(Unicode)
ကျွန်တော့်မှာကြိုက်တဲ့မိန်းကလေးရယ်လို့မှမရှိတာ
ဆေးလိပ်သောက်သည့်သူတွေကို သတင်းပို့ပါက ဆုချခံရမည်ဟု တင်းကောကြေငြာပြီးသည့်နောက် ဘယ်သူကမှဘာမှသတင်းမပို့ကြသည်ကိုထားဦး အချို့လူတွေဆို တော်တော်ဆိုးဆိုး အချင်းချင်းဖုံးပေးကြသည့်အပြင် တစ်ယောက်အပြစ်ကို ကိုယ်စားခံပေးသည်က တင်းကော လုံးဝမျှော်လင့်မထားသည့် သောက်ကျိုးနည်းအရာတွေပင် ဖြစ်သည်။
သူ့ပိုက်ဆံအိတ်ထဲကို ငွေဝင်လာသံက လေထဲမှတစ်ဆင့် ဖြတ်သန်းလာသည်။
လုပေါ်ယွမ်က သူ့ရဲ့ငါးနှစ်တာသက်တမ်းမှာ LPLဆီကပြစ်ဒဏ်မခံရဖူးသော်လည်း တင်းကောဆီမှာတော့ ပိုက်ဆံအတော်လေးကုန်ခဲ့ရသည်။ လွန်ခဲ့သည့်နှစ်တွေအတွင်း သူ၊ ယွမ်ချန်းနဲ့ Pine သုံးယောက်သားက TTCရဲ့ညလယ်စာမုန့်တွေအတွက် ဒိုင်ခံပိုက်ဆံရှင်းရသူများ ဖြစ်ခဲ့လေသည်။
"ပိုက်ဆံလွှဲပေးလိုက်ပြီ"
လုပေါ်ယွမ်က ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်သည်။
အဲဒီတော့မှ တင်းကောအမှတ်ရလိုက်၏။ အကယ်၍ သူသာ ဒဏ်ငွေဆောင်သည့်နေရာ အကျွမ်းကျင်ဆုံးသူ တစ်ယောက်တည်းကိုသာ ရွေးရမည်ဆိုပါက အဲဒီတစ်ယောက်က လုပေါ်ယွမ်သာဖြစ်မည်ပင်။
တကယ်တော့ အရင်တုန်းက တင်းကောတားမြစ်ထားသည့်အထဲ ဆေးလိပ်သောက်တာမပါပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကစားသမားဆယ်ယောက်မှာ ကိုးယောက်က ဆေးလိပ်သောက်သည်လေ။ ပရော်ဖက်ရှင်နယ်ဂိမ်းနယ်ပယ်မှာ ဖိအားကကြီးလွန်းပြီး အသစ်ဝင်လာသူတွေခမျာ ဆက်တိုက်ဆိုသလို ဖိနှိပ်ခံရကာ ပရိသတ်ထုကြီးရဲ့မျှော်လင့်ချက်တွေကလည်း ပြင်းထန်လွန်းလှသည်။ ကစားသမားတစ်ယောက်က သာမန်ပြိုင်ပွဲတစ်ပွဲရှုံးလျှင်ပင် hot searchပေါ်ရောက်သည်အထိ အဆဲခံရတတ်သည်ကြောင့် နီကိုတင်းအရသာက သူတို့ကို ခဏတာတော့ စိတ်ညစ်ပြေစေသည်ပင်။
သို့သော် ပြီးခဲ့သည့်နှစ်အစပိုင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်မှာ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီး အနားယူသွားရလေသည်။
အသက်၂၃နှစ်သာရှိသေးပြီး အဆုတ်ကင်ဆာဖြစ်သည့်သတင်းမှာ Clubအများစုကို ခြောက်လန့်သွားပြီး နောက်ပိုင်းမှာတော့ သူတို့ကစားသမားတွေကို ဆေးလိပ်ဖြတ်ခိုင်းကြတော့သည်။
တင်းကောသည်လည်း အံကိုကြိတ်ကာ ဒီလိုအကြင်နာတရားမဲ့သည့်စည်းမျဥ်းမျိုး ရုတ်ချည်း ထုတ်ပြန်လိုက်ရလေသည်။ သို့သော်လည်း ဒဏ်ငွေတွေအားလုံးကို ကစားသမားတွေအတွက်သာ အသုံးပြုသည်ပင်။ မှာစားသည့်အစားအသောက်ဖိုး၊ စားသောက်ဆိုင်တွေတွင် ထွက်စားသည့်ကျသင့်ငွေတွေ၊ တခါတရံ အင်္ကျီအသစ်တွေအတွက်ပင် ပိုက်ဆံရှင်းသူက သူသာဖြစ်သည်။ လက်တွေ့ကျကျပြောရလျှင် အသင်းသားတွေက သူ့ဆီပိုက်ဆံလာစုနေသည်နှင့်ပင် တူတော့သည်။
"မင်းဆေးလိပ်ပြတ်နေပြီမဟုတ်ဘူးလား?"
တင်းကောက မျက်မှောင်ကျုံ့ကာဆိုလာသည်။
"ဘာလို့ဒီရက်ပိုင်းပြန်သောက်နေတာလဲ?"
လုပေါ်ယွမ်က ဖုန်းကို အင်္ကျီအိတ်ထဲသို့ ထိုးထည့်လိုက်သည်။
"ကျွန်တော်တစ်လိပ်ပဲသောက်ခဲ့တာပါ။ အများစုက အကင်ဆိုင်ကနေ အနံ့စွဲလာတာ"
တင်းကော စဥ်းစားမိသွား၏။ ညသန်းခေါင်ကြီး လုပေါ်ယွမ်ဆီဖုန်းဆက်သည်ဆိုကတည်းက XIUကစိတ်ညစ်နေပုံရကာ PUDရဲ့လတ်တလောအတွင်းသတင်းတွေနဲ့ ဆက်စပ်ကြည့်လိုက်တော့.....
တင်းကောမှာ သက်ပြင်းခိုးချလိုက်မိသည်။
"ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းပဲသောက်။ ငါမနက်စာဝယ်လာတယ် သွားစားတော့"
ဒီနေ့အတွက်တော့ TTCရဲ့လေ့ကျင့်ရေးအခန်းက ဆူညံပွက်လောရိုက်နေသည်။
ယွမ်ချန်းက ရေတစ်ငုံမော့သောက်လိုက်ပြီး--
"အခုနောက်ပိုင်း ဘယ်Champကိုလေ့ကျင့်နေလဲ.....သေချာပေါက် ဘယ်ပြောပြလို့ရမလဲ။ ဒီတိုင်းစောင့်ကြည့်နေလေ မကြာခင်သိရမှာပေါ့။ ကျွန်တော့်ကိုfollowမလုပ်ရသေးတဲ့ wfတွေရှိရင် followခလုတ်ကိုနှိပ်သွားကြပါဦး followerကွက်တိပြည့်ဖို့ နှစ်ရာကျော်ပဲလိုတော့တယ်”
Pine : “giftတွေအတွက်ကျေးဇူး”
“လာ လာ လာ လကုန်ရက်ဖြစ်နေပြီ ညီအစ်ကိုတို့။ ငါ့ကိုRankingတွေမှာတွန်းတင်ပေးကြပါဦး။ နောက်လကျရင် free giftတွေထပ်ရကြမှာမလား! အခုလေးတင် ခုန်းခုန်းက ငါ့ဆီက၁၆မှတ်ခိုးသွားတာ ဒီနေ့အတွက် livestream rankingမှာတော့ သူ့ကိုဖိနှိပ်ထားနိုင်မှဖြစ်မယ်!”
ရှောင်ပိုင်က Barrageကိုသေချာမြင်နိုင်အောက် ရှေ့ကိုကိုင်းလိုက်သည်။
“ဘာပြောတယ်! Free giftတွေကို ငါ့ကောအတွက်သိမ်းထားမယ်ပေါ့? မလိုပါဘူးကွာ သူဒီလမှာStreamမှာမှမဟုတ်တာ နောက်လလည်းမသေချာဘူး။ Softကိုပေးမယ်? သူ့Livestreamက ဒီလောက်Rankမြင့်တာ သူမလိုပါဘူး….”
ကျန်းရုန်က နားကြပ်ကို တစ်ဖက်သာတပ်ထားသည်ဖြစ်ပြီး အေးစက်စက် ဝင်ပြောလိုက်သည်။
“ငါလိုချင်တယ်”
“?”
ရှောင်ပိုင်က မယုံသင်္ကာဟန်နဲ့ မေးလာသည်။
“ငါ့စီးပွားရေးကိုဝင်လုနေတာလား”
“စီးပွားရေးကိုဝင်လုတာကမင်းလေ အစကတည်းက သူတို့ကငါ့ကိုပေးမယ်ပြောတာ”
ရှောင်ပိုင် စိတ်မလုံစွာနဲ့ ခေါင်းကိုငုံ့လိုက်ပြီး ဒိန်ချဥ်ကိုသာ ပါးစပ်အပြည့် ကောက်မော့လိုက်တော့သည်။
တကယ်တော့ ကျန်းရုန်ကစနေခြင်းသာ။ သူဒီနေ့ Livestreamမလွှင့်ချင်ပေ။ လကုန်ရက်တွေမှာ Livestreamလွှင့်သူတွေအရမ်းများပြီး Stream trafficလည်း ပုံမှန်လိုမကောင်းပေ။ အပျော်ဝင်ပါရန်ပင် အကျိုးမရှိ။
ကျန်းရုန် အခုလေးတင် တစ်ကိုယ်တော်ပွဲတစ်ပွဲ ကစားပြီးသွားသည်ပင်။
ကျန်းရုန် ရလဒ်ဘုတ်အား ခဏလောက် စိုက်ကြည့်လိုက်၏။ သူ့စိတ်ထဲ ပြီးခဲ့သည့်နှစ်ပွဲက တစ်မျိုးတစ်ဖုံ ပျင်းစရာကောင်းနေလေသည်။
သူ့အနောက်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ ပဲနို့ဘူးအခွံကို အမှိုက်ပုံးထဲလွှင့်ပစ်နေသည့် လုပေါ်ယွမ်ကို မြင်လိုက်ရသည်။
မိနစ်ဝက်လောက် ပြိုင်ပွဲဖန်တီးသည့်နေရာတွင် စခန်းချနေပြီးနောက် ကျန်းရုန် ဖုန်းကိုကောက်ကိုင်လိုက်ပြီး လုပေါ်ယွမ်ဆီ စာပို့လိုက်သည်။
[R-ong : ခေါင်းဆောင်]
ထိုစာပို့ပြီးသည့်နောက် ကျန်းရုန် နောက်ထပ်စာလုံးလေးလုံးကိုပါ ဆက်တိုက်ရိုက်လိုက်သည် : Duo Qချင်လား
“ခေါင်းဆောင် စားပြီးပြီလား? အခု ငါ့အရံအကောင့်မှာကစားနေတာ အတူကစားကြမလား?”
ယွမ်ချန်းက နောက်လှည့်ပြီး မေးလာသည်။
“အင်း အကောင့်ထဲဝင်လိုက်မယ်”
လုပေါ်ယွမ်က ပြောပြီးတော့မှ သူ့ရဲ့တုန်ခါနေတဲ့ဖုန်းကို ကောက်ကိုင်ပြီး ကြည့်လိုက်သည်။
“အာ ဟုတ်တယ် ဒီနေ့ ခေါင်းဆောင်နဲ့အတူကစားမှာ”
ယွမ်ချန်းက Barrageကိုပြောပြနေသည်။
“နည်းပြပြောတာတော့ ငါတို့ရဲ့ပူးပေါင်းဆောင်ရွက်ပုံက towerဖြိုတာတွေ တန်ပြန်တိုက်ခိုက်တာတွေမှာ အားနည်းနေသေးတယ်တဲ့ အဲ့တာကြောင့် ငါတို့ကိုလေ့ကျင့်ခိုင်းထားတယ်….အဆင်ပြေပါတယ် ငါတို့ကပူးပေါင်းဆောင်ရွက်မှုကောင်းအောင် လေ့ကျင့်ရုံပဲလေ ဗျူဟာတွေ နည်းစနစ်တွေကို ဖော်မှာမှမဟုတ်တာ Streamနေလည်းကိစ္စမရှိဘူး”
ကျန်းရုန် သူပို့ပြီးသွားသည့်မက်ဆေ့ချ်ကို စိုက်ကြည့်နေမိပြီး ပထမဆုံးအကြိမ်အနေနဲ့ စာကြောင်းတွေကိုခွဲပို့တတ်သည့် သူ့ရဲ့ချက်တင်ထိုင်သည့်အကျင့်ကို အလွန်မုန်းမိသွားသည်။
[R : အင်း]
ကျန်းရုန် : “…..”
