telegram
Part 117
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်လိုက်ပါကြောင်း

Part 7

1.2K 177 0
Oleh Swae_Nyoe

Unicode

Chapter 7 : လမ်းထောင့်ဖြတ်ကူးခြင်း

မိုဟန်တျန်းသည် ဤရက်ပိုင်းအတွင်း စိတ်အဆင်မပြေခဲ့ပေ။

ကမ္ဘာ့စီးရီးတွင် အရှုံးရရှိသွားပြီးနောက် နည်းပြကျန်းမှာ အလွန်ဆိုးရွားစွာ အဆူခံခဲ့ရကာ မိုဟန်တျန်းသည် ကီးဘုတ်တိုက်ခိုက်သူများ၏ စကားများအျပါ် သေချာပေါက် မလွတ်မြောက်နိုင်သေးပေ။

“အခြားလက်ရွေးစင်အသင်းကလူက ခေါင်းထိအောင်ပစ်နိုင်ပေမယ့် ငါတို့သေနတ်ပစ်သမားက လေထဲကို ပစ်လိုက်တယ်တဲ့လား”

“မိုဟန်တျန်းက အဲ့လိုအခြေအနေမှာပဲနေခဲ့ရတာ‌လေ။ သူကလေထဲကတိမ်တွေကိုပဲပစ်နိုင်တယ်”

“ငါ‌‌ မြေ‌အောက်ရထားဘူတာရုံတစ်လျှောက်လုံးမှာ သူ့ကြော်ငြာတွေကပ်ထားတာကို မြင်ရတာ‌ ရွံလာပြီ။ အဲ့မြေအောက်ရထားပေါ်တောင် မထိုင်ချင်ဘူး”

“သေနတ်ဘုရင်ရဲ့ သံတမန်တဲ့လား။ မင်းက သေနတ်ဘုရင်ရဲ့ကစားသမားတွေကို တမင်စိတ်ပျက်အောင် အခြားကစားပွဲတစ်ခုကပို့လိုက်တဲ့ လျှို့ဝှက်အေးဂျင့်မဟုတ်ဘူးလား” 

“မင်းဒီလက်စွမ်းနဲ့ လက်ရွေးစင်အသင်းထဲ ဘယ်လိုဝင်သွားတာလဲ။ မင်းငါ့အင်္ကျီထောင့်တွေတောင် ပစ်နိုင်မှာမဟုတ်ဘူး” 

“ရှောင်းမို အနားယူလိုက်တော့။ မင်းအနုပညာဇာတ်လမ်းတွဲတွေရိုက်ရုံနဲ့ ပိုက်ဆံတွေ လုပ်လို့ရကောင်းလုပ်နိုင်တယ်”

မိုဟန်တျန်းတွင် Weibo ပရိသတ်များ သန်းနှင့်ချီ၍ရှိကာ ပရိသတ်များမှာ သူတို့၏အနုပညာရှင်အား အလိုအလျောက် ကာကွယ်ပေးလိမ့်မည်။ သူတို့သည် လက်ရွေးစင်အသင်းရှုံးသွားရခြင်းမှာ နည်းပြကျန်း၏ တိုက်ကွက်စီမံမှုတွင် ပြဿနာရှိနေသောကြောင့်ဖြစ်သည်ဟု ပြောခဲ့ကြသည်။ ထိုသို့ဆိုလျှင်ပင် မိုဟန်တျန်း၏ ယုန်ညံ့သောလက်စွမ်းအား ဆူပူကြသော လူမြောက်များစွာနှင့် မှတ်ချက်ပေးသည့်နေရာမှာ ရက်ပေါင်းများစွာကြာ ရန်ဖြစ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ 

ဤကဲ့သို့ မုန်းတီးသည့်ပရိသတ်များ၏ မှတ်ချက်များမှာ ပါးရိုက်ခံရသည်နှင့်တူကာ သူ့အားမောပန်းစေခဲ့သည်။ 

လက်ရှိတွင် လက်ရွေးစင်အသင်း၌ နည်းပြအသစ်မရှိဘဲ နောက်ထပ်စီစဉ်မှုများ ဘာဖြစ်လိမ့်မည်ကို မသိရပေ။ 

မိုဟန်တျန်းသည် စိတ်မကြည်သောကြောင့် သူ၏အခြားအကောင့်တစ်ခုထဲသို့ ဝင်ကာ အွန်လိုင်းဂိမ်းကစားရန် ပေါ့ပေါ့ပါးပါး ဝင်လာခဲ့သည်။ 

သူသည် လက်ရွေးစင်အသင်း၏ အဓိကသေနတ်ပစ်သမားဖြစ်သောကြောင့် မူလတန်းကျောင်းသားများ၏ အပေါင်းအနှုတ်တွက်ချက်ခြင်းအား လုပ်နေသည့် သင်္ချာပါမောက္ခကဲ့သို့ အပိုင်း 2000အား ကစားနေခဲ့သည်။ ၎င်းမှာလွယ်လွယ်လေးပင်ဖြစ်သည်။ သူသည် မိမိကိုယ်ကိုယုံကြည်မှု အနည်းငယ်ပြန်လည်ရရှိရန် အားနည်းသူများအား နှိပ်စက်ရန်လိုသည်။

ကစားပွဲမှာအမြန်စတင်ခဲ့ကာ ကျန်းရှောင်ယွီသည် ‘ပုန်းသူ’ အသင်းဆီသို့ ကျပန်းကျရောက်သွားခဲ့သည်။ 

ဤမြေပုံမှာ တိုက်ခိုက်ရန် ပုန်းသူများအတွက် ပို၍ပင်ခက်ခဲလှသည်။ တစ်ဖက်အခြမ်းမှ သေနတ်ပစ်သမားသည် အဆောက်အဦးအမြင့်‌ပေါ် သေနတ်တပ်ဆင်ကာ အကွာအဝေးမှာ မြေပုံတစ်ခုလုံးနီးပါးအား ဖုံးလွှမ်းနိုင်သည်။ အားကောင်းသောသေနတ်ပစ်သမားမှာ သူတို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့အားသတ်ပစ်နိုင်သည်။ အနီးကပ်တိုက်ပွဲနှင့် ပေါ့ပါးသွက်လက်သော နေရာယူခြင်းဖြင့် အဆောက်အဦးများအား သေနတ်ပစ်သမားမမြင်နိုင်ရန် အဟန့်အတားများအဖြစ် သုံးနိုင်သည်။

သူ၏အသင်းဖော်များ ပြေးထွက်သွားခဲ့သည်။

Fruit Pie နှင့် Pudding Jelly မှာ အသံချန်နယ်တွင် စကားပြောခဲ့သော ဦးလေးများဖြစ်သည်။ သူတို့နှစ်ယောက်လုံး သေနတ်များကိုင်ဆောင်သွားကာ ဘယ်ဘက်လမ်းသို့သွားစဉ်တွင် Gun King No. 77မှာလည်း ဘယ်ဘက်လမ်းသို့သွားခဲ့သည်။ 

ကျန်းရှောင်ယွီသည် သူ၏အသင်းသားများ၏ နေရာအားစိုက်ကြည့်ကာ Doudou အားညာဘက်သို့ ခေါ်သွားခဲ့သည်။ သူသည် လေကဲ့သို့ ‌အဆောက်အဦးထဲ ခိုးဝင်သွားကာ Doudou မှာသူ့နောက် ချက်ချင်းလိုက်ခဲ့သည်။

သေနတ်ပစ်သံစတင်ပြီးနောက် မိနစ်ဝက်လောက်တွင် မြေပုံ၏ အနောက်မြောက်နေရာမှ ကြည်လင်ပြတ်သားသော သေနတ်သံကိုကြားခဲ့သည်။ 

[Devil333 သည်Fruit Pie အား ခေါင်းသို့ပစ်ရန် DSR-Apocalypseကို အသုံးပြုခဲ့သည်။]

ဦးလေးဖန်သည် နမော်နမဲ့နိုင်သွားပုံပေါ်သည်။ သူထွက်လာသည့်အချိန်တွင် မိုဟန်တျန်းမှ စက္ကန့်ပိုင်းအတွင်း သတ်ပစ်ခဲ့သည်။ DSR စနိုက်ပါသေနတ်မှာ အကွာအဝေးရှည်လွန်းကာ တိကျမှုမြင့်မားသည်။ ၎င်းသည် မိုဟန်တျန်း၏ အနှစ်သက်ဆုံးလက်နက်ဖြစ်သည်။ 

တစ်စုံတစ်ယောက်အား သတ်ပြီးနောက် သူသည်အနည်းငယ်ပြုံးကာတွေးလိုက်သည်။ “အောက်ပိုင်းလေးတွေက တကယ့်ကိုတက်သစ်စလေးတွေနဲ့ပြည့်နေတာပဲ။ လူသတ်ရတာအရမ်းလွယ်တယ်”

မိုဟန်တျန်းသည် သူ၏မျက်လုံးများအား မှေးလိုက်ကာ သူ့သေနတ်ပြောင်းဝအား Fruit Pieနှင့်‌ ပြေးထွက်လာသော Pudding Jelly အားသတ်ရန် အမြန်ပြောင်းလိုက်သည်။

သို့သော် Pudding Jelly မှာ သတိရှိပြီး သူ၏ဘေးတွင်ရှိသော အဆောက်အဦး‌အနောက်တွင် အမြန်ပုန်းကာ ထွက်မလာရဲခဲ့ပေ။ 

ခုခံရေးဘက်မှ ကစားသမားနှစ်ယောက်မှာ သူ့အားရှာရန်သွားခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးမှာ သူ့အားနှစ်ဖက်ပိတ်ကာ မျက်စိတစ်မှိတ်အတွင်း Pudding Jelly ကို ဝန်းရံလိုက်သည်။ 

