၃၈၁ - ၃၈၅

440 50 0
                                    


အပိုင်း (၃၈၁)ဆေးပညာပြိုင်ပွဲ

       ကျန့်ခွမ်သည် လိမ္မာပါးနပ်သည့် လူတစ်ယောက်ဖြစ်သည်မှာ သံသယရှိစရာမလိုပေ။။ ချင်နန့်ကို သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ရင်ဆိုင်ခြင်းသည် ရူးမိုက်သည့် အကြံဉာဏ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် သူ စည်းမျဉ်းစည်းကမ်းများကို အားကိုးအားထားပြုရန် ဆုံးဖြတ်ခဲ့သည်။

       “ငါစိတ်မကောင်းပါဘူး...ငါသူ့ကို မယှဉ်နိုင်ဘူး"
      လန်ကျင့်ရှုံအေးဆေးတည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

       “သူ့ကို မယှဉ်နိုင်ဘူး"
       ကျန့်ခွမ်နှင့် တပည့်များ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

       လန်ကျင့်ရှုံ၏ ကျင့်ကြံမှုသည် သိုင်းဘိုးအေအဆင့်တစ်သို့ ရောက်ရှိနေသည်ကို လူတိုင်းသိရှိထားကြသည်။ သို့သော်ငြား ချင်နန်၏ အော်ရာသည် သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်သာဖြစ်သဖြင့် သူတို့နှစ်ဦးကြားတွင် ကြီးမားသော ခြားနားချက်ရှိသည်။ ချင်နန်သည် အလွန်ထူးချွန်သည့် ဂျီးနီးယပ်တစ်ယောက်ဖြစ်သောကြောင့် သူတို့နှစ်ဦးတိုက်ခိုက်ကြလျှင် အများဆုံးသရေကျနိုင်သည်။ လန်ကျင့်ရှုံ ချင်နန်ကို မယှဉ်နိုင်စရာ အကြောင်းမရှိပေ။

       သူက ချင်နန်ကို ကာကွယ်ဖို့ ကြိုးစားနေတာပဲ...

       လန်ကျင့်ရှုံ အမှန်တရားပြောနေခြင်းဖြစ်ကြောင်းကို သူတို့မသိရှိပေ။ ကျန့်ခွမ်သည် သူ၏ စိတ်ထဲမှ ဒေါသကို ချုပ်တည်း၍ ပြောလိုက်သည်။
       “သူ့ကို မယှဉ်နိုင်ဘူး...ဒါဆို မင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စီနီယာအစ်ကိုတွေကို ဆင့်ခေါ်လို့ရတယ်မဟုတ်ဘူးလား...စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင်သာ ဒီမှာဖြစ်ပျက်ခဲ့တာကို သိသွားရင် မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး"

        စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင်...

        ချောင်းမူတောင်ရဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ အလေးအနက်ထားပြီး သိုင်းသခင်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေတဲ့လူ...

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now