ရွှေအဆင့်နည်းပြ

De Swae_Nyoe

103K 13.2K 106

ဘာသာပြန်သူ - စွဲညို့အသင်း Esport ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ "ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး" ဆိုတဲ့ တစ်ပ... Mais

Description
Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
တယ်လီဂရုလေး ကြေညာချက်..
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Notice!!
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 71
Part 72
Part 73
Part 74
Part 76
Part 78
Part 79
Part 80
Part 81
eSport ဇာတ်လမ်းလေးနောက်တစ်ပုဒ်
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Telegram ကို လာခဲ့နော်
Part 115
Part 116
Completed in Telegram
Part 117
ခေတ္တရပ်နားပါကြောင်းနှင့် ခေတ္တအရောင်းပိတ်လိုက်ပါကြောင်း

Part 2

1.7K 243 0
De Swae_Nyoe

Unicode
Chapter 2: လက်ရွေးစင်အသင်း

ယွီမင်ကျန်းသည် ဆံပင်ရှည်ကာ နူးညံ့ကြင်နာတတ်သောအပြုံးနှင့် အမျိုးသမီးဘီတာဖြစ်သည်။ သူမပေးခဲ့တာ ပထမဆုံးအထင်အမြင်မှာ သူမသည်အလွန်ခင်မင်ရင်းနှီးတတ်သော ညီမငယ်လေးဖြစ်နေခဲ့သည်။

သို့‌သော်ဤကဲ့သို့နူးညံ့မှုမှာ သူမ၏ပုံပန်းသွင်ပြင်မျှသာဖြစ်သည်။ သူမသည် တကယ်တမ်းတွင် အလွန်အားကောင်းကာ ထူးချွန်ထက်မြက်နေခဲ့သည်။ ACEသည်အောက်ခြေအဖွဲ့အနေနှင့် စတင်ခဲ့သောအခါ သူတို့သည်ချမ်းသာသည့်ကျောထောက်နောက်ခံများ၏ ပံ့ပိုးကူညီမှုရခဲ့ခြင်းမှာ သူမ၏အကူအညီကြောင့်သာဖြစ်သည်ဟုပြောနိုင်သည်။

ကျန်းရှောင်ယွီသည် သူမအား ညီမယွီဟုခေါ်ကာ ညီမတစ်ယောက်ကဲ့သို့ပင် အမြဲသတ်မှတ်ထားခဲ့သည်။

သို့‌သော် ယခင်က သူသည်အလျင်စလို နှုတ်ထွက်ခဲ့ကာ နှုတ်ဆက်စကားပြောရန် အချိန်မရှိခဲ့ပေ။ ကယ်လီဖိုးနီးယားသို့ရောက်လာပြီးနောက် သူ၏ WeChat, Qအကောင့်နှင့် ဖုန်းနံပါတ်များအား အသစ်များအဖြစ်အစားထိုးလိုက်ကာ သူသည်သူ၏အတိတ်မှသူငယ်ချင်းများနှင့် လုံးဝအဆက်အသွယ်ဖြတ်ခဲ့သည်။

ယွီမင်ကျန်းသည် ပြည်ပမှ သူ၏နံပါတ်အသစ်အား မည်သည့်နေရာမှ ရှာတွေ့ခဲ့သနည်း။

ကျန်းရှောင်ယွီသည် နက်နက်နဲနဲ စုံစမ်းမ‌နေဘဲ တည်ငြိမ်စွာပြန်စာရိုက်လိုက်သည်: [ငါရှောင်းပိုင်ရဲ့အခြေအနေကို မသိဘူး။ သူ့ရဲ့ဆရာအနေနဲ့ ငါသူ့ကိုသင်နိုင်သမျှအားလုံး သင်ပေးခဲ့တယ်။ သူကလူကြီးဖြစ်နေပြီး သူ့အပြုအမူတွေကလည်း သူနဲ့ပဲဆိုင်တယ်။ ငါဝင်ပြီးစွက်ဖက်ပိုင်ခွင့်မရှိဘူး]

ယွီမင်ကျန်းသည် ဝမ်းနည်းသည့် အီမိုဂျီကိုပို့ခဲ့သည်: [ဒါဆိုအစ်ကိုက လောင်လင်းအနားယူမယ့်အကြောင်းကို ဂရုမစိုက်တော့ဘူးလား]

ကျန်းရှောင်ယွီ: [e-sportsကစားသမားတွေက အမြဲအနားယူရမှာပဲ။ သူ့အသက်အရွယ်က အနားယူရတော့မယ့်အချိန်လောက်ပဲ]

[ရှောင်းချန်ကိုရော။ အရင်ကအစ်ကိုတို့နှစ်ယောက် ဆက်ဆံရေးကောင်းခဲ့ပြီး အစ်ကိုသူ့ကိုညီငယ်လေးလိုမျိုး သဘောထားခဲ့တာလေ။ သူ့ကိုနည်းပြကမသုံးဘဲ အေးစက်စက်အရန်ခုံပေါ်မှာပဲ တစ်နှစ်ပတ်လုံး ထိုင်နေခဲ့ရတာ။ သနားစရာကောင်းတယ်လို့ မထင်ဘူးလား။ နှစ်ဝက်လောက် ဆိုင်းငံ့ခံထားရတဲ့ ယယ်ကျီလည်းရှိသေးတယ်လေ]

ဤကဲ့သို့ရင်းနှီးနေသောနာမည်များသည် ကျန်းရှောင်ယွီအား အချိန်ခဏကြာ အနည်းငယ်စိတ်ရှုပ်ထွေးစေခဲ့သည်။

သူသည်ရုတ်တရက်ထွက်ခဲ့‌ပြီး လူအတော်များများမှာ အတူငိုကြွေးခဲ့ကြသည့်မြင်ကွင်းအား တွေးကြည့်မိခဲ့ပြီး သူ၏နှလုံးသားအား လက်တစ်စုံမှတင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်ပုံပေါ်သည်။ ပြင်းထန်သောနာကျင်မှုမှာ သူ၏ရင်ဘတ်မှထွက်လာခဲ့သည်။

လောင်းလင်၊ ယယ်ကျီ၊ ရှောင်းချန်၊ ရှောင်းကျိုး...

သူကိုယ်တိုင်သင်ကြားပေးခဲ့သော သူ၏အလုပ်သင် ပိုင်ဖန်းလည်း ရှိနေခဲ့သည်။

သူသည်ထိုလူများအပေါ် အမြဲအပြစ်ရှိစိတ်အား အမြဲခံစားနေခဲ့ရသည်။

သူသည် ACE ဟူသောအဖွဲ့အား ဖွဲ့စည်းကာ အဖွဲ့ဝင်များအားလုံးမှာ သူကိုယ်တိုင်ရွေးနှုတ်ထားသူများဖြစ်သည်။

S3 ရာသီတွင် သူတို့သည် နည်းပြပင်မရှိသော သနားစရာအောက်ခြေအဖွဲ့မှ စတင်ခဲ့သည်။ ကျန်းရှောင်ယွီသည် ခေါင်းဆောင်ဖြစ်ကာ နည်းပြလည်းဖြစ်သည်။ ယွီမင်ကျန်းသည် တိုက်ခန်းအလွတ်အား လေ့ကျင့်ခန်းအဖြစ်ပြောင်းလဲကာ ထိုအထဲ၌ ကွန်ပျူတာအချို့ထားခဲ့သည်။ ဆယ်ကျော်သက်များမှာ ဤကဲ့သို့ခက်ခဲသော ပတ်ဝန်းကျင်တွင် လေ့ကျင့်ခဲ့ကြကာ သူတို့ပင်ပန်းလာသောအခါ နေ့တိုင်းအိပ်ရန် ဘေးအိပ်ခန်းဆီသို့ သွားခဲ့သည်။

အိပ်ခန်းများမှာ နှစ်ထပ်ကုတင်များဖြစ်ပြီး ရိုးရှင်းစွာပြင်ဆင်ထားခဲ့သည်။ တိုက်ခန်းတစ်ခုလုံးတွင် ရေချိုးခန်းတစ်ခန်းသာ ရှိနေခဲ့ကာ သူတို့မျက်နှာများသစ်ရန်နှင့် အိမ်သာသွားရန် လူတန်းရှည်ကြီးရှိနေခဲ့သည်။

၎င်းမှာ ခက်ခဲသောအချိန်ဖြစ်သော်လည်း ပျော်စရာကောင်းသည့်အချိန်လည်း ဖြစ်နေခဲ့သည်။

ဆယ်ကျော်သက်အဖွဲ့မှာ အမျိုးသားမြို့တော်လိဂ်မှ ဘီအဆင့်လိဂ်သို့ တောက်လျှောက်တက်လာခဲ့သည်။ သူတို့သည်ဘီအဆင့်လိဂ်ချန်ပီယံရှစ်အား အနိုင်ယူခဲ့ပြီးနောက် ထိပ်တန်းအေအဆင့်ပရော်ဖက်ရှင်နယ်လိဂ်အား အနိုင်ရရှိခဲ့သည်။

ယွီမင်ကျန်းသည် ငွေကြေးကျောထောက်နောက်ခံပံ့ပိုးသူ၏ ပံ့ပိုးကူညီမှုရရှိရန် ရုန်းကန်ခဲ့ရပြီး ‌နောက်ဆုံးတွင် သူတို့ကိုယ်ပိုင်အခြေကို ရရှိသွားခဲ့သည်။

သူသည် သူတို့နေရာကျယ်၍တောက်ပသော လေ့ကျင့်ရေးအခန်းထဲသို့ ပြောင်းရွှေ့သည့်နေ့တွင် လူတိုင်း၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားကာတောက်ပနေသည့် အပြုံးများအား ယခုတိုင်မှတ်မိနေသေးသည်။

လောင်းလင်မှာ မျက်ရည်များပင်ဝဲလာခဲ့သည်။ “ငါတို့ကအဆင့်နိမ့်တဲ့အထွေထွေအဖွဲ့ မဟုတ်တော့ဘူးကွ။ ငါတို့မှာကိုယ်ပိုင်နေရာရှိတယ်။ နောက်ကျရင် ကုတင်နှစ်ဆင့်ပေါ်မှာ အိပ်စရာမလိုတော့ဘဲ လူတိုင်းသီးသန့်ကုတင်တွေ ရှိလာလိမ့်မယ်။ အခြေအနေတွေက တကယ်ကောင်းတာပဲ”

ယယ်ကျီသည် အပြုံးဖြင့်သာပြောလိုက်သည်။ “ဒါအခုမှအစပဲရှိသေးတယ်။ ငါတို့ရဲ့ပန်းတိုင်က ဒီနှစ်ချန်ပီယံဖြစ်ဖို့ပဲ။ ငါတို့ချန်ပီယံဖလားရတာနဲ့ ငါတို့ကချန်ပီယံရှစ်အသင်းတစ်ခုဖြစ်လာပြီး ငါတို့ရဲ့ဆက်ဆံရေးတွေကလည်း အနာဂတ်မှာ ပိုပိုပြီးကောင်းလာလိမ့်မယ်”

