အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၉၃၁ - ၉၃၅

475 49 0
By Azure5549


အပိုင်း (၉၃၁) လက်ထဲမှလွတ်ခြင်း

     ထိုစဉ်အတောအတွင်း နဂါးအင်ပါယာကလန်၏ လျှို့ဝှက်သော နေရာတွင်…

      “ချင်နန်က စမ်းသပ်မှုမှာ ဘယ်လိုလုပ်ပြမလဲဆိုတာ ငါမသေချာဘူး"
    နဂါးအင်ပါယာ သူ၏ လက်များကိုနောက်ပစ်လိုက်သည်။ သူ၏ မျက်လုံးများထဲ၌ မျှော်လင့်ချက်များနှင့် စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စ ရောပြွမ်းနေသည်။
 
     “ခစ်…ခစ်…ခေါင်းဆောင်…ဒီကလေးက ထူးခြားတယ်လို့ ရှင်ပြောခဲ့တယ်မဟုတ်ဘူးလား…ဘာလို့စမ်းသပ်မှုမှာ သူက စွမ်းဆောင်ရည်မကောင်းမှာကို စိုးရိမ်နေတာလဲ…"

   “သူ့ရဲ့ ပါရမီက ထူးချွန်တယ်…ဒါပေမဲ့…"
    နဂါးအင်ပါယာ စကားရပ်လိုက်သည်။

     သိုင်းဘီဘင်အဆင့်နှစ်ကျင့်ကြံမှုဖြင့် ကျင့်ကြံမှုစည်းမျဉ်းများကိုချိုးဖျက်ပြီး သူ့ထံ၌ အပိုသိုင်းသစ်ပင်တစ်ပင်ရှိလျှင်ပင် သူ၏ စွမ်းအားသည် စမ်းသပ်မှုတွင်ပါဝင်သော အတွင်းစည်းတပည့်များထဲ၌ အရေးပါခြင်းမရှိပေ။

     “တကယ်လို့ သူထိပ်ဆုံးဆယ်ယောက်ထဲဝင်ရင်ကိုပဲကျေနပ်ပါပြီ"
    နဂါးအင်ပါယာကလန် သူ၏ နှလုံးသားထဲ ရေရွတ်လိုက်သည်။

    “ဟမ်"
    ရုတ်တရက် ကိုးမြီးသိုင်းဘုရင်သားရဲ ရှုပ်ထွေးသည့် မျက်နှာထားဖြင့် ဖြစ်သွားသည်။

     “ဘာဖြစ်လို့လဲ"
   နဂါးအင်ပါယာ မေးလိုက်သည်။

    “ဒါ…"
    ကိုးမြီးသိုင်းဘုရင်သားရဲ၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုများ ဖြစ်ပေါ်နေပြီး ပြောလိုက်သည်။  
     “စမ်းသပ်မှုပြီးသွားပြီ"

    စကားလုံးများသည် တုန်လှုပ်ဖွယ်ရာမိုးကြိုးတစ်စင်းပမာပင်ဖြစ်သည်။

     ထိုစဉ်အတောအတွင်း ဦးချိုပြာမြင်းတောင်၏ လျှို့ဝှက်ဆန်းကြယ်သော ခန်းမထဲတွင်…

     ပထမအကြီးအကဲဟွာလေ ခေါင်းဆောင်နေရာ၌ ထိုင်နေသည်။ သူသည် သူ၏ အော်ရာကို မထုတ်လွှတ်ထားသည့်တိုင် သူ၏ တည်ရှိမှုတစ်ခုတည်းကတင် ကြောက်စရာကောင်းသည်။
    သူ၏ ရှေ့၌ ဟွာတိချန်း၊ ရွှင်လီနှင့် အခြားထိပ်ပိုင်းခေါင်းဆောင်အချို့ ထိုင်နေကြသည်။

    “အားလုံးကို ကျေးဇူးတင်ပါတယ်"
   ဟွာတိချန်း ထိပ်ပိုင်းခေါင်းဆောင်များကိုကြည့်၍ သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။

    “ဟား…ဟား…သခင်လေးဟွာ ဒါမလိုပါဘူး…ဒီချင်နန်က သူ့ကိုယ်သူ အရမ်းဘဝင်မြင့်လွန်းတယ်…အခုက ကျုပ်တို့အတွက် သူ့ကို သင်ခန်းစာပေးရမဲ့အချိန်ပဲ…အတွင်းစည်းတပည့်စမ်းသပ်မှုမှာ သူအသက်ရှင်ဖို့ လမ်းမရှိဘူး"
     ရွှင်လီ ရယ်မောလိုက်သည်။

    ဟွာလေ ဘာမှမပြောဘဲ ခေါင်းခါယမ်းလိုက်သည်။ အတွင်းစည်းတပည့်စမ်းသပ်မှုကို စောစောကျင်းပပေးရန် ဟွာတိချန်း စတင်တောင်းဆိုစဉ်က သူ အလွန်အင်တင်တင်ဖြစ်နေခဲ့သည်။
     ချင်နန်လို ပါမွှားလေးကိုဖယ်ရှားဖို့ ဒီလောက်လိုလို့လား…

   သူ့ဆီ၌ တျန်အဆင့်တစ်သိုင်းဝိညာဉ်သာရှိသည်။

     သူ့ထံ၌ ကြောက်မက်ဖွယ်ရာနောက်ခံရှိလျှင်ကော…

    အချိန်တစ်ခုကြာလျှင် သူသည် သူ၏ အကန့်အသတ်ကို ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။

    “ဟမ်..."
    ရုတ်တရက် ဟွာလေနှင့် အခြားထိပ်ပိုင်းခေါင်းဆောင်များ၏ တံဆိပ်များ တစ်ချိန်တည်းတုံ့ပြန်လာပြီး အကုန်လုံးအံ့ဩသွားကြသည်။

      ဘာဖြစ်တာလဲ…

     သူတို့ရဲ့ တံဆိပ်တွေထဲ ဘာလို့ တစ်ချိန်တည်းတုန်လာတာလဲ…

     ကိစ္စကြီးတစ်ခုဖြစ်သွားတာလား....

    သံသယများနှင့်အတူ သူတို့၏ တံဆိပ်များကိုကြည့်ကာ အလွန်မိန်းမောသွားကြသည်။ သူတို့သာမက နဂါးအင်ပါယာကလန်၏ အခြားထိပ်ပိုင်းခေါင်းဆောင်များသည်လည်း သတင်းကိုရရှိပြီးနောက် မှင်တက်သွားကြသည်။

    အတွင်းစည်းတပည့်စမ်းသပ်မှု စတင်သည်မှာ မကြာသေးပေ။
    သို့သော်လည်း ယခုအဆုံးသတ်သွားပြီလော…

    စမ်းသပ်မှုကို စောစော အဆုံးသတ်ဖို့ ဘယ်သူက အစွမ်းထက်လွန်းတာပဲ…

    တစ်ခဏကြာပြီးနောက် နဂါးအင်ပါယာကလန်၏ ဒိုဂျိုတွင်…

     ထိပ်ပိုင်းခေါင်းဆောင်များသည် အမျိုးမျိုးသော အရပ်မျက်နှာများမှ လျင်မြန်သော နှုန်းထားများဖြင့်  ပျံသန်းလာပြီး လေခွင်းသံများစွာ ကြားနေရသည်။

    အသက်ရှိုက်အနည်းငယ်အတွင်းမှာပင် ထိပ်ပိုင်းခေါင်းဆောင်ငါးဆယ့်ခုနှစ်ယောက်နှင့် ဟွာတိချန်းတို့အားလုံး ရောက်ရှိလာသည်။

   “ဒါဘယ်သူဖြစ်နိုင်မလဲ…"

   “ဂျီးနီးယပ်လေးယောက်တောင် ဒီလိုမလုပ်နိုင်ဘူး…စမ်းသပ်မှုမှာ တစ်ခုခုထူးခြားတာ ဖြစ်သွားတာလား"

    “မယုံနိုင်စရာပဲ…သတင်းပို့တဲ့လူက ကိုးမြီးသိုင်းဘုရင်သားရဲသာမဟုတ်ရင် ငါလုံးဝယုံမှာမဟုတ်ဘူး"

    “………"

   အံ့အားသင့်မှုများ ရောပြွမ်းနေသည့် အသံများကို ကြားနိုင်သည်။

     နဂါးအင်ပါယာကလန်၏ ပထမအကြီးအကဲဟွာလေတိတ်ဆိတ်စွာရှိနေသည်။

   ရလဒ်သည် သူ၏ မျှော်မှန်းချက်ထက် လုံးဝကျော်လွန်သောကြောင့် ဟွာတိချန်း မျက်မှောင်ကြုတ်နေသည်။

     ဝှစ်…

    ထိုအချိန်၌ ခမ်းနားထည်ဝါသော သိုင်းဘုရင်အော်ရာတစ်ခု ဒိုဂျိုသို့ လွှမ်းခြုံသွားပြီး ကိုးမြီးသိုင်းဘုရင်သားရဲ ကောင်းကင်မှ သက်ဆင်းလာသည်။

     “နှုတ်ခွန်းဆက်ပါတယ်…သိုင်းဘုရင်သားရဲ"
    ထိပ်ပိုင်းခေါင်းဆောင်များ တုံ့ပြန်ကာ လက်သီးစု၍ ပြောလိုက်သည်။

     “အတွင်းစည်းတပည့်စမ်းသပ်မှုမှာ ဒီလိုအဖြစ်အပျက်က ပထမဆုံးအကြိမ်ပဲ…ကျွန်မ အစီအရင်ကို အသက်သွင်းပြီး ဂျီးနီးယပ်တွေအားလုံကို ပြန်ခေါ်လိုက်မယ်"
     မရေမတွက်နိုင်သော အလင်းတန်းများ တစ်ခုနှင့်တစ်ခုရောယှက်လာပြီးနောက် ကြီးမားသော အစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

    ကိုးမြီးသိုင်းဘုရင်သားရဲနှင့် ထိပ်ပိုင်းခေါင်းဆောင်များ အစီအရင်ကို အာရုံစိုက်လိုက်သည်။
   အဆုံး၌ သူတို့အံ့ဩဖွယ်ရာမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
    အောက်တုံဖန်း၊ စုချင်းချင်း၊ အန်လင်း၊ ရွှင်ရနှင့် အခြားတပည့်များသည် အစီအရင်ထဲမှ အညိုအမဲစွဲနေသည့် တုန်ရီသော ခန္ဓာကိုယ်များဖြင့် ထွက်လာကြသည်။

     ဒါ…

     ဘာဖြစ်တာလဲ…

    ဘယ်လိုလုပ် သူတို့အားလုံး ဒဏ်ရာရထားတာလဲ…

     အတွင်းစည်းတပည့်များထဲတွင် မည်သူမျှ သူတို့အားလုံးကို ထိခိုက်ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ပေ။

