အခန်း ၂၃ အပိုင်း ၂
ယဲ့ရှန်းက နန်းတော်သို့ပြန်လာပြီးနောက် ရှောင်းယိုနဥ်၏လှုပ်ရှားမှုများကို သိရှိရန် နန်းတော်အပြင်ဘက်ရှိလူများကို စောင့်ကြည့်ဖို ညွှန်ကြားခဲ့သည်။
သူမက ရှောင်းမိသားစု၏ ဒုတိယအိမ်တော်ခွဲမှ အစေခံများကို ဆုငွေများပေးခဲ့ကြောင်း သူသိရပြီး ပွဲကျင်းပရန် စားသောက်ဆိုင်တစ်ခုကိုလည်း သူမက ဌားရမ်းခဲ့သေးသည်။ သူ့အတွက်တော့ ပထမဆုံးအကြိမ်အဖြစ် ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။
အဲ့တာတွေကို ဘယ်လိုသတ်မှတ်ရမှာလဲ။ သူမက သူမရဲ့ပြိုင်ဘက်တွေကို ပိုက်ဆံနဲ့ အနိုင်ယူမှာလား။
ဘယ်လောက် မာနကြီးပြီး မောက်မာနိုင်တာလဲ!
ကျန့်ယင်က သူမအကြောင်း ပြောပြပေးသူပါ။ ပြီးသွားတော့ သူက သူ့လျှာကို ဖိလိုက်ပြီး ခံစားချက်တွေ ရောထွေးပြီး ပြောလာတယ် "လီမိသားစုက သူ(မ)လောက်တောင် မကြီးကျယ် မမြင့်မြတ်တာ ဖြစ်နိုင်တယ်။ သဘောထားကွဲလွဲတိုင်း ပိုက်ဆံထုတ်သုံးတဲ့ မိန်းကလေးကို ဘယ်သူက ပံ့ပိုးပေးနိုင်မှာလဲ"
ယဲ့ရှန်းက နားထောင်ရင်း သူဘာလို့ မျက်ခုံးပင့်လိုက်မိတယ်ဆိုတာ မသိပေမယ့် အတွေးတစ်ခုတော့ ဝင်လာခဲ့သည်။
လီမိသားစုက သူမကို ထောက်ပံ့ဖို့ မတတ်နိုင်ပေမယ့် သူကတော့ ငွေပြတ်နေတာမျိုး မရှိဘူး။ ဧကရာဇ်မင်းတစ်ပါးတည်းက သူကို ပေးထားတဲ့ ဆုလာဘ်တွေတောင် သိုလှောင်ခန်းထဲမှာ တောင်ငယ်တစ်ခုလို စုပုံထားရပြီး အဲ့တာတွေကို သူထိတောင် မထိဘူး။
ဒါပေမယ့် သူ့စိတ်ထဲမှာ ဒါက အမျိုးသားတွေကြားထဲက ပြိုင်ဆိုင်ချင်တဲ့ အတွေးသက်သက်ပဲလို့ ထင်နေမိသည်။
မနေ့က ဟော်မင်ဝူကိုတွေ့တုန်းကလိုပါပဲ။
ရှောင်းယိုနဥ်ကို သူ့အမေက သူ့လက်ထဲကို အပ်ထားခဲ့သည်။ သူမကို သူ့အတောင်ပံတွေအောက်မှာ ထားရမယ်ဆိုရင်တောင် ဒီလိုလူတစ်ယောက်ကို ကာကွယ်ပေးရတာက သူ့ဘဝအတွက်တော့ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီလိုလုပ်ဖို့ အတင်းအကြပ် ကြိုးစားနေရတုန်းပါပဲ။ သို့သော်လည်း သူက သားရဲတစ်ကောင်လို သူ့နယ်မြေကို သိမ်းပိုက်လိုစိတ်ပြင်းပြပြီး ပိုင်နိုင်စွာ ကြီးစိုးချင်နေသေးသည်။
သူပိုင်ဆိုင်တဲ့ အရာကို ဘယ်သူမှ လာထိလို့ မရဘူး။ အဲဒီလိုလုပ်ရင် သူကို စော်ကားသလို ခံစားရပြီး သူ စိတ်ဆိုးလာလိမ့်မည်ပင်။
ဒါကြောင့် ရှောင်းယိုနဥ်က ဟော်မင်ဝူကို ကူညီပေးဖို့ တောင်းဆိုတော့ သူတကယ်ကို စိတ်မချမ်းသာဖြစ်ခဲ့ရသည်။
မနေ့က သူ့ဒေါသတွေက ဘယ်က ရောက်လာမှန်း အခုမှ ယဲ့ရှန်း နားလည်သွားသည်။ ယနေ့ သူမရဲ့လုပ်ဆောင်နိုင်စွမ်းကို ကြားတော့ စိတ်က ပြန်သက်သာလာခဲ့သည်။
"မင်း သိုလှောင်ခန်းငယ်ကို တစ်ချက်လောက် သွားကြည့်လိုက်ဦး။ အဲ့မှာ ပုလဲတွေ အများကြီးရှိတာ ငါ မှတ်မိတယ်။ အရည်အသွေးကောင်းတာလေးတွေကို ရွေးယူလာခဲ့၊ နောက်နေ့ အပြင်သွားတဲ့အခါ ယူသွားမယ်"
ယဲ့ရှန်းက မနက်ခင်းတုန်းက သူ ဖူသယ်ကို ပြောခဲ့သောစကားကို တွေးနေမိသည်။ သူမကို လက်ဆောင်တစ်ခု ပေးဖို့ရှိသေးသည်။
ကျန့်ယင်က သရဲတစ္ဆေကို မြင်လိုက်ရသလိုမျိုး မျက်လုံးပြူးကျယ်သွားသည်။ နောက်ဆုံးတော့ သူထွက်သွားပေမယ့် သူ့အတွေးထဲမှာ မေးခွန်းတွေ ပြည့်နေသည်။
သခင်လေးက ပုလဲတွေကို ဘယ်သူ့ကို ပေးချင်တာလဲ။ အဲ့ဒီကလေးမလေးကိုတော့ မဖြစ်နိုင်ဘူးမလား။
အခုကစပြီးတော့ ပဉ္စမသခင်လေးက ကလေးမလေး သုံးဖြုန်းဖို့ ကူညီတော့မှာလား။