ရှောင်းချန်တွင် ရှက်တတ်သောသဘောထားရှိနေခဲ့သည်။ သူသည် နီရဲနေသောမျက်နှာနှင့် ကျန်းရှောင်ယွီ၏အနောက်တွင် ရပ်နေခဲ့ကာ တီးတိုးပြောခဲ့သည်။ “အစ်ကိုယွီ၊ ဘီအဆင့်လိဂ်ကအသင်းက ချန်ပီယံရှစ်ကို တိုက်ရိုက်အနိုင်ရခဲ့တယ်ဆိုတဲ့ အသင်းမျိုး သမိုင်းမှာရာဇဝင်မရှိခဲ့ဖူးဘူး။ ကျွန်တော်တို့ဒါလုပ်လို့ရနိုင်မလား”

လူတိုင်းသည် ‌ကျန်းရှောင်ယွီအား လှည့်ကြည့်လိုက်သည်။

ကျန်းရှောင်ယွီသည် အလွန်သေချာစွာ ကြွေးကြော်ခဲ့သည်ကို သတိရခဲ့သည်။ “သေချာပေါက် ရနိုင်တာပေါ့”

သူသည် ယုံကြည်ချက်ရှိနေခဲ့ကာ ကစားသမားများမှာ သူ့အားယုံကြည်ခဲ့ကြသည်။

ဘီအဆင့်လိဂ်မှလာခဲ့သော လူငါးယောက်မှာ အင်တာနက်သုံးစွဲသူများမှ ‘အထွေထွေအဖွဲ့’ဟု ခေါ်ခဲ့ကြသည်။ သူတို့အား ပုံမှန်ကလပ်များမှ ပရော်ဖက်ရှင်နယ်အသင်းများစွာမှ ဝန်းရံထားခဲ့သည်။ သူတို့သည် အေအဆင့်ပရော်ဖက်ရှင်နယ်လိဂ်ပား မည်ကဲ့သို့ အနိုင်ရနိုင်မည်နည်း။

သို့သော် သူတို့လုပ်နိုင်ခဲ့သည်။

ထိုနှစ်၏ ACE အဖွဲ့မှာ မှင်သက်စရာကောင်းခဲ့သည်။

လိဂ်ထဲမှ မရေမတွက်နိုင်လောက်အောင် သက်တမ်းရင့်ကာအားကောင်းသော အသင်းများရှေ့တွင် သူတို့သည်လုံးဝကြောက်ရွံ့မှုမရှိခဲ့ပေ။ သူတို့သည်ဆန်းသစ်၍ ပြောင်းလဲလွယ်သောနည်းစနစ်များ၊ ၎င်းတို့၏နည်းစနစ်ပူပေါင်းမှုများနှင့် အားကောင်းသည့်ရန်သူများ ဝန်းရံထားခဲ့သော ပရော်ဖက်ရှင်နယ်လိဂ်တွင် အကျိုးရှိသည့်လမ်းတစ်ခုဖန်တီးရန် သေဆုံးရမည်ကိုမကြောက်ရွံ့သော ကြိုးစားအားထုတ်မှုများကို အသုံးပြုခဲ့သည်။

ထိုအချိန်၌ သူတို့သည်ကျယ်လောင်သည့်  သေနတ်သံများနှင့်ပေါက်ကွဲမှုများ၊ ကွင်းပြင်ပေါ်မှ စိတ်အားထက်သန်မှုနှင့်သွေးများအပြင် ကွင်းပြင်ပြင်ပမှ ရယ်သံနှင့်ချွေးများနှင့်အတူ အမြဲယှဉ်တွဲနေခဲ့သည်...

သူတို့ငါးယောက်မှာ ချန်ပီယံလိဂ်စင်မြင့်အား နောက်ဆုံးရောက်သွားခဲ့သောကြောင့် အချင်းချင်းဖက်၍ စိတ်လှုပ်ရှားမှုကြောင့် ငိုကြွေးနေခဲ့သော မြင်ကွင်းမှာ ‌ကျန်းရှောင်ယွီ၏အိပ်မက်ထဲတွင် မကြာခဏပြန်ပေါ်လာခဲ့သည်။ ဤတိုတောင်းလှသည့်နှစ်မှာ သူ၏ငယ်ရွယ်စဉ်မှစ၍ အသက်ကြီးလာသည်အထိ တန်ဖိုးအထားရဆုံးအမှတ်တရတစ်ခုဖြစ်လာခဲ့သည်။

လူတိုင်း၏မျှော်လင့်ချက်များနှင့်မတူဘဲ ACE အဖွဲ့မှာ S3ချန်ပီယံရှစ်ဖလားကို အနိုင်ရယူခဲ့သည်။

ကျန်းရှောင်ယွီသည် တန်ဖိုးအထားရဆုံး ပရော်ဖက်ရှင်နယ်ကစားသမားဆုဖြစ်သည့် နှစ်တစ်နှစ်၏ အကောင်းဆုံးကစားသမားဆုအား လက်ခံရရှိခဲ့ကာ အင်တာနက်သုံးစွဲသူများမှ ‘စနိုက်ပါနတ်ဘုရား’ ဟုခေါ်ခဲ့ကြသည်။

အံ့ဩဖွယ်အား ဖန်တီးခဲ့သော ဤလူမှာ ချန်ပီယံရှစ်ဖလားအနိုင်ရပြီးနောက် သူ၏အနားယူမှုအား နားမလည်နိုင်လောက်အောင် ကြေငြာခဲ့သည်မှာ နှမြောစရာပင်ဖြစ်သည်။

သူထွက်သွားပြီးနောက် ရင်းနှီးမြုပ်နှံသူများမှာ ပိုက်ဆံများစွာရရှိရန် ACEအားရောင်းချင်ခဲ့ကြသည်။ ယွီမင်ကျန်းသည် ထိုအရာအားကယ်တင်ရန် နည်းလမ်းများစွာစဉ်းစားရန် ကြိုးပမ်းခဲ့သည်။ သို့သော် သူမသည် မိန်းကလေးတစ်ယောက်သာဖြစ်ကာ အဖွဲ့အစည်းနှင့်တိုက်ခိုက်ရန် ကျရှုံးခဲ့သည်။

နောက်ဆုံး၌ ACE သည်အဖွဲ့ပျက်သွားခဲ့ကာ ကစားသမားများမှာ သူတို့၏ကွဲပြားသည့်လမ်းကြောင်းများဆီသို့ လျှောက်သွားခဲ့သည်။

ထိုအသင်းမှာ လိဂ်၏သမိုင်းကြောင်းထဲတွင် သက်တမ်းတိုခဲ့ကာ ဒဏ္ဍာရီလာအဖြစ်သာ ကျန်ရစ်ခဲ့သည်။

နောက်ပိုင်းတွင် အင်တာနက်သုံးစွဲသူများစွာမှာ နောင်တရခဲ့ကြသည်။ ‘ACE’ ဟူသောအမည်မှာ ကံမကောင်းသောကြောင့် ၎င်းမှာ ကြေကွဲစရာကောင်းစွာ အဆုံးသတ်သွားခဲ့သည်လား။

နောက်ဆုံးတွင် e-sports လောကထဲမှ ACE မှာ ‘အဖွဲ့ပျက်စီးခြင်း’ဟု ဆိုလိုနေခဲ့သည်။

ထိုနှစ်မှအင်တာဗျူးထဲတွင် ကျန်းရှောင်ယွီသည် ACEအသင်း၏နာမည်မှာ ပြိုင်ဘက်အသင်းများအား အိမ်သို့ပြန်ခွင့်ပြုခြင်းဖြစ်သည်ဟု တစ်ခါကပြောခဲ့ဖူးသည်။ သူသည် ‘ACE’ဟူသော စနစ်၏အသံသက်ရောက်မှုအား ကြားရသည်ကို နှစ်သက်နေခဲ့သည်။

သို့သော်လည်းအဆုံးတွင် အဖွဲ့ပျက်စီးသွားကာ လုံးဝပျောက်ကွယ်သွားခဲ့သည်။

အမှတ်တရများမှာ သူ၏စိတ်ထဲတွင် လျင်မြန်စွာပေါ်လာခဲ့သည်။ ကျန်းရှောင်ယွီသည် သူ၏ဖုန်းပေါ်မှ စာတစ်စောင်အား စိုက်ကြည့်နေခဲ့ကာ အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။

ယွီမင်ကျန်းသည် အလွန်အင်အားကြီးလှသည်။ သူမသည်သူ၏နှလုံးသားထဲမှာ နက်ရှိုင်းစွာမြုပ်နှံထားခဲ့သော အပြစ်ရှိစိတ်အား နှိုးဆွရန် စာကြောင်းတစ်ချို့ကိုသာ သုံးခဲ့သည်။

သူသည်ဤလူများအား e-sports လောကထဲသို့ ခေါ်လာခဲ့ကာ သူတို့အတွက် အိမ်ကောင်းတစ်လုံးအား မရှာပေးနိုင်ခဲ့ပေ။ သူ၏အဖွဲ့သားများမှာ ထိုနှစ်ကငယ်ရွယ်လွန်းသေးသည်။ သူတို့၏ခေါင်းဆောင်မှာ ရုတ်တရက်ထွက်သွားကာ အရှုံးပေးခဲ့သည်။ အဖွဲ့ဝင်များမှာ လမ်းပျောက်သွားခဲ့ကာ ဘာလုပ်ရမည်ကို မသိခဲ့ပေ။ လောင်စာများမီးရှို့ရန် သူတို့အနောက်မှ အရင်းအနှီးများထည့်ကာ သူတို့သည်အသင်းမှားနှင့်လက်မှတ်ထိုးခဲ့ပြီး သူတို့၏အရည်အချင်းများ နစ်မြုပ်သွားခဲ့သည်။ ဤသည်မှာ အမှန်တကယ်ပင် နှမြောစရာဖြစ်သည်။

ကျန်းရှောင်ယွီသည် အသက်ပြင်းပြင်းရှူလိုက်ကာ မေးခွန်းတစ်ခုအား စာရိုက်လိုက်သည်: [ညီမယွီ၊ နင်ရုတ်တရက်ကြီး ယယ်ကျီနဲ့ရှောင်းခန်အကြောင်း‌ပြောတယ်။ အဲ့ဒါနင်စပွန်ဆာရပြီး ACEအဖွဲ့ကိုပြန်စီမံချင်တာကြောင့်လား။ နင့်ငါ့ကိုပြန်လာပြီး အဲ့ဒါအတွက်နည်းပြလုပ်ခိုင်းစေချင်တာလား]

ယွီမင်ကျန်း: [ACEကိုပြန်အမှတ်ရဖို့ မဟုတ်ပါဘူး]

ယွီမင်ကျန်း: [ညီမတို့ကအစ်ကို့ကို နိုင်ငံ့လက်ရွေးစင်အသင်းကို နည်းပြပေးဖို့ ကမ်းလှမ်းချင်တာပါ]

ကျန်းရှောင်ယွီ: [......]

