||Complete|| I Can Do It [MM...

By da_coolest_icekun

698K 99.7K 10.7K

တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံ... More

Description
Translator's Note
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
​အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
!
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
ကျေးဇူးတင်လွှာ
Gift for everyone
Extra 1
Extra (2)
PBye (1)
PBye (2)
PBye (3)
PBye (4)
PBye (5)
PBye (6)
PBye (7)
Mr.Road's birthday🎀

အပိုင်း(၆၈)

4.4K 715 80
By da_coolest_icekun


(Unicode)

ရည်းစားထားတာပုံမှန်ပါပဲ

​ကြော်ငြာရိုက်ကူး​နေသည်က စုံတွဲကီးဘုတ်အမျိုးအစားဖြစ်​သော်လည်း သူတို့အ​နေနဲ့ ဓါတ်ပုံထဲတွင် အရမ်းကြီးပူးကပ်ပြရန်မလို​ပေ။
 
တစ်ဖက်က အနုပညာရှင်ဖြစ်ကာ အခြားတစ်ဖက်ကလည်း Esport​လောကရဲ့ နတ်ဘုရား​ပေါက်စ ဖြစ်​နေသည်မို့ ဘယ်လို​ကြောင့်ဖြစ်ဖြစ် အရမ်းကြီးရင်းနှီးသည့်ပုံစံ​ပေါ်​အောင် ရိုက်ကူး၍မရ​ချေ။
 
ဓါတ်ပုံရိုက်ကူး​ရေး၏ အဓိကဆိုလိုရင်း (Theme)က ဂိမ်းအတူကစား​​နေသည့် လူနှစ်​ယောက်ကို အ​ခြေခံထားသည်။ သူတို့နှစ်​ယောက် ရိုက်ကူးရသည့် အနီးကပ်ဆုံးအ​နေအထားက ကွန်ပျူတာ​ရှေ့မှာ ပုခုံးချင်းယှဥ်ထိုင်ရသည့်အခန်းနှင့် အိတ်တစ်ခုထဲကို လက်အတူထည့်ရသည့်အခန်းပင်။
 
ကျန်းရုန်က ဝန်ထမ်း​တွေသူ့အတွက်ပြင်​ပေးထားသည့် gaming chair​ပေါ်တွင် ထိုင်​နေ၏။ မလှမ်းမကမ်းမှာ​တော့ လု​ပေါ်ယွမ်​ဘေးတွင် ဝန်ထမ်းများ ဝိုင်းဝိုင်းလည်​နေ​လေသည်။ အလုပ်ပြီးသွားကြသည့် ​​ယောကျာ်း၊မိန်းမ ဝန်ထမ်းအစုံက သူ့ဆီမှ လက်မှတ်​တောင်း​နေကြသည်။ လု​ပေါ်ယွမ်က ​ခေါင်းငုံ့လျက် ဝန်ထမ်း​တွေကို စကား​ပြော​နေပြီး ​ဦးထုပ်လျှာကလည်း မျက်နှာကိုကွယ်ထားသည်​ကြောင့် သူ့မျက်နှာအမူအရာ ဘယ်လိုရှိသည်ကို​တော့ သဲသဲကွဲကွဲ မမြင်ရ​ချေ။
 
ချိုးချိုးက မိတ်ကပ်ကိုပြန်လည်ပြင်ဆင်ပြီး​နောက် ပြန်​ရောက်လာ၏။ သူမကလှည့်ကြည့်ပြီး ​မေးလာသည်။
 
“ဒီ​နေ့ပြိုင်ပွဲမရှိဘူးလား?”
 
ကျန်းရုန်က ​​အေး​ဆေးပင် ပြန်​ဖြေလိုက်သည်။
 
“မရှိဘူး”
 
ရိုက်ကူး​ရေးက ပြန်မစ​သေး​ပေ။ ဓါတ်ပုံဆရာက ​ကားဆွဲသမား(​နောက်ခံအပြင်အဆင်ဝန်ထမ်း)​တွေအား ​ဇာတ်ဝင်ပစ္စည်း​တွေကို အနည်းငယ် အ​ပြောင်းအလဲလုပ်ခိုင်း​နေသည်။
 
“ငါနင့်ရဲ့Livestream​တွေကိုကြည့်လာတာကြာပြီ”
 
ချိုးချိုးက​ပြောသည်။
 
“၂နှစ်​လောက်​တောင်ရှိ​တော့မယ်မလား? အဲ့ဒီတုန်းက ငါ《သံစဥ်မဲ့​သော》ရိုက်​နေတုန်း​လေ”
 
ကျန်းရုန်က ​ငေးငိုင်​နေဆဲ။ သူက အသက်မပါစွာနဲ့ ပြန်​ဖြေလာသည်။
 
“​ကျေးဇူး”
 
ချိုးချိုးက သူ့ကိုကြည့်ကာ တစ်ခစ်ခစ်ရီ၏။
 
“အခုတစ်​ခေါက်မတိုင်ခင်က​ရော ငါဘယ်သူဆိုတာနင်သိလား”
 
“မသိဘူး”
 
ချိုးချိုး၏ဆံပင်ကို ပြန်ပြင်​ပေး​နေသည့်ဝန်ထမ်းမှာ တုံ့ခနဲရပ်သွားပြီး ကျန်းရုန်ကို တအံ့တသြ ကြည့်လာ​လေသည်။
 
ချိုးချိုး ပါဝင်ရိုက်ကူးထားသည့် ဇာတ်ကားအများအပြားမရှိ​ပေမယ့်လည်း သူမ၏တစ်ခုတည်း​သောရုပ်ရှင်ကပင် အ​ကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့​ကြောင့် သူမရဲ့​ကျော်ကြားမှုက အရမ်းမြင့်​လေသည်။
 
ဝန်ထမ်း : “မနှစ်က ချိုးချိုးက မင်းတို့အသင်းရဲ့ပြိုင်ပွဲကိုသွားပြီး ဂိမ်း​တောင်ကစားခဲ့​သေးတယ်​လေ”
 
“ကျွန်​တော်ကဒီနှစ်မှာLPLဆီ​ရောက်လာတာ”
 
ကျန်းရုန်က နည်းနည်းစဥ်းစားလိုက်ပြီးမှ ထပ်​ပြောလိုက်သည်။
 
“ဇာတ်ကား​တွေလည်းမကြည့်ဖြစ်လို့”
 
ဝန်ထမ်း : “…….”
 
ဒီနှစ်မှLPLဆီ​​ရောက်ရင်​တောင် ပြိုင်ပွဲ​တွေရဲ့တိုက်ရိုက်ထုတ်လွှင့်မှု​တော့ ကြည့်မှာပဲမဟုတ်ဘူးလား?
 
ဇာတ်ကား​တွေမကြည့်ရင်​တောင်မှ Weiboကhot search​တွေထဲမှာ​ရော မ​တွေ့ဖူးဘူးလား?
 
မင်းက ဂိမ်းပဲစွဲလန်း​နေတဲ့အိုတာခုမို့လို့လား? ဒါမှမဟုတ် ​တောင်ထိပ်​ပေါ်က ဂူ​အောင်းလူသားမို့လို့လား?
 
ချိုးချိုးက​တော့ အို့တို့အန်းတန်းပင်ဖြစ်မသွား။ အပြုံး​တွေကပင် ပိုပြီးနက်ရှိုင်းသွားသည်။
 
“သိပြီ…..ဒါနဲ့ ဘာလို့Roadကိုပဲကြည့်​နေတာလဲ? ​ပြောစရာတစ်ခုခုရှိလို့လား?”

ကျန်းရုန် ချက်ချင်းပဲ အကြည့်လွှဲလိုက်မိသည်။ ထို့​နောက် မျက်လွှာချလိုက်ပြီး သူ့​ရှေ့ရှိကီးဘုတ်မှခလုတ်​တွေကို ​လျှောက်နှိပ်လိုက်၏။ သူခိုးလူမိဖြစ်သွားသည်​ကြောင့် ​လေသံကပါမာသွား​လေသည်။
 
“မရှိဘူး”
 
လု​ပေါ်ယွမ် ဝန်ထမ်း​တွေအတွက် လက်မှတ်ထိုး​ပေးပြီးချိန် ကျန်းရုန်နှင့် ထိုအနုပညာရှင်​ကောင်မ​လေး စကား​ပြော​နေသည်အား မြင်လိုက်ရသည်။
 
ကျန်းရုန်က မျက်လွှာချလျက် စကား​ပြော​နေပြီး တက်ကြွမ​နေ​ပေ။ စကား​ပြော​နေရင်း ကျန်းရုန်က နားကိုလက်နဲ့လှမ်းကိုင်လိုက်​သေးသည်။
 
မိန်းက​လေးတစ်​ယောက်က သူ့​ရှေ့မှဖြတ်သွားသည်။ ထိုမိန်းက​လေးက ဖုန်းကို လက်နှစ်ဖက်နှင့်စုကိုင်ထားတာ ဖုန်းတစ်ဖက်ခြမ်းမှလူကို တိုးတိုး​လေး​ပြောပြ​နေသည်။ သူမရဲ့မျက်လုံး​တွေက​တော့ ရိုက်ကူး​ရေး​နေရာဆီတွင် ​ကျောက်ချထား​သည်။
 
“Softကငါတို့​ဘေးကစတူဒီယိုမှာ ဓါတ်ပုံရိုက်​နေတာသိလား! ငါအခုခိုးဝင်လာတာ! ငါ့အလုပ်ကို​ပြောတာလား? သူတို့က ရိုက်ကူး​ရေး​တောင်ပြီး​တော့မယ်….ငါကမိတ်ကပ်ဆရာရဲ့လက်​ထောက်ပဲဟာကို ငါအဲ့မှာရှိရှိမရှိရှိ အ​ရေးမကြီးပါဘူး မိတ်ကပ်ပြင်​ပေးရတဲ့သူကလည်း ငါမှမဟုတ်တာ။ Saviorလား? သူလည်းအရမ်းချစ်ဖို့​ကောင်းတယ်”

“ဟဲ့ Softရဲ့တွဲဘက်ကချိုးချိုးသိလား”

“တကယ်ပြောတာ ချိုးချိုးပါဆို….ဘာပြောတယ် နင့်ဘုရားမရဲ့Imageကျမယ်ဟုတ်လား? Softကလည်း အရမ်းချောပါတယ်နော် ကောင်မ။ သူ့အကြောင်းမကြားဖူးဘူးလား…..သူကအခုမှ LPLဆီရောက်လာတာလေ နင်အခုနောက်ပိုင်း အနုပညာရှင်တွေနောက်ပဲ လျှောက်လိုက်နေတာ (သဘောကျတာ) သူ့ကိုမသိတာဖြစ်နိုင်ပါတယ်။ ကျစ် နင်ငါပြောတာကိုမယုံရင် video callပြမယ် ကြည့်ကြည့်လိုက်”

ထိုမိန်းကလေးက Wechatနှင့် Video callလိုက်သည်။

“နင့်မျက်လုံးနဲ့နင်သေချာကြည့် နင်ကငါပြောတာမှမယုံတာ ငါပြောသားပဲ သူကအရမ်းချောပါတယ်ဆို။ ပြောရင်းနဲ့ ချိုးချိုးနဲ့Softက လိုက်တော့လိုက်တယ်နော်။ အသက်ကလည်း ရွယ်တူလောက်လေးတွေ။ နင်ရောထင်လား သူတို့တွေ….”

