၃၇၆ - ၃၈၀

534 51 0
                                    


အပိုင်း (၃၇၆) နဂါးအစင်းကြောင်းခြောက်ခု အခြေတည်စိတ်ဝိညာဉ်

      ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင် ထွက်ခွာသွားပြီးနောက် ကောင်းကင်အထက်မှ ကြီးမားသည့် အရာကြီးမှာလည်း ကြာကြာမနေခဲ့ပေ။ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီးနောက် ကျွန်းမှာလည်း ပြန်လည်ငြိမ်သက်သွားသည်။

     “ဖြစ်ပျက်ခဲ့တာတွေက ငါတို့မျှော်လင့်ထားတာထက် လုံးဝကျော်လွန်တာပဲ"
      ထိပ်ပိုင်းခေါင်းဆောင်သွမ့်မု တိတ်ဆိတ်မှုကို ဖြိုခွင်းကာ စတင်စကားပြောလိုက်သည်။

      “ဆရာ့ရဲ့ ရည်ရွယ်ချက်ကို ထပ်ပြီးစဉ်းစားဖို့ မလိုဘူး"
      ထိပ်ပိုင်းခေါင်းဆောင်ကျန်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
      “ငါတို့ သိထားရမှာက သေမင်းပင်လယ် နောက်တစ်ကြိမ်အသက်ဝင်လာတဲ့အခါကျရင် ချင်နန်က ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဆိုတာပဲ"

     “ငါ တတိယအစ်ကိုရဲ့ စကားကို သဘောတူတယ်"
     ထိပ်ပိုင်းခေါင်းဆောင်လျို ပြောလိုက်သည်။

      ထောင်ချင်းစန့် တိတ်ဆိတ်စွာပင် ရှိနေ၏။

      ထိပ်ပိုင်းခေါင်းဆောင်သွမ့်မု တစ်ချက်ပြုံးလိုက်ပြီး
      “တတိယညီပြောတာ မှန်တယ်....ဒါပေမဲ့ သေမင်းပင်လယ်အသက်ဝင်တဲ့အခါကျရင် အထက်ပိုင်းခရိုင်ရဲ့ အရှေ့ကုန်းမြေတိုက်ကြီးက ဂိုဏ်းနှစ်ဂိုဏ်းလည်း ရောက်လာနိုင်တယ်...ချင်နန်က သေမင်းပင်လယ်ကို ကျော်လွှားပြီး ငါတို့ ချင်းလုံမြင့်မြတ်နေရာကို ကိုယ်စားပြုပြီးတော့ အခြားဂိုဏ်းနှစ်ဂိုဏ်းနဲ့ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ရမယ်"

      “အင်း"
      ထိပ်ပိုင်းခေါင်းဆောင်လျိုနှင့် ထိပ်ပိုင်းခေါင်းဆောင်ကျန်းတို့နှစ်ဦးလုံး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် ထောင်ချင်းစန့်ကို ကြည့်လိုက်ပြီးနောက် ‌တိတ်ဆိတ်နေသည်ကို သတိပြုမိသွားကာ သူ့ကို စကားမပြောရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့အားလုံး၏ အာရုံသည် ချင်နန်ပေါ်သို့ ကျရောက်သွားသဖြင့် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now