သူ့မေးအောက်မှာ ထောက်ထားသည့်လက်က တစ်ဖြည်းဖြည်း အပေါ်ဘက်ကို စုံဆန်တက်လာသည်မှာ သူ့နဖူးကိုထိမိသည်အထိ။
သူ့အနေနဲ့ လုပေါ်ယွမ်ရဲ့အာရုံကို ရပြီးသွားပြီဖြစ်သည့်အတွက် နောက်ဆုတ်စရာလမ်းမရှိ သတ္တိမွေးကာ စာပြန်လိုက်ရသည်။
[ကျွန်တော် နားနေခန်းဆီသွားမလို့ ကော်ဖီယူဦးမလား]
ချီးပဲ ချီးပဲ
မေးပြီးပြီးချင်း ကျန်းရုန် ရှက်နေတော့သည်။ သူသာကော်ဖီဖျော်လျှင် ခါးသည့်အခါ အလွန်တရာခါးလေသည် ဘာကြောင့်ဆို အဆာပလာ ဘာမှမထည့်မိသည့်အတွက်။ ချိုပြီဆိုလျှင်လည်း လူသတ်လို့ရသည်အထိ ချိုလေသည် ဘာကြောင့်ဆို သကြားတွေ၊နွားနို့တွေ အထည့်လွန်သွားလို့။
[R : မယူတော့ပါဘူး]
ကျန်းရုန် စာမပြန်ရသေးခင်မှာပင် သူ့ဖုန်းကထပ်ပြီးတုန်ခါလာသည်။
[R : ချန်ကောနဲ့duo qပြီးသွားရင် ကိုယ်တို့ ခဏလောက် အတူကစားမလား?]
ကျန်းရုန်၏မျက်လုံးတို့ အရောင်တောက်သွားတော့သည်။ တင်းတင်းစေ့ထားသည့်နှုတ်ခမ်း မျက်နှာသေနှင့်ပင် အလျင်အမြန် စာပြန်လိုက်၏ : “ကောင်းပြီ”
လူတိုင်းက နေ့လည်ခင်းမှညရောက်သည်အထိ လေ့ကျင့်ခဲ့ကြသည်။ ထို့နောက် ညစာစားနေရင်း PUD၏ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို စကြည့်ကြလေသည်။
ဒီနေ့အတွက် PUDရဲ့ပြိုင်ဘက်က Fighting Tigerဖြစ်ကာ ဒီပွဲကို ပုံမှန်ရာသီပွဲရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးတွေထဲမှတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
“ဘယ်သူနိုင်မယ်ထင်လဲ”
ရှောင်ပိုင်က အာလူးကြော်ထုပ်ကိုကိုင်ထားပြီး ရုပ်ရှင်ကြည့်ရန် သင့်တော်သည့်ပုံစံကို ပြောင်းထိုင်လိုက်သည်။
Pine : “PUD”
“မလွဲမသွေတော့မဟုတ်ဘူး။ ကျန်းဟူ (Fighting Tiger)က တော်တော်တည်ငြိမ်နေပြီ။ PUDက အခုမှ ထိန်းညှိနေဆဲကာလမှာ”
ယွမ်ချန်းက ရေခဲချောင်းစားနေရင်း ပြောလာသည်။
“အခုဆို သူတို့အသင်းမှာ ကိုရီးယားသုံးယောက်တောင်ရှိနေပြီလေ”
“အခြားကိုရီးယားနှစ်ယောက်က တရုတ်လိုအရမ်းကျွမ်းတယ် Saviorကသာလိုက်မမှီတာ”
ရှောင်ပိုင်က သူ့ဘေးကလူနှစ်ယောက်ကို ကြည့်လိုက်သည်။
“ကောတို့နှစ်ယောက်ရော ဘယ်သူနိုင်မယ်ထင်လဲ?”
သူနိုးလာတုန်းက ဗုံးကြဲသလိုတရစပ်ရောက်ထားတဲ့မက်ဆေ့ချ်တွေကို မြင်ယောင်လိုက်ပြီး လုပေါ်ယွမ် ပြောလိုက်သည်။ “PUD”
ကျန်းရုန်က ပီကေဝါးနေရင်း ခေါင်းထဲပေါ်လာသည်ကိုသာ ကောက်ဖြေလိုက်သည်။ “PUD”
ရှောင်ပိုင် : “ဘာလို့လဲ”
“အကြောင်းအရင်းမရှိ”
ကျန်းရုန် ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။
“ဒီတိုင်းကြုံရာတစ်ခုရွေးလိုက်တာ”
လုပေါ်ယွမ်၏နှုတ်ခမ်းတစ်စုံက ကွေးတက်သွားသည်။ ထို့နောက် ကင်မရာမှတစ်ဆင့် XIUကစားနေပုံကို စစ်ဆေးကြည့်လိုက်သည်။
အထင်အရှားကို XIUက ပုံမှန်ထက် စိတ်လှုပ်ရှားနေလေသည်။ သူ့ရဲ့ပထမဆုံးပြိုင်ပွဲလို ခပ်မတ်မတ်တောင့်တောင့်ကြီး ထိုင်နေသေးသည်။ ဒီလောကနှင့် မရင်းနှီးသည့်သူသာဆိုလျှင် ကမ်းပါးစွန်းကနေ တွယ်တက်လာရသည့် လူသစ်လေးဟုပင် အထင်မှားသွားလောက်သည်။
ဒီပြိုင်ပွဲတွင် အသင်းနှစ်သင်းက BO3ပွဲပြည့်ကစားသွားပြီး ပွဲစဥ်တစ်ချီတိုင်းက မိနစ်၄၀ကျော်ကြာလေသည်။
မိနစ်၄၀ကျော်ဆိုသည်က အတော်လေးကြာသည့်ပွဲစဥ်ဟု သတ်မှတ်နိုင်သည်။ ကျန်းဟူက late game ကစားတာကျွမ်းသော်ငြား PUDကလည်း နောက်ကောက်ကျကျန်ခဲ့မည့်အသင်း မဟုတ်ချေ။ အသင်းနှစ်သင်းလုံးက Macroဆိုသည့်စကားလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ပုံဖော်သွားပြီး early gameမှာဆိုလျှင် အတူတကွ farmနေကြသည်။ မင်းကငါ့Topကိုkillရင် ငါကမင်းရဲ့ADCကိုပြန်killမယ် မင်းကငါ့wolf campကိုရှင်းရင် ငါကမင်းရဲ့raptor campကိုပြန်ရှင်းမယ်…...တစ်ပွဲချင်းစီတွင် team fightအကြီးစားပွဲသုံးခုထက်မပို။
(T/N : Macroဆိုတာ စုစုပေါင်းဗျူဟာ/ကြိုတင်စီစဥ်ထားတဲ့အသင်း ဘယ်နေရာမှာတော့ဘာလုပ်မယ် စသဖြင့်)
အသင်းနှစ်သင်းလုံးက ဗျူဟာအတူတူကို သုံးနေသည့်အခြေအနေတွင် PUDအသင်းသားတွေ၏ တစ်ကိုယ်တော်စွမ်းရည်တွေက သိသိသာသာကို ကျန်းဟူအသင်းသားတွေထက် တစ်ဆင့်မြင့်နေလေသည်။
အဆုံးမှာတော့ ကျန်းဟူက နှစ်ပွဲဆက်တိုက်ရှုံးပြီး ရမှတ် 2:0နဲ့အတူ PUDကအနိုင်ရသွားသည်။
ပြိုင်ပွဲအပြီးမှာတော့ ရှောင်ပိုင်က ဖြူဖျော့စွာနဲ့ မေးလာသည်။
“နောက်အပတ်ကျရင် PUDနဲ့ငါတို့နဲ့ ပြိုင်ရမှာမလား?”
“ဟုတ်တယ်”
ယွမ်ချန်းကခဏရပ်သွား၏။
“ဘယ်လိုဖြစ်လို့ ငါ့စိတ်ထဲ……PUDကပိုအားကြီးလာသလို ခံစားလိုက်ရပါလိမ့်?”
Pine : “မိနစ်၃၀လောက်မှာ နှစ်ဖက်စလုံးက goldအရေအတွက်တူနေပေမယ့် တစ်ချိန်လုံး PUDကဖိနှိပ်ထားသလိုပဲ”
“အတည်ပြောတာ”
တင်းကောက သူတို့နောက်မှာ ရပ်နေခြင်းဖြစ်သည်။
“အခုMid Lanerအသစ်ကိုဝယ်ဖို့ ယွမ်၁၆သန်းတောင် သုံးထားရတာလေ အရင်ထက်တော့ ပိုအားနည်းလာပါ့မလား။ ဘာသာစကားပြဿနာကလည်း ကိစ္စကြီးပေမယ့် အထာသိရင်တော့ လူတိုင်းစင်ပေါ်တက်လို့ရတာပဲ”
ရှောင်ပိုင်ထိတ်လန့်သွား၏။
“ယွမ်၁၆သန်း??”
“ဂဏန်းအတိအကျတော့ ငါလည်းမသိပေမယ့် ငါ့ဆီစဆိုတဲ့စျေးကတော့ ရာသီနှစ်ခုစာအတွက် ၁၆သန်းပဲ။ ငါ့ဘက်ကသဘောမတူလိုက်တာ။ PUDကိုလည်း အဲ့စျေးပတ်ဝန်းကျင်ပဲဆိုလောက်တယ် ပိုရင်တောင်ပိုဦးမယ်”
“သောက်ရမ်းစျေးကြီးတာပဲ…..”
ယွမ်ချန်းမှာ လွှတ်ခနဲဆဲလိုက်ပြီးမှ သူတို့ရဲ့Mid Lanerဆီ လှမ်းမေးကြည့်လိုက်သည်။
“ကျန်းရုန် မင်းတုန်းကရောဘယ်လောက်ရလဲ? မင်းက တစ်ရာသီစာအတွက်ပဲ စာချုပ်ချုပ်ထားတာမလား? ဒါဆို စာချုပ်က ဒီနွေဦးရာသီပြိုင်ပွဲပြီးရင် သက်တမ်းကုန်မှာပေါ့?”
“အင်း”
ကျန်းရုန်က သူ့ရဲ့လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲထည့်လိုက်ပြီး ထိုင်ခုံနောက်မှီပေါ် မှီချလိုက်သည်။ ပြီးတော့မှ အေးစက်စက် ပြောပြလာသည်။
“1.4သန်း”
လူတိုင်းက ခဏလောက် တိတ်ဆိတ်သွားသည်။ ပြီးတော့မှ တင်းကောဆီ ဆတ်ခနဲ လှည့်ကြည့်လာကြသည်။
တင်းကောမှာ ချောင်းပင်ဆိုးသွားသည်။
အစတုန်းက သူတကယ်ကိုစျေးမြင့်မြင့်ပေးချင်ခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာနဲ့ တွေ့ကရာနံပါတ်တစ်ခု ထုတ်ပြောလိုက်ရုံရှိသေး ကျန်းရုန်က နှစ်ခါပင်မစဥ်းစားပဲ တန်းသဘောတူလိုက်လေသည်။
“ဘာလို့ငါ့ကိုအဲ့လိုလာကြည့်နေကြတာလဲ?”
တင်းကောကပြောသည်။
“ဒီစျေးကသိပ်တော့မမြင့်ပေမယ့် အကျိုးအကြောင်းသင့်တယ်လေ။ ဘယ်လူသစ်ကများ အသင်းထဲဝင်ဝင်ချင်း တရားဝင်ကစားသမားနေရာရပြီး သန်းနဲ့ချီလစာရလို့လဲ?”
