၄၉၁ - ၄၉၅

516 43 0
                                    


အပိုင်း (၄၉၁) မျောက်သစ်သီး

      ချင်နန်သည် သူတို့နှစ်ယောက်ကို မည်သည့်စကားမျှမပြောဘဲ တည်ငြိမ်စွာ ကြည့်လိုက်သည်။

     ထိုအချိန်၌ ဖန်ရှင်းလု၏ မျက်နှာ တည်တံ့သွားပြီး
     “နင်တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ...စကားပြောဆင်ခြင်ကြ...ဒါက အစ်ကိုချင်နန်ပဲ...သူ့ရဲ့ အကူအညီကြောင့်သာမဟုတ်ရင် ငါသေ‌နေပြီ"

      လူငယ်နှစ်ယောက် အံ့အားသင့်သွားပြီး ချင်နန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။
      ဒီကောင်သည် ငါတို့နဲ့ အသက်တူတူလောက်ပဲဆိုပေမဲ့ သိုင်းသခင်တစ်ဝက်အဆင့်သားရဲကို မောင်းထုတ်နိုင်ခဲ့တယ်ပေါ့...

     ၎င်းသာ အမှန်ဆိုပါက ဤချင်နန်တွင် သေချာပေါက် ကြောက်မက်ဖွယ်ရာနောက်ခံရှိလိမ့်မည်ဖြစ်သည်။

      သူတို့ နှစ်ဦး ဆွံ့အသွားကြသည်။

     “ရပါတယ်"
     ချင်နန် ခေါင်းခါယမ်းကာ ဆက်မေးလိုက်သည်။
    “နဝမမြို့ဆိုတာ ဘာလဲ"

     ထိုစကားကြားသောအခါ လူငယ်နှစ်ယောက် အံ့အားသင့်သွားကြသည်။

      ဖန်ရှင်းလု တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
      “အစ်ကိုချင်နန်...ဒီနဝမမြို့ဆိုတာက ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ နဝမမြို့ကို ဆိုလိုတာပါ...ဒီလိုဆို ဘယ်လိုလဲ...ဒါက ရှင့်ရဲ့ ပထမဆုံးအကြိမ် အထက်ပိုင်းခရိုင်ကို ရောက်ဖူးတာဆိုတော့ ရှင်ဘာမှ သိပ်သိသေးမှာ မဟုတ်ဘူး...ကျွန်မတို့ မျောက်သစ်သီးကို ရှာတွေ့ပြီးတာနဲ့ ရှင် အထက်ပိုင်းခရိုင်ရဲ့ အကြောင်းကို သိရအောင် ကျွန်မရှင့်ကို နဝမမြို့ကို ခေါ်သွားပေးမယ်...ဘယ်လိုလဲ"

       ချင်နန်၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်အား တွေ့သောအခါ ဖန်ရှင်းလု ဆက်ပြောလိုက်သည်။
     “ကျွန်မတို့ ဒီကိုလာတာက မျောက်သစ်သီးကို ရှာဖို့အတွက်ပဲ...ဒါပေမဲ့ ကျွန်မတို့က ဟိုသားရဲနဲ့ အရင်တွေ့သွားခဲ့တယ်"

       ထိုစကားများကြားပြီးနောက် ချင်နန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် အထက်ပိုင်းခရိုင်အကြောင်းအား နည်းနည်းလေးသာသိသောကြောင့် နဝမမြို့သို့ သွားခြင်းသည် သူ့အတွက် အကျိုးရှိနိုင်ပေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now