အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၉၃၆ - ၉၄၀

445 47 1
By Azure5549


အပိုင်း (၉၃၆) မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့ခြင်း

   တစ်ဆယ့်သုံးခုမြောက်ဒိုဂျိုသို့ ခြေချလိုက်သောအခါ အရပ်မျက်နှာအားလုံးမှ မရေမတွက်နိုင်သော အကြည့်များသည် ချက်ချင်းပင် ချင်နန်ပေါ်သို့ ကျရောက်လာသည်။

      သူသည် လူအများ၏ အာရုံစိုက်ရာဖြစ်လာသည်ကို သတိမပြုမိသကဲ့သို့ ချင်နန် ရှေ့ကို ကြည့်လိုက်သည်။

       တူးရင်းဒိုဂျို၏ သွင်ပြင်မှာလည်း ပြောင်းလဲနေသည်။ ဒိုဂျို၏ ဝန်းကျင်၌ ကျောက်ဖြူထိုင်ခုံတစ်ထောင်ရှိနေသည်။ လက်ရှိ၌ ကျောက်ထိုင်ခုံ ခုနှစ်ရာကျော်ပေါ်တွင် အဖွဲ့အစည်းအသီးသီးမှ ဂျီးနီးယပ်များ ထိုင်နေကြသည်။
     အလယ်၌ မတူညီသော ရှေးဟောင်းအုတ်အမျိုးအစားတစ်ဆယ့်ငါးမျိုးဖြင့် ဆောက်လုပ်ထားသော စင်မြင့်တစ်ခုရှိနေပြီး  အော်ရာခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေသည်။

    စင်မြင့်ပေါ်၌ ဘုရင်သံတမန်သည် ပုံရိပ်ယောင်ပမာ တိတ်ဆိတ်စွာဖြင့် ရပ်နေသည်။ သို့သော်လည်း ချင်နန်ရောက်ရှိလာသောအခါ ဘုရင်သံတမန်၏ ခန္ဓာကိုယ်တုန်ခါသွားပြီး မကြာမီ၌ ငြိမ်သက်သွားသည်။

     ဝီ…

  ရုတ်တရက် အဝေးမှ မှော်ဆန်သော အင်အားတစ်ခု ချဉ်းကပ်လာသည်။ သန့်စင်သော အဖြူရောင်အလင်းတစ်ခုသည် ချင်နန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး နံပါတ်နှစ်ထောင့်တစ် ကျောက်ထိုင်ခုံဖြူဆီသို့ ဆွဲခေါ်သွားသည်။
     နဂါးအင်ပါယာကလန်၏  တပည့်များသည်လည်း ထို့အတူပင် သူတို့၏ ထိုင်ခုံအသီးသီးသို့ ရောက်ရှိသွားသည်။

     “သူတို့က နဂါးအင်ပါယာကလန်ကလား…"

     “ဟူး…ဒီကောင်တွေကလည်း သန်မာလွန်းတယ်"

     “ ရှေ့ဆုံးက လူငယ်က ဘယ်သူလဲ"

      ဆွေးနွေးမှုများစွာ ဖြစ်ပွားနေသည်။

     “သိုင်းဘီဘင်အထွတ်အထိပ်အဆင့်၊ သိုင်းဘီဘင်အဆင့်သုံး၊ သိုင်းဘီဘင်အဆင့်တစ်၊ တျန်အဆင့်လေးသိုင်းဝိညာဉ်…"
     ချင်နန် သူ၏ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို စစ်ဆေးလိုက်သည်။

      အဆင့်တစ်ထောင်ကျော်မှ ဂျီးနီးယပ်များ၏ ကျင့်ကြံမှုသည် အတော်လေးအားနည်းကြပြီး ကျင့်ကြံမှုအဆင့်မြင့်သူများမှာ ဘုရင်အဆင့်ပေါ်၌ အဆင့်နိမ့်ကျသည်။
    အဆုံး၌ ဘုရင်အဆင့်သည် သူတို့၏ သိုင်းဝိညာဉ်များ၊ ကျင့်ကြံမှုနှင့် ကံကြမ္မာကိုမူတည်၍ ဆုံးဖြတ်သည်။
     သို့သော်လည်း ကျင့်ကြံမှုမြင့်မားသူများသည် အဆင့်တိုက်ပွဲ၌ အခွင့်အရေးပိုရှိသည်။

     “ဟား…ဟား…ငါအမြင်မှားနေတာတော့ မဟုတ်ဘူးမလား…ခေါင်းဆောင်က အဆင့်နှစ်ထောင့်တစ်ပေါ့"
   ကျယ်လောင်သော ရယ်မောသံတစ်သံ ထွက်ပေါ်လာပြီး လူအုပ်၏ အာရုံကို ဆွဲဆောင်လိုက်သည်။
     ၎င်းမှာ ကတုံးပြောင်နှင့် လူငယ်တစ်‌ယောက်ဖြစ်ပြီး အဆင့်တစ်ထောင့်ငါးရာတစ်ဆယ့်နှစ်ဖြစ်သည်။ သူ၏ မျက်လုံးများသည် ဆေဘာများပမာ ထက်ရှနေပြီး သူ၏ မျက်နှာပေါ်၌ အထင်သေးသော အပြုံးတစ်ခုရှိနေသည်။

      ဒါသူပဲ…

      ကောင်းကင်ဆေဘာဂိုဏ်းရဲ့တျန်အဆင့်‌လေးသိုင်းဝိညာဉ်နဲ့ သိုင်းဘီဘင်အဆင့်ငါးကျင့်ကြံမှုပိုင်ဆိုင်တဲ့ ခေါင်းဆောင်ရှန်လျန့်...

     လူများစွာ အံ့ဩသွားကြသည်။

    အဖွဲ့အစည်းအချို့သည် တစ်‌ယောက်နှင့်တစ်ယောက် ဆိုးရွားသော ဆက်ဆံရေးရှိကြကာ တပည့်များသည် သူတို့၏ ပြိုင်ဘက်များကို နောက်ကွယ်၌ အန္တရာယ်ပေးလေ့ရှိသော်လည်း အံ့ဩစွာဖြင့် ရှန်လျန့်သည် လူအများရှေ့၌ တစ်စုံတစ်ယောက်ကို လှောင်ပြောင်ခဲ့သည်။

     သို့သော်လည်း ရှန်လျန့်သည် ချွီလီရှူနှင့် အလွန်ရင်းနှီးသောကြောင့် ပြောလိုက်ခြင်းဖြစ်ကြောင်း သူတို့မသိကြပေ။ ထို့ပြင် ချင်နန်သည် ယခု၌ ကောင်းကင်ဆေဘာဂိုဏ်း၏ ငွေအဆင့်ရန်သူဖြစ်သည်။ ထို့ကြောင့် သူသည် ချွီလီရှူကို ဖော်လံဖားရန် ဆုံးဖြတ်ခဲ့သည်။
      မည်သို့ပင်ဖြစ်စေကာမူ ဤချင်နန်သည် သိုင်းဘီဘင်အဆင့်နှစ်ကျင့်ကြံမှုနှင့် တျန်အဆင့်တစ်သိုင်းဝိညာဉ်ကိုသာ ပိုင်ဆိုင်သည်။  သူအပြစ်ပြုရင်တောင် အဘယ်ကြောင့် ကြောက်ရပါမည်နည်း…

    ရှန်လျန့် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
     “ငါမမှားရင် ချင်နန်က နဂါးအင်ပါယာကလန်ကို နောက်ခံနဲ့ဝင်လာတာပဲ…ဒီနေ့ခေတ် နဂါးအင်ပါယာကလန်က ဘယ်လိုဖြစ်သွားတာလဲ…နဂါးအင်ပါယာကလန်ရဲ့တပည့်တွေ မင်းတို့အများစုက ချင်နန်ရဲ့ စွမ်းရည်ကို လက်မခံကြဘူးလို့ ငါယုံကြည်တယ်…ငါမင်းတို့ကိုယ်စား သူ့ကို သင်ခန်းစာပေးပေးရမလား"
      ထိုစကားသည် ချက်ချင်းပင် လူများစွာကို ရယ်မောသွားစေခဲ့သည်။

       ထိုစကားကြားသောအခါ နဂါးအင်ပါယာကလန်၏ တပည့်များ ဒေါသထွက်သွားသည်။

     ဒီရှန်လျန့်က ဘာတွေးနေတာလဲ…

     “ရှန်လျန့် ပါးစပ်ပိတ်ထားစမ်း…"

     “မင်းပါးစပ်ပိတ်ထား"

     “မင်း အမှန်တရားကို မသိရင် မင်းပါးစပ်ပိတ်ထားလိုက်"

    လူတိုင်းအား အံ့အားသင့်စွာပင် နဂါးအင်ပါယာကလန်၏ အတွင်းစည်းတပည့်များ သူတို့၏ ထိုင်ခုံမှထ၍ ခက်ထန်စွာ ပြောလိုက်သည်။

   ရှန်လျန့် ကြက်သေသေသွားသည်။
   သူတို့က ချင်နန် ခေါင်းဆောင်လုပ်တာကို လက်ခံထားတာလား…

     လူများလည်း အံ့ဩသွားသည်။

     “ကြည့်ရတာ ချင်နန်ရဲ့ နောက်ခံက  ငါခန့်မှန်းထားတာထက် ပိုပြီးကြောက်ဖို့ကောင်းတဲ့ ပုံပဲ…မင်းတို့က သူ့ကို မကျေနပ်ပေမဲ့ ဒီလိုပြောနေတယ်"
   ရှန်လျန့် ပြုံးကာ ပြောလိုက်သည်။
     “ကြည့်ရတာ ငါလည်း သူ့ကို အပြစ်မပြုနိုင်ဘူးနဲ့တူတယ်"

    သူ၏ စကားဆုံးသည့်နောက် ထိုင်ခုံပေါ် တဖန်ပြန်ထိုင်လိုက်သည်။

   လူအုပ် ရယ်မောလိုက်သည်။

    ရွှင်ယွင်အပါအဝင် နဂါးအင်ပါယာကလန်၏ အတွင်းစည်းတပည့်များ ဒေါသထွက်သွားကြသည်။ သူတို့ စကားပြောရန်ပြင်လိုက်စဉ်၌ သူတို့၏ စိတ်ထဲတွင် ချင်နန်၏ အသံထွက်ပေါ်လာပြီး သူတို့၏ ထိုင်ခုံ၌ ပြန်ထိုင်ခိုင်းလိုက်သည်။

     စကားလုံးအနည်းငယ်သည် ချင်နန်၏ ဒေါသကို နှိုးဆွရန် မလုံလောက်ပေ။
    အဓိကအချက်အနေဖြင့် သူ့အတွက် ရှင်းပြခြင်းမှာ အချိန်ဖြုန်းခြင်းဖြစ်သည်။ အမှန်တရားကို သူ စင်မြင့်ပေါ်၌ သူ့ကို သိစေမည်ဖြစ်သည်။
  
