၉၃၁ - ၉၃၅

439 47 0
                                    


အပိုင်း (၉၃၁) လက်ထဲမှလွတ်ခြင်း

     ထိုစဉ်အတောအတွင်း နဂါးအင်ပါယာကလန်၏ လျှို့ဝှက်သော နေရာတွင်…

      “ချင်နန်က စမ်းသပ်မှုမှာ ဘယ်လိုလုပ်ပြမလဲဆိုတာ ငါမသေချာဘူး"
    နဂါးအင်ပါယာ သူ၏ လက်များကိုနောက်ပစ်လိုက်သည်။ သူ၏ မျက်လုံးများထဲ၌ မျှော်လင့်ချက်များနှင့် စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စ ရောပြွမ်းနေသည်။
 
     “ခစ်…ခစ်…ခေါင်းဆောင်…ဒီကလေးက ထူးခြားတယ်လို့ ရှင်ပြောခဲ့တယ်မဟုတ်ဘူးလား…ဘာလို့စမ်းသပ်မှုမှာ သူက စွမ်းဆောင်ရည်မကောင်းမှာကို စိုးရိမ်နေတာလဲ…"

   “သူ့ရဲ့ ပါရမီက ထူးချွန်တယ်…ဒါပေမဲ့…"
    နဂါးအင်ပါယာ စကားရပ်လိုက်သည်။

     သိုင်းဘီဘင်အဆင့်နှစ်ကျင့်ကြံမှုဖြင့် ကျင့်ကြံမှုစည်းမျဉ်းများကိုချိုးဖျက်ပြီး သူ့ထံ၌ အပိုသိုင်းသစ်ပင်တစ်ပင်ရှိလျှင်ပင် သူ၏ စွမ်းအားသည် စမ်းသပ်မှုတွင်ပါဝင်သော အတွင်းစည်းတပည့်များထဲ၌ အရေးပါခြင်းမရှိပေ။

     “တကယ်လို့ သူထိပ်ဆုံးဆယ်ယောက်ထဲဝင်ရင်ကိုပဲကျေနပ်ပါပြီ"
    နဂါးအင်ပါယာကလန် သူ၏ နှလုံးသားထဲ ရေရွတ်လိုက်သည်။

    “ဟမ်"
    ရုတ်တရက် ကိုးမြီးသိုင်းဘုရင်သားရဲ ရှုပ်ထွေးသည့် မျက်နှာထားဖြင့် ဖြစ်သွားသည်။

     “ဘာဖြစ်လို့လဲ"
   နဂါးအင်ပါယာ မေးလိုက်သည်။

    “ဒါ…"
    ကိုးမြီးသိုင်းဘုရင်သားရဲ၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုများ ဖြစ်ပေါ်နေပြီး ပြောလိုက်သည်။  
     “စမ်းသပ်မှုပြီးသွားပြီ"

    စကားလုံးများသည် တုန်လှုပ်ဖွယ်ရာမိုးကြိုးတစ်စင်းပမာပင်ဖြစ်သည်။

     ထိုစဉ်အတောအတွင်း ဦးချိုပြာမြင်းတောင်၏ လျှို့ဝှက်ဆန်းကြယ်သော ခန်းမထဲတွင်…

     ပထမအကြီးအကဲဟွာလေ ခေါင်းဆောင်နေရာ၌ ထိုင်နေသည်။ သူသည် သူ၏ အော်ရာကို မထုတ်လွှတ်ထားသည့်တိုင် သူ၏ တည်ရှိမှုတစ်ခုတည်းကတင် ကြောက်စရာကောင်းသည်။
    သူ၏ ရှေ့၌ ဟွာတိချန်း၊ ရွှင်လီနှင့် အခြားထိပ်ပိုင်းခေါင်းဆောင်အချို့ ထိုင်နေကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now