   ထို့ပြင် ၎င်းသည် တစ်နေ့ထဲတွင် ဖြစ်ပွားခဲ့သည်။

     “ဘာဖြစ်တာလဲ…ရွှင်ရ…ငါ့ကိုပြောစမ်း"
    ရွှင်လီ အလျင်အမြန်မေးလိုက်သည်။

    ရွှင်ရ၏ နှုတ်ခမ်းများ ရှုံ့တွသွားပြီးနောက် သူ၏ ပါးစပ်ကိုဟလိုက်သည်။ သို့သော်လည်း သူသည် ကြောက်စရာတစ်စုံတစ်ခုကို အမှတ်ရသွယးသကဲ့သို့ တွန့်ဆုတ်နေသည်။

   “ဟွာကျိဝူတောက်"

   “အန်လင်း"

   “အောက်တုံဖန်း"

    အခြားထိပ်ပိုင်းခေါင်းဆောင်များ ချက်ချင်းပင် သူတို့၏ တပည့်များကို ခေါ်လိုက်ကြသည်။
    သို့သော်လည်း သူတို့အားလုံး တုန်ရီကာ တိတ်ဆိတ်စွာဖြင့် ရှိနေကြသည်။

    အတွင်းစည်းတပည့်တစ်ရာကျော် ဒဏ်ရာရထားကြပြီး ဂျီးနီးယပ်များ တိတ်ဆိတ်စွာနေရန် ရွေးချယ်ထားကြသည်။

    ဟွာလေ၊ ရွှင်လီ၊ ဟွာတိချန်းနှင့် အခြားသူများ၏ နှလုံးသားထဲ၌ ‌မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

     “မူမူ…ဆရာကိုပြော"
   ကိုးမြီးသိုင်းဘုရင်သားရဲသည် သူမ၏ တပည့်ကို ချက်ချင်းကြည့်လိုက်သည်။

    “ဆရာ"
    မူမူ ရှေ့သို့ တက်လှမ်းလာကာ မြင်ကွင်းကို အမှတ်ရသွားပြီးနောက် ချောင်းတစ်ချက် ဆိုးလိုက်သည်။
    “ရိုးရိုးရှင်းရှင်းပြောရရင် ထိပ်ပိုင်းခေါင်းဆောင်ချင်နန်က သူတို့အားလုံးကို အနိုင်ယူပြီး စမ်းသပ်မှုကို စောစောအဆုံးသတ်လိုက်တာပါ"

   စကားလုံးများ လေထဲ၌ ပဲ့တင်ထပ်သွားသည်။

    ထိပ်ပိုင်းခေါင်းဆောင်များ ဆွံ့အသွားသည်။

     ကိုးမြီးသိုင်းဘုရင်သားရဲပင် စိတ်လွတ်သွားပြီး အမှတ်တမဲ့ပြန်မေးမိလိုက်သည်။
      “ဘာ…မင်းဘာပြောလိုက်တာလဲ"

    “ချင်နန်က သူတို့အားလုံးကို အနိုင်ယူပြီး စမ်းသပ်မှုကို စောစောအဆုံးသတ်လိုက်တာပါ"
     မူမူ ထပ်ပြောလိုက်သည်။

    ဤတစ်ကြိမ်၌ မယုံနိုင်စရာဖိအားတစ်ခု ဒိုဂျိုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

    ကိုးမြီးသိုင်းဘုရင်သားရဲအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ၏ မျက်လုံး ပြူးကျယ်သွားကြသည်။

      သူတို့နားကြားမှားနေတာလား…

     ချင်နန်က တပည့်တွေအားလုံးကို အနိုင်ယူပြီး စမ်းသပ်မှုကို စောစောအဆုံးသတ်လိုက်တယ်ပေါ့…

    တစ်နည်းဆိုရပါက…

    သူက ဂျီးနီးယပ်တွေနဲ့ တပည့်တွေအကုန်လုံးကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့သူလား…

    ချင်နန်မှာ တျန်အဆင့်တစ်သိုင်းဝိညာဉ်နဲ့ သိုင်းဘီဘင်အဆင့်နှစ်ကျင့်ကြံမှုပဲရှိတာမဟုတ်ဘူးလား…

    မင်း တကယ်ကြီးလား…

     ထိုအချိန်၌ လူအုပ်ကြားထဲတွင်ရပ်နေသော ချင်နန်သည် ကိုးရိုးကားရားမျက်နှာထားဖြင့် ချောင်းတစ်ချက်ဆိုးလိုက်သည်။ သားရဲရိုက်တုတ်ကဲ့သို့ တစ်စုံတစ်ခုအား အသုံးချခြင်းမှာ သူ၏ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့ပြိုင်ဘက်များကို လုံးဝနှိမ်နင်းနိုင်သည့်ခံစားချက်သည် သူ့အား အလွန်စိတ်လှုပ်ရှားစေသည်။ ထို့ကြောင့် အကျိုးဆက်များကို စိတ်ထဲမစဉ်းစားဘဲ အခြေအနေသည် သူ၏ လက်ထဲမှ လွတ်ထွက်သွားခဲ့သည်။

    “နောက်ကျရင် ငါ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းထိန်းချုပ်သင့်တယ်…"
   ချင်နန် သက်ပြင်းတစ်ချက်ချလိုက်ပြီး တပည့်များကို အနည်းငယ် အပြစ်ရှိစွာဖြင့် ကြည့်လိုက်သည်။

    သို့သော်လည်း တပည့်များသည် သူ၏ အကြည့်အား သတိပြုမိသည့်အခါ သူတို့၏ ခန္ဓာကိုယ်များ တုန်တက်သွားပြီး အမှတ်တမဲ့ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
    သူတို့သည် ကြောက်စရာကောင်းသော နတ်ဆိုးတစ်ကောင်နှင့် တွေ့လိုက်ရသည့်ပမာပင်....

🐱🐱🐱🐱🐱

အပိုင်း (၉၃၂) သိုင်းဘုရင်အလင်းထွက်ပေါ်လာခြင်း
 
      “ဘာဖြစ်ခဲ့တာလဲ"

     “မယုံနိုင်စရာပဲ…ချင်နန်က ဒါကိုဘယ်လိုလုပ်ခဲ့တာလဲ"

    “ရွှင်ရ ငါ့ကို ပြောပြစမ်း…စမ်းသပ်မှုမှာ ဘာတွေဖြစ်ခဲ့တာလဲ…"

    “ငါ့ကို အခုချက်ချင်းပြောပြ"

   ထိပ်ပိုင်းခေါင်းဆောင်များ အလွန်အံ့အားသင့်သွားပြီးနောက် သူတို့၏ အတွေးများကို စုစည်းကာ အော်ပြောလိုက်သည်။

     အဖြစ်အပျက်တစ်ခုလုံးသည် လုံးဝအဓိပ္ပာယ်မရှိပေ။ ထူးဆန်းသည့် အရာတစ်ခုခု ဖြစ်ပျက်သွားလိမ့်မည်။ ထို့ကြောင့် သူတို့ အမှန်တရားကို နားလည်ရမည်။

      ကိုးမြီးသိုင်းဘုရင်သားရဲပင် အမှန်တရားကို သိချင်နေသည်။

     သို့သော်လည်း စစ်မေးသည့်တိုင် အတွင်းစည်းတပည့်များသည် တိတ်ဆိတ်စွာဖြင့် ရှိနေပြီး အမှန်တရားကို မပြောရဲသောကြောင့် ဟွာလေနှင့် ဟွာတိချန်းအပါအဝင် ရွှင်လီနှင့် အခြားထိပ်ပိုင်းခေါင်းဆောင်များ နက်မှောင်သော မျက်နှာထားဖြင့် ဖြစ်သွားကြပြီး သူတို့၏ နဖူးထက်၌ သွေးကြောစိမ်းများ ထောင်ထလာသည်။

    ဒါက ဘာလဲဟ…

   သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားတာတင်မဟုတ်ဘဲ နောက်ကွယ်က အကြောင်းအရင်းကိုတောင် မသိနိုင်ဘူးပေါ့…

     “ထိပ်ပိုင်းခေါင်းဆောင်တို့ ကျုပ်ရှင်းပြပါ့မယ်…စမ်းသပ်မှုမစခင်မှာ ကျုပ်က ကံကောင်းပြီးတော့ သားရဲတွေအပေါ်မှာ အထူးသက်ရောက်မှုရှိတဲ့ ရှားပါးရတနာတစ်ခုကို ရှာနိုင်ခဲ့ပါတယ်…အဲဒါရဲ့ စွမ်းအားကို ကျုပ် မထိန်းချုပ်နိုင်လို့ ဒီလိုဖြစ်ခဲ့တာပါ"
    “တခြားကိုယ်ရေးကိုယ်တာ အခက်အခဲတချို့ကြောင့် ကျုပ် စမ်းသပ်မှုမှာ ဖြစ်ပွားခဲ့တဲ့ အရာမှန်သမျှကို ပြန်မပြောဖို့ တပည့်တွေကို ကျိန်ဆိုခိုင်းခဲ့ပါတယ်"
    ချင်နန် လက်သီးစုကာ ပြောလိုက်သည်။

   ဆူညံနေသော ဒိုဂျို ချက်ချင်းတိတ်ဆိတ်သွားသည်။

     ရှားပါးရတနာ…
       
    ကျိန်ဆိုတယ်…

     ၎င်းမှာ လုံးဝအဓိပ္ပာယ်ရှိသည့်အရာဖြစ်သည်။

   “ချင်နန်…ဒီလိုစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ရတနာက ဘာလဲ"
    ကိုးမြီးသိုင်းဘုရင်သားရဲ၏ မျက်လုံးများထဲ၌ ပြင်းပြသော သိချင်စိတ်များ ပြည့်နှက်သွားသည်။

   ထိပ်ပိုင်းခေါင်းဆောင်များလည်း ထို့အတူပင်ဖြစ်သည်။

      အတွင်းစည်းတပည့်တစ်ရာကျော်ကို အနိုင်ယူနိုင်ခြင်း…

     ဘုရင်အဆင့်လက်နက်ပင် ထိုသို့မလုပ်နိုင်ပေ။

    အတွင်းစည်းတပည့်များသည် ချက်ချင်းပင် သားရဲရိုက်တုတ်၏ သွင်ပြင်ကို အမှတ်ရသွားပြီး တုန်ရီသွားသည်။ တုတ်နှင့်ရိုက်ခံရစဉ်က နာကျင်မှုကို သူတို့ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။

    “စီနီယာသိုင်းဘုရင်သားရဲ…ရတနာက ကျုပ်ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်ပါ…ကျုပ်ဒါကို ထုတ်မပြောနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး"
    ချင်နန် ခေါင်းခါယမ်းလိုက်သည်။

