၆၁ မှ ၆၅

659 58 0
                                    


အပိုင်း(၆၁) နဂါးချီ
 
     ရှောင်လန်အား အန္တရယ်ကင်းစေရန် ချင်နန်သည် သူ၏ လျှို့ဝှက်ဂူဆီကို ခေါ်ဆောင်လာခဲ့သည်။
     ရှောင်လန်အား ဂူအလယ်လောက်တွင် နေရာချပေးခဲ့သည်။ ထို့နောက်တွင် သူသည်အချိန်မဖြုန်းတော့ဘဲ ဂူအတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့သည်။
     ရှောင်လန်သည် အံ့အားသင့်စွာဖြင့် ဂူအတွင်းပိုင်းထဲ ဝင်သွား‌သော ချင်နန်၏ နောက်ကျောအားကြည့်ကာ တစ်ကိုယ်တည်း တွေးတောနေသည်။

     “ ဒါ ငါ့ဘဝမှာ ပထမဆုံးအကြိမ် ကိုယ့်ကိုကိုယ် အရမ်းယုံကြည်မှုရှိတဲ့ တစ်စုံတစ်ယောက်ကို တွေ့ဖူးတာပဲ၊ လင်းဇီရှောင်နဲ့ အကြီးအကဲငါးဦးတောင် သူ့ရဲ့အာရုံစိုက်မှုနဲ့မထိုက်တန်ဘူးဆိုပဲ "
     ရှောင်လန်သည် ထိုအတွေးနှင့်အတူ မသက်မသာပြုံးကာ ခေါင်းခါရမ်းလိုက်သည်။
    
     ချင်နန်သည် ဝမ်းမန်နှင့် သူ၏အဖွဲ့ကို သတ်ဖြတ်လိုက်စဉ်အခါက ဒီချင်နန်သည် အနာဂတ်တွင် အောင်မြင်မှုကြီးကြီးမားမားရရှိလာမည်ကို  ရှောင်လန်နားလည်ခဲ့သည်။ ထို့ကြောင့် နှိမ့်နှိမ့်ချချ နေရန်နှင့် မမောက်မာရန်အကြံပေးခဲ့သည်။
     သို့သော်လည်း ချင်နန်သည် သူ့အား ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည့်အပြင် လင်းဇီရှောင်နှင့် အကြီးအကဲငါးဦးလုံးကို သူ့မျက်စိထဲတောင် မထည့်ထားဘူးဟုပင် ပြန်လည်ပြောဆိုခဲ့သေးသည်။
    
     လင်းဇီရှောင်က ဘယ်သူလဲ၊ ဟွှာအဆင့်ကိုး သိုင်းဝိညာဉ်ပိုင်ဆိုင်ထားသည့် ထိပ်တန်းဂျီးနီးယပ် တစ်ယောက်ဖြစ်ပြီး အနာဂတ်တွင် အကန့်အသတ်မဲ့ အလားအလာနှင့်သူဖြစ်သည်။

     အကြီးအကဲ ငါးယောက်ကကော ဘယ်သူတွေလဲ၊ စိတ်ဝိညာဉ်ကျောင်း၏ အဓိကကျသော အခန်းဏ္ဌတွင် ပါဝင်ပြီး  မြင့်မားသောရာထူးနှင့်အတူ ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။
    
     ချင်နန်သည် ဟွှာအဆင့်ရှစ်သိုင်းဝိညာဉ်သာ ပိုင်ဆိုင်ထားသည်။ သူသည် အဘယ့်ကြောင့် လင်းဇီရှောင်နှင့် အကြီးအကဲငါးဦးအား လေးစားမှုမရှိရသနည်း...
    
     “ ဟူး......ချင်နန်က ငယ်သေးတယ်၊ လင်းဇီရှောင်နဲ့ အကြီးအကဲငါးဦးက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သူမသိဘူး၊ အချိန်တန်တဲ့အခါကျရင် သူနားလည်သွားပါလိမ့်မယ်လေ  "
     ရှောင်လန်သည် ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်လိုက်သည်။ ထို့နောက်တွင် သူသည် ခြေနှစ်ဖက်ကို ဖြတ်ထိုင်ချလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။
    
     ချင်နန်သည် ရှောင်လန်မည်သည့်အ‌ကြောင်းအရာကို တွေးတောနေသည်ကို မသိရှိပေ။ သူသည် ယခု ဂူအတွင်းပိုင်းသို့ရောက်ရှိနေပြီး ခြေနှစ်ဖက်ချိတ်ထိုင်လျက် နတ်ဘုရားသိုင်းဝိညာဉ်ကို ထုတ်ဖော်ထားသည်။
    
     “ ဒီရှန်းရွှင်ဆေးငါးဆယ်က နောက်တစ်ဆင့် ရောက်နိုင်မလားဆိုတာ ကြည့်ရမယ် "

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Où les histoires vivent. Découvrez maintenant