အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.7K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၉၂၆- ၉၃၀

454 48 0
By Azure5549


အပိုင်း (၉၂၆) သားရဲရိုက်တုတ်၏ အစွမ်း

     သားရဲတစ်သောင်းဥယျာဉ်သည် နဂါးအင်ပါယာကလန်၏ အဆင့်တစ်တားမြစ်နေရာဖြစ်ပြီး တပည့်များ၏ နှလုံးသားထဲမှ အထွတ်အမြတ်ကျင့်ကြံခြင်းနေရာဖြစ်သည်။
     သို့သော်လည်း အဓိကတပည့်များသာ ဝင်ခွင့်ရှိသည်။

      အဓိကတပည့်ဖြစ်လာရန်အတွက် မည်မျှခက်ခဲပါသနည်း…

    နဂါးအင်ပါယာကလန်ထဲ၌ ဆယ်ချီသာရှိသည်။ တပည့်များ၏ မျက်လုံးများ အရောင်လက်သွားသည်။ စမ်းသပ်မှုသည် သူတို့အတွက် အခွင့်အရေးကောင်းကြီးတစ်ခုဖြစ်သည်။ စမ်းသပ်မှုတွင် သူတို့ အနိုင်ရခဲ့ပါက သူတို့ကောင်းကင်ပေါ်သို့ ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။

      “စမ်းသပ်မှုက ဆယ်ရက်ကြာလိမ့်မယ်…တကယ်လို့ တစ်ယောက်ယောက်က တံဆိပ်တစ်ဝက်ကျော်ကို သိမ်းနိုင်ရင် စမ်းသပ်မှုက စောစောအဆုံးသတ်မယ်"
     ဟွာလေ တည်တံ့သော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။
     “အခုငါတို့ စီနီယာကိုးမြီးသိုင်းဘုရင်သားရဲကို ကြိုဆိုလိုက်ရအောင်"

    ဘန်း…

     ကောင်းကင်မှ တုန်လှုပ်ဖွယ်ရာအော်ရာတစ်ခုလှိမ့်တက်လာပြီး ဖိအားကြီးတစ်ခုသက်ဆင်းလာကာ လူများ အသက်ရှူကြပ်သွားသည်။

      ပိတ်ကျဲဝတ်စုံဝတ်ဆင်ထားသည့် ကိုးမြီးသိုင်းဘုရင်သားရဲသည်  လူအုပ်ဆီသို့ ဖြည်းလေးစွာ ချဉ်းကပ်လာသည်။ သူမ၏ လှပသော ပုံရိပ်သည် လူအားလုံး၏ အာရုံကို ဖမ်းစားသွားသည်။  တပည့်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များပင် စိတ်လွတ်သွားကြသည်။

     “နိယာမဖြစ်စဉ်တစ်သောင်း…ကိုးမြီးကမ္ဘာပွင့်"
     ကိုးမြီးသိုင်းဘုရင်သားရဲ ရေရွတ်လိုက်ပြီး လေထုကို ထိလိုက်သည်။

    မရေမတွက်နိုင်သော စည်းတံဆိပ်များ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြီးမားသော ရောင်စုံတံခါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
  
     “စိတ်မပူနဲ့…ကိုးမြီးကမ္ဘာထဲ ဝင်သွားတာနဲ့ မင်းတို့က ပေါ်ချင်တဲ့ နေရာမှာ ပေါ်လာလိမ့်မယ်"
    ကိုးမြီးသိုင်းဘုရင်သားရဲ တခစ်ခစ်ရယ်မောလိုက်ပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ထူးခြားသော တံဆိပ်ရာချီသည် လေထဲ၌ ပန်းပွင့်များပမာ ပြန့်ကျဲသွားကာ တပည့်များ၏ လက်ထဲကျရောက်သွားသည်။

    “ကျေးဇူးတင်ပါတယ်…စီနီယာသိုင်းဘုရင်သားရဲ"
    အောက်တုံဖန်း၊ စုချင်းချင်း၊ အန်လင်းနှင့် ဟွာကျိဝူတောက်တို့ ပထမဆုံးတုံ့ပြန်လိုက်သည်။
     သူတို့ လက်သီးစုကာ ပြောလိုက်ပြီးနောက် တံခါးထဲ ခုန်ဝင်သွားလိုက်ကြသည်။