    “ဖြောင့်မတ်ခြင်းဂိုဏ်းရောက်လာပြီ"

     “သူတို့ကမျောလွင့်ဂိုဏ်းကပဲ…ငါသူ့ကို သိတယ်"

      “ဗောဓိဘုရားကျောင်းက လူတွေလည်း ရောက်လာပြီ…သူတို့ရဲ့ ခေါင်းဆောင်က သူတော်စင်ချန်းကျိလိုင်ရဲ့ ဂျူနီယာညီငယ်မလား"
     လူအုပ်သည် မကြာမီ၌ ရောက်ရှိလာသော လူများအပေါ် အာရုံကျရောက်သွားသည်။

     တစ်ခဏကြာပြီးနောက် ထိုင်ခုံကိုးရာကိုးဆယ့်ကိုးခုလုံးလူပြည့်သွားသည်။
    
     လူ အများစု အံ့ဩနေကြသည်။

     တစ်ယောက်ကျန်သေးတာလား…

    အဆင့်တစ်ထောင့်တစ်က မရောက်လာသေးဘူးပေါ့…

     ထိုအချိန်၌ ကြောက်မက်ဖွယ်ရာသတ်ဖြတ်ချင်စိတ်များဖြင့် ပုံရိပ်တစ်ခု အဝေးမှ ရောက်ရှိလာသည်။

   အနက်ရောင်ဝတ်ရုံ၊ အနက်ရောင်ဆေဘာ၊ အနက်ရောင်ဆံပင်…

    အင်ပါယာအမြစ်ဖြတ်သူထောင်ချင်းစန့်…

    “ဟန့်"
   ထောင်ချင်းစန့်အား ကြည့်ကာ ရှန်လျန့်၏ မျက်နှာ နက်မှောင်သွားသည်။ ကောင်းကင်ဆေဘာဂိုဏ်း၌ သူသည် ထောင်ချင်းစန့်၏  အကြိမ်အနည်းငယ် အနိုင်ကျင့်ခြင်းခံခဲ့ရသောကြောင့် သူ့ကို လုံးဝသဘောကျခြင်းမရှိပေ။

    “စီနီယာလား…သူက အဆင့်တစ်ထောင့်တစ်ဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး…ကြည့်ရတာ သူ့ရဲ့ ကျင့်ကြံမှုက ပိုပြီး ကြောက်ဖို့ကောင်းတဲ့ ပုံပဲ…သူ့ရဲ့ စွမ်းအားက သိုင်းဘီဘင်အဆင့်ငါးဆိုပေမဲ့ သိုင်းဘီဘင်အဆင့်ရှစ်ကျင့်ကြံသူကို အလွယ်တကူရင်ဆိုင်နိုင်တယ်…ငါသူ့ရဲ့ ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ အင်အားတစ်ခုကိုလည်း ခံစားနိုင်တယ်"
     ချင်နန် ပျော်ရွှင်သွားသည်။

       အစက သူသည် လူအုပ်၏ စွမ်းအားကို စစ်ဆေးနေခဲ့ပြီး သူ၏ မိတ်ဆွေဟောင်းတစ်‌ယောက်နှင့် တွေ့ရမလားဟု သိလိုနေခဲ့သည်။ သို့သော်လည်း မည်သူမျှ မရှိခဲ့ပေ။

      သို့သော်လည်း သူ၏ ဘယ်ဘက်မျက်လုံးနှင့် စစ်ဆေးလိုက်ပြီးနောက် သူ၏ မျက်နှာ တည်တံ့သွားခဲ့သည်။

    အင်ပါယာအမြစ်ဖြတ်သူသည် အမှန်တကယ်ကို အစွမ်းထက်လှသည်။

      ထောင်ချင်းစန့် ချင်နန်၏ အကြည့်ကို သတိထားမိပြီး လှည့်ကြည့်လိုက်ရာ အံ့ဩသွားသည်။

  ဒီကလေး…

   သူလည်း ဒီမှာ ရောက်နေတာလား…

    ထောင်ချင်းစန့် ပြုံးပြလိုက်ပြီး သူ၏ ကျောမှ အနက်ရောင်ဆေဘာကိုထုတ်ယူကာ ချင်နန်ရှိရာကို ညွှန်လိုက်ပြီးနောက် သူ၏ ဓားအိမ်ထဲ ပြန်ထည့်သွင်းလိုက်သည်။

    ထို့နောက် သူ၏ ထိုင်ခုံတွင် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။

    လူအုပ် အလွန်အံ့အားသင့်သွားသည်။

    ဒီထောင်ချင်းစန့်ကလည်း ချင်နန်နဲ့ ရန်သူလား…

  ရှန်လျန့် အံ့ဩသွားပြီးနောက် သူ၏ မျက်နှာ မသာမယာဖြစ်သွားသည်။

     ချင်နန်နှင့် ထောင်ချင်းစန့်သည် တစ်‌ယောက်နှင့် တစ်ယောက်သိလိမ့်မည်ဟု သူမထင်ထားပေ။

     ထောင်ချင်းစန့် ပြုလုပ်လိုက်သည့်အရာမှာ ဆေဘာလှိုင်းသင်္ကေတဖြစ်သည်။ ၎င်းမှာ ကောင်းကင်ဆေဘာဂိုဏ်းသည် သူတို့၏ မိတ်ဆွေများနှင့် တွေ့ချိန်၌ ပြုလုပ်သည့် ထူးခြားသော အမူအကျင့်တစ်ခုဖြစ်သည်။

      “ငါထောင်ချင်းစန့်ကို မယှဉ်နိုင်ဘူး…ဒါပေမဲ့ တကယ်လို့ ငါ ဒီချင်နန်နဲ့ တွေ့ရင် ငါသူ့ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်"
   ရှန်လျန့် အံကြိတ်လိုက်ပြီး သူ၏ ထောင်ချင်းစန့်ပေါ်မှ အမုန်းတရား ချင်နန်အပေါ်သို့ ရောက်ရှိသွားသည်။

     ချင်နန် ထောင်ချင်းစန့်ကို အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။ အတိတ်က သူ၏ စီနီယာဖြစ်သော မိတ်ဆွေဟောင်းတစ်ယောက်နှင့် စိမ်းသက်သော နေရာတစ်ခုတွင် တွေ့ရသည့် ခံစားချက်ကို ဖော်ပြရန် မဖြစ်နိုင်ပါ။

     ထိုအချိန်၌ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု လူအုပ်ကို လွှမ်းခြုံသွားသည်။

    ဒိုဂျို၏ အထက်၌ ဓားတစ်လက်အုပ်မိုးလိုက်သည်ဟု ခံစားလိုက်ရသည်။

    ဆူညံနေသော ဒိုဂျိုသည် ချက်ချင်း တိတ်ဆိတ်သွားပြီး လူအုပ် တုန်လှုပ်စွာဖြင့် ခေါင်းမော့လိုက်သည်။

    “အားလုံးပဲ"
     ဘုရင်သံတမန် အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
     “အဆင့်တိုက်ပွဲစရအောင်…စည်းမျဉ်းတွေကတော့ ရိုးရှင်းတယ်…တိုက်ပွဲမှာ တရားမျှတဖို့အတွက် မင်းတို့အများစုက အဆင့်တူပြိုင်ဘက်တွေကို ကျပန်းပုံစံနဲ့ ရင်ဆိုင်ရလိမ့်မယ်"

    “မင်းတို့အားလုံး တိုက်ပွဲငါးပွဲတိုက်ရလိမ့်မယ်…ပြီးတာနဲ့ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို အခြေခံပြီးတော့ အဆင့်ပြန်သတ်မှတ်ပေးမယ်"
    ဘုရင်သံတမန် စကားရပ်လိုက်သည်။
    “အဆင့်တစ်ရာကျော်တက်သွားတဲ့လူက ဘုရင်အဆင့်ရဲ့ ဆုချတာခံရမယ်…အဆင့်ငါးရာကျော် တက်သွားတဲ့လူတွေက အထူးဆုရမယ်"

    “အခု....တိုက်ပွဲစပြီ"
    ဘုရင်သံတမန် လူအုပ်ကို တုံ့ပြန်ရန် အချိန်မပေးဘဲ ပြောလိုက်သည်။

    ဒိုဂျို၏ အထက်၌ အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းပေါ်၌ တောက်ပနေသော နာမည်တစ်ထောင်ရှိသည်။

🐱🐱🐱🐱🐱

အပိုင်း (၉၃၇) တုန်လှုပ်ဖွယ်ရာစွမ်းအား

      နံပါတ်သုံးဆယ်လျင်မြန်စွာ ရွေးချယ်လိုက်ပြီး ကျောက်ဖြူထိုင်ခုံအသီးသီးမှ အလင်းများတောက်လာကာ မှော်စွမ်းအားတစ်ခုသည် ရွေးချယ်ထားသောပါဝင်သူများအား ဒိုဂျိုကို ပို့ဆောင်လိုက်သည်။

     သူတို့ထဲ၌ သန်မာသော သူများကော အားနည်းသူများကော နှစ်မျိုးလုံးပါဝင်သည်။

   “တိုက်ပွဲစပြီ…အသေအကြေမဖြစ်အောင် ရှောင်ရှားကြပါ"
     ဘုရင်သံတမန်ပြောလိုက်သည်။

      ချက်ချင်းပင် တိုက်ပွဲဆယ့်ငါးပွဲဖြစ်ပွားလာသည်။ ဂျီးနီးယပ်များသည် သူတို့၏ သိုင်းသစ်ပင်များနှင့် သိုင်းဝိညာဉ်များအား ထုတ်ဖော်လိုက်ရာ အံ့မခန်းမြင်ကွင်းတစ်ခုပင်ဖြစ်သည်။

    ချင်နန် ထိုတိုက်ပွဲများကို ကြည့်နေသည်။

    ဗောဓိဘုရားကျောင်း၏ ဗုဒ္ဓသိုင်းပညာ…အင်မော်တယ်မြူဂိုဏ်း၏ ပုံရိပ်ယောင်များ…ပျက်စီးခြင်းဂိုဏ်း၏ ရှုပ်ထွေးခြင်းသိုင်းပညာ…ဓားလမ်းစဉ်ဂိုဏ်း၏ ဓားပညာ…နတ်ဆိုးစံအိမ်ဂိုဏ်း၏ နတ်ဆိုးသိုင်းပညာ…အစရှိသဖြင့် ထူးခြားလှသည်။

     “ငါက အလယ်ပိုင်းတိုက်ကြီးကို ရောက်တာကြာပြီဆိုပေမဲ့ ငါဂိုဏ်းတွေအကြောင်းကို ဘာမှသိပ်မသိသေးဘူး…ဒါက သင်ယူဖို့အခွင့်အရေးကောင်းပဲ"
    ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး သူ၏ ဘယ်ဘက်မျက်လုံးနှင့် ကြည့်ရှုလိုက်သည်။

