၄၄၁ - ၄၄၅

431 52 2
                                    


အပိုင်း (၄၄၁)များပြားလှသောလူများ

       အောက်ပိုင်းခရိုင်တစ်ခုလုံးသည် ရှောင်ကျုံးဟွှမ်၏ ကြေငြာချက်ကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သေမင်းပင်လယ်ဖွင့်လှစ်မည့်အချိန်ကို မျှော်လင့်စောင့်ဆိုင်းနေကြသည်။
    တိုက်ပွဲတွင် ချင်နန် ရှုံးနိမ့်မည်ဟု သူတို့ ယုံကြည်ကြသော်လည်း ပြိုင်ဘက်ကင်းဂျီးနီးယပ်မည်ကဲ့သို့ ရှုံးနိမ့်သွားသည်ကို သူတို့ မျက်လုံးနှင့် ကိုယ်တိုင် မြင်တွေ့လိုကြသည်။

      တစ်ချိန်တည်းမှာပင် လှိုင်းလေထန်မှု၏ အလယ်ဗဟိုတွင်ရှိနေသော ချင်နန်သည် မည်သည့်ကိစ္စကိုမျှ သိရှိခြင်းမရှိပေ။ ယခုအချိန်၌ မင်းသမီးမြောင်မြောင်သည် သူ့အား နတ်ဆိုးဘုရင်ချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာသည်။

     “ဟေ့...သေချာနားထောင်...ဂရုစိုက်နော်"
      မင်းသမီးမြောင်မြောင် ပြောလိုက်သည်။
      “သိုင်းသခင်အဆင့်ကို တက်တာက ငါ့အတွက် အရမ်းအရေးပါတယ်...တကယ်လို့ နင်ငါ့ကို အကောင်းဆုံး ကာကွယ်မပေးရင် ငါနင့်ကို သင်ခန်းစာပေးမယ်..."

     ချင်နန် ခေါင်းကိုက်သွားသည်။

     လီသုံးရာခရီးတစ်လျှောက်လုံးတွင် မင်းသမီးမြောင်မြောင်သည်  ထိုစကားကို အကြိမ်သုံးရာကျော် ထပ်ခါထပ်ခါ ပြောခဲ့ပြီးပြီဖြစ်သည်။

     ချင်နန်သည် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နေသော်လည်း ယခင်က ခမ်းနားထည်ဝါသော မင်းသမီးမြောင်မြောင်သည် ယခုအချိန်၌ စိုးရိမ်ပူပန်နေကြောင်းကို သူပြောနိုင်ပေသည်။

      “သိုင်းသခင်အဆင့်ကိုတက်တာက သူ့အတွက် တကယ်အရေးကြီးပုံရတယ်"
     ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်ကာ မင်းသမီးမြောင်မြောင်၏ မျက်နှာကို ဘေးဘက်မှ ကြည့်လိုက်သည်။ သူသည် သူမအား အနီးကပ်ကြည့်ရှုရန် အခွင့်အရေးမရခဲ့ကြောင်းကို ရုတ်တရက် နားလည်လိုက်သည်။ သူမသည် တစ်ဆယ့်သုံးနှစ်အရွယ်မိန်းမငယ်လေးအဖြစ်မှ ချစ်စရာကောင်းသည့် အမျိုးသမီးတစ်ယောက်အဖြစ် ကြီးပြင်းလာပြီဖြစ်သည်။ သူမ၏ မျက်နှာကို ချင်နန် အနည်းငယ် သတိလက်လွတ်ဖြင့် ကြည့်နေမိသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now