နိုင်ငံ့လက်ရွေးစင်အသင်းလား။ သူနောက်နေတာလား

ကျန်းရှောင်ယွီသည် သူမှားဖတ်မိသည်ဟုထင်ခဲ့ကာ ထိုအရာအားထပ်မံငုံ့ကြည့်ခဲ့သည်။

ယွီမင်ကျန်း၏စာစောင်မှာ ‘နိုင်ငံ့လက်ရွေးစင်အသင်း’ ဟူသောစကားလုံးများအား ရည်ညွှန်းထားခဲ့သည်။

ယွီမင်ကျန်းသည် ကျန်းရှောင်ယွီမှ ပေးပို့မှုပြတ်တောက်သွားသည်ကိုမြင်ခဲ့ကာ ရိုးရှင်းစွာဖုန်းခေါ်ဆိုမှုပြုခဲ့သည်။

ကျန်းရှောင်ယွီသည် ဖုန်းအားကိုင်လိုက်ကာ ရင်းနှီးနေသည့် ညင်သာသော အမျိုးသမီးအသံအားကြားခဲ့သည်။ သူမ၏အသံမှာ မျက်ရည်ဝဲနေကြောင်း ထင်ရှားနေခဲ့သည်။ “အားယွီ၊ ညီမလိဂ်ရဲ့ဌာနချုပ်မှာ အခုပဲအစည်းအဝေးတက်လို့ပြီးသွားတာပါ။ အစ်ကို့ကိုအကူအညီတောင်းတာကလွဲပြီး တခြားနည်းလမ်းမရှိဘူး။ လက်ရွေးစင်အသင်းက ကမ္ဘာ့စီးရီးရဲ့ပထမအဆင့်မှာတင် ပြုတ်သွားပြီးတော့ ရလဒ်တွေကလည်း အရမ်းနည်းနေခဲ့တယ်။ နည်းပြကျန်းကလည်း ချက်ချင်းနှုတ်ထွက်သွားပြီး နောက်ရာသီအတွက် နည်းပြတာဝန်ထမ်းဆောင်ဖို့ တာဝန်ယူနိုင်မယ့်နည်းပြမျိုး တရုတ်မှာမရှိတော့ဘူး”

“ညီမတို့အစက နိုင်ငံခြားသားကိုခန့်ဖို့ စီစဉ်ထားပြီး မြောက်အမေရိကပိုင်းက နည်းပြဆဲလ်တစ်ကို ခေါင်းဆောင်နည်းပြအဖြစ် တာဝန်ယူခိုင်းမလို့ပါပဲ။ အဲ့နောက်သူက ညီမတို့တတ်နိုင်တဲ့ပမာဏထက် ကျော်တဲ့ ယွမ်သန်းပေါင်း၈၀လောက်တောင်းတယ်။ အင်တာနက်သုံးတဲ့သူတွေကလည်း ညီမတို့နိုင်ငံခြားသားကို ခန့်ချင်တာကြားသွားခဲ့ပြီး သူတို့က ရေပန်းစားရှာဖွေမှုပေါ်မှာတောင် ဆူခဲ့ကြတယ်။ တရုတ်မှာ ဘယ်သူမှမရှိတော့ဘူး။ ညီမတို့က e-sports နည်းပြကိုတောင်မရှာနိုင်ဘဲ နိုင်ငံခြားက အကူအညီတောင်းဖို့ ဒူးထောက်ရမှာလားဆိုပြီးပေါ့”

“ရလဒ်တွေကောင်းရင် ပြည်ပမီဒီယာတွေက ဒါကပြည်ပကနည်းပြရဲ့ အားထုတ်မှုပဲလို့ သေချာပေါက်ပြောလိမ့်မယ်။ ရလဒ်တွေက မကောင်းရင်တော့ တရုတ်ပြည်က ကစားသမားတွေကို ဦးဆောင်ဖို့ အရမ်းညံ့လွန်းတယ်လို့ ပြောကြလိမ့်မယ်”

“လက်ရွေးစင်အသင်းက လွန်ခဲ့တဲ့ငါးနှစ်အတွင်း ဆက်တိုက်ဆိုသလို နည်းပြငါးယောက်တောင်ပြောင်းခဲ့တာလေ။ အရင်နည်းပြတွေကိုလည်း ဆူခဲ့ကြပြီး အဖွဲ့ကိုထပ်ပြီးဦး‌မဆောင်ချင်ကြတော့ဘူး။ နည်းပြအသစ်တွေကလည်း ဒီလိုမျိုးအန္တရာယ်များတဲ့အခြေအနေကို မကိုင်တွယ်ရဲကြဘူး။ ညီမတို့ဒါကိုတွေးခဲ့ကြပြီး အစ်ကို့ကိုဖိတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အစ်ကိုကနိုင်ငံ့လက်ရွေးစင်အသင်းကို နည်းပြဖူးတဲ့ အတွေ့အကြုံမရှိပေမယ့် အစ်ကိုက ACE အဖွဲ့နည်းပြဖြစ်ခဲ့ပြီး လိဂ်သမိုင်းကြောင်းမှာ အားအကောင်းဆုံးမြင်းနက်အသင်းတစ်သင်းကို ယူဆောင်လာခဲ့တယ်။ ညီမတို့က အသင်းကိုဦးဆောင်ဖို့ အစ်ကို့ရဲ့လုပ်နိုင်စွမ်းကို ယုံတယ်”

“အားယွီ၊ ကျေးဇူးပြုပြီး စဉ်းစားကြည့်ပေးပါ။ လူတော််တော်များများက အစ်ကိုပြန်လာမှာကို စောင့်နေကြတယ်လေ”

ကျန်းရှောင်ယွီသည် သူမ၏ငိုလုဆဲဆဲအသံအား နားထောင်ခဲ့ကာ မျက်မှောင်ကြုတ်ခဲ့သည်။ သူသည်တစ်ခဏတာ မည်ကဲ့သို့ပြန်‌ဖြေရမည်ကို မသိခဲ့ပေ။

လက်ရှိလက်ရွေးစင်အသင်းမှာ အမှန်တကယ်ပင် ခက်ခဲသည့်အခြေအနေ၌ ရှိနေခဲ့သည်။

ယွီမင်ကျန်းသည် အပြင်ပန်းတွင် ကောင်းမွန်စွာပြောဆိုနေခဲ့သော်လည်း ၎င်းသည်တကယ်တမ်းတွင် ‘အိုးတစ်လုံးမှာ အက်ကွဲနေသောကြောင့် အပိုင်းပိုင်းအစစဖြစ်အောင် ချေပစ်လိုက်ခြင်း’ နှင့်အတူတူပင်ဖြစ်နေခဲ့သည်။ (မျှော်လင့်ချက်မဲ့ကာ ရူးရူးမိုက်မိုက်ပြုမူနေခြင်းအဖြစ်ရေးသားထားခြင်းဖြစ်သည်။)

မည်သို့ပင်ဖြစ်စေ သူတို့သည်တရုတ်ပြည်တွင် ပိုကောင်းသောနည်းပြအား မရှာနိုင်ပေ။ ထို့ပြင် သူတို့သည် နိုင်ငံခြားအကူအညီအား ဖိတ်ခေါ်ခဲ့ပါကာ အဆူခံရလိမ့်မည်။ နိုင်ငံခြားအကူအညီ၏လစာမှာလည်း အလွန်မြင့်နေခဲ့ကာ  ဘာသာစကားအဟန့်အတားမှာ ဆက်ဆံရခက်နိုင်သည်။ အနားယူထားသော ‘ဒဏ္ဍာရီလာသူရဲကောင်း’ အား တိုက်ခိုက်ရန် ပြန်လည်ဖိတ်ခေါ်သည်မှာ ပိုကောင်းနေခဲ့သည်။

အိမ်ပြန်ရမှာလား။

အဲ့ဒီအကြာကြီးပျောက်နေခဲ့တဲ့နေရာကို နည်းပြ‌အနေနဲ့ ပြန်သွားရမှာလား။

ကျန်းရှောင်ယွီသည် ပြတင်းပေါက်အပြင်ဘက်မှ အသက်မဲ့နေသည့်မြင်ကွင်းအား သူ၏ရင်ထဲမှ ရောထွေးနေသော ခံစားချက်များဖြင့် ကြည့်နေခဲ့သည်။

သူသည် ငါးနှစ်ကြာ ပျောက်ဆုံးနေခဲ့သည်။ သူ့အား ‘အစ်ကိုယွီ’ဟု တစ်ချိန်ကခေါ်ခဲ့သော ဆယ်ကျော်သက်များမှာ ယခုမူအဓိကအသင်းများ၏ ထောက်တိုင်များဖြစ်လာကာ ဖူံကွယ်ခံရရန် ကံဆိုးလွန်းကာ ကစားခြင်းမှဆိုင်းငံ့ထားခြင်း သို့မဟုတ် အနားယူရန်ပင် အဆင်သင့်ဖြစ်နေခဲ့သည်။

နိုင်ငံ့လက်ရွေးစင်အသင်းမှာ လူကောင်းများထဲတွင် ရောနေသော လူဆိုးများလည်းရှိနေခဲ့သည်။

သူသည်နည်းပြအဖြစ် တာဝန်ယူခဲ့ပါက သူသည် မထင်မှတ်ထားသောဖိအားများဖြစ်သည့် အင်တာနက်သုံးစွဲသူများ၊ ကစားသမားများ၊ အဓိကကလပ်များနှင့် e-sports နယ်ပယ်၏ ခေါင်းဆောင်များအောက် ရှိနေလိမ့်မည်။ ပြဿနာအမျိုးအစားအားလုံးအား သူကိုယ်တိုင် ကျော်လွှားရလိမ့်မည်။

သူသည် တရုတ်ပြည်ရှိ ပုံမှန်ကလပ်အသင်းများအား နည်းပြဖူးသည့် အတွေ့အကြုံမျိုးမရှိခဲ့ပေ။ သူသည် ငယ်ရွယ်၍ အတွေ့အကြုံကင်းမဲ့ကာ ပြည်သူများအားဖျောင်းဖျရန် ခက်ခဲနိုင်သည်။

ရလဒ်များမကောင်းပါက သူသည်ပို၍ဆိုးရွားစွာပင် အဆူခံရနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည်အဆူခံရသည်ကို မကြောက်ရွံ့ခဲ့ပေ။ သူအနားယူခဲ့သည့်အခါ အတိတ်တွင် ပြည်တွင်းမှကီးဘုတ်တိုက်ခိုက်သူများမှာ သုံးရက်ဆက်တိုက် သူ့အားထိပ်တန်းရှာဖွေမှုသို့ ပို့ခဲ့သည်။ သူတို့သည် သူ့အားပက်ပက်စက်စက် ဆူပူခဲ့ကြသော်လည်း သူသည်မထူးခြားခဲ့ပေ။