       တိုက်ပွဲများသည် မကြာခင်၌ ရပ်တန့်သွားပြီး ဒုတိယအကျော့ကျင်းပခဲ့သည်။

     ဒိုဂျို၏  လေထုလည်း ပြင်းထန်လာသည်။

    အချိန်တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။

      ချင်နန်သည် တိုက်ပွဲဆယ့်ကျော့ကို ကြည့်ရှုခဲ့သည်။ သူတို့၏ ဘုရင်သိုင်းပညာများသည် သူ၏ မျက်လုံးများကို တောက်ပလာစေပြီး သူ၏ နှလုံးသားထဲတွင် သူတို့၏ အားသာချက်များကို ထောက်ပြရင်း သူတို့၏ လျှို့ဝှက်ချက်များကို နားလည်လာခဲ့သည်။
         ထိုခံစားချက်သည် မသေချာမရေရာဝိုးတဝါးနှင့် ဖြစ်သည်။

       “တစ်ထောင့်ငါးရာနဲ့ နှစ်ထောင့်ငါးရာကြားက တိုက်ပွဲတွေကတင် အရမ်းအံ့ဩဖို့ကောင်းနေပြီ…အဆင့်မြင့်တဲ့ ဂျီးနီးယပ်တွေရဲ့ တိုက်ပွဲဆိုရင် ဘယ်လောက်စိတ်လှုပ်ရှားဖို့ကောင်းမလဲ"
      ချင်နန် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်ရှုလိုက်သည်။

      သူသည် ပြိုင်ဘက်ကင်းဂျီးနီးယပ်များကြားမှ တိုက်ပွဲကို မြင်နိုင်ရန် အခွင့်အရေးရှိပါက သူ၏ နှလုံးသားထဲမှ ခံစားချက်ရှင်းလင်းလာလိမ့်မည်ဖြစ်သည်။
 
     သို့သော်လည်း တူးရင်းဒိုဂျိုသည် သာမန်မဟုတ်ပေ။

      သူ၏ စစ်နတ်ဘုရားဘယ်ဘက်မျက်လုံးပင် ထွင်းဖောက်ကြည့်နိုင်ခြင်းမရှိပေ။

     “စိတ်မကောင်းစရာပဲ"
     ချင်နန် ခေါင်းခါယမ်းလိုက်ပြီး အာရုံစိုက်လိုက်သည်။

       ယခုအလှည့်သည် ထောင်ချင်းစန့်၏ အလှည့်ဖြစ်သည်။ လူအုပ်သည်လည်း ချက်ချင်းပင် ထောင်ချင်းစန့်ကို အာရုံစိုက်လိုက်သည်။

       သူသည် ပါဝင်သူများကြားထဲ၌ အသန်မာဆုံးဟု သတ်မှတ်နိုင်သည်။ ထောင်ချင်းစန့်၏ ပြိုင်ဘက်သည် နတ်ဆိုးအော်ရာနှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ဘုရင်သံတမန်တိုက်ပွဲစရန် ကြေညာလိုက်သည်နှင့် အမျိုးသမီး တခစ်ခစ်ရယ်မောလိုက်ကာ သူမ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော သွေးစက်များအဖြစ် ပေါက်ကွဲသွားပြီး ထောင်ချင်းစန့်ဆီသို့ တိုးဝင်လာကာ လူအားလုံး အလွန်အံ့အားသင့်သွားကြသည်။

    ဒီလိုအစွမ်းထက်တဲ့ နတ်ဆိုးသိုင်းပညာ…

     ထောင်ချင်းစန့်သည် မျက်နှာသေဖြင့် သူ၏ အနက်ရောင်ဆေဘာကို ထုတ်ယူကာ ရှေ့သို့ ပိုင်းချလိုက်သည်။ တိုက်ခိုက်မှုသည် အလွန်ကြီးမားသော နဂါးတစ်ကောင် အရာအားလုံးကို ဆွဲဖြဲလိုက်သည်ဟု ခံစားရစေသည်။

    ထို့နောက် နာကျင်စွာအော်သံနှင့်အတူ သွေးစက်များပျောက်ကွယ်သွားပြီး အမျိုးသမီးမြေပြင်ပေါ်သို့ ပစ်ကျသွားသည်။ သူမ၏ မျက်နှာထက်၌ ကြောက်ရွံ့မှုများနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ တစ်ခဏခန့်ရုန်းကန်ပြီးနောက် သူမ အသက်ပျောက်သွားသည်။

     ဒိုဂျိုတစ်ခုလုံး တစ်စပြင်တစ်ခုပမာ တိတ်ဆိတ်နေသည်။

     ထောင်ချင်းစန့်သည် ဤမျှအထိအစွမ်းထက်လိမ့်မည်ဟု သူတို့  မထင်ထားခဲ့ပေ။ အဓိကအချက်အနေဖြင့် သူသည် သနားကြင်နာမှုမပြဘဲ သူ၏ ပြိုင်ဘက်ကို တစ်ကွက်တည်းဖြင့်သတ်ခဲ့သည်။

    မည်မျှရက်စက်ပါသနည်း…

     “နတ်ဘုရားအမြစ်ဖြတ်သူက သူ့မျက်လုံးထဲမှာ မကြည်တဲ့လူတွေကို သတ်တယ်…သတ်ဖြတ်ချင်စိတ်က ပိုသန်မာလာပြီ…ဒါပေမဲ့…"
     ချင်နန်၏ မျက်နှာတည်တံ့နေသည်။

     သူသည် ယခင်က တာအိုရှာဖွေခြင်းတောင်တွင် ထောင်ချင်းစန့်ကို သတိပေးရန် ကြိုးပမ်းခဲ့သည်။

    စီနီယာထောင်ချင်းစန့်သည် ၎င်းကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲ၌ မကောင်းသော ဆန္ဒတစ်ခုကိန်းဝပ်နေဆဲဖြစ်သည်။

     အချိန်ကျလာသည့်အခါတွင် သူသည် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်သည်။

     “စီနီယာ…စီနီယာ ဒါကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"
    ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး အလင်းမျက်နှာပြင်ပေါ်မှ နာမည်များ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။

      “နောက်‌ဆုံးတော့ ငါ့အလှည့်ရောက်ပြီပဲ"
     သူသည် စင်မြင့်ပေါ်သို့ တည်နေရာကူးပြောင်းခံလိုက်ရသည်။

       သူ၏ ရှေ့၌ အလွန်ဆံပင်ရှည်သော လူငယ်တစ်ယောက်ရပ်နေသည်။ သူသည် ဖြူဖပ်ဖြူရော်မျက်နှာနှင့် ဖြစ်ပြီး သူ၏ မျက်နှာထက်၌ နှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခု ချိတ်ဆွဲနေသည်။

     သူသည် ကောင်းကင်ဆေဘာဂိုဏ်း၏ တပည့်ဖြစ်သည်။

    တျန်အဆင့်သုံးသိုင်းဝိညာဉ်…သိုင်းဘီဘင်အဆင့်လေးကျင့်ကြံမှု…အဆင့်တစ်ထောင့်ကိုးရာနှစ်ဆယ့်သုံး…

     “ဟား…ဟား…ချင်နန် မင်းက ဘယ်လောက် ကံမကောင်းလိုက်လဲ…ပထမတိုက်ပွဲမှာပင် ငါ့ရဲ့ ဂျူနီယာညီငယ်နဲ့ တွေ့ပြီ…ဂျူနီယာညီငယ် သူ့ကို အလျှော့မပေးနဲ့"
    ရှန်လျန့် ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်။ ၎င်းသည် ချက်ချင်းပင်  နဂါးအင်ပါယာကလန်မှ တပည့်များနှင့် လူအနည်းငယ်၏ အာရုံကို ဆွဲဆောင်သွားသည်။

     အပေါ်ယံ၌ ကောင်းကင်ဆေဘာဂိုဏ်း၏ တပည့်သည် ချင်နန်ထက် ပိုသန်မာကြောင်းကို ပြောရန်မလိုပေ။

     ချင်နန်က သူ့ရဲ့ ပထမတိုက်ပွဲမှာ နိုင်မှာလား…

    “ကျင့်ကြံသူချင်နန်…စိတ်မကောင်းပါဘူး"
    ကောင်းကင်ဆေဘာဂိုဏ်းမှ တပည့်သည့် အပြုံးဖြင့် ပြောလိုက်ပြီး သူ၏ သိုင်းသစ်ပင်ကို ထုတ်လွှတ်၍ ဆေဘာဓားသုံးချောင်းကို ထုတ်ယူလိုက်သည်။ ဆေဘာဓားများသည် ချင်နန်ပေါ်သို့ အရှိန်ပြင်းထန်စွာဖြင့် သက်ဆင်းလာသည်။

     ထို့နောက် ဆေဘာဓားများသည် ချင်နန်နှင့် တစ်ကျန်အနီးသို့ ရောက်ရှိလာသောအခါ ကောင်းကင်ဆေဘာဂိုဏ်းမှ တပည့်၏ မျက်လုံးများ မှေးစင်းသွားသည်။

      “သိုင်းဝိညာဉ်…ဆေဘာသုံးလက်သတ်ဖြတ်ခြင်းဝင်္ကပါ"
     သူ၏ သိုင်းဝိညာဉ်ထွက်ပေါ်လာသည်နှင့် ဆေဘာဓားသုံးလက်၏ စွမ်းအားသည် သိသိသာသာ တိုးမြင့်သွားပြီး နဂိုအရွယ်အစားထက် လေးဆပိုကြီးသွားသည်။

       လူများစွာ တုန်လှုပ်သွားကြသည်။
     သူသည် သူ၏ အသန်မာဆုံးတိုက်ကွက်ကို အလစ်အငိုက်အသုံးပြုခဲ့သည်။

    “အရှက်မဲ့လိုက်တာ"
   ရွှင်ယွင် ဒေါသဖြင့် အော်လိုက်ပြီး ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း သူ၏ လှုပ်ရှားမှုများ ထိန်းချုပ်ခံလိုက်ရသည်။

    ရှန်လျန့်၏ မျက်နှာပေါ်မှ အပြုံးပို၍ ထူထဲလာသည်။

    နောက်ဆုံးအချိန်၌ ချင်နန်၏ အော်ရာကြီးမားစွာ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ အဓိကအင်အားများ လျင်မြန်စွာစီးဆင်းလာသည်။

    သူ့ကိုယ်ပိုင်သိုင်းသစ်ပင်၏ စွမ်းအား…

    “ပျက်စီးစမ်း"
    ချင်နန် ကျယ်လောင်စွာ အော်လိုက်ပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

