၄၁၆ - ၄၂၀

459 54 1
                                    


အပိုင်း (၄၁၆)ပထမဆုံးအကြိမ် စတင်တွေ့ကြုံခြင်း

      “ဘာလဲဟ"
     ချင်နန် အလွန်အံ့အားသင့်သွားသည်။

     စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးသည် သိုင်းအရှင်၏ အလင်းစွမ်းအားကို စုပ်ယူခဲ့ကာ အလင်းတန်းများ ပစ်လွှတ်နိုင်ပြီး မည်သည့်နတ်ဆိုးအရာများမဆို ဖျက်ဆီးပစ်နိုင်စွမ်းရှိပေသည်။ သို့သော်လည်း သူ၏ ရှေ့မှ မျက်လုံးခြောက်လုံးသည် အသစ်တဖန်ပြန်လည်ဖြစ်ပေါ်လာသည်။

      သူတို့ကို အနိုင်မယူနိုင်ဘူးလား...

     “စစ်နတ်ဘုရားဘယ်ဘက်မျက်လုံးရဲ့ အပြစ်ပေးမှု"
    ချင်နန်သည် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် မျက်လုံးခြောက်လုံးကို ပို၍ပြင်းထန်သော အလင်းများဖြင့် ပစ်လွှတ်လိုက်သည်။

     “ဒီလောက်အစွမ်းထက်တဲ့ မျက်လုံးပညာရပ်"
      ယန်ထိုင်ထျန်၏ အံ့ဩနေသည့် လေသံကို ထပ်မံကြားလိုက်ရသည်။
     “ဒါပေမဲ့လည်း မင်းဘယ်တော့မှ ဒီမျက်လုံးခြောက်လုံးကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"
      ယန်ထိုင်ထျန်၏ လေသံတွင် ဂုဏ်ယူသည့် အရိပ်အယောင်များ ပါဝင်နေသည်။ ထို့နောက် မျက်လုံးခြောက်လုံးသည် ပြန်လည်ဖြစ်တည်လာပြီး ချင်နန်ကို ကြည့်လိုက်သည်။

      ခြေတစ်ချက်ကန်လိုက်ပြီးနောက် ချင်နန်၏ ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးမီးလျှံများ ဖုံးလွှမ်းသွားပြီး နောက်လှည့်ကာ တဟုန်ထိုးပြေးသွားသည်။ သူ၏ လမ်းပေါ်တွင် ရှိနေသော သစ်ပင်များသည် ကြောက်မက်ဖွယ်ရာ ဒီရေလှိုင်းလုံးကြီးတက်လာသကဲ့သို့ ကျိုးပဲ့ပျက်စီးသွားကြသည်။
      သို့သော်လည်း ကောင်းကင်ပေါ်မှ မျက်လုံးခြောက်လုံးသည် ချင်နန်မည်မျှမြန်မြန်ပြေးသည်ဖြစ်စေ၊ သူ၏ နောက်မှ လိုက်ပါလာနေဆဲပင်ဖြစ်သည်။

       “ဟား....ဟား....ဟား...ဟား...."
       ယန်ထိုင်ထျန်၏ ဂုဏ်ယူသည့် ရယ်မောသံသည် လေထုထဲ၌ ပြည့်နှက်နေသည်။

     ချင်နန်၏ မျက်နှာ မှုန်ကုတ်သွားသော်လည်း ထိတ်လန့်သည့် အရိပ်အယောင်မရှိပေ။ သူသည် မျက်လုံးများနှင့် အဝေးသို့ ဆက်လက်၍ အားသွန်ခွန်စိုက်ပြေးနေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now