   အကယ်၍ ဤနေရာမှ ကျွမ်းကျင်သူများသည် သားရဲရိုက်တုတ်အကြောင်းကို သိသွားပါက သူ့အတွက် အန္တရာယ်ရှိလိမ့်မည်ဖြစ်သည်။

   ကိုးမြီးသိုင်းဘုရင်သားရဲသည် မျက်လုံးပင့်ကာ ခပ်တိုးတိုးဖြင့်  နှာခေါင်းရှုံ့လိုက်သည်။
     ဟွာလေ၊ ရွှင်လီနှင့် အခြားထိပ်ပိုင်းခေါင်းဆောင်များ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။

    သို့သော်လည်း သူတို့သည် ကိုးမြီးသိုင်းဘုရင်သားရဲ၏ ကြားဖြတ်ခြင်းခံလိုက်ရသည်။
      “ကိုယ်ပိုင်လျှို့ဝှက်ချက်ဆိုတော့လည်း ထားလိုက်ပါတော့…"

    စကားလုံးများသည် သူတို့၏ အတွေးများကို ရှင်းလင်းပစ်လိုက်သည်။
    သိုင်းဘုရင်သားရဲ ထိုသို့ပြောနေသောကြောင့် မည်သူသည် ချင်နန်အား ရတနာပစ္စည်းအား ပေးခိုင်းရဲပါမည်နည်း…

     “စီနီယာသိုင်းဘုရင်သားရဲ၊ ထိပ်ပိုင်းခေါင်းဆောင်တို့ စမ်းသပ်မှုမှာ ကျုပ်ဒီလိုလုပ်ခဲ့တဲ့အတွက် ကျုပ်အပြစ်ရှိတယ်လို့ခံစားရပါတယ်…ပြီးတော့ ဒါက တခြားသူတွေအတွက်လည်း မမျှတရာကျတယ်…ကျုပ်စမ်းသပ်မှုကို အရှုံးပေးပြီး စမ်းသပ်မှုကို ဆက်ကျင်းပစေလိုပါတယ်"
    ချင်နန် လေးစားသော အသံဖြင့် ပြောလိုက်သည်။

    သူသည် အတွင်းစည်းတပည့်စမ်းသပ်မှုတွင် အကြီးအကျယ်အရှုပ်အထွေးဖြစ်အောင် လုပ်ခဲ့သောကြောင့် ထိုသို့ပြောခဲ့သည်။ ထို့ပြင် အဓိကတပည့်တစ်ယောက်၏ အဆင့်အတန်းနှင့် သားရဲတစ်သောင်းဥယျာဉ်သို့ဝင်နိုင်သည့်အခွင့်‌အရေးသည် သူ့အတွက် ဘာမှအသုံးမဝင်ပေ။

     ထို့ကြောင့် အောက်တုံဖန်းနှင့် အခြားသူများအား အခွင့်အရေးပေးလိုက်ခြင်းမှာ ပို၍ကောင်းမွန်ပေသည်။

      “ဟမ်"
    ထိပ်ပိုင်းခေါင်းဆောင်များစွာ၏ မျက်ခုံးများ အပေါ်ပင့်တက်သွားသည်။

    အောက်တုံဖန်း၊ အန်လင်း၊ စုချင်းချင်းနှင့် အခြားအတွင်းစည်းတပည့်များ အံ့ဩသွားသည်။
    ချင်နန်သည် ဤကဲ့သို့အခွင့်အရေးကြီးကို လက်လွှတ်လိုက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။  ထိုစကားကြားသောအခါ သူတို့၏ နှလုံးသားထဲမှ မကျေနပ်မှုတစ်ဝက်နီးပါးပျောက်ကွယ်သွားသည်။

    အဓိကတပည့်တစ်ယောက်ဖြစ်လာနိုင်သည့် အခွင့်အရေးရှိသေးသည်။

     “ဒါအဆင်ပြေပါတယ်…စမ်းသပ်မှုပြန်ကျင်းပတာပေါ့"
    ကိုးမြီးသိုင်းဘုရင်သားရဲ သဘောကျမှုအရိပ်အမြွက်တချို့ဖြင့် ပြောလိုက်ပြီး ကြေညာလိုက်သည်။
     “အခုစမ်းသပ်မှုရလဒ်ကို ထည့်မတွက်ဘူး…ထိပ်ပိုင်းခေါင်းဆောင်တွေ ရှင်တို့ရဲ့ တပည့်တွေပြန်ခေါ်သွားပြီး တစ်ရက်အနားယူခိုင်းလိုက်…စမ်းသပ်မှုကို မနက်ဖြန်ပြန်စမယ်"

      “အမိန့်အတိုင်းပါ"
   ဤကဲ့သို့အခြေအနေအောက်တွင် ကန့်ကွက်ချင်ကြသည့် ဟွာလေ၊ ရွှင်လီနှင့် အခြားသူများပင် ကလန်ကဆန်မလုပ်ရဲပေ။

    “ကြည့်ရတာ ငါသူ့ကို လျှော့တွက်ခဲ့တဲ့ ပုံပဲ…ဒီလိုကိစ္စကို အလွယ်တကူဖြေရှင်းပြီး အဓိကတပည့်ဖြစ်လာမဲ့အခွင့်အရေးကိုတောင် လက်လွှတ်လိုက်တယ်"
    ဟွာတိချန်း၏ မျက်နှာ နက်မှောင်နေပြီး သူ၏ အတွေးများကို စုစည်းလိုက်သည်။

   အလယ်စက်ဝိုင်းစိတ်မြို့ကိုပါ ထည့်တွက်ပါက သူသည် နှစ်ကြိမ်တိုင် ကျရှုံးခဲ့သည်။

     ချင်နန်သည် သူ၏ အစီအစဉ်ကို နှစ်ကြိမ်ပျက်စီးအောင်လုပ်ခဲ့သည်။ ၎င်းမှာ သူ လက်မခံနိုင်သည့်အရာဖြစ်သည်။

    “ကျုပ်ကို ခွင့်ပြုပါဦး"
     ချင်နန် လက်သီးစုကာ ပြောလိုက်သည်။
    ဟွာတိချန်း၊ ဟွာလေနှင့် အခြားသူများအား ကြည့်ကာ သူ၏ နှုတ်ခမ်းများ အပေါ်သို့ ကွေးညွတ်သွားပြီးနောက် လူသားတောင်ထိပ်ကို ပျံသန်းသွားလိုက်သည်။

    ဒိုဂျို၌ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး တပည့်များ သူတို့၏ အတွေးများကို စုစည်းကာ စမ်းသပ်မှုအတွက် ပြင်ဆင်ရန် ပြန်လိုက်ကြသည်။

    ထိပ်ပိုင်းခေါင်းဆောင်များ သူတို့၏ တပည့်များကို ခေါ်သွားကြသည်။

    သို့သော်လည်း စမ်းသပ်မှုအဖြစ်အပျက်သည် နဂါးအင်ပါယာကလန်တစ်ခုလုံးကို မုန်တိုင်းတစ်ခုပမာ ပျံ့နှံ့သွားပြီး အကြီးအကဲများနှင့် တပည့်များ အလွန်အံ့အားသင့်သွားကြသည်။

     “မင်းကြားပြီးပြီလား…ချင်နန်က စမ်းသပ်မှုမှာ အတွင်းစည်းတပည့်တစ်ရာကျော်ကို အနိုင်ယူခဲ့တယ်တဲ့"

   “ဟန့်…သူက ရှားပါးရတနာပစ္စည်းတစ်ခုကိုအားကိုးခဲ့တာမဟုတ်ဘူးလား"

   “ဘယ်လိုပဲဖြစ်ဖြစ် ဒါက အရမ်းအထင်ကြီးစရာကောင်းတယ်"

    “ဟုတ်တယ်…ဒါက သူ့စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းပဲ"

     “ဟီး…ဟီး…ချင်နန်ရဲ့ ရှားပါးရတနာက အတွင်းစည်းတပည့်တစ်ရာကျော်ကို နှိမ်နင်းခဲ့တယ်…အဲဒါက ဘယ်လောက်အရေးပါလဲ…မရှုံးနိမ့်နိုင်တဲ့ သိုင်းဘီဘင်တစ်ယောက်တောင် ဒီလိုမလုပ်နိုင်ဘူး"

     “………"
 
    ကျွမ်းကျင်သူများ အံ့ဩစွာဖြင့် ပြောလိုက်သည်။

    ထို့နောက် နဂါးအင်ပါယာကလန်၌ ချင်နန်၏ အဆင့်အတန်းမှာ ပို၍မြင့်မားလာသည်။

    တာအိုမူလတောင်ကိုရွှေ့ခြင်း…လူသားတောင်ထိပ်ကို ပြောင်းလဲခြင်း…အတွင်းတပည့်တစ်ရာကျော်ကို အနိုင်ယူခြင်း…

    ချင်နန်သည် ၎င်းတို့ကို စွမ်းဆောင်ရန်အတွက် နည်းလမ်းအချို့ကို အသုံးပြုခဲ့သည့်တိုင် သူ မည်မျှအစွမ်းထက်ကြောင်း သက်သေပြခဲ့သည်။

    ထိုစဉ်အတောအတွင်း နဂါးအင်ပါယာကလန်၏ တစ်နေရာတွင်…

    “ဟီး…ဟီး…ခေါင်းဆောင် ရှင်ဒါကို မမြင်ဘူးမလား…ချင်နန်က အတွင်းစည်းတပည့်တွေကို တစ်ချက်ပဲကြည့်လိုက်တာ သူတို့အကုန်လုံးက နောက်ဆုတ်သွားကြတယ်…ဒါ အရမ်းထူးခြားလွန်းတာပဲ"
   ကိုးမြီးသိုင်းဘုရင်သားရဲ ရယ်မောလိုက်သည်။
   သူမသည် ချင်နန်၏ လျှို့ဝှက်ချက်များအား အလွန်စိတ်ဝင်စားနေသည်။ အကယ်၍ သူမ၏ အဆင့်အတန်းကြောင့်သာမဟုတ်ပါက ညနှောင်းပိုင်းချိန်တွင် သူမသည် ချင်နန်နှင့် စကားအနည်းငယ်သွားပြောမည်ဖြစ်သည်။

     “ဟား…ဟား…ဒီကလေးက တကယ်ကို အံ့ဩစရာပဲ"
    နဂါးအင်ပါယာ၏ ရယ်သံထဲ၌ စိတ်သက်သာရာရမှုနှင့် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေသည်။

     အဆုံး၌ ၎င်းသည် ချင်နန်၏ အစစ်အမှန်စွမ်းအားမဟုတ်ပေ။

     ထိုအချိန်၌ နဂါးအင်ပါယာ၏ ရှေ့သို့ အလင်းတစ်ခု သက်ဆင်းလာသည်။

     “ဟမ်"
   နဂါးအင်ပါယာနှင့် ကိုးမြီးသိုင်းဘုရင်သားရဲတို့ အလွန်အံ့အားသင့်သွားသည်။
  
      ၎င်းမှာ သတင်းစကားဖြစ်သည်။
     အထဲတွင် ပါရှိသည့်အရာမှာ…

     သိုင်းဘုရင်အလင်းနဲ့ သန်မာတဲ့ သိုင်းဘုရင်အဆင့်အော်ရာက အလယ်ပိုင်းတိုက်ကြီးရဲ့ မြောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တယ်...

