၅၃၁ - ၅၃၅

417 43 0
                                    


အပိုင်း (၅၃၁) ဗာမီလီယံငှက်ကောင်းကင်ရိုက်ချက်

      သိုင်းကျမ်းဆောင်ထဲတွင် ရှေးဟောင်းအော်ရာလေးခု လွှမ်းခြုံနေသည်။

     ၎င်းသည် မူချန်ရယ်၊ ရွှယ်မန်နှင့် အခြားသူများအား မိုးကြိုးပစ်ချလိုက်သလို ခံစားသွားစေရပြီး သူတို့၏ ဦးနှောက်ထဲ ဗလောင်ဆူသွားသည်။

     ရှေးဟောင်းသိုင်းပညာလေးခု...

    ဒါက တကယ်လား...

    အကြီးအကဲဝမ်ပင် လုံးဝကြက်သေ သေနေသည်။ သွမ့်ချင်းရွေးချယ်လိုက်သော အလင်းစက်လေးစက်လုံးသည် ရှေးဟောင်းသိုင်းပညာများဖြစ်ကြသည်။

    သွမ့်ချင်းရဲ့ မျက်လုံးပညာရပ်က ဘယ်လောက်တောင် အစွမ်းထက်လွန်းတာလဲ...

     “မင်းအခု ဘာပြောမလဲ"
     ချင်နန် မူချန်ရယ်ကို ကြည့်လိုက်သည်။

    လူအုပ်ကြီးသည်လည်း သွမ့်ချင်းကြည့်ရာကို အမှတ်တမဲ့ကြည့်လိုက်သည်။

    အကြောင်းမှာ လွန်ခဲ့သော တစ်ခဏက မူချန်ရယ်သည် ဤအလင်းစက်လေးစက်လုံးမှာ ဗလာများဟု ပြောခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် ဗလာများမဟုတ်ရုံသာမက ရှေးဟောင်းသိုင်းပညာလေးခုပင် ဖြစ်ကြသည်။

     “ဒါ..."
     မူချန်ရယ် ပါးစပ်အဟောင်းသားဖြစ်နေပြီး လက်ကြီးတစ်ဖက်သည် သူ၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ မည်သည့်စကားမျှ မပြောနိုင်ဖြစ်နေသည်။

     သူအခု ဘာပြောနိုင်ပါမည်နည်း။

    သူ၏ ရှေ့မှာ မြင်ကွင်းမှာ  သွမ့်ချင်း၏ မျက်လုံးပညာရပ်သည် သူ့ထက် ပိုအစွမ်းထက်ကြောင်း ညွှန်ပြနေသည်။

     “ဒီသိုင်းပညာသုံးခုက မင်းတို့အတွက် အကောင်းဆုံးပဲ"
    ချင်နန်သည် ထပ်မံအချိန်ဖြုန်းလိုစိတ်မရှိပေ။ သူသည် သိုင်းပညာသုံးခုအား ရွှယ်မန်နှင့် အခြားသူများကို ပေးလိုက်သည်။

    သူ၏ အဖွဲ့သားများသည် စာလိပ်များနှင့် စာအုပ်များကို ကိုင်ထားရင်း ကြက်သေသေနေကြပြီး သတိပြန်မဝင်လာကြသေးပေ။

    လွန်ခဲ့သော တစ်ခဏက သူတို့သည် လက်ဗလာနှင့် အဆုံးသတ်ရမည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် ချက်ချင်း ငရဲမှ ကောင်းကင်သို့ ရောက်ရှိသွားသည့်အလား အဖိုးတန်ရှေးဟောင်းသိုင်းပညာများကို ရရှိခဲ့သည်။
    သူတို့ အိပ်မက်နေသည်ဟု ခံစားနေရသည်။ သို့သော်လည်း စာလိပ်များနှင့် စာအုပ်များမှ ထုတ်ဖော်နေသော ရှေးဟောင်းအော်ရာများသည် သူတို့အား အိပ်မက်မဟုတ်ကြောင်းကို ပြောနေသည်။
   ရွှယ်မန်နှင့် အခြားသူများသည် သူတို့၏ အတွေးများကို စုစည်းလိုက်ပြီး သူတို့၏ နတ်ဘုရားအာရုံများဖြင့် စာလိပ်များနှင့် စာအုပ်များကို စစ်ဆေးလိုက်သည်။ သူတို့ မည်ကဲ့သို့ ရှေးဟောင်းသိုင်းပညာမျိုးရရှိခဲ့ကြောင်းကို သိလိုနေကြသည်။
     သို့သော်လည်း တစ်ချက်စစ်ဆေးပြီးနောက် သူတို့၏ မျက်နှာ အမူအရာများ အကြီးအကျယ်ပြောင်းလဲသွားကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now