၅၅၁ - ၅၅၅

464 44 0
                                    


အပိုင်း (၅၅၁) ထိတ်လန့်ဖွယ်ရာလက်ဝဲလက်

      သုံးကွက်အကျောပေးတယ်...

     မင်းသားများ ကြက်သေ သေသွားကြသည်။

     ဤကျင့်ကြံသူသည် ကျန်းသည် အလွန်မောက်မာနေသည်။

     တတိယမင်းသား မျက်မှောင်ကြုတ်သွားသည်။ သူမ၏ အလွန်မောက်မာသော အပြုအမူအရ သူမသည် မိုက်မဲခြင်း သို့မဟုတ် အလွန်ယုံကြည်ချက်ရှိခြင်းဖြစ်နိုင်ပေသည်။

     တတိယမင်းသားတွေးသကဲ့သို့ သေမင်းဧကရာဇ်သည် သူ၏ စွမ်းအားကို အလွန်ယုံကြည်ချက်ရှိနေပေသည်။ သူသည် ကျန်းပိလန်၏ ခန္ဓာကိုယ်အား ပိုင်ဆိုင်ကာ သူ၏ ကံကြမ္မာကို ပြောင်းလဲပြီးနောက် မရှုံးနိမ့်နိုင်သော သိုင်းသခင်အဆင့်သို့ရောက်ရှိခဲ့သည်။ ထို့ပြင် သူသည် အတိတ်ဘဝက အတွေ့အကြုံများစွာကိုလည်း ပိုင်ဆိုင်ထားသည်။ သွမ့်ချင်းသည် သူ့အား မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။
 
      သူသည် တစ်ဆယ်ကွက် သို့မဟုတ် အကွက်နှစ်ဆယ်ပင် အကျောပေးနိုင်ပေသည်။ သို့သော်လည်း သူသည် ထင်ပေါ်ကျော်ကြားရန် ရည်ရွယ်လိုက်ခြင်းမဟုတ်ပေ။

     “သုံးကွက်အကျောပေးမယ်"
    ချင်နန်၏ မျက်လုံးများ မှေးစင်းသွားသည်။ သေမင်းဧကရာဇ်သည် သူ့အား သာမန်မရှုံးနိမ့်နိုင်သည့် သိုင်းသခင်ဟုသာ ယူဆထားပုံရသည်။ သေမင်းဧကရာဇ်သည် သူ၏ စွမ်းအားအစစ်အမှန်ကို မသိရှိသေးပေ။

     သို့သော်ငြားလည်း ချင်နန်သည် ဤကဲ့သို့ အခွင့်အလမ်းကောင်းအား မည်ကဲ့သို့ လက်လွှတ်ခံရပါမည်နည်း။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်နန် တုံ့ပြန်ကာ အော်ပြောလိုက်သည်။
      “မျှော်လင့်ထားတဲ့အတိုင်းပဲ ကျင့်ကြံသူသွမ့်ချင်းကို ငါအရမ်းအထင်ကြီးမိပါတယ်...ငါ့မှာ မင်းရဲ့ ကြင်နာမှုကို ငြင်းပယ်စရာအကြောင်းမရှိပါဘူး...ကျင့်ကြံသူကျန်းရဲ့ ကြီးမားတဲ့ စွမ်းအားကို ငါဒီခွက်နဲ့ ကမ်းလှမ်းပါမယ်"
      ချင်နန်သည် ဝိုင်ခွက်အား ဆုပ်ကိုင်ကာ တုံ့ဆိုင်းမှုမရှိဘဲ ပစ်လွှတ်လိုက်သည်။

     
     ဘန်း...

     ဝိုင်ခွက်သည် ဗာမီလီယံငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now