    ကျန်ရှိသော တပည့်များမှာ သူတို့၏ အတွေးများကို စုစည်းလိုက်ကြသည်။

      သူတို့သည် နှုတ်ဆက်ပြီးနောက် တံခါးထဲဝင်သွားကြသည်။

     ချင်နန် ရှေ့သို့ လှမ်းလိုက်သည်နှင့် သူ၏ စိတ်ထဲ၌ နူးညံ့သော အသံတစ်သံထွက်ပေါ်လာသည်။

     “မောင်လေးချင်နန်…အကောင်းဆုံးကြိုးစား…အစ်မတို့သုံးယောက်ကို စိတ်မပျက်စေနဲ့"
     ကိုးမြီးသိုင်းဘုရင်သားရဲ ဆွဲဆောင်မှုရှိစွာဖြင့် မျက်တောင်ပုတ်ခတ်လိုက်သည်။

     ချင်နန် ချောင်းဆိုးသွားကာ သူ၏ အတွေးများကို စုစည်းပြီးနောက် ရောင်စုံတံခါးထဲ ခြေချလိုက်သည်။

      ကိုးမြီးသိုင်းဘုရင်သားရဲချက်ချင်းပင် ရယ်မောလိုက်ရာ ထိပ်ပိုင်းခေါင်းဆောင်များ ရှုပ်ထွေးသွားသည်။
     ကိုးမြီးသိုင်းဘုရင်သားရဲ အဘယ်ကြောင့်ပျော်ရွှင်နေကြောင်း သူတို့ မသိကြပေ။

      “မောင်လေးချင်နန်…အစ်မနင့်ကို ဟာသလုပ်နေတာမဟုတ်ဘူး…အစ်မတို့သုံးယောက် နင်အံ့ဩစရာတစ်ခုခု လုပ်ပြတာကို စောင့်နေမယ်"
     ကိုးမြီးသိုင်းဘုရင်သားရဲ သူမ၏ နှလုံးသားထဲ တွေးတောလိုက်ပြီး…

   ထိုစဉ်အတောအတွင်း ကိုးမြီးကမ္ဘာထဲတွင်…

    ဝှစ်…

     ချင်နန် မြေပြင်ပေါ် ခြေချလိုက်သည်နှင့် သူ၏ ပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးလိုက်သည်။

    ကောင်းကင်မှာ ပန်းရောင်ဖြစ်ပြီး သူ၏ ဝန်းကျင်၌ ခပ်ဖျော့ဖျော့အော်ရာတစ်ခုကို တွေ့မြင်နိုင်သည်။ သူ၏ မနီးမဝေး၌ တောအုပ်တစ်ခု၊ မြစ်တစ်စင်းနှင့် ထူးဆန်းသော မြက်ပင်များ ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။

     “ကိုးမြီးမျိုးနွယ်စုက သွေးဆောင်တဲ့ ပညာရပ်တွေမှာ ကျွမ်းကျင်တဲ့သူတွေပဲ…ဒါကြောင့်မလို့ ဒီကိုးမြီးကမ္ဘာက ငါတို့ရဲ့ စိတ်တွေကို လွှမ်းမိုးလိမ့်မယ်"
      ချင်နန် ကိုးမြီးကမ္ဘာအပေါ် နားလည်မှုတစ်ခုရရှိသွားပြီး တီးတိုးရေရွတ်လိုက်သည်။
     ထို့နောက် သူ၏ အကြည့်များ စူးရှသွားသည်။

    အကယ်၍ စမ်းသပ်မှုတွင် သူသည် သူ၏ ကိုယ်ပိုင်သိုင်းသစ်ပင်ကို ထုတ်လွှတ်ပါက အများဆုံးသိုင်းဘီဘင်အဆင့်ငါးကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နိုင်သည်။ ထို့ကြောင့် သူ့အတွက် အတွင်းစည်းတပည့်စမ်းသပ်မှု၌ အနိုင်ရရန် မည်သို့မျှ မဖြစ်နိုင်ပေ။
     အကယ်၍ သူ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ပါက သူသည် သူ၏ လျှို့ဝှက်ချက်များကို မပေါက်ကြားစေရန်အတွက် သူ့ပြိုင်ဘက်များကို သတ်ရလိမ့်မည်ဖြစ်သည်။
     သို့သော်လည်း ၎င်းသည် စမ်းသပ်မှု၌ မလိုအပ်ပေ။

     “ငါသားရိုက်တုတ်ကို မှီခိုရမယ်နဲ့တူတယ်"
    ချင်နန် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

     ကိုးမြီးကမ္ဘာထဲတွင် အသုံးဝင်သည့် အရင်းအမြစ်များ ပြည့်နှက်နေသောကြောင့် သူ၎င်းတို့ကို စုဆောင်းကာ ဧကရာဇ်သလင်းပြားအချို့ဖြင့် ရောင်းချနိုင်သည်။