လက်ရွေးစင်အဖွဲ့မှာ ကမ္ဘာ့ချန်ပီယံရှစ်၏ ပထမအဆင့်တွင်ပြုတ်သွားခဲ့ကာ ကွာတားဖိုင်နယ်သို့ပင် မတက်ရောက်နိုင်ခဲ့ပေ။ ဤသည်မှာအလွန်ဆိုးရွားလွန်းပြီးဖြစ်ကာ ဒီထက်ပိုမဆိုးနိုင်တော့ပေ။ သူသည်နည်းပြဖြစ်၍ နည်းပညာပူးပေါင်းမှုအား ပြန်လည်‌လေ့ကျင့်ရန် အချိန်ယူခဲ့ပါက သူတို့သည်အနည်းဆုံး အုပ်စုအဆင့်အား ကျော်နိုင်မည်မဟုတ်ပါလား။

ထို့ပြင် ယွီမင်ကျန်းစကားနားထောင်ကြည့်ပြီးနောက် ယယ်ကျီမှာ ဆိုင်းငံ့ခံရကာ ရှောင်းကျန်မှာချန်လှပ်ခံရပြီး လောင်လင်းမှာအနားယူတော့မည်ဖြစ်ကာ ပိုင်ဖန်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက် အမှန်တကယ်ပင် မဖြစ်လာခဲ့သလား။

သူသည်အလျင်စလိုထားခဲ့ကာ ဤလူများအား တစ်ယောက်တည်း ကျန်ရစ်စေခဲ့သည်။ အဆုံး၌ သူသည်ရှင်းပြချက်တစ်ခုပေးရန် အကြွေးတင်နေခဲ့သည်။

သူသည်ထွက်ပြေးနေ၍မရတော့ပေ။

ကျန်းရှောင်ယွီသည် ဤအကြောင်းအား တွေးမိခဲ့ကာ သူ၏စိတ်အားဆုံးဖြတ်ချက်ချခဲ့သည်။ သူသည်ဆုံးဖြတ်ချက်ခိုင်မာစွာပြောခဲ့သည်။ “ငါနည်းပြဖြစ်နိုင်ပေမယ့် ငါ့မှာတောင်းဆိုချက်နှစ်ခုရှိတယ်။ ခေါင်းဆောင်တွေသဘောတူနိုင်မလားဆိုတာ သွားပြီးဆွေးနွေးကြည့်ခဲ့”

ယွီမင်ကျန်း၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်နေခဲ့သည်။ “ပြောပါ။ တောင်းဆိုချက်တွေကဘာတွေလဲ။ တတ်နိုင်သမျှအစွမ်းကုန် ပူးပေါင်းဖို့ကြိုးစားမှာပါ”

ကျန်းရှောင်ယွီသည် တည်ငြိမ်စွာရှင်းပြခဲ့သည်။ “ပထမတစ်ချက်က ငါကလက်ရွေးစင်အသင်းနည်းပြဖြစ်ရင် ငါကပဲရွေးချယ်မှုနည်းလမ်းအပေါ် နောက်ဆုံးပြောရေးဆိုခွင့်ရှိပြီး လက်ရွေးစင်အသင်းရဲ့ အဖွဲ့ဝင်အသစ်တွေရဲ့ နောက်ဆုံးစာရင်းကိုရရမယ်။ ဒုတိယအနေနဲ့ သာမန်လေ့ကျင့်မှု၊ ဂိမ်းပွဲအတွင်း အဖွဲ့ဝင်ဖွဲ့တာ၊ အစပိုင်းတန်းစီတာမှာ ကစားမယ့်လူတွေနဲ့ အရန်ခုံမှာထိုင်မယ့်သူတွေက ငါ့ရဲ့ဆုံးဖြတ်ချက်ပဲ။ ခေါင်းဆောင်တွေအရမ်း ဝင်မစွက်ဖက်ဖို့ မျှော်လင့်တယ်”

ယွီမင်ကျန်းသည် ကြောင်သွားခဲ့သည်။ အတိုချုံးပြောရလျှင် ကျန်းရှောင်ယွီတင်ပြခဲ့သော တောင်းဆိုချက်များမှာ ‘ပြင်ပလူများမှာ ကျွမ်းကျင်သူအား ညွှန်ကြားမှုမပေးရ’ အဖြစ် အကျဉ်းချုပ်နိုင်သည်။ ခေါင်းဆောင်များက သူ၏နည်းပြခြင်းပုံစံအား လက်ညှိုးထိုးပြောဆိုသည်နှင့် သူသည်သူ၏စွမ်းရည်များအား အားထုတ်‌နိုင်လိမ့်မည်မဟုတ်ပေ။

ဤသည်မှာ အရင်းအမြစ်မှ ပြင်ပနှောင့်ယှက်မှုများ ကာကွယ်ကာ စစ်မှန်သော ‘နည်းပြအဖြစ် စကားပြောနိုင်ခွင့်’ အားရယူရန် အလွန်‌အရေးကြီးနေခဲ့သည်။

ကျန်းရှောင်ယွီသည် အမှန်တကယ်ပင်အလေးအနက်ထားနေသည့်ပုံပေါ်သည်။

ယွီမင်ကျန်းသည် အမြန်ဖြေကြားခဲ့သည်။ “အစ်ကိုဘာကိုဆိုလိုလဲ ညီမနားလည်ပြီးတော့ လက်ဆင့်ကမ်းပြောပေးပါမယ်။ တကယ်တော့ e-sports လိဂ်ရဲ့ခေါင်းဆောင်တွေလည်း ပြောင်းသွားပါပြီ။ ဒုဥက္ကဌအသစ်က အစ်ကို့ကို အရမ်းချီးကျူးနေတော့ အစ်ကို့ရဲ့တောင်းဆိုမှုက ပြဿနာရှိမှာမဟုတ်ဘူး”

ကျန်းရှောင်ယွီသည် စိတ်ရှုပ်ထွေးသွားသည့် အမူအရာဖြင့်မေးခဲ့သည်။ “ညီမယွီ၊ အခုလက်ရွေးစင်အသင်းမှာ အလုပ်လုပ်နေတာလား”

ယွီမင်ကျန်းသည် ရယ်ခဲ့သည်။ “ဟုတ်တယ်။ ညီမက နောက်လက်ရွေးစင်အသင်းရဲ့ ပြည်တွင်းရေးရာ ကြီးကြပ်ရေးမှူးနဲ့ နိုင်ငံတကာပြိုင်ပွဲတွေရဲ့ အထွေထွေမန်နေဂျာပါ။ အစ်ကိုလက်ရွေးစင်အသင်းနည်းပြဖြစ်တာနဲ့ ညီမတို့ထပ်ပြီးဘေးချင်းကပ်လျက် ရန်ဖြစ်လို့ရပြီ”

ကျန်းရှောင်ယွီသည် သူမ၏စိတ်လှုပ်ရှားနေသောအသံအား ကြားခဲ့ကာ သူနှင့်ယွီမင်ကျန်းတို့ အဖက်ဖက်မှတိုက်ခိုက်ရန် ACEအဖွဲ့အားဦးဆောင်ခဲ့သည့်အတိတ်ကို သတိရသွားခဲ့သည်။ သူ၏အသံမှာ ပို၍နူးညံ့သွားခဲ့သည်။ “ငါဒီမှာလုပ်စရာလေးတွေရှိသေးတယ်။ ငါရှင်းပြီးတာနဲ့ တတ်နိုင်သမျှမြန်မြန် တရုတ်ပြည်ကို ပြန်လာမယ်။ ငါတို့တွေ့ရင် စကားပိုပြောကြတာပေါ့”

“ဟုတ်ကဲ့။ ညီမလည်း အစ်ကိုပြန်လာမှာကို စောင့်နေမှာပါ”

ကျန်းရှောင်ယွီသည် ဖုန်းချပြီးနောက် သက်ပြင်းချလိုက်သည်။ သူသည်တွေးတောနေသည့် အမူအရာနှင့် သူ၏လက်ကိုင်ဖုန်းအား သူ၏လက်ချောင်းများနှင့် ပွတ်သပ်နေခဲ့သည်။

လက်ရွေးစင်အသင်းရဲ့နည်းပြတဲ့လား။

သေလောက်အောင် ခက်ခဲမှာပဲ။

နိုင်ငံထဲရှိ လူမည်မျှမှာ သူ၏နာမည်အား ယခုတိုင်မှတ်မိနေမည်နည်းကို သူမသိခဲ့ပေ။

Zawgyi
Chapter 2: လက္ေ႐ြးစင္အသင္း

ယြီမင္က်န္းသည္ ဆံပင္ရွည္ကာ ႏူးညံ့ၾကင္နာတတ္ေသာအၿပဳံးႏွင့္ အမ်ိဳးသမီးဘီတာျဖစ္သည္။ သူမေပးခဲ့တာ ပထမဆုံးအထင္အျမင္မွာ သူမသည္အလြန္ခင္မင္ရင္းႏွီးတတ္ေသာ ညီမငယ္ေလးျဖစ္ေနခဲ့သည္။

သို႔‌ေသာ္ဤကဲ့သို႔ႏူးညံ့မႈမွာ သူမ၏ပုံပန္းသြင္ျပင္မွ်သာျဖစ္သည္။ သူမသည္ တကယ္တမ္းတြင္ အလြန္အားေကာင္းကာ ထူးခြၽန္ထက္ျမက္ေနခဲ့သည္။ ACEသည္ေအာက္ေျခအဖြဲ႕အေနႏွင့္ စတင္ခဲ့ေသာအခါ သူတို႔သည္ခ်မ္းသာသည့္ေက်ာေထာက္ေနာက္ခံမ်ား၏ ပံ့ပိုးကူညီမႈရခဲ့ျခင္းမွာ သူမ၏အကူအညီေၾကာင့္သာျဖစ္သည္ဟုေျပာနိုင္သည္။

က်န္းေရွာင္ယြီသည္ သူမအား ညီမယြီဟုေခၚကာ ညီမတစ္ေယာက္ကဲ့သို႔ပင္ အၿမဲသတ္မွတ္ထားခဲ့သည္။

သို႔‌ေသာ္ ယခင္က သူသည္အလ်င္စလို ႏႈတ္ထြက္ခဲ့ကာ ႏႈတ္ဆက္စကားေျပာရန္ အခ်ိန္မရွိခဲ့ေပ။ ကယ္လီဖိုးနီးယားသို႔ေရာက္လာၿပီးေနာက္ သူ၏ WeChat, Qအေကာင့္ႏွင့္ ဖုန္းနံပါတ္မ်ားအား အသစ္မ်ားအျဖစ္အစားထိုးလိုက္ကာ သူသည္သူ၏အတိတ္မွသူငယ္ခ်င္းမ်ားႏွင့္ လုံးဝအဆက္အသြယ္ျဖတ္ခဲ့သည္။

