၃၃၁ - ၃၃၅

469 49 1
                                    


အပိုင်း (၃၃၁)ထိပ်ပိုင်းခေါင်းဆောင်လျို ရောက်ရှိလာခြင်း

     “ဘာ ဒီကောင်က ကျန်းပိလန်နဲ့ လောင်းထားတာလား"

     “ဘောပဲ...ဒါက ရှုံးမှာ သေချာနေတာကြီးကို"

     “တာအိုရှာဖွေခြင်းငါး ခြောက်ရာခြောက်ဆယ့်ငါးကောင်ဆိုတဲ့ ရလဒ်ကို ဘယ်သူက ကျော်နိုင်မှာလဲ"

     “ဒီကောင်က ငကြောင်ပဲ"

      “........."

     သံတမန်များသည် အဖြစ်အပျက်၏ အသေးစိတ်အား ကြားရသည့်အခါ အလွန်အံ့အားသင့်သွားကြပြီး ချင်နန်ကို ချက်ချင်းအထင်သေးသည့် မှတ်ချက်များ ပြုလိုက်ကြသည်။

     အများအားဖြင့် မြင့်မြတ်နေရာနှစ်ခုတွင် သိုင်းသခင်အဆင့်ကျွမ်းကျင်သူများ သို့မဟုတ် စူပါဂျီးနီးယပ်များသည် တစ်စုံတစ်ယောက်အား တော်ရုံတန်ရုံ အထင်သေးခြင်းမရှိပေ။ အကြောင်းမှာ ထိုတစ်စုံတစ်ယောက်သည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကံကောင်းထောက်မစွာဖြင့် အစွမ်းထက်သော လူတစ်ယောက် ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

      သို့သော်လည်း ချင်နန်သည် ကျန်းပိလန်ကို အနိုင်ယူမည်ဆိုပါက သူသည် အင်ပါယာအမြစ်ဖြတ်သူနှင့် တန်းတူရလဒ်အား ရရှိအောင် ဆောင်ရွက်ရလိမ့်မည်ဖြစ်သည်။

     လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာ အတွင်းတွင် တာအိုရှာဖွေခြင်းငါးစမ်းသပ်မှု၌ မရေမတွက်နိုင်သော ဂျီးနီးယပ်များ ပါဝင်ခဲ့ကြသော်လည်း အင်ပါယာအမြစ်ဖြတ်သူ၏ ရလဒ်သည် ပထမနေရာ၌ ရှိနေဆဲဖြစ်သည်။

     ဖေးရန်မြင့်မြတ်နေရာမှ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးသည် လူအုပ်ကြီး၏ စကားများကို ကြားသည့်အခါ အချွန်နှင့် မပေးလိုက်ကြသည်။
     “မင်းတို့ထဲက တချို့က သိကြမှာမဟုတ်ဘူး...ဒီချင်နန်ရဲ့ ပါရမီက အရမ်းထူးခြားတယ်...ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုက သူ့အတွက်ကြောင့် ကျန်းပိလန်နဲ့ ကျောင်းကျွယ်ကို ငါတို့ကို ပေးထားတာပဲ"

    ထိုစကားများသည် လူအုပ်ကြီးကြားထဲ၌ ပေါက်ကွဲမှုတစ်ခုကဲ့သို့ ဖြစ်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now