    “ဒါနောက်ဆုံးတော့ ဖြစ်လာပြီပဲ"
    နဂါးအင်ပါယာနှင့် ကိုးမြီးသိုင်းဘုရင်သားရဲတို့ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တစ်ယောက်နှင့် တစ်ယောက် အကြည်ချင်းဖလှယ်လိုက်ကြသည်။

    အလယ်ပိုင်းတိုက်ကြီးမှ လူတိုင်းသည် ဘုရင်ဇာတာခွင်ပြိုင်ပွဲနှင့် နတ်ဘုရားဇာတာခွင်ပြိုင်ပွဲအကြောင်းကို သိကြသည်။

    မွေးဖွားဇာတာခွင်ရရှိသူများသာ သိုင်းဘုရင်အဆင့်နှင့် သိုင်းနတ်ဘုရားအဆင့်ကို တက်နိုင်လိမ့်မည်ဖြစ်သည်။
     သို့သော်လည်း ပြိုင်ပွဲကို အစီအစဉ်တကျသတ်မှတ်ထားခြင်းမရှိပေ။ တစ်ခါတစ်ရံတွင် ဆယ်နှစ်ကြာပြီးနောက် ဖြစ်ပွားတတ်သည်။ သို့မဟုတ် တစ်ခါတစ်ရံတွင် နှစ်တစ်ရာကျော်ပင် ကြာတတ်သည်။

     သို့သော်လည်း ယခု၌ ထူးဆန်းသော ဖြစ်ရပ်ဖြစ်ပွားလာခဲ့သည်။
    ၎င်းမှာ ဘုရင်ဇာတာခွင်ပြိုင်ပွဲသည် မကြာခင်၌ ဖြစ်ပွားတော့မည်ဟု အဓိပ္ပာယ်ရသည်။

🐱🐱🐱🐱🐱

အပိုင်း (၉၃၃) တျန်အဆင့်လေးသိုင်းဝိညာဉ်

     “နောက်ဆုံးဘုရင်ဇာတာခွင်ပြိုင်ပွဲကျင်းပခဲ့တာ နှစ်ရှစ်ဆယ်ရှိသွားပြီ…ဒါက အရမ်းမြန်မြန်ဆန်ဆန်နဲ့ ဖြစ်လာလိမ့်မယ်လို့ ငါလုံးဝမထင်ထားခဲ့ဘူး"
    နဂါးအင်ပါယာ သူ၏ အတွေးများကို စုစည်းလိုက်ကာ စိုးရိမ်ပူပန်မှုအချို့ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

     “ခေါင်းဆောင် စိတ်မပူပါနဲ့…သိုင်းဘုရင်အလင်းထွက်ပေါ်လာတိုင်း ပြိုင်ပွဲက အနည်းဆုံးငါးနှစ်ကြာပြီးတော့မှ စတာပါ"
   ကိုးမြီးသိုင်းဘုရင်သားရဲသည် နဂါးအင်ပါယာ၏ စိုးရိမ်ပူပန်မှုကို သတိပြုမိသကဲ့သို့ပြောလိုက်သည်။

   “ဟူး"
    နဂါးအင်ပါယာ သက်ပြင်းချလိုက်ပြီး သူ၏ လက်များကိုနောက်ပစ်လိုက်သည်။
    “ငါအရမ်းစိတ်ပူနေတာမဟုတ်ဘူး…ဒါပေမဲ့ နတ်ဘုရားတစ်ဝက်‌‌ဒေသက သတင်းအရဆိုရင် ဒဏ္ဍာရီလာဂျီးနီးယပ်က မကြာခင်မှာ မွေးဖွားတော့မယ်…အခုဘုရင်ဇာတာခွင်ပြိုင်ပွဲကလည်း ချဉ်းကပ်လာပြီ…ချင်နန်အတွက် အချိန်အများကြီးမကျန်တော့ဘူး"
     သူသည် ချင်နန်၏ ပါရမီကို လုံးဝသံသယမရှိပေ။ အကယ်၍ အချိန်အလုံလောက်ရပါက ချင်နန်သည် သူ၏ ကံကြမ္မာကိုပြောင်းလဲကာ အလယ်ပိုင်းတိုက်ကြီးတွင် ထူးခြားသူတစ်ယောက်ဖြစ်လာမည်ကို သူ ယုံကြည်သည်။

     “ထားလိုက်ပါတော့…မင်းပြောသလိုပဲ…ငါတို့မှာ ‌ငါးနှစ်လောက်အချိန်ရပါသေးတယ်…နဂါးအင်ပါယာကလန်ကို ငါ မင်းလက်ထဲ ထည့်ခဲ့မယ်…ချင်နန်အတွက် ကံကြမ္မာပြောင်းလဲမှုတချို့ သွားရှာလိုက်ဦးမယ်"
     နဂါးအင်ပါယာပြောလိုက်ပြီး သူ၏ ပုံရိပ် လေထဲ၌ ပျောက်ကွယ်သွားသည်။

    ကိုးမြီးသိုင်းဘုရင်သားရဲ အ‌တွေးများစွာဖြင့် ကျန်နေခဲ့သည်။

    ထိုစဉ်အတောအတွင်း လူသားတောင်ထိပ်တွင်…

     ချင်နန် ပြန်ရောက်လာသည်နှင့် ဝိညာဉ်ခြောက်ခုနဂါးသွေးကြောနှင့် ရွှင်ယွင်သည် ချက်ချင်းပင် အံ့အားသင့်သည့် မျက်နှာထားများဖြင့် သူ့ဆီသို့ ရောက်လာကြသည်။

     “ကောင်လေး…"
    သူသည် ဤတစ်ကြိမ်၌ အကြီးကြီးလုပ်ဆောင်ခဲ့သည်။

     “အဟွတ်…အဟွတ်…ကျုပ် သွားကျင့်ကြံလိုက်ဦးမယ်"
    ချင်နန်သည် သူတို့မေးချင်သည့် အရာကိုသိသောကြောင့် ချက်ချင်းပင် တာအိုမူလပုံဆောင်ခဲဆီသို့ လာခဲ့လိုက်သည်။

     ဟာလာဟင်းလင်းမျက်နှာထားဖြင့် ကျန်နေခဲ့ကြသောဝိညာဉ်ခြောက်ခုနဂါးသွေးကြောနှင့် ရွှင်ယွင်တို့ မချိပြုံး ပြုံးလိုက်ကြသည်။

   “ဒီအင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးက အတော်လေးထူးခြားတဲ့ပုံပဲ…ဒါကို စမ်းကြည့်ရမယ်"
     ချင်နန်သည် သူ၏ ရှေ့မှ အရိုးစုရှစ်ခုကို လျင်မြန်စွာကြည့်လိုက်ပြီးနောက်အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးကိုထုတ်ယူလိုက်သည်။ သူသည် အင်မော်တယ်အော်ရာကို အလွန်စိတ်ဝင်စားနေကြသည်။

      သို့သော်လည်း ရုတ်တရက် အရိုးစုလက်တစ်ဖက်ထွက်ပေါ်လာပြီးအင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးကို ဆုပ်ကိုင်လိုက်သည်။

     “ဟမ်"
    ချင်နန်၏ မျက်ခုံးများပင့်တက်သွားသည်။ အရိုးစုလက်မှာ ရှောင်ဟုန်ဖြစ်သည်။

    “မင်းက အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးကိုစိတ်ဝင်စားလို့လား"
   ချင်နန်၏ မျက်လုံးများ မှေးစင်းသွားကာ မေးလိုက်သည်။

    “ဟုတ်ကဲ့…သခင်…ဒါက ကျွန်မအတွက် အရမ်းအသုံးဝင်ပါတယ်"
    ရှောင်ဟုန်ခေါင်းညိတ်လိုက်ပြီး သနားခံသည့် လေသံဖြင့် ပြောလိုက်သည်။

    ချင်နန် စဉ်းစားလိုက်ပြီးနောက် သူ၏ လက်ကိုဝှေ့ယမ်းကာ ပေးလိုက်သည်။
    “ဒီလိုဆို ဒါကို ငါမင်းကို ပေးလိုက်မယ်"

   အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးသည် အဖိုးတန်သည့်တိုင် သိုင်းနတ်ဘုရားတစ်ဝက်အဆင့်အရိုးစုရှစ်ခုသည် သူ့ကို သစ္စာဖောက်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းသည် ရှောင်ဟုန်၏ ကြီးထွားမှုအတွက် အကူအညီဖြစ်ပါက အကျိုးရှိပေသည်။

     “ကျေးဇူးတင်ပါတယ်…သခင်"
   ရှောင်ဟုန်ပျော်ရွှင်သွားပြီး သစ်သီးကို ဆုပ်ကိုင်ကာ ဝါးမျိုလိုက်သည်။

    အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးသည် ချက်ချင်းပင် မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပေါက်ကွဲသွားပြီး သူမ၏ အရိုများထဲစီးဆင်းသွားရာ သူမ၏ ခန္ဓာကိုယ် အပြောင်းအလဲ ဖြစ်ပေါ်လာသည်။

   “ဟမ်"
    ချင်နန်၏ နှလုံးသား လှုပ်ခုန်သွားသည်။

    ရှောင်ဟုန်သည် လှပသော အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သေချာကြည့်ရှုသောအခါ သူမသည် အရိုးစုတစ်ခုအဖြစ်သာ ရှိနေ‌သေးသည်။

     “အဲဒါက သူ(မ)ရဲ့ အစစ်အမှန်သွင်ပြင်ဖြစ်နိုင်တယ်…သူ(မ)က အနာဂတ်မှာ ပြန်လည်ရှင်သန်လာနိုင်လောက်တယ်"
    ချင်နန်၏ နှလုံးသား လှုပ်ခုန်သွားသည်။

    အရိုးစုများပြန်လည်ရှင်သန်လာသည်နှင့် သူတို့သည် သိုင်းနတ်ဘုရားတစ်ဝက်အဆင့်ကျွမ်းကျင်သူများဖြစ်လိမ့်မည်ဖြစ်သည်။

     “သူတို့ အခရာချီမျှင်တစ်မျှင်စီပေးလိုက်မယ်"
    ၎င်းကို နားလည်သောအခါ ချင်နန် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျန်ရှိသော အရိုးစုများအား အခရာချီတစ်မျှင်ပေးလိုက်သည်။ ရှောင်ဟုန်ကိုမူ အခရာချီနှစ်မျှင်ပေးခဲ့သည်။