တင်းကောပြောတာက အဓိပ္ပါယ်ရှိသည်။ အကယ်၍ လွန်ခဲ့သည့်လအနည်းငယ်ကသာဆို ဒီစျေးနှုန်းကို သာမန်ဟုသတ်မှတ်နိုင်သည်။ အခြားအသင်းသားသုံးယောက် အသင်းထဲဝင်ကာစဆို သူတို့ရဲ့လစဥ်ဝင်ငွေက ယွမ်နှစ်ထောင်ပင်မရှိချေ။ Pine၏စာချုပ်ကြေးသည်ပင် ယွမ်ရှစ်သိန်းဖြစ်သည်။
သို့သော် အခြေအနေတစ်ခုက ကျန်းရုန်က အသင်းထဲဝင်ပြီးပြီးချင်း အတော်လေးကောင်းကောင်းမွန်မွန် ကစားခဲ့သည်ကြောင့် အခြားသူတွေ၏စိတ်ထဲ ဒီထက်ပိုမြင့်တဲ့စျေးနှုန်းနဲ့ ထိုက်တန်ကြောင်း ခံစားလာရလေသည်။
ကင်မရာက ပြိုင်ပွဲအပြီး အင်တာဗျူးဆီ ပြောင်းသွားခဲ့သည်။ ဒီပြိုင်ပွဲအတွက် MVPက XIUဖြစ်ပြီး စံနှုန်းမှီမှီ မေးခွန်းအချို့ကို ဖြေဆိုပြီးသည့်နောက် Roadရဲ့Jungleကို ထိပ်တိုက်အတွေ့ချင်ဆုံးဖြစ်ကြောင်း ပြောသွားလေသည်။
ပြိုင်ပွဲရဲ့နောက်ဆက်တွဲတွေကို ကြည့်ရသည်အား လုပေါ်ယွမ် တကယ်ကိုစိတ်မဝင်စားပေ။ သူမတ်တပ်ထရပ်လိုက်ပြီး၊ အခြားတစ်ယောက်ထက် သူ့ရဲ့စျေးကွက်တန်ဖိုးက ၆ဆလောက်နည်းနေတာကြောင့် ဆူပုတ်ပုတ်မျက်နှာပေးဖြစ်နေသည့် သူ့အသင်းရဲ့Mid Lanerလေးဆံပင်တွေကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။
“နောက်ရာသီကျရင် မင်းလည်းစျေးကြီးလာမှာပေါ့”
သူကပြောသည်။
“ဆက်ကြည့်မနေနဲ့တော့။ သွားduo qရအောင်”
____
စီးပွားရေးနှင့်ပတ်သတ်လျှင် တင်းကောက လျင်လျင်မြန်မြန် တိတိကျကျ လုပ်ဆောင်တတ်သည်။
အတော်ကြာကြာကတည်းက ကီးဘုတ်brandတစ်ခုအတွက် ကျန်းရုန်က BAအဖြစ် စာချုပ်ချုပ်ထားသည်။ တနင်္ဂနွေနေ့က ကြော်ငြာဓါတ်ပုံတွေ ရိုက်ရတော့မည်ဟု ကျန်းရုန်ကို ဆက်သွယ်လာလေသည်။
တင်းကောကပြောပြလာသည်။
“ဒီနေ့ ငါအခြားလုပ်စရာတွေရှိသေးလို့ လက်ထောက်နှစ်ယောက်ကို ဆက်သွယ်ပေးထားတယ်။ သူတို့မကြာခင်ရောက်လာလိမ့်မယ် မင်းနဲ့လိုက်ပေးလိမ့်မယ်သိလား”
“မလိုပါဘူး။ ကျွန်တော့်ဘာသာသွားလို့ရတယ်”
ကျန်းရုန်က ဂိမ်းကစားနေရင်းတန်းလန်းဖြစ်ပြီး လှည့်ပင်မကြည့်ပဲ ငြင်းလာသည်။
“ကြော်ငြာဓါတ်ပုံရိုက်တာက အသင်းအတွက် ဓါတ်ပုံရိုက်တုန်းကနဲ့ မတူဘူး။ ဓါတ်ပုံဆရာက မင်းကိုလုပ်ခိုင်းတာတွေရှိလိမ့်မယ်”
တင်းကောက ဇွဲကောင်းသည်။
“ပြီးတော့ မင်းကတရားဝင်ကစားသမားဖြစ်နေပြီလေ ဘယ်လိုလုပ် မင်းကိုတစ်ယောက်တည်းသွားခိုင်းလို့ရမလဲ? ဘာပဲဖြစ်ဖြစ် မင်းနောက်ကို လက်ထောက်တစ်ယောက်တော့ ပါသွားမှရမယ်။ ခဏပဲစောင့် ဒီကိုရောက်ဖို့ဆို တက်စီနဲ့ မိနစ်၂၀လောက်ပဲ။ ဒီပွဲကစားပြီးရင် သွားလို့ရပြီ”
ကျန်းရုန်မှာတော့ တစ်နေ့ခင်းလုံး သူစိမ်းနှစ်ယောက်နဲ့ ပြောဆိုဆက်ဆံနေရမည့်အရေးကို စဥ်းစားမိသည်နှင့်ပင် မျက်မှောင်ပါကျုံ့မိသွားသည်။
“ကျွန်တော်ပြောတယ် မလိုပါဘူးဆို…”
“ကျွန်တော်သူနဲ့အတူသွားပေးလိုက်မယ်”
လေ့ကျင့်ရေးအခန်းထဲရှိလူတိုင်း ကြောင်အမ်းကုန်ကြသည်။ ကျန်းရုန်ကိုယ်တိုင်ပင် minionတွေဆက်မစားနိုင်တော့ပဲ အလန့်တကြား ခေါင်းလှည့်ကြည့်မိသည်။
လုပေါ်ယွမ်က ဂျက်ကတ်အင်္ကျီကိုကောက်ကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။
“ဘယ်အချိန်လောက် ဟိုကိုအရောက်သွားရမှာလဲ”
တင်းကောက လက်ထောက်နှစ်ယောက်က မလုံလောက်သေးဘူးဟု တွေးမိနေသည်ပင်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းရုန်ကလည်း Esportလောကရဲ့ နတ်ဘုရားပေါက်စဖြစ်သည်လေ။ လူသစ်တစ်ယောက်အနေနဲ့ လစာကလွဲလျှင် ကစားသမားအများစုထက် အားလုံးနီးပါးသာလေသည်။
သို့သော် လုပေါ်ယွမ်ကအတူလိုက်သွားဖို့ကတော့…..သူတို့ရဲ့ နှစ်ယောက်ပေါင်းကျော်ကြားမှုက သောက်ရမ်းကြီးများ မြင့်မနေလောက်ဘူးလား။ လုပေါ်ယွမ် ကြော်ငြာရိုက်ဖို့သွားလျှင် တင်းကောမှာ လူရှစ်ယောက်လောက် အတူထည့်ပေးလိုက်ရသည်။
သို့သော် လုပေါ်ယွမ်က ကျန်းရုန်နောက်အတူလိုက်ပေးဖို့ အတင်းပြောနေသည်ကြောင့် တင်းကောလည်း ဘာမှဆက်မပြောနိုင်တော့။ ဒီနေ့က တနင်္ဂနွေနေ့ဖြစ်သည်ကြောင့် တစ်နေ့တာအတွက် လေ့ကျင့်ရေးသတ်မှတ်ချိန်ဖြည့်ပြီးလျှင် အပြင်ထွက်ခွင့်ရှိသည်။
လုပေါ်ယွမ်က သူနဲ့အတူသွားချင်ကြောင်း ကျန်းရုန်ကြားလိုက်သည်နှင့် ကျန်းရုန် ချက်ချင်း ငြင်းပစ်လိုက်ချင်သည်။
သို့သော် တစ်ချိန်တည်းမှာပဲ အငြင်းစကားတွေ ပါးစပ်ဝရောက်တော့ ထုတ်မပြောရဲတော့ပေ။ တကယ်ကြီး လုပေါ်ယွမ် မလိုက်တော့မှာလည်း ကြောက်ပြန်သည်။
ကျန်းရုန်မှာ ငြင်းလိုက်ရမလား ငြိမ်နေလိုက်ရမလား လွန်ဆွဲနေစဥ်မှာပင် လုပေါ်ယွမ်က ပြင်ဆင်လို့ပြီးသွားပြီး တင်းကောနှင့်ပင် ရိုက်ကူးရေးနေရာအကြောင်း ဆွေးနွေးနေတော့သည်။
တင်းကောက အပေးအယူလုပ်ပြန်သည်။
“မင်းလိုက်သွားချင်ရင် လိုက်သွားလို့တော့ရတယ်။ ဒါပေမယ့် ကားတော့ကိုယ်တိုင်မောင်းလို့မရဘူး။ ဟိုကိုရောက်ဖို့ နာရီဝက်လောက်ကြာမှာဆိုတော့ မင်းတို့နှစ်ယောက်ကိုလိုက်ပို့ဖို့ ဒါရိုက်ဘာခေါ်ပေးမယ်”
“အင်း သူတစ်ယောက်တည်းရိုက်ရမှာလား?”
“ဟာ ငါမင်းကိုပြောပြီးသားလေ စုံတွဲဗားရှင်းပါဆို ချိုးချိုးလည်းလာမှာပေါ့”
လုပေါ်ယွမ်က ခေါင်းငြိမ့်ပြလိုက်ပြီး မျက်ဝန်းထောင့်မှ ကျန်းရုန်၏အကြည့်ကို တွေ့လိုက်ရသည်။
“ကစားပြီးသွားပြီလား?”
ကျန်းရုန် : “….ဟုတ်”
လုပေါ်ယွမ်က ကျန်းရုန်ရဲ့ဦးထုပ်ကို စားပွဲပေါ်ကနေကောက်ယူလိုက်ပြီး ကျန်းရုန်ရဲ့ခေါင်းပေါ် ဆောင်းပေးလိုက်သည်။
“ဒါဆိုသွားရအောင်”
ရိုက်ကူးရေးစတူဒီယိုမှာတော့ လူတွေပြည့်ကျပ်နေသည်။ ဒါဇင်ကျော်တဲ့ဝန်ထမ်းတွေက ရိုက်ကူးရေးနေရာကို ပြင်ဆင်နေကြပြီး ပတ်ဝန်းကျင်အနေအထားက ကျန်းရုန် အသင်းဓါတ်ပုံရိုက်ကူးခဲ့စဥ်ကထက် အတော်ပိုကြီးသည်။
တင်းကောက ကျန်းရုန်ကို ကြိုတင်သတိပေးထားသော်လည်း မိတ်ကပ်ပြင်ဆရာ Eyelinerစဆွဲသည့်အချိန်၌ ကျန်းရုန်၏မျက်ခုံးတို့ ကျုံ့ထားသည်မှာ ခြင်ပင်ညှပ်သတ်လို့ရနိုင်သည့်အလား။
မိတ်ကပ်ပြင်ဆရာ : “အချစ်လေး အဲ့လောက်စိတ်မလှုပ်ရှားနဲ့ မင်းမျက်လုံးကိုမထိုးမိပါဘူး စိတ်လျှော့ထား~ မင်းကမထိမခံဘူး”
ကျန်းရုန်က မျက်တောင်တစ်ဖျတ်ဖျတ်ခတ်နေပြီး အလွန်အမင်းစိတ်မရှည်ဟန်နှင့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။ ထို့နောက် အကြာကြီးနေတော့မှ ပြန်ဖြေလိုက်၏။ “……အို့”
လုပေါ်ယွမ်က သူ့နောက်မှာရပ်နေပြီး မှန်ထဲမှတစ်ဆင့် သူ့ကိုကြည့်နေသည်။ သူက ဦးထုပ်ဆောင်းထားဆဲဖြစ်ကာ နှုတ်ခမ်းနားမှာတော့ အပြုံးရိပ်တို့ စွန်းထင်နေ၏။
“နတ်ဘုရားလုလား”
လူတစ်ယောက်က လျှောက်လာသည်။ သူက ထုတ်ဝေသူမှ ရိုက်ကူးရေးကို ကြီးကြပ်ရန်အတွက် ပို့ထားသူဖြစ်သည်။ သူက တအံ့တသြနဲ့ လက်ကိုဆန့်လာလျက်ဆိုသည်။
“ဘယ်လိုဖြစ်လို့ဒီကိုရောက်လာတာလဲ”
လုပေါ်ယွမ်က လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ကျွန်တော်တို့Mid Lanerကို ကြော်ငြာရိုက်ဖို့အတွက် ခေါ်လာပေးတာ”
ထိုလူမှာ နှစ်စက္ကန့်လောက် ကြောင်အမ်းသွားတော့သည်။
“သူ့ကိုခေါ်လာပေးတယ်…..”
