၇၀၁ - ၇၀၅

437 48 0
                                    


အပိုင်း (၇၀၁) ‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်

    “အဓိကတုံးခုနှစ်သန်းလား…ဟတ်"
    ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး လွမ်ချန်းကျယ်ကို အသံပို့လွှတ်လိုက်သည်။
    အချိန်တိုအတွင်း ဘုရင်တစ်ဝက်အဆင့်လက်နက်များကုန်အောင် ရောင်းချခြင်းသည် လုံးဝပုံမှန်မဟုတ်ပေ။ ထို့ကြောင့် ကုန်သွယ်ရေးမဟာမိတ်သည် သံသယရှိလိမ့်မည်။

   သုံးရက်ကုန်လွန်ပြီးနောက်…

   ကုန်သွယ်ရေးမဟာမိတ်၏ ဤဌာနခွဲများသည် ဘုရင်တစ်ဝက်အဆင့်လက်နက်သုံးခုနှင့် ထွတ်မြတ်လက်နက်တစ်ဆယ့်နှစ်ခုကို စုစုပေါင်းအဓိကတုံးတစ်ဆယ်သန်းနှင့် ဝယ်ခဲ့သည်။

   ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်၏ မျက်နှာထက်၌ အပြုံးများ ဖြစ်ပေါ်နေသည်။
    လွန်ခဲ့သော ရက်အနည်းငယ်က ဝယ်ယူခဲ့သော ရတနာများကို ပြန်လည်ရောင်းချခြင်းဖြင့် ကုန်သွယ်ရေးမဟာမိတ်သည် အနည်းဆုံးအဓိကတုံးကိုးသန်း အမြတ်ရလိမ့်မည်ဖြစ်သည်။
   
     လေးရက်မြောက်နေ့တွင် ဗာမီလီယံငှက်တပ်စု၏ ကျင့်ကြံခြင်းခန်းမထဲ၌…

      ချင်နန်သည် လွမ်ချန်းကျယ်ထံမှ သိုလှောင်အိတ်ကို လက်ခံပြီး အပြုံးဖြင့် ပြောလိုက်သည်။
      “ကျန်တဲ့ ရတနာတွေရောင်းရတဲ့ဟာကို ခင်ဗျားတို့ကလန်က ယူသင့်တယ်…ဒီအစီအစဉ်အလုပ်ဖြစ်တာ ခင်ဗျားတို့ ကလန်ကြောင့်ပဲ"

     “ဒါ…"
   လွမ်ချန်းကျယ် ဟာလဟင်းလင်းမျက်နှာထားဖြင့် ဖြစ်သွားသည်။
    မရောင်းရသေးသည့် ရတနာများမှာ အနည်းဆုံး အဓိကတုံးငါးသန်းတန်ပေသည်။

    “ခင်ဗျားတို့ လွမ်ကလန်က ဘိုးဘေးတွေရဲ့ စကားကြောင့် ကျုပ်ကို အပြည့်အဝကူညီ ပေးခဲ့တယ်…ကျုပ် ခင်ဗျားတို့ကို မမျှမတမဆက်ဆံနိုင်ဘူး"
   ချင်နန် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

   သူသည် ကပ်စေးနည်းသည့် လူတစ်ယောက်ဖြစ်သည်။
   သို့သော်လည်း သူ၏ မိတ်ဆွေများနှင့် ပတ်သက်လျှင်မူ ထိုသို့မဟုတ်ပေ။

     “ဒီတော့ ငါတို့ရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ"
    ကျိုးပိဟွှာ ကြားဖြတ်မေးလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now