    အရိုးစုများကို တစ်ခဏခန့်ကြည့်ရှုပြီးနောက် ချင်နန် သူ၏ အကြည့်ကို ရုပ်သိမ်းကာ သူ၏ အတွေးများကို စုစည်းလိုက်သည်။
     “စမ်းသပ်မှုကနေ ငါအများကြီးရခဲ့တယ်…ဒါ ငါ့ရဲ့နတ်ဘုရားသိုင်းဝိညာဉ် အဆင့်တက်ဖို့ လုံလောက်တယ်"
     ချင်နန် စိတ်အားထက်သန်သော မျက်နှာထားဖြင့် သိုလှောင်အိတ်များကို ထုတ်ယူလိုက်သည်။

   သူသည် သူ၏ သိုင်းဝိညာဉ် တျန်အဆင့်လေးအား တက်ခြင်းကို မျှော်လင့်ခဲ့သည်မှာ အချိန်‌အတော်ကြာပြီဖြစ်သည်။

     သူရရှိခဲ့သည့် သိုလှောင်အိတ်များနှင့် ဧကရာဇ်သလင်းပြားများကို ရေတွက်ပြီးနောက် ဧကရာဇ်သလင်းပြားလေးသောင်းခန့်ရခဲ့ကြောင်း သူနားလည်လိုက်သည်။
    ၎င်းမှာ များပြားသော ပမာဏဖြစ်သည်။

    “အဆင့်တက်ရမဲ့အချိန်ပဲ"
     ချင်နန် သူ၏ လက်ကိုဆန့်ထုတ်လိုက်ပြီး ဧကရာဇ်သလင်းပြားများကို ဝါးမျိုလိုက်သည်။

     တစ်သောင်း…

    နှစ်သောင်း…

    သုံးသောင်း…

     ဧကရာဇ်သလင်းပြားသုံးသောင်းငါးထောင်စားသုံးပြီးနောက် နတ်ဘုရားသိုင်းဝိညာဉ်သည် မည်သည့်တုံ့ပြန်မှုမျှ မပြရာ ချင်နန်၏ နဖူးထက်၌ ချွေးစီးများစီးကျလာသည်။ သူသည် ကျန်ရှိသော ဧကရာဇ်သလင်းပြားများကို ဆက်လက်ဝါးမျိုလိုက်သည်။

    ဘန်း…

    တုန်လှုပ်ဖွယ်ရာပေါက်ကွဲမှုဖြစ်ပွားသွားသည်။

     ကြောက်မက်ဖွယ်ရာဖိအားကြီးတစ်ခု လှိုင်းလုံးကြီးပမာ ထွက်ပေါ်လာသည်။

    နတ်ဘုရားသိုင်းဝိညာဉ်၏ နောက်မှ လေးခုမြောက် အနီရောင်ရောင်ခြည်တန်းထွက်ပေါ်လာပြီး နေရာတစ်ခွင်ထွန်းလင်းတောက်ပနေသည်။
   ယခုအချိန်၌ ချင်နန်သည် နောက်ဆုံးတွင် ဘုရင်အဆင့်ပေါ်မှ ဂျီးနီးယပ်များကြားထဲ၌ သာမန်၏ အထက်ဟု မှတ်ယူနိုင်သည်။ သိုင်းဝိညာဉ်အဆင့်အရ သူ့ထက် လူ အနည်းငယ်လောက်ကသာ ပိုမြင့်သည်။
     နတ်ဘုရားတစ်ဝက်ဒေသအပါအဝင် အလယ်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင်ပင်  သူသည် ပျမ်းမျှစံသတ်မှတ်ချက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

      “ဟူး…"
    ချင်နန် အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။
     သိုင်းသစ်ပင်ကိုးပင်နှင့် တျန်အဆင့်လေးသိုင်းဝိညာဉ်ကြောင့် သူ၏ စွမ်းအားသည် ဘုရင်အဆင့်ပေါ်မှ ထိပ်ဆုံးဂျီးနီးယပ်သုံးယောက်နှင့် သိပ်မဝေးကွာတော့ပေ။

     “ဟမ်…နတ်ဘုရားသိုင်းဝိညာဉ်က…"
    ချင်နန် အလွန်အံ့အားသင့်သွားသည်။

     နတ်ဘုရားသိုင်းဝိညာဉ်သည် သူ၏ ခေါင်းအား ငုံ့ကာ သူ၏ မျက်လုံးများ ချင်နန်၏ မျက်နှာပေါ်သို့ တစိုက်မတ်မတ်ကျရောက်နေသည်။ သူ ချင်နန်အား စူးစိုက်ကြည့်နေသကဲ့သို့ဖြစ်သည်။
     ၎င်း၏ ပါးစပ်သည် တစ်စုံတစ်ခုပြောရန် ကြိုးပမ်းနေသကဲ့သို့ အနည်းငယ်လှုပ်ရှားသွားသည်။ ၎င်းသည် ချင်နန်၏ ပထမဆုံးအကြိမ် နတ်ဘုရားသိုင်းဝိညာဉ် စကားပြောသည်ကို မြင်ဖူးခြင်းဖြစ်သည်။

   ဘန်း…

    နတ်ဘုရားသိုင်းဝိညာဉ်၏ မျက်လုံးများမှ တောက်ပသောအလင်းတစ်ခုထွက်ပေါ်လာကာ ချင်နန်၏ နဖူးထဲ တိုးဝင်သွားသည်။

   ချင်နန် သူ၏ စိတ်ထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ရာအင်အားတစ်ခုသည် သူ၏ စိတ်ဝိညာဉ်ကို လွှမ်းခြုံသွားကာ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။

    “ဒါက…"
    ချင်နန် အလွန်တုန်လှုပ်သွားသည်။

    နတ်ဘုရားသိုင်းဝိညာဉ်အဆင့်တက်ပြီးတဲ့နောက်မှာ ဘာလို့ ဒီလိုဖြစ်လာတာလဲ…

     လေဟာနယ်ထဲမှ ခံ့ထည်စွာတည်ရှိနေသော ကြီးမားသည့် တံခါးကြီးအား မြင်တွေ့ရသည့်အခါ သူ၏ ခေါင်းကို ငုံ့လိုက်သည်။ ကြီးမားသော တံခါးကြီးသည် အလွန်တရာကို ခမ်းနားထည်ဝါလှသည်။

     ချင်နန် တံခါးကို ယခင်က မြင်တွေ့ဖူးသည်။ ၎င်းသည် ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေ၏ ကောင်းကင်တောင်ပိုင်းဂိတ်ဖြစ်သည်။ ကောလဟာလများအရ တံခါး၏နောက်မှ လမ်းကြောင်းသည် ကိုးကောင်းကင်ကို တိုက်ရိုက်သွားနိုင်သည်။

    သို့သော်လည်း ချင်နန်၏ မျက်လုံးများသည် ကောင်းကင်တောင်ပိုင်းဂိတ်ကို ထွင်းဖောက်ကြည့်နိုင်ခဲ့သည်။
    တံခါး၏ နောက်၌ လက်များနှင့် ဘယ်ဘက်မျက်လုံးမပါသော ကြောက်မက်ဖွယခရာ ပုံရိပ်ကြီးတစ်ခု ရပ်နေသည်။

   စစ်နတ်ဘုရား၏ ခန္ဓာကိုယ်ပင်…

   “သခင်"
   
    “အချိန်မရှိတော့ဘူး"

    “ကျုပ်တို့ သခင်ကို ဒီမှာ စောင့်နေတယ်ဆိုတာ မမေ့ပါနဲ့"

    တိုတောင်းသော စကားများထဲ၌ မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

    ချင်နန်၏ နှလုံးသား လှုပ်ခုန်သွားသည်။

    အချိန်မ‌ရှိတော့ဘူး...

    စစ်နတ်ဘုရားရဲ့ ခန္ဓာကိုယ်က သူ့ကိုစောင့်ဖို့ အချိန်အများကြီးမရှိတော့ဘူးလို့ ဆိုလိုတာလား…

    ဘာလို့လဲ…

    တစ်ခုခုဖြစ်သွားတာလား…

    သူ သူ၏ ပါးစပ်ကိုဟ၍ မေးရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း မည်သည့်အသံမှ မပြုနိုင်ခဲ့ပေ။

    ထိုအချိန်၌ သူသည် ‌စိတ်ထင်ယောင်ထင်မှားဖြစ်နေသည့်ပမာ ‌စစ်နတ်ဘုရား၏ ခန္ဓာကိုယ်၊ ကောင်းကင်တောင်ပိုင်းဂိတ်နှင့် လေဟာနယ်မှာ ပျောက်ကွယ်သွားသည်။

    တစ်ခဏကြာပြီးနောက်…

    ချင်နန်၏ ခန္ဓာကိုယ်တုန်ခါသွားပြီး သူ၏ စိတ်ဝိညာဉ် သူ၏ ခန္ဓာကိုယ်ထဲ ပြန်လည်ရောက်ရှိလာသည်။ သူမျက်လုံးဖွင့်၍ မောကြီးပန်းကြီးဖြင့် အသက်ရှူလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ စီးကျနေသည်။

🐱🐱🐱🐱🐱

အပိုင်း (၉၃၄) ဘုရင်အဆင့်တိုက်ပွဲ

      အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ချင်နန် သူ၏ အတွေးများကို စုစည်းကာ သူ၏ မျက်လုံးများ စူးရှသွားသည်။

    မည်သည့်အရာဖြစ်ပျက်နေကြောင်းကို သူမသိသော်လည်း စစ်နတ်ဘုရား၏ ခန္ဓာကိုယ်သည် အချိန်မရှိတော့ကြောင်းကို ပြောခဲ့သည်။

     “ငါ့ရဲ့ ကျင့်ကြံမှုကို ငါမြန်မြန်တိုးတက်အောင်လုပ်ရမယ်…ဒီလိုမှ ငါကောင်းကင်တောင်ပိုင်းဂိတ်ကို မြန်မြန်ဖျက်ဆီးနိုင်လိမ့်မယ်"
   ချင်နန် လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။
    သူ၏ ကျင့်ကြံမှုသည် ဘုရင်အဆင့်ပေါ်၌ ပျမ်းမျှ၏ အထက်ဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း ၎င်းသည် အလယ်ပိုင်းတိုက်ကြီး၏ ကျွမ်းကျင်သူများ သို့မဟုတ် နတ်ဘုရားတစ်ဝက်‌ဒေသမှ ကျွမ်းကျင်သူများနှင့် မရင်ဆိုင်နိုင်သေးပေ။

    ထို့နောက် ချင်နန်သည် တောင်ဖိနှိပ်ခြင်းနတ်ဘုရားလုံးနှင့် ဆက်သွယ်လိုက်သည်။
      ၎င်းသည် လူသားတောင်ထိပ်၏ ပတ်ဝန်းကျင်ကို ချီစွမ်းအင်များ သိသိသာသာ တိုးတက်လာစေခဲ့သည်။