ယြီမင္က်န္းသည္ ျပည္ပမွ သူ၏နံပါတ္အသစ္အား မည္သည့္ေနရာမွ ရွာေတြ႕ခဲ့သနည္း။

က်န္းေရွာင္ယြီသည္ နက္နက္နဲနဲ စုံစမ္းမ‌ေနဘဲ တည္ၿငိမ္စြာျပန္စာရိုက္လိုက္သည္: [ငါေရွာင္းပိုင္ရဲ႕အေျခအေနကို မသိဘူး။ သူ႕ရဲ႕ဆရာအေနနဲ႕ ငါသူ႕ကိုသင္နိုင္သမွ်အားလုံး သင္ေပးခဲ့တယ္။ သူကလူႀကီးျဖစ္ေနၿပီး သူ႕အျပဳအမူေတြကလည္း သူနဲ႕ပဲဆိုင္တယ္။ ငါဝင္ၿပီးစြက္ဖက္ပိုင္ခြင့္မရွိဘူး]

ယြီမင္က်န္းသည္ ဝမ္းနည္းသည့္ အီမိုဂ်ီကိုပို႔ခဲ့သည္: [ဒါဆိုအစ္ကိုက ေလာင္လင္းအနားယူမယ့္အေၾကာင္းကို ဂ႐ုမစိုက္ေတာ့ဘူးလား]

က်န္းေရွာင္ယြီ: [e-sportsကစားသမားေတြက အၿမဲအနားယူရမွာပဲ။ သူ႕အသက္အ႐ြယ္က အနားယူရေတာ့မယ့္အခ်ိန္ေလာက္ပဲ]

[ေရွာင္းခ်န္ကိုေရာ။ အရင္ကအစ္ကိုတို႔ႏွစ္ေယာက္ ဆက္ဆံေရးေကာင္းခဲ့ၿပီး အစ္ကိုသူ႕ကိုညီငယ္ေလးလိုမ်ိဳး သေဘာထားခဲ့တာေလ။ သူ႕ကိုနည္းျပကမသုံးဘဲ ေအးစက္စက္အရန္ခုံေပၚမွာပဲ တစ္ႏွစ္ပတ္လုံး ထိုင္ေနခဲ့ရတာ။ သနားစရာေကာင္းတယ္လို႔ မထင္ဘူးလား။ ႏွစ္ဝက္ေလာက္ ဆိုင္းငံ့ခံထားရတဲ့ ယယ္က်ီလည္းရွိေသးတယ္ေလ]

ဤကဲ့သို႔ရင္းႏွီးေနေသာနာမည္မ်ားသည္ က်န္းေရွာင္ယြီအား အခ်ိန္ခဏၾကာ အနည္းငယ္စိတ္ရႈပ္ေထြးေစခဲ့သည္။

သူသည္႐ုတ္တရက္ထြက္ခဲ့‌ၿပီး လူအေတာ္မ်ားမ်ားမွာ အတူငိုေႂကြးခဲ့ၾကသည့္ျမင္ကြင္းအား ေတြးၾကည့္မိခဲ့ၿပီး သူ၏ႏွလုံးသားအား လက္တစ္စုံမွတင္းက်ပ္စြာ ဆုပ္ကိုင္ထားသည့္ပုံေပၚသည္။ ျပင္းထန္ေသာနာက်င္မႈမွာ သူ၏ရင္ဘတ္မွထြက္လာခဲ့သည္။

ေလာင္းလင္၊ ယယ္က်ီ၊ ေရွာင္းခ်န္၊ ေရွာင္းက်ိဳး...

သူကိုယ္တိုင္သင္ၾကားေပးခဲ့ေသာ သူ၏အလုပ္သင္ ပိုင္ဖန္းလည္း ရွိေနခဲ့သည္။

သူသည္ထိုလူမ်ားအေပၚ အၿမဲအျပစ္ရွိစိတ္အား အၿမဲခံစားေနခဲ့ရသည္။

သူသည္ ACE ဟူေသာအဖြဲ႕အား ဖြဲ႕စည္းကာ အဖြဲ႕ဝင္မ်ားအားလုံးမွာ သူကိုယ္တိုင္ေ႐ြးႏႈတ္ထားသူမ်ားျဖစ္သည္။

S3 ရာသီတြင္ သူတို႔သည္ နည္းျပပင္မရွိေသာ သနားစရာေအာက္ေျခအဖြဲ႕မွ စတင္ခဲ့သည္။ က်န္းေရွာင္ယြီသည္ ေခါင္းေဆာင္ျဖစ္ကာ နည္းျပလည္းျဖစ္သည္။ ယြီမင္က်န္းသည္ တိုက္ခန္းအလြတ္အား ေလ့က်င့္ခန္းအျဖစ္ေျပာင္းလဲကာ ထိုအထဲ၌ ကြန္ပ်ဴတာအခ်ိဳ႕ထားခဲ့သည္။ ဆယ္ေက်ာ္သက္မ်ားမွာ ဤကဲ့သို႔ခက္ခဲေသာ ပတ္ဝန္းက်င္တြင္ ေလ့က်င့္ခဲ့ၾကကာ သူတို႔ပင္ပန္းလာေသာအခါ ေန႕တိုင္းအိပ္ရန္ ေဘးအိပ္ခန္းဆီသို႔ သြားခဲ့သည္။

အိပ္ခန္းမ်ားမွာ ႏွစ္ထပ္ကုတင္မ်ားျဖစ္ၿပီး ရိုးရွင္းစြာျပင္ဆင္ထားခဲ့သည္။ တိုက္ခန္းတစ္ခုလုံးတြင္ ေရခ်ိဳးခန္းတစ္ခန္းသာ ရွိေနခဲ့ကာ သူတို႔မ်က္ႏွာမ်ားသစ္ရန္ႏွင့္ အိမ္သာသြားရန္ လူတန္းရွည္ႀကီးရွိေနခဲ့သည္။

၎မွာ ခက္ခဲေသာအခ်ိန္ျဖစ္ေသာ္လည္း ေပ်ာ္စရာေကာင္းသည့္အခ်ိန္လည္း ျဖစ္ေနခဲ့သည္။

ဆယ္ေက်ာ္သက္အဖြဲ႕မွာ အမ်ိဳးသားၿမိဳ႕ေတာ္လိဂ္မွ ဘီအဆင့္လိဂ္သို႔ ေတာက္ေလွ်ာက္တက္လာခဲ့သည္။ သူတို႔သည္ဘီအဆင့္လိဂ္ခ်န္ပီယံရွစ္အား အနိုင္ယူခဲ့ၿပီးေနာက္ ထိပ္တန္းေအအဆင့္ပေရာ္ဖက္ရွင္နယ္လိဂ္အား အနိုင္ရရွိခဲ့သည္။

ယြီမင္က်န္းသည္ ေငြေၾကးေက်ာေထာက္ေနာက္ခံပံ့ပိုးသူ၏ ပံ့ပိုးကူညီမႈရရွိရန္ ႐ုန္းကန္ခဲ့ရၿပီး ‌ေနာက္ဆုံးတြင္ သူတို႔ကိုယ္ပိုင္အေျခကို ရရွိသြားခဲ့သည္။

သူသည္ သူတို႔ေနရာက်ယ္၍ေတာက္ပေသာ ေလ့က်င့္ေရးအခန္းထဲသို႔ ေျပာင္းေ႐ႊ႕သည့္ေန႕တြင္ လူတိုင္း၏မ်က္ႏွာေပၚမွ စိတ္လႈပ္ရွားကာေတာက္ပေနသည့္ အၿပဳံးမ်ားအား ယခုတိုင္မွတ္မိေနေသးသည္။

ေလာင္းလင္မွာ မ်က္ရည္မ်ားပင္ဝဲလာခဲ့သည္။ “ငါတို႔ကအဆင့္နိမ့္တဲ့အေထြေထြအဖြဲ႕ မဟုတ္ေတာ့ဘူးကြ။ ငါတို႔မွာကိုယ္ပိုင္ေနရာရွိတယ္။ ေနာက္က်ရင္ ကုတင္ႏွစ္ဆင့္ေပၚမွာ အိပ္စရာမလိုေတာ့ဘဲ လူတိုင္းသီးသန႔္ကုတင္ေတြ ရွိလာလိမ့္မယ္။ အေျခအေနေတြက တကယ္ေကာင္းတာပဲ”

ယယ္က်ီသည္ အၿပဳံးျဖင့္သာေျပာလိုက္သည္။ “ဒါအခုမွအစပဲရွိေသးတယ္။ ငါတို႔ရဲ႕ပန္းတိုင္က ဒီႏွစ္ခ်န္ပီယံျဖစ္ဖို႔ပဲ။ ငါတို႔ခ်န္ပီယံဖလားရတာနဲ႕ ငါတို႔ကခ်န္ပီယံရွစ္အသင္းတစ္ခုျဖစ္လာၿပီး ငါတို႔ရဲ႕ဆက္ဆံေရးေတြကလည္း အနာဂတ္မွာ ပိုပိုၿပီးေကာင္းလာလိမ့္မယ္”

ေရွာင္းခ်န္တြင္ ရွက္တတ္ေသာသေဘာထားရွိေနခဲ့သည္။ သူသည္ နီရဲေနေသာမ်က္ႏွာႏွင့္ က်န္းေရွာင္ယြီ၏အေနာက္တြင္ ရပ္ေနခဲ့ကာ တီးတိုးေျပာခဲ့သည္။ “အစ္ကိုယြီ၊ ဘီအဆင့္လိဂ္ကအသင္းက ခ်န္ပီယံရွစ္ကို တိုက္ရိုက္အနိုင္ရခဲ့တယ္ဆိုတဲ့ အသင္းမ်ိဳး သမိုင္းမွာရာဇဝင္မရွိခဲ့ဖူးဘူး။ ကြၽန္ေတာ္တို႔ဒါလုပ္လို႔ရနိုင္မလား”

လူတိုင္းသည္ ‌က်န္းေရွာင္ယြီအား လွည့္ၾကည့္လိုက္သည္။

က်န္းေရွာင္ယြီသည္ အလြန္ေသခ်ာစြာ ေႂကြးေၾကာ္ခဲ့သည္ကို သတိရခဲ့သည္။ “ေသခ်ာေပါက္ ရနိုင္တာေပါ့”