ယဲ့ရှန်း မသိခဲ့တာက ရှောင်းယိုနဟာ နောက်နေ့မှာ အိမ်တစ်လုံးရှာဖို့ အပြင်ကို ထွက်လာပြီး မေးမြန်းစုံစမ်းနေတယ်ဆိုတာပါပဲ။
မြို့တော်တွင် အိမ်ရောင်းခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို အထူးပြုစုဆောင်းထားသူများရှိသော်လည်း ရှောင်းယိုနဥ် လိုချင်သည်မှာ မြေတစ်လက်မအတွက် အလွန်စျေးကြီးသော နေရာဖြစ်သည်။ သေးသေးလေးတောင် ရှာရမလွယ်ဘူး၊ လောလောဆယ် သင့်တော်တာ မရှိသေးဘူး။ သို့သော် သူမက စိတ်မပျက်ဘဲ ညှိနှိုင်းပေးသူကို "ဘယ်နားက တာအို ဘုရားကျောင်းက ရောင်းချင်နေတယ် ဆိုတာသိလား" လို့ မေးလိုက်သည်။
ညှိနှိုင်းပေးသူက သူမအပြောကြောင့် ရယ်နေသည်။ "သခင်မလေး၊ ငါ့ကို ရယ်စရာ မပြောပါနဲ့။ တာအို ဘုရားကျောင်းကို ဝယ်ချင်တဲ့သူမျိုး မင်း ဘယ်မှာရှာတွေ့နိုင်မလဲ။ ဆန့်ကျင်ဘက်အနေနဲ့ လူတချို့က ချောင်ကျတဲ့ ခြံဝင်းလေးတွေကို ဝယ်ကြတယ်"
ထိုကဲ့သို့သော ခြံဝင်းလေးများက များသောအားဖြင့် လူတစ်ဦး၏ ကျင့်ကြံအားထုတ်ရာနေရာ ဖြစ်သည်။
ချမ်းသာသူများက ကျော်ကြားသော တာအို ဘုရားကျောင်းများသို့ အလှူငွေများ လှူဒါန်းကြပြီး သူတို့၏ ကျင့်စဉ်အတွက် ခြံဝင်းကျယ်ကြီးတစ်ခု တောင်းဆိုကြသည်။ မီးခိုးတွေနဲ့ မီးလောင်တဲ့နေရာတွေကို မသွားချင်တဲ့သူတွေလည်း ရှိတော့ သူတို့ကိုယ်တိုင် မြေဝယ်ပြီး တာအို ဘုရားကျောင်းဆောက်ကြသည်။
(မီးခိုးတွေနဲ့ မီးလောင်တဲ့နေရာဆိုတာ အမွေးတိုင်လာထွန်းတဲ့သူတွေ လာလှူတဲ့သူတွေနဲ့ ဆူညံနေတဲ့ ပတ်ဝန်းကျင်လို့ ပြောတာပါ)
သူမသွားခဲ့တဲ့ ချင်ဖုန်းတာအိုဘုရားကျောင်းကို တစ်စုံတစ်ယောက်က ဆောက်လုပ်ခဲ့ပေမယ့် ဘယ်သူက ဆောက်ခဲ့တာလဲဆိုတာ သူမ မသိခဲ့ဘူး။
သို့သော် ယဲ့ရှန်းကြောင့် ရှောင်းယိုနဥ်က ထိုမြင့်မြတ်သောသူကို ရှာဖွေဖော်ထုတ်ရန် ဆန္ဒမရှိခဲ့ပေ။ ထိုလူက ယဲ့ရှန်းရဲ့ လက်ရှိဆရာသခင် ဖြစ်နိုင်သည်။
"ဒီလိုမျိုး ရှိတာလဲ ကောင်းပါတယ်" ရှောင်းယိုနဥ်က အဆင်ပြေတယ်လို့ တွေးနေခဲ့သည်။
ထိုကဲ့သို့သောနေရာများသည် အများအားဖြင့် ကောင်းမွန်သော ဖုန်းရွှေရှိပြီး၊ အားထုတ်ကျင့်ကြံသောသခင်ကြီးများအတွက် သင့်လျော်ပြီး ယဲ့ရှန်းအတွက်လည်း သင့်တော်သည်။
ယွမ်ကော်က ထူးဆန်းတယ်လို့ ထင်နေခဲ့သည်။ "သခင်မလေး၊ ဒီလိုနေရာမျိုးကို သခင်မလေးက ဘာလုပ်မှာလဲ"
ရှောင်းယိုနဥ်က တာအိုဘုန်းကြီးဝူယဲ့ကို ကျေးဇူးလက်ဆောင် ပေးချင်တယ်လို့ တွေးနေပေမယ့် သူမက ပြုံးပဲနေပြီး ပြန်မပြောခဲ့ဘူး။
ရောင်းတဲ့နေရာက နည်းနည်းဝေးတယ်၊ သူမ နေ့ခင်းအထိ အပြင်မထွက်နိုင်ဘူး။ အခုက အရမ်းနောက်ကျနေပြီမို့ မနက်ဖြန် မြို့ပြင်ကို သွားကြည့်ဖို့ ညှိနှိုင်းပေးသူနဲ့ ချိန်းထားခဲ့သည်။
ကြားခံညှိနှိုင်းပေးသူက သူမကို အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။ သူမက သူနဲ့ လာကစားနေတဲ့ ကလေးမလေးဖြစ်မှာကို ကြောက်တဲ့အတွက် ရှောင်းယိုနဥ်ရဲ့ နောက်ခံအကြောင်းကို သွယ်ဝိုက်ပြီး မေးဖို့ ကြိုးစားခဲ့သည်။
ရှောင်းယိုနဥ်က သူ့မေးခွန်းတွေကို လုံးဝ မရှောင်ဘူး။ သူမက ပြုံးပြီး "ဟိုရက်တွေတုန်းက လူတွေအားလုံးက ငါ့အကြောင်း ပြောနေကြတာ။ ငါ့မိသားစုနာမည်က ရှောင်း"
သူမမှာ မျက်နှာငယ်စရာ ဘာမှ ဘာမှမရှိပါဘူး။ လီမိသားစုကသာ မြောင်းထဲက ကြွက်တွေလို တံတွေးထွေးခံရသင့်သည်။