     “ကျင့်ကြံရမဲ့အချိန်ပဲ"
    ချင်နန် သူ၏ မျက်လုံးများကို ပိတ်ကာ သူ၏ သိုင်းဝိညာဉ်ကို ထုတ်လွှတ်၍ ချီစွမ်းအင်ကို စုပ်ယူလိုက်သည်။

   သီးသန့်ကျင့်ကြံနေစဉ်၌ အရိုးစုရှစ်ခုသည် အံ့အားသင့်ဖွယ်ရာအပြောင်းအလဲနှင့် ကြုံတွေ့ခဲ့ရသည်။
    ထိုအချိန်၌ ရွှင်ယွင်နှင့် ဝိညာဉ်ခြောက်ခုနဂါးသွေးကြောတို့သည် သူတို့၏ စွမ်းအားအလွန်အားနည်းသေးကြောင်းကို သိသဖြင့် ကျင့်ကြံလိုက်ကြသည်။  ခွေးနှစ်ကောင်နှင့် ကြွက်တစ်ကောင်မှာမူ သူတို့၏ ခန္ဓာကိုယ်များထဲမှ ကောင်းကင်ကံကြမ္မာသွေးကြောသည် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ၎င်းသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ဖြစ်သည်။
    နဂါးအင်ပါယာကလန်ထဲ၌ အတွင်းစည်းတပည့်စမ်းသပ်မှုဆက်လက်ဖြစ်ပွားနေသည်။

   အချိန်တဖြည်းဖြည်း ကုန်လွန်သွားသည်။ နှစ်ရက်ကြာပြီးနောက် သိုင်းဘုရင်အလင်း၏ ထူးဆန်းသော ဖြစ်ရပ်နှင့် အော်ရာကို အလယ်ပိုင်းတိုက်ကြီး၏ အဖွဲ့အစည်းများအားလုံး သိရှိသွားပြီး ဂိုဏ်းချုပ်များသည် သူတို့၏ တပည့်များအား ကြိုးစားပမ်းစားကျင့်ကြံရန် အမိန့်ပေးလိုက်ကြသည်။
     လူအနည်းစုသာ သတိပြုမိကြသော်လည်း အလယ်ပိုင်းတိုက်ကြီးတစ်လျှောက် ပြန့်ကျဲနေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများလည်း ခြားနားချက်ကို ခံစားနိုင်သည်။ ၎င်းသည် မုန်တိုင်းတစ်ခုချဉ်းကပ်လာသကဲ့သို့ဖြစ်သည်။

    တစ်လကြာပြီးနောက် တာအိုမူလပုံဆောင်ခဲထဲမှ ချင်နန်၏ ခန္ဓာကိုယ်တုန်ခါသွားပြီး သူ့ကိုယ်ပိုင် သိုင်းသစ်ပင်၏ အော်ရာ တဖြည်းဖြည်း ပြင်းထန်လာကာ နောက်ထပ်တစ်ကျန်ရှည်သွားသည်။ သူသည် သိုင်းဘီဘင်အဆင့်လေးသို့ အောင်မြင်ခဲ့သည့် သင်္ကေတဖြစ်သည်။
     ကျန်ရှိသော စစ်နတ်ဘုရားသိုင်းသစ်ပင်ရှစ်ပင်မှာမူ သူတို့စွမ်းအားမြင့်တက်လာကြသည်။ သို့သော်လည်း သူတို့ သုံးကျန် မရှိကြသေးပေ။
   
    ချင်နန်သည် တမင်တကာ သူတို့၏ ကြီးထွားနှုန်းကို  ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

    “စစ်နတ်ဘုရားသိုင်းသစ်ပင်တွေကို အာရုံစိုက်ရမဲ့အချိန်ပဲ"
   ချင်နန် တစ်ခဏစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ သူ၏ ကိုယ်ပိုင်သိုင်းသစ်ပင်ဖြင့် စစ်နတ်ဘုရားသိုင်းသစ်ပင်များကို အလွန်အကျွံ ဖိနှိပ်ခြင်းမှာ ပညာရှိရာမရောက်ပေ။ ၎င်းသည် သူတို့ကို ပုန်ကန်လာစေနိုင်သည်။
    
    ထိုအချိန်၌…

     အလယ်ပိုင်းတိုက်ကြီး၏ လျှို့ဝှက်ဆန်းကြယ်သော နေရာမှ ရွှေရောင်အလင်းတန်းများသည် နဂါးများပမာ ကောင်းကင်သို့ထိုးတက်သွားပြီး ‌လေဟာနယ်ကို ဖြတ်သန်း၍ အရပ်မျက်နှာအသီးသီးကိုပျံ့လွင့်သွားသည်။

   တစ်ခဏကြာပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခုသည် နဂါးအင်ပါယာကလန်သို့ ထိုးဖောက်ဝင်ရောက်လာသည်။
    မည်သည့်တပည့်မှ ၎င်းကို သတိမထားမိခဲ့ကြပေ။

     အမွှေးတိုင်တစ်တိုင်ကုန်စာခန့်ကြာပြီးနောက် နဂါးအင်ပါယာကလန်၏ အထက်ကောင်းကင်၌ သာယာသော အသံတစ်သံထွက်ပေါ်လာသည်။
     “လူတိုင်းပဲ…ဒါက ကိုးမြီးသိုင်းဘုရင်သားရဲ ပြောနေတာပါ…ငါ့မှာ အရေးကြီးတာတစ်ခု ကြေညာစရာရှိတယ်"

    ထိပ်ပိုင်းခေါင်းဆောင်များ၊ အကြီးအကဲများနှင့် တပည့်များ အံ့အားသင့်သွားသည်။

     ချင်နန်၏ မျက်လုံးများ ပွင့်လာကာ မျက်မှောာင်ကြုတ်သွားသည်။

    ဒါက ဘာလဲ…ဘာလို့ အလောတကြီး ကြေငြာဖို့ လိုနေတာလဲ...

    “ဘုရင်သံတမန်ရဲ့ နောက်ဆုံးအချက်အလက်အရဆိုရင် ဘုရင်အဆင့်ပေါ်က ဂျီးနီးယပ်တွေ တူးရင်းဒိုဂျိုကိုသွားပြီး အဆင့်တိုက်ပွဲဝင်ရမယ်"
    ကိုးမြီးသိုင်းဘုရင်သားရဲ တည်တံ့သော အသံဖြင့် ပြောလိုက်သည်။
     “အဆင့်တိုက်ပွဲက အရမ်းအရေးကြီးတယ်…အဆင့်တိုက်ပွဲပြီးတာနဲ့ ဘုရင်ဇာတာခွင်ပြိုင်ပွဲ စမဲ့နေ့ကို ဆုံးဖြတ်လိမ့်မယ်"

      “ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေ…ဘုရင်အဆင့်ပေါ်က ဂျီးနီးယပ်တွေကို ချက်ချင်းဆက်သွယ်ပြီး နောက်သုံးရက်နေရင် အဆင့်တိုက်ပွဲကို သွားဖို့ပြင်ထားပါ"
    စကားလုံးများသည် ပေါက်ကွဲမှုတစ်ခုပမာ လူတိုင်းကို ဟာလာဟင်းလင်းမျက်နှာထားဖြင့် ဖြစ်သွားစေသည်။

   အဆင့်တိုက်ပွဲသည် စောစီးစွာဖြစ်ပွားလာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

    “ချေးပဲ…အဆင့်တိုက်ပွဲပြီးတာ ရှစ်နှစ်ပဲရှိသေးတယ်…အဆင့်တိုက်ပွဲနောက်တဖန်စဦးမှာပေါ့…ငါတို့ အချိန်မရှိတော့ဘူးလို့ ဆိုလိုတာလား"

     “မြန်မြန်…သူတို့ကို မြန်မြန် အဆင့်တိုက်ပွဲကိုဆင့်ခေါ်လိုက်…သူတို့ အဆင့်တိုက်ပွဲနဲ့ လွဲလို့မရဘူး"

     “ငါဒါကို စောင့်နေတာအရမ်းကြာပြီ"

     “ဒါက စိတ်ဝင်စားဖို့ကောင်းတာပဲ...အခု ဘုရင်အဆင့်ပေါ်က အခြားဂျီးနီးယပ်တွေ ဘယ်လိုရှိမလဲဆိုတာ ငါသိချင်မိတယ်"

   သားရဲတစ်သောင်းဥယျာဉ်ထဲမှ အဓိကတပည့်များလည်းနိုးလာကြပြီး သူတို့၏ မျက်လုံးများ အရောင်လက်လာကြသည်။ ထိုအချိန်၌ အတွင်းစည်းတပည့်အချို့၏ မျက်နှာများ နက်မှောင်နေကြသည်။ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အကြီးအကဲများမှာမူ သူတို့သည် ဂိုဏ်းတွင်မရှိသည့် ဂျီးနီးယပ်များနှင့် ချက်ချင်းဆက်သွယ်လိုက်ကြသည်။

       အဆင့်တိုက်ပွဲသည် နဂါးအင်ပါယာကလန်တစ်ခုကို လုံးဝတုန်လှုပ်စေခဲ့သည်။

    ကောင်းကင်ဆေဘာဂိုဏ်း၊ ပျက်စီးခြင်းဂိုဏ်းနှင့် အရိပ်မြို့တော်…အစရှိသကဲ့သို့ အဖွဲ့အစည်းများတွင်လည်း ထိုသို့သော အဖြစ်အပျက်မျိုးဖြစ်ပွားနေသည်။

    အဓိကအချက်အနေဖြင့် အလယ်ပိုင်းတိုက်ကြီးတစ်လုံး တုန်လှုပ်ခဲ့သည်။

   လူသားတောင်ထိပ်၏ ကျင့်ကြံခြင်းခန်းမထဲမှ ထွက်လာကြသော အကြီးအကဲများနှင့် တပည့်များအား ကြည့်ကာ ချင်နန် ရှုပ်ထွေးသွားသည်။

    သူ ဘုရင်ဇာတာခွင်ပြိုင်ပွဲကိုသိသည်။ သို့သော်လည်း အဆင့်တိုက်ပွဲဆိုသည်မှာ အဘယ်အရာပါနည်း…

   “အကုန်သိခြင်းစာလိပ်ကို စစ်ဆေးကြည့်ရအောင်"
    ချင်နန် စာလိပ်ကို တစ်ခဏခန့်စစ်ဆေးပြီးနောက် နားလည်သွားသည်။

