၅၆၁ - ၅၆၅

417 45 0
                                    


အပိုင်း (၅၆၁)ကျိုးကြောင်းမဆီလျော်သော

      ဥပဒေစိုးမိုးရေးအဖွဲ့သည် ကျားဖြူမြို့တွင် မြင့်မားသော အခွင့်အာဏာပိုင်ဆိုင်ကြောင်း ပြောစရာမလိုပေ။ အချို့ကိစ္စများတွင် သူတို့၏ ခေါင်းဆောင်သည် အကြီးအကဲဝမ်နှင့် ရှီအောက်တို့ထက်ပင် ပို၍သာလွန်ပေသည်။

     အကြီးအကဲဝမ်သည် မျက်နှာတည်သွားသည်။

    ချင်နန်သည် အသံပိုင်ရှင်ကို အာရုံစိုက်လိုက်သည်။
     သူသည် တင်းမာသော မျက်နှာထားဖြင့်  လေထဲတွင် လက်နောက်ပစ်ကာ လျှောက်လှမ်းလာသော အနက်ရောင်ဆံပင်နှင့် အဘိုးအိုကို တွေ့လိုက်ရသည်။
     သူ၏ ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့ဟိတ်ဟန်ကြီးမားသော အော်ရာတစ်ခုထွက်ပေါ်လာသည်။
    လူအုပ်ကြီးသည် သူတို့၏ အပေါ်ကို ကြီးမားသော ကျောက်တုံးကြီးတစ်တုံးဖိချလိုက်သကဲ့သို့ အနည်းငယ် အသက်ရှူမွန်းသွားကြသည်။
     ဥပဒေစိုးမိုးရေးအဖွဲ့ခေါင်းဆောင်ဟူလုံသည် သိုင်းအရှင်အထွတ်အထိပ်အဆင့်ကျင့်ကြံမှုကို ပိုင်ဆိုင်ပေသည်။

     ပထမမင်းသားနှင့် နဝမမင်းသားတို့ အံ့အားသင့်သွားကြသည်။ ဥပဒေစိုးမိုးရေးအဖွဲ့ခေါင်းဆောင် ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
    ယခုအချိန်တွင် အကြီးအကဲဝမ်ပင် ချင်နန်ကို ကာကွယ်ပေးနိုင်တော့မည်မဟုတ်ပေ။

    “ခေါင်းဆောင်ဟူလုံ ငါတို့ ဗာမီလီယံငှက်တပ်စုက တော်ဝင်မိသားစုကို အမြဲတမ်းသစ္စာရှိခဲ့တယ်..အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိစရာမလိုဘူး...မင်းငါတို့ကို ဒီလိုအပြစ်တင်လို့မရဘူး..ဒါ့အပြင် ဒီလမ်းပေါ်က မှတ်ဉာဏ်ဝင်္ကပါကို အသက်သွင်းလိုက်ရင် မင်းအမှန်တရားကို အလွယ်တကူရှာလို့ရတယ်...သွမ့်ချင်းကို သုံးရက်ဖမ်းဆီးထားစရာ ဘာအကြောင်းရှိလို့လဲ"
    အကြီးအကဲဝမ်၏ လေသံ အေးစက်သွားကာ ဆက်ပြောလိုက်သည်။
     “ငါတို့ တပ်စုခေါင်းဆောင် ဒီနေရာရောက်လာတာကို မင်းမြင်ချင်လို့လား"

     စကားလုံးများ‌ကြောင့် ရှီအောက်၏ မျက်နှာပေါ်တွင်  အထင်သေးမှု အရိပ်အမြွက်အချို့ ပြည့်နှက်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Dove le storie prendono vita. Scoprilo ora