စကားပင်မဆုံးသေး တစ်စုံတစ်ယောက်က သူမ၏ပုခုံးကို လှမ်းပုတ်လိုက်သည်။

ကောင်မလေးက ကြောင်တောင်တောင်နဲ့ နောက်လှည့်ကြည့်လိုက်တော့ သူမရဲ့ကွန်ပျူတာမှWallpaperပိုင်ရှင်နှင့် အကြည့်ချင်းဆုံသွားတော့သည်။

ထိုကောင်မလေးမှာ ကြက်သေသေသွားလျက် ဖုန်းကိုဖျစ်ထားမိပြီး ဖုန်းတစ်ဖက်မှ သူမသူငယ်ချင်း၏ ‘ဟယ်လို ဟယ်လို ဟယ်လို’ခေါ်သံကိုလည်း ဂရုမစိုက်အားတော့။

လုပေါ်ယွမ်က တံခါးဘေးတွင် မတ်တပ်ရပ်နေသည်။ ထို့နောက် သူ့ခေါင်းဘေးရှိဆိုင်းဘုတ်အား လက်ညှိုးထိုးပြလာသည်။

[အပြင်လူမဝင်ရ! ဓါတ်ပုံမရိုက်ရ!]

ကောင်မလေးမှာ ဒုန်းခနဲ ရင်ဆောင့်ခုန်သွားပြီး လက်ထဲမှဖုန်းကို ချလိုက်၏။

“……………တောင်းပန်ပါတယ်!!”

သိပ်မကြာခင်မှာပဲ ဝန်ထမ်းတစ်ယောက်က သူမကိုတွေ့သွားပြီး အပြင်ပြန်ထွက်ပေးရန် အပြောခံလိုက်ရသည်။

ရိုက်ကူးရေးက ဆက်လက်ရိုက်ကူး​နေစဥ် သူတို့ဘယ်အချိန်ပြန်လာမလဲ တင်းကောက မက်ဆေ့ချ်ပို့ကာ လှမ်းမေးသည်။ ဒီနေ့ညအတွက် အနီးကပ်လေ့ကျင့်ရေးပွဲတစ်ပွဲ စီစဥ်လိုက်ရကြောင်းလည်း ပြောထားသည်။

လုပေါ်ယွမ် ခေါင်းငုံ့လျက် စာပြန်နေတုန်း လက်တစ်ဖက်က ရုတ်တရက် သူ့ပုခုံးပေါ် ရောက်လာသည်။

ရင်းနှီးသည့်အသံတစ်သံကလည်း ပေါ်ထွက်လာ၏။

“ဓါတ်ပုံရိုက်ရတဲ့သူက Softမဟုတ်ဘူးလား? ဘာလို့ မင်းကပါဒီရောက်နေတာလဲ?”

လုပေါ်ယွမ်က မော့ပင်မကြည့်။ ခုဏကဆိုင်းဘုတ်ကိုသာ နောက်တစ်ကြိမ် ညွှန်ပြလိုက်သည်။

အသစ်ဝင်လာသူကပြောသည်။

“ဟ ငါကဝန်ထမ်းတွေကိုတောင် နှုတ်ဆက်ပြီးပြီ။ ငါတို့လည်း ဘေးကစတူဒီယိုမှာ ဓါတ်ပုံလာရိုက်တာ”

တင်းကောဆီ စာပြန်ပြီးကာမှ လုပေါ်ယွမ်က ခေါင်းမော့လာခဲ့သည်။ ထို့နောက် ဆံပင်တွေကိုဂျယ်ဖြင့် ပုံသွင်းထားသည့် XIUကိုမြင်လိုက်ရပြီး ရွံသွားသဖြင့် မျက်မှောင်ပါကျုံ့မိသွားသည်။

“မင်းတို့စတူဒီယိုမှာ hair gelတွေ အလကားရလို့လား?”

XIUက မိတ်ကပ်လိမ်းထားရင် ပိုချောတယ်ဟု ကိုယ့်ဘာသာခံစားရသည်ကြောင့် မိတ်ကပ်လည်း မဖျက်ရသေးပေ။ Saviorကလည်း သူ့နောက်တွင်ရပ်နေသည်။ Saviorမှာ ပါးဖောင်းဖောင်းတွေရှိသော်လည်း ခန္ဓါကိုယ်ကမဝချေ။ လတ်တလောတွင် သူက အမည်းရောင်ကိုင်းနှင့်မျက်မှန်ကို တပ်ထားပြီး သူ့ပုံစံက ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ထက် ကျောင်းဆင်းပြီးနောက် အပြင်လျှောက်သွားနေသည့် ထိပ်တန်းကျောင်းသားတစ်ယောက်နှင့် ပိုတူသည်။

“ဒီပုံစံနဲ့ ငါကသောက်ရမ်းချောနေတော့ ပြန်ရောက်မှပဲ မိတ်ကပ်ဖျက်တော့မလို့”

XIUက မလှမ်းမကမ်းမှ ကျန်းရုန်ကို လှမ်းကြည့်လိုက်သည်။

“မင်းဟာက ဟုတ်ကောဟုတ်သေးရဲ့လား သူကြော်ငြာလေးရိုက်တာတောင် မင်းလိုက်ပေးရတယ်ပေါ့?”

လုပေါ်ယွမ်က သူနဲ့စကားရည်ပြိုင်လုမနေချင်ပေ။

“ရိုက်ကူးရေးပြီးတာမပြန်ပဲ ဒီမှာဘာလာရှုပ်နေတာလဲ”

“ငါတို့ အစကတော့ ညစာသွားစားကြတော့မလို့ပဲ။ ဒါပေမယ့် ကျန်းရုန် ဒီမှာရှိတယ်လည်းကြားရော Saviorကလာချင်နေတာနဲ့”

XIUက ခေါင်းတစ်ခါခါနှင့် စုပ်သပ်လိုက်သည်။

“မင်းလည်းသိတဲ့အတိုင်း ကျန်းရုန်မှာက နတ်ဘုရားပေါက်စနအရှိန်အဝါတွေအပြည့်လေ မထူးဆန်းပါဘူး မင်းတောင်ကြိုက်…..”

ပြောနေရင်းမှ သူတို့ဘေးမှာ အခြားတစ်ယောက်ရှိနေသည်ကို သတိရလိုက်ပြီး လုပ်ချောင်းလေးဆိုးကာ စကားလွှဲလိုက်ရသည်။

“မထူးဆန်းပါဘူး သူ့မှာမိန်းကလေးဖန်တွေများတာ”

လုပေါ်ယွမ်က PUDရဲ့Mid Lanerအသစ်ဆီ အကြည့်တစ်ချက်ပို့ပြီးမှ XIUကိုကြည့်လိုက်သည်။

“သူ့ရဲ့Livestreamထဲမှာတော့ ယောကျာ်းတွေချည်းပဲ”

“သောက်ရေးမပါတာ”

XIUကပြောသည်။

“သူတို့ကိုယ်သူတို့ အဖေ အဖေ လို့ခေါ်နေတာနဲ့ပဲ ယောကျာ်းတွေလို့ မင်းကထင်တာလား? WFတွေရဲ့ပရိုဖိုင်တွေ ဝင်မကြည့်ဖူးဘူးလား? သူ့ရဲ့မိန်းကလေးဖန်တွေကလည်း သူတို့ကိုယ်သူတို့ အဖေလို့ခေါ်ကြတာ”

လုပေါ်ယွမ်က အကြည့်ပြန်လွှဲသွားသည်။ WFတွေရဲ့ပရိုဖိုင်ကို ဝင်ကြည့်ဖို့လည်း စိတ်မဝင်စားချေ။

တစ်ဖက်မှာတော့ ဓါတ်ပုံဆရာက သူ့ရဲ့ကင်မရာကို ပင့်တင်လိုက်သည်။

“ပြုံးထားမယ် ဟုတ်ပြီ ချိုးချိုး တော်တယ်! Soft မင်းလည်းပြုံးမယ်…”

ကျန်းရုန် စတူဒီယိုထဲမှ လူတစ်စုကို လှမ်းမြင်လိုက်ရသည်။ လုပေါ်ယွမ်က PUDအသင်းသားတွေနဲ့ ဘေးချင်းယှဥ်ရပ်နေပြီး XIUကတော့ လုပေါ်ယွမ်၏ပုခုံးပေါ် လက်တင်ထားပြီး ပူးကပ်ကာ ရပ်နေလေသည်။

တကယ်တော့ ဒီလိုပုခုံးဖက်သည်က သာမန်သူငယ်ချင်းတွေကြားတွင် တွေ့ရလေ့ရှိသည့် ပုံစံမျိုးဖြစ်သည်။

“ပြုံးမယ် Soft”

ဓါတ်ပုံဆရာက ကင်မရာကို ပြန်ချလိုက်သည်။

“Softရေ”

ကျန်းရုန် သတိပြန်ဝင်လာပြီး ပြုံးပြလိုက်၏။

ဓါတ်ပုံဆရာ : “….နည်းနည်းလောက် စိတ်ပါလက်ပါပြုံးမယ်”

ကျန်းရုန် နှုတ်ခမ်းထောင့်ကို ပိုပြီးခပ်မြင့်မြင့် မြှောက်ပေးလိုက်သည်။

ဓါတ်ပုံဆရာ : “အဲ….မင်းပြုံးတာ နည်းနည်းကြောက်ဖို့ကောင်းသွားပြီ နည်းနည်းလျှော့ပါဦး”

ရိုက်ကွင်းတစ်ခုတည်းနဲ့ပင် ကျန်းရုန်မှာ ပြုံးရလွန်းလို့ ပါးစပ်ပင်တောင့်နေတော့သည်။

ရိုက်ကူးရေးပြီးသွားသည့်အချိန် XIUတို့ကရှိနေဆဲဆိုပေမယ့် လုပေါ်ယွမ်ကိုတော့ ပုခုံးဖက်မထားတော့ချေ။

“ရိုက်လို့ပြီးပြီလား? ပင်ပန်းသွားပြီ ပင်ပန်းသွားပြီ”

XIUက ပြုံးဖြီးဖြီးနဲ့ ပြောပြီးတော့မှ ကျန်းရုန်ရဲ့အမူအရာကို မြင်လိုက်ရသည်။

“ဘာလဲ? အလှပဂေးမင်းသမီးနဲ့ ကြော်ငြာရိုက်ရတာတောင် မပျော်ဘူးလား?”

XIUနဲ့ယွမ်ချန်းက တစ်နေရာတော့ အရမ်းကိုတူသည် : အလွန်တရာ ရင်းနှီးချင်ယောင်ဆောင်တတ်​လေသည်။

ကျန်းရုန် : “အင်း”

ပျော်တာလား မပျော်တာလား မသဲကွဲ။

“မင်းပြီးပြီလား?”

လုပေါ်ယွမ်က ကိုယ်ကိုမတ်လိုက်သည်။

“ပင်ပန်းနေပြီလား?”

