ရွှေအဆင့်နည်းပြ

By Swae_Nyoe

103K 13.2K 106

ဘာသာပြန်သူ - စွဲညို့အသင်း Esport ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ "ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး" ဆိုတဲ့ တစ်ပ... More

Description
Part 1
Part 2
Part 3
Part 4
Part 6
Part 7
Part 8
Part 9
တယ်လီဂရုလေး ကြေညာချက်..
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Notice!!
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 71
Part 72
Part 73
Part 74
Part 76
Part 78
Part 79
Part 80
Part 81
eSport ဇာတ်လမ်းလေးနောက်တစ်ပုဒ်
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Telegram ကို လာခဲ့နော်
Part 115
Part 116
Completed in Telegram
Part 117
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်လိုက်ပါကြောင်း

Part 5

1.3K 121 3
By Swae_Nyoe

Unicode

Chapter 4: သေနတ်ပစ်သမား ပြန်လာခြင်း

သေနတ်ဘုရင်မှာ ဤအခိုက်အတန့်တွင် အကျော်ကြားဆုံး ပစ်ခတ်သူတစ်ယောက် ဖြစ်နေခဲ့သည်။ ကမ္ဘာပေါ်ရှိကစားသမားများ အရေအတွက်မှာ တစ်ဘီလီယံကျော်သွားခဲ့ကာ နယ်ပယ်တစ်ခုချင်းစီတွင် သီးသန့်ဆာဗာရှိနေခဲ့သည်။ ဂိမ်းများထဲတွင် တောအုပ်များ၊ ကန္တာရများ၊ နှင်းများထူထပ်နေသောတောင်များ၊ မြို့တော်များ၊ ကျွန်းများကဲ့သို့သော မြေပုံအရေအတွက်များစွာ ရှိနေခဲ့သည်... မြင်ကွင်းသက်ရောက်မှုများမှာ အလွန်ယုတ္တိဆန်ကာ ကစားသမားများအား စိတ်လှုပ်ရှားမှုအား ခံစားမိစေကာ အလွန်ဈာန်ဝင်စွာ ပျက်စီးနေသောကမ္ဘာအား ခံစားခွင့်ပြုထားသည်။

ပျက်စီးနေ‌သောနောက်ခံနှင့် ပစ်ခတ်သည့်ကစားပွဲအနေနှင့် သေနတ်ဘုရင်တွင် အလွန်ကြွယ်ဝသော ကစားသမားနှင့်ပတ်ဝန်းကျင်ပြိုင်သည့် တာဝန်အပြင် မျှတသော ကစားသမားနှစ်ဦးယှဉ်ပြိုင်သည့်စနစ်လည်း ရှိနေခဲ့သည်။ ဆိုလိုသည်မှာ ‘ပိုက်ဆံများပြုလုပ်နိုင်သော အထူးအမှတ်ပေးစနစ်’ ဖြစ်သည်။

ပိုက်ဆံများပြုလုပ်ရန် ပိုင်ဆိုင်ရာဒေသ သို့မဟုတ် ‘အရည်အသွေးပြည့်မီသော ပြိုင်ပွဲ’ တွင် ပြိုင်ပွဲသို့ဝင်ရောက်လာသော ကစားသမားများ၏ အစပိုင်းအမှတ်များမှာ အားလုံးဆယ်မှတ်ဖြစ်နေခဲ့သည်။

အမှတ်0-500များမှာ ‘လေ့ကျင့်ရေးအဆင့် ပိုက်ဆံပြုလုပ်သူများ’ ဖြစ်ပြီး အမှတ်500-1000များမှာ ‘ဂျူနီယာ ပိုက်ဆံပြုလုပ်သူများ’ ဖြစ်ကာ အမှတ် 1000-1500များမှာ ‘သူရဲကောင်း ပိုက်ဆံပြုလုပ်သူများ’ ဖြစ်၍ အမှတ် 1500-2000များမှာ ‘ကျွမ်းကျင် ပိုက်ဆံပြုလုပ်သူများ’ ဖြစ်နေကာ အမှတ် 2000-2500များမှာ ‘သခင်အဆင့် ပိုက်ဆံပြုလုပ်သူများ’ ဖြစ်သည်။

အမှတ် 2500ကျော်သောသူများအား ‘ဒဏ္ဍာရီလာ ပိုက်ဆံပြုလုပ်သူ’ အဖြစ်အဆင့်တိုးနိုင်ကာ ရွှေရောင်တံဆိပ်အား လက်ခံရရှိနိုင်သည်။ ဤသည်မှာ အခြားကစားပွဲများတွင် ‘အသန်မာဆုံးဘုရင်’ နှင့်ညီမျှသည်။

ထို့အပြင် ‘သေနတ်ဘုရင်’ဟုခေါ်သည့် ဂုဏ်ပြုထိုက်သော အဆင့်တစ်ခုရှိနေခဲ့သည်။

သေနတ်ဘုရင်ဟူသည့်ခေါင်းစဉ်မှာ နယ်ပယ်ဆာဗာတစ်ခုချင်းစီအတွက် ရာသီတစ်ခုချင်းစီ၏ ထိပ်တန်းအယောက်၁၀၀ဆီသို့ ကန့်သတ်ထားခဲ့သည်။ ဥပမာအားဖြင့် တရုတ်ပြည်နယ်ရှိ အရည်အသွေးပြည့်မီသော ပြိုင်ပွဲတွင် လူသန်းပေါင်းများစွာရှိသည်။ ၎င်းသည် နိုင်ငံတွင် ထိပ်တန်းအယောက်၁၀၀ထဲဝင်ရန် မည်မျှခက်ခဲသည်ကို စိတ်ကူးယဉ်ကြည့်နိုင်သည်။

ကျန်းရှောင်ယွီ၏ အခြားအကောင့်မှာ ပြိုင်ပွဲကျင်းပရာနယ်ပယ်တွင် ကစားလေ့မရှိသလို မည်သည့်သူငယ်ချင်းကိုမျှ လက်မခံထားခဲ့ပေ။

ငါးနှစ်ရှိပြီဖြစ်သော ပြည်တွင်းဆာဗာအကောင့်အား ဝင်လိုက်ကာ ညာဘက်အပေါ်ထောင့်တွင် စနစ်အချက်အလက်များစွာ ပေါ်ထွက်လာခဲ့သည်။ သူတို့မှာ များစွာသော လုပ်ဆောင်မှုများ၏ အချက်အလက်အားလုံးဖြစ်သည်။ ကျန်းရှောင်ယွီသည် တစ်ချက်တည်းနှင့် စနစ်အချက်အလက်အားလုံးကို ဖျက်ပစ်ခဲ့သည်။ ထို့နောက်သူသည် စာတိုက်ပုံးကိုနှိပ်လိုက်ကာ ပြန်လာသည့်အတွက်ဆုတစ်ခုကို မြင်တွေ့ခဲ့သည်။

[AWM-Ice Flame] × ရက်၃၀

[AK-47-Ice Flame] × ရက်၃၀

[Titan Twin Stars-Ice Flame] x ရက်၃၀

[ပျားဆိပ်ရှိသော ဓားမြှောင်] x ရက်၃၀

[အဆင့်ထိန်းသိမ်းခြင်းကတ်] x ၅ခု

ဤ‌အကောင့်သို့ပြန်ရောက်လာသောကြောင့် စနစ်မှပေးအပ်ခဲ့သောဆုများမှာ အတော်များပြားသည်။ လက်နက်များအားလုံးမှာ ရေခဲမီးလျှံပုံစံစီးရီးများဖြစ်ကာ ရက်သုံးဆယ်ကြာ အသုံးပြုနိုင်ခဲ့သည်။ သူသည်အရည်အချင်းပြည့်မီသောပြိုင်ပွဲတွင် ရှုံးသွားပါက သူ၏စိတ်ဓာတ်ကျဆင်းကာ ဤအကောင့်အား ထပ်မံ‌လက်လျှော့လိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းသည်သူ့အား အဆင့်ထိန်းသိမ်းရေးကတ်ငါးခုကို ပေးခဲ့သည်။ ထိန်းသိမ်းရကတ်အား အသုံးပြုလိုက်သည်နှင့် သူသည်ဂိမ်းရှုံးသွားလျှင်ပင် အမှတ်များလျော့လိမ့်မည် မဟုတ်ပေ။

ကျန်းရှောင်ယွီသည် သူ၏စာတိုက်ပုံးအား ပိတ်လိုက်ကာ သူ၏သေနတ်လက်နက်များကို ဖွင့်လိုက်သည်။

သေနတ်မျိုးစုံမှာ သူ၏‌အရှေ့တွင် များပြားစွာချပြထားပြီး ကြာချိန်အားလုံးမှာ ထာဝရဖြစ်သည်။

ယခင်က Casually မှာ သေနတ်များလေ့လာရန်အတွက် အထူးအသုံးပြုခဲ့သော အကောင့်ဖြစ်ခဲ့သောကြောင့် ကုန်တိုက်ထဲရှိလက်နက်များအားလုံးကို ဝယ်ယူခဲ့သည်။ ပစ်ခတ်ခြင်းဂိမ်းများမှာ လက်နက်၏ဒေတာနှင့် ပတ်သက်၍ အလွန်သတိပြုရမည်။ ညီမျှမှု၊ မီး၏နှုန်း၊ ကန်ထုတ်ခြင်းနှင့် ပျက်စီးမှုကဲ့သို့သော ဒေတာများကို ဂရုတစိုက်ညှိနှိုင်းရသည်။ လက်နက်တစ်ခုမှာ အလွန်အားသန်ကာ ညီမျှမှုမရှိတော့လျှင် ကစားသမားများသည် သူတို့အားသေသည်အထိ ဆူလိမ့်မည်ဖြစ်သည်။

တာဝန်ရှိသူများသည် နှစ်စဉ်လက်နက်အသစ်တစ်ခုကိုသာ ထုတ်လုပ်ပြီး သူတို့သည် များသောအားဖြင့်  လက်နက်အားအဆင့်မြင့်ထားသည့်ပုံစံများကို ထုတ်လုပ်ခဲ့သည်။

အဆင့်မြင့်ထားသည့်ပုံစံများမှာ ဒေတာအား မသက်ရောက်သော်လည်း စွမ်းဆောင်ထားသည့်ခံစားမှုနှင့် အထူးသ‌က်ရောက်မှုများမှာ ကွာခြားနေသည်။ လက်နက်တစ်မျိုးတည်းသာကြို‌က်သော ကစားသမားများသည် အဆင့်မြင့်ထားသည့်ပုံစံများကို အလိုအလျောက်စုဆောင်းလိမ့်မည်ဖြစ်ပြီး တာဝန်ရှိသူများလည်း ဤအရာကြောင့် ပိုက်ဆံများစွာ ရရှိခဲ့သည်။

ကျန်းရှောင်ယွီ၏အကြည့်မှာ စနိုက်ပါရိုင်ဖယ်သေနတ်ပေါ် မကျရောက်ခင်တွင် သေနတ်လက်နက်များအား ဝေ့ဝဲကြည့်နေခဲ့သည်။

[MSG – Aurora]