      “အိုး…ဖြားယောင်းသွေးဆောင်ခြင်းဉာဏ်ပညာပန်း…ဒါက အသုံးဝင်တယ်"
      ချင်နန်၏ ခန္ဓာကိုယ်ရပ်တန့်သွားသည်။ သူနှင့် ငါးလီအဝေးတွင် ချီစွမ်းအင်များ ထူထပ်သည့် ပန်းရောင်ပန်းပွင့်တစ်ပွင့်ရှိနေသည်။
    ခြေတစ်ချက်ကန်လိုက်ပြီး ချင်နန်၏ ခန္ဓာကိုယ်သည် မြားတစ်စင်းပမာ ရှေ့သို့ ပစ်ခွင်းသွားငာ ပန်းကိုခူးဆွတ်၍ သူ၏ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။
     သို့သော်လည်း လေခွင်းသံတစ်သံထွက်ပေါ်လာပြီး အေးစက်စက်အော်ရာနှင့် ဆေဘာဓားချက်တစ်ချက်သည် ချင်နန်ဆီသို့တိုးဝင်လာသည်။

    သူ၏ ခန္ဓာကိုယ်ကိုလှုပ်ခါ၍ ပိုင်းချက်ကို ရှောင်တိမ်းလိုက်သည်။

     ဝှစ်…ဝှစ်…ဝှစ်…

     တောအုပ်များထဲမှ အစွမ်းထက်သော အော်ရာများ ချင်နန်‌၏ ရှေ့သို့ သက်ဆင်းလာသည်။

    သူတို့သည် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူတို့၏ ကျင့်ကြံမှုများမှာ သိုင်းဘီဘင်အဆင့်ငါးဖြစ်သည်။

      “ဟား…ဟား…ဒါက ကျော်ကြားတဲ့ လူသားတောင်ထိပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်မလား…ငါတို့ကံကောင်းတာပဲ"
    ဦးဆောင်လာသော လူငယ်၏ မျက်လုံးများ အရောင်လက်နေသည်။
    “အခု မင်းရဲ့ သိုလှောင်နဲ့ တံဆိပ်ကိုပေး…မဟုတ်ရင် ငါတို့မင်းကို ကြင်နာမှုပြမှာမဟုတ်ဘူး"

     အခြားသားရဲနှစ်ကောင်လည်း စိတ်လှုပ်ရှားသွားကာ ချင်နန်ကို ဝိုင်းလိုက်ကြသည်။

     လူတိုင်းသိထားကြသကဲ့သို့ လူသားတောင်ထိပ်၏ ကျင့်ကြံခြင်းခန်းမသည် ဧကရာဇ်သလင်းပြားမြောက်မြားစွာရရှိခဲ့သည်။
     ယခင်က သူတို့မနာလိုသည့်တိုင်  နဂါးအင်ပါယာကလန်ထဲတွင် ဘာမှမတတ်နိုင်ခဲ့ပေ။
    သို့သော်လည်း ယနေ့၌ ထိုကဲ့သို့ မဟုတ်တော့ပေ။

    “မင်းတို့က ငါ့ဆီက လုဖို့စီစဉ်ထားရင် လုံလောက်အောင်သန်မာဖို့ လိုအပ်တယ်"
     ချင်နန်၏ နှုတ်ခမ်းများ အပေါ်သို့ ကွေးတက်သွားသည်။ သူတို့သည် သူနှင့် အချိန်ကိုက် လာတိုးပုံရသည်။

     “မင်းက ငါတို့ ပြောတာကို လက်မခံဘူးပေါ့"
    သားရဲသုံးကောင်အံ့အားသင့်သွားကြပြီး သူတို့၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။
      ချင်နန်သည် တျန်အဆင့်တစ်သိုင်းဝိညာဉ်သာရှိပြီး သူ၏ ကျင့်ကြံမှုသည် သိုင်းဘီဘင်အဆင့်နှစ်သာဖြစ်ကြောင်းကို လူတိုင်းသိကြသည်။
      သူတို့သည် ထူးခြားသော စွမ်းရည်နှင့် ဝှက်ဖဲများရှိသည့် သိုင်းဘီဘင်အဆင့်ငါးကျင့်ကြံသူများဖြစ်သည်။ သူတို့သည် သိုင်းဘီဘင်အဆင့်ခြောက်ကျင့်ကြံသူတစ်ယောက်ကိုပင် အနိုင်ယူနိုင်သည်။

     ချင်နန်က သူတို့သုံးယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်တယ်လို့ ထင်နေတာလား…

