၆၀၆ - ၆၁၀

405 44 0
                                    


အပိုင်း (၆၀၆) ကွယ်လွန်သူဧကရာဇ်မင်းကို အရိုအသေပေးခြင်း

       ယခုအချိန်၌ ချင်နန်၏ အသက်ရှူမှု တည်ငြိမ်လာသည်။ အင်ပါယာချီသည် အတော်လေးနွေးထွေးကာ သူ၏ မွေးညင်းပေါက်များကို လုံးဝပွင့်သွားစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုများသည် နွေးထွေးမှုကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
    အင်ပါယာချီသည် သူမိထားသော အဆိပ်ကိုပင် ဝါးမျိုခဲ့သည်။

    “ဒီအင်ပါယာချီက အရမ်းမှော်ဆန်လိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ..."
     ချင်နန် သူ၏ နှလုံးသားထဲ၌ တအံ့တဩရေရွတ်လိုက်သည်။
      ထို့နောက် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၏ စကားကို ကြားသောအခါ သူ၏ နှလုံးသား တုန်လှုပ်သွားသည်။
    “ငါမြန်မြန်ပြန်ကောင်းလာအောင် ကုသပြီး အဆိပ်ကို ဖယ်ရှားပစ်ရမယ်"
    အကြောင်းမှာ‌ ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့သည် ကွယ်လွန်သူဧကရာဇ်ကို အရိုအသေပေးခြင်း၌ ရုပ်ထုထဲမှ ရတနာကို ရရှိရန်အတွက် လှုပ်ရှားရန် ကြံစည်ထားကြသောကြောင့် ဖြစ်သည်။

     အခြားတစ်ဖက်တွင်...

     အခမ်းအနားမှူးများသည် သိုင်းအရှင်အဆင့်သားရဲများဖြင့် ပြုလုပ်ထားသော အစားအစာများနှင့် ဝိုင်များကို ထုတ်ယူလာပြီး နံ့သာတိုင်များ ထွန်းညှိလိုက်သည်။ ထို့နောက် သူတို့သည် တူရိယာသံများနှင့် ဆုတောင်းစကားများ ဆိုလိုက်ကြသည်။

     သို့သော်လည်း နောက်ကွယ်၌ အေးစက်သည့် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်နေသည်။

    ကျိုးပိဟွှာနှင့် လင်ဖန်းရှောင်တို့သည် ကောင်းကင်ကျားဖြူနှင့် တိဖန်းယွင်တို့ ရှိရာကို ကြည့်လိုက်သည်။ သူတို့သာမက မြို့စားတစ်ဆယ်ယောက်နှင့် အခြားဝန်ကြီးများသည်လည်း သူတို့ကို ကြည့်လိုက်ကြသည်။
     တတိယမင်းသားကို  လုပ်ကြံသူမှာ တော်ဝင်သွေးချင်းများသို့မဟုတ် အမျိုးမျိုးသော အဖွဲ့အစည်းများမှ ဖြစ်နိုင်သည်။
   သို့ရာတွင် အကြီးမားဆုံးသံသယရှိသူမှာ ကျားဖြူတပ်စုဖြစ်သည်။
    ကျားဖြူတပ်စုသာ သိုင်းအရှင်အထွတ်အထိပ်အဆင့်အသေခံကျွန်ကို လေ့ကျင့်ပေးရန်အတွက် စွမ်းအားနှင့် အရင်းအမြစ် လုံလုံလောက်လောက်ရှိပေသည်။
     အချို့ကျွမ်းကျင်သူများမှာမူ အသေခံကျွန်သည် အဘယ်ကြောင့် သွမ့်ချင်းအား ပစ်မှတ်မထားရခြင်းကို ရှုပ်ထွေးနေကြသည်။
    
     အကြောင်းမှာ ကျားဖြူတပ်စု၏ အမြင်တွင် သွမ့်ချင်း၏ တည်ရှိမှုသည် ကျားဖြူတပ်စုအတွက် အနိမ့်ဆုံးခြိမ်းခြာက်မှုသာဖြစ်ကာ သူသည် လာမည့်တိုက်ပွဲတွင် အရေးပါခြင်းမရှိသောကြောင့် ဖြစ်သည်။
     အဆုံး၌ ၎င်းသည် ကျွမ်းကျင်သူများကြားမှ တိုက်ပွဲဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now