ညှိနှိုင်းပေးသူ၏ မေးရိုးပြုတ်သွားပြီး စိုးရိမ်ခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း မရှိတော့ပေ။ အရင်ကထက် ပိုပြီး ယဉ်ကျေးစွာ ပြုံးပြသည်။ သူမ ဘာကြောင့် ဒီလို ခြံဝင်းကို ဝယ်ချင်တာလဲဆိုတာ သူ မတွေးတော့ဘူး။
ကွာရှင်းပြတ်စဲပြီးနောက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများအတွက် ထိုနေရာသို့ သွားခြင်းသည် ပုံမှန်ဖြစ်သည်။ သူမသည် သေမျိုးကမ္ဘာကို ဖြတ်ကျော်ရန် ကြိုးစားနေခဲ့သည်။
ညှိနှိုင်းပေးသူက ရှောင်းယိုနဥ်ကို စာနာနေသည်။ သူမ၏ ချောမောလှပသော ရုပ်သွင်ကို သူ ကြည့်နေမိသည်။ သူ့စိတ်ထဲမှာ တောက်ပပြီး လှပတဲ့ မျက်နှာလေးကို သတိထားမိပြီး ဒီလောက် အံ့သြစရာကောင်းတဲ့ အလှကို သနားသင့်သလားတောင် မသိတော့ပေ။
ရှောင်းယိုနဥ်က ရှောင်းမိသားစု၏အိမ်သို့ ပြန်ရောက်သောအခါ ဟော်မင်ဝူရောက်ရှိလာကြောင်း မတော်တဆ ကြားလိုက်ရပြီး ယခု သူ့ကို အိမ်ရှေ့ ခြံဝင်းတွင် ထိုင်ရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
သတင်းရှိရတာဖြစ်မယ်လို့ တွေးပြီး သူမနှလုံးသားက ခုန်ပေါက်သွားသည်။ သူမ အမြန် ပြေးသွားလိုက်သည်။
ကောင်မလေးက အိမ်ရှေ့ ခြံဝင်းဆီသို့ အမောတကော ပြေးသွားခဲ့သည်။ သူမ၏ ပါးပြင်များက အနီရောင် တိမ်တိုက်များကဲ့သို့ဖြစ်နေပြီး သူမ၏ မျက်လုံးများမှာ တောက်ပပြီး ချစ်စရာကောင်းနေသည်။
ဟော်မင်ဝူက သူမကို မြင်တော့ အမြန်ထရပ်လိုက်သည်။ သူမက ခါတိုင်းထက်ပိုပြီး ဆွဲဆောင်မှုရှိနေတယ်လို့ သူ ထင်နေပြီး ရှက်ပြုံးတစ်ခုနဲ့ သူ့မျက်နှာကို ငုံ့လိုက်သည်။
"အစ်ကိုဟော်၊ မင်းမှာ သတင်းထူးရှိလား" ရှောင်းယိုနဥ်က သူမ၏ဖခင်အတွက် စိတ်ပူနေပြီး ဟော်မင်ဝူနှင့် ပတ်သက်ပြီး အထူးအဆန်းတစ်စုံတစ်ရာကို မတွေ့ခဲ့ရတာကြောင့် သူမက မေးခွန်းကို အရင်မေးလိုက်သည်။
ဟော်မင်ဝူက သူ့အတွေးကို ချက်ချင်းဖယ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ငါ သေချာမေးထားတယ်။ နောင်ကျရင် မင်း ရတနာအပေါင်ဆိုင်ကို သွားလို့ရတယ်။ သူက အသက်နှစ်ဆယ်အောက် မိန်းမစိုးတစ်ယောက်ပဲ။ မင်းအတွက် သူ့ပုံတစ်ပုံကို ငါ ဆွဲပေးထားတယ်။ သူ့ကိုရှာဖို့ မင်း အဲ့တာကို သုံးလို့ရတယ်။ သူက နန်းတော်ကထွက်တိုင်း ငွေနဲ့လဲလှယ်ဖို့ အဲဒီနေရာကို သွားတယ်"
သူက ရှောင်းယိုနဥ်အတွက် မိန်းမစိုး၏ ပုံတူကို ပေးခဲ့သည်။
သူမ ဝမ်းသာအားရ ဖွင့်ကြည့်လိုက်သည်။ သူမက ပုံတူကို မိနစ်အတော်ကြာ စိုက်ကြည့်ရင်း သူ့ကို ထူးထူးခြားခြား ပြန်မော့ကြည့်မိသည်။ "အစ်ကိုဟော်၊ သူ့ကိုရှာဖို့ ငါ ဒါကို သုံးသင့်တာ သေချာရဲ့လား"
ဟော်မင်ဝူက သူကိုယ်တိုင် ခပ်ကောက်ကောက်ဆွဲထားတဲ့ ပုံတူကို ကြည့်လိုက်သည်။ သူ ရှက်ပြီး ချောင်းဆိုးသွားသည်။ "တခြားဘယ်သူကိုမှလဲ ရှာလို့မရဘူး။ အစ်ကိုက ပုံဆွဲမကျွမ်းကျင်ပေမယ့် သူ့လည်ပင်းအောက်က အဖုအဖုတွေကို သတိထားမိလား။ နန်းတော်ထဲမှာ ဒေါင်လိုက်ကော်လာကို ၀တ်ထားလို့ မပေါ်ပေမယ့် သာမန်အဝတ်အစားတွေနဲ့ဆို အဲ့အဖုတွေကို မဖုံးထားနိုင်ဘူး။ နန်းတော်က ထွက်သွားဖို့ သူ့အဝတ်အစားတွေ ပြောင်းရမယ်ဆိုတော့ ဒါကို မင်း မှတ်မိနိုင်တယ်။ မင်း လူမှားမှာမဟုတ်ဘူး"
ထို့အပြင် နန်းတွင်းမှမိန်းမစိုးက ဘယ်သူလဲ ဆိုတာကို လွယ်လွယ်ပြောနိုင်သည်။