ကျည်ကာစွမ်းရည်: 10/20

ဖော်ပြချက်: MSGသည် ကမ္ဘာ့အဆန်းသစ်ဆုံး တစ်ကြိမ်လျှင်တစ်ခါ မောင်းဆွဲရသော စနိုက်ပါရိုင်ဖယ်သေနတ်ဖြစ်သည်။ ပြုပြင်ထားသောကိုယ်ထည်မှာ ပို၍ပေါ့ပါးကာ မှန်ပြောင်းအားဖွင့်လိုက်သည်နှင့်၎င်းသည် လျှင်မြန်စွာနှင့်ဆက်တိုက်ပစ်နိုင်သည်။ ဤသည်မှာ မိုဘိုင်းတိုက်ပွဲအတွက် သင့်တော်စေသည်။

Note: The Aurora skin. The exclusive champion skin of ACE – Wing, the MVP of the Chinese Professional League in the S3 Season. မှတ်ချက်: The Aurora skin: S3 ရာသီတွင် တရုတ်ပရော်ဖက်ရှင်နယ်လိဂ်၏ အထူးပုဂ္ဂိုလ် ACE အဖွဲ့ဝင် Wing၏ အထူးချန်ပီယံအဆင့်မြင့်ထားသောပုံစံ။

မည်ကဲ့သို့ရယူနိုင်သနည်း: S3ရာသီသည် ဝယ်ယူမှုအား ကန့်သတ်ထားခဲ့သည်။ ၎င်းအားရနိုင်ရန် လက်တလောတွင် နည်းလမ်းမရှိပေ။

 

ဤသည်မှာ ထိုနှစ်က သူသည် ပြည်တွင်းလိဂ်၏ အထူးဆုအား ရယူပြီးသည့်‌နောက် သူ့အတွက်အထူးဖန်တီးပေးထားခဲ့သော ကျန်းရှောင်ယွီ၏ ချန်ပီယံရှစ် အထူးထုတ်ထားသော အဆင့်မြင့်ပုံစံဖြစ်သည်။ တစ်ကြိမ်ရောင်းလိုက်ပြီးသည်နှင့် ၎င်းမှာချက်ချင်းရောင်းကုန်သွားခဲ့ကာ ဈေးကွက်များမှာ ယွမ်သန်းပေါင်း၁၀၀ဆီသို့ ကျော်လွန်သွားခဲ့သည်။ ကျန်းရှောင်ယွီသည် သန်းပေါင်းများစွာ အပိုဆုများကိုလည်း ရရှိခဲ့သည်။

အဆင့်မြင့်ပုံစံ၏ဒီဇိုင်းမှာ အလွန်ထူးခြားနေခဲ့သည်။ သေနတ်၏တောက်ပသော ကိုယ်ထည်အား နည်းပညာပိုင်းဆိုင်ရာ ခံစားမှုမျိုးပေးသော သေသပ်သည့်အဖြူရောင်မျဉ်းများနှင့် ထွင်းထားခဲ့သည်။ အထူးသက်ရောက်မှုသည် ခေါင်းသို့တိုက်ရိုက် ပစ်ခတ်လိုက်သောအခါ အဖြူရောင်အော်ရိုရာသည် ခေါင်းအားချက်ချင်းထိုးဖောက်သွားသည်နှင့်တူကာ စူးရှ၍မိုက်နေခဲ့သည်။

အလွန်တောက်ပြောင်သော အဆင့်မြင့်ထားသည့်သေနတ်ပုံစံနှင့်ယှဉ်လျှင် ကျန်းရှောင်ယွီသည် ဤသေနတ်၏ရိုးရှင်း၍သေသပ်သော အသွင်အပြင်နှင့် ပေါ့ပါးနူးညံ့သောခံစားချက်အား ကြိုက်နှစ်သက်နေခဲ့သည်။

သူသည် သူ၏ညာလက်ဖြင့် ကွန်ပျူတာမောက်စ်အားထိကာ ‘အဓိကလက်နက်အားရွေးချယ်ပါ’ ဟူသောခလုတ်ကိုနှိပ်လိုက်သည်။

စနစ်မှသူ့အားအချက်ပေးခဲ့သည်: [သင်၏အဓိကလက်နက်အဖြစ် MSG-Auroraရွေးချယ်မှုအား အတည်ပြုပါ။ ဟုတ်သည်/မဟုတ်ပါ]

ကျန်းရှောင်ယွီသည် ‘ဟုတ်သည်’ အားနှိပ်ခဲ့သည်။

စနစ်: [ကျေးဇူးပြု၍ ဒုတိယလက်နက်အား ရွေးချယ်ပါ]

ကျန်းရှောင်ယွီသည် ပစ္စတိုသေနတ်နှင့် စနစ်မှသူ့အားပေးထားခဲ့သော ပျားဆိပ်ရှိသည့်ဓားမြှောင်ကို ရွေးချယ်လိုက်သည်။

သေနတ်ဘုရင်တွင် ကစားသမားတစ်ဦးချင်းစီမှာ ပြိုင်ပွဲအတွင်းသို့ လက်နက်သုံးခု ယူဆောင်လာနိုင်သည်။

ထိုအရာများမှာ ပထမ၊ ဒုတိယနှင့် ချွန်ထက်သည့်လက်နက်များဖြစ်ကြသည်။

ပထမနှင့်ဒုတိယလက်နက်များမှာ စနိုက်ပါ၊ ချေမှုန်းရေးရိုင်ဖယ်၊ စက်သေနတ်နှင့် ပစ္စတိုအစရှိသော သေနတ်များစွာဖြစ်ကြသည်။ သူတို့သည် ကစားသမား၏ ကိုယ်ပိုင်ကြိုက်နှစ်သက်မှုများအရ မည်သည့်အချိန်တွင်မဆို ပြောင်းလဲနိုင်ပြီး ပေါင်းစည်းမှုမှာ အလွန်ပေါ့ပါးသည်။ ချွန်ထက်သည့်လက်နက်များမှာ ဓားမြှောင်များ၊ လှံစွပ်များ၊ တူများ၊ ပုဆိန်များ အစရှိသော ပေါက်ကွဲပစ္စည်းများမပါသည့် လက်နက်များဖြစ်ကြသည်။ သူတို့သည် အနီးကပ်တိုက်ခိုက်ခြင်းနှင့် ကိုယ်ပျောက်လုပ်ကြံမှုများအတွက် အများအားဖြင့်သုံးလေ့ရှိသည်။

ထို့ပြင် လက်ပစ်ဗုံးများ၊ အလင်းဗုံးများ၊ မီးခိုးဗုံးများနှင့် မျက်ရည်ယိုဗုံးများကဲ့သို့သော ဒုံးကျည်များ၊ ပတ်တီးများနှင့်ရှေးဦးသူနာပြုစုနည်းကဲ့သို့သော ဆေးဘက်ဆိုင်ရာထောက်ပံ့မှုများ၊ သတ္တုဒိုင်းများနှင့် ကျည်ကာအလင်းပြားများ အစရှိသော ကာကွယ်ရေးပစ္စည်းများလည်း ရှိနေခဲ့သည်။ 

လူတိုင်းတွင် ထူးခြားသည့်ပစ္စည်းယူဆောင်လာသည့် သူတို့၏ကိုယ်ပိုင်အလေ့အထများ ရှိနေခဲ့သည်။

ကျန်းရှောင်ယွီသည် သေနတ်ဘုရင်၏‌လက်နက်စနစ်အား စေ့စပ်စွာလေ့လာပြီး သူသည်လက်နက်ဒေတာနှင့် အသုံးပြုခြင်းစွမ်းရည်များအား အလွန်ရင်းနှီးနေခဲ့သည်။ ဤသည်မှာ ချန်ပီယံရှစ်အားအနိုင်ရရန် ACE အားဦးဆောင်နိုင်သည့် သူ၏စွမ်းရည်သော့ချက်တစ်ခုလည်း ဖြစ်နေခဲ့သည်။

လက်နက်များရွေးချယ်ပြီးနောက် ကျန်းရှောင်ယွီသည် မူလနေရာသို့ပြန်လာကာ အရည်အချင်းပြည့်မီသည့်အခန်းထဲသို့ နှိပ်လိုက်သည်။

[ပိုက်ဆံပြုလုပ်ခြင်းဒေသမှ ကြိုဆိုပါတယ်]

[သင်သည် ပြီးခဲ့သောရာသီမှ ယှဉ်ပြိုင်မှုပြိုင်ပွဲအား ပါဝင်ခဲ့ခြင်းမရှိကြောင်း စစ်ဆေးမိခဲ့ပါသည်။ ကျေးဇူးပြု၍ ပုံသေအဆင့်ပြိုင်ပွဲအား အရင်ယှဉ်ပြိုင်ပါ]

သေနတ်ဘုရင်၏ပုံသေအဆင့်ကစားပွဲမှာလူသားနှင့်စက်ယှဉ်ပြိုင်ခြင်းပုံစံဖြစ်သည်။ ကစားသမားများမှာ ကွန်ပျူတာ AIနှင့်ယှဉ်ပြိုင်ရကာ စနစ်မှာကစားသမား၏စွမ်းဆောင်ရည်အရ အဆင့်ခွဲဝေ‌ပေးလိမ့်မည်။ ကျန်းရှောင်ယွီသည် ပုံသေအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ပြီး ငါးပွဲဆက်တိုက်အနိုင်ရရှိခဲ့သည်။

[ဂုဏ်ယူပါတယ်၊ ပိုက်ဆံရှာဖွေသူ။ သင်သည် ပုံသေအဆင့်ပြိုင်ပွဲတွင် ကောင်းစွာစွမ်းဆောင်နိုင်ခဲ့ပြီး ရာသီအသစ်၏အမှတ် 1500 ‘ထူးချွန်သော ပိုက်ဆံပြုလုပ်သူ’ အဆင့်သို့ ဝင်ရောက်လိမ့်မည်။ ကျေးဇူးပြုပြီး ဆက်လက်ကြိုးစားရန်နှင့် သင့်အားသမိုင်းကြောင်းအသစ်ဖန်တီးနိုင်မည်ဟု မျှော်လင့်ပါသည်]

 1500ထူးချွန်မှုအဆင့်သည် အခြားကစားပွဲများတွင် စိန်အဆင့်နှင့်ညီမျှကာ စနစ်မှပေးနိုင်သော အမြင့်ဆုံးအဆင့်ဖြစ်သည်။ ထို့နောက် သူသည်အဆင့်တက်ချင်လျှင် သူကိုယ်တိုင် ပြိုင်ဆိုင်ရာဒေသသို့ သွားရလိမ့်မည်။

ကျန်းရှောင်ယွီသည် ‘သွေးစွန်းတိုက်ပွဲပုံစံ’ အားစတင်ခဲ့ကာ အသင်းသားများနှင့် အမြန်အဖွဲ့ဖွဲ့လိုက်သည်။

ကစားသမားတစ်ယောက်ဖြစ်သော ‘Classmate Doudou’တွင် ခွေးပုံကိုယ်ပွားရှိနေခဲ့သည်။ သူဝင်လာသည့်အခိုက်အတန့်တွင် သူသည်သူ၏မိုက်ခရိုဖုန်အားဖွင့်လိုက်သည်။ သူ၏အသံမှာကြည်လင်နေကာ အတော်ငယ်ရံယ်ပုံပေါ်သည်။ “ကျွန်တော်ဘယ်နေရာမဆိုဆော့နိုင်တယ်။ ဘော်ဒါတို့ အရင်ရွေးပါ”

သေနတ်ဘုရင်၏ ယှဉ်ပြိုင်မှုပုံစံတွင် နေရာငါးခုရှိနေခဲ့သည်: ချေမှုန်းသူ၊ အားဖြည့်သူ၊ ကင်းထောက်၊ ဆေးအကူနှင့် စနိုက်ပါတို့ဖြစ်သည်။

