၂၅၆ - ၂၆၀

472 52 0
                                    


အပိုင်း (၂၅၆) ထူးဆန်းသော အပြောင်းအလဲ

     တပည့်များနှင့် ဂိုဏ်းချုပ်ခန်းမထဲရှိ လူများမှာ ကြက်သေ သေနေကြသည်။ ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းမှာ အလွန်မြန်ဆန်လာသောကြောင့် သူတို့ ဘာမှမတုံ့ပြန်နိုင်ကြသေးပေ။

    အိုးရန်ကျင်းက ချင်နန်ကို တိုက်ခိုက်လိုက်တာလား...

    ချင်နန့်ရဲ့ သိုင်းဧကရာဇ်အူတိုင်က ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားတာလား...

    အိုးရန်ပါးက လူအိုကြီးရှန်၊ မင်းသမီးမြောင်မြောင်နဲ့ လောင်ဂူးသိုင်းဘိုးအေသားရဲကို တစ်ယောက်တည်းရင်ဆိုင်တာလား...

    ချင်းလုံမြင့်မြတ်နေရာရဲ့ သံတမန်က ဘယ်ဘက်ကလဲ...
   
    လူအများ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော သံသယများ ဖြစ်ပေါ်နေသည်။

     ထိုအချိန်တွင် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်သည် အေးဆေးတည်ငြိမ်စွာဖြင့် ဒိုဂျိုဆီသို့ ဆင်းသက်လာပြီး ပတ်၀န်းကျင်အား အေးဆေးတည်ငြိမ်သွားအောင် ထိန်းချုပ်လိုက်သည်။

    ဖြီး...

    ချင်နန်သည် ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူ၏ သိုင်းဧကရာဇ်အူတိုင် အကြီးအကျယ် ထိခိုက်သွားသောကြောင့် သူ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

    “လာခဲ့..."
    ချင်နန်သည် စကားလုံးများကို အားယူကာ ပြောလိုက်သည်။ လေထဲမှ တုန်ခါနေသည့် အက်ကြောင်းများ အပြည့်နှင့် သိုင်းဧကရာဇ်အူတိုင်သည် ချင်နန်ဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားသည်။

    ဘန်း...

    ချင်နန်၏ ခန္ဓာကိုယ်ထဲ ရောက်ရှိလာသောအခါ သိုင်းဧကရာဇ်အူတိုင်သည် ပို၍ပင် ပြင်းထန်စွာ တုန်ခါလာပြီး အော်ရာသည်လည်း မတည်မငြိမ်ဖြစ်လာကာ ပေါက်ကွဲတော့မလိုပင်။
    အခြား သာမန် သိုင်းဧကရာဇ်အူတိုင်များဆိုပါက ဧကရာဇ်တစ်၀က်အဆင့်လက်နက်၏ တိုက်ခိုက်မှုကို ခံရသောအခါ ချက်ချင်း အပိုင်းပိုင်း ကွဲကြေသွားလိမ့်မည်ဖြစ်သည်။
    သို့သော် ချင်နန်၏ သိုင်းဧကရာဇ်အူတိုင်မှာမူ လုံး၀ကွဲပြားခြားနားပေသည်။ စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံး အကူအညီဖြင့် သူ၏ သိုင်းဧကရာဇ်အူတိုင် မပျက်စီးခဲ့ပေ။ သို့သော်လည်း အူတိုင် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသောအခါ စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးအော်ရာသည် ပျောက်ကွယ်သွားပြီး စတင်ပျက်စီးလာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now