ကျန်းရုန်က နှုတ်ခမ်းကိုသပ်လိုက်ပြီး ပြန်​ဖြေသည်။

“ပြုံးရလွန်းလို့ပင်ပန်းသွားပြီ”

“ဒါဆိုပြန်ရအောင်”

လုပေါ်ယွမ်က မိတ်ကပ်ဆရာကို လှမ်းခေါ်ကာ ပြောလိုက်သည်။

“ဟယ်လို အဆင်ပြေမယ်ဆိုရင် သူ့မိတ်ကပ်ကိုဖျက်ပေးလို့ရမလား”

မိတ်ကပ်ဆရာက ဇဝေဇဝါဖြစ်သွားသည်။

“အယ် ဖျက်ပေးလို့ကရပေမယ့် မင်းရောဖျက်ချင်လား? ဒီပုံစံနဲ့အရမ်းချောတာပဲဟာ ဒီတိုင်းပြန်သွားပါလား။ ထူထူကြီးလိမ်းပေးထားတာမဟုတ်တော့ ဒီလိုလိမ်းထားပြီး အပြင်ထွက်လို့ရပါတယ်”

“ဖျက်ပေး”

ကျန်းရုန်က နှစ်ခါပင်မစဥ်းစား။

“အခုဖျက်ပေး”

ကျန်းရုန်က မိတ်ကပ်ဆရာနှင့် အတူပါသွားသည်။ XIUက သူ့ရေဘူးထဲမှရေကို မော့သောက်​နေ၏။

“ကြည့်မနေနဲ့တော့ ဟိုကအခန်းထဲတောင်ဝင်သွားပြီ”

လုပေါ်ယွမ်က အကြည့်ကိုပြန်ရုတ်လိုက်သည်။

“ဘာလို့ရှိနေသေးတာလဲ? ပြန်မလေ့ကျင့်ကြဘူးလား?”

“ငါတို့က လေ့ကျင့်ရေးပွဲပြီးမှ ထွက်လာကြတာ။ တစ်ညလုံးအေးဆေးပဲ လောစရာမလိုပါဘူး”

XIUကပြောသည်။

“ညစာအတူစားကြမလား?”

“နောက်နေ့မှပေါ့”

လုပေါ်ယွမ်ကငြင်းလိုက်သည်။

“ဒီညငါတို့မှာလေ့ကျင့်ရေးပွဲရှိသေးတယ်”

“ကောင်းပြီလေ။ မင်းရဲ့Wechatဆိုတာ….”

XIUက သူ့ရဲ့Mid Lanerကို ပြောလိုက်ပြီးမှ သူ့ဘေးမှာလူမရှိတော့မှန်း သဘောပေါက်သွား၏။

“……သူဘယ်ရောက်သွားတာလဲ??”

မိတ်ကပ်ခန်းထဲတွင်ဖြစ်သည်။ ကျန်းရုန်က မျက်လုံးမှိတ်ထားပြီး မိတ်ကပ်ပြင်ဆရာ သူ့မျက်နှာပေါ်လုပ်သမျှကို ငြိမ်ခံနေသည်။

သူ့အနောက်မှ ခြေသံတွေ ထွက်ပေါ်လာ၏။ ကျန်းရုန် မျက်လုံးဖွင့်ပြီး မကြည့်ရသေးခင်မှာပဲ တစ်ဖက်လူက မေးလာသည်ကို ကြားလိုက်ရသည်။

“ဘာလို့ ကွီးယားချာဗာမှာ မကစားတော့တာလဲ?”

ကျန်းရုန် မျက်မှောင်ကျုံ့မိသွားသည်။ တစ်ဖက်လူ ဘာပြောသွားသည်ဆိုတာ အတော်ကြာအောင် စဥ်းစားယူလိုက်ရသည်။

ကျန်းရုန်မှာ မျက်လုံးဖွင့်ကြည့်ရန်ပင် အလုပ်ရှုပ်ခံမနေတော့။

“ဘာလို့ ငါက ကိုရီးယားဆာဗာမှာ ကစားရမှာလဲ”

ကိုရီးယားဆာဗာ၏ tierအမြင့်ပိုင်းတွေတွင် ပရော်ဖက်ရှင်နယ်ကစားသမားတွေ အချင်းချင်း ကားချင်းတိုးမိရန် လွယ်လေသည်။

သို့သော်လည်း ကျန်းရုန်က ပြည်တွင်းဆာဗာမှာပဲ ဆက်ကစားနေသည်ကြောင့် Saviorမှာ ကျန်းရုန်နဲ့ မဆုံနိုင်တော့ပေ။

“သူတို့တွေလည်း ကွီးယားချာဗာမှာ ကစားကြတာပဲလေ”

Saviorကပြောသည်။

“ပြည်တွင်းချာဗာက မကောင်းဘူး trollတွေများတယ်”

ကျန်းရုန်က ပျင်းပျင်းရိရိနှင့် “အင်း”ဟု ပြန်ပြောလိုက်သည်။

“နာလည်း သူတို့ထဲကတျောက်ပဲ”

Savior : “……”

Saviorက ကိုရီးယားလိုတစ်ခုခုပြောပြီးမှ ဘာသာပြန်ပေးမယ့်သူမရှိမှန်း သတိရသွားပြီး ခက်ခက်ခဲခဲနှင့် သူပြောချင်တာတွေကို ပြောရသည်။

“နာမင်းကိုချချင်တယ်”

မိတ်ကပ်ပြင်ဆရာ : “……”

ကျန်းရုန် မျက်လုံးဖွင့်လိုက်သည့်အချိန် လုပေါ်ယွမ်နှင့် XIUကလည်း မိတ်ကပ်ခန်းထဲကို လျှောက်ဝင်လာချိန်နှင့် ကွက်တိကျသွားသည်။

ကျန်းရုန်က XIUကိုလှမ်းကြည့်လိုက်၏။

“ကိုရီးယားလိုပြောတတ်လား? ကျွန်တော် သူ့ကိုပြောနေတာတော်တော်ကြာနေပြီ တစ်လုံးမှနားမလည်လို့”

Saviorကလည်း XIUအား မျက်မှောင်ကျုံ့လျက် နားမလည်နိုင်သည့်မျက်နှာအမူအရာနှင့် ပြန်ကြည့်နေသည်။

XIU : “ပြောတာတော့မပြောတတ်ဘူး။ ဒါပေမယ့် ငါတို့ဟိုကိုပြန်ရောက်ရင်တော့ ဘာသာပြန်နဲ့ပြန်ပြောပေးလို့ရတယ် မင်းပြောချင်တာတွေ ငါ့ကိုပြောလိုက်လေ”

“လွန်ခဲ့တဲ့၂နှစ်တုန်းက မင်းကို Solo killခဲ့တာ နှစ်ကြိမ်ရယ် 48မှတ်ပဲမင်းဆီကယူခဲ့တာ အဲ့လောက်ထိ ငါ့ကိုအညှိုးအတေးထားပြီး မှတ်ထားဖို့ လိုလို့လား? ဒီတစ်လော ပြည်တွင်းဆာဗာရဲ့လေထုကို သန့်ရှင်းရေးလုပ်ပေးနေတာနဲ့ အလုပ်များနေလို့ မင်းတို့ကိုရီးယားဆာဗာကိုသွားပြီး ငနု(noob)လေးတွေကို အနိုင်မကျင့်နိုင်သေးဘူး။ မင်းအဲ့လောက်အရိုက်ခံချင်နေရင်လည်း အလျင်လိုစရာမလိုပါဘူး လာမယ့်စနေနေ့ကျရင် ထွက်ပြေးချင်ရင်တောင် ပြေးလို့မရတော့ဘူး။ တရုတ်-ကိုရီးယားချစ်ကြည်ရေး အဓွန့်ရှည်ပါစေ”

ကျန်းရုန် ထိုစကားတွေ အားလုံးပြောပြီးသည့်နောက် ပြန်စစ်ဆေးလိုက်သေးသည်။

“ကျွန်တော်တို့နဲ့ ခင်များတို့အသင်းပြိုင်မှာ လာမယ့်စနေမလား? ဟုတ်ပြီ ဒါဆို ကျွန်တော်ပြောလို့ပြီးပြီ။ ဘာသာပြန်ပေးဖို့ မေ့မနေနဲ့ဦးနော်။ ပထမအပိုဒ်ကို တတ်နိုင်သမျှ တစ်ထပ်တည်းဖြစ်အောင်ပြန်ပေး ဒုတိယအပိုဒ်ကတော့ အရေးသိပ်မကြီးဘူး”

XIU : “……”

XIUမှာပြောလိုက်ချင်သည် : ဒီလိုစကားမျိုးတွေကို မင်းရဲ့အသင်းခေါင်းဆောင်ကိုပဲ ဘာသာပြန်ခိုင်းပါလား မင်းရဲ့ခေါင်းဆောင်က ကိုရီးယားလိုအသေကျွမ်းတာ

သို့သော်လည်း လုပေါ်ယွမ်ကတော့ ဘာသာပြန်ပေးဖို့စိတ်ကူး လုံးဝမရှိပုံပင်။

ဒီခရီးမှာ TTC၏Junglerနှင့် Mid Lanerအပြင် ဘယ်သူမှပါမလာချေ။ ကျန်းရုန်က သူ့ရဲ့လွယ်အိတ်ကိုကောက်ကိုင်လိုက်ပြီး လုပေါ်ယွမ်ကတော့ ‘သွားပြီ စနေနေ့မှတွေ့မယ်’ဟု ပေါ့ပေါ့ပါးပါးပင် နှုတ်ဆက်ကာ စတူဒီယိုကို တစ်ချက်မှလှည့်မကြည့်ပဲ နှစ်ယောက်သား ထွက်သွားတော့သည်။

Baseဆီ ကားနှင့်ပြန်လာစဥ် ကျန်းရုန်က ကားပြတင်းပေါက်ဘောင်ပေါ် တံတောင်ဆစ်ကိုတင်ကာ အပြင်ဘက်မှ မှုန်ပျပျကောင်းကင်ကို ငေးကြည့်နေမိသည်။ ရိုက်ကွင်းမှာဖြစ်ခဲ့သည့်ကိစ္စအား သူတွေးနေမိသည်မှာ သူ့အတွေးတွေက တိမ်တွေရှိရာဆီ မျောလွင့်သွားသည့်အတိုင်း။

ချိုးချိုးကို သူကြိုက်လားလို့မေးတဲ့ လုပေါ်ယွမ်ရဲ့အဓိပ္ပါယ်က ဘာဖြစ်မလဲ….

ချိုးချိုးကလှလားလို့လည်း ကျန်းရုန်ကို မေးသေးတယ်။

WFတွေပြောဖူးသည့် ချိုးချိုးက ဂိမ်းလောကရဲ့နတ်ဘုရားမဆိုသည့် စကားကိုလည်း ကျန်းရုန် အမှတ်ရလိုက်သည်။ ကစားသမားတော်တော်များများလည်း သူ့ကိုကြိုက်ကြတယ်တဲ့။

ချိုးချိုးကတကယ်ကိုလှသည်။ သူမမှာ အသံချိုချိုလေးလည်းရှိပြီး သူမရဲ့နယ်ပယ်မှာလည်း အောင်မြင်သည်။ သူမကငယ်ရွယ်ပြီး ကိုယ်ကျင့်တရားလည်း ကောင်းပုံပေါ်၏။

လုပေါ်ယွမ်က ၂၃နှစ်ဖြစ်ပြီး ဒီအသက်အရွယ်မှာ ချစ်သူထားချင်သည်ဆိုလျှင်……တကယ်ကို ဆီလျော်ပြီး ပုံမှန်ပင်ဖြစ်သည်။

ကျန်းရုန်က မျက်လွှာချကာ အစောပိုင်းက မိတ်ကပ်ပြင်ဆရာပေးလိုက်သည့် သကြားလုံးကို တခွက်ခွက်မြည်အောင် ကြိတ်ခွဲနေမိသည်။

သူတို့Baseဆီပြန်ရောက်လာတော့ နားနေခန်းထဲမှထွက်လာသည့် ရှောင်ပိုင်နှင့် ထိပ်တိုက်တိုးလေသည်။

“မင်းပြန်လာပြီလား! ဘာလို့တစ်ယောက်မှ ငါ့မက်ဆေ့ချ်တွေကို စာမပြန်တာလဲ? ငါ့အတွက် ချိုးချိုးရဲ့Wechatရော ယူလာခဲ့လား?”