ချေမှုန်းသူများနှင့် အားဖြည့်သူများမှာ လမ်းဖွင့်ပေးရန်အတွက် များသောအားဖြင့် တာဝန်ရှိခဲ့ကြသည်။ လူနှစ်ယောက်မှာ အချင်းချင်းဖုံးကွယ်ထားပေးကာ အတူတကွရှေ့သို့ချီတက်ခဲ့ကြသည်။ ရှေ့သို့ချီတက်သည့်လူနှစ်ယောက်မှာ ရန်သူ၏ပြင်းထန်သောမီးစွမ်းအားကို သေချာပေါက်ရင်ဆိုင်ရပြီး များစွာသောလျင်မြန်သည့် တုံ့ပြန်မှုစွမ်းရည်များ လိုအပ်သည်။

ကင်းထောက်မှာ ပြိုင်ပွဲနေရာတစ်ခုလုံး ပေါ့ပါးစွာလျှောက်သွားနေသည့် လွတ်လပ်သောလူတစ်ယောက်ဖြစ်သည်။ သူတို့သည် ရန်သူ၏လှုပ်ရှားမှုများအား လေ့လာရန်နှင့် ပုန်းနေရန်တာဝန်ရှိသည်။ အသင်းဖော်တစ်ယောက်သေသွားသည်နှင့် သူတို့သည်မည်သည့်နေရာတွင်မဆို ဖြည့်စွက်ပေးနိုင်သည်။ တစ်ခါတစ်ရံတွင် သူတို့အသင်းသားများ၏ နည်းပညာများနှင့်ပူးပေါင်းရန်နှင့် ရန်သူ၏နောက်ဘက်ပေါက်ကွဲရန် လှည့်ပတ်သွားရန်လည်း လိုအပ်သည်။

ဆေးအကူများမှာ သူတို့၏သေဆုံးနေသော အသင်းသားများအား ကယ်ဆယ်နိုင်ကာ သူတို့၏အသင်းသားများအတွက် အပျက်အစီးကို ခုခံရန်နှင့်ကာကွယ်ရန် ကူညီပေးနိုင်သည်။ ထိုတည်နေရာမှာ အနည်းငယ်မထင်မရှားဖြစ်သော်လည်း ဆေးအကူကောင်းမှာ သူတို့၏အသင်းသားများအား အသက်နှစ်ခုပေးနိုင်သည်။

စနိုက်ပါမှာ အကွာအဝေးရှည်လျားသည့် အနေအထားတွင်သာရှိကာ တတ်နိုင်သမျှမြန်မြန် မြင့်သည့်နေရာယူကာ သူတို့၏သေနတ်အားတပ်ဆင်၍ သူတို့၏နေရာအားခုခံပြီး သူတို့၏အသင်းသားများအား ကာကွယ်ပေးရန်လိုသည်။ တိုက်စစ်ဆင်သည်ဖြစ်စေ ခုခံသည်ဖြစ်စေ စနိုက်ပါ၏တည်နေရာမှာ အလွန်အရေးပါလှသည်။ ချွန်ထက်သည့်လက်နက်များ တိုက်ခိုက်နိုင်သည့်အကွာအဝေးမှာ ကန့်သတ်ထားသည်။ စနိုက်ပါရိုင်ဖယ်သာလျှင် မီတာ၁၀၀၀ကျော်နိုင်ကာ အလွန်ကွာဝေးလှသော တည်နေရာတွင် ရန်သူများအားချက်ချင်းသတ်နိုင်ကာ ကြီးမားသည့်ခြိမ်း‌ခြောက်မှုတစ်ခုဖြစ်နိုင်သည်။

ပရော်ဖက်ရှင်နယ်လိဂ်မှာ တင်းကျပ်သောနည်းပညာစနစ်များနှင့် တည်နေရာစီစဉ်မှုများရှိနေခဲ့သည်။ ထိုအချိန်တွင် အွန်လိုင်းဂိမ်းများထဲတွင် အပိုင်း၁၅၀၀ထဲရှိ ကစားသမားများမှာ ပြင်းထန်သောပူးပေါင်းချင်စိတ်မရှိဘဲ တည်နေရာများအားရွေးချယ်ခြင်းနှင့် ပတ်သက်၍ အထူးတလည်မရှိလှပေ။

 ကျန်းရှောင်ယွီသည် စနိုက်ပါနေရာတွင် အခြေချလိုက်သည်။

ပထမကစားသမားမှာ စနိုက်ပါအား ရွေးချယ်ကာ ဒုတိယနှင့်တတိယကစားသမားများမှာ ချေမှုန်းသူအားရွေးချယ်ပြီး စတုတ္ထကစားသမားမှာ အားဖြည့်သူအားရွေးချယ်ခဲ့သည်။

၎င်းသည်ပြင်းထန်သောပျက်စီးမှုအမျိုးအစားတစ်ခုနှင့် ငါးယောက်အပြည့် ပွဲထွက်ထားခဲ့သည်။ ဤသည်မှာ အဆင့်နိမ့်ကစားပွဲများတွင် အဖြစ်များသည်။ ၎င်းသည် ကင်းထောက်သို့မဟုတ် ဆေးအကူမပါဘဲ ဆန်းသစ်သောနည်းပညာများ စီစဉ်ရန်မဖြစ်နိုင်သော်လည်း အပိုင်း၁၅၀၀တွင်မူ သူတို့လိုချင်သည့် မည်သည့်အရာကိုမဆို ရွေးချယ်နိုင်သည်။

မြေပုံမှာ ဆက်သွားနေသည်။

ကျပန်းမြေပုံတွင် ကြယ်သုံးပွင့်ခက်ခဲမှုဖြစ်သည့် စက်ရုံအပျက်အစီးများ ရှိနေခဲ့သည်။

ကမ္ဘာပျက်ခြင်း ကျရောက်လာခဲ့ကာ ‌ဇွန်ဘီးကပ်ဘေး ရုတ်တရက်ဖြစ်ပေါ်လာပြီး ဤစက်ရုံအား ကြာရှည်စွာ စွန့်ပစ်ခံထားစေခဲ့သည်း အမြင့်အမျိုးမျိုးနှင့်ရှုပ်ထွေးနေသောသေတ္တာများမှာ နေရာတိုင်းရှိနေခဲ့သည်။ မြေပြင်မှာ သွေးခြောက်များဖြင့် ဖုံးလွှမ်းခြင်းခံရကာ ပုပ်သိုးနေသောလူသားအလောင်းများမှာ ထောင့်နေရာများတွင် ပုံနေခဲ့သည်။

အရည်အသွေးပြည့်မီသောပြိုင်ပွဲ၏ သွေးစွန်းတိုက်ပွဲပုံစံတွင် နှစ်ဖက်အား အနီရောင်ဘက်၏ ‘ပုန်းသူများ’နှင့် အပြာရောင်ဘက်၏ ‘စောင့်ရှောက်သူများ’အဖြစ် ခွဲထားခဲ့သည်။ စည်းမျဉ်းများမှာရိုးရှင်းသည်။ ပွဲစဉ်တစ်ခုအနိုင်ရရန် ဆန့်ကျင်ဘက်အဖွဲ့မှ လူငါးယောက်လုံးအား သတ်ရမည်။ ငါးချီဖြစ်သောကြောင့် သူတို့သည် သုံးချီနိုင်ရမည်။

ပစ်ခတ်သည့်ဂိမ်း၏ စည်းချက်မှာ အလွန်မြန်ဆန်နေသည်။ မည်ကဲ့သို့ကစားရမည်ကိုသိသောသူများမှာ ပြောက်ကျားစစ်အား ဖြည်းညှင်းစွာတိုက်ခိုက်နိုင်စဉ် မကစားနိုင်သူများမှာ တိုက်ပွဲအဆုံးသတ်ရန် မိနစ်ပိုင်းအတွင်း မကြာခဏအသေခံခဲ့ကြသည်။

ဂိမ်းပွဲမှာ စတင်ခဲ့သည်။

ကျန်းရှောင်ယွီသည် ‘ပုန်းသူ’ အနီရောင်အခြမ်း၌ ကြုံရာကျပန်း နေရာချခံခဲ့ရသည်။

သူ၏အသင်းသားများမှာ ပြေးထွက်သွားကြသည်။

ကျန်းရှောင်ယွီသည် နောက်ဆုံး၌ ရွေ့လျားခဲ့သည်။ သူသည်အတားအဆီးများကြား အမြန်ရွေ့လျားကာ ဤမြေပုံပေါ်ရှိ မြင့်သည့်နေရာတစ်ခုဆီသို့ အမြန်လှမ်းတက်ခဲ့သည်။ သူသည်စနိုက်ပါရိုင်ဖယ်အား တပ်ဆင်ကာ သူ၏မျက်လုံးများအား ကျဉ်းလိုက်ပြီး အဝေးမှလမ်းကို စိုက်ကြည့်နေခဲ့သည်။

‘Classmate Doudou’ဟူသော အသင်းဖော်မှာ စကားများသူဖြစ်သည်။ သူသည်သူ၏မိုက်ခရိုဖုန်းထဲသို့ပြောခဲ့သည်။ “အစ်ကိုတို့ အမြန်သွားကြ။ ကျွန်တော်အမှတ်အေကို ပြေးသွားလိုက်မယ်။ အစ်ကိုကသွားပြီး အမှတ်ဘီကိုကိုင်လိုက်...”

သူစကားပြောမပြီးခင်တွင် ရှင်းလင်းပြတ်သားသော သေနတ်သံအား သူ၏နားထဲရုတ်တရက်ကြားခဲ့သည်။

Bang—

[စနစ်: ‘Casually’ သည် ‘Five Consecutive Kneeling in Qualifiers’ အား ခေါင်းသို့ပစ်ရန် MSG-Auroraကို အသုံးပြုခဲ့သည်။]

Doudou ၏အသံမှာ ခဏတာရပ်တန့်သွားကာ အမြန်အော်လိုက်သည်။ “အရမ်းမိုက်တယ်။ အစ်ကိုကြီးက တော်တယ်ဗျာ”

သူစကားပြောမဆုံးခင်တွင် သူ၏ဘေး၌ သေနတ်ပစ်သံများ အဆက်မပြတ်ရောက်လာခဲ့သည်။ သူသည် အခြားအသင်းမှ ချေမှုန်းသူအား တွေ့ခဲ့သည်။ အသင်းဖော် Doudou မှာ ‌ကွန်ပျူတာမောက်စ်နှင့် ကီးဘုတ်ပေါ် အရူးအမူးနှိပ်ကာ သူ၏လက်ထဲမှ စက်သေနတ်သည် မီးတောက်အတန်းလိုက် ကြမ်းတမ်းစွာ ထွက်လာခဲ့သည်။

အခြားလူတစ်ယောက်မှာ အမှန်တကယ်ပင် မြေပြင်ပေါ် လဲကျသွားခဲ့သည်။

သို့သော် စနစ်၏ကြေငြာချက်မှာ သူ့အား သူရယူခဲ့သော ခေါင်းတစ်လုံးမဟုတ်သည်ဟု ပြောသည်လား။

[စနစ်: ‘Casually’ သည် ‘I am the Biggest Hidden Bomb’အား ခေါင်းသို့ပစ်မှတ်ထားသတ်ရန် MSG-Auroraအား အသုံးပြုခဲ့သည်]

