၇၄၆ - ၇၅၀

435 44 0
                                    


အပိုင်း (၇၄၆) လုံယန်ရွတ်ဆိုခြင်း

     အော်ရာမှာ သိုင်းသူတော်စင်အဆင့်မဟုတ်သော်လည်း လျှို့ဝှက်ဆန်းကြယ်စွာဖြင့် လျင်မြန်စွာ မြင့်တက်လာသည်။
      မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် သိုင်းသူတော်စင်အဆင့်ကဲ့သို့ သာလွန်ပြီး သိုင်းသူတော်စင်အဆင့်သုံး အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ထက်ပင် ကျော်လွန်ပေသည်။
     
       ချင်နန် အလွန်အံ့အားသင့်သွားသည်။

    ယုလျိုရှားသည် ဤအချိန်၌ အနစ်နာခံလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

    ယုလျိုရှားသည် သူ၏ ကံကြမ္မာကို ပြောင်းလဲခဲ့သော်လည်း ‘ဒီ'အဆင့်ကိုးသိုင်းဝိညာဉ်ကိုသာ ပိုင်ဆိုင်ပြီး သူ၏ စွမ်းအားသည် သိပ်ထူးခြားခြင်းမရှိပေ။ သို့သော်လည်း ဤကဲ့သို့ အစွမ်းထက်သော လျှို့ဝှက် ပညာရပ်ကို အသုံးပြုသောကြောင့် ၎င်းသည် သေချာပေါက် တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရလိမ့်မည်ဖြစ်သည်။

    “မလုပ်…"
   ချင်နန် ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
   သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် ယုလျိုရှား၏ ခန္ဓာကိုယ် ရှေ့သို့ တဟုန်ထိုးပြေးတက်သွားသည်။

   ရွှစ်…
   
   ယုလျိုရှား မြေပြင်ကို ခြေတစ်ချက်ပေါက်လိုက်ပြီး အလင်း၏ အမြန်နှုန်းဖြင့် အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ဆီသို့ တဟုန်ထိုးသွားလိုက်သည်။ သူ၏ နောက်ကျောမှ မက်မွန်ပွင့်ချပ်များ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ပြည့်နှက်သွားကာ အမွေအနှစ်နယ်မြေသည် ပွင့်ချပ်ပင်လယ်ဖြစ်သွားသည်။

     “မင်းက ဒီလိုကြောက်မက်ဖွယ်ရာပညာရပ်မျိုးကို တတ်မြောက်ထားလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ…ဒါပေမဲ့ ငါက အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ပဲ…မင်းငါ့ကို ဆန့်ကျင်လို့ ရမယ်လို့ ထင်နေတာလား"
   အလင်းလှုပ်ခါခြင်းသိုင်းဘီဘင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

    သူ၏ ခန္ဓာကိုယ်မှ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ပင်လယ်ပြင်မှ လှေတစ်စင်းပမာ လူးလွန့်နေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now