     ဘုရင်ဇာတာခွင်ပြိုင်ပွဲနှင့် နတ်ဘုရားဇာတာခွင်ပြိုင်ပွဲအတိအကျကို အဆင့်တိုက်ပွဲမဖြစ်ပွားမချင်း အတည်မပြုပေ။
     အဓိကအကြောင်းရင်းမှာ ဘုရင်အဆင့်ပေါ်မှ ဂျီးနီးယပ်များသည် သူတို့တစ်ယောက်နှင့် တစ်ယောက် အဆက်မပြတ် မတိုက်ခိုက်သ၍ အဆင့်အပြောင်းအလဲမှာ မရှိသလောက်ဖြစ်သည်။
    ဥပမာအားဖြင့် အဆင့်နှစ်ထောင့်တစ်တွင်ရှိနေသေးသော ချင်နန်ဖြစ်သည်။

   အဆင့်တိုက်ပွဲ၏ ရည်ရွယ်ချက်မှာ တူးရင်းဒိုဂျို၌ ဘုရင်အဆင့်ပေါ်မှ ဂျီးနီးယပ်များကို စုစည်းရန်ဖြစ်သည်။ ထို့နောက် သူတို့၏ စွမ်းအားနှင့် အဆင့်ပေါ်တွင် အခြေခံ၍ တစ်ယောက်ချင်းတိုက်ပွဲများစီစဉ်ပေးပြီး ရလဒ်ကို အခြေခံကာ အဆင့်သတ်မှတ်ချက်ကို ပြန်လည်ပြုပြင်သည်။။
 
    တိုက်ပွဲပြီးဆုံးသွားသည်နှင့် ဘုရင်ဇာတာခွင်ပြိုင်ပွဲကျင်းပမည့်ရက်အတိအကျကို ကြေငြာလိမ့်မည်ဖြစ်သည်။

    “ချင်နန်…အဆင့်တိုက်ပွဲမှာ မင်းရဲ့ အဆင့်တက်အောင် အကောင်းဆုံးကြိုးစား"
    ဝိညာဉ်ခြောက်ခုနဂါးသွေးကြော အသံပို့လွှတ်လိုက်သည်။

     “ဟမ်"
    ချင်နန် အံ့ဩသွားသည်။

    “အဆင့်မြင့်ရင် ဘုရင်ဇာတာခွင်ပြိုင်ပွဲမှာ မင်းရမဲ့ အကျိုးကျေးဇူးပိုများလိမ့်မယ်"
     ဝိညာဉ်ခြောက်ခုနဂါးသွေးကြော ရှင်းပြလိုက်သည်။

    “ကျုပ်နားလည်ပြီ"
    ချင်နန် သူ၏ ခေါင်းကို အနည်းငယ်မော့လိုက်သည်။ အကယ်၍ သူသည် အဆင့်တိုက်ပွဲတွင်ပါဝင်ပါက ၎င်းသည် မည်သည့်အန္တရာယ်မျှ မရှိသော်လည်း သူ၏ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်သေးချေ။

    သူသည် အကျိုးကျေးဇူးများကို သိပ်စိတ်မဝင်စားပေ။ မဟုတ်ပါက သူ့အား ပထမပေးရန် ဘုရင်အဆင့်ကို အလွယ်တကူတောင်းဆိုနိုင်သည်။

     သို့သော်လည်း ၎င်းမှာ အရေးပါ ပါသလော…

    ဘုရင်အဆင့်ပေါ်မှ ဂျီးနီးယပ်များအားလုံးသည် ဘုရင်ဇာတာခွင်ပြိုင်ပွဲ၌ တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်ကြလိမ့်မည်။
    အချိန်ကျလာသည့်အခါမှသာ သူ့ပြိုင်ဘက်များကို အံ့ဩအောင်လုပ်ရန်အတွက် သူ့သိုင်းသစ်ပင်ကိုးပင်လျှို့ဝှက်ချက်အား ဖုံးကွယ်ထားခြင်းက ပိုကောင်းပေသည်။

     ချင်နန်၏ သိုလှောင်အိတ်ထဲမှ တံဆိပ်သုံးခုအလင်းတောက်လာသည်။  ၎င်းမှာ ဘုရင်အဆင့်ပေါ်မှ ထိပ်ဆုံးဂျီးနီးယပ်သုံးယောက် သတင်းစကားပို့လွှတ်လိုက်ခြင်းဖြစ်သည်။

  “ သူတို့က ငါ့ကို ရှာနေတာလား"
    ချင်နန် အံ့ဩသွားသည်။

🐱🐱🐱🐱🐱

အပိုင်း (၉၃၅) စုရုံးခြင်း

     “ချင်နန် တကယ်လို့ ငါတို့ အခွင့်အရေးရှိရင် တိုက်ရအောင်"

    “မောင်လေးချင်နန်…ကျေးဇူးပြုပြီး ငါ့ကို နူးနူးညံ့ညံ့ဆက်ဆံပါ…ငါ့ကိုလည်း အခွင့်အရေးပေးပါ"

     “အဆင့်တိုက်ပွဲနီးလာပြီ…ငါ မင်းကို အကောင်းဆုံးဖြစ်စေချင်တယ်"

  ချင်နန် သတင်းစကားများကို ဖတ်ရှုရင်း ပြုံးလိုက်သည်။

  ဂျီးနီးယပ်သုံးယောက်သည် ဂွန်ယောင် သို့မဟုတ် စင့်မာခေါင်ကဲ့သို့ သူနှင့် မရင်းနှီးသည့်တိုင် သူတို့တစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်စဉ်ကတည်းက သူတို့အပေါ် အထင်အမြင်ကောင်း ရှိသည်။
     သူတို့သည် သူ၏ ပြိုင်ဘက်များဖြစ်သကဲ့သို့ မိတ်ဆွေများလည်းဖြစ်သည်။

   “စီနီယာထောင်ချင်းစန့် ဂွန်ယောင်တို့နဲ့ ကျန်းပိလန်တို့လည်း အဆင့်တိုက်ပွဲမှာ ပါမလားမသိဘူး"
     ချင်နန် ရေရွတ်လိုက်သည်။

    အကြောင်းအရင်းတချို့ကြောင့် သူသည် လောင်ဂူးတောင်တန်းမှ အဖြစ်အပျက်များကို အမှတ်ရသွားသည်။
   သူကော အလယ်ပိုင်းတိုက်ကြီးမှာ ရှိလောက်မလား…

   တစ်ခဏစဉ်းစားပြီးနောက် ချင်နန် ဆက်ကျင့်ကြံလိုက်သည်။

    အချိန်သုံးရက်သည် မျက်တောင်တစ်ခတ်အတွင်းကုန်ဆုံးသွားခဲ့သည်။

   အရုဏ်တက်စဉ်မှာပင် နဂါးအင်ပါယာကလန် အလွန်အသက်ဝင်နေသည်။

     “ဘုရင်အဆင့်ပေါ်က ထိပ်ဆုံးငါးရာထဲ ပါတဲ့ တပည့်တွေက ကျေးဇူးပြုပြီး ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးတောင်မှာ စုရုံးပေးကြပါ"

    “အဆင့်ငါးရာနဲ့ တစ်ထောင့်ငါးရာကြားက တပည့်တွေက...."

    “အဆင့်တစ်ထောင့်ငါးရာနဲ့ နှစ်ထောင့်ငါးရာကြားက တပည့်တွေက...."
    နဂါးအင်ပါယာကလန်၌ အဆက်မပြတ် အော်သံများ ပဲ့တင်ထပ်နေသည်။
      အဆင့်တိုက်ပွဲတွင် တရားမျှတမှုရှိစေရန်အတွက် ဂျီးနီးယပ်များကို မတူညီသော အုပ်စုများ ခွဲခြားထားသည်။

    “စီနီယာအစ်ကိုချင်နန်…သွားစို့"
    ရွှင်ယွင် သူ၏ မူလပုံစံအဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ ဝံပုလွေမျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

     “အင်း သွားရအောင်"
    ချင်နန် ပြုံးလိုက်ပြီး ရွှင်ယွင်ပေါ် တက်လိုက်သည်။

    သူတို့နှစ်ယောက်လုံးသည် အဆင့်တစ်ထောင့်ငါးရာနှင့် နှစ်ထောင့်ငါးရာကြားတွင်ဖြစ်သောကြောင့် သူတို့သည် ပဉ္စမတောင်နှင့် စုရုံးရန် လိုအပ်သည်။

      ဒိုဂျို၌ လူများ အုံနေကြသည်။ အများစုမှာ အတွင်းစည်းတပည့်များဖြစ်ပြီး အပြင်စည်းတပည့် အနည်းငယ် ပါဝင်သည်။

     ဝူး…

      ကျယ်လောင်သော အော်သံတစ်သံ ကြားလိုက်ပြီး လူတိုင်းခေါင်းမော့ကြည့်လိုက်သည်။
   
    ကြီးမားသော ကောင်းကင်ဝံပုလွေကြီးသည် ခံ့ထည်သောအော်ရာဖြင့် ဆင်းသက်လာပြီး အထက်၌ ချင်နန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသည်။ သူ၏ ဝတ်ရုံသည် လေတိုက်ခိုက်မှုနှင့်အတူ လွင့်မျောနေသည်။

     “ချင်နန်"

    “သူရောက်လာပြီ"

     “ဟုတ်သားပဲ…သူက အဆင့်နှစ်ထောင့်တစ်ကို…ငါသူနဲ့မတွေ့ဖို့ မျှော်လင့်တယ်"

     “ငါလည်းတူတူပဲ"

      အတွင်းစည်းတပည့်များ တုန်လှုပ်သွားကြပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူတို့သည် ချင်နန်၏ စွမ်းအားကို ကြောက်ရွံ့ခြင်းမဟုတ်ဘဲ တုတ်ကို ကြောက်ရွံ့နေခြင်းဖြစ်သည်။

    အပြင်စည်းတပည့်များမှာမူ အံ့အားသင့်သည့် မျက်နှာထားဖြင့် တိတ်ဆိတ်စွာသာရပ်နေသည်။

    ရွှင်ယွင် မာနထောင်လွှားသည့် မျက်နှာထားဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အစက ချင်နန်၏ စီးတော်ဖြစ်ခြင်းမှာ ရှက်စရာကောင်းသည်ဟု သူ ထင်ထားခဲ့သော်လည်း လူသားတောင်ထိပ်၏ အပြောင်းအလဲနှင့် အတွင်းစည်းတပည့်စမ်းသပ်မှုတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများအားကြားပြီးနောက် သူဂုဏ်ယူလာမိသည်။

     ဒိုဂျို၌ တပည့်များ ပိုစုရုံးလာပြီး ပုံရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာကာ ရယ်မောလိုက်သည်။
     “ကြည့်ရတာ လူတိုင်းရောက်နေကြပြီနဲ့တူတယ်…ကျန်တဲ့အုပ်စုနှစ်ခုထွက်သွားပြီးရင် ငါတို့သွားမယ်…ချင်နန် မင်း ဦးဆောင်လိုက်"
    ညွှန်ကြားလိုက်သော သူမှာ ဂုရုအကြီးအကဲဖြစ်ပြီး သူ၏ မျက်လုံးများ ချင်နန်ကို ကြည့်ကာ အရောင်လက်နေသည်။

