၉၈၁ - ၉၈၅

436 40 0
                                    


အပိုင်း (၉၈၁) မင်းက ငါ့ကို အရမ်းစိတ်ပျက်စေတယ်

       ဘန်း…

    ပတ်ဝန်းကျင်မှ မီးလျှံများသည် ကြီးမားကျယ်ပြန့်လာပြီးနောက် မီးနဂါးတစ်ရာကျော်အဖြစ် ပြောင်းလဲသွားသည်။ မီးနဂါးတစ်ရာကျော်သည် လေထဲ ပျံသန်းလာကာ ချင်နန်ကို ကုတ်ဆွဲလိုက်သည်။
     ထိုအချိန်၌ သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူပင် ရှင်သန်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

      “ဒီလိုကြောက်ဖို့ကောင်းတဲ့ အကာအကွယ်ယန္တရား…ပန်းငါးပွင့်က ငါထင်ထားတာထက် ပိုပြီး အဖိုးတန်တာလား"
     ချင်နန်၏ စိတ်ထဲ အတွေးတစ်ခုဝင်ရောက်လာပြီး ချက်ချင်းပင် စစ်နတ်ဘုရား၏ ပထမပုံစံကိုသုံး၍ သူ၏ တိုက်ခိုက်ချင်စိတ်ကို မြှင့်တင်လိုက်သည်။ သူ၏ ဘယ်ဘက်မျက်လုံး ခရမ်းရောင်တောက်ပသွားပြီးနောက် သူ၏ ပုံရိပ်သည် မရပ်တန့်နိုင်သော ခြေလှမ်းများနှင့် လျင်မြန်စွာ ရွေ့လျားသွားကာ သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။

     ဘန်း…ဘန်း…ဘန်း…

      ချင်နန်သည် တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး မီးနဂါးများ၏ ကုတ်ဆွဲကိုက်ခဲမှုများကို ဘယ်ဘက်လက်ဖြင့် ပိတ်ဆို့လိုက်သည်။ 

     ထို့နောက် သူသွားချင်သည့် ဘက်ကို ရွေ့လျားလိုက်သည်။

    မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အခြားဘက်သို့ ရောက်ရှိသွားပြီး ပန်းငါးပွင့်ကို ယူရန် အခွင့်အရေးရသွားသည်။ သူ ချက်ချင်းပင် ပန်းငါးပွင့်လုံးကို ယူလိုက်သည်။

    ဝေါင်း...

   မီးနဂါးများသည် ဒေါသထွက်သွားကြပုံရကာ နေရာတစ်ခုလုံးဖျက်ဆီးတော့မည်ကဲ့သို့ ချင်နန်ရှိရာသို့ ဒေါသတကြီးဖြင့် ဟိန်းဟောက်၍ လာလိုက်ကြသည်။

    “သိုင်းသစ်ပင်တွေ"
    နောက်ဆုံးအခိုက်အတန့်၌ ချင်နန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သိုင်းသစ်ပင်ကိုးပင်ကို ထုတ်လွှတ်လိုက်သည်။

     သူ၏ ညာဘက်လက်သည် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာအဖြစ် ပြောင်းလဲသွားပြီး သူ၏ နောက်မှ နတ်ဘုရားသိုင်းဝိညာဉ်ထွက်ပေါ်လာကာ သူ၏ အသန်မာဆုံးအခြေအနေသို့ရောက်ရှိသွားပြီး ပိုင်းချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now