၅၂၁ - ၅၂၅

425 46 0
                                    


အပိုင်း (၅၂၁) သံသယ

      တည်ငြိမ်စွာ ရှိနေသည့်သူမှာ အခြားသူမဟုတ် ချင်နန်ပင်ဖြစ်သည်။

     ရှူရာ၏ စိတ်လှည့်စားမှုသည် တတိယအလွှာသို့ အဆင့်တက်သွားသည့်တိုင် သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်လာသော အပျက်သဘောခံစားချက်များသည် သူ၏ ကနဦးစိတ်ဝိညာဉ်ကြောင့် လုံးဝချေဖျက်ခြင်းခံ‌နေရသည်။ ထို့ကြောင့် သူသည် သက်တောင့်သက်သာပင်ရှိနေသည်။

     “ဒီရွှယ်မန်နဲ့ လင်းဝူရွှမ်းက တကယ်အရမ်းအထင်ကြီးဖို့ကောင်းတာပဲ"
      ချင်နန် ခေါင်းညိတ်လိုက်သည်။

     ရွှယ်မန်၏ သိုင်းဝိညာဉ်သည် ကြီးမားသော တူကြီးတစ်လက်ဖြစ်ပြီး နတ်ဆိုးများကို အနိုင်ယူနိုင်သကဲ့သို့ပင်ဖြစ်သည်။
    လီဝူရွှမ်း၏ သိုင်းဝိညာဉ်သည် ဓားရှည်တစ်ချောင်းဖြစ်သည်။ ၎င်း၏ စွမ်းအားသည် ရွှယ်မန်၏ သိုင်းဝိညာဉ်နှင့် ယှဉ်နိုင်ခြင်းမရှိသော်လည်း ၎င်း၏ ကြည်လင်သော သွင်ပြင်သည် မြင့်မြတ်သော အော်ရာကို ထုတ်ဖော်နေသည်။ ထို့ကြောင့် မကောင်းသည့် သက်ရောက်မှုများကို အတော်အတန် ဖယ်ရှားပစ်နိုင်စွမ်းရှိပေသည်။

      “ဟမ်...သူက ဘယ်သူလဲ...သူ့ရဲ့ စွမ်းရည်က အရမ်းထူးခြားတာပဲ"
     ချင်နန်အား သတိပြုမိသွားကာ ရွှယ်မန်နှင့် လင်းဝူရွှမ်းတို့၏ မျက်လုံးများ အရောင်လက်သွားကြသည်။ သူတို့အပြင် လူအုပ်ထဲမှ လူများစွာသည်လည်း ချင်နန်အား အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။

      သူတို့သည် ရွှယ်မန်နှင့် လင်းဝူရွှမ်းအပြင် နောက်ထပ်အစွမ်းထက်သော ဂျီးနီးယပ်တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ဤတစ်ယောက်သည် ထိုနှစ်ယောက်ထက်ပင် ပို၍အစွမ်းထက်ပုံရသည်။

      ဘန်း...ဘန်း...ဘန်း...

     တတိယအလွှာစိတ်လှည့်စားမှုသည် အလွန်ပြင်းထန်လာပေသည်။ ဂျီးနီးယပ်များစွာသည် ခန်းမထဲမှ လွင့်ထွက်သွားကြပြီး အမွှေးတိုင်တစ်တိုင်ကုန်ပြီးသည့်နောက်တွင် ပါဝင်သူခုနှစ်ဆယ်သာ ကျန်ရှိတော့သည်။
    
     “ကောင်းတယ်...ကောင်းတယ်"
    ဒုတပ်စုခေါင်း‌ဆောင်ရှုံသည် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
    “တတိယအဆင့်ကို ဖြတ်ကျော်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်...မင်းတို့ရဲ့ နံပါတ်တွေကို မှတ်တမ်းတင်ပြီးသွားရင် တပ်စုသုံးစုက လူတွေက မင်းတို့ကို ရွေးချယ်ကြလိမ့်မယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now