ရှောင်းယိုနဥ်က ပုံတူကို ကိုင်ထားရင်း မပြုံးနိုင်ဘဲ မနေနိုင်ပေ။ ဟော်မင်ဝူ၏မျက်နှာမှာ အနည်းငယ်ပူနေသော်လည်း အောက်ကို ငုံ့ကြည့်လိုက်သောအခါတွင် သူမ၏လှပသောမက်မွန်ပွင့်မျက်လုံးများကို တွေ့လိုက်ရသည်။ သူမပြုံးလိုက်သောအခါ အဆုံးထိ ကွေးညွှတ်သွားပြီး နူးညံ့သိမ်မွေ့သော ချိုမြိန်သောအကြည့်ကို ဖြစ်စေသည်။ ထိုအရာများကို မြင်လိုက်သည်နှင့် သူက သူမကို ကြောင်တောင်တောင်နဲ့ စိုက်ကြည့်နေမိသည်။ သူ့မျက်နှာက အရမ်းနီနေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုဟော်!" ရှောင်းယိုနဥ်က သူမကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
သူမ မော့လိုက်တော့ ဟော်မင်ဝူက သူမသည် ဒေါသထွက်သည်ဖြစ်စေ ပျော်ရွှင်သည်ဖြစ်စေ အမြဲတမ်းလှပနေကြောင်း သိလိုက်သည်။ အလင်းရောင်ကြောင့် တောက်ပနေသော မျက်တောင်လေးများပင် ကြည်လင်လာသည်ကို တွေ့လိုက်ရပြီး သူ အသက်ရှူမဝနိုင်အောင် ရပ်တန့်နေမိသည်။ သူ့လည်ပင်းတွေကလဲ သူ့မျက်နှာကဲ့သို့ နီရဲနေသည်။
"ငါအရင် သွားတော့မယ်!" ဟော်မင်ဝူ ထိတ်လန့်သွားပြိး အလျင်အမြန် နူတ်ဆက်ပြီး ထွက်ပြေးသွားသည်။
ကြာကြာဆက်နေမယ်ဆိုရင် သူ့ရဲ့ခံစားချက်အမှန်ကို မပြောဖို့ သူ့ကိုယ်သူ မတားနိုင်မှာကို သူ ကြောက်နေသည်။ ခုက သင့်တော်တဲ့အချိန် မဟုတ်သေးဘူး။ ရှောင်းယိုနဥ်က သူ့ကို လိုက်ပို့မယ်လို့ ပြောတော့ ငြင်းဆန်ပြီး တစ္ဆေတစ်ကောင်က သူ့ကို လိုက်နေသလိုမျိုး အမြန်ပြေးသွားသည်။
ယွမ်ကော်က ရှောင်းယိုနဥ်ဘေးတွင် ရပ်နေကာ အကြိမ်အနည်းငယ်လောက် မျက်တောင်ခတ်လိုက်သည်။ "သခင်မလေး၊ သခင်မလေးရဲ့နှလုံးသားမှာ ကတိတစ်ခုပေးရုံနဲ့ သူတပါးရဲ့ကြင်နာမှုကို ပြန်ဆပ်နိုင်တဲ့ အရည်အချင်းတွေ တကယ်ရှိတယ်"
သူမက "ဒါဆို ငါ့မှာ နှစ်ခုရှိရင် ကောင်းမယ် အဲဒီ အရည်အချင်းကို ခွဲဝေလို့ရနိုင်တယ်" ဟု ရွှတ်နောက်နောက် ပြန်ဖြေလိုက်သည်။
သူမ နှလုံးသားထဲမှာ ကတိတစ်ခုကို တကယ်ထည့်ထားမယ်ဆိုရင် အဲ့နေရာမှာ သူမအသက်ကို ကယ်ပေးတဲ့ တာအို ဘုန်းကြီးရှိနေသည်။
ကတိကိုဖျက်ဖို့ မတတ်နိုင်ဘူး၊သူမ တကယ်လည်း မတတ်နိုင်ဘူး။
သူမက ယွမ်ကော်ကို ငုံ့သွားသည်အထိ ရယ်အောင်လုပ်နိုင်ခဲ့သည်။
အဲဒီညမှာပဲ မနက်က ရှောင်းယိုနဥ်မေးတဲ့အကြောင်းအရာတွေက ယဲ့ရှန်းဆီကို ပြန်ရောက်သွားသည်။
သူမက ကျင့်ကြံရေးအတွက် ဆိတ်ငြိမ်သော ခြံဝင်းငယ်တစ်ခုကို ရှာဖွေနေကြောင်းကို ယဲ့ရှန်းကြားသောအခါတွင် သူက မျက်မှောင်ကြုတ်လိုက်သည်။
သူမက ဆံပင်ရှည်တွေနဲ့ ကျင့်ကြံအားထုတ်ချင်နေတာလား။
သူမက ငယ်သေးတယ်လေ၊ ဘာလို ဒီလိုမျိုး တစ်စုံတရာကို တွေးနိုင်တာလဲ။
သူက ကျန့်ယင်ကို "မနက်ဖြန်၊ ငါ မင်းကိုယူဖို့ ပြောထားတာတွေကို ထုတ်ထားလိုက်... ငါတို့ နန်းတော်ထဲက ထွက်မယ်"
💞💞💞Thank you so much💞💞💞
အခန္း ၂၃ အပိုင္း ၂
ယဲ့ရွန္းက နန္းေတာ္သို႔ျပန္လာၿပီးေနာက္ ေရွာင္းယိုနဥ္၏လႈပ္ရွားမႈမ်ားကို သိရွိရန္ နန္းေတာ္အျပင္ဘက္ရွိလူမ်ားကို ေစာင့္ၾကည့္ဖို ၫႊန္ၾကားခဲ့သည္။
သူမက ေရွာင္းမိသားစု၏ ဒုတိယအိမ္ေတာ္ခြဲမွ အေစခံမ်ားကို ဆုေငြမ်ားေပးခဲ့ေၾကာင္း သူသိရၿပီး ပြဲက်င္းပရန္ စားေသာက္ဆိုင္တစ္ခုကိုလည္း သူမက ဌားရမ္းခဲ့ေသးသည္။ သူ႔အတြက္ေတာ့ ပထမဆုံးအႀကိမ္အျဖစ္ ရယ္ရမလား ငိုရမလားေတာင္ မသိေတာ့ေပ။
အဲ့တာေတြကို ဘယ္လိုသတ္မွတ္ရမွာလဲ။ သူမက သူမရဲ႕ၿပိဳင္ဘက္ေတြကို ပိုက္ဆံနဲ႔ အႏိုင္ယူမွာလား။
ဘယ္ေလာက္ မာနႀကီးၿပီး ေမာက္မာႏိုင္တာလဲ!
