၈၆ မှ ၉၀

558 62 0
                                    


အပိုင်း(၈၆) တိုက်ပွဲစတင်ခြင်း

     အတွင်းစည်းတပည့်ဖြစ်သည့် ရွှီချန်သည်ပင် ချင်နန်၏ စကားကြောင့် အံ့အားသင့်သွားခဲ့သည်။
      ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်နှင့် ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်သာ ရှိသူက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်နှင့် ဟွှာအဆင့်တစ်ဆယ်သိုင်းဝိညာဉ်ရှိသူကို  စတင်ပြီးစိန်ခေါ်သည့် မြင်ကွင်းကို  ရွှီချန် ပထမဦးဆုံးမြင်ဖူးခြင်းပင်ဖြစ်သည်။

     သူ၏ လက်ရှိ‌အခြေအနေသည် မိမိကိုယ်ကို သတ်သေနေတာနှင့် ထူးမခြားနားပင် မဟုတ်ပါလား...

     နေ‌ရာတစ်ခုလုံး ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက်တွင် တီးတိုးဝေဖန်ပြောဆိုသံများဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်လာခဲ့သည်။

    “အို ဘုရားရေ၊ လင်းဇီရှောင်ကို ဒဲ့စိန်ခေါ်တာပဲ၊ ချင်နန်ရူးနေတာလား..."

     “ဟန့်... ငါ ဒီနေ့ မာနထောင်လွှားခြင်း၊ ရူးသွပ်ခြင်းနဲ့ ပတ်သက်ပြီး သင်ခန်းစာကောင်းကောင်းရလိုက်ပြီ၊ ချင်နန်က ဥပမာကောင်းပဲ"

    “သောက်တလွဲပါကွာ၊ ချင်နန်က သူ့အသက်ကိုသူ မနှမြောဘူးလား၊ သူနဲ့ လင်းဇီရှောင်က တခြားစီပဲကို၊ သူဘာလို့များ ဒီလို စိန်ခေါ်ရတာလဲ"

    “ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်ရှိတဲ့ ဂျီးနီးယပ်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တစ်ဆယ်ရှိတဲ့ ထိပ်တန်းဂျီးနီးယပ်၊ ဒီလောက် ကွာခြားတာကို၊ ကိုယ့်ကိုယ်ကို သတ်သေနေတာပါကွာ"

    “.... "

     တပည့်သစ်များသာမက ရှောင်လန်၊ ချူးယွင် နှင့် ဟောင်လုံတို့သည်ပင် အံ့အားသင့်၍ မဆုံး ဖြစ်နေကြသည်။
    ချူယွင်က ဦးစွာ ရုတ်တရက် စကားတစ်ခွန်းကို လွှတ်ခနဲ ပြောလိုက်သည်။
     “ဂျူနီယာမောင်လေး ချင်နန်၊ မဆင်မခြင် မလုပ်နဲ့"

     သူမသည် ထိုသို့ပြောလိုက်ပြီးနောက် စကားကိုရပ်လိုက်ကာ ရှောင်လန်နှင့် ဟောင်လုံသို့ဖက်သို့ လှည့်ကြည့်လိုက်သည်။ သူမ မျက်လုံးအတွင်း၌ ကူရာမဲ့ဖြစ်နေပြီး အကူညီတောင်းသည့် အရိပ်ယောင်များ ရစ်သိုင်းလို့နေသည်။
    သူတို့သည် ချင်နန်နှင့် သိပ်မကြာခင်အချိန်ကမှ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သော်လည်း သူ့၏ ဆုံးဖြတ်ချက်ကိုတော့ မည်သူကမျှ ပြန်ပြင်စေဖို့ မတတ်နိုင်ကြမှန်း သူတို့ကောင်းကောင်းသိကြသည်။
    သူတို့သုံးယောက်သည် အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး မှားယွင်းချွတ်ချော်မှု တစ်ခုခုဖြစ်၍ ချင်နန် အသတ်ခံရမလို ဖြစ်လာခဲ့ပါက ချက်ချင်းဝင်ရောက်တိုက်ခိုက်ရန် သူတို့၏ စိတ်ထဲ၌ ဆုံးဖြတ်ထားကြလေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Où les histoires vivent. Découvrez maintenant