ကျန်းရုန်၏မျက်နှာကို ရှောင်ပိုင်မြင်လိုက်ချိန်မှာတော့ သူချက်ချင်းတိတ်သွားတော့သည်။

“မေ့ခဲ့တယ်”

ကျန်းရုန်က သူ့ဂျက်ကတ်ကို ချွတ်လိုက်သည်။

“လေ့ကျင့်ရေးပွဲကဘယ်အချိန်လဲ?”

ရှောင်ပိုင် : “……နာရီဝက်လောက်လိုသေးတယ်”

ကျန်းရုန်က သူ့ကို နောက်ထပ်မကြည့်တော့ပဲ အပေါ်ထပ်ကို တက်သွားလေသည်။

“ဒါဆိုရေသွားချိုးလိုက်ဦးမယ်”

ကော်ဖီခွက်ကိုကိုင်ထားရင်း ကျန်းရုန် အပေါ်တက်သွားသည်အထိ စောင့်နေပြီးမှ ရှောင်ပိုင်က လုပေါ်ယွမ်ကို ကပ်မေးတော့သည်။

“ကော သူဘာဖြစ်လာတာလဲ?”

လုပေါ်ယွမ် : “?”

“သူအခု Esportလောကရဲ့နံပါတ်တစ်အလှလေးနဲ့ ကြော်ငြာသွားရိုက်လာတာ မဟုတ်ဘူးလား?”

ရှောင်ပိုင်ကမေးခွန်းထုတ်သည်။

“သူ့ပုံစံကြည့်ရတာ အပြင်မှာရန်ဖြစ်လာသလိုကြီး အဲ့ဒါထက် သူရှုံးလာတဲ့ပုံနော်”

“ငါတို့PUDနဲ့တွေ့ခဲ့သေးတယ်”

လုပေါ်ယွမ်က လိုရင်းတိုရှင်းပြောပြပြီး နားနေခန်းဆီ ဆက်သွားလေသည်။

သူကော်ဖီဖျော်ပြီးသွားသည့်နောက် ခေါင်းစောင်းကာ လှည့်မေးလိုက်သည်။

“ပြောစရာရှိလို့လား?”

ရှောင်ပိုင်က ကော်ဖီခွက်ကို လက်နဲ့စုကိုင်လိုက်သည်။ သူက နောက်ကိုလှည့်ကြည့်လိုက်ပြီး ကျန်းရုန် ပြန်မရောက်သေးတာ သေချာတော့မှ တိုးတိုးလေးပြောပြလာသည်။

“ကော ကျွန်တော်တစ်ခုသိထားတယ်”

လုပေါ်ယွမ်က သူဆက်ပြောလာမှာကို တိတ်တဆိတ် စောင့်နေလိုက်သည်။

“StarTVကပဲ Streamerတစ်ယောက်လေ”

ရှောင်ပိုင်ကပြောသည်။

“အဲဒီStreamerက……ကျန်းရုန်ကို ဆက်တိုက်အတုခိုးနေတာ။ ဒီညနေတုန်းကတောင် ကျန်းရုန်ရဲ့WFတွေနဲ့ ပွဲဖြစ်သေးတယ်။ ဒီအကြောင်း ကျန်းရုန်ကိုမပြောရဲလို့…..”

ရေပန်းအောက်မှာ အချိန်အတော်ကြာအောင် ကျန်းရုန် ရပ်နေမိသည်။ အချို့အကြောင်းပြချက်တွေကြောင့် သူဒေါသထွက်နေမိသည်။

ကျန်းရုန်မှာ ဆံပင်ကို hair dryerဖြင့် လေမှုတ်တတ်သည့်အကျင့် မရှိပေ။ ရေချိုးခန်းထဲမှ ထွက်ပြီးသည့်နောက် ဆံပင်တွေကို ပုဝါဖြင့် သာမန်ကာလျှံကာ အကြိမ်အနည်းငယ်သုတ်လိုက်ပြီး ခြောက်ပြီဟု သတ်မှတ်လိုက်တော့သည်။

အဝတ်အစားဝတ်ပြီး အခန်းထဲမှထွက်လာချိန်ထိ သူ့ဦးနှောက်ထဲမှာ ထိုအကြောင်းကို တွေးနေမိဆဲ။

ရည်းစားထားတာကပုံမှန်ပင်။ ချန်ကောမှာလည်း ကောင်မလေးရှိပြီး လေ့ကျင့်ရေးကိုလည်း မထိခိုက်ပေ။ အဲဒီStreamerအစ်မကလည်း အရမ်းကောင်းပြီး ညလယ်စာမုန့်တွေလည်း သူတို့စားဖို့ ပို့ပေးတတ်သေးတယ်။

လုပေါ်ယွမ်ကလည်း ရည်းစားစထားသည်နှင့် အနားယူသွားမှာမဟုတ်သလို သူတို့တွေ အတူပြိုင်ပွဲဝင်နိုင်သေးသည်။

သူတို့နှစ်ယောက်က အသင်းဖော်တွေ ဖြစ်နေဦးမည်သာ။

အကယ်၍ တစ်နေ့နေ့မှာ လုပေါ်ယွမ် အနားယူသွားရင်တောင် တစ်ခါတစ်လေ အတူတွဲကစားနိုင်ဦးမည်။

သူ့အသက်(၁၃)နှစ်ကတည်းက လုပေါ်ယွမ်နှင့်အတူ ဘေးချင်းယှဥ်ထိုင်ပြီး ပြိုင်ပွဲဝင်နိုင်ဖို့ အိမ်မက်မက်ခဲ့ရသည်။

အခုချိန်မှာဆိုလျှင် သူအသင်းဆီဝင်လာနိုင်သည်သာမက လုပေါ်ယွမ်က သူ့ကိုအများကြီးမျှော်လင့်ထားပြီး အသင်းဆီပင် ထောက်ခံပေးခဲ့သေးသည်။

လုပေါ်ယွမ်က သူ့Livestreamတွေကိုတောင် ကြည့်သည်။ ရှောင်ပိုင် ဒီလိုဆက်ဆံခံရလား? ချန်ကောနဲ့Pineရော ဒီလိုဆက်ဆံခံရလို့လား?

ဟင့်အင်း! သူပဲဒီလိုဆက်ဆံခံရတာ!

ကျန်းရုန်ရဲ့အတွေးတွေက နယ်ပယ်လွဲကုန်လေသည်။  ကျန်းရုန်ကိုယ်တိုင်ကလည်း သူ့အတွေးတွေ လမ်းချော်ကုန်မှန်း လုံးဝသတိမထားမိချေ။

သူ့ကိုယ်သူ ရှင်းပြပြီးသည့်နောက် ကျန်းရုန်က လေ့ကျင့်ရေးတံခါးကို ဆွဲဖွင့်လိုက်တော့ လုပေါ်ယွမ်၏ လင်းထိန်နေသည့်ကွန်ပျူတာမျက်နှာပြင်ကို တန်းမြင်လိုက်ရသည်။ လုပေါ်ယွမ်က နေရာမှာရှိမနေပေ။ သို့သော် ကွန်ပျူတာမှာတော့ Livestreamတစ်ခုကို ဖွင့်ထားသည်။

ကျန်းရုန် ကွန်ပျူတာရှေ့တွင် ထိုင်လာသည်မှာ နှစ်နဲ့ချီနေပြီဖြစ်သော်လည်း သူ့ရဲ့အမြင်အာရုံကတော့ အလွန်တရာကိုကောင်းသည်။

လုပေါ်ယွမ်ဖွင့်ထားသည့် Livestreamထဲ၌ LoLကစားနေသည့် သင်္ဘောသားဝတ်စုံ ဆံပင်အပြာရောင်နှင့် မျက်နှာစိမ်းတစ်ယောက်အား မြင်လိုက်ရသည်။

ထိုအခိုက်အတန့်၌ ကျန်းရုန်မှာ ဖုန်းကိုပင် ကြမ်းပြင်ပေါ် ပေါက်ခွဲချင်သွားသည်။

_____

Translator Note :

Savior​ပြောတဲ့ 'ချချင်တယ်'ဆိုတာ တကယ်​တော့ ရိုက်တာပုတ်တာကို​ပြောတာမဟုတ်ပဲ အတူကစားချင်တယ်လို့​ပြောတာပါ သူစကားတစ်ခါ​ပြောတိုင်း ရယ်လည်းရယ်ချင် သနားလည်းသနား🤣

(Zawgyi)

  ရည္းစားထားတာပုံမွန္ပါပဲ

​ေၾကာ္ျငာ႐ိုက္ကူး​ေနသည္က စုံတြဲကီးဘုတ္အမ်ိဳးအစားျဖစ္​ေသာ္လည္း သူတို႔အ​ေနနဲ႔ ဓါတ္ပုံထဲတြင္ အရမ္းႀကီးပူးကပ္ျပရန္မလို​ေပ။
 
တစ္ဖက္က အႏုပညာရွင္ျဖစ္ကာ အျခားတစ္ဖက္ကလည္း Esport​ေလာကရဲ႕ နတ္ဘုရား​ေပါက္စ ျဖစ္​ေနသည္မို႔ ဘယ္လို​ေၾကာင့္ျဖစ္ျဖစ္ အရမ္းႀကီးရင္းႏွီးသည့္ပုံစံ​ေပၚ​ေအာင္ ႐ိုက္ကူး၍မရ​ေခ်။
 
ဓါတ္ပုံ႐ိုက္ကူး​ေရး၏ အဓိကဆိုလိုရင္း (Theme)က ဂိမ္းအတူကစား​​ေနသည့္ လူႏွစ္​ေယာက္ကို အ​ေျခခံထားသည္။ သူတို႔ႏွစ္​ေယာက္ ႐ိုက္ကူးရသည့္ အနီးကပ္ဆုံးအ​ေနအထားက ကြန္ပ်ဴတာ​ေရွ႕မွာ ပုခုံးခ်င္းယွဥ္ထိုင္ရသည့္အခန္းႏွင့္ အိတ္တစ္ခုထဲကို လက္အတူထည့္ရသည့္အခန္းပင္။
 
က်န္း႐ုန္က ဝန္ထမ္း​ေတြသူ႔အတြက္ျပင္​ေပးထားသည့္ gaming chair​ေပၚတြင္ ထိုင္​ေန၏။ မလွမ္းမကမ္းမွာ​ေတာ့ လု​ေပၚယြမ္​ေဘးတြင္ ဝန္ထမ္းမ်ား ဝိုင္းဝိုင္းလည္​ေန​ေလသည္။ အလုပ္ၿပီးသြားၾကသည့္ ​​ေယာက်ာ္း၊မိန္းမ ဝန္ထမ္းအစုံက သူ႔ဆီမွ လက္မွတ္​ေတာင္း​ေနၾကသည္။ လု​ေပၚယြမ္က ​ေခါင္းငုံ႔လ်က္ ဝန္ထမ္း​ေတြကို စကား​ေျပာ​ေနၿပီး ​ဦးထုပ္လွ်ာကလည္း မ်က္ႏွာကိုကြယ္ထားသည္​ေၾကာင့္ သူ႔မ်က္ႏွာအမူအရာ ဘယ္လိုရွိသည္ကို​ေတာ့ သဲသဲကြဲကြဲ မျမင္ရ​ေခ်။
 
ခ်ိဳးခ်ိဳးက မိတ္ကပ္ကိုျပန္လည္ျပင္ဆင္ၿပီး​ေနာက္ ျပန္​ေရာက္လာ၏။ သူမကလွည့္ၾကည့္ၿပီး ​ေမးလာသည္။
 
“ဒီ​ေန႔ၿပိဳင္ပြဲမရွိဘူးလား?”
 
