၂၂၁ - ၂၂၅

455 54 0
                                    


အပိုင်း(၂၂၁) ဆေးလုံးများနှင့် လဲလှယ်ခြင်း

     “ မင်းတို့နှစ်ယောက်ဒီမှာနေခဲ့ဦး...ငါ လုပ်စရာရှိတာလေး သွားလုပ်လိုက်ဦးမယ် "
     ချင်နန်သည် လောင်ဂူးသိုင်းဘိုးအေသားရဲနှင့် မင်းသမီးမြောင်မြောင်တို့အား အမှတ်သုံးနေအိမ်သို့ ခေါ်ဆောင်လာပြီးနောက် မင်းသမီးမြောင်မြောင်အား လောင်ဂူးသိုင်းဘိုးအေသားရဲကို ဂရုစိုက်ရန် အကြည့်တစ်ချက်ဖြင့် မျက်နှာရိပ်ပြခဲ့သည်။
    မင်းသမီးမြောင်မြောင် မျက်စောင်းမထိုးမီမှာပင် ချင်နန်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီဖြစ်သဖြင့် မင်းသမီးမြောင်မြောင်၏ ဒေါသများမှာ လောင်ဂူးသိုင်းဘိုးအေသားရဲပေါ်သို့ ကျရောက်သွားပြီး ဆူပူလိုက်ရာ လောင်ဂူးသိုင်းဘိုးအေသားရဲ ကြက်သေ သေသွားခဲ့သည်။
   
    အမှတ်သုံးနေအိမ်မှ ‌ထွက်ခွာလာပြီးနောက် ချင်နန်သည် ကျော်ကြားခြင်းခန်းမကိုသာ တိုက်ရိုက်သွားလိုက်သည်။
    သူ၏ အဓိကဦးစားပေးမှာ သားရဲအမြုတေများအားလုံးကို လဲလှယ်ရန်ဖြစ်သည်။
   
    “ ငါ့ရဲ့တာ၀န်ပြီးဆုံးသွားပြီ "
    ချင်နန်ရောက်ရှိလာသောအခါ ကျော်ကြားခြင်းခန်းမရှိ တပည့်တစ်ဦးအား ပြောလိုက်သည်။

    “ ဟုတ်ကဲ့ပါ...ကျွန်တော် တာ၀န်ပေးထားသူနဲ့ ဆက်သွယ်ပေးပါမယ်...ကျေးဇူးပြု၍ ပထမထပ်ရဲ့ အခန်းသုံးရာ့လေးမှာ စောင့်ပေးပါ "
    တပည့်သည် ချင်နန်၏ သာမန်မဟုတ်သည့် စွမ်းအားကို တွေ့မြင်ပြီးနောက် လေးလေးစားစားဖြင့် ပြောလိုက်သည်။
   
    ချင်နန် ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် အခန်းသုံးရာ့လေးသို့သွားကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။
    သူ အကြာကြီး မစောင့်လိုက်ရပေ။ အသက်နှစ်ဆယ်ရှိုက်ခန့်အကြာတွင် လူတစ်ယောက် ရောက်ရှိလာခဲ့သည်။

    ရောက်ရှိလာသည့် လူငယ်သည် အသက်နှစ်ဆယ့်ငါးနှစ်ခန့်ဖြစ်ပြီး သာမန်ရုပ်ရည်သာရှိသော်လည်း အစွမ်းထက်သော အော်ရာကို ပိုင်ဆိုင်၏။ သူ၏ ခန္ဓာကိုယ်မှ သားရဲအော်သံဖျော့ဖျော့ကို ကြားနေရကာ အခြားသူများကို ခြိမ်းခြောက်နိုင်စွမ်းရှိ ပေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now