၉၃၆ - ၉၄၀

397 44 1
                                    


အပိုင်း (၉၃၆) မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့ခြင်း

   တစ်ဆယ့်သုံးခုမြောက်ဒိုဂျိုသို့ ခြေချလိုက်သောအခါ အရပ်မျက်နှာအားလုံးမှ မရေမတွက်နိုင်သော အကြည့်များသည် ချက်ချင်းပင် ချင်နန်ပေါ်သို့ ကျရောက်လာသည်။

      သူသည် လူအများ၏ အာရုံစိုက်ရာဖြစ်လာသည်ကို သတိမပြုမိသကဲ့သို့ ချင်နန် ရှေ့ကို ကြည့်လိုက်သည်။

       တူးရင်းဒိုဂျို၏ သွင်ပြင်မှာလည်း ပြောင်းလဲနေသည်။ ဒိုဂျို၏ ဝန်းကျင်၌ ကျောက်ဖြူထိုင်ခုံတစ်ထောင်ရှိနေသည်။ လက်ရှိ၌ ကျောက်ထိုင်ခုံ ခုနှစ်ရာကျော်ပေါ်တွင် အဖွဲ့အစည်းအသီးသီးမှ ဂျီးနီးယပ်များ ထိုင်နေကြသည်။
     အလယ်၌ မတူညီသော ရှေးဟောင်းအုတ်အမျိုးအစားတစ်ဆယ့်ငါးမျိုးဖြင့် ဆောက်လုပ်ထားသော စင်မြင့်တစ်ခုရှိနေပြီး  အော်ရာခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေသည်။

    စင်မြင့်ပေါ်၌ ဘုရင်သံတမန်သည် ပုံရိပ်ယောင်ပမာ တိတ်ဆိတ်စွာဖြင့် ရပ်နေသည်။ သို့သော်လည်း ချင်နန်ရောက်ရှိလာသောအခါ ဘုရင်သံတမန်၏ ခန္ဓာကိုယ်တုန်ခါသွားပြီး မကြာမီ၌ ငြိမ်သက်သွားသည်။

     ဝီ…

  ရုတ်တရက် အဝေးမှ မှော်ဆန်သော အင်အားတစ်ခု ချဉ်းကပ်လာသည်။ သန့်စင်သော အဖြူရောင်အလင်းတစ်ခုသည် ချင်နန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး နံပါတ်နှစ်ထောင့်တစ် ကျောက်ထိုင်ခုံဖြူဆီသို့ ဆွဲခေါ်သွားသည်။
     နဂါးအင်ပါယာကလန်၏  တပည့်များသည်လည်း ထို့အတူပင် သူတို့၏ ထိုင်ခုံအသီးသီးသို့ ရောက်ရှိသွားသည်။

     “သူတို့က နဂါးအင်ပါယာကလန်ကလား…"

     “ဟူး…ဒီကောင်တွေကလည်း သန်မာလွန်းတယ်"

     “ ရှေ့ဆုံးက လူငယ်က ဘယ်သူလဲ"

      ဆွေးနွေးမှုများစွာ ဖြစ်ပွားနေသည်။

     “သိုင်းဘီဘင်အထွတ်အထိပ်အဆင့်၊ သိုင်းဘီဘင်အဆင့်သုံး၊ သိုင်းဘီဘင်အဆင့်တစ်၊ တျန်အဆင့်လေးသိုင်းဝိညာဉ်…"
     ချင်နန် သူ၏ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို စစ်ဆေးလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now