ဆူညံသည့်သေနတ်သံမှာ အနောက်မြောက်ဘက်မှ ကြားခဲ့ရပြီး အဖွဲ့နှစ်ဖွဲ့လုံးမှာ ပြင်းထန်သည့်တိုက်ပွဲတစ်ခု အဖြစ်ပြောင်းလဲသွားခဲ့သည်။

စာများမှာ ဖန်သားပြင်အား ဆက်တိုက်ပြည့်လာခဲ့သည်။ 

Pudding Jelly အား တစ်ဖက်အသင်းမှလူနှစ်ယောက်မှာ သတ်ပစ်ခဲ့သည်  သူမသေခင်တွင် သူပစ်၍ ရန်သူချေမှုန်းသူများထဲမှ တစ်ယောက်အား သတ်ပစ်ခဲ့သည်။ 

သူတို့ဘက်၌ လူသုံးယောက်ကျန်ကာ ရန်သူဘက်တွင် လူလေးယောက် အသက်ရှင်နေခဲ့သည်။ 

ကျန်းရှောင်ယွီသည် အလျင်မလိုခဲ့ပေ။ သေနတ်နှင့် သတ်သည့်အချက်အလက်များအား လေ့လာထားကာ လမ်း၏ဘယ်ဘက်အခြမ်းတွင် လူနှစ်ယောက်ရှိနေခဲ့ကာ ညာဘက်အခြမ်းပေါ်တွင် ကင်းထောက်တစ်ယောက်ရှိနေသင့်သည်။ 

ကျန်းရှောင်ယွီသည် ပေါ့ပါးစွာရွေ့လျားကာ အဆောက်အဦးနှစ်ခုကြား အမြန်ပြေးသွားခဲ့သည်။ သူရွေးချယ်ခဲ့သော လမ်းနေရာမှာ သေနတ်ပစ်သမား၏မြင်ကွင်းထဲတွင် မရှိသော နေရာဖြစ်နေခဲ့သည်။ အဆောက်အဦးမြောက်များစွာမှာ သူ၏ခန္ဓာကိုယ်အား ကာထားပြီး အမြင့်တစ်နေရာမှ သူ့အားမြင်ရန် သေနတ်ပစ်သမားများအတွက် ခက်ခဲနေသည်။ 

ခဏကြာပြီးနောက် ကျန်းရှောင်ယွီသည် လမ်းဆုံရှိ အဆောက်အဦးအနောက်တွင် ပုန်းနေခဲ့ကာ သူ၏စက်သေနတ်အားမြှောက်ထားလိုက်သည်။ ကင်းထောက်မှာ အရှေ့တောင်ဘက်သို့ သွားမည်ဆိုပါက သူ၏ထောင့်အား သေချာပေါက်ဖြတ်သွားလိမ့်မည်။

ကျန်းရှောင်ယွီသည် ဂရုတစိုက်နားထောင်ခဲ့သည်။ သေချာသည်မှာ သူသည်‌ ခြေသံပြင်းပြင်းကိုကြားခဲ့သည်။

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း။

စက်သေနတ်၏ကျည်ဆန်များမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ပစ်ခတ်နေခဲ့သည်။

ထောင့်နားလျှောက်လာသည့်ကင်းထောက်မှာ ဇကာအဖြစ်ချက်ချင်းအပစ်ခံခဲ့ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျည်ဆန်များမှ အပေါက်များဖြင့် ပြည့်သွားခဲ့သည်။ 

[Casually သည် Turn the Corner to Meet Loveအား ခေါင်းသို့ပစ်ရန် Thomson-Flames ကိုအသုံးပြုခဲ့သည်]

Classmate Doudou သည် အရယ်မရပ်နိုင်တော့ပေ။ “Turn the Corner to Meet Love က သူထောင့်ဘက်လှည့်လာတော့မှ သေသွားခဲ့တယ်။ ဟားဟားဟား ဒီနာမည်က ကံဆိုးလွန်းတာပဲ”

ကျန်းရှောင်ယွီသည် ဘယ်ဘက်အခြမ်းမှ တိုက်ပွဲအခြေအနေအား မမြင်နိုင်သော်လည်း ဖန်သားပြင်ပေါ် ထွက်လာသော သေသွားသည့် သတင်းအချက်အလက်မှာ သူ့အားထပ်မံစိတ်ရှုပ်စေခဲ့သည်။ 

[Devil333သည် Gun King No. 77အား ခေါင်းသို့ပစ်ရန် the DSR-Apocalypseကို အသုံးပြုခဲ့သည်]

ထိုသူမှာထပ်မံ၍ မိုဟန်တျန်းပင်ဖြစ်နေခဲ့သည်။ တကယ်တမ်းတွင် သူသည် လက်ရွေးစင်အသင်း၏ သေနတ်ပစ်သမားဖြစ်နေခဲ့သည်။ အပိုင်း 2000 အဆင့်နိမ့်အား ကစားခြင်းမှာ ‘အားနည်းသူအား နှိပ်စက်နေသည့် အားသန်သူ’ ပင်ဖြစ်သည်။ 

ဘယ်ဘက်အခြမ်မှ ကစားသမားသုံးယောက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်သွားခဲ့ကာ ကျန်းရှောင်ယွီနှင့် Doudou ကိုသာ ညာဘက်အခြမ်းတွင် ချန်ထားခဲ့သည်။ 

အသင်း၏အသံချန်နယ်တွင် ဦးလေး Fruit Pie မှာသက်ပြင်းချနေခဲ့သည်။”ငါအရှုံးပေးဖို့မဲပေးလိုက်ပြီ။ ငါတို့သူတို့ကို မနိုင်နိုင်ဘူး” 

အသင်းဖော်တစ်ယောက်မှာ အရှုံးပေးသည့်အချက်အား နှိပ်လိုက်ကာ အသတ်ခံရသော လူသုံးယောက်မှာ အလျင်အမြန်သဘောတူခဲ့သည်။ Doudou သည် ‘ငြင်းဆန်သည်’ အားနှိပ်ရန် တုံ့ဆိုင်းမနေဘဲ ကျန်းရှောင်ယွီသည် အရှုံးပေးသည့်စာကို လျစ်လျူရှုခဲ့သည်။ 

ထိုကဲ့သို့ဖြစ်ပွားရန် အရှုံးပေးရန်သဘောတူသည့် လူလေးယောက်ရှိရမည်။ ‌ဤအရှုံးပေးသည့်အချီမှာ မအောင်မြင်ခဲ့ပေ။ 

Fruit Pie: အရူးတွေ မင်းတို့ကတိုက်ချင်နေတုန်းလား။ လက်ရွေးစင်အသင်းနဲ့တွေ့‌တာတောင် ခေါင်းမာချင်နေတာလား။

Casually: ငါတိုက်နိုင်တယ်။

Fruit Pie: …ကောင်းပြီ။ ဖိုက်တင်း။

ကျန်းရှောင်ယွီသည် ကင်းထောက်အား ရှင်းပြီးကာ မြေပုံ၏ဘယ်ဘက်အခြမ်းပေါ် အားလုံးရှိနေခဲ့‌သော အခြားအဖွဲ့မှ လူသုံးယောက်ကျနိနေသေးသည်။ သူသည် လေးလံသောစက်သေနတ်အား ဖယ်လိုက်ပြီး ပစ္စတိုသေနတ်ကိုလဲလိုက်သည်။

ဂိမ်းထဲတွင် မတူညီသောအလေးချိန်များနှင့် လက်နက်များမှာ ကစားသမား၏ခြေလှမ်းများကို သက်ရောက်လိမ့်မည်။ကစားသမား‌မှာ ပေါ့ပါးသောလက်နက်အား ကိုင်ထားလျှင် ဂိမ်းထဲရှိသူတို့၏ခြေလှမ်းများမှာ ‘ပေါ့ပါးသောခြေလှမ်းများ’ ချက်ချင်းဖြစ်သွားလိမ့်မည်။ဆယ်မီတာအတွင်းမှ ရန်သူများသာလျှင် ၎င်းတို့အား ကြားနိုင်သည်။ 

ကျန်းရှောင်ယွီသည် အသံချန်နယ်ထဲပြောလိုက်သည်။ “Classmate Doudou,ကျေးဇူးပြုပြီး ငါနဲ့ပူးပေါင်းပေးပါ”

Doudouသည် ကြီးမြတ်သောအရှင်၏အသံအား ပထမဆုံးကြားဖူးကာ ကြောင်သွားခဲ့သည်။  

လူငယ်လေး၏အသံမှာ အေးစက်၍သာယာကာ သူသည် မကျေမနပ်နှင့်အဆင်မပြေမှုအားလုံးကို ဖယ်ရှားနိုင်ပုံရကာ လူများအား စိတ်ရွှင်လန်းစေသည်။ Doudou မှာ စိတ်ရွှင်လန်းသွားကာ သူသည် အတန်းထဲမှ အတန်းပိုင်ဆရာမမှ နာမည်ခေါ်ခံရသည့်အလား ကွန်ပျူတာရှေ့တွင် အမြန်ပင်မတ်မတ်လိုက်လိုက်သည်။သူသည် အော်လိုက်သည်။ “ကျွန်တော်လာပြီ”

ကျန်းရှောင်ယွီ၏အသံမှာ တည်ငြိမ်နေခဲ့သည်။ “ကျည်ကာအလင်းဒိုင်းကို ဝတ်ပြီး နာရီလက်တံတစ်ဆယ်ဘက်ကို ပြေးတော့” 