က်န႔္ယင္က သူမအေၾကာင္း ေျပာျပေပးသူပါ။ ၿပီးသြားေတာ့ သူက သူ႔လွ်ာကို ဖိလိုက္ၿပီး ခံစားခ်က္ေတြ ေရာေထြးၿပီး ေျပာလာတယ္ "လီမိသားစုက သူ(မ)ေလာက္ေတာင္ မႀကီးက်ယ္ မျမင့္ျမတ္တာ ျဖစ္ႏိုင္တယ္။ သေဘာထားကြဲလြဲတိုင္း ပိုက္ဆံထုတ္သုံးတဲ့ မိန္းကေလးကို ဘယ္သူက ပံ့ပိုးေပးႏိုင္မွာလဲ"
ယဲ့ရွန္းက နားေထာင္ရင္း သူဘာလို႔ မ်က္ခုံးပင့္လိုက္မိတယ္ဆိုတာ မသိေပမယ့္ အေတြးတစ္ခုေတာ့ ဝင္လာခဲ့သည္။
လီမိသားစုက သူမကို ေထာက္ပံ့ဖို႔ မတတ္ႏိုင္ေပမယ့္ သူကေတာ့ ေငြျပတ္ေနတာမ်ိဳး မရွိဘူး။ ဧကရာဇ္မင္းတစ္ပါးတည္းက သူကို ေပးထားတဲ့ ဆုလာဘ္ေတြေတာင္ သိုေလွာင္ခန္းထဲမွာ ေတာင္ငယ္တစ္ခုလို စုပုံထားရၿပီး အဲ့တာေတြကို သူထိေတာင္ မထိဘူး။
ဒါေပမယ့္ သူ႔စိတ္ထဲမွာ ဒါက အမ်ိဳးသားေတြၾကားထဲက ၿပိဳင္ဆိုင္ခ်င္တဲ့ အေတြးသက္သက္ပဲလို႔ ထင္ေနမိသည္။
မေန႔က ေဟာ္မင္ဝူကိုေတြ႕တုန္းကလိုပါပဲ။
ေရွာင္းယိုနဥ္ကို သူ႔အေမက သူ႔လက္ထဲကို အပ္ထားခဲ့သည္။ သူမကို သူ႔အေတာင္ပံေတြေအာက္မွာ ထားရမယ္ဆိုရင္ေတာင္ ဒီလိုလူတစ္ေယာက္ကို ကာကြယ္ေပးရတာက သူ႔ဘဝအတြက္ေတာ့ ပထမဆုံးအႀကိမ္ျဖစ္ၿပီး ဒီလိုလုပ္ဖို႔ အတင္းအၾကပ္ ႀကိဳးစားေနရတုန္းပါပဲ။ သို႔ေသာ္လည္း သူက သားရဲတစ္ေကာင္လို သူ႔နယ္ေျမကို သိမ္းပိုက္လိုစိတ္ျပင္းျပၿပီး ပိုင္ႏိုင္စြာ ႀကီးစိုးခ်င္ေနေသးသည္။
သူပိုင္ဆိုင္တဲ့ အရာကို ဘယ္သူမွ လာထိလို႔ မရဘူး။ အဲဒီလိုလုပ္ရင္ သူကို ေစာ္ကားသလို ခံစားရၿပီး သူ စိတ္ဆိုးလာလိမ့္မည္ပင္။
ဒါေၾကာင့္ ေရွာင္းယိုနဥ္က ေဟာ္မင္ဝူကို ကူညီေပးဖို႔ ေတာင္းဆိုေတာ့ သူတကယ္ကို စိတ္မခ်မ္းသာျဖစ္ခဲ့ရသည္။
မေန႔က သူ႔ေဒါသေတြက ဘယ္က ေရာက္လာမွန္း အခုမွ ယဲ့ရွန္း နားလည္သြားသည္။ ယေန႔ သူမရဲ႕လုပ္ေဆာင္ႏိုင္စြမ္းကို ၾကားေတာ့ စိတ္က ျပန္သက္သာလာခဲ့သည္။
"မင္း သိုေလွာင္ခန္းငယ္ကို တစ္ခ်က္ေလာက္ သြားၾကည့္လိုက္ဦး။ အဲ့မွာ ပုလဲေတြ အမ်ားႀကီးရွိတာ ငါ မွတ္မိတယ္။ အရည္အေသြးေကာင္းတာေလးေတြကို ေ႐ြးယူလာခဲ့၊ ေနာက္ေန႔ အျပင္သြားတဲ့အခါ ယူသြားမယ္"
ယဲ့ရွန္းက မနက္ခင္းတုန္းက သူ ဖူသယ္ကို ေျပာခဲ့ေသာစကားကို ေတြးေနမိသည္။ သူမကို လက္ေဆာင္တစ္ခု ေပးဖို႔ရွိေသးသည္။
က်န႔္ယင္က သရဲတေစၦကို ျမင္လိုက္ရသလိုမ်ိဳး မ်က္လုံးျပဴးက်ယ္သြားသည္။ ေနာက္ဆုံးေတာ့ သူထြက္သြားေပမယ့္ သူ႔အေတြးထဲမွာ ေမးခြန္းေတြ ျပည့္ေနသည္။
သခင္ေလးက ပုလဲေတြကို ဘယ္သူ႔ကို ေပးခ်င္တာလဲ။ အဲ့ဒီကေလးမေလးကိုေတာ့ မျဖစ္ႏိုင္ဘူးမလား။
အခုကစၿပီးေတာ့ ပၪၥမသခင္ေလးက ကေလးမေလး သုံးျဖဳန္းဖို႔ ကူညီေတာ့မွာလား။
ယဲ့ရွန္း မသိခဲ့တာက ေရွာင္းယိုနဟာ ေနာက္ေန႔မွာ အိမ္တစ္လုံးရွာဖို႔ အျပင္ကို ထြက္လာၿပီး ေမးျမန္းစုံစမ္းေနတယ္ဆိုတာပါပဲ။
