၁၉၁ - ၁၉၅

532 43 0
                                    


အပိုင်း (၁၉၁) ရေခဲသံချပ်ကာသားရဲ

     သူ၏ နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများ မီးလောင်သွားသကဲ့သို့ ပူလောင်သည့် ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

     “ဒါ..."
     ချင်နန်၏ မျက်နှာသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

     နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများ နိုးထပြီးချိန်မှစ၍ ဤကဲ့သို့ အခြေအနေကို ကြုံဖူးခြင်းမှာ သူ၏ ပထမဆုံးအကြိမ်သာဖြစ်သည်။
      ထိုပူလောင်သည့် ခံစားချက်မှာ တစ်ခဏတာသာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အသက်တစ်ဆယ်ရှိုက်ခန့်အကြာတွင် ပြန်လည်ပျောက်ကွယ်သွားသည်။ ချင်နန်၏ စိတ်ထဲတွင် အတွေးပေါင်းမြောက်မြားစွာနှင့် ပြည့်နှက်သွားသည်။

     “ထူးဆန်းတယ်...ဒါအရမ်းထူးဆန်းတယ်...ဘာကြောင့် နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးတွေက ရုတ်တရက်ပူလာရတာလဲ....နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးတွေက အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်းရှိပြီး အရမ်းအစွမ်းထက်တယ်...ဒီပူလောင်မှုရဲ့ နောက်ကွယ်မှာ ‌အကြောင်းအရင်းတစ်ခုရှိရမယ်...ဒီအရာက လောင်ဂူးတောင်တန်းရဲ့ ဖြစ်ရပ်ဆန်းနဲ့ ဆက်စပ်မှုရှိနိုင်လား"

     ချင်နန်၏ မျက်နှာတွင် လေးနက်ခြင်းများနှင့် ပြည့်နှက်လာသည်။
    ယခင်က လောင်ဂူးတောင်တန်းတွင် သူသည် မိုးကြိုးပစ်ခံခဲ့ရပြီး နတ်ဘုရားသိုင်းဝိညာဉ်ကို ရရှိခဲ့သည်။ အစက ၎င်းကို သူတိုက်ဆိုင်မှုဟုသာ ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ခုနက ပူလောင်သည့် ခံစားမှုအရ လောင်ဂူးတောင်တန်းမှ ဖြစ်ရပ်ဆန်းနှင့် နတ်ဘုရားသိုင်းဝိညာဉ်မှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်နွှယ်မှုများရှိဖို့ ဖြစ်နိုင်ပေသည်။

     “ဟူး...ငါမင်းသမီးမြောင်မြောင်ရဲ့ ကိစ္စတွေပြီးဖို့ကိုပဲ အရင်အာရုံစိုက်သင့်တယ်...အဲ့ဒီ‌ကိစ္စတွေပြီးမှသာ ငါ သားရဲတွေကို အမဲလိုက်နိုင်ပြီး နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးတွေ ထူးဆန်းတဲ့ အပြုအမူတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရှာဖွေနိုင်လိမ့်မယ်"
     ချင်နန်သည် တဒင်္ဂမျှ စဉ်းစားနေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ကာ တောင်တန်းထဲသို့ ၀င်ရောက်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now