     “ကျေးဇူးတင်ပါတယ် အကြီးအကဲ"
     ချင်နန် လက်သီးစုကာ သူ ခေါင်းဆောင်နေရာယူလိုက်သည်။

       ‌တပည့်များ မနာလိုဖြစ်သွားသော်လည်း မည်သူမျှ ဆူညံသံမပြုရဲပေ။

       တစ်ခဏကြာပြီးနောက် ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးတောင်မှ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။

    ချင်နန်နှင့် အခြားသူများ ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည်။

    တပည့်များအား ဦးဆောင်နေသူမှာ တောင်၏ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် အလွန်ကြီးမားသော ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးဖြစ်ပြီး သူ၏ နောက်၌ အစွမ်းထက်သော အော်ရာနှင့် အေးစက်စက်အော်ရာရှိသည့် လူငယ်တစ်‌ယောက်၊ လှပသော အမျိုးသမီးတစ်ယောက်နှင့် နတ်ဆိုးအော်ရာရှိသော လူတစ်ယောက်လိုက်ပါလာသည်။
 
    ဟွာလေနှင့် အခြားသူများ သူ့နောက်မှ လိုက်သွားသည်။

    “ဘုရင်အဆင့်ပေါ်က အဆင့်လေးအောက်ချန်းထျန်"

    “ဘုရင်အဆင့်ပေါ်မှာ အဆင့်ခုနှစ်ကိုးမြီးကောင်းကောင်မြေခွေးမျိုးနွယ်စုရဲ့ သခင်မလေးကျိုးကျိုး"

    “ဘုရင်အဆင့်ပေါ်မှာ အဆင့်ရှစ် နတ်မိစ္ဆာမျိုးနွယ်စုရဲ့ သခင်လေးယန်ချီ"

  လေထုထဲ၌  တုန်လှုပ်သည့်အသံများ ပြည့်နှက်သွားသည်။

    သူတို့သည် နဂါးအင်ပါယာကလန်၏ ပါရမီအရှိဆုံးတပည့်များဖြစ်ပြီး ပုံမှန်အားဖြင့် သားရဲတစ်သောင်းဥယျာဉ်တွင်နေထိုင်ခြင်း သို့မဟုတ် ရှေးဟောင်းနေရာများ၌ လေ့ကျင့်ခြင်းများ ပြုလုပ်ကြသည်။ သူတို့ တွေ့ရန်မှာ အလွန်ခက်ခဲသည်။

   “ဒီတော့ သူတို့က နဂါးအင်ပါယာကလန်ရဲ့ အစစ်အမှန်ဂျီးနီးယပ်တွေပေါ့…တကယ်ကို အရမ်းအစွမ်းထက်လွန်းတာပဲ..."
   ချင်နန်၏ မျက်လုံးများ လင်းလက်သွားသည်။

   အထူးသဖြင့် ကိုယ်ပိုင်ထူးခြားသော သိုင်းဘီဘင်အဆင့်အား အောင်မြင်ခဲ့သည့် အောက်ချန်းထျန်ဖြစ်သည်။
      သူ၏ စွမ်းအားသည် ကဝေချန်းချန်း၊ သူတော်စင်ချန်းကျိလိုင်တို့နှင့် နှိုင်းယှဉ်နိုင်ပုံရသည်။ ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးတောင်၏ ထိပ်ပိုင်းခေါင်းဆောင်ပင် သူနှင့် ယှဉ်နိုင်ခြင်းမရှိပေ။

     “ငါ့မှာ သားရဲရိုက်တုတ်ရှိတော့ အောက်ချန်းထျန်ကို ငါ့ရဲ့ စီးတော်ဖြစ်အောင် လုပ်ဖို့ အခွင့်အရေးရှိတယ်လို့ ဆိုလိုတာလား"
    ချင်နန်၏ စိတ်ထဲ ရုတ်တရက် အတွေးတစ်ခုဝင်ရောက်လာပြီး သူ၏ နှလုံးခုန်နှုန်းလျင်မြန်သွားသည်။
      အကယ်၍ သူသည် ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးမျိုးနွယ်စု၏ သခင်လေးကို စီးရပါက မည်မျှမိုက်ပါမည်နည်း…

     အခွင့်အရေးရှိရင် ငါသေချာပေါက် ကြိုးစားမယ်...
  
    ထို့နောက် အစွမ်းထက်သော ဒုတိယအော်ရာတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။

   အံ့ဩစွာပင် တပည့်များအား ဦးဆောင်လာသူသည် မူမူဖြစ်နေသည်။ သူမ၏ ဆံနွယ်များသည် လေထဲ၌ လူးလွန့်ကခုန်နေပြီး ခပ်စိမ်းစိမ်းအော်ရာတစ်ခုကြောင့် အလွန်လှပသော သွင်ပြင်ကို ပေးစွမ်းနေသည်။

     “နဂါးအင်ပါယာကလန်ရဲ့ စွမ်းအားက တကယ်ကိုကြောက်ဖို့ကောင်းတာပဲ…ထိပ်ဆုံးတပည့်တစ်ထောင့်ငါးရာထဲမှာ အဆင့်သတ်မှတ်ထားတဲ့ တပည့် တစ်ရာကျော်ရှိတယ်"
    ချင်နန် အံ့ဩစွာဖြင့် ရေရွတ်လိုက်သည်။

   အလယ်ပိုင်းတိုက်ကြီး၌ ကြယ်နှစ်ပွင့်အဖွဲ့အစည်းသုံးဆယ်ကျော်နှင့် ကြယ်သုံးပွင့်အဖွဲ့အစည်းတစ်ရာကျော်ရှိကာ နဂါးအင်ပါယာကလန်သည် ထိပ်ဆုံးတစ်ထောင့်ငါးရာထဲတွင် တစ်ရာကျော်ကို ပိုင်ဆိုင်ထားသောကြောင့် အလွန်အထင်ကြီးစရာကောင်းသည်။ နဂါးအင်ပါယာကလန်သည် ကြယ်နှစ်ပွင့်အဖွဲ့အစည်းများကြားထဲ၌ အစွမ်းထက်ဆုံးဟု သတ်မှတ်ထားခြင်းမှာ သိုင်းဘုရင်သားရဲသုံးကောင်ကြောင့်သာ မဟုတ်ပုံရသည်။

     “ငါတို့အလှည့်ပဲ"
   ဂုရုအကြီးအကဲပြောလိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားသည်။

   ရွှင်ယွင် တစ်ချက်ဟိန်းဟောက်လိုက်ပြီး ချင်နန်ကို သယ်ဆောင်၍ ဂုရုအကြီးအကဲ၏ နောက်မှ လိုက်လိုက်သည်။

    ကျန်ရှိသော တပည့်များလည်း သူတို့နောက်မှ လိုက်လိုက်သည်။

    နဂါးအင်ပါယာကလန်မှ တပည့်များ ခရီးစတင်ခဲ့သည်။

   အလယ်ပိုင်းတိုက်ကြီး၏ အမျိုးမျိုးသော အဖွဲ့အစည်းများ၌လည်း ထိုကဲ့သို့ မြင်ကွင်းမျိုးဖြစ်ပွားနေသည်။

       အကယ်၍ တစ်စုံတစ်ယောက်သည် ကောင်းကင်၏ အမြင့်မှ အောက်သို့ ငုံ့ကြည့်လိုက်လျှင် အလင်းစက်ထောင်ချီသည် နေရာတစ်ခုသို့ သွားနေကြောင်းကို တွေ့ရလိမ့်မည်ဖြစ်သည်။

   တစ်ခဏကြာပြီးနောက် ချင်နန်နှင့် အခြားသူများ အက်ကွဲကြောင်းထဲမှ ထွက်လာလိုက်သည်။
    အဝေးတွင်ရှိ‌သော သဲကန္တာရ၌ သဲမုန်တိုင်းများ တိုက်ခတ်နေသည်။
     ယခင်တစ်ခေါက်ကနှင့်မတူဘဲ ဒိုဂျိုများစွာ လွင့်မျောနေပြီး ပေါင်းလိုက်ပါက စုစုပေါင်းကိုးဆယ့်ရှစ်ခုရှိသည်။
     ထိုအရာအားလုံးကို တူးရင်းဒိုဂျိုများဟု သတ်မှတ်နိုင်သည်။

     ထိုအချိန်၌ လူများသည် မတူညီသော ဒိုဂျိုများသို့ သွားလိုက်ကြသည်။

    နေရာတစ်ခွင်၌ အမျိုးမျိုးသော အော်ရာများ ဖုံးလွှမ်းနေပြီး လူတိုင်းသည် လူအုပ်ကြီးနှင့် ရင်ဆိုင်ရသည့်အချိန်၌ သေးငယ်သည်ဟု ခံစားနေရသည်။
       ဤနေရာတွင်ရှိသော ကျင့်ကြံသူတိုင်း အတော်‌လေးပါရမီရှိကြသူများဖြစ်သောကြောင့် အောက်ချန်းထျန်ကဲ့သို့ အဆင့်ရှိသူများသာ ပါဝင်သူများကြားထဲ၌ ကြယ်တစ်ပွင့်ပမာ တောက်ပလိမ့်မည်ဖြစ်သည်။

     တပည့်များ၏ အံ့ဩတုန်လှုပ်မှုအား သတိပြုမိပြီးနောက် ဂုရုအကြီးအကဲပြောလိုက်သည်။
     “စမ်းသပ်မှုနဲ့ အဆင့်တိုက်ပွဲနှစ်ခုလုံးကို တူးရင်းဒိုဂျိုမှာပဲ ကျင်းပတယ်…ဒါက ထူးခြားလို့လား…ချင်နန် ငါတို့က ဆယ့်သုံးခုမြောက်ဒိုဂျိုကိုသွားရမယ်…ကျေးဇူးပြုပြီး တပည့်တွေကို ဦးဆောင်ပြီး အဲဒီကို ခေါ်သွားလိုက်ပါ့လား"

     “ဟုတ်ကဲ့"
    ချင်နန်၏ မျက်လုံးများ အရောင်လက်သွားပြီး  ဒိုဂျိုသို့ သွားလိုက်သည်။ ဤနေရာ၌ ဂျီးနီးယပ်စွာ စုရုံးနေကြသည်။ သူတို့၏ အစွမ်းထက်သော အော်ရာများ၊ မာနများနှင့် သူတို့၏ သတ်ဖြတ်ချင်စိတ်များသည် သွေးဆူလာစေခဲ့သည်။

   အဆင့်တိုက်ပွဲသည် သူမျှော်မှန်းထားသည်ထက် ပို၍စိတ်လှုပ်ရှားစရာကောင်းသည်။
 

Continue Reading

You'll Also Like

189K 29.7K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
41.2K 3.1K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
62.6K 6.3K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...
558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...