၄၈၆ - ၄၉၀

508 49 0
                                    


အပိုင်း (၄၈၆) အားလုံးကို ရှင်းလင်းခြင်း

      “ဒါက...."
     ဂိုဏ်းခေါင်းဆောင်ဝမ်တာအို၊ ဝမ်တာအိုအကြီးအကဲများ၊ ဖေးရန်မြင့်မြတ်နေရာခေါင်းဆောင်နှင့် အခြားသူများ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့ အလွန်အံ့ဩတုန်လှုပ်ချောက်ချားနေကြသည်။

    ကောင်းကင်ထောင်ချောက်ဝင်္ကပါက ဒီလို အလွယ်တကူ ဖျက်ဆီးခံလိုက်ရတာလား...

    ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက်အစွမ်းထက်လာတာလဲ...

     လီတစ်ထောင်အတွင်းရှိ ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများ ထစ်ချုန်းလက်နေသည်။ လူအုပ်ကြီး၏ အကြည့်များအောက်တွင်ပင် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် သူ၏ ယခင်ကကဲ့သို့ အားနည်းသည့် သွင်ပြင်မရှိတော့ပေ။ သူ၏ လက်တစ်ဖက်ဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်သကဲ့သို့ပင်ဖြစ်သည်။

     “သေမင်းဧကရာဇ်"
      ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုတို့ လူစုကို လျစ်လျူရှူလိုက်သည်။ သူသည် ချင်နန်ကို ကြည့်ကာ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ထဲမှ စွမ်းအင်လှိုင်းတစ်ခုထွက်ပေါ်လာပြီး ချင်နန်၏ ဦးခေါင်းခွံထဲဝင်ရောက်သွားကာ သူ၏ နတ်ဘုရားအာရုံထဲသို့ ရောက်ရှိသွားသည်။

     “အခုချက်ချင်းထွက်သွားစမ်း"
     ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် ဒေါသထွက်သွားသည်။

     “အား"
     သေမင်းဧကရာဇ်၏ စိတ်ဝိညာဉ်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

      ဘာတွေဖြစ်နေတာလဲ...

     သူသည် ချင်နန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ရန် စက္ကန့်ပိုင်းသာ လိုတော့သည်။

     ဘာလို့ တစ်စုံတစ်ယောက်က သူ့ကို နှောက်ယှက်တာလဲ...

     သေမင်းဧကရာဇ်သည် အလျင်အမြန်နောက်လှည့်လိုက်ရာ ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်ကို မြင်သွားသည်။ ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်၏ အော်ရာကို သတိပြုမိသွားပြီး‌နောက် သူ၏ စိတ်ထဲ ဟာလာဟင်းလင်းဖြစ်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now