၄၂၆ - ၄၃၀

447 50 0
                                    


အပိုင်း (၄၂၆) လောင်းကစားမြို့တော်၏ ဆက်ခံသူ

     “ဒါကို အများကြီး တွေးမနေနဲ့...ငါ အရင်ဆုံးချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်ရဲ့ ဆက်ခံခွင့်နေရာကို ရှာရမယ်"
    ချင်နန် စိတ်အေးအေးထားလိုက်သည်။

   ယခုအချိန်၌ သူ၏ သံသယများကို ဖြေရှင်းပေးနိုင်မည့် နည်းမရှိပေ။ ထို့ကြောင့် နောက်ထပ် ဆက်လက်တွေးတောနေမည့်အစား သူ၏ ကျင့်ကြံမှု သိုင်းဘိုးအေအထွတ်အထိပ်အဆင့်သို့ရောက်အောင် စွမ်းဆောင်၍ ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်ဆီသို့သွားကာ သူ၏ သံသယများကို ရှင်းလင်းရန်သာ တတ်နိုင်သည်။
    ထို့နောက် လေးယောက်သည် ဆက်ခံခွင့်ရှိသည့်နေရာသို့ ဦးတည်ကာ ခရီးဆက်လာကြသည်။

     ထိုအချိန်၌ ချင်းလုံဆန်းကြယ်နယ်မြေအတွင်းရှိ တောင်တစ်တောင်တွင်...

     တောင်၏ ထိပ်တွင် လူနှစ်ယောက်ရပ်နေလျက်ရှိသည်။ သူတို့ထဲမှ တစ်ယောက်သည် ယန်ထိုင်ထျန်ဖြစ်သည်။ သူ၏ ဘေးတွင် ရပ်နေသော အခြားလူငယ်မှာမူ သာမန်အဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး သူ၏ မျက်နှာပေါ်တွင် သူ၏ အရိုးထဲမှ ထွက်ပေါ်လာသော ခပ်ဖျောဖျော့မာနပြုံးတစ်ခုဖြစ်ပေါ်နေသည်။
   အကယ်၍ အခြားဂျီးနီးယပ်တစ်ယောက် ဤနေရာတွင် ရှိနေပါက ဤလူငယ်သည် ရှောင်ကလန်၏ သားသုံးယောက်ထဲမှ လောင်းကစားမြို့တော်၏ ဆက်ခံသူ‌ရှောင်ဟောင်ဖြစ်ကြောင်းကို သိရှိလိမ့်မည်ဖြစ်သည်။

      “သတင်းအချက်အလက်အရ မင်းသမီးမြောင်မြောင်က ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်ရဲ့ ဆက်ခံခွင့်ရှိတဲ့ နေရာကို သွားနေပြီ"
     ယန်ထိုင်ထျန် မသာမယာမျက်နှာထားဖြင့် ရှိနေသည်။
    သူသည် သူ့အဖေ၏ အမိန့်အတိုင်း ချင်းလုံဆန်းကြယ်နယ်မြေတွင် ပါဝင်ကာ ချင်နန်ကို သတ်ရန် ကြံရွယ်ခဲ့သည်။ သို့သော်လည်း သူ၏ ဆက်ခံခွင့်သည် ဤနေရာတွင်ရှိသည်ဟု ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင် ကြေငြာခဲ့သောအခါ သူ၏ အဓိကဦးတည်ချက်ကို ပြောင်းလဲခဲ့သည်။ သို့သော်ငြား မင်းသမီးမြောင်မြောင်သည် ဤမျှအစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
    သူသည် ချင်နန်ကို မရှင်းနိုင်ခဲ့ရုံသာမကဘဲ ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်၏ ဆက်ခံခွင့်ကိုလည်း မရရှိခဲ့ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now