ၿမိဳ႕ေတာ္တြင္ အိမ္ေရာင္းျခင္းႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားကို အထူးျပဳစုေဆာင္းထားသူမ်ားရွိေသာ္လည္း ေရွာင္းယိုနဥ္ လိုခ်င္သည္မွာ ေျမတစ္လက္မအတြက္ အလြန္ေစ်းႀကီးေသာ ေနရာျဖစ္သည္။ ေသးေသးေလးေတာင္ ရွာရမလြယ္ဘူး၊ ေလာေလာဆယ္ သင့္ေတာ္တာ မရွိေသးဘူး။ သို႔ေသာ္ သူမက စိတ္မပ်က္ဘဲ ညႇိႏႈိင္းေပးသူကို "ဘယ္နားက တာအို ဘုရားေက်ာင္းက ေရာင္းခ်င္ေနတယ္ ဆိုတာသိလား" လို႔ ေမးလိုက္သည္။
ညႇိႏႈိင္းေပးသူက သူမအေျပာေၾကာင့္ ရယ္ေနသည္။ "သခင္မေလး၊ ငါ့ကို ရယ္စရာ မေျပာပါနဲ႔။ တာအို ဘုရားေက်ာင္းကို ဝယ္ခ်င္တဲ့သူမ်ိဳး မင္း ဘယ္မွာရွာေတြ႕ႏိုင္မလဲ။ ဆန႔္က်င္ဘက္အေနနဲ႔ လူတခ်ိဳ႕က ေခ်ာင္က်တဲ့ ၿခံဝင္းေလးေတြကို ဝယ္ၾကတယ္"
ထိုကဲ့သို႔ေသာ ၿခံဝင္းေလးမ်ားက မ်ားေသာအားျဖင့္ လူတစ္ဦး၏ က်င့္ႀကံအားထုတ္ရာေနရာ ျဖစ္သည္။
ခ်မ္းသာသူမ်ားက ေက်ာ္ၾကားေသာ တာအို ဘုရားေက်ာင္းမ်ားသို႔ အလႉေငြမ်ား လႉဒါန္းၾကၿပီး သူတို႔၏ က်င့္စဥ္အတြက္ ၿခံဝင္းက်ယ္ႀကီးတစ္ခု ေတာင္းဆိုၾကသည္။ မီးခိုးေတြနဲ႔ မီးေလာင္တဲ့ေနရာေတြကို မသြားခ်င္တဲ့သူေတြလည္း ရွိေတာ့ သူတို႔ကိုယ္တိုင္ ေျမဝယ္ၿပီး တာအို ဘုရားေက်ာင္းေဆာက္ၾကသည္။
(မီးခိုးေတြနဲ႔ မီးေလာင္တဲ့ေနရာဆိုတာ အေမြးတိုင္လာထြန္းတဲ့သူေတြ လာလႉတဲ့သူေတြနဲ႔ ဆူညံေနတဲ့ ပတ္ဝန္းက်င္လို႔ ေျပာတာပါ)
သူမသြားခဲ့တဲ့ ခ်င္ဖုန္းတာအိုဘုရားေက်ာင္းကို တစ္စုံတစ္ေယာက္က ေဆာက္လုပ္ခဲ့ေပမယ့္ ဘယ္သူက ေဆာက္ခဲ့တာလဲဆိုတာ သူမ မသိခဲ့ဘူး။
သို႔ေသာ္ ယဲ့ရွန္းေၾကာင့္ ေရွာင္းယိုနဥ္က ထိုျမင့္ျမတ္ေသာသူကို ရွာေဖြေဖာ္ထုတ္ရန္ ဆႏၵမရွိခဲ့ေပ။ ထိုလူက ယဲ့ရွန္းရဲ႕ လက္ရွိဆရာသခင္ ျဖစ္ႏိုင္သည္။
"ဒီလိုမ်ိဳး ရွိတာလဲ ေကာင္းပါတယ္" ေရွာင္းယိုနဥ္က အဆင္ေျပတယ္လို႔ ေတြးေနခဲ့သည္။
ထိုကဲ့သို႔ေသာေနရာမ်ားသည္ အမ်ားအားျဖင့္ ေကာင္းမြန္ေသာ ဖုန္းေ႐ႊရွိၿပီး၊ အားထုတ္က်င့္ႀကံေသာသခင္ႀကီးမ်ားအတြက္ သင့္ေလ်ာ္ၿပီး ယဲ့ရွန္းအတြက္လည္း သင့္ေတာ္သည္။
ယြမ္ေကာ္က ထူးဆန္းတယ္လို႔ ထင္ေနခဲ့သည္။ "သခင္မေလး၊ ဒီလိုေနရာမ်ိဳးကို သခင္မေလးက ဘာလုပ္မွာလဲ"
ေရွာင္းယိုနဥ္က တာအိုဘုန္းႀကီးဝူယဲ့ကို ေက်းဇူးလက္ေဆာင္ ေပးခ်င္တယ္လို႔ ေတြးေနေပမယ့္ သူမက ၿပဳံးပဲေနၿပီး ျပန္မေျပာခဲ့ဘူး။
ေရာင္းတဲ့ေနရာက နည္းနည္းေဝးတယ္၊ သူမ ေန႔ခင္းအထိ အျပင္မထြက္ႏိုင္ဘူး။ အခုက အရမ္းေနာက္က်ေနၿပီမို႔ မနက္ျဖန္ ၿမိဳ႕ျပင္ကို သြားၾကည့္ဖို႔ ညႇိႏႈိင္းေပးသူနဲ႔ ခ်ိန္းထားခဲ့သည္။
ၾကားခံညႇိႏႈိင္းေပးသူက သူမကို အနည္းငယ္ နားမလည္ႏိုင္ျဖစ္ေနသည္။ သူမက သူနဲ႔ လာကစားေနတဲ့ ကေလးမေလးျဖစ္မွာကို ေၾကာက္တဲ့အတြက္ ေရွာင္းယိုနဥ္ရဲ႕ ေနာက္ခံအေၾကာင္းကို သြယ္ဝိုက္ၿပီး ေမးဖို႔ ႀကိဳးစားခဲ့သည္။
ေရွာင္းယိုနဥ္က သူ႔ေမးခြန္းေတြကို လုံးဝ မေရွာင္ဘူး။ သူမက ၿပဳံးၿပီး "ဟိုရက္ေတြတုန္းက လူေတြအားလုံးက ငါ့အေၾကာင္း ေျပာေနၾကတာ။ ငါ့မိသားစုနာမည္က ေရွာင္း"
သူမမွာ မ်က္ႏွာငယ္စရာ ဘာမွ ဘာမွမရွိပါဘူး။ လီမိသားစုကသာ ေျမာင္းထဲက ႂကြက္ေတြလို တံေတြးေထြးခံရသင့္သည္။
