၉၁ မှ ၉၅

569 60 0
                                    


အပိုင်း(၉၁)ရူးလောက်ဖွယ်ရာ လောင်းကြေးများ

     ရှောင်ချင်းရွှဲ့ နှင့် ဂွန်ယောင်၏ အဆင့်မှာ လုံးဝခြားနားသည်။
     ဂွန်ယောင်သည် ထိပ်ဆုံးအတွင်းစည်းတပည့်ဆယ်ယောက်ထဲတွင် ဟွှာအဆင့်တစ်ဆယ်ရှိသည့် ထိပ်တန်းဂျီးနီးယပ်တစ်ယောက်ပင် ဖြစ်သည်။ သူ၏ အဆင့်သည် ဂိုငဏ်း၏ အဓိကတပည့်များထက် အနည်းငယ်သာ နိမ့်သည်။ သူသည် ကံကောင်းမှုတစ်ခု နှင့်သာ ကြုံကြိုက်ခဲ့ပါက အဆုံး၌ အဓိကတပည့်တစ်ယောက်ပင် ဖြစ်လာနိုင်လိမ့်မည် ဖြစ်သည်။
    
     အကြီးအကဲငါးယောက်သည် ရှောင်ချင်းရွှဲ့ကို ကြောက်ရွံ့ခြင်း မရှိသော်လည်း ဂွန်ယောင်ကိုတော့ ထိုသို့ မဆက်ဆံရဲကြချေ။
     မိုလီ၏ မျက်နှာ တောင့်တင်း၍သွားသည်။ ဂွန်ယောင်သည်လည်း ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူမထင်ခဲ့ပုံရသည်။ သူသည် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ၏မျက်နှာကို အားထည့်၍ ပြုံးလိုက်ကာ
     “စီနီယာအကို ဂွန်ယောင်၊ မင်းမှားနေမှာ ငါစိုးရိမ်တယ်၊ ငါတို့တွေ အချက်အလက်တွေအကြောင်း ဆွေးနွေးနေတာ"

     အဖြူရောင်ဆံပင်နှင့် အကြီးအကဲက ပြုံးလိုက်ပြီး
     “ဂျူးနီယာညီငယ် ဂွန်ယောင်၊ စိတ်တော့မဆိုးပါနဲ့၊ ငါတို့ရဲ့ စကားတွေက ကြမ်းတမ်းတယ် ဆိုပေမယ့်လည်း  ချင်နန် လက်တွေ့ကြုံနေရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ လုံးဝခက်ခဲတယ်"

     အခြားအကြီးအကဲ လေးယောက်သည်လည်း သူတို့၏‌ ခေါင်းကိုညိတ်လိုက်ပြီး နှစ်လိုဖွယ်အပြုံးနှင့် ထိုစကားကို ထောက်ခံကြ‌လေသည်။
    
     အကြီးအကဲငါးယောက်သည် သူတို့၏ စိတ်ထဲ၌ စိတ်ပျက်မှုကို ခံစားနေကြရသည်။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ငါး နှင့် ဟွှာအဆင့်ရှစ် သိုင်းဝိညာဉ် ပိုင်ဆိုင်သည့် ချင်နန်ကဲ့သို့သော ဘောင်မဝင်သည့် သူသည် ဂွန်ယောင်နှင့် ရင်းနှီးနေလိမ့်မည်ဟု သူတို့ မထင်မိခဲ့ကြချေ။

     ထိုအရာကို မြင်သည့်အခါ ရှောင်ချင်ရွှဲ့၏ ဒေါသ လျော့ကျ၍သွားသော်လည်း အေးစက်သော အသံဖြင့်
     “စီနီယာအကို ဂွန်ယောင်၊ ချင်နန် တစ်ခုခု ဖြစ်ခဲ့ရင် အဲဒါ မိုလီကြောင့်ပဲ"
    
     ထိုစကားကိုကြားတော့ မိုလီ လန့်ဖျန့်၍သွားပြီး ဂွန်ယောင်အား ကြည့်လိုက်သည်။ ဂွန်ယောင်၏ အမူအရာ အေးအေးဆေးဆေးပင် ရှိနေသည်ကို မြင်ရသည့် အခါမှသာ စိတ်သက်သာရာရလိုက်လေသည်။
     ချင်နန် တစ်ခုခုဖြစ်၍ ဂွန်ယောင်သာ သူ့ကို ဒေါသထွက်လာပါက ထိုအရာသည်  သူ့အတွက် ကြမ္မာဆိုးတစ်ခုပင် ဖြစ်လိမ့်မည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now