ဆေးအကူမှာ တိုက်ပွဲပေါ်တွင် တစ်ဦးတည်းသော ကယ်ဆယ်ရေးတပ်ဖွဲ့ဖြစ်ပြီး သူတို့၏အသွေးအသားနှင့် ကျည်ဆန်များစွာကြား အမြဲဖြတ်သန်းသွား၍ မရနိုင်ပေ။ ဆေးအကူအဖြစ် ကစားလျှင် ထိုလူမှာကျည်ကာပစ္စည်းကို ယူလာရန်လိုအပ်သည်။ Doudouသည်လည်း ၎င်းအားဝယ်ခဲ့သည်။ ကျည်ကာအလင်းဒိုင်းသည် နှစ်မီတာမြင့်၍တစ်မီတာကျယ်‌သည့် အထူးသတ္တုပြားဖြစ်သည်။ ကျည်ကာအလင်းဒိုင်းသည် အသက်အပြည့်အဝရှိသည်။ ၎င်းအားကျည်ဆန်များဖြင့် ဆက်တိုက်ပစ်ပါက အသက်သုညရောက်သည်နှင့် ၎င်းအားထိုးဖောက်သွားကာ ကျည်ကာစွမ်းဆောင်ရည်မှာ ပျောက်ဆု‌ံးသွားလိမ့်မည်။ 

Doudouမှာ အားနည်းသော်လည်း သူသည်အလွန်စကားနားထောင်သည်။ 

သူသည် ကျန်းရှောင်ယွီ၏အမိန့်အား ကြားပြီး ကျည်ကာအလင်းဒိုင်းကို ချက်ချင်းမြှောက်လိုက်ကာ နာရီလက်တံတစ်ဆယ်ရှိရာသို့ အမြန်ပြေးသွားခဲ့သည်။ 

သေချာသည်မှာ သေနတ်သံသည် သူ၏နားထဲမြည်လာခဲ့သည်။

ဒိုင်း။

ကြည်လင်းပြတ်သားသည့် သေနတ်သံမှာ the DSR – Apocalypse ဖြစ်သော အထူးအဝေးထိန်းစနိုက်ပါရိုင်ဖယ်သေနတ်၏ အထူးအသံသက်ရောက်မှုတစ်ခုဖြစ်သည်။

မိုဟန်တျန်းသည် ကျည်ကာအလင်းထိန်းသို့ ပစ်လိုက်သည်။ 

သေနတ်ပစ်သမားသည် ဆေးအကူအားသတ်ချင်ပါက သူတို့သည် ကျည်ကာအလင်းဒိုင်းအား နှစ်ကြိမ်ဆက်တိုက် ပစ်ရမည်ဖြစ်ကာ ကျည်ကာမှာထိုးဖောက်ဝင်ရောက်နိုင်သည်။ မိုဟန်တျန်းသည် အလွန်ယုံကြည်မှုရှိနေသည်။ သူ၏အရှေ့တွင် ဒိုင်းကာ‌မြှောက်ထားသော တက်သစ်စ‌ဆေးအကူမှာ မည်သူနည်း။ ဒိုင်းကာမည်မျှပင်ထူထဲစေကာမူ သူပစ်နိုင်သေးသည်။ 

မိုဟန်တျန်းသည် မျက်မှောင်ကြုတ်လိုက်ကာ Doudouအား သူ၏မှန်ပြောင်းနှင့် ချိန်လိုက်သည်။ သူမသိခဲ့သည်မှာ သူချိန်နေစဉ်အတွင်း ကျန်းရှောင်ယွီမှာ အလံမှလျင်မြန်စွာ တစ်ပတ်လှည့်ပြီးဖြစ်သည်။ 

မိုဟန်တျန်း မင်းရဲ့တည်နေရာကို ဖော်ထုတ်လိုက်ပြီ။ 

ဤသည်မှာ သေနတ်ပစ်သမားနေရာ ကစားရာတွင် အနည်းငယ် ကန့်သတ်ထားသည်။

ကျန်းရှောင်ယွီသည် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ “Doudou၊ နာရီလက်တံ၁၁ဘက်ကို ဆက်သွားလိုက်”

Doudouသည့် အလင်းဒိုင်းအား ထပ်မြှောက်လိုက်သည်။ သူသည်အဆောက်အဦးအနောက်ဘက်မှ ပေါ်ထွက်လာကာ နာရီလက်တံ၁၁နာရီဘက်သို့ လျင်မြန်စွာပြေးသွားခဲ့သည်။ 

ဒိုင်း။

သေနတ်သံမှာ ထပ်ထွက်လာခဲ့သည်။ မိုဟန်တျန်း၏လက်စွမ်းမှာ အမှန်တကယ်ပင် အလွန်တိကျသည်။ ဤပစ်ချက်မှာ အလင်းဒိုင်းအား ချက်ချင်းတိုက်ရိုက် ထိမှန်သွားသည်။

သူ၏လက်ထဲမှဒိုင်းမှာ ကွဲကြေသွားကာ သူ၏ကျည်ကာအစွမ်း ပျောက်ဆုံးသွားခဲ့သည်။ အလင်းဒိုင်းကွဲကြေသွား‌သည့်အခိုက်အတန့် သူသည် အဆောက်အဦးအနောက် လမ်းလျှောက်သွားနိုင်သည်ကို Doudou မှာအံ့ဩသွားခဲ့သည်။ ကြီးမြတ်သောနတ်ဘုရားမှာ သူ၏လမ်းကြောင်းအား တွက်ချက်ပေးထားသည့်အလားဖြစ်နေခဲ့သည်။ 

Doudouသည် အားနည်းနေနိုင်သော်လည်း ဦးနှောက်မရှိသူမဟုတ်ပေ။ အရှေ့တွင်လလမ်းမကြီးတစ်ခု ရှိနေခဲ့သည်။ သူသည်ရှေ့သို့ဆက်ပြေးသွားလျှင်သေလိမ့်မည်။ သူသည်ချက်ချင်း ရပ်လိုက်ပြီး အဆောက်အဦးအနောက် တိတ်ဆိတ်စွာထိုင်လိုက်ကာ ကြီးမြတ်သောအရှင်၏ နောက်ထပ်ညွှန်ပြချက်များအား စောင့်နေခဲ့သည်။ 

ဤအချိန်တွင် ကျန်းရှောင်ယွီသည် ဤတည်နေရာအမြင့်အားအမြန်တက်ရန် မိုဟန်တျန်း၏ပစ်ခတ်မှုအား အခွင့်ကောင်းယူပြီးဖြစ်သည်။

သေနတ်သံသည် ‌ခြေသံအား ဖုံးကွယ်ပေးသည်။  ကျန်းရှောင်ယွီသည် ‌ဤစည်းချက်မှန်သည့်အချက်အား အမိအရဆုပ်ကိုင်ခဲ့သည်။ 

မိုဟန်တျန်း၏ ပြောင်းမှာ Doudou၏ ဦးတည်ရာသို့ မျက်နှာမူနေခဲ့သည်။ သူသည် သူ၏သား‌ကောင် ပေါ်လာရန်စောင့်‌ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည်အခြားသူများ၏ မျက်လုံးထဲတွင် သားကောင်ဖြစ်နှင့်ပြီးသည်ကို သူမထင်ထားခဲ့ပေ။ 

ဒိုင်း။

သေနတ်ပစ်သံမှာ အလွန်ပြတ်သားကာ အကွာအဝေးမှာ အလွန်နီးကပ်နေသည်။ ၎င်းသည်သူ၏အနောက်မှ ထွက်လာခဲ့သည်။ 

[Casuallyသည် Devil333အား ခေါင်းသို့ပစ်ရန်  Sand Eagle-Blue Dragonအား အသုံးပြုခဲ့သည်]

ကျန်းရှောင်ယွီ၏စာသည် အများသူငှာချန်နယ်တွင် ပေါ်လာခဲ့သည်။

Casually: မင်းကနမော်နမဲ့နဲ့ကိုး။

Casually: ငါကမင်းအနောက်မှာလေ။ 

Devil333: ……….

သေစမ်းကွာ။

ကွန်ပျူတာရှေ့တွင် မိုဟန်တျန်းသည် သူ၏ကီးဘုတ်အား ချိုးမိမလိုပင်ဖြစ်သည်။ ဤလူသည် ဘယ်အချိန်က သူ၏အနောက်တွင် ရောက်လာခဲ့သနည်း။ သူသည်မိုဟန်တျန်း၏ခေါင်းအနောက်အားပစ်ရန် ပစ္စတိုသေနတ်အား အမှန်တကယ် အသုံးပြုခဲ့သလား။ အားဖြည့်သူမှာ ရှေ့သို့ပြေးနေသင့်သည်မဟုတ်လား။ နောက်ကွယ်တွင်ခိုးကြောင်ခိုးဝှက်လုပ်ခြင်းမှာ ကင်းထောက်၏ပုံစံမဟုတ်ပါလား။ 

မိုဟန်တျန်းသည် ဆွံ့အသွားခဲ့သည်။ 

Classmate Doudou သည် ဤအရာအားမြင်ကာ ပထမဆုံးအကြိမ် ပြိုင်ပွဲ၏ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။ ယခင်က သူသည်ကြီးမြတ်သောအရှင်မှ ဆွဲခေါ်ခံရကာ ဘာမျှလုပ်စရာမလိုပေ။ သူသည်သက်တောင့်သက်သာနှင့် အနိုင်ရသွားခဲ့သည်။ ထိုစဉ် သူသည် ဤအကြိမ်တွင် သေးငယ်သောကဏ္ဍတွင် ပါဝင်ခဲ့သည်။ ပါဝင်ဆင်နွှဲရသည်မှာ ကောင်းမွန်သည့် ခံစားချက်တစ်ခုဖြစ်ခဲ့သည်။

Doudouသည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ “ကြီးမြတ်‌တဲ့အရှင် ကျွန်တော်ဘယ်လို ရွှေ့ရဦးမလဲ” 

ကျန်းရှောင်ယွီသည် သူ့အားပြောခဲ့သည်။ “နာရီလက်တံငါးနာရီမှာ ဆန့်ကျင်ဘက်ဦးတည်ရာကို ပြေးသွားလိုက်။ ငါမင်းကို ကာပေးမယ်” 