ညႇိႏႈိင္းေပးသူ၏ ေမး႐ိုးျပဳတ္သြားၿပီး စိုးရိမ္ျခင္း သို႔မဟုတ္ တုံ႔ဆိုင္းျခင္း မရွိေတာ့ေပ။ အရင္ကထက္ ပိုၿပီး ယဥ္ေက်းစြာ ၿပဳံးျပသည္။ သူမ ဘာေၾကာင့္ ဒီလို ၿခံဝင္းကို ဝယ္ခ်င္တာလဲဆိုတာ သူ မေတြးေတာ့ဘူး။
ကြာရွင္းျပတ္စဲၿပီးေနာက္ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာ ေလ့က်င့္မႈမ်ားအတြက္ ထိုေနရာသို႔ သြားျခင္းသည္ ပုံမွန္ျဖစ္သည္။ သူမသည္ ေသမ်ိဳးကမာၻကို ျဖတ္ေက်ာ္ရန္ ႀကိဳးစားေနခဲ့သည္။
ညႇိႏႈိင္းေပးသူက ေရွာင္းယိုနဥ္ကို စာနာေနသည္။ သူမ၏ ေခ်ာေမာလွပေသာ ႐ုပ္သြင္ကို သူ ၾကည့္ေနမိသည္။ သူ႔စိတ္ထဲမွာ ေတာက္ပၿပီး လွပတဲ့ မ်က္ႏွာေလးကို သတိထားမိၿပီး ဒီေလာက္ အံ့ၾသစရာေကာင္းတဲ့ အလွကို သနားသင့္သလားေတာင္ မသိေတာ့ေပ။
ေရွာင္းယိုနဥ္က ေရွာင္းမိသားစု၏အိမ္သို႔ ျပန္ေရာက္ေသာအခါ ေဟာ္မင္ဝူေရာက္ရွိလာေၾကာင္း မေတာ္တဆ ၾကားလိုက္ရၿပီး ယခု သူ႔ကို အိမ္ေရွ႕ ၿခံဝင္းတြင္ ထိုင္ရန္ ဖိတ္ေခၚထားျခင္း ျဖစ္သည္။
သတင္းရွိရတာျဖစ္မယ္လို႔ ေတြးၿပီး သူမႏွလုံးသားက ခုန္ေပါက္သြားသည္။ သူမ အျမန္ ေျပးသြားလိုက္သည္။
ေကာင္မေလးက အိမ္ေရွ႕ ၿခံဝင္းဆီသို႔ အေမာတေကာ ေျပးသြားခဲ့သည္။ သူမ၏ ပါးျပင္မ်ားက အနီေရာင္ တိမ္တိုက္မ်ားကဲ့သို႔ျဖစ္ေနၿပီး သူမ၏ မ်က္လုံးမ်ားမွာ ေတာက္ပၿပီး ခ်စ္စရာေကာင္းေနသည္။
ေဟာ္မင္ဝူက သူမကို ျမင္ေတာ့ အျမန္ထရပ္လိုက္သည္။ သူမက ခါတိုင္းထက္ပိုၿပီး ဆြဲေဆာင္မႈရွိေနတယ္လို႔ သူ ထင္ေနၿပီး ရွက္ၿပဳံးတစ္ခုနဲ႔ သူ႔မ်က္ႏွာကို ငုံ႔လိုက္သည္။
"အစ္ကိုေဟာ္၊ မင္းမွာ သတင္းထူးရွိလား" ေရွာင္းယိုနဥ္က သူမ၏ဖခင္အတြက္ စိတ္ပူေနၿပီး ေဟာ္မင္ဝူႏွင့္ ပတ္သက္ၿပီး အထူးအဆန္းတစ္စုံတစ္ရာကို မေတြ႕ခဲ့ရတာေၾကာင့္ သူမက ေမးခြန္းကို အရင္ေမးလိုက္သည္။
ေဟာ္မင္ဝူက သူ႔အေတြးကို ခ်က္ခ်င္းဖယ္လိုက္ၿပီး ေခါင္းညိတ္လိုက္သည္။ "ဟုတ္တယ္၊ ငါ ေသခ်ာေမးထားတယ္။ ေနာင္က်ရင္ မင္း ရတနာအေပါင္ဆိုင္ကို သြားလို႔ရတယ္။ သူက အသက္ႏွစ္ဆယ္ေအာက္ မိန္းမစိုးတစ္ေယာက္ပဲ။ မင္းအတြက္ သူ႔ပုံတစ္ပုံကို ငါ ဆြဲေပးထားတယ္။ သူ႔ကိုရွာဖို႔ မင္း အဲ့တာကို သုံးလို႔ရတယ္။ သူက နန္းေတာ္ကထြက္တိုင္း ေငြနဲ႔လဲလွယ္ဖို႔ အဲဒီေနရာကို သြားတယ္"
သူက ေရွာင္းယိုနဥ္အတြက္ မိန္းမစိုး၏ ပုံတူကို ေပးခဲ့သည္။
သူမ ဝမ္းသာအားရ ဖြင့္ၾကည့္လိုက္သည္။ သူမက ပုံတူကို မိနစ္အေတာ္ၾကာ စိုက္ၾကည့္ရင္း သူ႔ကို ထူးထူးျခားျခား ျပန္ေမာ့ၾကည့္မိသည္။ "အစ္ကိုေဟာ္၊ သူ႔ကိုရွာဖို႔ ငါ ဒါကို သုံးသင့္တာ ေသခ်ာရဲ႕လား"
ေဟာ္မင္ဝူက သူကိုယ္တိုင္ ခပ္ေကာက္ေကာက္ဆြဲထားတဲ့ ပုံတူကို ၾကည့္လိုက္သည္။ သူ ရွက္ၿပီး ေခ်ာင္းဆိုးသြားသည္။ "တျခားဘယ္သူကိုမွလဲ ရွာလို႔မရဘူး။ အစ္ကိုက ပုံဆြဲမကြၽမ္းက်င္ေပမယ့္ သူ႔လည္ပင္းေအာက္က အဖုအဖုေတြကို သတိထားမိလား။ နန္းေတာ္ထဲမွာ ေဒါင္လိုက္ေကာ္လာကို ၀တ္ထားလို႔ မေပၚေပမယ့္ သာမန္အဝတ္အစားေတြနဲ႔ဆို အဲ့အဖုေတြကို မဖုံးထားႏိုင္ဘူး။ နန္းေတာ္က ထြက္သြားဖို႔ သူ႔အဝတ္အစားေတြ ေျပာင္းရမယ္ဆိုေတာ့ ဒါကို မင္း မွတ္မိႏိုင္တယ္။ မင္း လူမွားမွာမဟုတ္ဘူး"