   ဘန်း…

   တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားပြီး ကြောက်မက်ဖွယ်ရာ အင်အားလှိုင်းလုံးကြီးတစ်ခုသည် ရှေးဟောင်းနဂါးပမာ တိုးဝင်သွားသည်။

    ကောင်းကင်ဆေဘာဂိုဏ်းမှ တပည့်တုန်လှုပ်သွားပြီး ချက်ချင်းခုခံရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း သူအလွန်နှေးကွေးနေခဲ့သည်။ သူသည် သူ၏ ဆေဘာဓားသုံးချောင်းလွင့်ထွက်သွားသည်ကိုသာ မြင်လိုက်ရပြီး ကျန်ရှိသော သက်ရောက်မှုအင်အားများ သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။

     “အား…"
    နာကျင်စွာအော်လိုက်ပြီး ကောင်းကင်ဆေဘာဂိုဏ်းတပည့် ဒူးထောက်ပစ်ကျသွားကာ ပြင်းထန်စွာဒဏ်ရာရသွားသည်။

     “ဒါ…"
   ရှန်လျန့်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

    နဂါးအင်ပါယာကလန်၏ တပည့်များနှင့် လူများလည်း အံ့အားသင့်သွားသည်။

    ချင်နန်က သိုင်းဘီဘင်အဆင့်နှစ်ပဲမဟုတ်ဘူးလား…

    သူ၏ ပြိုင်ဘက်သည် တျန်အဆင့်သုံးသိုင်းဝိညာဉ်နှင့် သိုင်းဘီဘင်အဆင့်လေးဖြစ်သည်။ အဓိကအချက်အနေဖြင့် ချင်နန်သည် သူ၏ သိုင်းသစ်ပင်နှင့် သိုင်းဝိညာဉ်ကိုပင် မထုတ်ဖော်ခဲ့ပေ။
     သူထုတ်ဖော်ပြသခဲ့သည့် စွမ်းအားသည့် သိုင်းဘီဘင်အဆင့်ငါးကျင့်ကြံသူကို အလွယ်တကူယှဉ်နိုင်သည်။

     “ဟန့်…ဒီတော့ မင်းက မင်းရဲ့ စွမ်းအားကို ဖုံးကွယ်ထားခဲ့တာကို…ကြည့်ရတာ ငါမင်းကို လျှော့တွက်ခဲ့မိတာပဲ…ဒါပေမဲ့ ဘာခြားနားသွားမှာမလို့လဲ…မင်း ငါနဲ့ မတွေ့ဖို့ပဲ မျှော်လင့်တယ်…မဟုတ်ရင် ငါမင်းကို ပေးဆပ်ခိုင်းမယ်"
    ရှန်လျန့်၏ မျက်နှာ အေးစက်နေသည်။
 
    တိုက်ပွဲဆက်ဖြစ်ပွားနေ၏။

     လူအုပ်သည် မကြာခင်၌ နောက်ထပ်တိုက်ပွဲများကို စိတ်ဝင်စားကာ ထိုကိစ္စကို မေ့သွားသည်။

    ချင်နန် သူ၏ ခုံသို့ ပြန်ရောက်ရှိလာပြီး သူ၏ မျက်လုံးများထဲမှ တိုက်ခိုက်ချင်စိတ်များ ပျောက်ကွယ်သွားသည်။ သူစိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ သူ၏ ပထမပြိုင်ဘက်မှာ သူ့အတွက် အလွန်အားနည်းလှသည် ။

    “ဟမ်…ဒီကောင်…"
     သူ စင်မြင့်ကို ကြည့်ရင်း ကျွမ်းဝင်သော ပုံရိပ်တစ်ခုကို ဖမ်းမိလိုက်သည်။ သူသေချာကြည့်ရှုလိုက်ပြီးနောက် ဟာလာဟင်းမျက်နှာထားဖြင့်ဖြစ်သွားသည်။

     ဒါသူလား…

🐱🐱🐱🐱🐱

အပိုင်း (၉၃၈) ရှန်လျန့်နှင့် တိုက်ပွဲ

     ၎င်းမှာ အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ဆံပင်တိုနှင့် လူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေသည်။ သူ၏ တည်ရှိမှုသည် အလွန်ဖော်ရွေနေပြီး မည်သူမှ သူ့ကို ရန်လိုကြလိမ့်မည်မဟုတ်ပေ။
       သူ၏ ခန္ဓာကိုယ်ထဲ၌ ကောင်းကင်မီးလျှံနှင့် တူသော အင်အားတစ်ခုပြင်းထန်စွာ လောင်ကျွမ်းနေသည်။ စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးဖြင့်ပင် ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။
       သို့သော်လည်း အင်အားသည် ပိတ်ဆို့ထားပုံရသည်။

     “သူက ဘုရင်သိုင်းပညာကို တီထွင်ပြီးသွားပြီလား"
    ချင်နန်၏ မျက်လုံးများ အံ့အားသင့်မှုဖြင့် အရောင်လက်သွားသည်။

   လူငယ်သည် မီးလမ်းကြောင်းတောင်တန်းတွင် တွေ့ဆုံခဲ့သည့် ဘုရင်သိုင်းပညာတီထွင်ခဲ့သောလူငယ်ဖြစ်သည်။

     ချင်နန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ တိုက်ပွဲသည် မကြာခင်၌ စတင်လာခဲ့သည်။
      သူ၏ ပြိုင်ဘက်သည် ဗောဓိဘုရားကျောင်းမှ သိုင်းဘီဘင်အဆင့်ငါး ကျွမ်းကျင်သူဖြစ်သည်။ ဗောဓိဘုရားကျောင်းမှ တပည့် တိုက်ခိုက်လိုက်သည်။

    လူငယ်သည် ချဉ်းကပ်လာသော တိုက်ခိုက်မှုများကို သူ၏ လက်ချောင်း၊ လက်ဖဝါး၊ လက်သီးဖြင့် တည်ငြိမ်စွာပင် ခုခံလိုက်သည်။

    တစ်ခဏကြာပြီးနောက် သူ အသက်ပြင်းပြင်းရှူထုတ်လိုက်ရာ လေထဲ၌ ထူးဆန်းသော မီးလျှံများဖြစ်ပေါ်လာပြီး သူ၏ ပြိုင်ဘက်ကို အနိုင်ယူလိုက်သည်။

     လူအုပ်ကြီး အလွန်အံ့အားသင့်သွားသည်။

     သူတို့အများစုသည် မည်သည့်အရာဖြစ်ပျက်သွား‌ကြောင်း နားမလည်ကြပေ။

     “ဒီလိုမယုံနိုင်စရာကောင်းတဲ့ ဘုရင်သိုင်းပညာ…တိုက်ပွဲဖြစ်ပွားနေစဉ်မှာ သတိမပြုမိအောင် လေဟာနယ်ထဲကို မီးလျှံတွေ ထည့်သွင်းခဲ့ပြီး အဆုံးမှာ လောင်ကျွမ်းလိုက်တယ်…သူ့ပြိုင်ဘက်က သူဘာလုပ်နေလဲဆိုတာ သိရင်တောင် အဲဒါကို ကိုင်တွယ်ဖို့ ခက်ခဲတယ်"
     ချင်နန် အရောင်လက်နေသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့ကို လျှော့တွက်၍ မရပေ။

     လူငယ် သူ၏ ထိုင်ခုံသို့ ပြန်လည်ရောက်ရှိလာသည်။ သူသည် တစ်စုံတစ်ခုအား သတိပြုမိသွားပုံရကာ ချင်နန်ရှိရာကို ကြည့်၍ လက်သီးစုလိုက်သည်။
    “ကျင့်ကြံသူချင်နန်…ငါကဖန်ချန်ချင်းပါ…ငါတို့ အရင်တစ်ခေါက် တွေ့တုန်းက အချိန်မရှိခဲ့ဘူး…တကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင်  ငါလက်ဖက်ရည်ဧည့်ခံပြီး သိုင်းပညာ‌အကြောင်းဆွေးနွေးဖို့ ဖိတ်ချင်ပါတယ်"
      ဖန်ချန်ချင်း မျှော်လင့်ချက်တချို့ဖြင့် အသံပို့လွှတ်လိုက်သည်။
  
     “ဒါပေါ့"
    ချင်နန် လက်သီးစုကာ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

       သူတို့သည် တစ်ယောက်နှင့် တစ်ယောက်သိခြင်းမှာ မကြာသေသော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သိကျွမ်းခဲ့ရသလို ခံစားရသည်။ ၎င်းမှာ သူတို့၏ သိုင်းပညာပါရမီကြောင့်ဖြစ်နိုင်သည်။

      သူတို့နှစ်ဦးသည် စင်ပေါ်တွင်ဖြစ်ပွားနေသော တိုက်ပွဲကို အာရုံစိုက်လိုက်သည်။

      ထောင်ချင်းစန့်၏ အလှည့်ထပ်ရောက်လာခဲ့ပြီး တိုက်ပွဲကို ပိုင်းချက်တစ်ချက်တည်းဖြင့် အဆုံးသတ်လိုက်ရာ သွေးမိုးများ ရွာသွန်းသွားပြီး ဂျီးနီးယပ်များစွာ ကျောစိမ့်သွားကြသည်။

     ထို့နောက် ချင်နန်သည် မကြာခင်၌  ဒုတိယတိုက်ပွဲ တိုက်ခဲ့ရသည်။

     သူ၏ ပြိုင်ဘက်သည် ကောင်းကင်ဆေဘာဂိုဏ်းမှ တပည့်ပင်ဖြစ်သည်။ ကောင်းကင်ဆေဘာဂိုဏ်းမှ တပည့်သည် ယခင်တစ်ယောက်ကထက် အားနည်းပြီး တျန်အဆင့်သုံးသိုင်းဝိညာဉ်နှင့် သိုင်းဘီဘင်အဆင့်နှစ်ကျင့်ကြံမှုကိုသာ ပိုင်ဆိုင်သည်။
    လူအများ မျှော်လင့်ထားသကဲ့သို့ သူသည် ချင်နန်၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခြင်းခံခဲ့ရသည်။

      “ချေးပဲ"
    ရှန်လျန့် ဆဲရေးလိုက်သည်။ ထိုလူငယ်သည် သူနှင့် ရင်းနှီးသည်။ သို့သော်လည်း သူသည် ချင်နန်နှင့် တွေ့ကာ အဆင့်ကျသွားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

   တိုက်ပွဲဆက်ဖြစ်ပွားနေသည်။

    ပါဝင်သူများစွာသည် ပြိုင်ပွဲသုံးခုကို အနိုင်ယူပြီးပြီဖြစ်သည်။
     သုံးကြိမ်လုံးရှုံးနိမ့်ခဲ့သည့် လူများလည်း ပါဝင်ကာ သူတို့၏ မျက်နှာများ ဖြူဖျော့နေသည်။

