၂၄၆ - ၂၅၀

533 52 0
                                    


အပိုင်း (၂၄၆) မွေးနေ့ပွဲ

     “မွေးနေ့ပွဲစပြီလား..."
     ချင်နန် အံ့အားသင့်သွားပြီး နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများကို အသုံးပြုကာ စိတ်ဝိညာဉ်ဂိုဏ်းကို ကြည့်လိုက်သည်။

     ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ အလျား ပေခြောက်ထောင်ကျော်၊ အနံ ပေလေးထောင်ရှိသော နန်းတော်ကြီးတစ်ခုသည် မြေပြင်ပေါ်မှ လေထဲသို့ ဖြည်းညှင်းစွာ ကြွတက်လာသည်။ ၎င်း၏ အောက်တွင် နန်းတော်အရိပ်ကြီး ဖြစ်ပေါ်နေသည်။ နန်းတော်ကြီး၏ ၀န်းကျင်တွင် ထူးဆန်းသော အလင်းပေါင်း တစ်ရာကျော် ဖြစ်ပေါ်နေပြီး ခမ်းနားထည်ဝါသည့် မြင်ကွင်းတစ်ခုပင်...
     အကြည့်တစ်ချက်နှင့်ပင် ချင်နန်သည် နန်းတော်အတွင်းမှ ရှုပ်ထွေးသော ၀င်္ကပါတစ်ရာကျော်နှင့် ဖုံးကွယ်ထားသည့် လူသားပုံစံ လက်နက်ဝိညာဉ်ကို တွေ့လိုက်ရသည်။

    “ဒါ ဂိုဏ်းချုပ်ရဲ့ ခန်းမ၊ ဧကရာဇ်လက်နက်ပဲ"
     ချင်နန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဆက်လက်လေ့လာ ကြည့်ရှုလိုက်သည်။

     ဂိုဏ်းချုပ်၏ ခန်းမ‌ လေထဲတက်လာသောအခါ ရုတ်တရက် အဓိက ၀င်ပေါက်ခန်းမကြီးမှ အရောင်ခုနှစ်ရောင် အလင်းများ ထွက်ပေါ်လာပြီး လှေကားထစ် ကိုးရာကိုးဆယ့်ကိုးထစ်ပါသည့် လှေကားခုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒိုဂျိုပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းသွားသည်။
     ဒိုဂျိုတွင် စားပွဲခုံများနှင့် ပြည့်နှက်နေသည်။ စားပွဲတိုင်းကို အာကာသကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ခုံများကို မေလန်နီရန်သစ်သားများဖြင့် ပြုလုပ်ထားသည်။ စားပွဲပေါ်တွင် စားကောင်းသောက်ဖွယ်များ ရှိနေပြီး နဂါးဧကရာဇ်အရိုးစွပ်ပြုတ်၊ မာန်ဟုန်ဧကရာဇ်အမဲသားနှင့် အခြားအရာများ အပါအ၀င် ထူးကဲကောင်းမွန်သော ဝိုင်များ ရှိပေသည်။ စုစုပေါင်း စားပွဲလေးရာရှိသည်။
     ထို့ပြင် ဒိုဂျို၏ ၀င်ပေါက်တွင် အမျိုးသမီးအပြင်စည်းတပည့် အယောက်လေးရာသည် ဂါ၀န်များ ၀တ်ဆင်၍ ဧည့်သည်များကို ကြိုဆိုရန်အတွက် ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now