Doudou သည် ဆန့်ကျင်ဘက်နေရာကို ချက်ချင်းပြေးသွားခဲ့သည်။ 

ဆန့်ကျင်ဘက်နေရာတွင် လူနှစ်ယောက်ရှိနေခဲ့သည်။ သူတို့သည် ‌ခြေသံများအား ကြားကာ Doudou နောက်အမြန်လိုက်ခဲ့သည်။ သူတို့သည် လက်ပစ်ဗုံးမြေပြင်ပေါ်ကျလာသည့်အချိန်တွင် Doudou အား မိတော့မည်ဖြစ်သည်။ ပေါက်ကွဲမှုတစ်ခုဖြစ်သွားကာ ပတ်ဝန်းကျင်မှာ အဖြူရောင်မီးခိုးများနှင့် ချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။ 

သူတို့၏မြင်ကွင်းအား ထူထပ်သောအဖြူရောင်မီးခိုးများ ဖုံးသွားကာ မည်သည်ကိုမျှရှင်းလင်းစွာ မမြင်ရတော့ပေ။ သူတို့နှစ်ယောက်လုံး ဖမ်းဆီးမှုအား ရပ်တန့်ရလိမ့်မည်။ 

Doudou သည် ပုန်းကွယ်ရန် အဆောက်အဦးတစ်ခုအား အမြန်ရှာတွေ့ခဲ့သည်။ 

ဤတစ်ကြိမ်တွင် ကျန်းရှောင်ယွီသည် အဆောက်အဦးမြင့်ကြီးမှ ဆင်းလာပြီးဖြစ်သည်။ သူသည် ဖျက်လတ်သောငါးတစ်ကောင်ကဲ့သို့ ရှုပ်ထွေးသည့်နယ်မြေနှင့် လမ်းကြိုလမ်းကြားများကြား ရွေ့လျားနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည်ထူထပ်သောမီးခိုးများမြင့်တက်နေပြီးသော နေရာအားဝန်းရံနေခဲ့သည်။

ထူထပ်သည့်မီးခိုးမှာ ပျောက်ကွယ်သွားခဲ့သည်။ ရန်သူကစားသမားနှစ်ယောက်မှာ မတုံ့ပြန်နိုင်ခင်တွင် သူတို့၏နားထဲ၌ သေနတ်သံကိုကြားခဲ့သည်။ 

စက်သေနတ်၏‌ ပြောင်းဝနက်မှာ သူတို့အား ချိန်ရွယ်ထားပြီး တြိဂံပုံအကွာအဝေးတွင် ကြမ်းတမ်းစွာ ရှင်းပစ်လိုက်သည်။ ကျည်ဆန်ပေါင်းများစွာ ပစ်ခတ်နေသောကြောင့် သေနတ်သံမှာဆူညံနေခဲ့သည်။ ကစားသမားနှစ်ယောက် မခုခံနိုင်ခင်တွင် သေနတ်ပြောင်းဝမှ အနီရောင်မီးတောက်ထုတ်လွှတ်ကာ သူတို့၏ခန္ဓာကိုယ်များမှာ Casually၏ စက်သေနတ်ကြောင့် ဇကာပုံစံအဖြစ် အပစ်ခံလိုက်ရသည်။ 

[Casually သည်Sky Oceanအား ခေါင်းသို့ပစ်ရန် the Thomson-Flamesကို အသုံးပြုခဲ့သည်]

[Casuallyသည် Earth Starsအား ခေါင်းသို့ပစ်ရန် the Thomson-Flames ကို အသုံးပြုခဲ့သည်]

—အနိုင်ရရှိ!

[စောင့်ရှောက်သူအသင်းမှာ ဖျက်ဆီးခံခဲ့ရသည်။]

[ပုန်းသူများအနိုင်ရရှိခဲ့သည်။]

ဂိမ်း၏အသံချန်နယ်တွင် ထူးဆန်းစွာတိတ်ဆိတ်သွားခဲ့သည်။ 

Doudouသည် အရမ်းမိုက်တယ်ဟု ပြောရန်ပင် မေ့နေခဲ့သည်။ သူ၏ရင်ဘတ်မှနဖူးဆီသို့ သွေး‌ကြောင်းလိုက် ထိုးတက်သွားသည့်အလား ခံစားခဲ့ရသည်။ 

လွန်ခဲ့သော သုံးမိနစ်က အသင်းဖော်များမှာ အရှုံးပေးရန်ပင် တွေးနေခဲ့သေးသည်။ ထို့နောက်အဆုံးတွင် Casually သည်တစ်ဖက်အသင်းမှ လက်ရွေးစင်အသင်း၏ သေနတ်ပစ်သမားအပါအဝင် လူသုံးယောက်အား ကိုင်တွယ်လိုက်သည်။

အရှုံးပေးခြင်းလား။ e-sports တွင်အရှုံးပေးခြင်းမျိုးမရှိပေ။ နောက်ဆုံးအခိုက်အတန့်မရောက်မချင်း မည်သည့်အရာမဆို ဖြစ်နိုင်သည်။ 

Doudou၏ အသိစိတ်သည် နောက်ဆုံးပြန်ဝင်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့သည်။ “ကြီးမြတ်တဲ့အရှင် အရမ်းမိုက်တာပဲ။ ကြီးမြတ်တဲ့အရှင်က အေးအေးဆေးဆေး အနိုင်ရအောင်လုပ်ပေးမယ်လို့ ကျွန်တော်ပြောသားပဲ”

မိုဟန်တျန်းသည် ကွန်ပျူတာရှေ့တွင်ထိုင်ကာ ကြောင်နေသောမျက်လုံးများနှင့် ဤမြင်ကွင်းအား ကြည့်နေခဲ့သည်။ 

Casually သည် စက်သေနတ်ကိုအသုံးပြုပြီး ကျည်ဆန်များမှာ တစ်ချက်မှမလွဲသွားခဲ့ပေ။ ကျည်ဆန်များစွာမှာ သူ၏အသင်းသားများ၏အသက်အား ချက်ချင်းလျော့သွားစေကာ သူ၏အသင်းသားများမှာ ကျည်ဆန်မိုးကြောင့် ပျားလပို့အဖြစ်ပင်ပြောင်းသွားခဲ့သည်။

ကင်းထောက်တစ်ယောက်၏ သွက်လက်သော ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှု။

အားဖြည့်သူ၏ ကြမ်းတမ်းသော ရက်စက်တတ်ခြင်း။

မိုဟန်တျန်း၏ နောက်ကျောတွင် ကြက်သီးများထလာခဲ့သည်။ သူသည်ဘာပြောရမှန်းမသိခင်တွင် အများသူငှာချန်နယ်တွင် စာတစ်စောင်ထပ်ပေါ်လာခဲ့သည်။ 

Casually: လက်ရွေးစင်အသင်းရဲ့ သေနတ်ပစ်သမားတဲ့လား။ 

Casually: ဒီအဆင့်လေးပဲလား။

ကစားသမားများမှာ ကြောင်သွားခဲ့သည်။ မိုဟန်တျန်း၏ ဦးခေါင်းအနောက်ဘက်အား တစ်ချက်တည်းနှင့်ပစ်ရန် ကြီးမြတ်သောအရှင်အတွက် မလုံလောက်ခဲ့ပေ။ သူသည်လည်းလှောင်ပြောင်မှုတစ်ခုအား ထပ်ရိုက်လိုက်ရသလား။

မိုဟန်တျန်းသည် သူ၏ကီးဘုတ်အား လွတ်ကျသွားမလိုပင်ဖြစ်သည်။ 

သူသည်ဆဲဆိုခြင်းရပ်တန့်မသွားခဲ့ပေ။ “သေစမ်းကွာ။ ဒီနောက်အကောင့်တစ်ခုက ဘယ်သူ့ဟာလဲ”

Zawgyi

Chapter 7 : လမ္းေထာင့္ျဖတ္ကူးျခင္း

မိုဟန္တ်န္းသည္ ဤရက္ပိုင္းအတြင္း စိတ္အဆင္မေျပခဲ့ေပ။

ကမာၻ႔စီးရီးတြင္ အရႈံးရရွိသြားၿပီးေနာက္ နည္းျပက်န္းမွာ အလြန္ဆိုး႐ြားစြာ အဆူခံခဲ့ရကာ မိုဟန္တ်န္းသည္ ကီးဘုတ္တိုက္ခိုက္သူမ်ား၏ စကားမ်ားအ်ပၚ ေသခ်ာေပါက္ မလြတ္ေျမာက္နိုင္ေသးေပ။

“အျခားလက္ေ႐ြးစင္အသင္းကလူက ေခါင္းထိေအာင္ပစ္နိုင္ေပမယ့္ ငါတို႔ေသနတ္ပစ္သမားက ေလထဲကို ပစ္လိုက္တယ္တဲ့လား”

“မိုဟန္တ်န္းက အဲ့လိုအေျခအေနမွာပဲေနခဲ့ရတာ‌ေလ။ သူကေလထဲကတိမ္ေတြကိုပဲပစ္နိုင္တယ္”

“ငါ‌‌ ေျမ‌ေအာက္ရထားဘူတာ႐ုံတစ္ေလွ်ာက္လုံးမွာ သူ႕ေၾကာ္ျငာေတြကပ္ထားတာကို ျမင္ရတာ‌ ႐ြံလာၿပီ။ အဲ့ေျမေအာက္ရထားေပၚေတာင္ မထိုင္ခ်င္ဘူး”

“ေသနတ္ဘုရင္ရဲ႕ သံတမန္တဲ့လား။ မင္းက ေသနတ္ဘုရင္ရဲ႕ကစားသမားေတြကို တမင္စိတ္ပ်က္ေအာင္ အျခားကစားပြဲတစ္ခုကပို႔လိုက္တဲ့ လွ်ို႔ဝွက္ေအးဂ်င့္မဟုတ္ဘူးလား” 

“မင္းဒီလက္စြမ္းနဲ႕ လက္ေ႐ြးစင္အသင္းထဲ ဘယ္လိုဝင္သြားတာလဲ။ မင္းငါ့အကၤ်ီေထာင့္ေတြေတာင္ ပစ္နိုင္မွာမဟုတ္ဘူး” 