      ထို့ပြင် အကြောင်းအရင်းတချို့ကြောင့် ထောင်ချင်စန့်မှလွဲ၍ ကောင်းကင်ဆေဘာဂိုဏ်းမှ ဂျီးနီးယပ်အချို့သည် သန်မာသော ပြိုင်ဘက်များနှင့် ရင်ဆိုင်နေရသည်။ ရှန်လျန့်ပင် သိုင်းဘီဘင်အဆင့်ရှစ်ကျင့်ကြံသူအချို့နှင့် တွေ့ခဲ့သည်။
      ၎င်းသည် ကောင်းကင်ဆေဘာဂိုဏ်းမှ လူများအား မျက်နှာမသာမယာ ဖြစ်လာစေခဲ့သည်။

     “ဒါသူလုပ်နတောလား…"
    ချင်နန်၏ စိတ်ထဲ အတွေးတစ်ခုဝင်ရောက်လာပြီး သူဘုရင်သံတမန်ကို ကြည့်လိုက်သည်။
  
     ဘုရင်သံတမန်သည် သူ၏ အကြည့်ကို သတိပြုမိပုံ မရပေ။ သို့သော်လည်း ချင်နန်၏ အကြည့် တောက်ပသွားသောအခါ ဘုရင်သံတမန်အနည်းငယ်တုန်သွားသည်။

    ချင်နန် ဘာကိုဆိုလိုတာလဲ…

     သူသည် အမြဲတမ်းတရားမျှတသည်။

     မကြာခင်၌ စတုတ္ထအကျော့ရောက်လာသည်။

       အလင်းမျက်နှာ‌ပြင် တောက်ပသွားပြီး ရှန်လျန့်အပါအဝင် ဂျီးနီးယပ်အားလုံး တစေ့တစောင်းကြည့်လိုက်သည်။

     ထို့နောက် ရှန်လျန့်၏ မျက်နှာ ဖြူဖျော့သွားသည်။ သူ၏ ပြိုင်ဘက်မှာ တျန်အဆင့်လေးသိုင်းဝိညာဉ်နှင့် သိုင်းဘီဘင်အဆင့်ကိုးကျင့်ကြံသူဖြစ်သည်။

    သိုင်းဘီဘင်အဆင့်ကိုး…

   ခင်ဗျားကျုပ်ကို လာနောက်နေတာလား…

   ကျုပ်က ဘယ်လိုတိုက်နိုင်မှာလဲ…

     လူအုပ် သူ့အား ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်နေသည်။

     ချင်နန်ပင် မနေနိုင်ဘဲ ရယ်မောလိုက်သည်။
   အခုအချိန်မှာ ရှန်လျန့်ရဲ့ မျက်နှာထားဘယ်လိုဖြစ်နေမလဲ…

    “ကျုပ်…ကျုပ်အရှုံးပေးပါတယ်"
    ရှန်လျန့် သူ၏ အတွေးများကို စုစည်းကာ အံ့ကြိတ်၍ ပြောလိုက်သည်။

  တိုက်ပွဲဆက်ဖြစ်ပွားနေပြီး ရှန်လျန့် ချင်နန်ကို ကြည့်ကာ ကြိမ်းဝါးလိုက်သည်။
    “မင်း သိုင်းဘီဘင်အဆင့်ကိုးကျင့်ကြံသူနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ငါကြည့်ချင်မိတယ်"

    သို့သော်လည်း မျက်နှာပြင်ပေါ်မှ နာမည်များကို မြင်သည့်အခါ သူ ကြက်သေသေသွားသည်။

     ချင်နန်၏ ပြိုင်ဘက်မှာ တျန်အဆင့်သုံးသိုင်းဝိညာဉ်နှင့် သိုင်းဘီဘင်အဆင့်တစ်ကျင့်ကြံမှုသာ ပိုင်ဆိုင်သည့် အင်မော်တယ်မြူဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်သည်။

     သူသည် ပါဝင်သူများကြားထဲ၌ အားအနည်းဆုံးဖြစ်သည်။

     အဓိပ္ပာယ်မရှိတာ…

       ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

      ၎င်းမှာ ‌လေးကြိမ်ရှိပြီဖြစ်သည်။

     ချင်နန်၏ ပြိုင်ဘက်များသည် အားနည်းသည်ထက် အားနည်းလာသည်။

       လူအများသည်လည်း အံ့အားသင့်သွားကြပြီး သူ့ကို မနာလိုစွာဖြင့် ကြည့်လိုက်ကြသည်။

    “ဒါအဓိပ္ပာယ်မရှိဘူး"
    ရှန်လျန့် သူ၏ ထိုင်ခုံမှ ထကာ ပြောလိုက်သည်။
     “ဘာလို့ သူက အားနည်းတဲ့ ပြိုင်ဘက်တွေနဲ့ တိုက်ရပြီးတော့ ကျုပ်ကကျတော့ …"
    သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကြောက်မက်ဖွယ်ရာဖိအားတစ်ခုသက်ဆင်းလာသည်။

     ၎င်းမှာ ဘုရင်သံတမန်ဖြစ်သည်။
    “ မင်းက ငါ့ကို မမျှတဘူးလို့ စွပ်စွဲနေတာလား…ငါက အမြဲတမ်းတရားမျှတတယ်…

     “ကျုပ်…ကျုပ်တောင်းပန်ပါတယ်…ကျုပ်တောင်းပန်ပါတယ်"
    ရှန်လျန့် သူ၏ အတွေးများကို စုစည်းကာ ချက်ချင်းတောင်းပန်လိုက်ပြီးနောက် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။

    သူ့ထံ၌  သတ္တိအဆတစ်ရာရှိလျှင်ပင်  သူသည် ဘုရင်သံတမန်ကို အပြစ်ပြုရဲလိမ့်မည်မဟုတ်ပေ။ သူသည် ဒေါသကြောင့် စိတ်ခဏလွတ်သွားခြင်းသာဖြစ်သည်။

   အသက်ရှိုက်အနည်းငယ်ကြာပြီးနောက် ချင်နန်သည် ထိုတပည့်အား အနိုင်ယူကာ သူ၏ စတုတ္ထမြောက်တိုက်ပွဲအနိုင်ရရှိသွားသည်။ ချင်နန် သူ၏ ထိုင်ခုံသို့ ပြန်လည်ရောက်ရှိလာပြီး ဘုရင်သံတမန်ကို ဆွံ့အစွာဖြင့် ကြည့်လိုက်သည်။

     သူသည် သူ၏ စွမ်းအားကို ဖုံးကွယ်ထားရန် ကြိုးပမ်းခြင်းမှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း သူသည် တစ်ချိန်လုံး အားနည်းသည့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။
    အနည်းဆုံးတော့ သူ့ကို ပျမ်းမျှပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ပေးသင့်တယ်မဟုတ်ဘူးလား…

    မကြာခင်၌ နောက်ထပ်တိုက်ပွဲများသည် သူတို့၏ အာရုံကို ဆွဲဆောင်လိုက်သောကြောင့် လူအုပ်မကြာခင်၌ မေ့လျော့သွားခဲ့သည်။

      ပဉ္စမအ‌ကျော့ တိုက်ပွဲစတင်ခဲ့သည်။

    ဂျီးနီးယပ်များစွာသည် သူတို့၏ ဝှက်ဖဲများကို ထုတ်ဖော်၍ သူတို့၏ မယုံနိုင်စရာစွမ်းအားများကို ပြသနေကြသည်။

   ထို့ပြင် အံ့မခန်းတိုက်ပွဲအနည်းငယ်ရှိသည်။ ဥပမာအနေဖြင့် ‌ထောင်ချင်းစန့်သည် နတ်ဆိုးဂျီးနီးယပ်တစ်‌ယောက်နှင့် တွေ့ကာ တစ်ချက်တည်းသော ပိုင်းချက်ဖြင့် အနိုင်ယူခဲ့သည်။

   နောက်တစ်လှည့် ပြီး‌ဆုံးသွားပြီး မျက်နှာပြင်မှ နာမည်များ တဖန်ပြောင်းလဲသွားသည်။
    ရှန်လျန့် သူ၏ နှလုံးသားထဲ ဆုတောင်းလိုက်သည်။
      “ခင်ဗျား ငတုံးချင်နန်ကို သန်မာတဲ့ ပြိုင်ဘက်နဲ့ စီစဉ်ပေးရမယ်…သူ့ကို ပဉ္စမအကျော့မှာ အလွယ်တကူ အနိုင်မရသင့်…"

     မျက်နှာပြင်ပေါ်မှ နာမည်များ တည်ငြိမ်သွားသည်။

    ရှန်လျန့်နှင့် လူအုပ်ကြီး ချက်ချင်းစစ်ဆေးလိုက်ကြပြီးနောက် အလွန်အံ့အားသင့်သွားသည်။

     ချင်နန်နှင့် ရှန်လျန့်…

    “ချင်နန်နဲ့ တိုက်ရမှာလား…"
   ရှန်လျန့်၏ ခန္ဓာကိုယ်တုန်ခါသွားပြီးနောက် သူ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။

     ကောင်းတယ်…

    ကောင်းကင်သည် စိတ်အားထက်သန်မှုရှိသော လူကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ပေ။

    နောက်‌ဆုံး၌ သူလိုချင်တာကို ရပြီဖြစ်သည်။

🐱🐱🐱🐱🐱

အပိုင်း (၉၃၉) ဝိညာဉ်စုဆောင်းခြင်းဝင်္ကပါစက်ဝိုင်းပြား

     “ရှန်လျန့်နဲ့ ချင်နန်"

    “ဒါက စိတ်ဝင်စားစရာပဲ"

     “ချင်နန် ဒုက္ခရောက်တော့မယ်"

     တိုက်ပွဲသည် ချက်ချင်းပင် လူအများ၏ အာရုံကို ဆွဲဆောင်သွားပြီး လေထုသက်ဝင်လှုပ်ရှားလာသည်။

    နဂါးအင်ပါယာကလန်၏ ဂျီးနီးယပ်များစွာနှင့် အတွင်းစည်းတပည့်များစွာ ကျေနပ်အားရစွာဖြင့် ပြုံးလိုက်ကြသည်။ သူတို့သည် ယခင်က ချင်နန်ကို မနာလိုဖြစ်ခဲ့ပြီး နောက်ဆုံး၌ ချင်နန်၏ ရှုံးနိမ့်မှုကို တွေ့မြင်ရတော့မည်ဖြစ်သည်။
     ချင်နန်သည် အစွမ်းထက်သော်လည်း သူသည် ရှန်လျန့်ကို အနိုင်ယူနိုင်ခြင်းမရှိပေ။

    ဝှစ်…

    ချင်နန်နှင့် ရှန်လျန့်တို့နှစ်ဦးလုံး တစ်ပြိုင်တည်းမှာပင် ဒိုဂျိုသို့ ရောက်ရှိလာသည်။

