၂၈၆ - ၂၉၀

495 50 0
                                    


အပိုင်း (၂၈၆) ကလိမ်ကကျစ်ကျဖို့ ကြိုးစားနေတာလား...ရတယ်လေ

     မင်းနဲ့လောင်းဖို့ အခွင့်အရေးမရှိဘူး...

     လောင်းကြေးဆယ်ဆ...
    ချင်နန် ဒေါသထွက်သွားသည်။ ဒီမေပယ်မင်းသားသည် သူ့အား မထီမဲ့ပြုရန် မည်သည့်နေရာမှ သတ္တိရလာမှန်း သူမသိပေ။

     “မင်းရဲ့ လောင်းကြေးက အဆင်မပြေသေးဘူး"
     အံ့ဩစရာကောင်းလောက်အောင် ချင်နန်၏ လေသံမှာတည်ငြိမ်နေသည်။
    “လောင်းကြေးကို တိုးသင့်တယ်လို့ ငါထင်တယ်...ငါနိုင်ရင် မင်းငါ့ကို အာကိန်းတုံးတစ်သောင်းပေးရမယ်...ငါရှုံးသွားရင် မင်းကို အာကိန်းတုံးတစ်သိန်းပေးမယ်...မင်းလက်ခံရဲလား"

     ချင်နန်သည် နောက်ဆုံးစကားရောက်သည်အခါ သူ၏ လေသံကိုမြှင့်လိုက်သည်။

     မေပယ်မင်းသား၊ ဖုန်းယွီနှင့် ဆရာမားတို့ အလွန်အံ့အားသင့်သွားကြသည်။၎င်းသည် စုစုပေါင်းအာကိန်းတုံးတစ်သိန်းဖြစ်သည်။
     ချင်နန်က သူအနိုင်ရမယ်လို့ ယုံကြည်နေတာလား...

     မေပယ်မင်းသား ချင်နန်ကို အထင်သေးစွာဖြင့် စိန်ခေါ်ရသည့် အကြောင်းအရင်းမှာ ဖုန်းယွီ၏ စိတ်ဆွပေးမှုကြောင့် ဖြစ်သည်။ ချင်နန်၏ မျက်လုံးပညာရပ်မှာ အမှန်တကယ်ကို အစွမ်းထက်ပေသည်။ သို့သော် ဆရာမားသည် အတိုအထွာများထဲက တန်ဖိုးအရှိဆုံးအရာများကို သိရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် မေပယ်မင်းသားအား လျှို့ဝှက်စွာ ကူညီမည်ဖြစ်သဖြင့် မေပယ်မင်းသားနိုင်မည်မှာ သံသယရှိစရာမလိုပေ။

     “ချင်နန်..."
     စင့်မာခေါင်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုတို့နှင့် ပြည့်နှက်နေသည်။ သူသည် မေပယ်မင်းသားတို့၏ ပူးပေါင်းကြံစည်ကြောင်းကို ရိပ်မိပေသည်။

     ချင်နန်တွင် ကြောက်မက်ဖွယ်ရာ မျက်လုံးပညာရပ်ရှိသော်လည်း သူတို့၏ရန်သူများသည် ပူးပေါင်းထားခြင်းဖြစ်သောကြောင့် သူတို့ရှုံးနိမ့်ဖို့ အခွင့်အရေးများပေသည်။

     “မင်းဘာကိုကြောက်နေတာလဲ...မစိုးရိမ်ပါနဲ့ သူတို့ဆီက လုယက်ကြစို့"
     ချင်နန်သည် စင့်မာခေါင်ကို အသံလွှင့်၍ ပြောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now