     “ဟန့်.ငတုံးတစ်ယောက်ပဲ…သူ့ကို သင်ခန်းစာပေးရအောင်"
      ဦးဆောင်လာသော လူငယ် တင်းမာစွာဖြင့် ပြောလိုက်သည်။

     သူတို့သုံးယောက် ချက်ချင်းပင် သားရဲအော်ရာများနှင့် ဘုရင်သိုင်းပညာများကို အသုံးပြုလိုက်သည်။ သူတို့၏ ပေါင်းစည်းတိုက်ခိုက်မှုများသည် ချင်နန်ဆီသို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအမြန်နှုန်းဖြင့် ဝင်ရောက်လာသည်။

     ချင်နန်၏ မျက်နှာထား တည်ငြိမ်စွာပင် ရှိနေပြီး သားရဲရိုက်တုတ်ကို ထုတ်၍ ရှေ့သို့ ရိုက်ချလိုက်သည်။
     
     “တုတ်တစ်ချောင်း…"
    ထိုမြင်ကွင်းအား ကြည့်ကာ သားရဲသုံးကောင် အထင်သေးစွာဖြင့် ပြုံးလိုက်သည်။

      ထူးဆန်းသော တုတ်၌ ချီစွမ်းအင်အနည်းငယ်ရှိနေသော်လည်း ဘုရင်အဆင့်အော်ရာလုံးဝမရှိပေ။ ထို့ကြောင့် ၎င်းသည် ဘုရင်အဆင့်လက်နက်ပင်မဟုတ်ပေ။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်နှာများ တောင့်တင်းသွားသည်။။

    သားရဲရိုက်တုတ်ရှေ့သို့ လွှဲယမ်းလာချိန်၌ သူတို့၏ ခန္ဓာကိုယ်ထဲမှ အဓိကအင်အားများ ကန့်သတ်ခံလိုက်ရသည်။

      အဓိကအင်အားများ၏ ထောက်ပံ့မှုမပါသောကြောင့် ဘုရင်သိုင်းပညာသုံးခု ပျောက်ကွယ်သွားသည်။

     “ဘာ…ဘာဖြစ်တာလဲ"
    သူတို့ သုံးယောက် အလွန်တုန်လှုပ်သွားသည်။

     ထိုအချိန်၌ သားရဲရိုက်တုတ်သည် သူတို့၏ ရှေ့သို့ ရောက်ရှိ နေပြီဖြစ်သည်။

      သူတို့ အမှတ်တမဲ့ဖြင့် ရှောင်တိမ်းလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များသည် ထူးဆန်းသော အင်အားတစ်ခုကြောင့် မလှုပ်ရှားနိုင် ဖြစ်နေသည်။ သူတို့သည် တုတ်သူတို့ပေါ် ကျရောက်လာသည်ကိုသာ ကြည့်နေနိုင်သည်။

     “ဟမ်…ငါတို့ရဲ့ အဓိကအင်အားတွေ ပျောက်ဆုံးသွားရင်တောင် ဒီတုတ်က ဘုရင်တစ်ဝက်အဆင့်လက်နက်မဟုတ်ဘူး…ဒါက ငါတို့ကို ဘယ်လိုမှ နာကျင်စေမှာမဟုတ်ဘူး"
     နောက်ဆုံးအခိုက်အတန့်၌ လူငယ် တစ်စုံတစ်ခုကိုနားလည်သွားပြီး စိတ်သက်သာရာရသွားသည်။
     သူ၏ ခန္ဓာကိုယ်သည် အလွန်အစွမ်းထက်လှသည်။
     သို့သော်လည်း တုတ်သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် မယုံနိုင်စရာ‌နာကျင်မှုတစ်ခုပေါ်ပေါက်လာပြီး သူ၏ စိတ်ဝိညာဉ်ကို ထိုးဖောက်သွားရာ သူ၏ ခန္ဓာကိုယ်တုန်ခါသွားသည်။

     သူတို့သုံးယောက် လုံးဝမှင်တက်သွားသည်။

     ဘယ်လိုဖြစ်တာလဲ။ 
   
     သူတို့ရရှိသော တစ်ခုတည်းသော တုံ့ပြန်မှုမှာ ဆက်လက်ကျရောက်လာသော တုတ်ရိုက်ချက်များသာဖြစ်သည်။   

🐱🐱🐱🐱🐱

အပိုင်း (၉၂၇) ရန်သူများနှင့် ကြုံခြင်း
   
      အား.....
    တောအုပ်ထဲ၌ အော်သံများ ပဲ့တင်ထပ်နေပြီး အသံများမှာ အလွန်သနားစရာကောင်းလှသည်။