က်န္း႐ုန္က ​​ေအး​ေဆးပင္ ျပန္​ေျဖလိုက္သည္။
 
“မရွိဘူး”
 
႐ိုက္ကူး​ေရးက ျပန္မစ​ေသး​ေပ။ ဓါတ္ပုံဆရာက ​ကားဆြဲသမား(​ေနာက္ခံအျပင္အဆင္ဝန္ထမ္း)​ေတြအား ​ဇာတ္ဝင္ပစၥည္း​ေတြကို အနည္းငယ္ အ​ေျပာင္းအလဲလုပ္ခိုင္း​ေနသည္။
 
“ငါနင့္ရဲ႕Livestream​ေတြကိုၾကည့္လာတာၾကာၿပီ”
 
ခ်ိဳးခ်ိဳးက​ေျပာသည္။
 
“၂ႏွစ္​ေလာက္​ေတာင္ရွိ​ေတာ့မယ္မလား? အဲ့ဒီတုန္းက ငါ《သံစဥ္မဲ့​ေသာ》႐ိုက္​ေနတုန္း​ေလ”
 
က်န္း႐ုန္က ​ေငးငိုင္​ေနဆဲ။ သူက အသက္မပါစြာနဲ႔ ျပန္​ေျဖလာသည္။
 
“​ေက်းဇူး”
 
ခ်ိဳးခ်ိဳးက သူ႔ကိုၾကည့္ကာ တစ္ခစ္ခစ္ရီ၏။
 
“အခုတစ္​ေခါက္မတိုင္ခင္က​ေရာ ငါဘယ္သူဆိုတာနင္သိလား”
 
“မသိဘူး”
 
ခ်ိဳးခ်ိဳး၏ဆံပင္ကို ျပန္ျပင္​ေပး​ေနသည့္ဝန္ထမ္းမွာ တုံ႔ခနဲရပ္သြားၿပီး က်န္း႐ုန္ကို တအံ့တၾသ ၾကည့္လာ​ေလသည္။
 
ခ်ိဳးခ်ိဳး ပါဝင္႐ိုက္ကူးထားသည့္ ဇာတ္ကားအမ်ားအျပားမရွိ​ေပမယ့္လည္း သူမ၏တစ္ခုတည္း​ေသာ႐ုပ္ရွင္ကပင္ အ​ေကာင္းဆုံးမင္းသမီးဆုကို ဆြတ္ခူးႏိုင္ခဲ့သည္။ ထို႔​ေၾကာင့္ သူမရဲ႕​ေက်ာ္ၾကားမႈက အရမ္းျမင့္​ေလသည္။
 
ဝန္ထမ္း : “မႏွစ္က ခ်ိဳးခ်ိဳးက မင္းတို႔အသင္းရဲ႕ၿပိဳင္ပြဲကိုသြားၿပီး ဂိမ္း​ေတာင္ကစားခဲ့​ေသးတယ္​ေလ”
 
“ကြၽန္​ေတာ္ကဒီႏွစ္မွာLPLဆီ​ေရာက္လာတာ”
 
က်န္း႐ုန္က နည္းနည္းစဥ္းစားလိုက္ၿပီးမွ ထပ္​ေျပာလိုက္သည္။
 
“ဇာတ္ကား​ေတြလည္းမၾကည့္ျဖစ္လို႔”
 
ဝန္ထမ္း : “…….”
 
ဒီႏွစ္မွLPLဆီ​​ေရာက္ရင္​ေတာင္ ၿပိဳင္ပြဲ​ေတြရဲ႕တိုက္႐ိုက္ထုတ္လႊင့္မႈ​ေတာ့ ၾကည့္မွာပဲမဟုတ္ဘူးလား?
 
ဇာတ္ကား​ေတြမၾကည့္ရင္​ေတာင္မွ Weiboကhot search​ေတြထဲမွာ​ေရာ မ​ေတြ႕ဖူးဘူးလား?
 
မင္းက ဂိမ္းပဲစြဲလန္း​ေနတဲ့အိုတာခုမို႔လို႔လား? ဒါမွမဟုတ္ ​ေတာင္ထိပ္​ေပၚက ဂူ​ေအာင္းလူသားမို႔လို႔လား?
 
ခ်ိဳးခ်ိဳးက​ေတာ့ အို႔တို႔အန္းတန္းပင္ျဖစ္မသြား။ အၿပဳံး​ေတြကပင္ ပိုၿပီးနက္ရႈိင္းသြားသည္။
 
“သိၿပီ…..ဒါနဲ႔ ဘာလို႔Roadကိုပဲၾကည့္​ေနတာလဲ? ​ေျပာစရာတစ္ခုခုရွိလို႔လား?”

က်န္း႐ုန္ ခ်က္ခ်င္းပဲ အၾကည့္လႊဲလိုက္မိသည္။ ထို႔​ေနာက္ မ်က္လႊာခ်လိုက္ၿပီး သူ႔​ေရွ႕ရွိကီးဘုတ္မွခလုတ္​ေတြကို ​ေလွ်ာက္ႏွိပ္လိုက္၏။ သူခိုးလူမိျဖစ္သြားသည္​ေၾကာင့္ ​ေလသံကပါမာသြား​ေလသည္။
 
“မရွိဘူး”
 
လု​ေပၚယြမ္ ဝန္ထမ္း​ေတြအတြက္ လက္မွတ္ထိုး​ေပးၿပီးခ်ိန္ က်န္း႐ုန္ႏွင့္ ထိုအႏုပညာရွင္​ေကာင္မ​ေလး စကား​ေျပာ​ေနသည္အား ျမင္လိုက္ရသည္။
 
က်န္း႐ုန္က မ်က္လႊာခ်လ်က္ စကား​ေျပာ​ေနၿပီး တက္ႂကြမ​ေန​ေပ။ စကား​ေျပာ​ေနရင္း က်န္း႐ုန္က နားကိုလက္နဲ႔လွမ္းကိုင္လိုက္​ေသးသည္။
 
မိန္းက​ေလးတစ္​ေယာက္က သူ႔​ေရွ႕မွျဖတ္သြားသည္။ ထိုမိန္းက​ေလးက ဖုန္းကို လက္ႏွစ္ဖက္ႏွင့္စုကိုင္ထားတာ ဖုန္းတစ္ဖက္ျခမ္းမွလူကို တိုးတိုး​ေလး​ေျပာျပ​ေနသည္။ သူမရဲ႕မ်က္လုံး​ေတြက​ေတာ့ ႐ိုက္ကူး​ေရး​ေနရာဆီတြင္ ​ေက်ာက္ခ်ထား​သည္။
 
“Softကငါတို႔​ေဘးကစတူဒီယိုမွာ ဓါတ္ပုံ႐ိုက္​ေနတာသိလား! ငါအခုခိုးဝင္လာတာ! ငါ့အလုပ္ကို​ေျပာတာလား? သူတို႔က ႐ိုက္ကူး​ေရး​ေတာင္ၿပီး​ေတာ့မယ္….ငါကမိတ္ကပ္ဆရာရဲ႕လက္​ေထာက္ပဲဟာကို ငါအဲ့မွာရွိရွိမရွိရွိ အ​ေရးမႀကီးပါဘူး မိတ္ကပ္ျပင္​ေပးရတဲ့သူကလည္း ငါမွမဟုတ္တာ။ Saviorလား? သူလည္းအရမ္းခ်စ္ဖို႔​ေကာင္းတယ္”

“ဟဲ့ Softရဲ႕တြဲဘက္ကခ်ိဳးခ်ိဳးသိလား”

“တကယ္ေျပာတာ ခ်ိဳးခ်ိဳးပါဆို….ဘာေျပာတယ္ နင့္ဘုရားမရဲ႕Imageက်မယ္ဟုတ္လား? Softကလည္း အရမ္းေခ်ာပါတယ္ေနာ္ ေကာင္မ။ သူ႔အေၾကာင္းမၾကားဖူးဘူးလား…..သူကအခုမွ LPLဆီေရာက္လာတာေလ နင္အခုေနာက္ပိုင္း အႏုပညာရွင္ေတြေနာက္ပဲ ေလွ်ာက္လိုက္ေနတာ (သေဘာက်တာ) သူ႔ကိုမသိတာျဖစ္ႏိုင္ပါတယ္။ က်စ္ နင္ငါေျပာတာကိုမယုံရင္ video callျပမယ္ ၾကည့္ၾကည့္လိုက္”

ထိုမိန္းကေလးက Wechatႏွင့္ Video callလိုက္သည္။

“နင့္မ်က္လုံးနဲ႔နင္ေသခ်ာၾကည့္ နင္ကငါေျပာတာမွမယုံတာ ငါေျပာသားပဲ သူကအရမ္းေခ်ာပါတယ္ဆို။ ေျပာရင္းနဲ႔ ခ်ိဳးခ်ိဳးနဲ႔Softက လိုက္ေတာ့လိုက္တယ္ေနာ္။ အသက္ကလည္း ႐ြယ္တူေလာက္ေလးေတြ။ နင္ေရာထင္လား သူတို႔ေတြ….”

စကားပင္မဆုံးေသး တစ္စုံတစ္ေယာက္က သူမ၏ပုခုံးကို လွမ္းပုတ္လိုက္သည္။

ေကာင္မေလးက ေၾကာင္ေတာင္ေတာင္နဲ႔ ေနာက္လွည့္ၾကည့္လိုက္ေတာ့ သူမရဲ႕ကြန္ပ်ဴတာမွWallpaperပိုင္ရွင္ႏွင့္ အၾကည့္ခ်င္းဆုံသြားေတာ့သည္။

ထိုေကာင္မေလးမွာ ၾကက္ေသေသသြားလ်က္ ဖုန္းကိုဖ်စ္ထားမိၿပီး ဖုန္းတစ္ဖက္မွ သူမသူငယ္ခ်င္း၏ ‘ဟယ္လို ဟယ္လို ဟယ္လို’ေခၚသံကိုလည္း ဂ႐ုမစိုက္အားေတာ့။

လုေပၚယြမ္က တံခါးေဘးတြင္ မတ္တပ္ရပ္ေနသည္။ ထို႔ေနာက္ သူ႔ေခါင္းေဘးရွိဆိုင္းဘုတ္အား လက္ညႇိဳးထိုးျပလာသည္။

[အျပင္လူမဝင္ရ! ဓါတ္ပုံမ႐ိုက္ရ!]