တစ်ဖက်ခြမ်းတွင် တစ်စုံတစ်ယောက်မှာ ရုတ်တရက်အလံမှထွက်ပေါ်လာကာ ပစ်ချက်နှစ်ချက်ပစ်ခတ်ရင်း အသက်အပြည့်ရှိနေသေးသော Doudouအား သတ်လိုက်သည်။

သူတို့ဘက်မှ အခြားကစားသမားသုံးယောက်မှာလည်း ရန်သူအဖွဲ့နှင့် ဝင်ရောခဲ့ကြသည်။ သေနတ်ပစ်သံများနှင့် ပေါက်ကွဲမှုများစွာရှိနေပြီး စနစ်မှစာ‌များသည်လည်း ဖန်သားပြင်ပေါ် ဆက်တိုက်ပေါ်လာနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း သူ၏အသင်းမှ ကစားသမားများ သေဆုံးသွားခဲ့ကြသည်။

ကျန်းရှောင်ယွီသည် သူ၏အသင်းသားများ သေဆုံးခဲ့သောနေရာကို စိုက်ကြည့်လိုက်ကာ ဓားမြှောင်အဖြစ်သို့ ချက်ချင်းပြောင်းလိုက်သည်။ သူသည်ဤမြင့်သောနေရာမှ အမြန်ခုန်ချလိုက်ကာ ထိုအခြမ်းသို့ အဆက်မပြတ် ရွေ့လျားသွားခဲ့သည်။

လူတစ်စုမှာချီတက်လာခဲ့သည်။ 

သူသည် ယခု သုံး‌ယောက်တစ်‌ယောက် ဖြစ်နေခဲ့သည်။

တစ်ဖက်မှသေနတ်ပစ်သမားမှယ ဖယ်ရှားခြင်းမခံရသေးပေ။

ဤအချီတွင် သူတို့၏အသင်းသားများမှာ သူတို့၏အဘိုးအား ကယ်တင်ကြသော ဘူးသီးညီအစ်ကိုများနှင့်တူနေခဲ့သည်။ သူတို့သည်တစ်ယောက်ပြီးတစ်ယောက် ခေါင်းဖြတ်ခံခဲ့ရသည်။ (ဘူးသီးညီအစ်ကိုများ = နာမည်ကြီးသည့် တရုတ်ကာတွန်းမှ https://en.wikipedia.org/wiki/Calabash_Brothers) 

သူတို့လေးယောက်မှာ မိနစ်ဝက်အတွင်း သေသွားခဲ့ကြသည်။

ကျန်းရှောင်ယွီ၏ သွယ်လျသော လက်ချောင်းလေးများမှာ ကီးဘုတ်ပေါ်တွင် လျင်မြန်စွာထိတွေ့နေခဲ့သည်။

တစ်စုံတစ်ယောက် ဤတစ်ကြိမ်၌ နတ်ဘုရား၏အမြင်ရှိခဲ့လျှင် ပိန်ပါးသောလူငယ်လေးမှာ ပင်လယ်အားဖြတ်သန်းနေသော ဖျက်လတ်သည့်ငါးတစ်ကောင်ကဲ့သို့ စက်ရုံ၏အပျက်အစီးများထဲတွင် အပေါ်အောက်ထပ်ထားသော သေတ္တာများကြား လျင်မြန်စွာရွေ့လျားနေသည်ကို သူတို့မြင်လိမ့်မည်။ သူ၏ဓာတ်ပုံကိုပင် ဖမ်းယူ၍မရနိုင်ပါ။

ရုတ်တရက် သူသည်ကတုတ်နောက်တွင် ရပ်တန့်သွားခဲ့သည်။ သူသည်သူ၏စနိုက်ပါရိုင်ဖယ်သေနတ်အား အနောက်သို့ရွှေ့ကာ ဂရုတစိုက်နားထောင်နေခဲ့သည်။

သူ၏အနီးတစ်ဝိုက်တွင် အလွန်ပေါ့ပါးသော ခြေလှမ်းများရှိနေခဲ့သည်။

လူနှစ်ယောက်။

ဆန့်ကျင်ဘက် စကားပြောချန်နယ်တွင် အမိန့်ပေးသည့်တာဝန်ယူ‌ထားသော ကပ္ပတိန်မှာအံ့ဩနေခဲ့သည်။ “သေစမ်း၊ သေနတ်ပစ်သမားရော”

His teammate replied, “He was here just now.” သူ၏အသင်းဖော်မှာ ပြန်ဖြေခဲ့သည်။ “သူခုနကဒီနားမှာပဲ”

ဤစကားလုံးများ ထွက်လာပြီးသည့် အခိုက်အတန့်တွင် ကြည်လင်သော သေနတ်ပစ်သံမှာ လူနှစ်ယောက်ဘေးမှ ထွက်လာခဲ့သည်။

Bang, bang!

[စနစ်: ‘Casually’ သည် ‘I am the Brother Rui’ အား ခေါင်းပစ်ချက်ဖြင့်သတ်ရန် MSG-Auroraကို အသုံးပြုခဲ့သည်]

[စနစ်: ‘Casually’ သည် ‘Dragon War Eight Wastelands’ အား ခေါင်းပစ်ချက်ဖြင့်သတ်ရန် MSG-Auroraကို အသုံးပြုခဲ့သည်]

သူသည် သန့်ရှင်းသပ်ရပ်စွာ နှစ်ချက်ဆက်တိုက်ပစ်ခဲ့သည်။

ထူးချွန်ပြောင်မြောက်သော အဖြူရောင်အော်ရိုရာအလင်းတန်းမှာ နဖူးအားထိုးဖောက်သွားကာ သူတို့အား တစ်ချက်တည်း သတ်ပစ်ခဲ့သည်။

အသတ်ခံရသောလူနှစ်ယောက်မှာ ‘Casually’၏တည်နေရာကိုပင် မရှာနိုင်ခဲ့ပေ။

Brother Ruiသည်ကြက်သီးများထလာခဲ့သည်။

Casually သည်စက္ကန့်ပိုင်းအတွင်း လူများသတ်ခဲ့သည်။ ဤနာမည်တွင် ထေ့ငေါ့မှုများစွာ ပါဝင်နေခဲ့သည်။

စောင့်ရှောက်သူဘက်တွင် အသင်းသားတစ်ယောက်သာ ကျန်ခဲ့သည်။

Brother Rui သည်အံကြိတ်ကာ အမိန့်ပေးလိုက်သည်။ “သေနတ်ပစ်သမားကို သတ်လိုက်”

သူ၏အသင်းသားမှာစိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့သည်။ “သူကနာရီလက်တံတစ်ဆယ်က အဲ့သေတ္တာအနောက်မှာရှိနေတယ်။ သူပေါ်လာတာနဲ့ ကျွန်တော်သူ့ကိုသတ်လိုက်မယ်”

ပတ်ဝန်းကျင်မှာ အပ်ကျသံကြားနိုင်လောက်သည်အထိ တိတ်ဆိတ်နေခဲ့သည်။

ကျန်းရှောင်ယွီသည် သေတ္တာအနောက်မှ ရုတ်တရက်ထွက်လာပြီး ညာဘက်သို့‌မရွှေ့ခင် နှစ်စက္ကန့်စောင့်ခဲ့သည်။ တစ်ဖက်မှ သေနတ်ပစ်သမားမှာ သူ့အားပစ်လိုက်သည်။ ကျန်းရှောင်ယွီသည် နေရာမှလိမ့်သွားကာ မှန်ဘီလူးအားဖွင့်ပြီး ခေါင်းမော့၍ ရည်ရွယ်ချက်ရှိရှိ မောင်းကိုဆွဲလိုက်သည်။

သေနတ်ပစ်သံများမှာ တစ်ခေါက်ပြီးတစ်ခေါက် မြည်လာခဲ့သည်။

[စနစ်: ‘Casually’ သည် ‘Happy Respectu’ အား ခေါင်းပစ်ချက်ဖြင့်သတ်ရန် MSG-Auroraကို အသုံးပြုခဲ့သည်]

ပထမအချီပြီးသွားခဲ့သည်။

ပုန်းသူများအနိုင်ရခဲ့သည်။

ရန်သူအသင်း: “……”

အသင်းဖော် Doudou မှာ စမအော်ခင်တွင် အချိန်ခဏကြာ ကြောင်သွားခဲ့သည်။ “ဟား။ အရမ်းကောင်း။ အမလေးဗျာ။ အရမ်းတော်တဲ့လူက ချောလွန်းတယ်ဗျာ။ လူတစ်ယောက်က ငါး‌ယောက်ကိုသတ်သွားတာ။ ဟားဟားဟား သတ်ပစ်တာ”

ကျန်းရှောင်ယွီသည် ဆူညံသံကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

အသင်းဖော် မင်းရဲ့အသံထွက်နှုန်းက မင်းလက်စွမ်းထက် ပိုကောင်းနေတယ်။ ဒါက မင်းရန်သူကို အသံနဲ့သတ်ပစ်တာများလား။

Zawgyi

Chapter 4: ေသနတ္ပစ္သမား ျပန္လာျခင္း

ေသနတ္ဘုရင္မွာ ဤအခိုက္အတန႔္တြင္ အေက်ာ္ၾကားဆုံး ပစ္ခတ္သူတစ္ေယာက္ ျဖစ္ေနခဲ့သည္။ ကမာၻေပၚရွိကစားသမားမ်ား အေရအတြက္မွာ တစ္ဘီလီယံေက်ာ္သြားခဲ့ကာ နယ္ပယ္တစ္ခုခ်င္းစီတြင္ သီးသန႔္ဆာဗာရွိေနခဲ့သည္။ ဂိမ္းမ်ားထဲတြင္ ေတာအုပ္မ်ား၊ ကႏၲာရမ်ား၊ ႏွင္းမ်ားထူထပ္ေနေသာေတာင္မ်ား၊ ၿမိဳ႕ေတာ္မ်ား၊ ကြၽန္းမ်ားကဲ့သို႔ေသာ ေျမပုံအေရအတြက္မ်ားစြာ ရွိေနခဲ့သည္... ျမင္ကြင္းသက္ေရာက္မႈမ်ားမွာ အလြန္ယုတၱိဆန္ကာ ကစားသမားမ်ားအား စိတ္လႈပ္ရွားမႈအား ခံစားမိေစကာ အလြန္ဈာန္ဝင္စြာ ပ်က္စီးေနေသာကမာၻအား ခံစားခြင့္ျပဳထားသည္။

ပ်က္စီးေန‌ေသာေနာက္ခံႏွင့္ ပစ္ခတ္သည့္ကစားပြဲအေနႏွင့္ ေသနတ္ဘုရင္တြင္ အလြန္ႂကြယ္ဝေသာ ကစားသမားႏွင့္ပတ္ဝန္းက်င္ၿပိဳင္သည့္ တာဝန္အျပင္ မွ်တေသာ ကစားသမားႏွစ္ဦးယွဥ္ၿပိဳင္သည့္စနစ္လည္း ရွိေနခဲ့သည္။ ဆိုလိုသည္မွာ ‘ပိုက္ဆံမ်ားျပဳလုပ္နိုင္ေသာ အထူးအမွတ္ေပးစနစ္’ ျဖစ္သည္။

