၄၇၆ - ၄၈၀

427 54 0
                                    


အပိုင်း (၄၇၆) နတ်ဘုရားသိုင်းဝိညာဉ်ထွက်ပေါ်လာခြင်း

     ချင်နန်သည် ရှောင်ကျုံးဟွှမ်ကို ရှုံးနိမ့်မည်ဟု လူအုပ်ကြီးယုံကြည်နေကြသော်လည်း ချင်နန်သည် အလင်းတန်း မည်မျှများများ ထွန်းလင်းနိုင်မည်ကို သူတို့ သိချင်နေကြသည်။

      ထိုအချိန်၌ ထောင်ချင်းစန့်တို့၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်တချို့ ဖြစ်ပေါ်လာသည်။ သူတို့သည် ချင်နန်၏ သိုင်းပညာပါရမီကို တွေ့မြင်ခဲ့ပြီးသားဖြစ်သည်။

     သူ အံ့ဖွယ်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်မှာလား...

     “မင်းအလင်းတန်းဘယ်နှစ်ခု ထွန်းလင်းနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်"
      သေမင်းကျွန်၏ အသံသည် အလွန်ထက်ရှနေသည်။

      ချင်နန်သည် သူ့အား ကြည့်ရှူခြင်းမရှိပေ။ သူ၏ လက်ကို အနက်ရောင်ကျောက်တိုင်ပေါ်သို့ မြဲမြံစွာ တင်လိုက်သည်။

      ဘန်း...
 
      အနက်ရောင်ကျောက်တိုင်မှ ပထမအဖြူရောင်အလင်းတန်းနှင့် ဒုတိယအဖြူရောင်အလင်းတန်းတို့ တဖြည်းဖြည်းထွက်ပေါ်လာသည်။

     သေမင်းပင်လယ်၏ ကမ်းခြေတွင် တိုက်ခိုက်နေ‌ကြသော ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် အခြားသူများသည် သူတို့၏ တိုက်ပွဲများကို ရပ်လိုက်ကြပြီး သေမင်းစင်မြင့်ကို ကြည့်ရှုလိုက်သည်။

     နေရာတစ်ခုလုံးမှာ တစ်စပြင်တစ်ခုအလား တိတ်ဆိတ်သွားသည်။

     အဖြူရောင်အလင်းတန်းလေးခု...

    အလင်းတန်းငါးခု...

    အလင်းတန်းခြောက်ခု...

    လူအုပ်ကြီး၏ အကြည့်များအောက်တွင်ပင် အလင်းတန်းများသည် ခြောက်ခုမြောက်သို့ အရောက်၌ ရပ်တန့်သွားသည်။

      တစ်ခဏတုံ့ဆိုင်းနေပြီးနောက် လူအုပ်ကြီး၏ ကြားထဲ၌ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားသည်။

    အဖြူရောင်အလင်းတန်းခြောက်ခု...

    “ချေးပဲ....အဖြူရောင်အလင်းတန်းခြောက်ခုတည်းလား"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now