၅၁ မှ ၅၅

675 60 0
                                    


အပိုင်း(၅၁) ကြီးမားသော ဆုလာဘ်
   
     ချင်နန် ဒိုဂျိုအဆောက်အဦးသို့ ရောက်သည့်အခါ နေရာတစ်ခုလုံး လူများစွာစုဝေးနေကြသည်။ ချင်နန်၏ ခန့်မှန်းခြေအရ သုံး‌ရာကျော် ရှိပေသည်။

     “ ကြည့်ရတာ တပည့်သစ် အရေအတွက်က ငါခန့်မှန်းထားတာထက်ကို ပိုနေတာပဲ "
     ချင်နန်သည် အံ့ဩသွားပြီး လူအုပ်ကြီးထဲ ရောနှောတိုးဝင် သွားသည်။
     တပည့်သစ် အများစုသည် ချင်နန်အား သိရှိကြ
သော်လည်း ယခုအချိန်တွင် မည်သူကမျှ သူ့အား အရေးမထားနေပေ။
     ချင်နန်၏ ရန်သူဖြစ်သည့် လင်းဇီရှောင်သည်ပင် ယခုအချိန်တွင် ချင်နန်နှင့် အချိန်မဖြုန်းနိုင်ပါ။
    
     “ ဒီနှစ်အတွက် စိတ်ဝိညာဉ်ကျောင်းက စုဆောင်းထားတဲ့ တပည့်သစ်တွေက တော်တော်များတာပဲ၊ လူဘယ်နှစ်ယောက်လောက်က ငါ့ရဲ့အာရုံစိုက်မှုနဲ့ ထိုက်တန်လဲဆိုတာ  နတ်ဘုရားသိုင်းဝိညာဉ်ရဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်မယ် "
     ချင်နန်သည်မည်သူမျှ သတိမထားမိပဲ ဒိုဂျိုအဆောက်အဦးတစ်ခုလုံးကို သူ၏နတ်ဘုရားသိုင်းဝိညာဉ် မျက်လုံးများဖြင့် စစ်ဆေးလိုက်သည်။
     တပည့်သစ်အားလုံးသည် တစ်စုံတစ်ယောက်က သူတို့ကို ဘက်စုံစစ်ဆေးမှု မစခင် စစ်ဆေးနေလိမ့်မည်ဟု မည်သူမျှ မထင်မိကြချေ။
     ချင်နန်၏ စစ်ဆေးမှုသည် အမွှေးတိုင် နှစ်တိုင်စာ ကုန်ဆုံးသွားမှ ပြီးဆုံးသွားသည်။
     နောက်ဆုံးရလဒ်သည် ချင်နန်၏ မျက်နှာအား လေးနက်သွားစေသည်။
     သူ၏နောက်ဆုံး တွေ့ရှိချက်အရ လူအယောက်‌လေးဆယ်သည် သူ၏ အာရုံစိုက်ခံရမှုနှင့် ထိုက်တန်ပေသည်။ သူမှတ်ချက်ချရန် လူပေါင်းကား ရှစ်ဆယ်ကျော် ရှိပေသည်။

     ထိုရှစ်ဆယ်ကျော်သော လူတစ်ယောက်ချင်းစီ၏  ကျင့်ကြံမှုသည် အနည်းဆုံး ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနှစ် တွင်ရှိပြီး ချင်နန်ထက် နှစ်ဆင့်မြင့်ပေသည်။
     ထို့အပြင် တပည့်သစ်အများစုသည် ကုန်လွန်ခဲ့သော ဆယ်ရက်အတွင်း သူတို့ကိုယ်သူတို့ တိုးတက်အောင် ပြုလုပ်ထား‌ခြင်းဖြစ်သည်ကို နားလည်သွားသည်။
     ဥပမာအားဖြင့် ချင်နန်၏ ရန်သူဖြစ်သည့် လင်းဇီရှောင်၏ ကျင့်ကြံမှုသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကိုးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now