“ေရွာင္းမို အနားယူလိုက္ေတာ့။ မင္းအႏုပညာဇာတ္လမ္းတြဲေတြရိုက္႐ုံနဲ႕ ပိုက္ဆံေတြ လုပ္လို႔ရေကာင္းလုပ္နိုင္တယ္”

မိုဟန္တ်န္းတြင္ Weibo ပရိသတ္မ်ား သန္းႏွင့္ခ်ီ၍ရွိကာ ပရိသတ္မ်ားမွာ သူတို႔၏အႏုပညာရွင္အား အလိုအေလ်ာက္ ကာကြယ္ေပးလိမ့္မည္။ သူတို႔သည္ လက္ေ႐ြးစင္အသင္းရႈံးသြားရျခင္းမွာ နည္းျပက်န္း၏ တိုက္ကြက္စီမံမႈတြင္ ျပႆနာရွိေနေသာေၾကာင့္ျဖစ္သည္ဟု ေျပာခဲ့ၾကသည္။ ထိုသို႔ဆိုလွ်င္ပင္ မိုဟန္တ်န္း၏ ယုန္ညံ့ေသာလက္စြမ္းအား ဆူပူၾကေသာ လူေျမာက္မ်ားစြာႏွင့္ မွတ္ခ်က္ေပးသည့္ေနရာမွာ ရက္ေပါင္းမ်ားစြာၾကာ ရန္ျဖစ္မႈမ်ားႏွင့္ ျပည့္ႏွက္ေနခဲ့သည္။ 

ဤကဲ့သို႔ မုန္းတီးသည့္ပရိသတ္မ်ား၏ မွတ္ခ်က္မ်ားမွာ ပါးရိုက္ခံရသည္ႏွင့္တူကာ သူ႕အားေမာပန္းေစခဲ့သည္။ 

လက္ရွိတြင္ လက္ေ႐ြးစင္အသင္း၌ နည္းျပအသစ္မရွိဘဲ ေနာက္ထပ္စီစဥ္မႈမ်ား ဘာျဖစ္လိမ့္မည္ကို မသိရေပ။ 

မိုဟန္တ်န္းသည္ စိတ္မၾကည္ေသာေၾကာင့္ သူ၏အျခားအေကာင့္တစ္ခုထဲသို႔ ဝင္ကာ အြန္လိုင္းဂိမ္းကစားရန္ ေပါ့ေပါ့ပါးပါး ဝင္လာခဲ့သည္။ 

သူသည္ လက္ေ႐ြးစင္အသင္း၏ အဓိကေသနတ္ပစ္သမားျဖစ္ေသာေၾကာင့္ မူလတန္းေက်ာင္းသားမ်ား၏ အေပါင္းအႏႈတ္တြက္ခ်က္ျခင္းအား လုပ္ေနသည့္ သခၤ်ာပါေမာကၡကဲ့သို႔ အပိုင္း 2000အား ကစားေနခဲ့သည္။ ၎မွာလြယ္လြယ္ေလးပင္ျဖစ္သည္။ သူသည္ မိမိကိုယ္ကိုယုံၾကည္မႈ အနည္းငယ္ျပန္လည္ရရွိရန္ အားနည္းသူမ်ားအား ႏွိပ္စက္ရန္လိုသည္။

ကစားပြဲမွာအျမန္စတင္ခဲ့ကာ က်န္းေရွာင္ယြီသည္ ‘ပုန္းသူ’ အသင္းဆီသို႔ က်ပန္းက်ေရာက္သြားခဲ့သည္။ 

ဤေျမပုံမွာ တိုက္ခိုက္ရန္ ပုန္းသူမ်ားအတြက္ ပို၍ပင္ခက္ခဲလွသည္။ တစ္ဖက္အျခမ္းမွ ေသနတ္ပစ္သမားသည္ အေဆာက္အဦးအျမင့္‌ေပၚ ေသနတ္တပ္ဆင္ကာ အကြာအေဝးမွာ ေျမပုံတစ္ခုလုံးနီးပါးအား ဖုံးလႊမ္းနိုင္သည္။ အားေကာင္းေသာေသနတ္ပစ္သမားမွာ သူတို႔ေပၚလာသည္ႏွင့္တစ္ၿပိဳင္နက္ သူတို႔အားသတ္ပစ္နိုင္သည္။ အနီးကပ္တိုက္ပြဲႏွင့္ ေပါ့ပါးသြက္လက္ေသာ ေနရာယူျခင္းျဖင့္ အေဆာက္အဦးမ်ားအား ေသနတ္ပစ္သမားမျမင္နိုင္ရန္ အဟန႔္အတားမ်ားအျဖစ္ သုံးနိုင္သည္။

သူ၏အသင္းေဖာ္မ်ား ေျပးထြက္သြားခဲ့သည္။

Fruit Pie ႏွင့္ Pudding Jelly မွာ အသံခ်န္နယ္တြင္ စကားေျပာခဲ့ေသာ ဦးေလးမ်ားျဖစ္သည္။ သူတို႔ႏွစ္ေယာက္လုံး ေသနတ္မ်ားကိုင္ေဆာင္သြားကာ ဘယ္ဘက္လမ္းသို႔သြားစဥ္တြင္ Gun King No. 77မွာလည္း ဘယ္ဘက္လမ္းသို႔သြားခဲ့သည္။ 

က်န္းေရွာင္ယြီသည္ သူ၏အသင္းသားမ်ား၏ ေနရာအားစိုက္ၾကည့္ကာ Doudou အားညာဘက္သို႔ ေခၚသြားခဲ့သည္။ သူသည္ ေလကဲ့သို႔ ‌အေဆာက္အဦးထဲ ခိုးဝင္သြားကာ Doudou မွာသူ႕ေနာက္ ခ်က္ခ်င္းလိုက္ခဲ့သည္။

ေသနတ္ပစ္သံစတင္ၿပီးေနာက္ မိနစ္ဝက္ေလာက္တြင္ ေျမပုံ၏ အေနာက္ေျမာက္ေနရာမွ ၾကည္လင္ျပတ္သားေသာ ေသနတ္သံကိုၾကားခဲ့သည္။ 

[Devil333 သည္Fruit Pie အား ေခါင္းသို႔ပစ္ရန္ DSR-Apocalypseကို အသုံးျပဳခဲ့သည္။]

ဦးေလးဖန္သည္ နေမာ္နမဲ့နိုင္သြားပုံေပၚသည္။ သူထြက္လာသည့္အခ်ိန္တြင္ မိုဟန္တ်န္းမွ စကၠန႔္ပိုင္းအတြင္း သတ္ပစ္ခဲ့သည္။ DSR စနိုက္ပါေသနတ္မွာ အကြာအေဝးရွည္လြန္းကာ တိက်မႈျမင့္မားသည္။ ၎သည္ မိုဟန္တ်န္း၏ အႏွစ္သက္ဆုံးလက္နက္ျဖစ္သည္။ 

တစ္စုံတစ္ေယာက္အား သတ္ၿပီးေနာက္ သူသည္အနည္းငယ္ၿပဳံးကာေတြးလိုက္သည္။ “ေအာက္ပိုင္းေလးေတြက တကယ့္ကိုတက္သစ္စေလးေတြနဲ႕ျပည့္ေနတာပဲ။ လူသတ္ရတာအရမ္းလြယ္တယ္”

မိုဟန္တ်န္းသည္ သူ၏မ်က္လုံးမ်ားအား ေမွးလိုက္ကာ သူ႕ေသနတ္ေျပာင္းဝအား Fruit Pieႏွင့္‌ ေျပးထြက္လာေသာ Pudding Jelly အားသတ္ရန္ အျမန္ေျပာင္းလိုက္သည္။

သို႔ေသာ္ Pudding Jelly မွာ သတိရွိၿပီး သူ၏ေဘးတြင္ရွိေသာ အေဆာက္အဦး‌အေနာက္တြင္ အျမန္ပုန္းကာ ထြက္မလာရဲခဲ့ေပ။ 

ခုခံေရးဘက္မွ ကစားသမားႏွစ္ေယာက္မွာ သူ႕အားရွာရန္သြားခဲ့ၾကသည္။ သူတို႔ႏွစ္ေယာက္လုံးမွာ သူ႕အားႏွစ္ဖက္ပိတ္ကာ မ်က္စိတစ္မွိတ္အတြင္း Pudding Jelly ကို ဝန္းရံလိုက္သည္။ 

ဆူညံသည့္ေသနတ္သံမွာ အေနာက္ေျမာက္ဘက္မွ ၾကားခဲ့ရၿပီး အဖြဲ႕ႏွစ္ဖြဲ႕လုံးမွာ ျပင္းထန္သည့္တိုက္ပြဲတစ္ခု အျဖစ္ေျပာင္းလဲသြားခဲ့သည္။

စာမ်ားမွာ ဖန္သားျပင္အား ဆက္တိုက္ျပည့္လာခဲ့သည္။ 

Pudding Jelly အား တစ္ဖက္အသင္းမွလူႏွစ္ေယာက္မွာ သတ္ပစ္ခဲ့သည္  သူမေသခင္တြင္ သူပစ္၍ ရန္သူေခ်မႈန္းသူမ်ားထဲမွ တစ္ေယာက္အား သတ္ပစ္ခဲ့သည္။ 

သူတို႔ဘက္၌ လူသုံးေယာက္က်န္ကာ ရန္သူဘက္တြင္ လူေလးေယာက္ အသက္ရွင္ေနခဲ့သည္။ 

က်န္းေရွာင္ယြီသည္ အလ်င္မလိုခဲ့ေပ။ ေသနတ္ႏွင့္ သတ္သည့္အခ်က္အလက္မ်ားအား ေလ့လာထားကာ လမ္း၏ဘယ္ဘက္အျခမ္းတြင္ လူႏွစ္ေယာက္ရွိေနခဲ့ကာ ညာဘက္အျခမ္းေပၚတြင္ ကင္းေထာက္တစ္ေယာက္ရွိေနသင့္သည္။ 