    ရှန်လျန့်သည် ကောင်းကင်ဆေဘာဂိုဏ်း၏ အခြားတပည့်များကို ကြည့်လိုက်သည်။ ထို့နောက် ချင်နန်ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
     “ကလေး…မင်းသတ္တိရှိရင် အရှံးမပေးနဲ့....တိုက်ရအောင်"

   ဤကဲ့သို့ အခွင့်အရေးကြီးတစ်ခုအား သူလက်လွှတ်စရာမရှိပေ။
    ချင်နန် တည်ငြိမ်တိတ်ဆိတ်စွာဖြင့် သူ့အား လျစ်လျူရှုထားသည်ကို သိသည့်အခါ ရှန်လျန့် ဒေါသထွက်သွားသည်။

    “စကြတော့"
    ဘုရင်သံတမန်တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
     စင်မြင့်ဆယ့်ငါးခုပေါ်မှ ဂျီးနီးယပ်များ၊ ချက်ချင်းပင် သူတို့၏ ပြိုင်ဘက်များနှင့် တိုက်ခိုက်လိုက်သည်။
      သို့သော်လည်း လူအုပ်၏ အာရုံသည် ချင်နန်နှင့် ရှန်လျန့်အပေါ်တွင်သာ ကျရောက်နေသည်။

    “သိုင်းသစ်ပင်…ကောင်းကင်ဆေဘာရဲ့ လျှို့ဝှက်ပညာရပ်…ဆေဘာကြယ်စုတန်း"
   ရှန်လျန့် ကျယ်လောင်စွာ အော်လိုက်ပြီး ငါးကျန်ရှည်သော သိုင်းသစ်ပင်ထွက်ပေါ်လာကာ ကြယ်အစုအတန်းတစ်ခုပမာ ပြောင်းလဲသွားပြီး တောက်ပသော ပိုင်းချက်ကို ထုတ်ဖော်လိုက်သည်။

     တိုက်ခိုက်မှုအော်ရာသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

      လူများစွာ တုန်လှုပ်သွားကြသည်။ ရှန်လျန့်၏ သိုင်းသစ်ပင်သည် မရှုံးနိမ့်နိုင်သော သိုင်းသူတော်စင်အဆင့်ကိုအောင်မြင်ထားကာ လျှို့ဝှက်ပညာရပ်များနှင့်အတူ တိုက်ခိုက်မှုသည် သိုင်းဘီဘင်အဆင့်ခြောက် သို့မဟုတ် သိုင်းဘီဘင်အဆင့်ခုနှစ်ကျင့်ကြံသူကို အလွယ်တကူသတ်နိုင်သည်။
     သူသည် ချင်နန်ကို ရှင်သန်ရန် အခွင့်အရေးမပေးခဲ့ပေ။

    လူအုပ်အသက်ရှူရပ်သွားသည်။

    “စိတ်ဝင်စားစရာပဲ"
    ချင်နန်၏ မျက်လုံးများလင်းလက်သွားပြီး သူ၏ ဦးခေါင်းထက်၌ ကိုယ်ပိုင်သိုင်းသစ်ပင် ထွက်ပေါ်လာသည်။ သိုင်းသစ်ပင်သည် မီးခိုးဖြူရောင်ဖြစ်သည်။

    “ပျက်စီးစမ်း"
    ကျယ်လောင်‌စွာ တစ်ချက်အော်လိုက်ပြီး သိုင်းသစ်ပင်ရှေ့သို့ ထိုးတက်သွားကာ ရှန်လျန့်၏ ပိုင်းချက်ကို ဖျက်ဆီးလိုက်သောကြောင့် ၎င်းသည် မည်မျှအစွမ်းထက်ကြောင်း ညွှန်ပြနေသည်။

     “ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"
    ရှန်လျန့်နှင့် ဂျီးနီးယပ်များ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

    သိုင်းဘီဘင်အဆင့်လေး…

     ချင်နန်က သိုင်းဘီဘင်အဆင့်လေးလား…

     ဒိုဂျိုတစ်ခုလုံး တစ်စပြင်တစ်ခုပမာ ဖြစ်သွားပြီး ပွက်လောရိုက်သွားကြသည်။

     “ကြည့်ရတာ ချင်နန်က သူ့ရဲ့ အစစ်အမှန်စွမ်းအားကို ဖုံးကွယ်ထားတဲ့ပုံပဲ…သူက သိုင်းဘီဘင်အဆင့်လေးကိုရောက်နေပြီ"

     “ဒါက အရမ်းအထင်ကြီးဖို့ကောင်းတာပဲ…မင်း သူ့ရဲ့ သိုင်းသစ်ပင်ကို မြင်လား…အဲဒါက ကောင်းကင်ကိုဆန့်ကျင်တဲ့ သိုင်းသူတော်စင်အဆင့်ကို အောင်မြင်ခဲ့တာဖြစ်နိုင်တယ်"

     “သူ့မှာ တျန်အဆင့်တစ်သိုင်းဝိညာဉ်ပဲရှိပေမဲ့ သူက အဆင့်နှစ်ထောင့်တစ်ရခဲ့တာ အံ့ဩစရာမဟုတ်တော့ပါဘူး…ငါတို့ သူ့ကို လျှော့မတွက်သင့်ဘူး"

    “ဒီလိုစွမ်းအား…အခုတိုက်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်ခဲတယ်"

   ယခင်က ဝမ်းသာပီတိများဖြစ်နေကြသော ဂျီးနီးယပ်များ အလွန်အံ့ဩတုန်လှုပ်သွားကြပြီး ချင်နန်ကို ထပ်အထင်သေးရဲခြင်းမရှိတော့ပေ။ နဂါးအင်ပါယာကလန်၏ အတွင်းစည်းတပည့်များစွာသည်လည်း ဆွံ့အနေကြသည်။

    ထောင်ချင်းစန့်နှင့် ဖန်ချန်ချင်းတို့သာ မျှော်လင့်ထားပြီးသားဖြစ်သကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနေသည်။

      “ချင်နန်…မင်း…မင်း…"
    ရှန်လျန့် သူမြင်တွေ့ခဲ့ရသည့်အရာကို မယုံကြည်နိုင်သေးပေ။

    သူနောက်သိူ့ ခြေနှစ်လှမ်းဆုတ်ပြီးနောက် သူ၏ အတွေးများကို စုစည်းကာ သူ၏ မျက်နှာ နက်မှောင်သွားသည်။
    “ကြည့်ရတာ ငါမင်းရဲ့စွမ်းအားကို လျှော့တွက်ခံ့မိတယ်…ဒါပေမဲ့ ဒါက ဘာထူးခြားသွားလဲ…ဘယ်လိုပဲဖြစ်ဖြစ် ငါနိုင်လိမ့်မယ်"

    လေထဲ၌ လွင့်မျောနေသော သိုင်းသစ်ပင်သည်  အောက်သို့ မရေမတွက်နိုင်သော အလင်းတန်းများ ပစ်လွှတ်လိုက်သည်။
     ချင်နန်၏ ဘယ်ဘက် မျက်လုံးအရောင်လက်သွားပြီး လျှို့ဝှက်အန္တရာယ်ကိုမြင်တွေ့လိုက်ရသည်။

    အတွေးတစ်ချက်နှင့်အတူ သူ၏ သိုင်းသစ်ပင်သည် သန်မာသော သိုင်းဆန္ဒအား ထုတ်ဖော်ကာ အလင်းတန်းများကို ဖျက်ဆီးလိုက်သည်။

     “ကောင်းကင်ဆေဘာအဆောင်"
   ရှန်လျန့် သူ၏ ဆေဘာကို ဝှေ့ယမ်းလိုက်ပြီး အ‌ဆောင်များစွာ ပစ်လွှတ်လိုက်ရာ အစွမ်းထက်ဟော ဆေဘာစွမ်းအင်များ ချင်နန်ဆီသို့ တိုးဝင်လာသည်။

    အဆောင်များသည် သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူများ သန့်စင်ထားခြင်းဖြစ်သည်။
     ထိုအချိန်၌ ချင်နန်၏ ကိုယ်ပိုင်သိုင်းသစ်ပင်သည် တိုက်ခိုက်မှုများကို အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိသဖြင့် အစွမ်းထက်သော ဆေဘာစွမ်းအင်များကြောင့် ကျယ်လောင်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားသည်။
     သို့သော်လည်း သိုင်းသစ်ပင်ပေါ်တွင် ခြစ်ရာအစင်းရာ အနည်းငယ်သာဖြစ်ပေါ်ခဲ့သည်။
     သူ၏ ကိုယ်ပိုင်သိုင်းသစ်ပင်သည် စစ်နတ်ဘုရားသိုင်းသစ်ပင်များကို ဖိနှိပ်နိုင်လောက်အောင် သန်မာသည်။

     “ငါ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ အဓိကအင်အားတွေ…ဘုရင်သိုင်းပညာတွေ"
   ချင်နန် ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကွဲပြားခြားနားသောအင်အားများ လှိမ့်တက်လာသည်။ အလင်းတစ်ချက်နှင့်အတူ ကိုယ်ပွားတစ်ရာကျော် ထွက်ပေါ်လာပြီး ရှန်လျန့်ကို ဝိုင်း၍ အရပ်မျက်နှာပေါင်းစုံမှ လက်သီးချက်များ ပစ်သွင်းလိုက်သည်။

    မည်သည့်တိုက်ခိုက်မှုသည် အစစ်အမှန်ဖြစ်ကြောင်းကို ခွဲခြားရန် ခက်ခဲသည်။

   “ချေးပဲ"
  ရှန်လျန့်၏ မျက်နှာ ဖြူဖျော့သွားပြီး သူ့ထံမှ ဆေဘာအော်ရာတစ်ခုထွက်ပေ့ါ်လာကာ ဘုရင်တစ်ဝက်အဆင့်လက်နက်များကို ကိုင်၍ ဘုရင်သိုင်းပညာများကို အသုံးပြုလိုက်သည်။ 

      တိုက်ပွဲသည် ရုတ်တရက် တစ်ဖက်သတ်ဖြစ်လာသည်။ ရှန်လျန့်သည် ဘုရင်တစ်ဝက်အဆင့်လက်နက်များကို အသုံးပြု၍ ခုခံနေသည့်တိုင် ချင်နန်ကို ယှဉ်နိုင်ခြင်းမရှိဘဲ အဆက်မပြတ် နောက်ဆုတ်နေရသည်။

     လူများစွာ မိန်းမောနေကြသည်။
  
     ချင်နန်၏ သိုင်းသစ်ပင်သည်  အလွန်အစွမ်းထက်ရုံသာမက သူ၏ စွမ်းအားသည်လည်း အလွန်ကြောက်စရာကောင်းလှသည်။ ထို့ပြင် သူသည် တိုက်ခိုက်မှုများ၏ လမ်းကြောင်းကို ခန့်မှန်းနိုင်သည်။

