၂၀၁ - ၂၀၅

496 46 0
                                    


အပိုင်း(၂၀၁) ရတနာများကို လုယက်ခြင်း

    ချက်ချင်းပင် သုံရှောက်ရှီ၏ ဦးရေပြား ထုံဆင်းသွားသည်။ ကြောက်မက်ဖွယ်ရာ ဆေဘာစွမ်းအင်များနှင့် ရင်ဆိုင်ရသည့်အခါ  သုံနဂါးလှံကို ကိုင်ထားသော်လည်း သေခြင်းတရား အရိပ်အမြွက်ကို ခံစားလိုက်ရသည်။

    “ ရှီဖန်းရှောင်... ငါ့ကို ကယ်ပါဦး "
    သုံရှောက်ရှီသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အော်လိုက်သည်။

    သုံရှောက်ရှီအသတ်ခံလိုက်ရပါက သူတို့၏ တိုက်ပွဲချိန်ခွင်လျှာသည် ချင်နန်ဘက် အလေးသာသွားမည်ကို ရှီဖန်းရှောင် သိပေသည်။ ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ ကျယ်လောင်စွာအော်၍ အဝါရောင်ရောင်ခြည်တန်းကိုးခုနှင့်အတူ သိုင်းဝိညာဉ်ကိုထုတ်ဖော်လိုက်သည်။
    သိုင်းဝိညာဉ်သည် အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းပင် သုံရှောက်ရှီ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
    ၎င်းသည် ရှီဖန်းရှောင်၏ အချိန်မရွေးဆင့်ခေါ်ကာ ကာကွယ်ပေးနိုင်သည့် အကာအကွယ်အမျိုးအစား သိုင်းဝိညာဉ်ဖြစ်သည်။

    ဘန်း...

    ထိတ်လန့်တုန်လှုပ်စရာ ဆေဘာစွမ်းအင်များသည် အကာအကွယ်နှင့် ထိပ်တိုက် တွေ့ဆုံသွားပြီး ပြင်းထန်ကျယ်‌လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သိုင်းဝိညာဉ်မှာ အပြင်းအထန် တုန်ခါသွားပြီး အဝါရောင်ရောင်ခြည်များသည်လည်း အလွန်မှိန်ဖျော့သွားခဲ့သည်။
    ရှီဖန်းရှောင် ညည်းညူလိုက်ကာ သူ၏မျက်နှာမှာလည်း ဖြူလျသွားခဲ့သည်။
    ချင်နန်၏ ဆေဘာစွမ်းအင်များမှာ သာမန်မဟုတ်ချေ။ သူ၏ သိုင်းဝိညာဉ်ဖြင့် ကာကွယ်ပေးခဲ့သော်လည်း သူ၏ သိုင်းဝိညာဉ်သာ အကြီးအကျယ် ထိခိုက်ခဲ့သည်။

    ပေါင်ရိုနှင့် နန်ချန်းတို့ မျက်နှာပျက်သွားကြသည်။ ရှီဖန်းရှောင်၏ သိုင်းဝိညာဉ်သည် မည်မျှ အစွမ်းထက်ကြောင်းကို သူတို့ရှင်းရှင်းလင်းလင်း သိရှိထားကြသော်လည်း ချင်နန်၏ ဆေဘာစွမ်းအင်များမှာ ပို၍ပင် ကြောက်ဖို့ကောင်းနေသည်။
   
    အခြားတစ်ဖက်တွင်မူ သုံရှောက်ရှီသည် အလွန်တုန်လှုပ်ချောက်ချားသွားကာ သူ၏ ‌ယခင်က ဒေါသများမှာလည်း ကြက်ပျောက်ငှက်ပျောက်ပင် ဖြစ်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now