သူသည္ ယုံၾကည္ခ်က္ရွိေနခဲ့ကာ ကစားသမားမ်ားမွာ သူ႕အားယုံၾကည္ခဲ့ၾကသည္။

ဘီအဆင့္လိဂ္မွလာခဲ့ေသာ လူငါးေယာက္မွာ အင္တာနက္သုံးစြဲသူမ်ားမွ ‘အေထြေထြအဖြဲ႕’ဟု ေခၚခဲ့ၾကသည္။ သူတို႔အား ပုံမွန္ကလပ္မ်ားမွ ပေရာ္ဖက္ရွင္နယ္အသင္းမ်ားစြာမွ ဝန္းရံထားခဲ့သည္။ သူတို႔သည္ ေအအဆင့္ပေရာ္ဖက္ရွင္နယ္လိဂ္ပား မည္ကဲ့သို႔ အနိုင္ရနိုင္မည္နည္း။

သို႔ေသာ္ သူတို႔လုပ္နိုင္ခဲ့သည္။

ထိုႏွစ္၏ ACE အဖြဲ႕မွာ မွင္သက္စရာေကာင္းခဲ့သည္။

လိဂ္ထဲမွ မေရမတြက္နိုင္ေလာက္ေအာင္ သက္တမ္းရင့္ကာအားေကာင္းေသာ အသင္းမ်ားေရွ႕တြင္ သူတို႔သည္လုံးဝေၾကာက္႐ြံ႕မႈမရွိခဲ့ေပ။ သူတို႔သည္ဆန္းသစ္၍ ေျပာင္းလဲလြယ္ေသာနည္းစနစ္မ်ား၊ ၎တို႔၏နည္းစနစ္ပူေပါင္းမႈမ်ားႏွင့္ အားေကာင္းသည့္ရန္သူမ်ား ဝန္းရံထားခဲ့ေသာ ပေရာ္ဖက္ရွင္နယ္လိဂ္တြင္ အက်ိဳးရွိသည့္လမ္းတစ္ခုဖန္တီးရန္ ေသဆုံးရမည္ကိုမေၾကာက္႐ြံ႕ေသာ ႀကိဳးစားအားထုတ္မႈမ်ားကို အသုံးျပဳခဲ့သည္။

ထိုအခ်ိန္၌ သူတို႔သည္က်ယ္ေလာင္သည့္  ေသနတ္သံမ်ားႏွင့္ေပါက္ကြဲမႈမ်ား၊ ကြင္းျပင္ေပၚမွ စိတ္အားထက္သန္မႈႏွင့္ေသြးမ်ားအျပင္ ကြင္းျပင္ျပင္ပမွ ရယ္သံႏွင့္ေခြၽးမ်ားႏွင့္အတူ အၿမဲယွဥ္တြဲေနခဲ့သည္...

သူတို႔ငါးေယာက္မွာ ခ်န္ပီယံလိဂ္စင္ျမင့္အား ေနာက္ဆုံးေရာက္သြားခဲ့ေသာေၾကာင့္ အခ်င္းခ်င္းဖက္၍ စိတ္လႈပ္ရွားမႈေၾကာင့္ ငိုေႂကြးေနခဲ့ေသာ ျမင္ကြင္းမွာ ‌က်န္းေရွာင္ယြီ၏အိပ္မက္ထဲတြင္ မၾကာခဏျပန္ေပၚလာခဲ့သည္။ ဤတိုေတာင္းလွသည့္ႏွစ္မွာ သူ၏ငယ္႐ြယ္စဥ္မွစ၍ အသက္ႀကီးလာသည္အထိ တန္ဖိုးအထားရဆုံးအမွတ္တရတစ္ခုျဖစ္လာခဲ့သည္။

လူတိုင္း၏ေမွ်ာ္လင့္ခ်က္မ်ားႏွင့္မတူဘဲ ACE အဖြဲ႕မွာ S3ခ်န္ပီယံရွစ္ဖလားကို အနိုင္ရယူခဲ့သည္။

က်န္းေရွာင္ယြီသည္ တန္ဖိုးအထားရဆုံး ပေရာ္ဖက္ရွင္နယ္ကစားသမားဆုျဖစ္သည့္ ႏွစ္တစ္ႏွစ္၏ အေကာင္းဆုံးကစားသမားဆုအား လက္ခံရရွိခဲ့ကာ အင္တာနက္သုံးစြဲသူမ်ားမွ ‘စနိုက္ပါနတ္ဘုရား’ ဟုေခၚခဲ့ၾကသည္။

အံ့ဩဖြယ္အား ဖန္တီးခဲ့ေသာ ဤလူမွာ ခ်န္ပီယံရွစ္ဖလားအနိုင္ရၿပီးေနာက္ သူ၏အနားယူမႈအား နားမလည္နိုင္ေလာက္ေအာင္ ေၾကျငာခဲ့သည္မွာ ႏွေျမာစရာပင္ျဖစ္သည္။

သူထြက္သြားၿပီးေနာက္ ရင္းႏွီးျမဳပ္ႏွံသူမ်ားမွာ ပိုက္ဆံမ်ားစြာရရွိရန္ ACEအားေရာင္းခ်င္ခဲ့ၾကသည္။ ယြီမင္က်န္းသည္ ထိုအရာအားကယ္တင္ရန္ နည္းလမ္းမ်ားစြာစဥ္းစားရန္ ႀကိဳးပမ္းခဲ့သည္။ သို႔ေသာ္ သူမသည္ မိန္းကေလးတစ္ေယာက္သာျဖစ္ကာ အဖြဲ႕အစည္းႏွင့္တိုက္ခိုက္ရန္ က်ရႈံးခဲ့သည္။

ေနာက္ဆုံး၌ ACE သည္အဖြဲ႕ပ်က္သြားခဲ့ကာ ကစားသမားမ်ားမွာ သူတို႔၏ကြဲျပားသည့္လမ္းေၾကာင္းမ်ားဆီသို႔ ေလွ်ာက္သြားခဲ့သည္။

ထိုအသင္းမွာ လိဂ္၏သမိုင္းေၾကာင္းထဲတြင္ သက္တမ္းတိုခဲ့ကာ ဒ႑ာရီလာအျဖစ္သာ က်န္ရစ္ခဲ့သည္။

ေနာက္ပိုင္းတြင္ အင္တာနက္သုံးစြဲသူမ်ားစြာမွာ ေနာင္တရခဲ့ၾကသည္။ ‘ACE’ ဟူေသာအမည္မွာ ကံမေကာင္းေသာေၾကာင့္ ၎မွာ ေၾကကြဲစရာေကာင္းစြာ အဆုံးသတ္သြားခဲ့သည္လား။

ေနာက္ဆုံးတြင္ e-sports ေလာကထဲမွ ACE မွာ ‘အဖြဲ႕ပ်က္စီးျခင္း’ဟု ဆိုလိုေနခဲ့သည္။

ထိုႏွစ္မွအင္တာဗ်ဴးထဲတြင္ က်န္းေရွာင္ယြီသည္ ACEအသင္း၏နာမည္မွာ ၿပိဳင္ဘက္အသင္းမ်ားအား အိမ္သို႔ျပန္ခြင့္ျပဳျခင္းျဖစ္သည္ဟု တစ္ခါကေျပာခဲ့ဖူးသည္။ သူသည္ ‘ACE’ဟူေသာ စနစ္၏အသံသက္ေရာက္မႈအား ၾကားရသည္ကို ႏွစ္သက္ေနခဲ့သည္။

သို႔ေသာ္လည္းအဆုံးတြင္ အဖြဲ႕ပ်က္စီးသြားကာ လုံးဝေပ်ာက္ကြယ္သြားခဲ့သည္။

အမွတ္တရမ်ားမွာ သူ၏စိတ္ထဲတြင္ လ်င္ျမန္စြာေပၚလာခဲ့သည္။ က်န္းေရွာင္ယြီသည္ သူ၏ဖုန္းေပၚမွ စာတစ္ေစာင္အား စိုက္ၾကည့္ေနခဲ့ကာ အခ်ိန္အေတာ္ၾကာတိတ္ဆိတ္ေနခဲ့သည္။

ယြီမင္က်န္းသည္ အလြန္အင္အားႀကီးလွသည္။ သူမသည္သူ၏ႏွလုံးသားထဲမွာ နက္ရွိုင္းစြာျမဳပ္ႏွံထားခဲ့ေသာ အျပစ္ရွိစိတ္အား ႏွိုးဆြရန္ စာေၾကာင္းတစ္ခ်ိဳ႕ကိုသာ သုံးခဲ့သည္။

သူသည္ဤလူမ်ားအား e-sports ေလာကထဲသို႔ ေခၚလာခဲ့ကာ သူတို႔အတြက္ အိမ္ေကာင္းတစ္လုံးအား မရွာေပးနိုင္ခဲ့ေပ။ သူ၏အဖြဲ႕သားမ်ားမွာ ထိုႏွစ္ကငယ္႐ြယ္လြန္းေသးသည္။ သူတို႔၏ေခါင္းေဆာင္မွာ ႐ုတ္တရက္ထြက္သြားကာ အရႈံးေပးခဲ့သည္။ အဖြဲ႕ဝင္မ်ားမွာ လမ္းေပ်ာက္သြားခဲ့ကာ ဘာလုပ္ရမည္ကို မသိခဲ့ေပ။ ေလာင္စာမ်ားမီးရွို႔ရန္ သူတို႔အေနာက္မွ အရင္းအႏွီးမ်ားထည့္ကာ သူတို႔သည္အသင္းမွားႏွင့္လက္မွတ္ထိုးခဲ့ၿပီး သူတို႔၏အရည္အခ်င္းမ်ား နစ္ျမဳပ္သြားခဲ့သည္။ ဤသည္မွာ အမွန္တကယ္ပင္ ႏွေျမာစရာျဖစ္သည္။

က်န္းေရွာင္ယြီသည္ အသက္ျပင္းျပင္းရႉလိုက္ကာ ေမးခြန္းတစ္ခုအား စာရိုက္လိုက္သည္: [ညီမယြီ၊ နင္႐ုတ္တရက္ႀကီး ယယ္က်ီနဲ႕ေရွာင္းခန္အေၾကာင္း‌ေျပာတယ္။ အဲ့ဒါနင္စပြန္ဆာရၿပီး ACEအဖြဲ႕ကိုျပန္စီမံခ်င္တာေၾကာင့္လား။ နင့္ငါ့ကိုျပန္လာၿပီး အဲ့ဒါအတြက္နည္းျပလုပ္ခိုင္းေစခ်င္တာလား]

ယြီမင္က်န္း: [ACEကိုျပန္အမွတ္ရဖို႔ မဟုတ္ပါဘူး]

ယြီမင္က်န္း: [ညီမတို႔ကအစ္ကို႔ကို နိုင္ငံ့လက္ေ႐ြးစင္အသင္းကို နည္းျပေပးဖို႔ ကမ္းလွမ္းခ်င္တာပါ]

က်န္းေရွာင္ယြီ: [......]