ထို႔အျပင္ နန္းတြင္းမွမိန္းမစိုးက ဘယ္သူလဲ ဆိုတာကို လြယ္လြယ္ေျပာႏိုင္သည္။
ေရွာင္းယိုနဥ္က ပုံတူကို ကိုင္ထားရင္း မၿပဳံးႏိုင္ဘဲ မေနႏိုင္ေပ။ ေဟာ္မင္ဝူ၏မ်က္ႏွာမွာ အနည္းငယ္ပူေနေသာ္လည္း ေအာက္ကို ငုံ႔ၾကည့္လိုက္ေသာအခါတြင္ သူမ၏လွပေသာမက္မြန္ပြင့္မ်က္လုံးမ်ားကို ေတြ႕လိုက္ရသည္။ သူမၿပဳံးလိုက္ေသာအခါ အဆုံးထိ ေကြးၫႊတ္သြားၿပီး ႏူးညံ့သိမ္ေမြ႕ေသာ ခ်ိဳၿမိန္ေသာအၾကည့္ကို ျဖစ္ေစသည္။ ထိုအရာမ်ားကို ျမင္လိုက္သည္ႏွင့္ သူက သူမကို ေၾကာင္ေတာင္ေတာင္နဲ႔ စိုက္ၾကည့္ေနမိသည္။ သူ႔မ်က္ႏွာက အရမ္းနီေနသည္။
"ေက်းဇူးတင္ပါတယ္ အစ္ကိုေဟာ္!" ေရွာင္းယိုနဥ္က သူမကို စိတ္ရင္းမွန္ျဖင့္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့သည္။
သူမ ေမာ့လိုက္ေတာ့ ေဟာ္မင္ဝူက သူမသည္ ေဒါသထြက္သည္ျဖစ္ေစ ေပ်ာ္႐ႊင္သည္ျဖစ္ေစ အၿမဲတမ္းလွပေနေၾကာင္း သိလိုက္သည္။ အလင္းေရာင္ေၾကာင့္ ေတာက္ပေနေသာ မ်က္ေတာင္ေလးမ်ားပင္ ၾကည္လင္လာသည္ကို ေတြ႕လိုက္ရၿပီး သူ အသက္ရႉမဝႏိုင္ေအာင္ ရပ္တန႔္ေနမိသည္။ သူ႔လည္ပင္းေတြကလဲ သူ႔မ်က္ႏွာကဲ့သို႔ နီရဲေနသည္။
"ငါအရင္ သြားေတာ့မယ္!" ေဟာ္မင္ဝူ ထိတ္လန႔္သြားၿပိး အလ်င္အျမန္ ႏူတ္ဆက္ၿပီး ထြက္ေျပးသြားသည္။
ၾကာၾကာဆက္ေနမယ္ဆိုရင္ သူ႔ရဲ႕ခံစားခ်က္အမွန္ကို မေျပာဖို႔ သူ႔ကိုယ္သူ မတားႏိုင္မွာကို သူ ေၾကာက္ေနသည္။ ခုက သင့္ေတာ္တဲ့အခ်ိန္ မဟုတ္ေသးဘူး။ ေရွာင္းယိုနဥ္က သူ႔ကို လိုက္ပို႔မယ္လို႔ ေျပာေတာ့ ျငင္းဆန္ၿပီး တေစၦတစ္ေကာင္က သူ႔ကို လိုက္ေနသလိုမ်ိဳး အျမန္ေျပးသြားသည္။
ယြမ္ေကာ္က ေရွာင္းယိုနဥ္ေဘးတြင္ ရပ္ေနကာ အႀကိမ္အနည္းငယ္ေလာက္ မ်က္ေတာင္ခတ္လိုက္သည္။ "သခင္မေလး၊ သခင္မေလးရဲ႕ႏွလုံးသားမွာ ကတိတစ္ခုေပး႐ုံနဲ႔ သူတပါးရဲ႕ၾကင္နာမႈကို ျပန္ဆပ္ႏိုင္တဲ့ အရည္အခ်င္းေတြ တကယ္ရွိတယ္"
သူမက "ဒါဆို ငါ့မွာ ႏွစ္ခုရွိရင္ ေကာင္းမယ္ အဲဒီ အရည္အခ်င္းကို ခြဲေဝလို႔ရႏိုင္တယ္" ဟု ႐ႊတ္ေနာက္ေနာက္ ျပန္ေျဖလိုက္သည္။
သူမ ႏွလုံးသားထဲမွာ ကတိတစ္ခုကို တကယ္ထည့္ထားမယ္ဆိုရင္ အဲ့ေနရာမွာ သူမအသက္ကို ကယ္ေပးတဲ့ တာအို ဘုန္းႀကီးရွိေနသည္။
ကတိကိုဖ်က္ဖို႔ မတတ္ႏိုင္ဘူး၊သူမ တကယ္လည္း မတတ္ႏိုင္ဘူး။
သူမက ယြမ္ေကာ္ကို ငုံ႔သြားသည္အထိ ရယ္ေအာင္လုပ္ႏိုင္ခဲ့သည္။
အဲဒီညမွာပဲ မနက္က ေရွာင္းယိုနဥ္ေမးတဲ့အေၾကာင္းအရာေတြက ယဲ့ရွန္းဆီကို ျပန္ေရာက္သြားသည္။
သူမက က်င့္ႀကံေရးအတြက္ ဆိတ္ၿငိမ္ေသာ ၿခံဝင္းငယ္တစ္ခုကို ရွာေဖြေနေၾကာင္းကို ယဲ့ရွန္းၾကားေသာအခါတြင္ သူက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
သူမက ဆံပင္ရွည္ေတြနဲ႔ က်င့္ႀကံအားထုတ္ခ်င္ေနတာလား။
သူမက ငယ္ေသးတယ္ေလ၊ ဘာလို ဒီလိုမ်ိဳး တစ္စုံတရာကို ေတြးႏိုင္တာလဲ။
သူက က်န႔္ယင္ကို "မနက္ျဖန္၊ ငါ မင္းကိုယူဖို႔ ေျပာထားတာေတြကို ထုတ္ထားလိုက္... ငါတို႔ နန္းေတာ္ထဲက ထြက္မယ္"
💞💞💞Thank you so much💞💞💞