ပိုက္ဆံမ်ားျပဳလုပ္ရန္ ပိုင္ဆိုင္ရာေဒသ သို႔မဟုတ္ ‘အရည္အေသြးျပည့္မီေသာ ၿပိဳင္ပြဲ’ တြင္ ၿပိဳင္ပြဲသို႔ဝင္ေရာက္လာေသာ ကစားသမားမ်ား၏ အစပိုင္းအမွတ္မ်ားမွာ အားလုံးဆယ္မွတ္ျဖစ္ေနခဲ့သည္။

အမွတ္0-500မ်ားမွာ ‘ေလ့က်င့္ေရးအဆင့္ ပိုက္ဆံျပဳလုပ္သူမ်ား’ ျဖစ္ၿပီး အမွတ္500-1000မ်ားမွာ ‘ဂ်ဴနီယာ ပိုက္ဆံျပဳလုပ္သူမ်ား’ ျဖစ္ကာ အမွတ္ 1000-1500မ်ားမွာ ‘သူရဲေကာင္း ပိုက္ဆံျပဳလုပ္သူမ်ား’ ျဖစ္၍ အမွတ္ 1500-2000မ်ားမွာ ‘ကြၽမ္းက်င္ ပိုက္ဆံျပဳလုပ္သူမ်ား’ ျဖစ္ေနကာ အမွတ္ 2000-2500မ်ားမွာ ‘သခင္အဆင့္ ပိုက္ဆံျပဳလုပ္သူမ်ား’ ျဖစ္သည္။

အမွတ္ 2500ေက်ာ္ေသာသူမ်ားအား ‘ဒ႑ာရီလာ ပိုက္ဆံျပဳလုပ္သူ’ အျဖစ္အဆင့္တိုးနိုင္ကာ ေ႐ႊေရာင္တံဆိပ္အား လက္ခံရရွိနိုင္သည္။ ဤသည္မွာ အျခားကစားပြဲမ်ားတြင္ ‘အသန္မာဆုံးဘုရင္’ ႏွင့္ညီမွ်သည္။

ထို႔အျပင္ ‘ေသနတ္ဘုရင္’ဟုေခၚသည့္ ဂုဏ္ျပဳထိုက္ေသာ အဆင့္တစ္ခုရွိေနခဲ့သည္။

ေသနတ္ဘုရင္ဟူသည့္ေခါင္းစဥ္မွာ နယ္ပယ္ဆာဗာတစ္ခုခ်င္းစီအတြက္ ရာသီတစ္ခုခ်င္းစီ၏ ထိပ္တန္းအေယာက္၁၀၀ဆီသို႔ ကန႔္သတ္ထားခဲ့သည္။ ဥပမာအားျဖင့္ တ႐ုတ္ျပည္နယ္ရွိ အရည္အေသြးျပည့္မီေသာ ၿပိဳင္ပြဲတြင္ လူသန္းေပါင္းမ်ားစြာရွိသည္။ ၎သည္ နိုင္ငံတြင္ ထိပ္တန္းအေယာက္၁၀၀ထဲဝင္ရန္ မည္မွ်ခက္ခဲသည္ကို စိတ္ကူးယဥ္ၾကည့္နိုင္သည္။

က်န္းေရွာင္ယြီ၏ အျခားအေကာင့္မွာ ၿပိဳင္ပြဲက်င္းပရာနယ္ပယ္တြင္ ကစားေလ့မရွိသလို မည္သည့္သူငယ္ခ်င္းကိုမွ် လက္မခံထားခဲ့ေပ။

ငါးႏွစ္ရွိၿပီျဖစ္ေသာ ျပည္တြင္းဆာဗာအေကာင့္အား ဝင္လိုက္ကာ ညာဘက္အေပၚေထာင့္တြင္ စနစ္အခ်က္အလက္မ်ားစြာ ေပၚထြက္လာခဲ့သည္။ သူတို႔မွာ မ်ားစြာေသာ လုပ္ေဆာင္မႈမ်ား၏ အခ်က္အလက္အားလုံးျဖစ္သည္။ က်န္းေရွာင္ယြီသည္ တစ္ခ်က္တည္းႏွင့္ စနစ္အခ်က္အလက္အားလုံးကို ဖ်က္ပစ္ခဲ့သည္။ ထို႔ေနာက္သူသည္ စာတိုက္ပုံးကိုႏွိပ္လိုက္ကာ ျပန္လာသည့္အတြက္ဆုတစ္ခုကို ျမင္ေတြ႕ခဲ့သည္။

[AWM-Ice Flame] × ရက္၃၀

[AK-47-Ice Flame] × ရက္၃၀

[Titan Twin Stars-Ice Flame] x ရက္၃၀

[ပ်ားဆိပ္ရွိေသာ ဓားျမႇောင္] x ရက္၃၀

[အဆင့္ထိန္းသိမ္းျခင္းကတ္] x ၅ခု

ဤ‌အေကာင့္သို႔ျပန္ေရာက္လာေသာေၾကာင့္ စနစ္မွေပးအပ္ခဲ့ေသာဆုမ်ားမွာ အေတာ္မ်ားျပားသည္။ လက္နက္မ်ားအားလုံးမွာ ေရခဲမီးလွ်ံပုံစံစီးရီးမ်ားျဖစ္ကာ ရက္သုံးဆယ္ၾကာ အသုံးျပဳနိုင္ခဲ့သည္။ သူသည္အရည္အခ်င္းျပည့္မီေသာၿပိဳင္ပြဲတြင္ ရႈံးသြားပါက သူ၏စိတ္ဓာတ္က်ဆင္းကာ ဤအေကာင့္အား ထပ္မံ‌လက္ေလွ်ာ့လိုက္မည္ကို စိုးရိမ္ေသာေၾကာင့္ ၎သည္သူ႕အား အဆင့္ထိန္းသိမ္းေရးကတ္ငါးခုကို ေပးခဲ့သည္။ ထိန္းသိမ္းရကတ္အား အသုံးျပဳလိုက္သည္ႏွင့္ သူသည္ဂိမ္းရႈံးသြားလွ်င္ပင္ အမွတ္မ်ားေလ်ာ့လိမ့္မည္ မဟုတ္ေပ။

က်န္းေရွာင္ယြီသည္ သူ၏စာတိုက္ပုံးအား ပိတ္လိုက္ကာ သူ၏ေသနတ္လက္နက္မ်ားကို ဖြင့္လိုက္သည္။

ေသနတ္မ်ိဳးစုံမွာ သူ၏‌အေရွ႕တြင္ မ်ားျပားစြာခ်ျပထားၿပီး ၾကာခ်ိန္အားလုံးမွာ ထာဝရျဖစ္သည္။

ယခင္က Casually မွာ ေသနတ္မ်ားေလ့လာရန္အတြက္ အထူးအသုံးျပဳခဲ့ေသာ အေကာင့္ျဖစ္ခဲ့ေသာေၾကာင့္ ကုန္တိုက္ထဲရွိလက္နက္မ်ားအားလုံးကို ဝယ္ယူခဲ့သည္။ ပစ္ခတ္ျခင္းဂိမ္းမ်ားမွာ လက္နက္၏ေဒတာႏွင့္ ပတ္သက္၍ အလြန္သတိျပဳရမည္။ ညီမွ်မႈ၊ မီး၏ႏႈန္း၊ ကန္ထုတ္ျခင္းႏွင့္ ပ်က္စီးမႈကဲ့သို႔ေသာ ေဒတာမ်ားကို ဂ႐ုတစိုက္ညွိႏွိုင္းရသည္။ လက္နက္တစ္ခုမွာ အလြန္အားသန္ကာ ညီမွ်မႈမရွိေတာ့လွ်င္ ကစားသမားမ်ားသည္ သူတို႔အားေသသည္အထိ ဆူလိမ့္မည္ျဖစ္သည္။

တာဝန္ရွိသူမ်ားသည္ ႏွစ္စဥ္လက္နက္အသစ္တစ္ခုကိုသာ ထုတ္လုပ္ၿပီး သူတို႔သည္ မ်ားေသာအားျဖင့္  လက္နက္အားအဆင့္ျမင့္ထားသည့္ပုံစံမ်ားကို ထုတ္လုပ္ခဲ့သည္။

အဆင့္ျမင့္ထားသည့္ပုံစံမ်ားမွာ ေဒတာအား မသက္ေရာက္ေသာ္လည္း စြမ္းေဆာင္ထားသည့္ခံစားမႈႏွင့္ အထူးသ‌က္ေရာက္မႈမ်ားမွာ ကြာျခားေနသည္။ လက္နက္တစ္မ်ိဳးတည္းသာႀကိဳ‌က္ေသာ ကစားသမားမ်ားသည္ အဆင့္ျမင့္ထားသည့္ပုံစံမ်ားကို အလိုအေလ်ာက္စုေဆာင္းလိမ့္မည္ျဖစ္ၿပီး တာဝန္ရွိသူမ်ားလည္း ဤအရာေၾကာင့္ ပိုက္ဆံမ်ားစြာ ရရွိခဲ့သည္။

က်န္းေရွာင္ယြီ၏အၾကည့္မွာ စနိုက္ပါရိုင္ဖယ္ေသနတ္ေပၚ မက်ေရာက္ခင္တြင္ ေသနတ္လက္နက္မ်ားအား ေဝ့ဝဲၾကည့္ေနခဲ့သည္။

[MSG – Aurora]

က်ည္ကာစြမ္းရည္: 10/20

ေဖာ္ျပခ်က္: MSGသည္ ကမာၻ႔အဆန္းသစ္ဆုံး တစ္ႀကိမ္လွ်င္တစ္ခါ ေမာင္းဆြဲရေသာ စနိုက္ပါရိုင္ဖယ္ေသနတ္ျဖစ္သည္။ ျပဳျပင္ထားေသာကိုယ္ထည္မွာ ပို၍ေပါ့ပါးကာ မွန္ေျပာင္းအားဖြင့္လိုက္သည္ႏွင့္၎သည္ လွ်င္ျမန္စြာႏွင့္ဆက္တိုက္ပစ္နိုင္သည္။ ဤသည္မွာ မိုဘိုင္းတိုက္ပြဲအတြက္ သင့္ေတာ္ေစသည္။

Note: The Aurora skin. The exclusive champion skin of ACE – Wing, the MVP of the Chinese Professional League in the S3 Season. မွတ္ခ်က္: The Aurora skin: S3 ရာသီတြင္ တ႐ုတ္ပေရာ္ဖက္ရွင္နယ္လိဂ္၏ အထူးပုဂၢိဳလ္ ACE အဖြဲ႕ဝင္ Wing၏ အထူးခ်န္ပီယံအဆင့္ျမင့္ထားေသာပုံစံ။

မည္ကဲ့သို႔ရယူနိုင္သနည္း: S3ရာသီသည္ ဝယ္ယူမႈအား ကန႔္သတ္ထားခဲ့သည္။ ၎အားရနိုင္ရန္ လက္တေလာတြင္ နည္းလမ္းမရွိေပ။

 

ဤသည္မွာ ထိုႏွစ္က သူသည္ ျပည္တြင္းလိဂ္၏ အထူးဆုအား ရယူၿပီးသည့္‌ေနာက္ သူ႕အတြက္အထူးဖန္တီးေပးထားခဲ့ေသာ က်န္းေရွာင္ယြီ၏ ခ်န္ပီယံရွစ္ အထူးထုတ္ထားေသာ အဆင့္ျမင့္ပုံစံျဖစ္သည္။ တစ္ႀကိမ္ေရာင္းလိုက္ၿပီးသည္ႏွင့္ ၎မွာခ်က္ခ်င္းေရာင္းကုန္သြားခဲ့ကာ ေဈးကြက္မ်ားမွာ ယြမ္သန္းေပါင္း၁၀၀ဆီသို႔ ေက်ာ္လြန္သြားခဲ့သည္။ က်န္းေရွာင္ယြီသည္ သန္းေပါင္းမ်ားစြာ အပိုဆုမ်ားကိုလည္း ရရွိခဲ့သည္။