နိုင္ငံ့လက္ေ႐ြးစင္အသင္းလား။ သူေနာက္ေနတာလား

က်န္းေရွာင္ယြီသည္ သူမွားဖတ္မိသည္ဟုထင္ခဲ့ကာ ထိုအရာအားထပ္မံငုံ႕ၾကည့္ခဲ့သည္။

ယြီမင္က်န္း၏စာေစာင္မွာ ‘နိုင္ငံ့လက္ေ႐ြးစင္အသင္း’ ဟူေသာစကားလုံးမ်ားအား ရည္ၫႊန္းထားခဲ့သည္။

ယြီမင္က်န္းသည္ က်န္းေရွာင္ယြီမွ ေပးပို႔မႈျပတ္ေတာက္သြားသည္ကိုျမင္ခဲ့ကာ ရိုးရွင္းစြာဖုန္းေခၚဆိုမႈျပဳခဲ့သည္။

က်န္းေရွာင္ယြီသည္ ဖုန္းအားကိုင္လိုက္ကာ ရင္းႏွီးေနသည့္ ညင္သာေသာ အမ်ိဳးသမီးအသံအားၾကားခဲ့သည္။ သူမ၏အသံမွာ မ်က္ရည္ဝဲေနေၾကာင္း ထင္ရွားေနခဲ့သည္။ “အားယြီ၊ ညီမလိဂ္ရဲ႕ဌာနခ်ဳပ္မွာ အခုပဲအစည္းအေဝးတက္လို႔ၿပီးသြားတာပါ။ အစ္ကို႔ကိုအကူအညီေတာင္းတာကလြဲၿပီး တျခားနည္းလမ္းမရွိဘူး။ လက္ေ႐ြးစင္အသင္းက ကမာၻ႔စီးရီးရဲ႕ပထမအဆင့္မွာတင္ ျပဳတ္သြားၿပီးေတာ့ ရလဒ္ေတြကလည္း အရမ္းနည္းေနခဲ့တယ္။ နည္းျပက်န္းကလည္း ခ်က္ခ်င္းႏႈတ္ထြက္သြားၿပီး ေနာက္ရာသီအတြက္ နည္းျပတာဝန္ထမ္းေဆာင္ဖို႔ တာဝန္ယူနိုင္မယ့္နည္းျပမ်ိဳး တ႐ုတ္မွာမရွိေတာ့ဘူး”

“ညီမတို႔အစက နိုင္ငံျခားသားကိုခန႔္ဖို႔ စီစဥ္ထားၿပီး ေျမာက္အေမရိကပိုင္းက နည္းျပဆဲလ္တစ္ကို ေခါင္းေဆာင္နည္းျပအျဖစ္ တာဝန္ယူခိုင္းမလို႔ပါပဲ။ အဲ့ေနာက္သူက ညီမတို႔တတ္နိုင္တဲ့ပမာဏထက္ ေက်ာ္တဲ့ ယြမ္သန္းေပါင္း၈၀ေလာက္ေတာင္းတယ္။ အင္တာနက္သုံးတဲ့သူေတြကလည္း ညီမတို႔နိုင္ငံျခားသားကို ခန႔္ခ်င္တာၾကားသြားခဲ့ၿပီး သူတို႔က ေရပန္းစားရွာေဖြမႈေပၚမွာေတာင္ ဆူခဲ့ၾကတယ္။ တ႐ုတ္မွာ ဘယ္သူမွမရွိေတာ့ဘူး။ ညီမတို႔က e-sports နည္းျပကိုေတာင္မရွာနိုင္ဘဲ နိုင္ငံျခားက အကူအညီေတာင္းဖို႔ ဒူးေထာက္ရမွာလားဆိုၿပီးေပါ့”

“ရလဒ္ေတြေကာင္းရင္ ျပည္ပမီဒီယာေတြက ဒါကျပည္ပကနည္းျပရဲ႕ အားထုတ္မႈပဲလို႔ ေသခ်ာေပါက္ေျပာလိမ့္မယ္။ ရလဒ္ေတြက မေကာင္းရင္ေတာ့ တ႐ုတ္ျပည္က ကစားသမားေတြကို ဦးေဆာင္ဖို႔ အရမ္းညံ့လြန္းတယ္လို႔ ေျပာၾကလိမ့္မယ္”

“လက္ေ႐ြးစင္အသင္းက လြန္ခဲ့တဲ့ငါးႏွစ္အတြင္း ဆက္တိုက္ဆိုသလို နည္းျပငါးေယာက္ေတာင္ေျပာင္းခဲ့တာေလ။ အရင္နည္းျပေတြကိုလည္း ဆူခဲ့ၾကၿပီး အဖြဲ႕ကိုထပ္ၿပီးဦး‌မေဆာင္ခ်င္ၾကေတာ့ဘူး။ နည္းျပအသစ္ေတြကလည္း ဒီလိုမ်ိဳးအႏၲရာယ္မ်ားတဲ့အေျခအေနကို မကိုင္တြယ္ရဲၾကဘူး။ ညီမတို႔ဒါကိုေတြးခဲ့ၾကၿပီး အစ္ကို႔ကိုဖိတ္ဖို႔ဆုံးျဖတ္ခဲ့တယ္။ အစ္ကိုကနိုင္ငံ့လက္ေ႐ြးစင္အသင္းကို နည္းျပဖူးတဲ့ အေတြ႕အႀကဳံမရွိေပမယ့္ အစ္ကိုက ACE အဖြဲ႕နည္းျပျဖစ္ခဲ့ၿပီး လိဂ္သမိုင္းေၾကာင္းမွာ အားအေကာင္းဆုံးျမင္းနက္အသင္းတစ္သင္းကို ယူေဆာင္လာခဲ့တယ္။ ညီမတို႔က အသင္းကိုဦးေဆာင္ဖို႔ အစ္ကို႔ရဲ႕လုပ္နိုင္စြမ္းကို ယုံတယ္”

“အားယြီ၊ ေက်းဇူးျပဳၿပီး စဥ္းစားၾကည့္ေပးပါ။ လူေတာ္္ေတာ္မ်ားမ်ားက အစ္ကိုျပန္လာမွာကို ေစာင့္ေနၾကတယ္ေလ”

က်န္းေရွာင္ယြီသည္ သူမ၏ငိုလုဆဲဆဲအသံအား နားေထာင္ခဲ့ကာ မ်က္ေမွာင္ၾကဳတ္ခဲ့သည္။ သူသည္တစ္ခဏတာ မည္ကဲ့သို႔ျပန္‌ေျဖရမည္ကို မသိခဲ့ေပ။

လက္ရွိလက္ေ႐ြးစင္အသင္းမွာ အမွန္တကယ္ပင္ ခက္ခဲသည့္အေျခအေန၌ ရွိေနခဲ့သည္။

ယြီမင္က်န္းသည္ အျပင္ပန္းတြင္ ေကာင္းမြန္စြာေျပာဆိုေနခဲ့ေသာ္လည္း ၎သည္တကယ္တမ္းတြင္ ‘အိုးတစ္လုံးမွာ အက္ကြဲေနေသာေၾကာင့္ အပိုင္းပိုင္းအစစျဖစ္ေအာင္ ေခ်ပစ္လိုက္ျခင္း’ ႏွင့္အတူတူပင္ျဖစ္ေနခဲ့သည္။ (ေမွ်ာ္လင့္ခ်က္မဲ့ကာ ႐ူး႐ူးမိုက္မိုက္ျပဳမူေနျခင္းအျဖစ္ေရးသားထားျခင္းျဖစ္သည္။)

မည္သို႔ပင္ျဖစ္ေစ သူတို႔သည္တ႐ုတ္ျပည္တြင္ ပိုေကာင္းေသာနည္းျပအား မရွာနိုင္ေပ။ ထို႔ျပင္ သူတို႔သည္ နိုင္ငံျခားအကူအညီအား ဖိတ္ေခၚခဲ့ပါကာ အဆူခံရလိမ့္မည္။ နိုင္ငံျခားအကူအညီ၏လစာမွာလည္း အလြန္ျမင့္ေနခဲ့ကာ  ဘာသာစကားအဟန႔္အတားမွာ ဆက္ဆံရခက္နိုင္သည္။ အနားယူထားေသာ ‘ဒ႑ာရီလာသူရဲေကာင္း’ အား တိုက္ခိုက္ရန္ ျပန္လည္ဖိတ္ေခၚသည္မွာ ပိုေကာင္းေနခဲ့သည္။

အိမ္ျပန္ရမွာလား။

အဲ့ဒီအၾကာႀကီးေပ်ာက္ေနခဲ့တဲ့ေနရာကို နည္းျပ‌အေနနဲ႕ ျပန္သြားရမွာလား။

က်န္းေရွာင္ယြီသည္ ျပတင္းေပါက္အျပင္ဘက္မွ အသက္မဲ့ေနသည့္ျမင္ကြင္းအား သူ၏ရင္ထဲမွ ေရာေထြးေနေသာ ခံစားခ်က္မ်ားျဖင့္ ၾကည့္ေနခဲ့သည္။

သူသည္ ငါးႏွစ္ၾကာ ေပ်ာက္ဆုံးေနခဲ့သည္။ သူ႕အား ‘အစ္ကိုယြီ’ဟု တစ္ခ်ိန္ကေခၚခဲ့ေသာ ဆယ္ေက်ာ္သက္မ်ားမွာ ယခုမူအဓိကအသင္းမ်ား၏ ေထာက္တိုင္မ်ားျဖစ္လာကာ ဖူံကြယ္ခံရရန္ ကံဆိုးလြန္းကာ ကစားျခင္းမွဆိုင္းငံ့ထားျခင္း သို႔မဟုတ္ အနားယူရန္ပင္ အဆင္သင့္ျဖစ္ေနခဲ့သည္။

နိုင္ငံ့လက္ေ႐ြးစင္အသင္းမွာ လူေကာင္းမ်ားထဲတြင္ ေရာေနေသာ လူဆိုးမ်ားလည္းရွိေနခဲ့သည္။

သူသည္နည္းျပအျဖစ္ တာဝန္ယူခဲ့ပါက သူသည္ မထင္မွတ္ထားေသာဖိအားမ်ားျဖစ္သည့္ အင္တာနက္သုံးစြဲသူမ်ား၊ ကစားသမားမ်ား၊ အဓိကကလပ္မ်ားႏွင့္ e-sports နယ္ပယ္၏ ေခါင္းေဆာင္မ်ားေအာက္ ရွိေနလိမ့္မည္။ ျပႆနာအမ်ိဳးအစားအားလုံးအား သူကိုယ္တိုင္ ေက်ာ္လႊားရလိမ့္မည္။

သူသည္ တ႐ုတ္ျပည္ရွိ ပုံမွန္ကလပ္အသင္းမ်ားအား နည္းျပဖူးသည့္ အေတြ႕အႀကဳံမ်ိဳးမရွိခဲ့ေပ။ သူသည္ ငယ္႐ြယ္၍ အေတြ႕အႀကဳံကင္းမဲ့ကာ ျပည္သူမ်ားအားေဖ်ာင္းဖ်ရန္ ခက္ခဲနိုင္သည္။