“အင်း”
လုပေါ်ယွမ်ကပြုံးလိုက်သည်။
“အချိန်ပိုနေတာနဲ့ လက်ထောက်အနေနဲ့ စမ်းလုပ်ကြည့်နေတာ”
“……”
“အိုက်ယား မျက်လုံးမဖွင့်နဲ့လေ!”
မိတ်ကပ်ပြင်ဆရာက ရုတ်တရက် ထအော်လေသည်။
“သွားပြီ အကုန်ပေပွကုန်ပြီ ပြန်ဆွဲရတော့မယ်”
လုပေါ်ယွမ် ဘယ်သူနဲ့စကားပြောနေတာလဲ ချောင်းကြည့်မိသည့် ကျန်းရုန် : “…….တောင်းပန်ပါတယ်”
ကျန်းရုန် မိတ်ကပ်ပြင်ပြီးသွားသည့်အချိန် လုပေါ်ယွမ်က သူ့ဘေးရှိထိုင်ခုံမှာ ထိုင်လျက်ဖုန်းကြည့်နေသည်။
မိတ်ကပ်ပြင်ဆရာက သက်ပြင်းမောကြီးချလိုက်ပြီး မိတ်ကပ်ဘူးတွေကိုပြန်သိမ်းနေရင်းမှ ကျန်းရုန်ကို ကျေနပ်စွာနဲ့ ပြန်ကြည့်လာသည်။
“ပြီးသွားပြီ! အရမ်းချောနေတာမဟုတ်ဘူးလား?”
လုပေါ်ယွမ်ကမော့ကြည့်လာသည်။
ကျန်းရုန်မှာ မျက်လုံးတွေကို ပွတ်လိုက်ချင်စိတ်ကို မနည်းအောင့်အီးထားရသည်။ သူက မျက်လုံးတွေကိုကျဥ်းလိုက်ပြီး သူ့ကိုယ်သူ မှန်ထဲတွင်ကြည့်လိုက်သည်။
“ကျွန်တော်…..နရံထက်တောင်ဖြူမသွားဘူးလား??”
မိတ်ကပ်ပြင်ဆရာ : “အဆင်ပြေပါတယ်။ ဒီအတိုင်းလေး ပြည့်စုံနေပြီ။ ကင်မရာပေါ်မှာဆို ဖြူမှန်းတောင်မသိသာဘူး”
ကျန်းရုန် : “ကျွန်တော့်မျက်လုံးတွေက အထိုးခံထားရသလိုပဲ”
မိတ်ကပ်ပြင်ဆရာ : “…..မင်းထင်လို့ပါ”
ကျန်းရုန် : “ကျွန်တော့်နှာခေါင်းထဲမှာအမှုန်တွေနဲ့”
“…….အဲ့တာပုံဖော်ထားတာ”
မိတ်ကပ်ပြင်ဆရာက အားတင်းပြုံးကာ ထိုင်ဝမ်လေသံနဲ့ ရှင်းပြလာသည်။
“မင်းကတော်တော်ဖြောင့်တဲ့အဖြောင့်ကောင်ပဲ”
လုပေါ်ယွမ်၏အပြုံးတို့ တောင့်ခဲသွားတော့သည်။
မိတ်ကပ်ပြင်ဆရာက အနားယူရန် ထွက်သွားသည်။ ကျန်းရုန်က နှုတ်ခမ်းနီအရောင်ဖျော့သွားအောင် နှုတ်ခမ်းကို အားနဲ့ အပေါ်အောက် နှုတ်ခမ်းချင်းပွတ်ပြီး ဖျက်နေလေသည်။
လုပေါ်ယွမ်က ကျန်းရုန်တစ်ယောက် မျက်လုံးကြောင့်ဒီလိုဖြစ်နေတယ်လို့ ထင်သွား၏။
“နေရတာအရမ်းအဆင်မပြေလို့လား”
ကျန်းရုန်ကခေါင်းလှည့်လာသည်။
“နည်းနည်းပါ။ ဒီမိတ်ကပ်ဆရာက ဘယ်လိုပြင်ရမှန်းမသိ…..”
သူစကားပြောလို့မပြီးသေးခင် လုပေါ်ယွမ်က ရုတ်တရက် လက်လှမ်းလာကာ သူ့ရဲ့နှုတ်ခမ်းအား အလွန်တရာညင်သာစွာ လက်ထိပ်လေးနှင့် သုတ်ပေးလာသည်။
ကျန်းရုန် လှုပ်ရှားမှုတို့ ရပ်တန့်သွား၏။
လုပေါ်ယွမ်က လက်ကိုပြန်ရုတ်သွားပြီး သူ့ရဲ့လက်ချောင်းထိပ်မှာတော့ အရောင်တစ်ချို့ ကပ်ပါသွားလေသည်။
“နှုတ်ခမ်းကို အချင်းချင်းပွတ်မနေနဲ့တော့ နှုတ်ခမ်းနီတွေပေပွကုန်ပြီ။ ပျက်သွားရင် နောက်တစ်ခေါက်ထပ်ဆိုးနေရမှာ သည်းခံထားဦး”
ကျန်းရုန်မှာတော့ လုပေါ်ယွမ်၏လက်ဆီ ကြည့်နေမိဆဲ။ အတော်ကြာသွားမှ ပြန်ပြောလိုက်နိုင်သည်။
“……သိပြီ”
မိန်းကလေးတစ်ယောက်ကို ဝန်းရံပြီး လူတစ်ချို့ဝင်လာကြသည်။
ချိုးချိုးကငယ်သေးပြီး သူမရဲ့ပေါ့ပါးပြီးသပ်ရပ်တဲ့မိတ်ကပ်ပုံစံက အထက်တန်းကျောင်းမှ အလှဆုံးပန်းလေးနှင့် တူလေသည်။ သူမက နုပျိုပြီးချိုမြိန်သည့်ရေမွှေးရနံ့ကို ဆွတ်ထားကာ သူမဝင်လာသည်နှင့်တစ်ပြိုင်နက် မိတ်ကပ်အခန်းတစ်ခုလုံးက သူမရဲ့ရနံ့တွေနှင့်သာ ပြည့်သွားတော့သည်။
“နတ်ဘုရားလု Soft ဟယ်လို နှစ်ယောက်လုံးကိုတွေ့ရတာဝမ်းသာပါတယ်”
ချိုးချိုးက ခပ်ယဲ့ယဲ့လေးပြုံးပြပြီး ရှင်းပြလာသည်။
“ကျွန်မမှာ ဖိနပ်တစ်ရံပျောက်နေလို့လေ ဝန်ထမ်းတစ်ယောက်က သွားယူနေပါပြီ။ နောက်၁၀မိနစ်လောက်နေမှ ရိုက်ကူးရေးစနိုင်မှာဆိုတော့ ရှင်တို့နည်းနည်းလောက်စောင့်ရမှာ……စိတ်တော့မဆိုးပါဘူးနော်”
ကျန်းရုန်က အကြည့်ပြန်ရုတ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။
“ရပါတယ်”
“ဒါဆိုကောင်းတာပေါ့”
ပြုံးလိုက်သည့်အခါ ချိုးချိုး၏ပါးပေါ်တွင် ပါးချိုင့်ကပေါ်လာသည်။
“ငါနင့်ရဲ့Livestreamတွေကြည့်ရတာ အရမ်းသဘောကျတာ”
ချိုးချိုးထွက်သွားပြီးနောက် မိတ်ကပ်အခန်းက ပြန်ပိတ်သွားသည်။
“သူလှလား?”
လုပေါ်ယွမ်က ရုတ်တရက် ထမေးလာသည်။
ကျန်းရုန်လည်း အမှန်အတိုင်းပင် ဖြေပေးလိုက်သည်။
“လှတယ်”
အမြဲတမ်းဆိုသလို ကျန်းရုန်က အရှိကိုအရှိအတိုင်း ပြောတတ်သည်။
ချိုးချိုးက အမှန်တကယ်ပင် လှလွန်းသည်။ သူမက ငယ်ရွယ်တက်ကြွပြီး ဖြူဖြူစင်စင်နှင့် သဘာဝဆန်ပုံ ပေါ်သည်။
လုပေါ်ယွမ်က ဖုန်းကြည့်နေရာမှ မော့ကြည့်လာ၏။
“မင်းကြိုက်တာအဲ့လိုပုံစံမျိုးလား?”
ကျန်းရုန် ကြောင်အမ်းသွား၏။ သူအမြန်ပြန်ဖြေလိုက်သည်။
“မဟုတ်ပါဘူး မဖြစ်နိုင်တာ”
လုပေါ်ယွမ်ကသူ့ကိုကြည့်နေဆဲ။
“ဒါဆို မင်းကဘယ်လိုမိန်းကလေးမျိုးကိုကြိုက်တာလဲ?”
ကျန်းရုန်၏မျက်ဝန်းတို့က မှန်ရှေ့ကအလင်းရောင်အောက်တွင် တောက်ပနေသည်။ လုပေါ်ယွမ်ကတော့ မျက်ဝန်းလှလှတို့ထဲတွင် ပုံရိပ်ပြန်နေ၏။
အကြာကြီးနေတော့မှ ကျန်းရုန်ကပြောလာသည်။
“….မသိဘူးလေ။ ကျွန်တော့်မှာကြိုက်တဲ့မိန်းကလေးရယ်လို့မှမရှိတာ”
_____
(Zawgyi)
ကြၽန္ေတာ့္မွာႀကိဳက္တဲ့မိန္းကေလးရယ္လို႔မွမရွိတာ
ေဆးလိပ္ေသာက္သည့္သူေတြကို သတင္းပို႔ပါက ဆုခ်ခံရမည္ဟု တင္းေကာေၾကျငာၿပီးသည့္ေနာက္ ဘယ္သူကမွဘာမွသတင္းမပို႔ၾကသည္ကိုထားဦး အခ်ိဳ႕လူေတြဆို ေတာ္ေတာ္ဆိုးဆိုး အခ်င္းခ်င္းဖုံးေပးၾကသည့္အျပင္ တစ္ေယာက္အျပစ္ကို ကိုယ္စားခံေပးသည္က တင္းေကာ လုံးဝေမွ်ာ္လင့္မထားသည့္ ေသာက္က်ိဳးနည္းအရာေတြပင္ ျဖစ္သည္။
သူ႔ပိုက္ဆံအိတ္ထဲကို ေငြဝင္လာသံက ေလထဲမွတစ္ဆင့္ ျဖတ္သန္းလာသည္။
လုေပၚယြမ္က သူ႔ရဲ႕ငါးႏွစ္တာသက္တမ္းမွာ LPLဆီကျပစ္ဒဏ္မခံရဖူးေသာ္လည္း တင္းေကာဆီမွာေတာ့ ပိုက္ဆံအေတာ္ေလးကုန္ခဲ့ရသည္။ လြန္ခဲ့သည့္ႏွစ္ေတြအတြင္း သူ၊ ယြမ္ခ်န္းနဲ႔ Pine သုံးေယာက္သားက TTCရဲ႕ညလယ္စာမုန္႔ေတြအတြက္ ဒိုင္ခံပိုက္ဆံရွင္းရသူမ်ား ျဖစ္ခဲ့ေလသည္။
"ပိုက္ဆံလႊဲေပးလိုက္ၿပီ"
လုေပၚယြမ္က ဖုန္းကို အိတ္ကပ္ထဲျပန္ထည့္လိုက္သည္။
အဲဒီေတာ့မွ တင္းေကာအမွတ္ရလိုက္၏။ အကယ္၍ သူသာ ဒဏ္ေငြေဆာင္သည့္ေနရာ အကြၽမ္းက်င္ဆုံးသူ တစ္ေယာက္တည္းကိုသာ ေ႐ြးရမည္ဆိုပါက အဲဒီတစ္ေယာက္က လုေပၚယြမ္သာျဖစ္မည္ပင္။
တကယ္ေတာ့ အရင္တုန္းက တင္းေကာတားျမစ္ထားသည့္အထဲ ေဆးလိပ္ေသာက္တာမပါေပ။ ဘယ္လိုပဲျဖစ္ျဖစ္ ကစားသမားဆယ္ေယာက္မွာ ကိုးေယာက္က ေဆးလိပ္ေသာက္သည္ေလ။ ပေရာ္ဖက္ရွင္နယ္ဂိမ္းနယ္ပယ္မွာ ဖိအားကႀကီးလြန္းၿပီး အသစ္ဝင္လာသူေတြခမ်ာ ဆက္တိုက္ဆိုသလို ဖိႏွိပ္ခံရကာ ပရိသတ္ထုႀကီးရဲ႕ေမွ်ာ္လင့္ခ်က္ေတြကလည္း ျပင္းထန္လြန္းလွသည္။ ကစားသမားတစ္ေယာက္က သာမန္ၿပိဳင္ပြဲတစ္ပြဲရႈံးလွ်င္ပင္ hot searchေပၚေရာက္သည္အထိ အဆဲခံရတတ္သည္ေၾကာင့္ နီကိုတင္းအရသာက သူတို႔ကို ခဏတာေတာ့ စိတ္ညစ္ေျပေစသည္ပင္။
သို႔ေသာ္ ၿပီးခဲ့သည့္ႏွစ္အစပိုင္းတြင္ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ေယာက္မွာ အဆုတ္ကင္ဆာေနာက္ဆုံးအဆင့္ျဖစ္ေနၿပီး အနားယူသြားရေလသည္။
အသက္၂၃ႏွစ္သာရွိေသးၿပီး အဆုတ္ကင္ဆာျဖစ္သည့္သတင္းမွာ Clubအမ်ားစုကို ေျခာက္လန္႔သြားၿပီး ေနာက္ပိုင္းမွာေတာ့ သူတို႔ကစားသမားေတြကို ေဆးလိပ္ျဖတ္ခိုင္းၾကေတာ့သည္။
တင္းေကာသည္လည္း အံကိုႀကိတ္ကာ ဒီလိုအၾကင္နာတရားမဲ့သည့္စည္းမ်ဥ္းမ်ိဳး ႐ုတ္ခ်ည္း ထုတ္ျပန္လိုက္ရေလသည္။ သို႔ေသာ္လည္း ဒဏ္ေငြေတြအားလုံးကို ကစားသမားေတြအတြက္သာ အသုံးျပဳသည္ပင္။ မွာစားသည့္အစားအေသာက္ဖိုး၊ စားေသာက္ဆိုင္ေတြတြင္ ထြက္စားသည့္က်သင့္ေငြေတြ၊ တခါတရံ အက်ႌအသစ္ေတြအတြက္ပင္ ပိုက္ဆံရွင္းသူက သူသာျဖစ္သည္။ လက္ေတြ႕က်က်ေျပာရလွ်င္ အသင္းသားေတြက သူ႔ဆီပိုက္ဆံလာစုေနသည္ႏွင့္ပင္ တူေတာ့သည္။
"မင္းေဆးလိပ္ျပတ္ေနၿပီမဟုတ္ဘူးလား?"
