၃၇၁ - ၃၇၅

450 49 0
                                    


အပိုင်း (၃၇၁)နတ်ဆိုးအမြုတေအရှင်၏ မကောင်းသော အကြံအစည်

       ထည်ဝါသော အဘိုးအို၏ ဖိနှိပ်မှုကြောင့် လူအုပ်ကြီး ထိတ်လန့်ချောက်ချားနေကြသည်။ သို့သော်လည်း လူတစ်ယောက်သည် ထိုအစွမ်းထက်သော သိုင်းအရှင်အား ပြန်လည်တိုက်ခိုက်ကြလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

      သူက ဘယ်လိုရဲရင့်တာလဲ...

      သူက ဘယ်လောက်ရူးသွပ်လိုက်လဲ...

      “စော်ကားလိုက်တာ"
     ထည်ဝါသည့် အဘိုးအို ဒေါသထွက်သွားသည်။

      ပုရွက်ဆိတ်လေးတစ်ကောင်က သူ့ကို မဆင်မခြင်ပြန်တိုက်ခိုက်ရဲတယ်ပေါ့...

      သူချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ကြီးမားသော လက်ကြီးတစ်ခုဖန်တီးလိုက်ကာ အထက်မှ အောက်သို့ဖိချလိုက်သည်။

      ကောင်းကင်ဘုံစုဆောင်းတိုက်ကွက်၏ စွမ်းအားမှာ မယုံနိုင်လောက်အောင်ဖြစ်သော်လည်း တိုက်ခိုက်မှုနှစ်ခုအကြား ခြားနားချက်သည် ပိုးစုန်းကြူးနှင့် ကြယ်တစ်ပွင့်ပမာပင်ဖြစ်သည်။ ကွာခြားချက်မှာ အလွန်ကြီးမားလွန်းလှသည်။

      “ငါ့ရဲ့ ဆက်ခံသူကို အန္တရာယ်ပေးရဲတယ်ပေါ့...ဘယ်လိုလုပ်ရဲတာလဲ"
      ရုတ်တရက် သိုင်းအရှင်အဆင့်‌အော်ရာနှင့်အတူ ဒေါသထွက်စွာ အော်လိုက်သော အသံတစ်သံကိုကြားလိုက်ရသည်။

      ထိုအချိန်၌ ထည်ဝါသောအဘိုးအိုမှာ အလွန်အံ့အားသင့်သွားသည်။
       ချင်နန်ပင် ကြောင်တောင်တောင်ဖြစ်သွားသည်။

      ထည်ဝါသော အဘိုးအိုသည် ဤအချိန်၌ သိုင်းအရှင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

       ချင်နန်၏ မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ၎င်းသည် အင်ပါယာအမြစ်ဖြတ်သူ ထောင်ချင်းစန့်၏ အသံမဟုတ်ပေ။ ဤကဲ့သို့ဆိုပါက ထိုသိုင်းအရှင်အဆင့်ကျင့်ကြံသူက မည်သူနည်း။

      ကျွန်းတစ်ခုလုံးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သွေးရောင်အလင်းများ ထွက်ပေါ်လာကာ ရုပ်ထုသုံးခုပေါ်သို့ ကျရောက်သွားသည်။
       ထို့နောက် ရုပ်ထုသုံးခုသည် အလင်းရောင်များ တောက်လာပြီး ကြီးမားသော ရုပ်ထုကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။
      ရုပ်ထုသည် ကိုးကျန်မြင့်မားပြီး မျက်လုံးများမှာ အသက်ပါဖြတ်လတ်နေလျက်‌ရှိသည်။ ထို့နောက် ကျောက်ရုပ်ထုကြီးသည် သူ၏ လက်ကိုမြှောက်ကာ ဘေးလက်သို့ ဝှေ့ယမ်းလိုက်သည့်အခါ လေထဲ၌ အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး ထည်ဝါသော အဘိုးအို၏ တိုက်ခိုက်မှုကို ဝါးမျိုသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now