၈၇၁ - ၈၇၅

468 49 0
                                    


အပိုင်း (၈၇၁) ခြိမ်းခြောက်ခြင်း

       ထိုစဉ်အတောအတွင်းချိုင့်ဝှမ်းထဲတွင်…

      ခေါင်းအမြီးဖြူသွေးလင်းယုန် သူတို့၏ ထူးဆန်းသော ပညာရပ်ကို အသုံးပြုပြီးနောက် ရက်စက်ခက်ထန်သော သားရဲကြီးများပမာ ကြောက်စရာကောင်းနေသည်။
     သူတို့၏ တိုက်ခိုက်မှုတိုင်းသည် ရက်စက်ကြမ်းကြုတ်နေပြီး နတ်ဆိုးအော်ရာအငွေ့အသက်ပါဝင်နေကာ သူတို့၏ ရန်သူများကို လွှမ်းမိုးနေသည်။

     ပုံမှန်အားဖြင့် လင်မြောင်ခို၊ တင်ပူဟွေနှင့် သူတို့လူစုသည် ခေါင်းအမြီးဖြူသွေးလင်းယုန်အဖွဲ့နှင့် ရင်ဆိုင်ချိန်၌ သိပ်ပြီး အောက်စည်းသို့ ရောက်ရှိနေလိမ့်မည်မဟုတ်ပေ။
     သို့သော်လည်း လင်မြောင်ခိုသည် ရွှင်ယွင်နှင့် တတိယမင်းသားကို ကာကွယ်ပေးရန်  အာရုံစိုက်ရရုံသာမက လိုဏ်ဂူထဲမှ အခြေအနေကိုလည်း သူမ စိုးရိမ်ပူပန်ရသည်။ ထို့ကြောင့် သူမ၏ စိတ်အခြေအနေမှာ အနည်းငယ်မငြိမ်မသက်ဖြစ်နေပြီး သူမ  စွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးချသည်။

     “တစ်ယောက်ယောက်ထွက်လာပြီ"
    တစ်ချိန်လုံး လိုဏ်ဂူကို ကြည့်နေသော ရွှင်ယွင်သည် ရုတ်တရက် လှုပ်ရှားမှုတစ်ခုကို မြင်တွေ့လိုက်ရသည်။

    ထိုစကားကြားသောအခါ ခေါင်းအမြီးဖြူသွေးလင်းယုန်၊ တတိယမင်းသား၊ တင်ပူဟွေနှင့် အခြားသူများ ခေါင်းလှည့်ကြည့်လိုက်ကြသည်။
 
     ခေါင်းအမြီးဖြူသွေးလင်းယုန်၏ မျက်နှာများမှာလည်း တည်တံ့သွားကြပြီး တင်ပူဟွေတို့ လူစု စိတ်သက်သာရာရသွားကြသည်။

     ထွက်လာသည့်လူမှာ ရန်စုန်နှင့် ရှောင်ဟောင်တို့ဖြစ်သည်ဟု သူတို့ ယူဆကြောင်း ထင်ရှားသည်။

     လင်မြောင်ခိုသည်လည်း သူမ၏ နှလုံးသား ရင်ဘတ်ထဲမှ ခုန်ထွက်‌သွားတော့မည်ဟု ခံစားနေရသည်။ သူမ လက်သီးကျစ်ကျစ်ဆုပ်လိုက်ရာ သူမ၏ လက်ဖဝါးများ ချွေးများ စိုရွှဲလာသည်။
     လိုက်ဂူထဲ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။
     ပုံရိပ်တစ်ခု လိုဏ်ဂူထဲမှ ထွက်လာပြီး ဝင်ပေါက်၏ရှေ့၌ ဖြည်းလေးစွာ ပေါ်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now