တင္းေကာက မ်က္ေမွာင္က်ဳံ႕ကာဆိုလာသည္။
"ဘာလို႔ဒီရက္ပိုင္းျပန္ေသာက္ေနတာလဲ?"
လုေပၚယြမ္က ဖုန္းကို အက်ႌအိတ္ထဲသို႔ ထိုးထည့္လိုက္သည္။
"ကြၽန္ေတာ္တစ္လိပ္ပဲေသာက္ခဲ့တာပါ။ အမ်ားစုက အကင္ဆိုင္ကေန အနံ႔စြဲလာတာ"
တင္းေကာ စဥ္းစားမိသြား၏။ ညသန္းေခါင္ႀကီး လုေပၚယြမ္ဆီဖုန္းဆက္သည္ဆိုကတည္းက XIUကစိတ္ညစ္ေနပုံရကာ PUDရဲ႕လတ္တေလာအတြင္းသတင္းေတြနဲ႔ ဆက္စပ္ၾကည့္လိုက္ေတာ့.....
တင္းေကာမွာ သက္ျပင္းခိုးခ်လိုက္မိသည္။
"ဘယ္လိုပဲျဖစ္ျဖစ္ နည္းနည္းပဲေသာက္။ ငါမနက္စာဝယ္လာတယ္ သြားစားေတာ့"
ဒီေန႔အတြက္ေတာ့ TTCရဲ႕ေလ့က်င့္ေရးအခန္းက ဆူညံပြက္ေလာ႐ိုက္ေနသည္။
ယြမ္ခ်န္းက ေရတစ္ငုံေမာ့ေသာက္လိုက္ၿပီး--
"အခုေနာက္ပိုင္း ဘယ္Champကိုေလ့က်င့္ေနလဲ.....ေသခ်ာေပါက္ ဘယ္ေျပာျပလို႔ရမလဲ။ ဒီတိုင္းေစာင့္ၾကည့္ေနေလ မၾကာခင္သိရမွာေပါ့။ ကြၽန္ေတာ့္ကိုfollowမလုပ္ရေသးတဲ့ wfေတြရွိရင္ followခလုတ္ကိုႏွိပ္သြားၾကပါဦး followerကြက္တိျပည့္ဖို႔ ႏွစ္ရာေက်ာ္ပဲလိုေတာ့တယ္”
Pine : “giftေတြအတြက္ေက်းဇူး”
“လာ လာ လာ လကုန္ရက္ျဖစ္ေနၿပီ ညီအစ္ကိုတို႔။ ငါ့ကိုRankingေတြမွာတြန္းတင္ေပးၾကပါဦး။ ေနာက္လက်ရင္ free giftေတြထပ္ရၾကမွာမလား! အခုေလးတင္ ခုန္းခုန္းက ငါ့ဆီက၁၆မွတ္ခိုးသြားတာ ဒီေန႔အတြက္ livestream rankingမွာေတာ့ သူ႔ကိုဖိႏွိပ္ထားႏိုင္မွျဖစ္မယ္!”
ေရွာင္ပိုင္က Barrageကိုေသခ်ာျမင္ႏိုင္ေအာက္ ေရွ႕ကိုကိုင္းလိုက္သည္။
“ဘာေျပာတယ္! Free giftေတြကို ငါ့ေကာအတြက္သိမ္းထားမယ္ေပါ့? မလိုပါဘူးကြာ သူဒီလမွာStreamမွာမွမဟုတ္တာ ေနာက္လလည္းမေသခ်ာဘူး။ Softကိုေပးမယ္? သူ႔Livestreamက ဒီေလာက္Rankျမင့္တာ သူမလိုပါဘူး….”
က်န္း႐ုန္က နားၾကပ္ကို တစ္ဖက္သာတပ္ထားသည္ျဖစ္ၿပီး ေအးစက္စက္ ဝင္ေျပာလိုက္သည္။
“ငါလိုခ်င္တယ္”
“?”
ေရွာင္ပိုင္က မယုံသကၤာဟန္နဲ႔ ေမးလာသည္။
“ငါ့စီးပြားေရးကိုဝင္လုေနတာလား”
“စီးပြားေရးကိုဝင္လုတာကမင္းေလ အစကတည္းက သူတို႔ကငါ့ကိုေပးမယ္ေျပာတာ”
ေရွာင္ပိုင္ စိတ္မလုံစြာနဲ႔ ေခါင္းကိုငုံ႔လိုက္ၿပီး ဒိန္ခ်ဥ္ကိုသာ ပါးစပ္အျပည့္ ေကာက္ေမာ့လိုက္ေတာ့သည္။
တကယ္ေတာ့ က်န္း႐ုန္ကစေနျခင္းသာ။ သူဒီေန႔ Livestreamမလႊင့္ခ်င္ေပ။ လကုန္ရက္ေတြမွာ Livestreamလႊင့္သူေတြအရမ္းမ်ားၿပီး Stream trafficလည္း ပုံမွန္လိုမေကာင္းေပ။ အေပ်ာ္ဝင္ပါရန္ပင္ အက်ိဳးမရွိ။
က်န္း႐ုန္ အခုေလးတင္ တစ္ကိုယ္ေတာ္ပြဲတစ္ပြဲ ကစားၿပီးသြားသည္ပင္။
က်န္း႐ုန္ ရလဒ္ဘုတ္အား ခဏေလာက္ စိုက္ၾကည့္လိုက္၏။ သူ႔စိတ္ထဲ ၿပီးခဲ့သည့္ႏွစ္ပြဲက တစ္မ်ိဳးတစ္ဖုံ ပ်င္းစရာေကာင္းေနေလသည္။
သူ႔အေနာက္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့ ပဲႏို႔ဘူးအခြံကို အမႈိက္ပုံးထဲလႊင့္ပစ္ေနသည့္ လုေပၚယြမ္ကို ျမင္လိုက္ရသည္။
မိနစ္ဝက္ေလာက္ ၿပိဳင္ပြဲဖန္တီးသည့္ေနရာတြင္ စခန္းခ်ေနၿပီးေနာက္ က်န္း႐ုန္ ဖုန္းကိုေကာက္ကိုင္လိုက္ၿပီး လုေပၚယြမ္ဆီ စာပို႔လိုက္သည္။
[R-ong : ေခါင္းေဆာင္]
ထိုစာပို႔ၿပီးသည့္ေနာက္ က်န္း႐ုန္ ေနာက္ထပ္စာလုံးေလးလုံးကိုပါ ဆက္တိုက္႐ိုက္လိုက္သည္ : Duo Qခ်င္လား
“ေခါင္းေဆာင္ စားၿပီးၿပီလား? အခု ငါ့အရံအေကာင့္မွာကစားေနတာ အတူကစားၾကမလား?”
ယြမ္ခ်န္းက ေနာက္လွည့္ၿပီး ေမးလာသည္။
“အင္း အေကာင့္ထဲဝင္လိုက္မယ္”
လုေပၚယြမ္က ေျပာၿပီးေတာ့မွ သူ႔ရဲ႕တုန္ခါေနတဲ့ဖုန္းကို ေကာက္ကိုင္ၿပီး ၾကည့္လိုက္သည္။
“အာ ဟုတ္တယ္ ဒီေန႔ ေခါင္းေဆာင္နဲ႔အတူကစားမွာ”
ယြမ္ခ်န္းက Barrageကိုေျပာျပေနသည္။
“နည္းျပေျပာတာေတာ့ ငါတို႔ရဲ႕ပူးေပါင္းေဆာင္႐ြက္ပုံက towerၿဖိဳတာေတြ တန္ျပန္တိုက္ခိုက္တာေတြမွာ အားနည္းေနေသးတယ္တဲ့ အဲ့တာေၾကာင့္ ငါတို႔ကိုေလ့က်င့္ခိုင္းထားတယ္….အဆင္ေျပပါတယ္ ငါတို႔ကပူးေပါင္းေဆာင္႐ြက္မႈေကာင္းေအာင္ ေလ့က်င့္႐ုံပဲေလ ဗ်ဴဟာေတြ နည္းစနစ္ေတြကို ေဖာ္မွာမွမဟုတ္တာ Streamေနလည္းကိစၥမရွိဘူး”
က်န္း႐ုန္ သူပို႔ၿပီးသြားသည့္မက္ေဆ့ခ်္ကို စိုက္ၾကည့္ေနမိၿပီး ပထမဆုံးအႀကိမ္အေနနဲ႔ စာေၾကာင္းေတြကိုခြဲပို႔တတ္သည့္ သူ႔ရဲ႕ခ်က္တင္ထိုင္သည့္အက်င့္ကို အလြန္မုန္းမိသြားသည္။
[R : အင္း]
က်န္း႐ုန္ : “…..”
သူ႔ေမးေအာက္မွာ ေထာက္ထားသည့္လက္က တစ္ျဖည္းျဖည္း အေပၚဘက္ကို စုံဆန္တက္လာသည္မွာ သူ႔နဖူးကိုထိမိသည္အထိ။
သူ႔အေနနဲ႔ လုေပၚယြမ္ရဲ႕အာ႐ုံကို ရၿပီးသြားၿပီျဖစ္သည့္အတြက္ ေနာက္ဆုတ္စရာလမ္းမရွိ သတၱိေမြးကာ စာျပန္လိုက္ရသည္။
[ကြၽန္ေတာ္ နားေနခန္းဆီသြားမလို႔ ေကာ္ဖီယူဦးမလား]
ခ်ီးပဲ ခ်ီးပဲ
ေမးၿပီးၿပီးခ်င္း က်န္း႐ုန္ ရွက္ေနေတာ့သည္။ သူသာေကာ္ဖီေဖ်ာ္လွ်င္ ခါးသည့္အခါ အလြန္တရာခါးေလသည္ ဘာေၾကာင့္ဆို အဆာပလာ ဘာမွမထည့္မိသည့္အတြက္။ ခ်ိဳၿပီဆိုလွ်င္လည္း လူသတ္လို႔ရသည္အထိ ခ်ိဳေလသည္ ဘာေၾကာင့္ဆို သၾကားေတြ၊ႏြားႏို႔ေတြ အထည့္လြန္သြားလို႔။
[R : မယူေတာ့ပါဘူး]
က်န္း႐ုန္ စာမျပန္ရေသးခင္မွာပင္ သူ႔ဖုန္းကထပ္ၿပီးတုန္ခါလာသည္။
[R : ခ်န္ေကာနဲ႔duo qၿပီးသြားရင္ ကိုယ္တို႔ ခဏေလာက္ အတူကစားမလား?]