အဆင့္ျမင့္ပုံစံ၏ဒီဇိုင္းမွာ အလြန္ထူးျခားေနခဲ့သည္။ ေသနတ္၏ေတာက္ပေသာ ကိုယ္ထည္အား နည္းပညာပိုင္းဆိုင္ရာ ခံစားမႈမ်ိဳးေပးေသာ ေသသပ္သည့္အျဖဴေရာင္မ်ဥ္းမ်ားႏွင့္ ထြင္းထားခဲ့သည္။ အထူးသက္ေရာက္မႈသည္ ေခါင္းသို႔တိုက္ရိုက္ ပစ္ခတ္လိုက္ေသာအခါ အျဖဴေရာင္ေအာ္ရိုရာသည္ ေခါင္းအားခ်က္ခ်င္းထိုးေဖာက္သြားသည္ႏွင့္တူကာ စူးရွ၍မိုက္ေနခဲ့သည္။

အလြန္ေတာက္ေျပာင္ေသာ အဆင့္ျမင့္ထားသည့္ေသနတ္ပုံစံႏွင့္ယွဥ္လွ်င္ က်န္းေရွာင္ယြီသည္ ဤေသနတ္၏ရိုးရွင္း၍ေသသပ္ေသာ အသြင္အျပင္ႏွင့္ ေပါ့ပါးႏူးညံ့ေသာခံစားခ်က္အား ႀကိဳက္ႏွစ္သက္ေနခဲ့သည္။

သူသည္ သူ၏ညာလက္ျဖင့္ ကြန္ပ်ဴတာေမာက္စ္အားထိကာ ‘အဓိကလက္နက္အားေ႐ြးခ်ယ္ပါ’ ဟူေသာခလုတ္ကိုႏွိပ္လိုက္သည္။

စနစ္မွသူ႕အားအခ်က္ေပးခဲ့သည္: [သင္၏အဓိကလက္နက္အျဖစ္ MSG-Auroraေ႐ြးခ်ယ္မႈအား အတည္ျပဳပါ။ ဟုတ္သည္/မဟုတ္ပါ]

က်န္းေရွာင္ယြီသည္ ‘ဟုတ္သည္’ အားႏွိပ္ခဲ့သည္။

စနစ္: [ေက်းဇူးျပဳ၍ ဒုတိယလက္နက္အား ေ႐ြးခ်ယ္ပါ]

က်န္းေရွာင္ယြီသည္ ပစၥတိုေသနတ္ႏွင့္ စနစ္မွသူ႕အားေပးထားခဲ့ေသာ ပ်ားဆိပ္ရွိသည့္ဓားျမႇောင္ကို ေ႐ြးခ်ယ္လိုက္သည္။

ေသနတ္ဘုရင္တြင္ ကစားသမားတစ္ဦးခ်င္းစီမွာ ၿပိဳင္ပြဲအတြင္းသို႔ လက္နက္သုံးခု ယူေဆာင္လာနိုင္သည္။

ထိုအရာမ်ားမွာ ပထမ၊ ဒုတိယႏွင့္ ခြၽန္ထက္သည့္လက္နက္မ်ားျဖစ္ၾကသည္။

ပထမႏွင့္ဒုတိယလက္နက္မ်ားမွာ စနိုက္ပါ၊ ေခ်မႈန္းေရးရိုင္ဖယ္၊ စက္ေသနတ္ႏွင့္ ပစၥတိုအစရွိေသာ ေသနတ္မ်ားစြာျဖစ္ၾကသည္။ သူတို႔သည္ ကစားသမား၏ ကိုယ္ပိုင္ႀကိဳက္ႏွစ္သက္မႈမ်ားအရ မည္သည့္အခ်ိန္တြင္မဆို ေျပာင္းလဲနိုင္ၿပီး ေပါင္းစည္းမႈမွာ အလြန္ေပါ့ပါးသည္။ ခြၽန္ထက္သည့္လက္နက္မ်ားမွာ ဓားျမႇောင္မ်ား၊ လွံစြပ္မ်ား၊ တူမ်ား၊ ပုဆိန္မ်ား အစရွိေသာ ေပါက္ကြဲပစၥည္းမ်ားမပါသည့္ လက္နက္မ်ားျဖစ္ၾကသည္။ သူတို႔သည္ အနီးကပ္တိုက္ခိုက္ျခင္းႏွင့္ ကိုယ္ေပ်ာက္လုပ္ႀကံမႈမ်ားအတြက္ အမ်ားအားျဖင့္သုံးေလ့ရွိသည္။

ထို႔ျပင္ လက္ပစ္ဗုံးမ်ား၊ အလင္းဗုံးမ်ား၊ မီးခိုးဗုံးမ်ားႏွင့္ မ်က္ရည္ယိုဗုံးမ်ားကဲ့သို႔ေသာ ဒုံးက်ည္မ်ား၊ ပတ္တီးမ်ားႏွင့္ေရွးဦးသူနာျပဳစုနည္းကဲ့သို႔ေသာ ေဆးဘက္ဆိုင္ရာေထာက္ပံ့မႈမ်ား၊ သတၱဳဒိုင္းမ်ားႏွင့္ က်ည္ကာအလင္းျပားမ်ား အစရွိေသာ ကာကြယ္ေရးပစၥည္းမ်ားလည္း ရွိေနခဲ့သည္။ 

လူတိုင္းတြင္ ထူးျခားသည့္ပစၥည္းယူေဆာင္လာသည့္ သူတို႔၏ကိုယ္ပိုင္အေလ့အထမ်ား ရွိေနခဲ့သည္။

က်န္းေရွာင္ယြီသည္ ေသနတ္ဘုရင္၏‌လက္နက္စနစ္အား ေစ့စပ္စြာေလ့လာၿပီး သူသည္လက္နက္ေဒတာႏွင့္ အသုံးျပဳျခင္းစြမ္းရည္မ်ားအား အလြန္ရင္းႏွီးေနခဲ့သည္။ ဤသည္မွာ ခ်န္ပီယံရွစ္အားအနိုင္ရရန္ ACE အားဦးေဆာင္နိုင္သည့္ သူ၏စြမ္းရည္ေသာ့ခ်က္တစ္ခုလည္း ျဖစ္ေနခဲ့သည္။

လက္နက္မ်ားေ႐ြးခ်ယ္ၿပီးေနာက္ က်န္းေရွာင္ယြီသည္ မူလေနရာသို႔ျပန္လာကာ အရည္အခ်င္းျပည့္မီသည့္အခန္းထဲသို႔ ႏွိပ္လိုက္သည္။

[ပိုက္ဆံျပဳလုပ္ျခင္းေဒသမွ ႀကိဳဆိုပါတယ္]

[သင္သည္ ၿပီးခဲ့ေသာရာသီမွ ယွဥ္ၿပိဳင္မႈၿပိဳင္ပြဲအား ပါဝင္ခဲ့ျခင္းမရွိေၾကာင္း စစ္ေဆးမိခဲ့ပါသည္။ ေက်းဇူးျပဳ၍ ပုံေသအဆင့္ၿပိဳင္ပြဲအား အရင္ယွဥ္ၿပိဳင္ပါ]

ေသနတ္ဘုရင္၏ပုံေသအဆင့္ကစားပြဲမွာလူသားႏွင့္စက္ယွဥ္ၿပိဳင္ျခင္းပုံစံျဖစ္သည္။ ကစားသမားမ်ားမွာ ကြန္ပ်ဴတာ AIႏွင့္ယွဥ္ၿပိဳင္ရကာ စနစ္မွာကစားသမား၏စြမ္းေဆာင္ရည္အရ အဆင့္ခြဲေဝ‌ေပးလိမ့္မည္။ က်န္းေရွာင္ယြီသည္ ပုံေသအဆင့္ၿပိဳင္ပြဲသို႔ ဝင္ေရာက္ၿပီး ငါးပြဲဆက္တိုက္အနိုင္ရရွိခဲ့သည္။

[ဂုဏ္ယူပါတယ္၊ ပိုက္ဆံရွာေဖြသူ။ သင္သည္ ပုံေသအဆင့္ၿပိဳင္ပြဲတြင္ ေကာင္းစြာစြမ္းေဆာင္နိုင္ခဲ့ၿပီး ရာသီအသစ္၏အမွတ္ 1500 ‘ထူးခြၽန္ေသာ ပိုက္ဆံျပဳလုပ္သူ’ အဆင့္သို႔ ဝင္ေရာက္လိမ့္မည္။ ေက်းဇူးျပဳၿပီး ဆက္လက္ႀကိဳးစားရန္ႏွင့္ သင့္အားသမိုင္းေၾကာင္းအသစ္ဖန္တီးနိုင္မည္ဟု ေမွ်ာ္လင့္ပါသည္]

 1500ထူးခြၽန္မႈအဆင့္သည္ အျခားကစားပြဲမ်ားတြင္ စိန္အဆင့္ႏွင့္ညီမွ်ကာ စနစ္မွေပးနိုင္ေသာ အျမင့္ဆုံးအဆင့္ျဖစ္သည္။ ထို႔ေနာက္ သူသည္အဆင့္တက္ခ်င္လွ်င္ သူကိုယ္တိုင္ ၿပိဳင္ဆိုင္ရာေဒသသို႔ သြားရလိမ့္မည္။

က်န္းေရွာင္ယြီသည္ ‘ေသြးစြန္းတိုက္ပြဲပုံစံ’ အားစတင္ခဲ့ကာ အသင္းသားမ်ားႏွင့္ အျမန္အဖြဲ႕ဖြဲ႕လိုက္သည္။

ကစားသမားတစ္ေယာက္ျဖစ္ေသာ ‘Classmate Doudou’တြင္ ေခြးပုံကိုယ္ပြားရွိေနခဲ့သည္။ သူဝင္လာသည့္အခိုက္အတန႔္တြင္ သူသည္သူ၏မိုက္ခရိုဖုန္အားဖြင့္လိုက္သည္။ သူ၏အသံမွာၾကည္လင္ေနကာ အေတာ္ငယ္ရံယ္ပုံေပၚသည္။ “ကြၽန္ေတာ္ဘယ္ေနရာမဆိုေဆာ့နိုင္တယ္။ ေဘာ္ဒါတို႔ အရင္ေ႐ြးပါ”

ေသနတ္ဘုရင္၏ ယွဥ္ၿပိဳင္မႈပုံစံတြင္ ေနရာငါးခုရွိေနခဲ့သည္: ေခ်မႈန္းသူ၊ အားျဖည့္သူ၊ ကင္းေထာက္၊ ေဆးအကူႏွင့္ စနိုက္ပါတို႔ျဖစ္သည္။

