၄၀၆ - ၄၁၀

487 48 2
                                    


အပိုင်း (၄၀၆) အလင်းစွမ်းအင်

     “သုံးတံခါးမှာ ခြေလှမ်းကိုးရာ့ခြောက်ဆယ်ပါဝင်တယ်...ဒါပေမဲ့ မင်းက ခြေလှမ်းလေးရာကို မင်းရဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ရောက်ရှိနိုင်ခဲ့တယ်...မင်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို နောက်ထပ်စစ်ဆေးဖို့ မလိုတော့ဘူး"
     ဩဇာပြည့်ဝသည့် အသံတစ်သံ ချင်နန်၏ စိတ်ထဲဝင်လာသည်။

     ထို့နောက် ကြီးမားသောစွမ်းအင်သည် ရေကူးနေသည့် နဂါးတစ်ကောင်ကဲ့သို့ ချင်နန်၏ ခန္ဓာကိုယ်ကို ဖြည့်တင်းလိုက်သည်။
     မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်နန်၏ ကျိုးကြေပြဲစုတ်နေသော ခန္ဓာကိုယ်သည် ချက်ချင်းပြန်လည်ကောင်းမွန်လာပြီး တဖြည်းဖြည်း သတိပြန်ဝင်လာသည်။
    ချင်နန် နိုးထလာသည်နှင့် သူ၏ နတ်ဘုရားအာရုံထဲတွင် ခန့်ထည်စွာရပ်နေသော ဆံပင်ဖြူနှင့် အဘိုးအိုကို တွေ့လိုက်ရသောကြောင့် သူအံ့အားသင့်သွားသည်။
    “စီနီယာ...စီနီယာက..."

    “ငါက သုံးထပ်ဆင့်သိုင်းသခင်ပါ"
    အဖြူရောင်ဆံပင်နှင့် အဘိုးအိုသည် တည်တံ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
    “ငါက သိုင်းအရှင်အဆင့်ကို တက်ဖို့ကြိုးစားခဲ့တယ်...ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကံကြမ္မာက ငါ့ကို မျက်နှာသာမပေးခဲ့ဘူး...ဒါကြောင့် အဆုံးမှာ ငါ ကျရှုံးခဲ့တယ်...အဲလိုဖြစ်ပျက်ခဲ့တဲ့အချိန်မှာ ငါအလင်းစွမ်းအင်တစ်ခုကို ရရှိခဲ့တယ်...ဒီနေ့ ငါအဲဒါကို လက်ဆောင်အဖြစ် မင်းကိုပေးမယ်"

    “စီနီယာ...ဒါက..."
    ချင်နန် အံ့အားသင့်သွားသည်။

    သူလှမ်းခဲ့သည် ခြေလှမ်းအရေအတွက်နှင့် ညီမျှသော အကျိုးကျေးဇူး သူရရှိမည်ကို သိပေသည်။ သို့သော်ငြား သုံးထပ်ဆင့်သိုင်းသခင်သည် သု့ကိုယ်သူ ထုတ်ဖော်ပြသ၍ သူ့အား အလင်းစွမ်းအင်ပေးလိမ့်မည်ဟု ချင်နန် မမျှော်လင့်ထားခဲ့ပေ။

    “မစိုးရိမ်ပါနဲ့...အရမ်းဘဝင်မမြင့်နဲ့ မင်းရဲ့ ကျင့်ကြံမှုကို စိတ်ရှည်ရှည်ထား...လုံ့လဝီရိယရှိပြီး ကြိုးစားအားထုတ်တဲ့သူကသာ အဆုံးမှာ အောင်မြင်လိမ့်မယ်"
     အဘိုးအိုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ၏ လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now