ေကာင္မေလးမွာ ဒုန္းခနဲ ရင္ေဆာင့္ခုန္သြားၿပီး လက္ထဲမွဖုန္းကို ခ်လိုက္၏။

“……………ေတာင္းပန္ပါတယ္!!”

သိပ္မၾကာခင္မွာပဲ ဝန္ထမ္းတစ္ေယာက္က သူမကိုေတြ႕သြားၿပီး အျပင္ျပန္ထြက္ေပးရန္ အေျပာခံလိုက္ရသည္။

႐ိုက္ကူးေရးက ဆက္လက္႐ိုက္ကူး​ေနစဥ္ သူတို႔ဘယ္အခ်ိန္ျပန္လာမလဲ တင္းေကာက မက္ေဆ့ခ်္ပို႔ကာ လွမ္းေမးသည္။ ဒီေန႔ညအတြက္ အနီးကပ္ေလ့က်င့္ေရးပြဲတစ္ပြဲ စီစဥ္လိုက္ရေၾကာင္းလည္း ေျပာထားသည္။

လုေပၚယြမ္ ေခါင္းငုံ႔လ်က္ စာျပန္ေနတုန္း လက္တစ္ဖက္က ႐ုတ္တရက္ သူ႔ပုခုံးေပၚ ေရာက္လာသည္။

ရင္းႏွီးသည့္အသံတစ္သံကလည္း ေပၚထြက္လာ၏။

“ဓါတ္ပုံ႐ိုက္ရတဲ့သူက Softမဟုတ္ဘူးလား? ဘာလို႔ မင္းကပါဒီေရာက္ေနတာလဲ?”

လုေပၚယြမ္က ေမာ့ပင္မၾကည့္။ ခုဏကဆိုင္းဘုတ္ကိုသာ ေနာက္တစ္ႀကိမ္ ၫႊန္ျပလိုက္သည္။

အသစ္ဝင္လာသူကေျပာသည္။

“ဟ ငါကဝန္ထမ္းေတြကိုေတာင္ ႏႈတ္ဆက္ၿပီးၿပီ။ ငါတို႔လည္း ေဘးကစတူဒီယိုမွာ ဓါတ္ပုံလာ႐ိုက္တာ”

တင္းေကာဆီ စာျပန္ၿပီးကာမွ လုေပၚယြမ္က ေခါင္းေမာ့လာခဲ့သည္။ ထို႔ေနာက္ ဆံပင္ေတြကိုဂ်ယ္ျဖင့္ ပုံသြင္းထားသည့္ XIUကိုျမင္လိုက္ရၿပီး ႐ြံသြားသျဖင့္ မ်က္ေမွာင္ပါက်ဳံ႕မိသြားသည္။

“မင္းတို႔စတူဒီယိုမွာ hair gelေတြ အလကားရလို႔လား?”

XIUက မိတ္ကပ္လိမ္းထားရင္ ပိုေခ်ာတယ္ဟု ကိုယ့္ဘာသာခံစားရသည္ေၾကာင့္ မိတ္ကပ္လည္း မဖ်က္ရေသးေပ။ Saviorကလည္း သူ႔ေနာက္တြင္ရပ္ေနသည္။ Saviorမွာ ပါးေဖာင္းေဖာင္းေတြရွိေသာ္လည္း ခႏၶါကိုယ္ကမဝေခ်။ လတ္တေလာတြင္ သူက အမည္းေရာင္ကိုင္းႏွင့္မ်က္မွန္ကို တပ္ထားၿပီး သူ႔ပုံစံက ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္ထက္ ေက်ာင္းဆင္းၿပီးေနာက္ အျပင္ေလွ်ာက္သြားေနသည့္ ထိပ္တန္းေက်ာင္းသားတစ္ေယာက္ႏွင့္ ပိုတူသည္။

“ဒီပုံစံနဲ႔ ငါကေသာက္ရမ္းေခ်ာေနေတာ့ ျပန္ေရာက္မွပဲ မိတ္ကပ္ဖ်က္ေတာ့မလို႔”

XIUက မလွမ္းမကမ္းမွ က်န္း႐ုန္ကို လွမ္းၾကည့္လိုက္သည္။

“မင္းဟာက ဟုတ္ေကာဟုတ္ေသးရဲ႕လား သူေၾကာ္ျငာေလး႐ိုက္တာေတာင္ မင္းလိုက္ေပးရတယ္ေပါ့?”

လုေပၚယြမ္က သူနဲ႔စကားရည္ၿပိဳင္လုမေနခ်င္ေပ။

“႐ိုက္ကူးေရးၿပီးတာမျပန္ပဲ ဒီမွာဘာလာရႈပ္ေနတာလဲ”

“ငါတို႔ အစကေတာ့ ညစာသြားစားၾကေတာ့မလို႔ပဲ။ ဒါေပမယ့္ က်န္း႐ုန္ ဒီမွာရွိတယ္လည္းၾကားေရာ Saviorကလာခ်င္ေနတာနဲ႔”

XIUက ေခါင္းတစ္ခါခါႏွင့္ စုပ္သပ္လိုက္သည္။

“မင္းလည္းသိတဲ့အတိုင္း က်န္း႐ုန္မွာက နတ္ဘုရားေပါက္စနအရွိန္အဝါေတြအျပည့္ေလ မထူးဆန္းပါဘူး မင္းေတာင္ႀကိဳက္…..”

ေျပာေနရင္းမွ သူတို႔ေဘးမွာ အျခားတစ္ေယာက္ရွိေနသည္ကို သတိရလိုက္ၿပီး လုပ္ေခ်ာင္းေလးဆိုးကာ စကားလႊဲလိုက္ရသည္။

“မထူးဆန္းပါဘူး သူ႔မွာမိန္းကေလးဖန္ေတြမ်ားတာ”

လုေပၚယြမ္က PUDရဲ႕Mid Lanerအသစ္ဆီ အၾကည့္တစ္ခ်က္ပို႔ၿပီးမွ XIUကိုၾကည့္လိုက္သည္။

“သူ႔ရဲ႕Livestreamထဲမွာေတာ့ ေယာက်ာ္းေတြခ်ည္းပဲ”

“ေသာက္ေရးမပါတာ”

XIUကေျပာသည္။

“သူတို႔ကိုယ္သူတို႔ အေဖ အေဖ လို႔ေခၚေနတာနဲ႔ပဲ ေယာက်ာ္းေတြလို႔ မင္းကထင္တာလား? WFေတြရဲ႕ပ႐ိုဖိုင္ေတြ ဝင္မၾကည့္ဖူးဘူးလား? သူ႔ရဲ႕မိန္းကေလးဖန္ေတြကလည္း သူတို႔ကိုယ္သူတို႔ အေဖလို႔ေခၚၾကတာ”

လုေပၚယြမ္က အၾကည့္ျပန္လႊဲသြားသည္။ WFေတြရဲ႕ပ႐ိုဖိုင္ကို ဝင္ၾကည့္ဖို႔လည္း စိတ္မဝင္စားေခ်။

တစ္ဖက္မွာေတာ့ ဓါတ္ပုံဆရာက သူ႔ရဲ႕ကင္မရာကို ပင့္တင္လိုက္သည္။

“ၿပဳံးထားမယ္ ဟုတ္ၿပီ ခ်ိဳးခ်ိဳး ေတာ္တယ္! Soft မင္းလည္းၿပဳံးမယ္…”

က်န္း႐ုန္ စတူဒီယိုထဲမွ လူတစ္စုကို လွမ္းျမင္လိုက္ရသည္။ လုေပၚယြမ္က PUDအသင္းသားေတြနဲ႔ ေဘးခ်င္းယွဥ္ရပ္ေနၿပီး XIUကေတာ့ လုေပၚယြမ္၏ပုခုံးေပၚ လက္တင္ထားၿပီး ပူးကပ္ကာ ရပ္ေနေလသည္။

တကယ္ေတာ့ ဒီလိုပုခုံးဖက္သည္က သာမန္သူငယ္ခ်င္းေတြၾကားတြင္ ေတြ႕ရေလ့ရွိသည့္ ပုံစံမ်ိဳးျဖစ္သည္။

“ၿပဳံးမယ္ Soft”

ဓါတ္ပုံဆရာက ကင္မရာကို ျပန္ခ်လိုက္သည္။

“Softေရ”

က်န္း႐ုန္ သတိျပန္ဝင္လာၿပီး ၿပဳံးျပလိုက္၏။

ဓါတ္ပုံဆရာ : “….နည္းနည္းေလာက္ စိတ္ပါလက္ပါၿပဳံးမယ္”

က်န္း႐ုန္ ႏႈတ္ခမ္းေထာင့္ကို ပိုၿပီးခပ္ျမင့္ျမင့္ ေျမႇာက္ေပးလိုက္သည္။

ဓါတ္ပုံဆရာ : “အဲ….မင္းၿပဳံးတာ နည္းနည္းေၾကာက္ဖို႔ေကာင္းသြားၿပီ နည္းနည္းေလွ်ာ့ပါဦး”

႐ိုက္ကြင္းတစ္ခုတည္းနဲ႔ပင္ က်န္း႐ုန္မွာ ၿပဳံးရလြန္းလို႔ ပါးစပ္ပင္ေတာင့္ေနေတာ့သည္။

႐ိုက္ကူးေရးၿပီးသြားသည့္အခ်ိန္ XIUတို႔ကရွိေနဆဲဆိုေပမယ့္ လုေပၚယြမ္ကိုေတာ့ ပုခုံးဖက္မထားေတာ့ေခ်။

“႐ိုက္လို႔ၿပီးၿပီလား? ပင္ပန္းသြားၿပီ ပင္ပန္းသြားၿပီ”

XIUက ၿပဳံးၿဖီးၿဖီးနဲ႔ ေျပာၿပီးေတာ့မွ က်န္း႐ုန္ရဲ႕အမူအရာကို ျမင္လိုက္ရသည္။

“ဘာလဲ? အလွပေဂးမင္းသမီးနဲ႔ ေၾကာ္ျငာ႐ိုက္ရတာေတာင္ မေပ်ာ္ဘူးလား?”

XIUနဲ႔ယြမ္ခ်န္းက တစ္ေနရာေတာ့ အရမ္းကိုတူသည္ : အလြန္တရာ ရင္းႏွီးခ်င္ေယာင္ေဆာင္တတ္​ေလသည္။

က်န္း႐ုန္ : “အင္း”

ေပ်ာ္တာလား မေပ်ာ္တာလား မသဲကြဲ။

“မင္းၿပီးၿပီလား?”

လုေပၚယြမ္က ကိုယ္ကိုမတ္လိုက္သည္။

“ပင္ပန္းေနၿပီလား?”