ရလဒ္မ်ားမေကာင္းပါက သူသည္ပို၍ဆိုး႐ြားစြာပင္ အဆူခံရနိုင္သည္။

မည္သို႔ပင္ဆိုေစကာမူ သူသည္အဆူခံရသည္ကို မေၾကာက္႐ြံ႕ခဲ့ေပ။ သူအနားယူခဲ့သည့္အခါ အတိတ္တြင္ ျပည္တြင္းမွကီးဘုတ္တိုက္ခိုက္သူမ်ားမွာ သုံးရက္ဆက္တိုက္ သူ႕အားထိပ္တန္းရွာေဖြမႈသို႔ ပို႔ခဲ့သည္။ သူတို႔သည္ သူ႕အားပက္ပက္စက္စက္ ဆူပူခဲ့ၾကေသာ္လည္း သူသည္မထူးျခားခဲ့ေပ။

လက္ေ႐ြးစင္အဖြဲ႕မွာ ကမာၻ႔ခ်န္ပီယံရွစ္၏ ပထမအဆင့္တြင္ျပဳတ္သြားခဲ့ကာ ကြာတားဖိုင္နယ္သို႔ပင္ မတက္ေရာက္နိုင္ခဲ့ေပ။ ဤသည္မွာအလြန္ဆိုး႐ြားလြန္းၿပီးျဖစ္ကာ ဒီထက္ပိုမဆိုးနိုင္ေတာ့ေပ။ သူသည္နည္းျပျဖစ္၍ နည္းပညာပူးေပါင္းမႈအား ျပန္လည္‌ေလ့က်င့္ရန္ အခ်ိန္ယူခဲ့ပါက သူတို႔သည္အနည္းဆုံး အုပ္စုအဆင့္အား ေက်ာ္နိုင္မည္မဟုတ္ပါလား။

ထို႔ျပင္ ယြီမင္က်န္းစကားနားေထာင္ၾကည့္ၿပီးေနာက္ ယယ္က်ီမွာ ဆိုင္းငံ့ခံရကာ ေရွာင္းက်န္မွာခ်န္လွပ္ခံရၿပီး ေလာင္လင္းမွာအနားယူေတာ့မည္ျဖစ္ကာ ပိုင္ဖန္းမွာ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္ အမွန္တကယ္ပင္ မျဖစ္လာခဲ့သလား။

သူသည္အလ်င္စလိုထားခဲ့ကာ ဤလူမ်ားအား တစ္ေယာက္တည္း က်န္ရစ္ေစခဲ့သည္။ အဆုံး၌ သူသည္ရွင္းျပခ်က္တစ္ခုေပးရန္ အေႂကြးတင္ေနခဲ့သည္။

သူသည္ထြက္ေျပးေန၍မရေတာ့ေပ။

က်န္းေရွာင္ယြီသည္ ဤအေၾကာင္းအား ေတြးမိခဲ့ကာ သူ၏စိတ္အားဆုံးျဖတ္ခ်က္ခ်ခဲ့သည္။ သူသည္ဆုံးျဖတ္ခ်က္ခိုင္မာစြာေျပာခဲ့သည္။ “ငါနည္းျပျဖစ္နိုင္ေပမယ့္ ငါ့မွာေတာင္းဆိုခ်က္ႏွစ္ခုရွိတယ္။ ေခါင္းေဆာင္ေတြသေဘာတူနိုင္မလားဆိုတာ သြားၿပီးေဆြးေႏြးၾကည့္ခဲ့”

ယြီမင္က်န္း၏အသံမွာ စိတ္လႈပ္ရွားမႈေၾကာင့္ တုန္လႈပ္ေနခဲ့သည္။ “ေျပာပါ။ ေတာင္းဆိုခ်က္ေတြကဘာေတြလဲ။ တတ္နိုင္သမွ်အစြမ္းကုန္ ပူးေပါင္းဖို႔ႀကိဳးစားမွာပါ”

က်န္းေရွာင္ယြီသည္ တည္ၿငိမ္စြာရွင္းျပခဲ့သည္။ “ပထမတစ္ခ်က္က ငါကလက္ေ႐ြးစင္အသင္းနည္းျပျဖစ္ရင္ ငါကပဲေ႐ြးခ်ယ္မႈနည္းလမ္းအေပၚ ေနာက္ဆုံးေျပာေရးဆိုခြင့္ရွိၿပီး လက္ေ႐ြးစင္အသင္းရဲ႕ အဖြဲ႕ဝင္အသစ္ေတြရဲ႕ ေနာက္ဆုံးစာရင္းကိုရရမယ္။ ဒုတိယအေနနဲ႕ သာမန္ေလ့က်င့္မႈ၊ ဂိမ္းပြဲအတြင္း အဖြဲ႕ဝင္ဖြဲ႕တာ၊ အစပိုင္းတန္းစီတာမွာ ကစားမယ့္လူေတြနဲ႕ အရန္ခုံမွာထိုင္မယ့္သူေတြက ငါ့ရဲ႕ဆုံးျဖတ္ခ်က္ပဲ။ ေခါင္းေဆာင္ေတြအရမ္း ဝင္မစြက္ဖက္ဖို႔ ေမွ်ာ္လင့္တယ္”

ယြီမင္က်န္းသည္ ေၾကာင္သြားခဲ့သည္။ အတိုခ်ဳံးေျပာရလွ်င္ က်န္းေရွာင္ယြီတင္ျပခဲ့ေသာ ေတာင္းဆိုခ်က္မ်ားမွာ ‘ျပင္ပလူမ်ားမွာ ကြၽမ္းက်င္သူအား ၫႊန္ၾကားမႈမေပးရ’ အျဖစ္ အက်ဥ္းခ်ဳပ္နိုင္သည္။ ေခါင္းေဆာင္မ်ားက သူ၏နည္းျပျခင္းပုံစံအား လက္ညွိုးထိုးေျပာဆိုသည္ႏွင့္ သူသည္သူ၏စြမ္းရည္မ်ားအား အားထုတ္‌နိုင္လိမ့္မည္မဟုတ္ေပ။

ဤသည္မွာ အရင္းအျမစ္မွ ျပင္ပေႏွာင့္ယွက္မႈမ်ား ကာကြယ္ကာ စစ္မွန္ေသာ ‘နည္းျပအျဖစ္ စကားေျပာနိုင္ခြင့္’ အားရယူရန္ အလြန္‌အေရးႀကီးေနခဲ့သည္။

က်န္းေရွာင္ယြီသည္ အမွန္တကယ္ပင္အေလးအနက္ထားေနသည့္ပုံေပၚသည္။

ယြီမင္က်န္းသည္ အျမန္ေျဖၾကားခဲ့သည္။ “အစ္ကိုဘာကိုဆိုလိုလဲ ညီမနားလည္ၿပီးေတာ့ လက္ဆင့္ကမ္းေျပာေပးပါမယ္။ တကယ္ေတာ့ e-sports လိဂ္ရဲ႕ေခါင္းေဆာင္ေတြလည္း ေျပာင္းသြားပါၿပီ။ ဒုဥကၠဌအသစ္က အစ္ကို႔ကို အရမ္းခ်ီးက်ဴးေနေတာ့ အစ္ကို႔ရဲ႕ေတာင္းဆိုမႈက ျပႆနာရွိမွာမဟုတ္ဘူး”

က်န္းေရွာင္ယြီသည္ စိတ္ရႈပ္ေထြးသြားသည့္ အမူအရာျဖင့္ေမးခဲ့သည္။ “ညီမယြီ၊ အခုလက္ေ႐ြးစင္အသင္းမွာ အလုပ္လုပ္ေနတာလား”

ယြီမင္က်န္းသည္ ရယ္ခဲ့သည္။ “ဟုတ္တယ္။ ညီမက ေနာက္လက္ေ႐ြးစင္အသင္းရဲ႕ ျပည္တြင္းေရးရာ ႀကီးၾကပ္ေရးမႉးနဲ႕ နိုင္ငံတကာၿပိဳင္ပြဲေတြရဲ႕ အေထြေထြမန္ေနဂ်ာပါ။ အစ္ကိုလက္ေ႐ြးစင္အသင္းနည္းျပျဖစ္တာနဲ႕ ညီမတို႔ထပ္ၿပီးေဘးခ်င္းကပ္လ်က္ ရန္ျဖစ္လို႔ရၿပီ”

က်န္းေရွာင္ယြီသည္ သူမ၏စိတ္လႈပ္ရွားေနေသာအသံအား ၾကားခဲ့ကာ သူႏွင့္ယြီမင္က်န္းတို႔ အဖက္ဖက္မွတိုက္ခိုက္ရန္ ACEအဖြဲ႕အားဦးေဆာင္ခဲ့သည့္အတိတ္ကို သတိရသြားခဲ့သည္။ သူ၏အသံမွာ ပို၍ႏူးညံ့သြားခဲ့သည္။ “ငါဒီမွာလုပ္စရာေလးေတြရွိေသးတယ္။ ငါရွင္းၿပီးတာနဲ႕ တတ္နိုင္သမွ်ျမန္ျမန္ တ႐ုတ္ျပည္ကို ျပန္လာမယ္။ ငါတို႔ေတြ႕ရင္ စကားပိုေျပာၾကတာေပါ့”

“ဟုတ္ကဲ့။ ညီမလည္း အစ္ကိုျပန္လာမွာကို ေစာင့္ေနမွာပါ”

က်န္းေရွာင္ယြီသည္ ဖုန္းခ်ၿပီးေနာက္ သက္ျပင္းခ်လိဳက္သည္။ သူသည္ေတြးေတာေနသည့္ အမူအရာႏွင့္ သူ၏လက္ကိုင္ဖုန္းအား သူ၏လက္ေခ်ာင္းမ်ားႏွင့္ ပြတ္သပ္ေနခဲ့သည္။

လက္ေ႐ြးစင္အသင္းရဲ႕နည္းျပတဲ့လား။

ေသေလာက္ေအာင္ ခက္ခဲမွာပဲ။

နိုင္ငံထဲရွိ လူမည္မွ်မွာ သူ၏နာမည္အား ယခုတိုင္မွတ္မိေနမည္နည္းကို သူမသိခဲ့ေပ။

Continue lendo

Você também vai gostar

126K 13.3K 17
❝Move in silence. Only speak when it's time to say CHECKMATE.❞ "Zawgyi and Unicode available "
90.8K 15.6K 53
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - Update- Three episodes per week This nov...
81.4K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
42K 3.6K 35
Name - ငါ့ရဲ့မသန်စွမ်းစစ်နတ်ဘုရား Web name - After the disabled god of war became my concubine Author - Liu Gou Hua Translator - Galene Genre - Adul...