က်န္း႐ုန္၏မ်က္လုံးတို႔ အေရာင္ေတာက္သြားေတာ့သည္။ တင္းတင္းေစ့ထားသည့္ႏႈတ္ခမ္း မ်က္ႏွာေသႏွင့္ပင္ အလ်င္အျမန္ စာျပန္လိုက္၏ : “ေကာင္းၿပီ”
လူတိုင္းက ေန႔လည္ခင္းမွညေရာက္သည္အထိ ေလ့က်င့္ခဲ့ၾကသည္။ ထို႔ေနာက္ ညစာစားေနရင္း PUD၏ၿပိဳင္ပြဲတိုက္႐ိုက္ထုတ္လႊင့္မႈကို စၾကည့္ၾကေလသည္။
ဒီေန႔အတြက္ PUDရဲ႕ၿပိဳင္ဘက္က Fighting Tigerျဖစ္ကာ ဒီပြဲကို ပုံမွန္ရာသီပြဲရဲ႕ စိတ္ဝင္စားစရာအေကာင္းဆုံးေတြထဲမွတစ္ခုအျဖစ္ သတ္မွတ္ႏိုင္သည္။
“ဘယ္သူႏိုင္မယ္ထင္လဲ”
ေရွာင္ပိုင္က အာလူးေၾကာ္ထုပ္ကိုကိုင္ထားၿပီး ႐ုပ္ရွင္ၾကည့္ရန္ သင့္ေတာ္သည့္ပုံစံကို ေျပာင္းထိုင္လိုက္သည္။
Pine : “PUD”
“မလြဲမေသြေတာ့မဟုတ္ဘူး။ က်န္းဟူ (Fighting Tiger)က ေတာ္ေတာ္တည္ၿငိမ္ေနၿပီ။ PUDက အခုမွ ထိန္းညႇိေနဆဲကာလမွာ”
ယြမ္ခ်န္းက ေရခဲေခ်ာင္းစားေနရင္း ေျပာလာသည္။
“အခုဆို သူတို႔အသင္းမွာ ကိုရီးယားသုံးေယာက္ေတာင္ရွိေနၿပီေလ”
“အျခားကိုရီးယားႏွစ္ေယာက္က တ႐ုတ္လိုအရမ္းကြၽမ္းတယ္ Saviorကသာလိုက္မမွီတာ”
ေရွာင္ပိုင္က သူ႔ေဘးကလူႏွစ္ေယာက္ကို ၾကည့္လိုက္သည္။
“ေကာတို႔ႏွစ္ေယာက္ေရာ ဘယ္သူႏိုင္မယ္ထင္လဲ?”
သူႏိုးလာတုန္းက ဗုံးႀကဲသလိုတရစပ္ေရာက္ထားတဲ့မက္ေဆ့ခ်္ေတြကို ျမင္ေယာင္လိုက္ၿပီး လုေပၚယြမ္ ေျပာလိုက္သည္။ “PUD”
က်န္း႐ုန္က ပီေကဝါးေနရင္း ေခါင္းထဲေပၚလာသည္ကိုသာ ေကာက္ေျဖလိုက္သည္။ “PUD”
ေရွာင္ပိုင္ : “ဘာလို႔လဲ”
“အေၾကာင္းအရင္းမရွိ”
က်န္း႐ုန္ ႐ိုး႐ိုးရွင္းရွင္းသာ ေျပာလိုက္သည္။
“ဒီတိုင္းႀကဳံရာတစ္ခုေ႐ြးလိုက္တာ”
လုေပၚယြမ္၏ႏႈတ္ခမ္းတစ္စုံက ေကြးတက္သြားသည္။ ထို႔ေနာက္ ကင္မရာမွတစ္ဆင့္ XIUကစားေနပုံကို စစ္ေဆးၾကည့္လိုက္သည္။
အထင္အရွားကို XIUက ပုံမွန္ထက္ စိတ္လႈပ္ရွားေနေလသည္။ သူ႔ရဲ႕ပထမဆုံးၿပိဳင္ပြဲလို ခပ္မတ္မတ္ေတာင့္ေတာင့္ႀကီး ထိုင္ေနေသးသည္။ ဒီေလာကႏွင့္ မရင္းႏွီးသည့္သူသာဆိုလွ်င္ ကမ္းပါးစြန္းကေန တြယ္တက္လာရသည့္ လူသစ္ေလးဟုပင္ အထင္မွားသြားေလာက္သည္။
ဒီၿပိဳင္ပြဲတြင္ အသင္းႏွစ္သင္းက BO3ပြဲျပည့္ကစားသြားၿပီး ပြဲစဥ္တစ္ခ်ီတိုင္းက မိနစ္၄၀ေက်ာ္ၾကာေလသည္။
မိနစ္၄၀ေက်ာ္ဆိုသည္က အေတာ္ေလးၾကာသည့္ပြဲစဥ္ဟု သတ္မွတ္ႏိုင္သည္။ က်န္းဟူက late game ကစားတာကြၽမ္းေသာ္ျငား PUDကလည္း ေနာက္ေကာက္က်က်န္ခဲ့မည့္အသင္း မဟုတ္ေခ်။ အသင္းႏွစ္သင္းလုံးက Macroဆိုသည့္စကားလုံးကို ကြၽမ္းက်င္ပိုင္ႏိုင္စြာနဲ႔ ပုံေဖာ္သြားၿပီး early gameမွာဆိုလွ်င္ အတူတကြ farmေနၾကသည္။ မင္းကငါ့Topကိုkillရင္ ငါကမင္းရဲ႕ADCကိုျပန္killမယ္ မင္းကငါ့wolf campကိုရွင္းရင္ ငါကမင္းရဲ႕raptor campကိုျပန္ရွင္းမယ္…...တစ္ပြဲခ်င္းစီတြင္ team fightအႀကီးစားပြဲသုံးခုထက္မပို။
(T/N : Macroဆိုတာ စုစုေပါင္းဗ်ဴဟာ/ႀကိဳတင္စီစဥ္ထားတဲ့အသင္း ဘယ္ေနရာမွာေတာ့ဘာလုပ္မယ္ စသျဖင့္)
အသင္းႏွစ္သင္းလုံးက ဗ်ဴဟာအတူတူကို သုံးေနသည့္အေျခအေနတြင္ PUDအသင္းသားေတြ၏ တစ္ကိုယ္ေတာ္စြမ္းရည္ေတြက သိသိသာသာကို က်န္းဟူအသင္းသားေတြထက္ တစ္ဆင့္ျမင့္ေနေလသည္။
အဆုံးမွာေတာ့ က်န္းဟူက ႏွစ္ပြဲဆက္တိုက္ရႈံးၿပီး ရမွတ္ 2:0နဲ႔အတူ PUDကအႏိုင္ရသြားသည္။
ၿပိဳင္ပြဲအၿပီးမွာေတာ့ ေရွာင္ပိုင္က ျဖဴေဖ်ာ့စြာနဲ႔ ေမးလာသည္။
“ေနာက္အပတ္က်ရင္ PUDနဲ႔ငါတို႔နဲ႔ ၿပိဳင္ရမွာမလား?”
“ဟုတ္တယ္”
ယြမ္ခ်န္းကခဏရပ္သြား၏။
“ဘယ္လိုျဖစ္လို႔ ငါ့စိတ္ထဲ……PUDကပိုအားႀကီးလာသလို ခံစားလိုက္ရပါလိမ့္?”
Pine : “မိနစ္၃၀ေလာက္မွာ ႏွစ္ဖက္စလုံးက goldအေရအတြက္တူေနေပမယ့္ တစ္ခ်ိန္လုံး PUDကဖိႏွိပ္ထားသလိုပဲ”
“အတည္ေျပာတာ”
တင္းေကာက သူတို႔ေနာက္မွာ ရပ္ေနျခင္းျဖစ္သည္။
“အခုMid Lanerအသစ္ကိုဝယ္ဖို႔ ယြမ္၁၆သန္းေတာင္ သုံးထားရတာေလ အရင္ထက္ေတာ့ ပိုအားနည္းလာပါ့မလား။ ဘာသာစကားျပႆနာကလည္း ကိစၥႀကီးေပမယ့္ အထာသိရင္ေတာ့ လူတိုင္းစင္ေပၚတက္လို႔ရတာပဲ”
ေရွာင္ပိုင္ထိတ္လန္႔သြား၏။
“ယြမ္၁၆သန္း??”
“ဂဏန္းအတိအက်ေတာ့ ငါလည္းမသိေပမယ့္ ငါ့ဆီစဆိုတဲ့ေစ်းကေတာ့ ရာသီႏွစ္ခုစာအတြက္ ၁၆သန္းပဲ။ ငါ့ဘက္ကသေဘာမတူလိုက္တာ။ PUDကိုလည္း အဲ့ေစ်းပတ္ဝန္းက်င္ပဲဆိုေလာက္တယ္ ပိုရင္ေတာင္ပိုဦးမယ္”
“ေသာက္ရမ္းေစ်းႀကီးတာပဲ…..”
ယြမ္ခ်န္းမွာ လႊတ္ခနဲဆဲလိုက္ၿပီးမွ သူတို႔ရဲ႕Mid Lanerဆီ လွမ္းေမးၾကည့္လိုက္သည္။
“က်န္း႐ုန္ မင္းတုန္းကေရာဘယ္ေလာက္ရလဲ? မင္းက တစ္ရာသီစာအတြက္ပဲ စာခ်ဳပ္ခ်ဳပ္ထားတာမလား? ဒါဆို စာခ်ဳပ္က ဒီေႏြဦးရာသီၿပိဳင္ပြဲၿပီးရင္ သက္တမ္းကုန္မွာေပါ့?”
“အင္း”
က်န္း႐ုန္က သူ႔ရဲ႕လက္ႏွစ္ဖက္လုံးကို အိတ္ကပ္ထဲထည့္လိုက္ၿပီး ထိုင္ခုံေနာက္မွီေပၚ မွီခ်လိုက္သည္။ ၿပီးေတာ့မွ ေအးစက္စက္ ေျပာျပလာသည္။
“1.4သန္း”
လူတိုင္းက ခဏေလာက္ တိတ္ဆိတ္သြားသည္။ ၿပီးေတာ့မွ တင္းေကာဆီ ဆတ္ခနဲ လွည့္ၾကည့္လာၾကသည္။
တင္းေကာမွာ ေခ်ာင္းပင္ဆိုးသြားသည္။
အစတုန္းက သူတကယ္ကိုေစ်းျမင့္ျမင့္ေပးခ်င္ခဲ့သည္။ သို႔ေသာ္ မေမွ်ာ္လင့္ထားစြာနဲ႔ ေတြ႕ကရာနံပါတ္တစ္ခု ထုတ္ေျပာလိုက္႐ုံရွိေသး က်န္း႐ုန္က ႏွစ္ခါပင္မစဥ္းစားပဲ တန္းသေဘာတူလိုက္ေလသည္။
“ဘာလို႔ငါ့ကိုအဲ့လိုလာၾကည့္ေနၾကတာလဲ?”
တင္းေကာကေျပာသည္။
“ဒီေစ်းကသိပ္ေတာ့မျမင့္ေပမယ့္ အက်ိဳးအေၾကာင္းသင့္တယ္ေလ။ ဘယ္လူသစ္ကမ်ား အသင္းထဲဝင္ဝင္ခ်င္း တရားဝင္ကစားသမားေနရာရၿပီး သန္းနဲ႔ခ်ီလစာရလို႔လဲ?”
