၁၇၆ - ၁၈၀

493 50 0
                                    


အပိုင်း (၁၇၆) စာတစ်စောင်ဖြင့် ဂိုဏ်းတစ်ခုလုံးကို လှုပ်ခါသွားစေခြင်း

     စည်းကမ်းဥပဒေခန်းမ၏ အခန်းငယ်တစ်ခုအတွင်း...

     ရှောင်လန်နှင့် ချူးယွင်သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ သိုင်းဝိညာဉ်များ ထုတ်ဖော်ပြီး ကျင့်ကြံနေကြသည်။
     ချင်နန်သည် သိုင်းကံကြမ္မာနန်းဆောင်၏ အထပ်ငါးထပ်လုံး ၀င်ရောက်နိုင်ခဲ့သည်ကို ကြားသိရသော‌အခါ သူတို့အတွက် ကြီးမားသော ဖိအားကို ခံစားခဲ့ရကာ ကြိုးစားပမ်းစား ကျင့်ကြံအားထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ထိုအချိန်၌ လူတစ်ယောက်ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

     “ဘယ်သူလဲ"

     ရှောင်လန်နှင့် ချူးယွင်တို့ အံ့အားသင့်သွားပြီးနောက် မျက်လုံးဖွင့်ကာ ရောက်ရှိလာသည့်သူကို ကြည့်လိုက်သည်။ ထို့နောက်  ကြောင်အသွားကြသည်။

     ရောက်ရှိလာသောသူမှာ မင်းသမီးမြောင်မြောင်ပင် ဖြစ်သည်။

     မင်းသမီးမြောင်မြောင်၏ မျက်နှာထက်တွင် မြေခွေးပြုံးတစ်ခု ထွက်ပေါ်လာပြီး
    “ဒါမင်းတို့အတွက် ချင်နန့်ရဲ့စာပဲ"

     “စာ..."
     ရှောင်လန်နှင့် ချူးယွင်တို့ ကြောင်တောင်တောင်ဖြစ်သွားကြသည်။

     ချင်နန်၏ စာသည် မည်မျှအရေးကြီးသောကြောင့် မင်းသမီးမြောင်မြောင်ကိုပင် ပေးခိုင်းမှန်း သူတို့မသိချေ။
     သံသယများနှင့်အတူ စာကို ဖွင့်ဖတ်လိုက်သည့်အချိန်တွင် သူတို့ ဆွံ့အသွားကြသည်။
     ဘာလဲဟ...
      ဆေးလုံးတွေ ချေးတာလား...

     တစ်ခဏမျှ ကြာပြီးနောက် စည်းကမ်းဥပဒေခန်းမ၏ အစည်းအဝေးခန်းတွင်...

     စည်းကမ်းဥပဒေခန်းမခေါင်းဆောင်သည် ထိပ်ဆုံးတွင် ထိုင်နေပြီး သူ၏ ရှေ့တွင် အကြီးအကဲများထိုင်နေကြကာ လွန်ခဲ့သောလက အဖြစ်အပျက်များကို အစီရင်ခံနေကြသည်။
     ထိုအချိန်၌ ခန်းမအလယ်တွင် သေးငယ်သောပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

     အကြီးအကဲများ အလွန်အံ့အားသင့်သွားကြသည်။
     ဘယ်သူက အစည်းအဝေးခန်းထဲကို ကျူးကျော်လာရဲတာလဲ...

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Hikayelerin yaşadığı yer. Şimdi keşfedin