     အကယ်၍ ဤကဲ့သို့ ဆက်ဖြစ်နေပါက ရှန်လျန့်သေချာပေါက် ရှုံးသွားလိမ့်မည်ဖြစ်သည်။

      “ငါ…ငါဘယ်လိုလုပ် အရှုံးပေးနိုင်မှာလဲ"
   ရှန်လျန့် ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရပြီး ဒေါသထွက်သွားသည်။ အကယ်၍ သူရှုံးနိမ့်သွားပါက ၎င်းမှာ အလွန်ရှက်စရာကောင်းလိမ့်မည်ဖြစ်သည်။
      ရှန်လျန့်၏ စိတ်ထဲ အတွေးတစ်ခုဝင်ရောက်လာပြီး သူ အံကြိတ်လိုက်သည်။ ၎င်းမှာ အလွန်အဖိုးတန်သော်လည်း သူချင်နန်ကို အနိုင်ယူနိုင်ပါက ထိုက်တန်ပေသည်။

    “ဝိညာဉ်စု‌ဆောင်းခြင်းဝင်္ကပါစက်ဝိုင်းပြား…ဂျူနီယာညီငယ်တို့ ကျေးဇူးပြုပြီး ငါ့ကို ကူညီကြပါ"
    ရှန်လျန့် ကျယ်လောင်စွာ အော်လိုက်ပြီး အခေါင်းပေါက်ဆယ်ပေါက်ပါသော အဝိုင်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် အဝိုင်းပြားထဲကို သူ၏ အဓိကအင်အားများ ထည့်သွင်းလိုက်ရာ အခေါင်းပေါက်ဆယ်ခုမှ အလင်းများတောက်လာသည်။

     လူအုပ် အလွန်အံအားသင့်သွားသည်။

    ဒါက ဘာလဲ…

    ထိုအချိန်၌ ကောင်းကင်ဆေဘာဂိုဏ်၏ တပည့်များ  သူတို့၏ ထိုင်ခုံမှထ၍ လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်။

    ဘန်း…ဘန်း…ဘန်း…

.   တုန်လှုပ်ဖွယ်ရာမြင်ကွင်းတစ်ခုဖြစ်ပွားလာသည်
။ အဝိုင်းပြားပေါ်တွင်ရှိသော အခေါင်းပေါက်ဆယ်ခုထဲမှ ကောင်းကင်ဆေဘာဂိုဏ်းမှ တပည့်များ၏ သိုင်းဝိညာဉ်များထွက်ပေါ်လာသည်။ သိုင်းဝိညာဉ်များ၏ ပေါင်းစည်းမှုစွမ်းအားသည် ဖိအားကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။

    တျန်အဆင့်လေးသိုင်းဝိညာဉ်သုံးခု…

   တျန်အဆင့်သုံးသိုင်းဝိညာဉ်ခုနှစ်ခု…

    “သိုင်းဝိညာဉ်…"
   ရှန်လျန့် ခြေတစ်ချက်ဆောင့်လိုက်ပြီး သူ၏ နောက်ကျောမှ ရှေးဟောင်းဆေဘာတစ်ချောင်းနှင့်အတူ အနီရောင်ရောင်ခြည်တန်းလေးခုထွက်ပေါ်လာသည်။

     စုစုပေါင်းသိုင်းဝိညာဉ်ဆယ့်တစ်ခုဖြစ်သည်။

   ဂျီးနီးယပ်များ တုန်လှုပ်သော  မျက်နှာထားများဖြင့် သက်ပြင်းရှိုက်လိုက်သည်။

    ဒီလိုကြောက်ဖို့ကောင်းတဲ့ ပစ္စည်း…

    ရှန်လျန့်ထံ၌ ဤကဲ့သို့ ဝှက်ဖဲရှိလိမ့်မည်ဟု သူတို့ မ‌ထင်ထားခဲ့ပေ။

   ရှန်လျန့် သူ၏ လက်ကိုဝှေ့ယမ်းလိုက်ပြီး သိုင်းဝိညာဉ်ဆယ့်တစ်ခု တစ်ပြိုင်တည်း အော်လိုက်သည်။

     သူသည် ချင်နန်ကို မောက်မာစွာဖြင့် ကြည့်လိုက်သည်။

     “ချင်နန်…တိုက်ပွဲမှာ ငါအနိုင်ရမယ်လို့ ပြောပြီးသားပဲ"
    ရှန်လျနိ့ ပြုံးကာ ပြောလိုက်သည်။

    အတွေးတစ်ချက်နှင့်အတူ သိုင်းသစ်ပင်တစ်ဆယ့်တစ်ပင်သည် ချင်နန်ရှိရာသို့ တိုးဝင်သွားသည်။   

🐱🐱🐱🐱🐱

အပိုင်း (၉၄၀) စစ်နတ်ဘုရား၏ စွမ်းအား…ခမ်းနားသော တိုက်ပွဲတစ်ခု

     ထိုအချိန်၌ မတူညီသော သိုင်းသစ်ပင်ဆယ့်တစ်ပင်သည် သူတို့၏ စွမ်းအားများကို ထုတ်လွှတ်၍ ဥက္ကာခဲများ၊ ရေခဲများ၊ လေပြင်းများ၊ ပုံရိပ်ယောင်များ…အစရှိသည်တို့ ဆင့်ခေါ်လိုက်သည်။

   ကျွမ်းကျင်သူဆယ့်တစ်ယောက် တစ်ပြိုင်တည်းတိုက်ခိုက်လိုက်သည်ဟု ခံစားရသည်။

    “ဒါမကောင်းဘူး…"
   
    “ချင်နန်အသက်ရှင်ဖို့ လမ်းမရှိဘူး…"

    “ဟူး…သနားစရာပဲ"

     “ဒါကမျှတတဲ့တိုက်ပွဲဆိုရင် ဒီရှန်လျန့်ရှုံးပြီ"

    “ငါလည်းထောက်ခံတယ်"

    ဒိုဂျိုပေါ်မှ ဂျီးနီးယပ်များ  သတိပြန်ဝင်လာသည်။

     သူတို့အများစုသည် ချင်နန်အတွက် စိတ်မကောင်းဖြစ်နေကြသော်လည်း အနည်းစုမှာ ကျေနပ်နေကြသည်။

     ထောင်ချင်းစန့်နှင့် ဖန်ချန်ချင်းတို့၏ မျက်လုံးများ တောက်ပသွားသည်။
    တိုက်ခိုက်မှုမှာ အလွန်အစွမ်းထက်လှသည်။

   သို့သော်လည်း ထိုအချိန်၌ ချင်နန်၏ တုံ့ပြန်မှုသည် လူအုပ်ကို အလွန်အံ့အားသင့်သွားစေခဲ့သည်။

    သူသည် နောက်ပြန်ဆုတ်ရမည့်အစား တိုက်ခိုက်မှုများဆီသို့ တဟုန်ထိုးတိုးဝင်သွားသည်။

    ၎င်းသည် ရှန်လျန့်နှင့် ဂျီးနီးယပ်များအား တုန်လှုပ်သွားစေသည်။

     ချင်နန် ဘာလုပ်တာလဲ…
     သူက သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတာလား…

   “သိုင်းဝိညာဉ်"
   ကျယ်လောင်သော အော်သံတစ်သံနှင့်အတူ သူ၏ နောက်ကျောမှ အနီရောင်ရောင်ခြည်တန်းတစ်ခု ထွက်ပေါ်လာသည်။

    “သိုင်းဝိညာဉ်လား…ဟား…ဟား…ဟား…မင်းရဲ့ တျန်အဆင့်တစ်သိုင်းဝိညာဉ်က ဘာလုပ်နိုင်မှာမလို့..."
    ချင်နန်၏ ဆုံးဖြတ်ချက်အား ကြည့်ကာ ရှန်လျန့် ရယ်မောလိုက်သည်။

    သို့သော်လည်း စကားမဆုံးခင်မှာပင် သူ၏ ရယ်သံရပ်တန့်သွားကာ တံတွေးမျိုချလိုက်သည်။

      နောက်ထပ်အနီရောင်ရောင်ခြည်တန်းများ ထပ်ထွက်ပေါ်လာပြီး လေးခုမြောက်၌ ရပ်တန့်သွားသည်။ ရောင်ခြည်တန်းများကြားထဲ၌ နတ်ဘုရားသိုင်းဝိညာဉ်ပုံရိပ်ကြီးသည် ခံ့ထည်စွာ ရပ်နေကာ လူအုပ်ကို ငုံ့ကြည့်နေသည်။

  ဂျီးနီးယပ်များ၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။

    တျန်အဆင့်လေးသိုင်းဝိညာဉ်…

    ချင်နန်မှာ တျန်အဆင့်လေးသိုင်းဝိညာဉ်ရှိတယ်ပေါ့…

   “စစ်နတ်ဘုရားရဲ့  ဖိနှိပ်မှု…"
    ချင်နန်၏ အော်ရာ သန်မာလာပြီး အော်ဟစ်လိုက်သည်။ သိုင်းဝိညာဉ်သည် သူ၏ ခေါင်းကို အနည်းငယ်ငုံ့၍ ရှန်လျန့်၏ အထက်မှသိုင်းသစ်ပင်ဆယ့်တစ်ပင်ကို ကြည့်လိုက်သည်။

     အလွန်အံ့ဩဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပွားလာသည်။

    တျန်အဆင့်လေးသိုင်းဝိညာဉ်လေးခုနှင့် တျန်အဆင့်သုံးသိုင်းဝိညာဉ်ခုနှစ်ခုတို့သည် ကြောက်စရာတစ်စုံတစ်ခုနှင့် ‌ကြုံတွေ့လိုက်ရသည့်ပမာ ပြင်းထန်စွာ တုန်ခါလာသည်။
    
    သူတို့၏ ယခင်ကအော်ရာလည်း လုံးဝပျောက်ကွယ်သွားသည်။
     သူတို့၏ စွမ်းအားများပင် ပျောက်ကွယ်သွားပြီ အရာအားလုံးတည်ငြိမ်သွားသည်။

    သိုင်ဝိညာဉ်ဆယ့်တစ်ခုလုံး…
    နှိမ်နင်းခံခဲ့ရသည်။

     ထိုအချိန်၌ ရှန်လျန့်နှင့် လူအုပ်သည် သူတို့၏ စိတ်ထဲ၌ ပေါက်ကွဲမှုများဖြစ်ပေါ်သွားပြီး သူတို့၏ ဦးရေထုံသွားသည်။

   သိုင်းသစ်ပင်တစ်ပင်သည် သိုင်းသစ်ပင့်တစ်ဆယ့်တစ်ပင်အား ဖိနှိပိခြင်းကို မြင်ဖူးခြင်းမှာ သူတို့၏ ပထမဆုံးအကြိမ်ဖြစ်သည်။
     လေထုထဲမှ အောက်ဆီဂျင်ပျောက်ကွယ်သွားပြီး အေးခဲသွားသည်ဟု ခံစားရသည်။