က်န္းေရွာင္ယြီသည္ ေပါ့ပါးစြာေ႐ြ႕လ်ားကာ အေဆာက္အဦးႏွစ္ခုၾကား အျမန္ေျပးသြားခဲ့သည္။ သူေ႐ြးခ်ယ္ခဲ့ေသာ လမ္းေနရာမွာ ေသနတ္ပစ္သမား၏ျမင္ကြင္းထဲတြင္ မရွိေသာ ေနရာျဖစ္ေနခဲ့သည္။ အေဆာက္အဦးေျမာက္မ်ားစြာမွာ သူ၏ခႏၶာကိုယ္အား ကာထားၿပီး အျမင့္တစ္ေနရာမွ သူ႕အားျမင္ရန္ ေသနတ္ပစ္သမားမ်ားအတြက္ ခက္ခဲေနသည္။ 

ခဏၾကာၿပီးေနာက္ က်န္းေရွာင္ယြီသည္ လမ္းဆုံရွိ အေဆာက္အဦးအေနာက္တြင္ ပုန္းေနခဲ့ကာ သူ၏စက္ေသနတ္အားျမႇောက္ထားလိုက္သည္။ ကင္းေထာက္မွာ အေရွ႕ေတာင္ဘက္သို႔ သြားမည္ဆိုပါက သူ၏ေထာင့္အား ေသခ်ာေပါက္ျဖတ္သြားလိမ့္မည္။

က်န္းေရွာင္ယြီသည္ ဂ႐ုတစိုက္နားေထာင္ခဲ့သည္။ ေသခ်ာသည္မွာ သူသည္‌ ေျခသံျပင္းျပင္းကိုၾကားခဲ့သည္။

ဒိုင္း ဒိုင္း ဒိုင္း ဒိုင္း။

စက္ေသနတ္၏က်ည္ဆန္မ်ားမွာ မိုးသည္းထန္စြာ ႐ြာသြန္းသကဲ့သို႔ ပစ္ခတ္ေနခဲ့သည္။

ေထာင့္နားေလွ်ာက္လာသည့္ကင္းေထာက္မွာ ဇကာအျဖစ္ခ်က္ခ်င္းအပစ္ခံခဲ့ရသည္။ သူ၏ခႏၶာကိုယ္တစ္ခုလုံးမွာ က်ည္ဆန္မ်ားမွ အေပါက္မ်ားျဖင့္ ျပည့္သြားခဲ့သည္။ 

[Casually သည္ Turn the Corner to Meet Loveအား ေခါင္းသို႔ပစ္ရန္ Thomson-Flames ကိုအသုံးျပဳခဲ့သည္]

Classmate Doudou သည္ အရယ္မရပ္နိုင္ေတာ့ေပ။ “Turn the Corner to Meet Love က သူေထာင့္ဘက္လွည့္လာေတာ့မွ ေသသြားခဲ့တယ္။ ဟားဟားဟား ဒီနာမည္က ကံဆိုးလြန္းတာပဲ”

က်န္းေရွာင္ယြီသည္ ဘယ္ဘက္အျခမ္းမွ တိုက္ပြဲအေျခအေနအား မျမင္နိုင္ေသာ္လည္း ဖန္သားျပင္ေပၚ ထြက္လာေသာ ေသသြားသည့္ သတင္းအခ်က္အလက္မွာ သူ႕အားထပ္မံစိတ္ရႈပ္ေစခဲ့သည္။ 

[Devil333သည္ Gun King No. 77အား ေခါင္းသို႔ပစ္ရန္ the DSR-Apocalypseကို အသုံးျပဳခဲ့သည္]

ထိုသူမွာထပ္မံ၍ မိုဟန္တ်န္းပင္ျဖစ္ေနခဲ့သည္။ တကယ္တမ္းတြင္ သူသည္ လက္ေ႐ြးစင္အသင္း၏ ေသနတ္ပစ္သမားျဖစ္ေနခဲ့သည္။ အပိုင္း 2000 အဆင့္နိမ့္အား ကစားျခင္းမွာ ‘အားနည္းသူအား ႏွိပ္စက္ေနသည့္ အားသန္သူ’ ပင္ျဖစ္သည္။ 

ဘယ္ဘက္အျခမ္မွ ကစားသမားသုံးေယာက္မွာ မ်က္စိတစ္မွိတ္အတြင္း ကုန္သြားခဲ့ကာ က်န္းေရွာင္ယြီႏွင့္ Doudou ကိုသာ ညာဘက္အျခမ္းတြင္ ခ်န္ထားခဲ့သည္။ 

အသင္း၏အသံခ်န္နယ္တြင္ ဦးေလး Fruit Pie မွာသက္ျပင္းခ်ေနခဲ့သည္။”ငါအရႈံးေပးဖို႔မဲေပးလိုက္ၿပီ။ ငါတို႔သူတို႔ကို မနိုင္နိုင္ဘူး” 

အသင္းေဖာ္တစ္ေယာက္မွာ အရႈံးေပးသည့္အခ်က္အား ႏွိပ္လိုက္ကာ အသတ္ခံရေသာ လူသုံးေယာက္မွာ အလ်င္အျမန္သေဘာတူခဲ့သည္။ Doudou သည္ ‘ျငင္းဆန္သည္’ အားႏွိပ္ရန္ တုံ႕ဆိုင္းမေနဘဲ က်န္းေရွာင္ယြီသည္ အရႈံးေပးသည့္စာကို လ်စ္လ်ဴရႈခဲ့သည္။ 

ထိုကဲ့သို႔ျဖစ္ပြားရန္ အရႈံးေပးရန္သေဘာတူသည့္ လူေလးေယာက္ရွိရမည္။ ‌ဤအရႈံးေပးသည့္အခ်ီမွာ မေအာင္ျမင္ခဲ့ေပ။ 

Fruit Pie: အ႐ူးေတြ မင္းတို႔ကတိုက္ခ်င္ေနတုန္းလား။ လက္ေ႐ြးစင္အသင္းနဲ႕ေတြ႕‌တာေတာင္ ေခါင္းမာခ်င္ေနတာလား။

Casually: ငါတိုက္နိုင္တယ္။

Fruit Pie: …ေကာင္းၿပီ။ ဖိုက္တင္း။

က်န္းေရွာင္ယြီသည္ ကင္းေထာက္အား ရွင္းၿပီးကာ ေျမပုံ၏ဘယ္ဘက္အျခမ္းေပၚ အားလုံးရွိေနခဲ့‌ေသာ အျခားအဖြဲ႕မွ လူသုံးေယာက္က်နိေနေသးသည္။ သူသည္ ေလးလံေသာစက္ေသနတ္အား ဖယ္လိုက္ၿပီး ပစၥတိုေသနတ္ကိုလဲလိုက္သည္။

ဂိမ္းထဲတြင္ မတူညီေသာအေလးခ်ိန္မ်ားႏွင့္ လက္နက္မ်ားမွာ ကစားသမား၏ေျခလွမ္းမ်ားကို သက္ေရာက္လိမ့္မည္။ကစားသမား‌မွာ ေပါ့ပါးေသာလက္နက္အား ကိုင္ထားလွ်င္ ဂိမ္းထဲရွိသူတို႔၏ေျခလွမ္းမ်ားမွာ ‘ေပါ့ပါးေသာေျခလွမ္းမ်ား’ ခ်က္ခ်င္းျဖစ္သြားလိမ့္မည္။ဆယ္မီတာအတြင္းမွ ရန္သူမ်ားသာလွ်င္ ၎တို႔အား ၾကားနိုင္သည္။ 

က်န္းေရွာင္ယြီသည္ အသံခ်န္နယ္ထဲေျပာလိုက္သည္။ “Classmate Doudou,ေက်းဇူးျပဳၿပီး ငါနဲ႕ပူးေပါင္းေပးပါ”

Doudouသည္ ႀကီးျမတ္ေသာအရွင္၏အသံအား ပထမဆုံးၾကားဖူးကာ ေၾကာင္သြားခဲ့သည္။  

လူငယ္ေလး၏အသံမွာ ေအးစက္၍သာယာကာ သူသည္ မေက်မနပ္ႏွင့္အဆင္မေျပမႈအားလုံးကို ဖယ္ရွားနိုင္ပုံရကာ လူမ်ားအား စိတ္႐ႊင္လန္းေစသည္။ Doudou မွာ စိတ္႐ႊင္လန္းသြားကာ သူသည္ အတန္းထဲမွ အတန္းပိုင္ဆရာမမွ နာမည္ေခၚခံရသည့္အလား ကြန္ပ်ဴတာေရွ႕တြင္ အျမန္ပင္မတ္မတ္လိုက္လိုက္သည္။သူသည္ ေအာ္လိုက္သည္။ “ကြၽန္ေတာ္လာၿပီ”

က်န္းေရွာင္ယြီ၏အသံမွာ တည္ၿငိမ္ေနခဲ့သည္။ “က်ည္ကာအလင္းဒိုင္းကို ဝတ္ၿပီး နာရီလက္တံတစ္ဆယ္ဘက္ကို ေျပးေတာ့” 

ေဆးအကူမွာ တိုက္ပြဲေပၚတြင္ တစ္ဦးတည္းေသာ ကယ္ဆယ္ေရးတပ္ဖြဲ႕ျဖစ္ၿပီး သူတို႔၏အေသြးအသားႏွင့္ က်ည္ဆန္မ်ားစြာၾကား အၿမဲျဖတ္သန္းသြား၍ မရနိုင္ေပ။ ေဆးအကူအျဖစ္ ကစားလွ်င္ ထိုလူမွာက်ည္ကာပစၥည္းကို ယူလာရန္လိုအပ္သည္။ Doudouသည္လည္း ၎အားဝယ္ခဲ့သည္။ က်ည္ကာအလင္းဒိုင္းသည္ ႏွစ္မီတာျမင့္၍တစ္မီတာက်ယ္‌သည့္ အထူးသတၱဳျပားျဖစ္သည္။ က်ည္ကာအလင္းဒိုင္းသည္ အသက္အျပည့္အဝရွိသည္။ ၎အားက်ည္ဆန္မ်ားျဖင့္ ဆက္တိုက္ပစ္ပါက အသက္သုညေရာက္သည္ႏွင့္ ၎အားထိုးေဖာက္သြားကာ က်ည္ကာစြမ္းေဆာင္ရည္မွာ ေပ်ာက္ဆု‌ံးသြားလိမ့္မည္။ 