က်န္း႐ုန္က ႏႈတ္ခမ္းကိုသပ္လိုက္ၿပီး ျပန္​ေျဖသည္။

“ၿပဳံးရလြန္းလို႔ပင္ပန္းသြားၿပီ”

“ဒါဆိုျပန္ရေအာင္”

လုေပၚယြမ္က မိတ္ကပ္ဆရာကို လွမ္းေခၚကာ ေျပာလိုက္သည္။

“ဟယ္လို အဆင္ေျပမယ္ဆိုရင္ သူ႔မိတ္ကပ္ကိုဖ်က္ေပးလို႔ရမလား”

မိတ္ကပ္ဆရာက ဇေဝဇဝါျဖစ္သြားသည္။

“အယ္ ဖ်က္ေပးလို႔ကရေပမယ့္ မင္းေရာဖ်က္ခ်င္လား? ဒီပုံစံနဲ႔အရမ္းေခ်ာတာပဲဟာ ဒီတိုင္းျပန္သြားပါလား။ ထူထူႀကီးလိမ္းေပးထားတာမဟုတ္ေတာ့ ဒီလိုလိမ္းထားၿပီး အျပင္ထြက္လို႔ရပါတယ္”

“ဖ်က္ေပး”

က်န္း႐ုန္က ႏွစ္ခါပင္မစဥ္းစား။

“အခုဖ်က္ေပး”

က်န္း႐ုန္က မိတ္ကပ္ဆရာႏွင့္ အတူပါသြားသည္။ XIUက သူ႔ေရဘူးထဲမွေရကို ေမာ့ေသာက္​ေန၏။

“ၾကည့္မေနနဲ႔ေတာ့ ဟိုကအခန္းထဲေတာင္ဝင္သြားၿပီ”

လုေပၚယြမ္က အၾကည့္ကိုျပန္႐ုတ္လိုက္သည္။

“ဘာလို႔ရွိေနေသးတာလဲ? ျပန္မေလ့က်င့္ၾကဘူးလား?”

“ငါတို႔က ေလ့က်င့္ေရးပြဲၿပီးမွ ထြက္လာၾကတာ။ တစ္ညလုံးေအးေဆးပဲ ေလာစရာမလိုပါဘူး”

XIUကေျပာသည္။

“ညစာအတူစားၾကမလား?”

“ေနာက္ေန႔မွေပါ့”

လုေပၚယြမ္ကျငင္းလိုက္သည္။

“ဒီညငါတို႔မွာေလ့က်င့္ေရးပြဲရွိေသးတယ္”

“ေကာင္းၿပီေလ။ မင္းရဲ႕Wechatဆိုတာ….”

XIUက သူ႔ရဲ႕Mid Lanerကို ေျပာလိုက္ၿပီးမွ သူ႔ေဘးမွာလူမရွိေတာ့မွန္း သေဘာေပါက္သြား၏။

“……သူဘယ္ေရာက္သြားတာလဲ??”

မိတ္ကပ္ခန္းထဲတြင္ျဖစ္သည္။ က်န္း႐ုန္က မ်က္လုံးမွိတ္ထားၿပီး မိတ္ကပ္ျပင္ဆရာ သူ႔မ်က္ႏွာေပၚလုပ္သမွ်ကို ၿငိမ္ခံေနသည္။

သူ႔အေနာက္မွ ေျခသံေတြ ထြက္ေပၚလာ၏။ က်န္း႐ုန္ မ်က္လုံးဖြင့္ၿပီး မၾကည့္ရေသးခင္မွာပဲ တစ္ဖက္လူက ေမးလာသည္ကို ၾကားလိုက္ရသည္။

“ဘာလို႔ ကြီးယားခ်ာဗာမွာ မကစားေတာ့တာလဲ?”

က်န္း႐ုန္ မ်က္ေမွာင္က်ဳံ႕မိသြားသည္။ တစ္ဖက္လူ ဘာေျပာသြားသည္ဆိုတာ အေတာ္ၾကာေအာင္ စဥ္းစားယူလိုက္ရသည္။

က်န္း႐ုန္မွာ မ်က္လုံးဖြင့္ၾကည့္ရန္ပင္ အလုပ္ရႈပ္ခံမေနေတာ့။

“ဘာလို႔ ငါက ကိုရီးယားဆာဗာမွာ ကစားရမွာလဲ”

ကိုရီးယားဆာဗာ၏ tierအျမင့္ပိုင္းေတြတြင္ ပေရာ္ဖက္ရွင္နယ္ကစားသမားေတြ အခ်င္းခ်င္း ကားခ်င္းတိုးမိရန္ လြယ္ေလသည္။

သို႔ေသာ္လည္း က်န္း႐ုန္က ျပည္တြင္းဆာဗာမွာပဲ ဆက္ကစားေနသည္ေၾကာင့္ Saviorမွာ က်န္း႐ုန္နဲ႔ မဆုံႏိုင္ေတာ့ေပ။

“သူတို႔ေတြလည္း ကြီးယားခ်ာဗာမွာ ကစားၾကတာပဲေလ”

Saviorကေျပာသည္။

“ျပည္တြင္းခ်ာဗာက မေကာင္းဘူး trollေတြမ်ားတယ္”

က်န္း႐ုန္က ပ်င္းပ်င္းရိရိႏွင့္ “အင္း”ဟု ျပန္ေျပာလိုက္သည္။

“နာလည္း သူတို႔ထဲကေတ်ာက္ပဲ”

Savior : “……”

Saviorက ကိုရီးယားလိုတစ္ခုခုေျပာၿပီးမွ ဘာသာျပန္ေပးမယ့္သူမရွိမွန္း သတိရသြားၿပီး ခက္ခက္ခဲခဲႏွင့္ သူေျပာခ်င္တာေတြကို ေျပာရသည္။

“နာမင္းကိုခ်ခ်င္တယ္”

မိတ္ကပ္ျပင္ဆရာ : “……”

က်န္း႐ုန္ မ်က္လုံးဖြင့္လိုက္သည့္အခ်ိန္ လုေပၚယြမ္ႏွင့္ XIUကလည္း မိတ္ကပ္ခန္းထဲကို ေလွ်ာက္ဝင္လာခ်ိန္ႏွင့္ ကြက္တိက်သြားသည္။

က်န္း႐ုန္က XIUကိုလွမ္းၾကည့္လိုက္၏။

“ကိုရီးယားလိုေျပာတတ္လား? ကြၽန္ေတာ္ သူ႔ကိုေျပာေနတာေတာ္ေတာ္ၾကာေနၿပီ တစ္လုံးမွနားမလည္လို႔”

Saviorကလည္း XIUအား မ်က္ေမွာင္က်ဳံ႕လ်က္ နားမလည္ႏိုင္သည့္မ်က္ႏွာအမူအရာႏွင့္ ျပန္ၾကည့္ေနသည္။

XIU : “ေျပာတာေတာ့မေျပာတတ္ဘူး။ ဒါေပမယ့္ ငါတို႔ဟိုကိုျပန္ေရာက္ရင္ေတာ့ ဘာသာျပန္နဲ႔ျပန္ေျပာေပးလို႔ရတယ္ မင္းေျပာခ်င္တာေတြ ငါ့ကိုေျပာလိုက္ေလ”

“လြန္ခဲ့တဲ့၂ႏွစ္တုန္းက မင္းကို Solo killခဲ့တာ ႏွစ္ႀကိမ္ရယ္ 48မွတ္ပဲမင္းဆီကယူခဲ့တာ အဲ့ေလာက္ထိ ငါ့ကိုအညႇိဳးအေတးထားၿပီး မွတ္ထားဖို႔ လိုလို႔လား? ဒီတစ္ေလာ ျပည္တြင္းဆာဗာရဲ႕ေလထုကို သန္႔ရွင္းေရးလုပ္ေပးေနတာနဲ႔ အလုပ္မ်ားေနလို႔ မင္းတို႔ကိုရီးယားဆာဗာကိုသြားၿပီး ငႏု(noob)ေလးေတြကို အႏိုင္မက်င့္ႏိုင္ေသးဘူး။ မင္းအဲ့ေလာက္အ႐ိုက္ခံခ်င္ေနရင္လည္း အလ်င္လိုစရာမလိုပါဘူး လာမယ့္စေနေန႔က်ရင္ ထြက္ေျပးခ်င္ရင္ေတာင္ ေျပးလို႔မရေတာ့ဘူး။ တ႐ုတ္-ကိုရီးယားခ်စ္ၾကည္ေရး အဓြန္႔ရွည္ပါေစ”

က်န္း႐ုန္ ထိုစကားေတြ အားလုံးေျပာၿပီးသည့္ေနာက္ ျပန္စစ္ေဆးလိုက္ေသးသည္။

“ကြၽန္ေတာ္တို႔နဲ႔ ခင္မ်ားတို႔အသင္းၿပိဳင္မွာ လာမယ့္စေနမလား? ဟုတ္ၿပီ ဒါဆို ကြၽန္ေတာ္ေျပာလို႔ၿပီးၿပီ။ ဘာသာျပန္ေပးဖို႔ ေမ့မေနနဲ႔ဦးေနာ္။ ပထမအပိုဒ္ကို တတ္ႏိုင္သမွ် တစ္ထပ္တည္းျဖစ္ေအာင္ျပန္ေပး ဒုတိယအပိုဒ္ကေတာ့ အေရးသိပ္မႀကီးဘူး”

XIU : “……”

XIUမွာေျပာလိုက္ခ်င္သည္ : ဒီလိုစကားမ်ိဳးေတြကို မင္းရဲ႕အသင္းေခါင္းေဆာင္ကိုပဲ ဘာသာျပန္ခိုင္းပါလား မင္းရဲ႕ေခါင္းေဆာင္က ကိုရီးယားလိုအေသကြၽမ္းတာ

သို႔ေသာ္လည္း လုေပၚယြမ္ကေတာ့ ဘာသာျပန္ေပးဖို႔စိတ္ကူး လုံးဝမရွိပုံပင္။

ဒီခရီးမွာ TTC၏Junglerႏွင့္ Mid Lanerအျပင္ ဘယ္သူမွပါမလာေခ်။ က်န္း႐ုန္က သူ႔ရဲ႕လြယ္အိတ္ကိုေကာက္ကိုင္လိုက္ၿပီး လုေပၚယြမ္ကေတာ့ ‘သြားၿပီ စေနေန႔မွေတြ႕မယ္’ဟု ေပါ့ေပါ့ပါးပါးပင္ ႏႈတ္ဆက္ကာ စတူဒီယိုကို တစ္ခ်က္မွလွည့္မၾကည့္ပဲ ႏွစ္ေယာက္သား ထြက္သြားေတာ့သည္။

Baseဆီ ကားႏွင့္ျပန္လာစဥ္ က်န္း႐ုန္က ကားျပတင္းေပါက္ေဘာင္ေပၚ တံေတာင္ဆစ္ကိုတင္ကာ အျပင္ဘက္မွ မႈန္ပ်ပ်ေကာင္းကင္ကို ေငးၾကည့္ေနမိသည္။ ႐ိုက္ကြင္းမွာျဖစ္ခဲ့သည့္ကိစၥအား သူေတြးေနမိသည္မွာ သူ႔အေတြးေတြက တိမ္ေတြရွိရာဆီ ေမ်ာလြင့္သြားသည့္အတိုင္း။

ခ်ိဳးခ်ိဳးကို သူႀကိဳက္လားလို႔ေမးတဲ့ လုေပၚယြမ္ရဲ႕အဓိပၸါယ္က ဘာျဖစ္မလဲ….

