၃၀၁ - ၃၀၅

517 52 0
                                    


အပိုင်း(၃၀၁)အိမ်မက်ဆိုးစတင်ခြင်း

      ရှေးနဂါးလေလံခန်းမ၏ ဒုတိယထပ်တွင်....

      သာယာသောကူချင်းတီးသံသည် နေရာတစ်ခုလုံးအား လွှမ်းမိုးထားပြီး  ကျင့်ကြံသူများမှာ တစ်ယောက်နှင့်တစ်ယောက် အသီးသီး စကားပြောနေကြ၏။
     ကျန်းဟွမ်၊ နတ်နားခြောက်ဖက်ရှင်၊ တစ်ဖက်သောလက်သိုင်းသခင်၊ အလိမ္မာဓားသခင်၊ အဖြူရောင်ဝတ်စုံနှင့် သူတော်စင်မိန်းကလေး၊ ဖုန်းယွီ၊ ချင်ရှင်းစားသောက်ဆိုင်ပိုင်ရှင်နှင့် ဂျီးနီးယပ်များဖြစ်ကြသည့် လန်ကျင့်ရှုံ၊ ဟွန်ဖူတို့အပါအဝင် လူတော်တော်များများ ရှိနေကြသောကြောင့် ဒုတိယထပ်မှာ သက်ဝင်လှုပ်ရှားလျက်ရှိသည်။

    “ ဒီနေရာမှာရှိတဲ့လူတိုင်းကို ကျွန်မ အကူအညီတစ်ခုလောက်တောင်းချင်ပါတယ် "
    အဖြူရောင်ဝတ်စုံဝတ်ဆင်ထားကာ မျက်နှာဖုံးကွယ်ထားသော သူတော်စင်မိန်းကလေးသည် နူးညံ့သိမ်မွေ့သော အသံဖြင့်ပြောလိုက်သည်။

    လူအုပ်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားကြပြီး သူတော်စင်မိန်းကလေးကို အာရုံစိုက်လိုက်သည်။

    “ သိပ်မကြာခင်တုန်းက လုံဟွာနိုင်ငံက ချင်နန်လို့ခေါ်တဲ့ ဂျီးနီးယပ်တစ်ယောက်က ကျန်းဟွမ်မြို့တော်ကို ရောက်လာခဲ့တယ် "
    သူမ၏ မျက်နှာကိုဖုံးကွယ်ထားသော်လည်း လူအုပ်ကြီးသည် သူမ၏ မျက်နှာပေါ်မှ ချိုသာသောအပြုံးကို ခံစားနိုင်ပေသည်။
    “ ကျွန်မနဲ့ ချင်နန်နဲ့ ကြားမှာ ပဋိပက္ခရှိခဲ့ပေမဲ့ ကျန်းဟွမ်မြို့ရဲ့ စည်းမျဉ်းကြောင့် ကျွန်မ ဘာမှ မတတ်‌နိုင်ခဲ့ပါဘူး...ဒါ့ကြောင့် သူ့ကို ကမ္ဘာကြီးမှာ ဘယ်လိုနေသင့်ထိုင်သင့်တယ်ဆိုတာ နားလည်စေဖို့ ကျွန်မ ရှင်တို့ရဲ့ အကူအညီလိုအပ်ပါတယ်...ဒီလို လုပ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်မ ဆုအကြီးကြီးပေးပါမယ် "

    အစွမ်းထက်ကျင့်ကြံသူများနှင့် ဂျီးနီးယပ်များ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
    ၎င်းသည် ကုန်သွယ်ရေးမဟာမိတ်၏ သူတော်စင်မိန်းကလေးဖြစ်သည်။ သူတော်စင်မိန်းကလေး၏ ကျေးဇူးကြွေးတင်ခြင်းကိုသာ ခံရပါက အလွန်အကျိုးရှိလိမ့်မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now