Doudouမွာ အားနည္းေသာ္လည္း သူသည္အလြန္စကားနားေထာင္သည္။ 

သူသည္ က်န္းေရွာင္ယြီ၏အမိန႔္အား ၾကားၿပီး က်ည္ကာအလင္းဒိုင္းကို ခ်က္ခ်င္းျမႇောက္လိုက္ကာ နာရီလက္တံတစ္ဆယ္ရွိရာသို႔ အျမန္ေျပးသြားခဲ့သည္။ 

ေသခ်ာသည္မွာ ေသနတ္သံသည္ သူ၏နားထဲျမည္လာခဲ့သည္။

ဒိုင္း။

ၾကည္လင္းျပတ္သားသည့္ ေသနတ္သံမွာ the DSR – Apocalypse ျဖစ္ေသာ အထူးအေဝးထိန္းစနိုက္ပါရိုင္ဖယ္ေသနတ္၏ အထူးအသံသက္ေရာက္မႈတစ္ခုျဖစ္သည္။

မိုဟန္တ်န္းသည္ က်ည္ကာအလင္းထိန္းသို႔ ပစ္လိုက္သည္။ 

ေသနတ္ပစ္သမားသည္ ေဆးအကူအားသတ္ခ်င္ပါက သူတို႔သည္ က်ည္ကာအလင္းဒိုင္းအား ႏွစ္ႀကိမ္ဆက္တိုက္ ပစ္ရမည္ျဖစ္ကာ က်ည္ကာမွာထိုးေဖာက္ဝင္ေရာက္နိုင္သည္။ မိုဟန္တ်န္းသည္ အလြန္ယုံၾကည္မႈရွိေနသည္။ သူ၏အေရွ႕တြင္ ဒိုင္းကာ‌ျမႇောက္ထားေသာ တက္သစ္စ‌ေဆးအကူမွာ မည္သူနည္း။ ဒိုင္းကာမည္မွ်ပင္ထူထဲေစကာမူ သူပစ္နိုင္ေသးသည္။ 

မိုဟန္တ်န္းသည္ မ်က္ေမွာင္ၾကဳတ္လိုက္ကာ Doudouအား သူ၏မွန္ေျပာင္းႏွင့္ ခ်ိန္လိုက္သည္။ သူမသိခဲ့သည္မွာ သူခ်ိန္ေနစဥ္အတြင္း က်န္းေရွာင္ယြီမွာ အလံမွလ်င္ျမန္စြာ တစ္ပတ္လွည့္ၿပီးျဖစ္သည္။ 

မိုဟန္တ်န္း မင္းရဲ႕တည္ေနရာကို ေဖာ္ထုတ္လိုက္ၿပီ။ 

ဤသည္မွာ ေသနတ္ပစ္သမားေနရာ ကစားရာတြင္ အနည္းငယ္ ကန႔္သတ္ထားသည္။

က်န္းေရွာင္ယြီသည္ တည္ၿငိမ္စြာ အမိန႔္ေပးလိုက္သည္။ “Doudou၊ နာရီလက္တံ၁၁ဘက္ကို ဆက္သြားလိုက္”

Doudouသည့္ အလင္းဒိုင္းအား ထပ္ျမႇောက္လိုက္သည္။ သူသည္အေဆာက္အဦးအေနာက္ဘက္မွ ေပၚထြက္လာကာ နာရီလက္တံ၁၁နာရီဘက္သို႔ လ်င္ျမန္စြာေျပးသြားခဲ့သည္။ 

ဒိုင္း။

ေသနတ္သံမွာ ထပ္ထြက္လာခဲ့သည္။ မိုဟန္တ်န္း၏လက္စြမ္းမွာ အမွန္တကယ္ပင္ အလြန္တိက်သည္။ ဤပစ္ခ်က္မွာ အလင္းဒိုင္းအား ခ်က္ခ်င္းတိုက္ရိုက္ ထိမွန္သြားသည္။

သူ၏လက္ထဲမွဒိုင္းမွာ ကြဲေၾကသြားကာ သူ၏က်ည္ကာအစြမ္း ေပ်ာက္ဆုံးသြားခဲ့သည္။ အလင္းဒိုင္းကြဲေၾကသြား‌သည့္အခိုက္အတန႔္ သူသည္ အေဆာက္အဦးအေနာက္ လမ္းေလွ်ာက္သြားနိုင္သည္ကို Doudou မွာအံ့ဩသြားခဲ့သည္။ ႀကီးျမတ္ေသာနတ္ဘုရားမွာ သူ၏လမ္းေၾကာင္းအား တြက္ခ်က္ေပးထားသည့္အလားျဖစ္ေနခဲ့သည္။ 

Doudouသည္ အားနည္းေနနိုင္ေသာ္လည္း ဦးေႏွာက္မရွိသူမဟုတ္ေပ။ အေရွ႕တြင္လလမ္းမႀကီးတစ္ခု ရွိေနခဲ့သည္။ သူသည္ေရွ႕သို႔ဆက္ေျပးသြားလွ်င္ေသလိမ့္မည္။ သူသည္ခ်က္ခ်င္း ရပ္လိုက္ၿပီး အေဆာက္အဦးအေနာက္ တိတ္ဆိတ္စြာထိုင္လိုက္ကာ ႀကီးျမတ္ေသာအရွင္၏ ေနာက္ထပ္ၫႊန္ျပခ်က္မ်ားအား ေစာင့္ေနခဲ့သည္။ 

ဤအခ်ိန္တြင္ က်န္းေရွာင္ယြီသည္ ဤတည္ေနရာအျမင့္အားအျမန္တက္ရန္ မိုဟန္တ်န္း၏ပစ္ခတ္မႈအား အခြင့္ေကာင္းယူၿပီးျဖစ္သည္။

ေသနတ္သံသည္ ‌ေျခသံအား ဖုံးကြယ္ေပးသည္။  က်န္းေရွာင္ယြီသည္ ‌ဤစည္းခ်က္မွန္သည့္အခ်က္အား အမိအရဆုပ္ကိုင္ခဲ့သည္။ 

မိုဟန္တ်န္း၏ ေျပာင္းမွာ Doudou၏ ဦးတည္ရာသို႔ မ်က္ႏွာမူေနခဲ့သည္။ သူသည္ သူ၏သား‌ေကာင္ ေပၚလာရန္ေစာင့္‌ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူသည္အျခားသူမ်ား၏ မ်က္လုံးထဲတြင္ သားေကာင္ျဖစ္ႏွင့္ၿပီးသည္ကို သူမထင္ထားခဲ့ေပ။ 

ဒိုင္း။

ေသနတ္ပစ္သံမွာ အလြန္ျပတ္သားကာ အကြာအေဝးမွာ အလြန္နီးကပ္ေနသည္။ ၎သည္သူ၏အေနာက္မွ ထြက္လာခဲ့သည္။ 

[Casuallyသည္ Devil333အား ေခါင္းသို႔ပစ္ရန္  Sand Eagle-Blue Dragonအား အသုံးျပဳခဲ့သည္]

က်န္းေရွာင္ယြီ၏စာသည္ အမ်ားသူငွာခ်န္နယ္တြင္ ေပၚလာခဲ့သည္။

Casually: မင္းကနေမာ္နမဲ့နဲ႕ကိုး။

Casually: ငါကမင္းအေနာက္မွာေလ။ 

Devil333: ……….

ေသစမ္းကြာ။

ကြန္ပ်ဴတာေရွ႕တြင္ မိုဟန္တ်န္းသည္ သူ၏ကီးဘုတ္အား ခ်ိဳးမိမလိုပင္ျဖစ္သည္။ ဤလူသည္ ဘယ္အခ်ိန္က သူ၏အေနာက္တြင္ ေရာက္လာခဲ့သနည္း။ သူသည္မိုဟန္တ်န္း၏ေခါင္းအေနာက္အားပစ္ရန္ ပစၥတိုေသနတ္အား အမွန္တကယ္ အသုံးျပဳခဲ့သလား။ အားျဖည့္သူမွာ ေရွ႕သို႔ေျပးေနသင့္သည္မဟုတ္လား။ ေနာက္ကြယ္တြင္ခိုးေၾကာင္ခိုးဝွက္လုပ္ျခင္းမွာ ကင္းေထာက္၏ပုံစံမဟုတ္ပါလား။ 

မိုဟန္တ်န္းသည္ ဆြံ႕အသြားခဲ့သည္။ 

Classmate Doudou သည္ ဤအရာအားျမင္ကာ ပထမဆုံးအႀကိမ္ ၿပိဳင္ပြဲ၏ေပ်ာ္႐ႊင္မႈကို ခံစားခဲ့ရသည္။ ယခင္က သူသည္ႀကီးျမတ္ေသာအရွင္မွ ဆြဲေခၚခံရကာ ဘာမွ်လုပ္စရာမလိုေပ။ သူသည္သက္ေတာင့္သက္သာႏွင့္ အနိုင္ရသြားခဲ့သည္။ ထိုစဥ္ သူသည္ ဤအႀကိမ္တြင္ ေသးငယ္ေသာက႑တြင္ ပါဝင္ခဲ့သည္။ ပါဝင္ဆင္ႏႊဲရသည္မွာ ေကာင္းမြန္သည့္ ခံစားခ်က္တစ္ခုျဖစ္ခဲ့သည္။