ေခ်မႈန္းသူမ်ားႏွင့္ အားျဖည့္သူမ်ားမွာ လမ္းဖြင့္ေပးရန္အတြက္ မ်ားေသာအားျဖင့္ တာဝန္ရွိခဲ့ၾကသည္။ လူႏွစ္ေယာက္မွာ အခ်င္းခ်င္းဖုံးကြယ္ထားေပးကာ အတူတကြေရွ႕သို႔ခ်ီတက္ခဲ့ၾကသည္။ ေရွ႕သို႔ခ်ီတက္သည့္လူႏွစ္ေယာက္မွာ ရန္သူ၏ျပင္းထန္ေသာမီးစြမ္းအားကို ေသခ်ာေပါက္ရင္ဆိုင္ရၿပီး မ်ားစြာေသာလ်င္ျမန္သည့္ တုံ႕ျပန္မႈစြမ္းရည္မ်ား လိုအပ္သည္။

ကင္းေထာက္မွာ ၿပိဳင္ပြဲေနရာတစ္ခုလုံး ေပါ့ပါးစြာေလွ်ာက္သြားေနသည့္ လြတ္လပ္ေသာလူတစ္ေယာက္ျဖစ္သည္။ သူတို႔သည္ ရန္သူ၏လႈပ္ရွားမႈမ်ားအား ေလ့လာရန္ႏွင့္ ပုန္းေနရန္တာဝန္ရွိသည္။ အသင္းေဖာ္တစ္ေယာက္ေသသြားသည္ႏွင့္ သူတို႔သည္မည္သည့္ေနရာတြင္မဆို ျဖည့္စြက္ေပးနိုင္သည္။ တစ္ခါတစ္ရံတြင္ သူတို႔အသင္းသားမ်ား၏ နည္းပညာမ်ားႏွင့္ပူးေပါင္းရန္ႏွင့္ ရန္သူ၏ေနာက္ဘက္ေပါက္ကြဲရန္ လွည့္ပတ္သြားရန္လည္း လိုအပ္သည္။

ေဆးအကူမ်ားမွာ သူတို႔၏ေသဆုံးေနေသာ အသင္းသားမ်ားအား ကယ္ဆယ္နိုင္ကာ သူတို႔၏အသင္းသားမ်ားအတြက္ အပ်က္အစီးကို ခုခံရန္ႏွင့္ကာကြယ္ရန္ ကူညီေပးနိုင္သည္။ ထိုတည္ေနရာမွာ အနည္းငယ္မထင္မရွားျဖစ္ေသာ္လည္း ေဆးအကူေကာင္းမွာ သူတို႔၏အသင္းသားမ်ားအား အသက္ႏွစ္ခုေပးနိုင္သည္။

စနိုက္ပါမွာ အကြာအေဝးရွည္လ်ားသည့္ အေနအထားတြင္သာရွိကာ တတ္နိုင္သမွ်ျမန္ျမန္ ျမင့္သည့္ေနရာယူကာ သူတို႔၏ေသနတ္အားတပ္ဆင္၍ သူတို႔၏ေနရာအားခုခံၿပီး သူတို႔၏အသင္းသားမ်ားအား ကာကြယ္ေပးရန္လိုသည္။ တိုက္စစ္ဆင္သည္ျဖစ္ေစ ခုခံသည္ျဖစ္ေစ စနိုက္ပါ၏တည္ေနရာမွာ အလြန္အေရးပါလွသည္။ ခြၽန္ထက္သည့္လက္နက္မ်ား တိုက္ခိုက္နိုင္သည့္အကြာအေဝးမွာ ကန႔္သတ္ထားသည္။ စနိုက္ပါရိုင္ဖယ္သာလွ်င္ မီတာ၁၀၀၀ေက်ာ္နိုင္ကာ အလြန္ကြာေဝးလွေသာ တည္ေနရာတြင္ ရန္သူမ်ားအားခ်က္ခ်င္းသတ္နိုင္ကာ ႀကီးမားသည့္ၿခိမ္း‌ေျခာက္မႈတစ္ခုျဖစ္နိုင္သည္။

ပေရာ္ဖက္ရွင္နယ္လိဂ္မွာ တင္းက်ပ္ေသာနည္းပညာစနစ္မ်ားႏွင့္ တည္ေနရာစီစဥ္မႈမ်ားရွိေနခဲ့သည္။ ထိုအခ်ိန္တြင္ အြန္လိုင္းဂိမ္းမ်ားထဲတြင္ အပိုင္း၁၅၀၀ထဲရွိ ကစားသမားမ်ားမွာ ျပင္းထန္ေသာပူးေပါင္းခ်င္စိတ္မရွိဘဲ တည္ေနရာမ်ားအားေ႐ြးခ်ယ္ျခင္းႏွင့္ ပတ္သက္၍ အထူးတလည္မရွိလွေပ။

 က်န္းေရွာင္ယြီသည္ စနိုက္ပါေနရာတြင္ အေျခခ်လိဳက္သည္။

ပထမကစားသမားမွာ စနိုက္ပါအား ေ႐ြးခ်ယ္ကာ ဒုတိယႏွင့္တတိယကစားသမားမ်ားမွာ ေခ်မႈန္းသူအားေ႐ြးခ်ယ္ၿပီး စတုတၳကစားသမားမွာ အားျဖည့္သူအားေ႐ြးခ်ယ္ခဲ့သည္။

၎သည္ျပင္းထန္ေသာပ်က္စီးမႈအမ်ိဳးအစားတစ္ခုႏွင့္ ငါးေယာက္အျပည့္ ပြဲထြက္ထားခဲ့သည္။ ဤသည္မွာ အဆင့္နိမ့္ကစားပြဲမ်ားတြင္ အျဖစ္မ်ားသည္။ ၎သည္ ကင္းေထာက္သို႔မဟုတ္ ေဆးအကူမပါဘဲ ဆန္းသစ္ေသာနည္းပညာမ်ား စီစဥ္ရန္မျဖစ္နိုင္ေသာ္လည္း အပိုင္း၁၅၀၀တြင္မူ သူတို႔လိုခ်င္သည့္ မည္သည့္အရာကိုမဆို ေ႐ြးခ်ယ္နိုင္သည္။

ေျမပုံမွာ ဆက္သြားေနသည္။

က်ပန္းေျမပုံတြင္ ၾကယ္သုံးပြင့္ခက္ခဲမႈျဖစ္သည့္ စက္႐ုံအပ်က္အစီးမ်ား ရွိေနခဲ့သည္။

ကမာၻပ်က္ျခင္း က်ေရာက္လာခဲ့ကာ ‌ဇြန္ဘီးကပ္ေဘး ႐ုတ္တရက္ျဖစ္ေပၚလာၿပီး ဤစက္႐ုံအား ၾကာရွည္စြာ စြန႔္ပစ္ခံထားေစခဲ့သည္း အျမင့္အမ်ိဳးမ်ိဳးႏွင့္ရႈပ္ေထြးေနေသာေသတၱာမ်ားမွာ ေနရာတိုင္းရွိေနခဲ့သည္။ ေျမျပင္မွာ ေသြးေျခာက္မ်ားျဖင့္ ဖုံးလႊမ္းျခင္းခံရကာ ပုပ္သိုးေနေသာလူသားအေလာင္းမ်ားမွာ ေထာင့္ေနရာမ်ားတြင္ ပုံေနခဲ့သည္။

အရည္အေသြးျပည့္မီေသာၿပိဳင္ပြဲ၏ ေသြးစြန္းတိုက္ပြဲပုံစံတြင္ ႏွစ္ဖက္အား အနီေရာင္ဘက္၏ ‘ပုန္းသူမ်ား’ႏွင့္ အျပာေရာင္ဘက္၏ ‘ေစာင့္ေရွာက္သူမ်ား’အျဖစ္ ခြဲထားခဲ့သည္။ စည္းမ်ဥ္းမ်ားမွာရိုးရွင္းသည္။ ပြဲစဥ္တစ္ခုအနိုင္ရရန္ ဆန႔္က်င္ဘက္အဖြဲ႕မွ လူငါးေယာက္လုံးအား သတ္ရမည္။ ငါးခ်ီျဖစ္ေသာေၾကာင့္ သူတို႔သည္ သုံးခ်ီနိုင္ရမည္။

ပစ္ခတ္သည့္ဂိမ္း၏ စည္းခ်က္မွာ အလြန္ျမန္ဆန္ေနသည္။ မည္ကဲ့သို႔ကစားရမည္ကိုသိေသာသူမ်ားမွာ ေျပာက္က်ားစစ္အား ျဖည္းညွင္းစြာတိုက္ခိုက္နိုင္စဥ္ မကစားနိုင္သူမ်ားမွာ တိုက္ပြဲအဆုံးသတ္ရန္ မိနစ္ပိုင္းအတြင္း မၾကာခဏအေသခံခဲ့ၾကသည္။

ဂိမ္းပြဲမွာ စတင္ခဲ့သည္။

က်န္းေရွာင္ယြီသည္ ‘ပုန္းသူ’ အနီေရာင္အျခမ္း၌ ႀကဳံရာက်ပန္း ေနရာခ်ခံခဲ့ရသည္။

သူ၏အသင္းသားမ်ားမွာ ေျပးထြက္သြားၾကသည္။

က်န္းေရွာင္ယြီသည္ ေနာက္ဆုံး၌ ေ႐ြ႕လ်ားခဲ့သည္။ သူသည္အတားအဆီးမ်ားၾကား အျမန္ေ႐ြ႕လ်ားကာ ဤေျမပုံေပၚရွိ ျမင့္သည့္ေနရာတစ္ခုဆီသို႔ အျမန္လွမ္းတက္ခဲ့သည္။ သူသည္စနိုက္ပါရိုင္ဖယ္အား တပ္ဆင္ကာ သူ၏မ်က္လုံးမ်ားအား က်ဥ္းလိုက္ၿပီး အေဝးမွလမ္းကို စိုက္ၾကည့္ေနခဲ့သည္။

‘Classmate Doudou’ဟူေသာ အသင္းေဖာ္မွာ စကားမ်ားသူျဖစ္သည္။ သူသည္သူ၏မိုက္ခရိုဖုန္းထဲသို႔ေျပာခဲ့သည္။ “အစ္ကိုတို႔ အျမန္သြားၾက။ ကြၽန္ေတာ္အမွတ္ေအကို ေျပးသြားလိုက္မယ္။ အစ္ကိုကသြားၿပီး အမွတ္ဘီကိုကိုင္လိုက္...”