ခ်ိဳးခ်ိဳးကလွလားလို႔လည္း က်န္း႐ုန္ကို ေမးေသးတယ္။

WFေတြေျပာဖူးသည့္ ခ်ိဳးခ်ိဳးက ဂိမ္းေလာကရဲ႕နတ္ဘုရားမဆိုသည့္ စကားကိုလည္း က်န္း႐ုန္ အမွတ္ရလိုက္သည္။ ကစားသမားေတာ္ေတာ္မ်ားမ်ားလည္း သူ႔ကိုႀကိဳက္ၾကတယ္တဲ့။

ခ်ိဳးခ်ိဳးကတကယ္ကိုလွသည္။ သူမမွာ အသံခ်ိဳခ်ိဳေလးလည္းရွိၿပီး သူမရဲ႕နယ္ပယ္မွာလည္း ေအာင္ျမင္သည္။ သူမကငယ္႐ြယ္ၿပီး ကိုယ္က်င့္တရားလည္း ေကာင္းပုံေပၚ၏။

လုေပၚယြမ္က ၂၃ႏွစ္ျဖစ္ၿပီး ဒီအသက္အ႐ြယ္မွာ ခ်စ္သူထားခ်င္သည္ဆိုလွ်င္……တကယ္ကို ဆီေလ်ာ္ၿပီး ပုံမွန္ပင္ျဖစ္သည္။

က်န္း႐ုန္က မ်က္လႊာခ်ကာ အေစာပိုင္းက မိတ္ကပ္ျပင္ဆရာေပးလိုက္သည့္ သၾကားလုံးကို တခြက္ခြက္ျမည္ေအာင္ ႀကိတ္ခြဲေနမိသည္။

သူတို႔Baseဆီျပန္ေရာက္လာေတာ့ နားေနခန္းထဲမွထြက္လာသည့္ ေရွာင္ပိုင္ႏွင့္ ထိပ္တိုက္တိုးေလသည္။

“မင္းျပန္လာၿပီလား! ဘာလို႔တစ္ေယာက္မွ ငါ့မက္ေဆ့ခ်္ေတြကို စာမျပန္တာလဲ? ငါ့အတြက္ ခ်ိဳးခ်ိဳးရဲ႕Wechatေရာ ယူလာခဲ့လား?”

က်န္း႐ုန္၏မ်က္ႏွာကို ေရွာင္ပိုင္ျမင္လိုက္ခ်ိန္မွာေတာ့ သူခ်က္ခ်င္းတိတ္သြားေတာ့သည္။

“ေမ့ခဲ့တယ္”

က်န္း႐ုန္က သူ႔ဂ်က္ကတ္ကို ခြၽတ္လိုက္သည္။

“ေလ့က်င့္ေရးပြဲကဘယ္အခ်ိန္လဲ?”

ေရွာင္ပိုင္ : “……နာရီဝက္ေလာက္လိုေသးတယ္”

က်န္း႐ုန္က သူ႔ကို ေနာက္ထပ္မၾကည့္ေတာ့ပဲ အေပၚထပ္ကို တက္သြားေလသည္။

“ဒါဆိုေရသြားခ်ိဳးလိုက္ဦးမယ္”

ေကာ္ဖီခြက္ကိုကိုင္ထားရင္း က်န္း႐ုန္ အေပၚတက္သြားသည္အထိ ေစာင့္ေနၿပီးမွ ေရွာင္ပိုင္က လုေပၚယြမ္ကို ကပ္ေမးေတာ့သည္။

“ေကာ သူဘာျဖစ္လာတာလဲ?”

လုေပၚယြမ္ : “?”

“သူအခု Esportေလာကရဲ႕နံပါတ္တစ္အလွေလးနဲ႔ ေၾကာ္ျငာသြား႐ိုက္လာတာ မဟုတ္ဘူးလား?”

ေရွာင္ပိုင္ကေမးခြန္းထုတ္သည္။

“သူ႔ပုံစံၾကည့္ရတာ အျပင္မွာရန္ျဖစ္လာသလိုႀကီး အဲ့ဒါထက္ သူရႈံးလာတဲ့ပုံေနာ္”

“ငါတို႔PUDနဲ႔ေတြ႕ခဲ့ေသးတယ္”

လုေပၚယြမ္က လိုရင္းတိုရွင္းေျပာျပၿပီး နားေနခန္းဆီ ဆက္သြားေလသည္။

သူေကာ္ဖီေဖ်ာ္ၿပီးသြားသည့္ေနာက္ ေခါင္းေစာင္းကာ လွည့္ေမးလိုက္သည္။

“ေျပာစရာရွိလို႔လား?”

ေရွာင္ပိုင္က ေကာ္ဖီခြက္ကို လက္နဲ႔စုကိုင္လိုက္သည္။ သူက ေနာက္ကိုလွည့္ၾကည့္လိုက္ၿပီး က်န္း႐ုန္ ျပန္မေရာက္ေသးတာ ေသခ်ာေတာ့မွ တိုးတိုးေလးေျပာျပလာသည္။

“ေကာ ကြၽန္ေတာ္တစ္ခုသိထားတယ္”

လုေပၚယြမ္က သူဆက္ေျပာလာမွာကို တိတ္တဆိတ္ ေစာင့္ေနလိုက္သည္။

“StarTVကပဲ Streamerတစ္ေယာက္ေလ”

ေရွာင္ပိုင္ကေျပာသည္။

“အဲဒီStreamerက……က်န္း႐ုန္ကို ဆက္တိုက္အတုခိုးေနတာ။ ဒီညေနတုန္းကေတာင္ က်န္း႐ုန္ရဲ႕WFေတြနဲ႔ ပြဲျဖစ္ေသးတယ္။ ဒီအေၾကာင္း က်န္း႐ုန္ကိုမေျပာရဲလို႔…..”

ေရပန္းေအာက္မွာ အခ်ိန္အေတာ္ၾကာေအာင္ က်န္း႐ုန္ ရပ္ေနမိသည္။ အခ်ိဳ႕အေၾကာင္းျပခ်က္ေတြေၾကာင့္ သူေဒါသထြက္ေနမိသည္။

က်န္း႐ုန္မွာ ဆံပင္ကို hair dryerျဖင့္ ေလမႈတ္တတ္သည့္အက်င့္ မရွိေပ။ ေရခ်ိဳးခန္းထဲမွ ထြက္ၿပီးသည့္ေနာက္ ဆံပင္ေတြကို ပုဝါျဖင့္ သာမန္ကာလွ်ံကာ အႀကိမ္အနည္းငယ္သုတ္လိုက္ၿပီး ေျခာက္ၿပီဟု သတ္မွတ္လိုက္ေတာ့သည္။

အဝတ္အစားဝတ္ၿပီး အခန္းထဲမွထြက္လာခ်ိန္ထိ သူ႔ဦးေႏွာက္ထဲမွာ ထိုအေၾကာင္းကို ေတြးေနမိဆဲ။

ရည္းစားထားတာကပုံမွန္ပင္။ ခ်န္ေကာမွာလည္း ေကာင္မေလးရွိၿပီး ေလ့က်င့္ေရးကိုလည္း မထိခိုက္ေပ။ အဲဒီStreamerအစ္မကလည္း အရမ္းေကာင္းၿပီး ညလယ္စာမုန္႔ေတြလည္း သူတို႔စားဖို႔ ပို႔ေပးတတ္ေသးတယ္။

လုေပၚယြမ္ကလည္း ရည္းစားစထားသည္ႏွင့္ အနားယူသြားမွာမဟုတ္သလို သူတို႔ေတြ အတူၿပိဳင္ပြဲဝင္ႏိုင္ေသးသည္။

သူတို႔ႏွစ္ေယာက္က အသင္းေဖာ္ေတြ ျဖစ္ေနဦးမည္သာ။

အကယ္၍ တစ္ေန႔ေန႔မွာ လုေပၚယြမ္ အနားယူသြားရင္ေတာင္ တစ္ခါတစ္ေလ အတူတြဲကစားႏိုင္ဦးမည္။

သူ႔အသက္(၁၃)ႏွစ္ကတည္းက လုေပၚယြမ္ႏွင့္အတူ ေဘးခ်င္းယွဥ္ထိုင္ၿပီး ၿပိဳင္ပြဲဝင္ႏိုင္ဖို႔ အိမ္မက္မက္ခဲ့ရသည္။

အခုခ်ိန္မွာဆိုလွ်င္ သူအသင္းဆီဝင္လာႏိုင္သည္သာမက လုေပၚယြမ္က သူ႔ကိုအမ်ားႀကီးေမွ်ာ္လင့္ထားၿပီး အသင္းဆီပင္ ေထာက္ခံေပးခဲ့ေသးသည္။

လုေပၚယြမ္က သူ႔Livestreamေတြကိုေတာင္ ၾကည့္သည္။ ေရွာင္ပိုင္ ဒီလိုဆက္ဆံခံရလား? ခ်န္ေကာနဲ႔Pineေရာ ဒီလိုဆက္ဆံခံရလို႔လား?

ဟင့္အင္း! သူပဲဒီလိုဆက္ဆံခံရတာ!

က်န္း႐ုန္ရဲ႕အေတြးေတြက နယ္ပယ္လြဲကုန္ေလသည္။  က်န္း႐ုန္ကိုယ္တိုင္ကလည္း သူ႔အေတြးေတြ လမ္းေခ်ာ္ကုန္မွန္း လုံးဝသတိမထားမိေခ်။

သူ႔ကိုယ္သူ ရွင္းျပၿပီးသည့္ေနာက္ က်န္း႐ုန္က ေလ့က်င့္ေရးတံခါးကို ဆြဲဖြင့္လိုက္ေတာ့ လုေပၚယြမ္၏ လင္းထိန္ေနသည့္ကြန္ပ်ဴတာမ်က္ႏွာျပင္ကို တန္းျမင္လိုက္ရသည္။ လုေပၚယြမ္က ေနရာမွာရွိမေနေပ။ သို႔ေသာ္ ကြန္ပ်ဴတာမွာေတာ့ Livestreamတစ္ခုကို ဖြင့္ထားသည္။

က်န္း႐ုန္ ကြန္ပ်ဴတာေရွ႕တြင္ ထိုင္လာသည္မွာ ႏွစ္နဲ႔ခ်ီေနၿပီျဖစ္ေသာ္လည္း သူ႔ရဲ႕အျမင္အာ႐ုံကေတာ့ အလြန္တရာကိုေကာင္းသည္။

လုေပၚယြမ္ဖြင့္ထားသည့္ Livestreamထဲ၌ LoLကစားေနသည့္ သေဘၤာသားဝတ္စုံ ဆံပင္အျပာေရာင္ႏွင့္ မ်က္ႏွာစိမ္းတစ္ေယာက္အား ျမင္လိုက္ရသည္။

ထိုအခိုက္အတန္႔၌ က်န္း႐ုန္မွာ ဖုန္းကိုပင္ ၾကမ္းျပင္ေပၚ ေပါက္ခြဲခ်င္သြားသည္။

_____

Translator Note :

Savior​ေျပာတဲ့ 'ခ်ခ်င္တယ္'ဆိုတာ တကယ္​ေတာ့ ႐ိုက္တာပုတ္တာကို​ေျပာတာမဟုတ္ပဲ အတူကစားခ်င္တယ္လို႔​ေျပာတာပါ သူစကားတစ္ခါ​ေျပာတိုင္း ရယ္လည္းရယ္ခ်င္ သနားလည္းသနား🤣

Continue Reading

You'll Also Like

250K 26.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.1M 57.7K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.7M 69.3K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
308K 54.8K 74
Associated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Y...