Doudouသည္ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္သည္။ “ႀကီးျမတ္‌တဲ့အရွင္ ကြၽန္ေတာ္ဘယ္လို ေ႐ႊ႕ရဦးမလဲ” 

က်န္းေရွာင္ယြီသည္ သူ႕အားေျပာခဲ့သည္။ “နာရီလက္တံငါးနာရီမွာ ဆန့္က်င္ဘက္ဦးတည္ရာကို ေျပးသြားလိုက္။ ငါမင္းကို ကာေပးမယ္” 

Doudou သည္ ဆန႔္က်င္ဘက္ေနရာကို ခ်က္ခ်င္းေျပးသြားခဲ့သည္။ 

ဆန႔္က်င္ဘက္ေနရာတြင္ လူႏွစ္ေယာက္ရွိေနခဲ့သည္။ သူတို႔သည္ ‌ေျခသံမ်ားအား ၾကားကာ Doudou ေနာက္အျမန္လိုက္ခဲ့သည္။ သူတို႔သည္ လက္ပစ္ဗုံးေျမျပင္ေပၚက်လာသည့္အခ်ိန္တြင္ Doudou အား မိေတာ့မည္ျဖစ္သည္။ ေပါက္ကြဲမႈတစ္ခုျဖစ္သြားကာ ပတ္ဝန္းက်င္မွာ အျဖဴေရာင္မီးခိုးမ်ားႏွင့္ ခ်က္ခ်င္းဖုံးလႊမ္းသြားခဲ့သည္။ 

သူတို႔၏ျမင္ကြင္းအား ထူထပ္ေသာအျဖဴေရာင္မီးခိုးမ်ား ဖုံးသြားကာ မည္သည္ကိုမွ်ရွင္းလင္းစြာ မျမင္ရေတာ့ေပ။ သူတို႔ႏွစ္ေယာက္လုံး ဖမ္းဆီးမႈအား ရပ္တန႔္ရလိမ့္မည္။ 

Doudou သည္ ပုန္းကြယ္ရန္ အေဆာက္အဦးတစ္ခုအား အျမန္ရွာေတြ႕ခဲ့သည္။ 

ဤတစ္ႀကိမ္တြင္ က်န္းေရွာင္ယြီသည္ အေဆာက္အဦးျမင့္ႀကီးမွ ဆင္းလာၿပီးျဖစ္သည္။ သူသည္ ဖ်က္လတ္ေသာငါးတစ္ေကာင္ကဲ့သို႔ ရႈပ္ေထြးသည့္နယ္ေျမႏွင့္ လမ္းႀကိဳလမ္းၾကားမ်ားၾကား ေ႐ြ႕လ်ားေနခဲ့သည္။ မ်က္စိတစ္မွိတ္အတြင္းတြင္ သူသည္ထူထပ္ေသာမီးခိုးမ်ားျမင့္တက္ေနၿပီးေသာ ေနရာအားဝန္းရံေနခဲ့သည္။

ထူထပ္သည့္မီးခိုးမွာ ေပ်ာက္ကြယ္သြားခဲ့သည္။ ရန္သူကစားသမားႏွစ္ေယာက္မွာ မတုံ႕ျပန္နိုင္ခင္တြင္ သူတို႔၏နားထဲ၌ ေသနတ္သံကိုၾကားခဲ့သည္။ 

စက္ေသနတ္၏‌ ေျပာင္းဝနက္မွာ သူတို႔အား ခ်ိန္႐ြယ္ထားၿပီး ႀတိဂံပုံအကြာအေဝးတြင္ ၾကမ္းတမ္းစြာ ရွင္းပစ္လိုက္သည္။ က်ည္ဆန္ေပါင္းမ်ားစြာ ပစ္ခတ္ေနေသာေၾကာင့္ ေသနတ္သံမွာဆူညံေနခဲ့သည္။ ကစားသမားႏွစ္ေယာက္ မခုခံနိုင္ခင္တြင္ ေသနတ္ေျပာင္းဝမွ အနီေရာင္မီးေတာက္ထုတ္လႊတ္ကာ သူတို႔၏ခႏၶာကိုယ္မ်ားမွာ Casually၏ စက္ေသနတ္ေၾကာင့္ ဇကာပုံစံအျဖစ္ အပစ္ခံလိုက္ရသည္။ 

[Casually သည္Sky Oceanအား ေခါင္းသို႔ပစ္ရန္ the Thomson-Flamesကို အသုံးျပဳခဲ့သည္]

[Casuallyသည္ Earth Starsအား ေခါင္းသို႔ပစ္ရန္ the Thomson-Flames ကို အသုံးျပဳခဲ့သည္]

—အနိုင္ရရွိ!

[ေစာင့္ေရွာက္သူအသင္းမွာ ဖ်က္ဆီးခံခဲ့ရသည္။]

[ပုန္းသူမ်ားအနိုင္ရရွိခဲ့သည္။]

ဂိမ္း၏အသံခ်န္နယ္တြင္ ထူးဆန္းစြာတိတ္ဆိတ္သြားခဲ့သည္။ 

Doudouသည္ အရမ္းမိုက္တယ္ဟု ေျပာရန္ပင္ ေမ့ေနခဲ့သည္။ သူ၏ရင္ဘတ္မွနဖူးဆီသို႔ ေသြး‌ေၾကာင္းလိုက္ ထိုးတက္သြားသည့္အလား ခံစားခဲ့ရသည္။ 

လြန္ခဲ့ေသာ သုံးမိနစ္က အသင္းေဖာ္မ်ားမွာ အရႈံးေပးရန္ပင္ ေတြးေနခဲ့ေသးသည္။ ထို႔ေနာက္အဆုံးတြင္ Casually သည္တစ္ဖက္အသင္းမွ လက္ေ႐ြးစင္အသင္း၏ ေသနတ္ပစ္သမားအပါအဝင္ လူသုံးေယာက္အား ကိုင္တြယ္လိုက္သည္။

အရႈံးေပးျခင္းလား။ e-sports တြင္အရႈံးေပးျခင္းမ်ိဳးမရွိေပ။ ေနာက္ဆုံးအခိုက္အတန႔္မေရာက္မခ်င္း မည္သည့္အရာမဆို ျဖစ္နိုင္သည္။ 

Doudou၏ အသိစိတ္သည္ ေနာက္ဆုံးျပန္ဝင္လာကာ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္ခဲ့သည္။ “ႀကီးျမတ္တဲ့အရွင္ အရမ္းမိုက္တာပဲ။ ႀကီးျမတ္တဲ့အရွင္က ေအးေအးေဆးေဆး အနိုင္ရေအာင္လုပ္ေပးမယ္လို႔ ကြၽန္ေတာ္ေျပာသားပဲ”

မိုဟန္တ်န္းသည္ ကြန္ပ်ဴတာေရွ႕တြင္ထိုင္ကာ ေၾကာင္ေနေသာမ်က္လုံးမ်ားႏွင့္ ဤျမင္ကြင္းအား ၾကည့္ေနခဲ့သည္။ 

Casually သည္ စက္ေသနတ္ကိုအသုံးျပဳၿပီး က်ည္ဆန္မ်ားမွာ တစ္ခ်က္မွမလြဲသြားခဲ့ေပ။ က်ည္ဆန္မ်ားစြာမွာ သူ၏အသင္းသားမ်ား၏အသက္အား ခ်က္ခ်င္းေလ်ာ့သြားေစကာ သူ၏အသင္းသားမ်ားမွာ က်ည္ဆန္မိုးေၾကာင့္ ပ်ားလပို႔အျဖစ္ပင္ေျပာင္းသြားခဲ့သည္။

ကင္းေထာက္တစ္ေယာက္၏ သြက္လက္ေသာ ခိုးေၾကာင္ခိုးဝွက္တိုက္ခိုက္မႈ။

အားျဖည့္သူ၏ ၾကမ္းတမ္းေသာ ရက္စက္တတ္ျခင္း။

မိုဟန္တ်န္း၏ ေနာက္ေက်ာတြင္ ၾကက္သီးမ်ားထလာခဲ့သည္။ သူသည္ဘာေျပာရမွန္းမသိခင္တြင္ အမ်ားသူငွာခ်န္နယ္တြင္ စာတစ္ေစာင္ထပ္ေပၚလာခဲ့သည္။ 

Casually: လက္ေ႐ြးစင္အသင္းရဲ႕ ေသနတ္ပစ္သမားတဲ့လား။ 

Casually: ဒီအဆင့္ေလးပဲလား။

ကစားသမားမ်ားမွာ ေၾကာင္သြားခဲ့သည္။ မိုဟန္တ်န္း၏ ဦးေခါင္းအေနာက္ဘက္အား တစ္ခ်က္တည္းႏွင့္ပစ္ရန္ ႀကီးျမတ္ေသာအရွင္အတြက္ မလုံေလာက္ခဲ့ေပ။ သူသည္လည္းေလွာင္ေျပာင္မႈတစ္ခုအား ထပ္ရိုက္လိုက္ရသလား။

မိုဟန္တ်န္းသည္ သူ၏ကီးဘုတ္အား လြတ္က်သြားမလိုပင္ျဖစ္သည္။ 

သူသည္ဆဲဆိုျခင္းရပ္တန႔္မသြားခဲ့ေပ။ “ေသစမ္းကြာ။ ဒီေနာက္အေကာင့္တစ္ခုက ဘယ္သူ႕ဟာလဲ”

Lanjutkan Membaca

Kamu Akan Menyukai Ini

95K 15.5K 154
💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သ...
42K 3.6K 35
Name - ငါ့ရဲ့မသန်စွမ်းစစ်နတ်ဘုရား Web name - After the disabled god of war became my concubine Author - Liu Gou Hua Translator - Galene Genre - Adul...
480K 40.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
7.8K 1.5K 32
Bl ဘာသာပြန်ဝတ္ထုဖြစ်သည်။