     “ဒါ…ဒါ…ဒါမဖြစ်နိုင်ဘူး…ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
  ရှန်လျန့် လုံးဝစိတ်လွတ်သွားသည်။
 
    “လက်ချောင်းဆေဘာပိုင်းချက်…"
    ချင်နန် သူ၏ လက်ချောင်းအား ကွေးကာ ပိုင်းလိုက်သည်။

     ကြောက်မက်ဖွယ်ရာဆေဘာစွမ်းအင်တစ်ခုသည် ရှန်လျန့်၏ သိုင်းသစ်ပင်ပေါ်  ကျရောက်သွားကာ ရှန်လျန့်၏ အထက်မှ သိုင်းသစ်ပင် သူ၏ ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားသည်။

    ထိုအချိန်၌ ကျန်ရှိသော သက်ရောက်မှုအင်အားများသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး သူ၏ ခန္ဓာကိုယ်ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

     “အား…"
    နာကျင်စွာ ‌အော်သံတစ်သံကိုကြားလိုက်ရသည်။

    ရှန်လျန့်သည် မြေပြင်ပေါ်၌ သွေးများဖြင့် လူးလိမ့်နေပြီး သနားစရာမြင်ကွင်းတစ်ခုဖြစ်သည်။

     သူသည် အစကတည်းက ဆေဘာသိုင်းပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ချင်နန်၏ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာစွမ်းအင်များသည် သူ့အား အလွန်ထိခိုက်စေခဲ့သည်။

     “ချင်နန် အနိုင်ရတယ်"
    ဘုရင်သံတမန် ကြေညာလိုက်သည်။

     “သူအနိုင်ရတယ်…ချင်နန် အနိုင်သွားပြီ…"

     “ဒီလိုကြောက်ဖို့ကောင်းတဲ့ သိုင်းဝိညာဉ်…စောနတုန်းက ငါ့ရဲ့ သိုင်းဝိညာဉ်တောင် တုန်သွားသေးတယ်"

    “သူ့မှာ တျန်အဆင့်တစ်သိုင်းဝိညာဉ်ပဲရှိတာမဟုတ်ဘူလား…"

    “သူက ကံကြမ္မာပြောင်းလဲလိုက်တာလား…"
  
     “ဟူး…သူ့မှာ အခုတျန်အဆင့်လေးသိုင်းဝိညာဉ်ရှိတယ်…အထင်ကြီးစရာပဲ"

    “သူက ဘုရင်အဆင့်ပေါ်မှာ အဆင့်မြင့်ဖို့ အခွင့်အရေးရှိတယ်လို့ ဆိုလိုတာလား"

     ဒိုဂျိုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ပါဝင်သူများ၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများ၊ ‌မနာလိုမှုများနှင့် လေးစားမှုများ ပြည့်နှက်နေ၏။

   ကံကြမ္မာပြောင်းလဲပြီ တျန်အဆင့်လေးသိုင်းဝိညာဉ်ကို ရရှိခြင်းမှာ သူတို့၏ အိပ်မက်ဖြစ်သည်။

   နဂါးအင်ပါယာကလန်၏ အတွင်းစည်းတပည့်များမှာမူ ရလဒ်ကြောင့် ဟာလာဟင်းလင်း မျက်နှာထားများဖြင့် ဖြစ်နေကြသည်။

   နတ်ဘုရားသိုင်းဝိညာဉ်၏ ခမ်းနားထည်ဝါသောအော်ရာသည် သူတို့၏ စိတ်ဝိညာဉ်ကို ရိုက်ခတ်ခဲ့သည်။

    အားနည်းတာလား…သာမန်ပဲလား…
 
    စွမ်အားအရဖြစ်စေ၊ သိုင်ဝိညာဉ်အရဖြစ်စေ၊ သိုင်းသစ်ပင်အရဖြစ်စေ…ချင်နန်သည် နဂါးအင်ပါယာကလန်၏ အတွင်းစည်းတပည့်များထဲ၌ အသန်မာဆုံးဟု သတ်မှတ်နိုင်သည်။

    “မဆိုးဘူး…"
    ချင်နန်၏ မျက်နှာထား တည်ငြိမ်သွားသည်။ သူသည် သူ၏ စွမ်းအားအပြည့်အဝကို မထုတ်ဖော်ခဲ့သည့်တိုင် အနည်းငယ်ကျေနပ်စရာကောင်းသော တိုက်ပွဲကို တိုက်ခဲ့ရသည်။ ၎င်းသည် သူ့ကို လုံလောက်အောင် ကျေနပ်စေသည်။

     “သခင်...ဒါက ရူးချင်စရာကောင်းတာပဲ…မင်းမှာ တျန်အဆင့်လေးသိုင်ဝိညာဉ်ရှိလိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားခဲ့ဘူး…တကယ်လို့ နဂါးအင်ပါယာကလန်သာ ဒီအကြောင်းသိရင် ရူးသွားလိမ့်မယ်"
     ချင်နန် သူ၏ ထိုင်ခုံသို့ ပြန်ရောက်သည်နှင့် ရွှင်ယွင် ချင်နန်အား မည်ကဲ့သို့ခေါ်လိုက်သည်ကိုပင် သတိမထားမိဘဲ သူ၏ အတွေးများကို ထုတ်ပြောလိုက်သည်။

     ချင်နန် သူ့ကို အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။

    တိုက်ပွဲပြီးသည့်နောက်တွင် ချင်နန်သည် ဆယ့်သုံးခုမြောက်တူးရင်းဒိုဂျိုတွင် အလေးအနက်ထားခြင်းခံခဲ့ရသည်။။

    မည်သူမျှ သု့ကို လျှော့တွက်ရဲခြင်းမရှိတော့ပေ။

    တိုက်ပွဲဆက်ဖြစ်ပွားနေသည်။

   အမွှေးတိုင်ငါးတိုင်ကုန်စာခန့်ကြာပြီးနောက် တိုက်ပွဲမှာ နောက်ဆုံး၌ အဆုံးသတ်သွားသည်။

    “တိုက်ပွဲပြီးသွားပြီ…အခုအဆင့်အပြောင်းအလဲနဲ့ ဘုရင်အဆင့်ပေါ်မှာ ဆုရရှိတဲ့ လူတွေရဲ့ နာမည်တွေကို ကြေညာမယ်"
    ဘုရင်သံတမန် ကျယ်လောင်သော အသံဖြင့်ပြောလိုက်သည်။

     ဂျီးနီးယပ်များ စိတ်လှုပ်ရှားသွားသည်။

    အချို့သည် မျှော်လင့်ချက်များဖြင့် ပြည့်ဝနေပြီး အချို့မှာ မည်းမှောင်သော မျက်နှာထားမျာဖြင့် ရှိနေကြသည်။
   
    သို့သော်လည်း ထိုအချိန်၌…

    ဘန်း…

    ဆယ့်သုံးခုမြောက်ဒိုဂျို၏ အထက်ကောင်းကင်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသွားသည်။

    ၎င်းမှာ အလွန်ဝေးကွာသော်လည်း  အင်အားအရှိန်မှာ ကြောက်စရာကောင်းသည်။

    ဂျီးနီးယပ်များ တုန်လှုပ်သွားသည်။

    ချင်နန် ထောင်ချင်းစန့်၊ ဖန်ချန်ချင်းနှင့် အခြားသူများ၏ မျက်လုံးများတောက်ပသွားပြီး သူတို့၏ မျက်လုံးပညာရပ်အား အသုံးပြုကာ ပေါက်ကွဲမှုကြီးကို ရှာဖွေလိုက်သည်။

      သူတို့သည် ပထမဒိုဂျို၌ တိုက်ခိုက်နေကြသော တုန်လှုပ်ဖွယ်ရာနတ်ဆိုးအော်ရာနှင့်  ကြောက်မက်ဖွယ်ရာ နဂါးအင်အားကိုသာ မြင်တွေ့နိုင်သည်။ တိုက်တန်ကြီးနှစ်ကောင် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေသကဲ့သို့ဖြစ်သည်။

    တိုက်ပွဲ၏ အင်အားအရှိန်တစ်ခုတည်းကတင် ဒိုဂျို၏ အတားအဆီးကို ကျော်လွန်နေသည်။

    “ဒိုဂျိုကထွက်လာတဲ့ အော်ရာကတောင် အရမ်းအစွမ်းထက်တယ်…ဒါ့အပြင် အော်ရာနဲ့ နဂါးအင်အားအရဆို ဒါက ကဝေနဲ့ အောက်ချန်းထျန် တိုက်ခိုက်နေတာ ဖြစ်နိုင်လောက်တယ်…ကြည့်ရတာ သူတို့ရဲ့ အစစ်အမှန်စွမ်းအားက ငါ့ရဲ့ မျှော်လင့်ချက်ထက် လုံးဝကျော်လွန်တာပဲ"
     မကြာခင်၌ ချင်နန် သတိပြန်ဝင်လာပြီးသူ၏ မျက်နှာထက်၌ အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။

     ဆယ့်သုံးခုမြောက်ဒိုဂျိုမှ ဂျီးနီးယပ်များသာ ထိုတိုက်ပွဲကို အာရုံစိုက်နေခြင်း မဟုတ်ချေ။
    အခြားဒိုဂျိုများမှ လူများနှင့် တူးရင်းဒိုဂျိုများ၏ အနီး သဲကန္တာရတွင်စောင့်ဆိုင်းနေကြသော အကြီးအကဲမျာသည်လည်းအံ့အားသင့်သွားကြသည်။

    ဘုရင်အဆင့်ပေါ်မှ အဆင့်မြင့်ဂျီးနီးယပ်နှစ်ယောက်၏ တိုက်ပွဲ…

    အတိတ်ကာလက အဆင့်တိုက်ပွဲတွင် ဤကဲ့သို့ တိုက်ပွဲမျိုးကို မြင်တွေ့ရန်မှာ အလွန်ရှားပါးသည်။

    အဆုံးမှာ ဘယ်သူအနိုင်ရမလဲ…
   
    ဘုရင်သံတမန်အံ့အားသင့်သွားသည်။
     ဘုရင်အဆင့်ပေါ်မှ ထိပ်တန်းဂျီးနီးယပ်နှစ်ယောက်ပင် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသည်။

     ဆိုလိုတာက…

     သူ၏ စိတ်ထဲ အတွေးတစ်ခုဝင်ရောက်လာကာ သူတုန်လှုပ်သွားပြီး ချက်ချင်းပင် ခေါင်းခါယမ်းကာ ဖယ်ရှားလိုက်သည်။  

Continue Reading

You'll Also Like

343K 34.2K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
103K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
111K 10.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
33K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...