သူစကားေျပာမၿပီးခင္တြင္ ရွင္းလင္းျပတ္သားေသာ ေသနတ္သံအား သူ၏နားထဲ႐ုတ္တရက္ၾကားခဲ့သည္။

Bang—

[စနစ္: ‘Casually’ သည္ ‘Five Consecutive Kneeling in Qualifiers’ အား ေခါင္းသို႔ပစ္ရန္ MSG-Auroraကို အသုံးျပဳခဲ့သည္။]

Doudou ၏အသံမွာ ခဏတာရပ္တန႔္သြားကာ အျမန္ေအာ္လိုက္သည္။ “အရမ္းမိုက္တယ္။ အစ္ကိုႀကီးက ေတာ္တယ္ဗ်ာ”

သူစကားေျပာမဆုံးခင္တြင္ သူ၏ေဘး၌ ေသနတ္ပစ္သံမ်ား အဆက္မျပတ္ေရာက္လာခဲ့သည္။ သူသည္ အျခားအသင္းမွ ေခ်မႈန္းသူအား ေတြ႕ခဲ့သည္။ အသင္းေဖာ္ Doudou မွာ ‌ကြန္ပ်ဴတာေမာက္စ္ႏွင့္ ကီးဘုတ္ေပၚ အ႐ူးအမူးႏွိပ္ကာ သူ၏လက္ထဲမွ စက္ေသနတ္သည္ မီးေတာက္အတန္းလိုက္ ၾကမ္းတမ္းစြာ ထြက္လာခဲ့သည္။

အျခားလူတစ္ေယာက္မွာ အမွန္တကယ္ပင္ ေျမျပင္ေပၚ လဲက်သြားခဲ့သည္။

သို႔ေသာ္ စနစ္၏ေၾကျငာခ်က္မွာ သူ႕အား သူရယူခဲ့ေသာ ေခါင္းတစ္လုံးမဟုတ္သည္ဟု ေျပာသည္လား။

[စနစ္: ‘Casually’ သည္ ‘I am the Biggest Hidden Bomb’အား ေခါင္းသို႔ပစ္မွတ္ထားသတ္ရန္ MSG-Auroraအား အသုံးျပဳခဲ့သည္]

တစ္ဖက္ျခမ္းတြင္ တစ္စုံတစ္ေယာက္မွာ ႐ုတ္တရက္အလံမွထြက္ေပၚလာကာ ပစ္ခ်က္ႏွစ္ခ်က္ပစ္ခတ္ရင္း အသက္အျပည့္ရွိေနေသးေသာ Doudouအား သတ္လိုက္သည္။

သူတို႔ဘက္မွ အျခားကစားသမားသုံးေယာက္မွာလည္း ရန္သူအဖြဲ႕ႏွင့္ ဝင္ေရာခဲ့ၾကသည္။ ေသနတ္ပစ္သံမ်ားႏွင့္ ေပါက္ကြဲမႈမ်ားစြာရွိေနၿပီး စနစ္မွစာ‌မ်ားသည္လည္း ဖန္သားျပင္ေပၚ ဆက္တိုက္ေပၚလာေနခဲ့သည္။

မ်က္စိတစ္မွိတ္အတြင္း သူ၏အသင္းမွ ကစားသမားမ်ား ေသဆုံးသြားခဲ့ၾကသည္။

က်န္းေရွာင္ယြီသည္ သူ၏အသင္းသားမ်ား ေသဆုံးခဲ့ေသာေနရာကို စိုက္ၾကည့္လိုက္ကာ ဓားျမႇောင္အျဖစ္သို႔ ခ်က္ခ်င္းေျပာင္းလိုက္သည္။ သူသည္ဤျမင့္ေသာေနရာမွ အျမန္ခုန္ခ်လိဳက္ကာ ထိုအျခမ္းသို႔ အဆက္မျပတ္ ေ႐ြ႕လ်ားသြားခဲ့သည္။

လူတစ္စုမွာခ်ီတက္လာခဲ့သည္။ 

သူသည္ ယခု သုံး‌ေယာက္တစ္‌ေယာက္ ျဖစ္ေနခဲ့သည္။

တစ္ဖက္မွေသနတ္ပစ္သမားမွယ ဖယ္ရွားျခင္းမခံရေသးေပ။

ဤအခ်ီတြင္ သူတို႔၏အသင္းသားမ်ားမွာ သူတို႔၏အဘိုးအား ကယ္တင္ၾကေသာ ဘူးသီးညီအစ္ကိုမ်ားႏွင့္တူေနခဲ့သည္။ သူတို႔သည္တစ္ေယာက္ၿပီးတစ္ေယာက္ ေခါင္းျဖတ္ခံခဲ့ရသည္။ (ဘူးသီးညီအစ္ကိုမ်ား = နာမည္ႀကီးသည့္ တ႐ုတ္ကာတြန္းမွ https://en.wikipedia.org/wiki/Calabash_Brothers) 

သူတို႔ေလးေယာက္မွာ မိနစ္ဝက္အတြင္း ေသသြားခဲ့ၾကသည္။

က်န္းေရွာင္ယြီ၏ သြယ္လ်ေသာ လက္ေခ်ာင္းေလးမ်ားမွာ ကီးဘုတ္ေပၚတြင္ လ်င္ျမန္စြာထိေတြ႕ေနခဲ့သည္။

တစ္စုံတစ္ေယာက္ ဤတစ္ႀကိမ္၌ နတ္ဘုရား၏အျမင္ရွိခဲ့လွ်င္ ပိန္ပါးေသာလူငယ္ေလးမွာ ပင္လယ္အားျဖတ္သန္းေနေသာ ဖ်က္လတ္သည့္ငါးတစ္ေကာင္ကဲ့သို႔ စက္႐ုံ၏အပ်က္အစီးမ်ားထဲတြင္ အေပၚေအာက္ထပ္ထားေသာ ေသတၱာမ်ားၾကား လ်င္ျမန္စြာေ႐ြ႕လ်ားေနသည္ကို သူတို႔ျမင္လိမ့္မည္။ သူ၏ဓာတ္ပုံကိုပင္ ဖမ္းယူ၍မရနိုင္ပါ။

႐ုတ္တရက္ သူသည္ကတုတ္ေနာက္တြင္ ရပ္တန႔္သြားခဲ့သည္။ သူသည္သူ၏စနိုက္ပါရိုင္ဖယ္ေသနတ္အား အေနာက္သို႔ေ႐ႊ႕ကာ ဂ႐ုတစိုက္နားေထာင္ေနခဲ့သည္။

သူ၏အနီးတစ္ဝိုက္တြင္ အလြန္ေပါ့ပါးေသာ ေျခလွမ္းမ်ားရွိေနခဲ့သည္။

လူႏွစ္ေယာက္။

ဆန႔္က်င္ဘက္ စကားေျပာခ်န္နယ္တြင္ အမိန႔္ေပးသည့္တာဝန္ယူ‌ထားေသာ ကပၸတိန္မွာအံ့ဩေနခဲ့သည္။ “ေသစမ္း၊ ေသနတ္ပစ္သမားေရာ”

His teammate replied, “He was here just now.” သူ၏အသင္းေဖာ္မွာ ျပန္ေျဖခဲ့သည္။ “သူခုနကဒီနားမွာပဲ”

ဤစကားလုံးမ်ား ထြက္လာၿပီးသည့္ အခိုက္အတန႔္တြင္ ၾကည္လင္ေသာ ေသနတ္ပစ္သံမွာ လူႏွစ္ေယာက္ေဘးမွ ထြက္လာခဲ့သည္။

Bang, bang!

[စနစ္: ‘Casually’ သည္ ‘I am the Brother Rui’ အား ေခါင္းပစ္ခ်က္ျဖင့္သတ္ရန္ MSG-Auroraကို အသုံးျပဳခဲ့သည္]

[စနစ္: ‘Casually’ သည္ ‘Dragon War Eight Wastelands’ အား ေခါင္းပစ္ခ်က္ျဖင့္သတ္ရန္ MSG-Auroraကို အသုံးျပဳခဲ့သည္]

သူသည္ သန႔္ရွင္းသပ္ရပ္စြာ ႏွစ္ခ်က္ဆက္တိုက္ပစ္ခဲ့သည္။

ထူးခြၽန္ေျပာင္ေျမာက္ေသာ အျဖဴေရာင္ေအာ္ရိုရာအလင္းတန္းမွာ နဖူးအားထိုးေဖာက္သြားကာ သူတို႔အား တစ္ခ်က္တည္း သတ္ပစ္ခဲ့သည္။

အသတ္ခံရေသာလူႏွစ္ေယာက္မွာ ‘Casually’၏တည္ေနရာကိုပင္ မရွာနိုင္ခဲ့ေပ။

Brother Ruiသည္ၾကက္သီးမ်ားထလာခဲ့သည္။

Casually သည္စကၠန႔္ပိုင္းအတြင္း လူမ်ားသတ္ခဲ့သည္။ ဤနာမည္တြင္ ေထ့ေငါ့မႈမ်ားစြာ ပါဝင္ေနခဲ့သည္။

ေစာင့္ေရွာက္သူဘက္တြင္ အသင္းသားတစ္ေယာက္သာ က်န္ခဲ့သည္။

Brother Rui သည္အံႀကိတ္ကာ အမိန႔္ေပးလိုက္သည္။ “ေသနတ္ပစ္သမားကို သတ္လိုက္”

သူ၏အသင္းသားမွာစိတ္လႈပ္ရွားစြာ ေအာ္ဟစ္ေနခဲ့သည္။ “သူကနာရီလက္တံတစ္ဆယ္က အဲ့ေသတၱာအေနာက္မွာရွိေနတယ္။ သူေပၚလာတာနဲ႕ ကြၽန္ေတာ္သူ႕ကိုသတ္လိုက္မယ္”

ပတ္ဝန္းက်င္မွာ အပ္က်သံၾကားနိုင္ေလာက္သည္အထိ တိတ္ဆိတ္ေနခဲ့သည္။

က်န္းေရွာင္ယြီသည္ ေသတၱာအေနာက္မွ ႐ုတ္တရက္ထြက္လာၿပီး ညာဘက္သို႔‌မေ႐ႊ႕ခင္ ႏွစ္စကၠန႔္ေစာင့္ခဲ့သည္။ တစ္ဖက္မွ ေသနတ္ပစ္သမားမွာ သူ႕အားပစ္လိုက္သည္။ က်န္းေရွာင္ယြီသည္ ေနရာမွလိမ့္သြားကာ မွန္ဘီလူးအားဖြင့္ၿပီး ေခါင္းေမာ့၍ ရည္႐ြယ္ခ်က္ရွိရွိ ေမာင္းကိုဆြဲလိုက္သည္။

ေသနတ္ပစ္သံမ်ားမွာ တစ္ေခါက္ၿပီးတစ္ေခါက္ ျမည္လာခဲ့သည္။

[စနစ္: ‘Casually’ သည္ ‘Happy Respectu’ အား ေခါင္းပစ္ခ်က္ျဖင့္သတ္ရန္ MSG-Auroraကို အသုံးျပဳခဲ့သည္]

ပထမအခ်ီၿပီးသြားခဲ့သည္။

ပုန္းသူမ်ားအနိုင္ရခဲ့သည္။

ရန္သူအသင္း: “……”

အသင္းေဖာ္ Doudou မွာ စမေအာ္ခင္တြင္ အခ်ိန္ခဏၾကာ ေၾကာင္သြားခဲ့သည္။ “ဟား။ အရမ္းေကာင္း။ အမေလးဗ်ာ။ အရမ္းေတာ္တဲ့လူက ေခ်ာလြန္းတယ္ဗ်ာ။ လူတစ္ေယာက္က ငါး‌ေယာက္ကိုသတ္သြားတာ။ ဟားဟားဟား သတ္ပစ္တာ”

က်န္းေရွာင္ယြီသည္ ဆူညံသံေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားခဲ့သည္။

အသင္းေဖာ္ မင္းရဲ႕အသံထြက္ႏႈန္းက မင္းလက္စြမ္းထက္ ပိုေကာင္းေနတယ္။ ဒါက မင္းရန္သူကို အသံနဲ႕သတ္ပစ္တာမ်ားလား။

Continue Reading

You'll Also Like

122K 19.3K 47
Title: 我成了反派脑残粉[快穿] Eng Title: I become a fanboy of Villain Burmese title:( ငါဗီလိန္ႀကီးရဲ႕Fan boy တစ္ေယာက္ျဖစ္လာၿပီ) Author: 不著一字 Eng tran: Zenne ...
477K 40.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
441K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
83.7K 12.8K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday