၉၆၆ - ၉၇၀

439 45 0
                                    


အပိုင်း (၉၆၆) အဓိကတပည့်

    လူအုပ်ကြီးလုံး၀ မှင်တက်မိန်းမောနေကြပြီး သူတို့နားကြားမှားသည်ဟု ထင်လိုက်ကြသည်။

   အဆင့်ခုနှစ်ရာကျော်…

   သူ၏ အဆင့်သည် တစ်ထောင်ကျော်မှ သုံးရာတစ်သို့ တိုးလာခြင်းမှာ အဘယ်အရာကို ဆိုလိုပါသနည်း…

      ၎င်းမှာ အဆင့်သုံးထောင်ကျော်မှ အဆင့်နှစ်ထောင်ကျော် တက်လာခြင်းနှင့်မတူညီပေ။
     အဆင့်မြင့်လေလေ ခက်ခဲမှုမှာ ပို၍တိုးလာလေလေဖြစ်သည်။
    အတော်လေးအဆင့်မြင့်ကြသည့် ဂျီးနီးယပ်တိုင်းကို ပါရမီမြင့်မားသည်ဟု သတ်မှတ်နိုင်ပြီး သူတို့ကို လုံးဝလျှော့တွက်၍ မရပေ။
    အဆင့်တိုက်ပွဲပြီးဆုံးခဲ့သည်မှာ တစ်လပင်မပြည့်သေးပေ။

    ဒီချင်နန်က ဘာတွေကြုံတွေ့ခဲ့လို့ သူ့ရဲ့ အဆင့်က ဒီ လောက်ထိ တက်လာတာလဲ…

    တစ်ခဏတိတ်ဆိတ်နေပြီးနောက် ဒိုဂျိုတစ်ခုလုံး ပွက်လောရိုက်သွားသည်။

      “ဘောပဲ…သူက လူသားတစ်ယောက်ကော ဟုတ်ရဲ့လား…"

     “ဒါက မယုံနိုင်စရာပဲ…ဂုရုအကြီးအကဲ ဟာသလုပ်နေတာလား"

     “ဟာသ...ဒီလိုအရာကို ဟာသလုပ်မယ်လို့မင်းထင်နေတာလား…ချင်နန်က အရမ်းကြောက်စရာကောင်းလွန်းတယ်… ခေါင်းဆောင် သူ့ကို စည်းမျဉ်းတွေကို ချိုးဖျက်ပြီး ရွေးချယ်ခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူး"

     “ဟူး…ပထမဆုံး တောင်ကို ရွှေ့တယ်…လူသားတောင်ထိပ်ကို ပြုပြင်ပြောင်းလဲတယ်…ပြီးတော့အခု သူ့ရဲ့ အဆင့်က ရူးချင်စရာကောင်းလောက်အောင် တိုးတက်သွားတယ်"

      “ဒီအတိုင်းဆိုရင် သူက မကြာခင်မှာ ထိပ်ဆုံးဆယ်ယောက်ထဲဝင်မယ်လို့ ဆိုလိုတာလား"

     ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပည့်များ စိတ်ရင်းမှန်ဖြင့် ချီးမွမ်းလိုက်ကြသည်။

      အောက်ချန်းထန်၊ စုချင်းချင်း၊ အန်လင်းနှင့် အခြားသူများပင် တုန်လှုပ်ရာမှ သတိပြန်ဝင်လာပြီးနောက် လုံး၀  လက်ခံလိုက်ကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