တင္းေကာေျပာတာက အဓိပၸါယ္ရွိသည္။ အကယ္၍ လြန္ခဲ့သည့္လအနည္းငယ္ကသာဆို ဒီေစ်းႏႈန္းကို သာမန္ဟုသတ္မွတ္ႏိုင္သည္။ အျခားအသင္းသားသုံးေယာက္ အသင္းထဲဝင္ကာစဆို သူတို႔ရဲ႕လစဥ္ဝင္ေငြက ယြမ္ႏွစ္ေထာင္ပင္မရွိေခ်။ Pine၏စာခ်ဳပ္ေၾကးသည္ပင္ ယြမ္ရွစ္သိန္းျဖစ္သည္။
သို႔ေသာ္ အေျခအေနတစ္ခုက က်န္း႐ုန္က အသင္းထဲဝင္ၿပီးၿပီးခ်င္း အေတာ္ေလးေကာင္းေကာင္းမြန္မြန္ ကစားခဲ့သည္ေၾကာင့္ အျခားသူေတြ၏စိတ္ထဲ ဒီထက္ပိုျမင့္တဲ့ေစ်းႏႈန္းနဲ႔ ထိုက္တန္ေၾကာင္း ခံစားလာရေလသည္။
ကင္မရာက ၿပိဳင္ပြဲအၿပီး အင္တာဗ်ဴးဆီ ေျပာင္းသြားခဲ့သည္။ ဒီၿပိဳင္ပြဲအတြက္ MVPက XIUျဖစ္ၿပီး စံႏႈန္းမွီမွီ ေမးခြန္းအခ်ိဳ႕ကို ေျဖဆိုၿပီးသည့္ေနာက္ Roadရဲ႕Jungleကို ထိပ္တိုက္အေတြ႕ခ်င္ဆုံးျဖစ္ေၾကာင္း ေျပာသြားေလသည္။
ၿပိဳင္ပြဲရဲ႕ေနာက္ဆက္တြဲေတြကို ၾကည့္ရသည္အား လုေပၚယြမ္ တကယ္ကိုစိတ္မဝင္စားေပ။ သူမတ္တပ္ထရပ္လိုက္ၿပီး၊ အျခားတစ္ေယာက္ထက္ သူ႔ရဲ႕ေစ်းကြက္တန္ဖိုးက ၆ဆေလာက္နည္းေနတာေၾကာင့္ ဆူပုတ္ပုတ္မ်က္ႏွာေပးျဖစ္ေနသည့္ သူ႔အသင္းရဲ႕Mid Lanerေလးဆံပင္ေတြကို ခပ္ဖြဖြပုတ္ေပးလိုက္သည္။
“ေနာက္ရာသီက်ရင္ မင္းလည္းေစ်းႀကီးလာမွာေပါ့”
သူကေျပာသည္။
“ဆက္ၾကည့္မေနနဲ႔ေတာ့။ သြားduo qရေအာင္”
____
စီးပြားေရးႏွင့္ပတ္သတ္လွ်င္ တင္းေကာက လ်င္လ်င္ျမန္ျမန္ တိတိက်က် လုပ္ေဆာင္တတ္သည္။
အေတာ္ၾကာၾကာကတည္းက ကီးဘုတ္brandတစ္ခုအတြက္ က်န္း႐ုန္က BAအျဖစ္ စာခ်ဳပ္ခ်ဳပ္ထားသည္။ တနဂၤေႏြေန႔က ေၾကာ္ျငာဓါတ္ပုံေတြ ႐ိုက္ရေတာ့မည္ဟု က်န္း႐ုန္ကို ဆက္သြယ္လာေလသည္။
တင္းေကာကေျပာျပလာသည္။
“ဒီေန႔ ငါအျခားလုပ္စရာေတြရွိေသးလို႔ လက္ေထာက္ႏွစ္ေယာက္ကို ဆက္သြယ္ေပးထားတယ္။ သူတို႔မၾကာခင္ေရာက္လာလိမ့္မယ္ မင္းနဲ႔လိုက္ေပးလိမ့္မယ္သိလား”
“မလိုပါဘူး။ ကြၽန္ေတာ့္ဘာသာသြားလို႔ရတယ္”
က်န္း႐ုန္က ဂိမ္းကစားေနရင္းတန္းလန္းျဖစ္ၿပီး လွည့္ပင္မၾကည့္ပဲ ျငင္းလာသည္။
“ေၾကာ္ျငာဓါတ္ပုံ႐ိုက္တာက အသင္းအတြက္ ဓါတ္ပုံ႐ိုက္တုန္းကနဲ႔ မတူဘူး။ ဓါတ္ပုံဆရာက မင္းကိုလုပ္ခိုင္းတာေတြရွိလိမ့္မယ္”
တင္းေကာက ဇြဲေကာင္းသည္။
“ၿပီးေတာ့ မင္းကတရားဝင္ကစားသမားျဖစ္ေနၿပီေလ ဘယ္လိုလုပ္ မင္းကိုတစ္ေယာက္တည္းသြားခိုင္းလို႔ရမလဲ? ဘာပဲျဖစ္ျဖစ္ မင္းေနာက္ကို လက္ေထာက္တစ္ေယာက္ေတာ့ ပါသြားမွရမယ္။ ခဏပဲေစာင့္ ဒီကိုေရာက္ဖို႔ဆို တက္စီနဲ႔ မိနစ္၂၀ေလာက္ပဲ။ ဒီပြဲကစားၿပီးရင္ သြားလို႔ရၿပီ”
က်န္း႐ုန္မွာေတာ့ တစ္ေန႔ခင္းလုံး သူစိမ္းႏွစ္ေယာက္နဲ႔ ေျပာဆိုဆက္ဆံေနရမည့္အေရးကို စဥ္းစားမိသည္ႏွင့္ပင္ မ်က္ေမွာင္ပါက်ဳံ႕မိသြားသည္။
“ကြၽန္ေတာ္ေျပာတယ္ မလိုပါဘူးဆို…”
“ကြၽန္ေတာ္သူနဲ႔အတူသြားေပးလိုက္မယ္”
ေလ့က်င့္ေရးအခန္းထဲရွိလူတိုင္း ေၾကာင္အမ္းကုန္ၾကသည္။ က်န္း႐ုန္ကိုယ္တိုင္ပင္ minionေတြဆက္မစားႏိုင္ေတာ့ပဲ အလန္႔တၾကား ေခါင္းလွည့္ၾကည့္မိသည္။
လုေပၚယြမ္က ဂ်က္ကတ္အက်ႌကိုေကာက္ကိုင္ကာ မတ္တပ္ထရပ္လိုက္သည္။
“ဘယ္အခ်ိန္ေလာက္ ဟိုကိုအေရာက္သြားရမွာလဲ”
တင္းေကာက လက္ေထာက္ႏွစ္ေယာက္က မလုံေလာက္ေသးဘူးဟု ေတြးမိေနသည္ပင္။ ဘယ္လိုပဲျဖစ္ျဖစ္ က်န္း႐ုန္ကလည္း Esportေလာကရဲ႕ နတ္ဘုရားေပါက္စျဖစ္သည္ေလ။ လူသစ္တစ္ေယာက္အေနနဲ႔ လစာကလြဲလွ်င္ ကစားသမားအမ်ားစုထက္ အားလုံးနီးပါးသာေလသည္။
သို႔ေသာ္ လုေပၚယြမ္ကအတူလိုက္သြားဖို႔ကေတာ့…..သူတို႔ရဲ႕ ႏွစ္ေယာက္ေပါင္းေက်ာ္ၾကားမႈက ေသာက္ရမ္းႀကီးမ်ား ျမင့္မေနေလာက္ဘူးလား။ လုေပၚယြမ္ ေၾကာ္ျငာ႐ိုက္ဖို႔သြားလွ်င္ တင္းေကာမွာ လူရွစ္ေယာက္ေလာက္ အတူထည့္ေပးလိုက္ရသည္။
သို႔ေသာ္ လုေပၚယြမ္က က်န္း႐ုန္ေနာက္အတူလိုက္ေပးဖို႔ အတင္းေျပာေနသည္ေၾကာင့္ တင္းေကာလည္း ဘာမွဆက္မေျပာႏိုင္ေတာ့။ ဒီေန႔က တနဂၤေႏြေန႔ျဖစ္သည္ေၾကာင့္ တစ္ေန႔တာအတြက္ ေလ့က်င့္ေရးသတ္မွတ္ခ်ိန္ျဖည့္ၿပီးလွ်င္ အျပင္ထြက္ခြင့္ရွိသည္။
လုေပၚယြမ္က သူနဲ႔အတူသြားခ်င္ေၾကာင္း က်န္း႐ုန္ၾကားလိုက္သည္ႏွင့္ က်န္း႐ုန္ ခ်က္ခ်င္း ျငင္းပစ္လိုက္ခ်င္သည္။
သို႔ေသာ္ တစ္ခ်ိန္တည္းမွာပဲ အျငင္းစကားေတြ ပါးစပ္ဝေရာက္ေတာ့ ထုတ္မေျပာရဲေတာ့ေပ။ တကယ္ႀကီး လုေပၚယြမ္ မလိုက္ေတာ့မွာလည္း ေၾကာက္ျပန္သည္။
က်န္း႐ုန္မွာ ျငင္းလိုက္ရမလား ၿငိမ္ေနလိုက္ရမလား လြန္ဆြဲေနစဥ္မွာပင္ လုေပၚယြမ္က ျပင္ဆင္လို႔ၿပီးသြားၿပီး တင္းေကာႏွင့္ပင္ ႐ိုက္ကူးေရးေနရာအေၾကာင္း ေဆြးေႏြးေနေတာ့သည္။
တင္းေကာက အေပးအယူလုပ္ျပန္သည္။
“မင္းလိုက္သြားခ်င္ရင္ လိုက္သြားလို႔ေတာ့ရတယ္။ ဒါေပမယ့္ ကားေတာ့ကိုယ္တိုင္ေမာင္းလို႔မရဘူး။ ဟိုကိုေရာက္ဖို႔ နာရီဝက္ေလာက္ၾကာမွာဆိုေတာ့ မင္းတို႔ႏွစ္ေယာက္ကိုလိုက္ပို႔ဖို႔ ဒါ႐ိုက္ဘာေခၚေပးမယ္”
“အင္း သူတစ္ေယာက္တည္း႐ိုက္ရမွာလား?”
“ဟာ ငါမင္းကိုေျပာၿပီးသားေလ စုံတြဲဗားရွင္းပါဆို ခ်ိဳးခ်ိဳးလည္းလာမွာေပါ့”
လုေပၚယြမ္က ေခါင္းၿငိမ့္ျပလိုက္ၿပီး မ်က္ဝန္းေထာင့္မွ က်န္း႐ုန္၏အၾကည့္ကို ေတြ႕လိုက္ရသည္။
“ကစားၿပီးသြားၿပီလား?”
