၆၃၁ - ၆၃၅

509 43 0
                                    


အပိုင်း (၆၃၁) ကျွမ်းကျင်သူလေးယောက်၏ ထောက်ခံမှု

    ထို့နောက် စာအကြောင်းသည် ကုန်သွယ်ရေးမဟာမိတ်တစ်ခုလုံးကို ဂယက်ထသွားစေသည်။
    သွမ့်ချင်းသည် အမှန်တကယ်သူခိုးဖြစ်ကာ ကုန်သွယ်ရေးမဟာမိတ်ရှုပ်ထွေးစေရန် စာကို ချန်ထားခဲ့သည်ဟု အချို့က ဆိုကြသည်။
    သို့သော်လည်း အများစုမှာမူ သွမ့်ချင်းမဟုတ်ဟု ယုံကြည်ကြပေသည်။
    သွမ့်ချင်းက တရားခံဆိုပါက မည်သည့်သက်သေအထောက်အထား ရှိပါသနည်း…

    ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်နှင့် အခြားသူများသည် သွမ့်ချင်းကို ဖမ်းကာ စစ်မေးချင်သော်လည်း လက်ရှိ၌ သူသည် ဗာမီလီယံငှက်တပ်စုတွင် ဖြစ်သောကြောင့် အံတင်းတင်းကြိတ်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ပေ။  နီလာသွေးသမုဒ္ဒရာဖွင့်လှစ်ကာ သူတို့ သွမ့်ချင်းကို တစ်စုံတစ်ခုလုပ်နိုင်သည့် အချိန်ထိ စောင့်ရုံသာ တတ်နိုင်ပေသည်။
    သို့သော်ငြားလည်း ကုန်သွယ်ရေးမဟာမိတ်သည် သူတို့၏ ဂုဏ်သတင်းပျက်စီးသွားရုံမှတစ်ပါး သိသိသာသာ ဆုံးရှုံးမှုမခံစားခဲ့ရပေ။

    ထိုစဉ်အတောအတွင်း ဗာမီလီယံငှက်တပ်စုနှင့် မဝေးသော တောင်တန်းတစ်ခုထဲတွင်…

   ဘန်း…

   ရွှေရောင်ရောင်ခြည်တန်း ရှစ်ခုနှင့် ထည်ဝါသော နတ်ဘုရားသိုင်းဝိညာဉ်သည် ကြောက်မက်ဖွယ်ရာစုပ်ယူအားကို ထုတ်လွှတ်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားထဲမှ ချီစွမ်းအင်များကို စုပ်ယူနေသည်။

    ချီများသည် အမျိုးမျိုးသော သားရဲများ၊ ဒြပ်စင်များအဖြစ် ပြောင်းလဲနေကြပြီး ချင်နန်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်နေကြသည်။

    ပတ်ဝန်းကျင်မှ သားရဲတိုင်းသည် တုန်လှုပ်ဖွယ်ရာမြင်‌ကွင်းကြောင့် ကြောက်ရွံ့နေကြသည်။
    ၎င်းသည် ‘ဒီ'အဆင့်ရှစ်သိုင်းဝိညာဉ်၏ စွမ်းရည်ဖြစ်သည်။
    ချင်နန်သည် ဗာမီလီယံငှက်တပ်စုကို ပြန်လာကတည်းက ဤနေရာ၌ ကျင့်ကြံနေခဲ့သည်မှာ ဆယ်ရက်ပင် ရှိသွားပြီဖြစ်သည်။

    “သိပ်သည်း"
    ချင်နန်၏ မျက်လုံးများ ပွင့်လာသည်။

   သူ၏ ခန္ဓာကိုယ်ထဲမှ သိုင်းအရှင်ပုံဆောင်ခဲသည် ဆူညံသံတစ်ခု ထုတ်လွှင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲတွင် စုဆောင်းထားသော ချီစွမ်းအင်များကို စုပ်ယူသွားကာ သိုင်းအရှင်အဆင့်အင်အားကို မွေးထုတ်လိုက်ပြီး စုစုပေါင်း စီးကြောင်းခြောက်ရာဖြစ်သွားသည်။
   
    “နတ်ဘုရားသိုင်းဝိညာဉ်က ‘ဒီ'အဆင့်ရှစ်ဆိုပေမဲ့ ကျင့်ကြံတာ ကြာတုန်းပဲ"
   သူသည် သိုင်းအရှင်အဆင့်အင်အားစီးကြောင်းတစ်ခုကိုသာ သိပ်သည်းနိုင်ခဲ့သောကြောင့် သိုင်းအရှင်အင်အားတစ်ဆယ်စီးကြောင်း သိပ်သည်းလိုပါက ရက်တစ်ရာလိုအပ်လိမ့်မည်ဖြစ်သည်။
     သူ့အတွက် သိုင်းအရှင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် သို့မဟုတ် မရှုံးနိမ့်နိုင်သော သိုင်းအရှင်အဆင့်သို့ ရောက်ရှိရန် မည်မျှကြာမည်ကို သူ မသိပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now