၇၇၁ - ၇၇၅

423 43 1
                                    


အပိုင်း (၇၇၁) ပျံလွှားမိကျောင်းသိုင်းဘီဘင်

    ဘန်း…

    ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံတစ်သံနှင့်အတူ ဘုရင်အဆင့်လက်နက်၏ တိုက်ခိုက်မှုအောက်တွင် ကာကွယ်ထားသည့် တားမြစ်အော်ရာသည် ပျက်စီးသွားပြီး မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပေါက်ကွဲသွားသည်။

    ထို့နောက် ဆံပင်အဖြူရောင်နှင့် အဘိုးအို၊ မင်းသမီးမြောင်မြောင်နှင့် ချင်နန်တို့သည် ချက်ချင်းပင် လူအများရှေ့ ထွက်ပေါ်လာသည်။

     “အဘိုးကြီး ခင်ဗျား ဒီနေ့ မလွတ်နိုင်ဘူး…လူတိုင်းပဲ ငါ့ရဲ့ အမိန့်ကို နားထောင်ကြ…ဗုဒ္ဓအဖျက်စွမ်းအားဝင်္ကပါဖွဲ့လိုက်ကြ"
   မူကွင် ကျယ်လောင်စွာ အော်လိုက်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။
     သူ၏ နောက်၌ အကြီးအကဲငါးယောက်နှင့် သူတော်စင်အဆင့်ကျွမ်းကျင်သူသုံးယောက်တို့သည် ကပ်ကာ လိုက်ပါလာကြပြီး သူတို့၏ မြင့်မြတ်အင်အားများကို ထုတ်လွှတ်ကာ ရွှေရောင်သင်္ကေတများ ဖန်တီးလိုက်သည်။
     မူကွင်သည် ဝင်္ကပါ၏ ဗဟိုအချက်အချာ‌တွင် နေရာယူ၍ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးမားသော ဝင်္ကပါတစ်ခုဖန်တီးလိုက်သည်။
     ထိုအချိန်၌ တစ်ဆယ်လီအတွင်းမှ လေဟာနယ်မှာ ကန့်သတ်ခံလိုက်ရသည်။
   အဖျက်စွမ်းအားအော်ရာထွက်ပေါ်လာပြီး ၎င်း၏ စွမ်းအားသည် အရာအားလုံးကို ဖျက်ဆီးနိုင်သကဲ့သို့ပင်ဖြစ်သည်။
     သိုင်းဘီဘင်တစ်ယောက်ပင် ဝင်္ကပါကို ဖျက်ဆီးရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

     “မင်းသမီးမြောင်မြောင်နဲ့ ချင်နန်...."
    လေထဲ၌ ရပ်နေသော မူကွင်သည် ချင်နန်နှင့် မင်းသမီးမြောင်မြောင်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

     “မူကွင်…မင်းနဲ့ မင်းလူတွေက ငါ့ကိုအနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား"
    ဆံပင်အဖြူရောင်ဆံပင်နှင့် အဘိုးအို၏ အကြည့်များစူးရှသွားကာ မြေပြင်ကို ခြေတစ်ချက်ပေါက်လိုက်ပြီး ကြောက်မက်ဖွယ်ရာအော်ရာ ထွက်ပေါ်လာသည်။

     “ဟား…ဟား…ဟား…တော်လောက်ပြီ…ခင်ဗျား ကျုပ်ကို ထပ်လှည့်စားဦးမလို့လား"
    မူကွင် ရယ်‌မောချလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now