က်န္း႐ုန္ : “….ဟုတ္”
လုေပၚယြမ္က က်န္း႐ုန္ရဲ႕ဦးထုပ္ကို စားပြဲေပၚကေနေကာက္ယူလိုက္ၿပီး က်န္း႐ုန္ရဲ႕ေခါင္းေပၚ ေဆာင္းေပးလိုက္သည္။
“ဒါဆိုသြားရေအာင္”
႐ိုက္ကူးေရးစတူဒီယိုမွာေတာ့ လူေတြျပည့္က်ပ္ေနသည္။ ဒါဇင္ေက်ာ္တဲ့ဝန္ထမ္းေတြက ႐ိုက္ကူးေရးေနရာကို ျပင္ဆင္ေနၾကၿပီး ပတ္ဝန္းက်င္အေနအထားက က်န္း႐ုန္ အသင္းဓါတ္ပုံ႐ိုက္ကူးခဲ့စဥ္ကထက္ အေတာ္ပိုႀကီးသည္။
တင္းေကာက က်န္း႐ုန္ကို ႀကိဳတင္သတိေပးထားေသာ္လည္း မိတ္ကပ္ျပင္ဆရာ Eyelinerစဆြဲသည့္အခ်ိန္၌ က်န္း႐ုန္၏မ်က္ခုံးတို႔ က်ဳံ႕ထားသည္မွာ ျခင္ပင္ညႇပ္သတ္လို႔ရႏိုင္သည့္အလား။
မိတ္ကပ္ျပင္ဆရာ : “အခ်စ္ေလး အဲ့ေလာက္စိတ္မလႈပ္ရွားနဲ႔ မင္းမ်က္လုံးကိုမထိုးမိပါဘူး စိတ္ေလွ်ာ့ထား~ မင္းကမထိမခံဘူး”
က်န္း႐ုန္က မ်က္ေတာင္တစ္ဖ်တ္ဖ်တ္ခတ္ေနၿပီး အလြန္အမင္းစိတ္မရွည္ဟန္ႏွင့္ ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားသည္။ ထို႔ေနာက္ အၾကာႀကီးေနေတာ့မွ ျပန္ေျဖလိုက္၏။ “……အို႔”
လုေပၚယြမ္က သူ႔ေနာက္မွာရပ္ေနၿပီး မွန္ထဲမွတစ္ဆင့္ သူ႔ကိုၾကည့္ေနသည္။ သူက ဦးထုပ္ေဆာင္းထားဆဲျဖစ္ကာ ႏႈတ္ခမ္းနားမွာေတာ့ အၿပဳံးရိပ္တို႔ စြန္းထင္ေန၏။
“နတ္ဘုရားလုလား”
လူတစ္ေယာက္က ေလွ်ာက္လာသည္။ သူက ထုတ္ေဝသူမွ ႐ိုက္ကူးေရးကို ႀကီးၾကပ္ရန္အတြက္ ပို႔ထားသူျဖစ္သည္။ သူက တအံ့တၾသနဲ႔ လက္ကိုဆန္႔လာလ်က္ဆိုသည္။
“ဘယ္လိုျဖစ္လို႔ဒီကိုေရာက္လာတာလဲ”
လုေပၚယြမ္က လက္ဆြဲႏႈတ္ဆက္လိုက္သည္။
“ကြၽန္ေတာ္တို႔Mid Lanerကို ေၾကာ္ျငာ႐ိုက္ဖို႔အတြက္ ေခၚလာေပးတာ”
ထိုလူမွာ ႏွစ္စကၠန္႔ေလာက္ ေၾကာင္အမ္းသြားေတာ့သည္။
“သူ႔ကိုေခၚလာေပးတယ္…..”
“အင္း”
လုေပၚယြမ္ကၿပဳံးလိုက္သည္။
“အခ်ိန္ပိုေနတာနဲ႔ လက္ေထာက္အေနနဲ႔ စမ္းလုပ္ၾကည့္ေနတာ”
“……”
“အိုက္ယား မ်က္လုံးမဖြင့္နဲ႔ေလ!”
မိတ္ကပ္ျပင္ဆရာက ႐ုတ္တရက္ ထေအာ္ေလသည္။
“သြားၿပီ အကုန္ေပပြကုန္ၿပီ ျပန္ဆြဲရေတာ့မယ္”
လုေပၚယြမ္ ဘယ္သူနဲ႔စကားေျပာေနတာလဲ ေခ်ာင္းၾကည့္မိသည့္ က်န္း႐ုန္ : “…….ေတာင္းပန္ပါတယ္”
က်န္း႐ုန္ မိတ္ကပ္ျပင္ၿပီးသြားသည့္အခ်ိန္ လုေပၚယြမ္က သူ႔ေဘးရွိထိုင္ခုံမွာ ထိုင္လ်က္ဖုန္းၾကည့္ေနသည္။
မိတ္ကပ္ျပင္ဆရာက သက္ျပင္းေမာႀကီးခ်လိုက္ၿပီး မိတ္ကပ္ဘူးေတြကိုျပန္သိမ္းေနရင္းမွ က်န္း႐ုန္ကို ေက်နပ္စြာနဲ႔ ျပန္ၾကည့္လာသည္။
“ၿပီးသြားၿပီ! အရမ္းေခ်ာေနတာမဟုတ္ဘူးလား?”
လုေပၚယြမ္ကေမာ့ၾကည့္လာသည္။
က်န္း႐ုန္မွာ မ်က္လုံးေတြကို ပြတ္လိုက္ခ်င္စိတ္ကို မနည္းေအာင့္အီးထားရသည္။ သူက မ်က္လုံးေတြကိုက်ဥ္းလိုက္ၿပီး သူ႔ကိုယ္သူ မွန္ထဲတြင္ၾကည့္လိုက္သည္။
“ကြၽန္ေတာ္…..နရံထက္ေတာင္ျဖဴမသြားဘူးလား??”
မိတ္ကပ္ျပင္ဆရာ : “အဆင္ေျပပါတယ္။ ဒီအတိုင္းေလး ျပည့္စုံေနၿပီ။ ကင္မရာေပၚမွာဆို ျဖဴမွန္းေတာင္မသိသာဘူး”
က်န္း႐ုန္ : “ကြၽန္ေတာ့္မ်က္လုံးေတြက အထိုးခံထားရသလိုပဲ”
မိတ္ကပ္ျပင္ဆရာ : “…..မင္းထင္လို႔ပါ”
က်န္း႐ုန္ : “ကြၽန္ေတာ့္ႏွာေခါင္းထဲမွာအမႈန္ေတြနဲ႔”
“…….အဲ့တာပုံေဖာ္ထားတာ”
မိတ္ကပ္ျပင္ဆရာက အားတင္းၿပဳံးကာ ထိုင္ဝမ္ေလသံနဲ႔ ရွင္းျပလာသည္။
“မင္းကေတာ္ေတာ္ေျဖာင့္တဲ့အေျဖာင့္ေကာင္ပဲ”
လုေပၚယြမ္၏အၿပဳံးတို႔ ေတာင့္ခဲသြားေတာ့သည္။
မိတ္ကပ္ျပင္ဆရာက အနားယူရန္ ထြက္သြားသည္။ က်န္း႐ုန္က ႏႈတ္ခမ္းနီအေရာင္ေဖ်ာ့သြားေအာင္ ႏႈတ္ခမ္းကို အားနဲ႔ အေပၚေအာက္ ႏႈတ္ခမ္းခ်င္းပြတ္ၿပီး ဖ်က္ေနေလသည္။
လုေပၚယြမ္က က်န္း႐ုန္တစ္ေယာက္ မ်က္လုံးေၾကာင့္ဒီလိုျဖစ္ေနတယ္လို႔ ထင္သြား၏။
“ေနရတာအရမ္းအဆင္မေျပလို႔လား”
က်န္း႐ုန္ကေခါင္းလွည့္လာသည္။
“နည္းနည္းပါ။ ဒီမိတ္ကပ္ဆရာက ဘယ္လိုျပင္ရမွန္းမသိ…..”
သူစကားေျပာလို႔မၿပီးေသးခင္ လုေပၚယြမ္က ႐ုတ္တရက္ လက္လွမ္းလာကာ သူ႔ရဲ႕ႏႈတ္ခမ္းအား အလြန္တရာညင္သာစြာ လက္ထိပ္ေလးႏွင့္ သုတ္ေပးလာသည္။
က်န္း႐ုန္ လႈပ္ရွားမႈတို႔ ရပ္တန္႔သြား၏။
လုေပၚယြမ္က လက္ကိုျပန္႐ုတ္သြားၿပီး သူ႔ရဲ႕လက္ေခ်ာင္းထိပ္မွာေတာ့ အေရာင္တစ္ခ်ိဳ႕ ကပ္ပါသြားေလသည္။
“ႏႈတ္ခမ္းကို အခ်င္းခ်င္းပြတ္မေနနဲ႔ေတာ့ ႏႈတ္ခမ္းနီေတြေပပြကုန္ၿပီ။ ပ်က္သြားရင္ ေနာက္တစ္ေခါက္ထပ္ဆိုးေနရမွာ သည္းခံထားဦး”
က်န္း႐ုန္မွာေတာ့ လုေပၚယြမ္၏လက္ဆီ ၾကည့္ေနမိဆဲ။ အေတာ္ၾကာသြားမွ ျပန္ေျပာလိုက္ႏိုင္သည္။
“……သိၿပီ”
မိန္းကေလးတစ္ေယာက္ကို ဝန္းရံၿပီး လူတစ္ခ်ိဳ႕ဝင္လာၾကသည္။
ခ်ိဳးခ်ိဳးကငယ္ေသးၿပီး သူမရဲ႕ေပါ့ပါးၿပီးသပ္ရပ္တဲ့မိတ္ကပ္ပုံစံက အထက္တန္းေက်ာင္းမွ အလွဆုံးပန္းေလးႏွင့္ တူေလသည္။ သူမက ႏုပ်ိဳၿပီးခ်ိဳၿမိန္သည့္ေရေမႊးရနံ႔ကို ဆြတ္ထားကာ သူမဝင္လာသည္ႏွင့္တစ္ၿပိဳင္နက္ မိတ္ကပ္အခန္းတစ္ခုလုံးက သူမရဲ႕ရနံ႔ေတြႏွင့္သာ ျပည့္သြားေတာ့သည္။
“နတ္ဘုရားလု Soft ဟယ္လို ႏွစ္ေယာက္လုံးကိုေတြ႕ရတာဝမ္းသာပါတယ္”
ခ်ိဳးခ်ိဳးက ခပ္ယဲ့ယဲ့ေလးၿပဳံးျပၿပီး ရွင္းျပလာသည္။
“ကြၽန္မမွာ ဖိနပ္တစ္ရံေပ်ာက္ေနလို႔ေလ ဝန္ထမ္းတစ္ေယာက္က သြားယူေနပါၿပီ။ ေနာက္၁၀မိနစ္ေလာက္ေနမွ ႐ိုက္ကူးေရးစႏိုင္မွာဆိုေတာ့ ရွင္တို႔နည္းနည္းေလာက္ေစာင့္ရမွာ……စိတ္ေတာ့မဆိုးပါဘူးေနာ္”
က်န္း႐ုန္က အၾကည့္ျပန္႐ုတ္လိုက္ၿပီး ေခါင္းခါျပလိုက္သည္။
“ရပါတယ္”
“ဒါဆိုေကာင္းတာေပါ့”
ၿပဳံးလိုက္သည့္အခါ ခ်ိဳးခ်ိဳး၏ပါးေပၚတြင္ ပါးခ်ိဳင့္ကေပၚလာသည္။
“ငါနင့္ရဲ႕Livestreamေတြၾကည့္ရတာ အရမ္းသေဘာက်တာ”
ခ်ိဳးခ်ိဳးထြက္သြားၿပီးေနာက္ မိတ္ကပ္အခန္းက ျပန္ပိတ္သြားသည္။
“သူလွလား?”
လုေပၚယြမ္က ႐ုတ္တရက္ ထေမးလာသည္။
က်န္း႐ုန္လည္း အမွန္အတိုင္းပင္ ေျဖေပးလိုက္သည္။
“လွတယ္”
အၿမဲတမ္းဆိုသလို က်န္း႐ုန္က အရွိကိုအရွိအတိုင္း ေျပာတတ္သည္။
ခ်ိဳးခ်ိဳးက အမွန္တကယ္ပင္ လွလြန္းသည္။ သူမက ငယ္႐ြယ္တက္ႂကြၿပီး ျဖဴျဖဴစင္စင္ႏွင့္ သဘာဝဆန္ပုံ ေပၚသည္။
လုေပၚယြမ္က ဖုန္းၾကည့္ေနရာမွ ေမာ့ၾကည့္လာ၏။
“မင္းႀကိဳက္တာအဲ့လိုပုံစံမ်ိဳးလား?”
က်န္း႐ုန္ ေၾကာင္အမ္းသြား၏။ သူအျမန္ျပန္ေျဖလိုက္သည္။
“မဟုတ္ပါဘူး မျဖစ္ႏိုင္တာ”
လုေပၚယြမ္ကသူ႔ကိုၾကည့္ေနဆဲ။
“ဒါဆို မင္းကဘယ္လိုမိန္းကေလးမ်ိဳးကိုႀကိဳက္တာလဲ?”
က်န္း႐ုန္၏မ်က္ဝန္းတို႔က မွန္ေရွ႕ကအလင္းေရာင္ေအာက္တြင္ ေတာက္ပေနသည္။ လုေပၚယြမ္ကေတာ့ မ်က္ဝန္းလွလွတို႔ထဲတြင္ ပုံရိပ္ျပန္ေန၏။
အၾကာႀကီးေနေတာ့မွ က်န္း႐ုန္ကေျပာလာသည္။
“….မသိဘူးေလ။ ကြၽန္ေတာ့္မွာႀကိဳက္တဲ့မိန္းကေလးရယ္လို႔မွမရွိတာ”
_____