    တစ်ခဏအကြာ၌ ချင်နန် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြုံးလိုက်သည်။
     “မင်းတို့ ငါ့ဆီက လုချင်သေးလား"

     “မလုချင်ပါဘူး.…အစ်ကို…ကျုပ်မှားသွားပါတယ်…ကျုပ်ဒီလိုမျိုး ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး"
    ယခင်က မောက်မာခဲ့ကြသော သားရဲသုံးကောင်မှာ ယခုအချိန်၌ မြေပြင်ပေါ်တွင် တုန်ရီစွာဖြင့် လဲလျောင်းနေကြသည်။
      သူတို့၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများ အပြည့်ရှိသည်။ သူတို့အတွက် ချင်နန်သည် နတ်ဆိုးတစ်ပါးဖြစ်သည်။။

    ချင်နန် ခေါင်းညိတ်လိုက်ပြီး သားရဲရိုက်တုတ်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
    ဤလက်နက်သည် သူမျှော်မှန်းထားသည်ထက်ပင် ပို၍ထည်ဝါပုံရသည်။
    စောနက ရိုက်နှက်ခဲ့သည့် မြင်ကွင်းအား အမှတ်ရသွားသည့်အခါ သူအလွန်ကျေနပ်သွားသည်။ ထို့နောက် ချင်နန်သည် သူတို့သုံးယောက်၏ သိုလှောင်အိတ်များနှင့် တံဆိပ်များကို ယူပြီးနောက် နဂါးအင်ပါယာကလန် သားရဲရိုက်တုတ်အကြောင်းအား မသိစေရန် သူတို့ကို ကျိန်ဆိုခိုင်းခဲ့သည်။
      အကယ်၍ နဂါးအင်ပါယာကလန်သည် သားရဲရိုက်တုတ်အကြောင်းကို သိသွားပါက ၎င်းမှာ သူ့အတွက် ပြဿနာများစွာဖြစ်စေလိမ့်မည်ဖြစ်သည်။

     “အင်း…ဒီအတိုင်းဆိုရင် ငါရွှင်ရ၊ ဟွာကျိဝူတောက်တို့နဲ့ ကြုံရရင်တောင် ငါသူတို့ဆီက ဧကရာဇ်သလင်းပြားတွေ အလွယ်တကူလုယက်လို့ရတယ်…ဒီလိုဆိုရင်ငါရဲ့ နတ်ဘုရားသိုင်းဝိညာဉ်အဆင့်တက်ဖို့ လုံလောက်လိမ့်မယ်"
     ချင်နန်၏ မျက်လုံးများ အရောင်လက်နေသည်။

     သူ အဝေးသို့ ခြေတစ်ချက်ကန်ကာ ပျံသန်းသွားလိုက်သည်။ သူသည် သူ၏ ရန်သူများနှင့် တွေ့ချင်နေသည်။

     နောက်နှစ်နာရီအတွင်း၌ ချင်နန်သည် တပည့်အနည်းငယ်နှင့် တွေ့ခဲ့သည်။ သို့သော်လည်း သူတို့သည် သူ့အား ရန်မပြုသောကြောင့် သူ သူတို့ကို အနှောင့်အယှက်ပေးရန် မဆုံးဖြတ်ခဲ့ပေ။

     ထိုအချိန်၌ ထူးဆန်းသော ဖြစ်ရပ်တစ်ခုဖြစ်ပွားလာခဲ့သည်။
  
    ဘန်း…

   လီတစ်ထောင်ကျော်အဝေးမှ အနီရောင်အလင်းတန်းတစ်ခုကောင်းကင်သို့ ထိုးတက်သွားပြီး တိမ်စိုင်များကို ဖောက်သွားသည်။
    ထူးဆန်းသော အသံတစ်သံကိုလည်း ကြားလိုက်ရသည်။
    သို့သော်လည်း ထိုဖြစ်ရပ်သည် အသက်ရှိုက်အနည်းငယ်သာ ကြာခဲ့ခြင်းဖြစ်သည်။

     “ဒီထူးဆန်းတဲ့ဖြစ်ရပ်က ရှားပါးရတနာတစ်ခုရဲ့ သင်္ကေတပဲ"
     ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ ချက်ချင်းပင် ထိုအရပ်မျက်နှာသို့ သွားလိုက်သည်။

    “ဟမ်…ဒါက…"
     နောက်ထပ်အရပ်မျက်နှာတစ်ခုမှ သူ့ဦးတည်ရာသို့‌ သွားနေသည့် လူတစ်အုပ်ကို မြင်တွေ့လိုက်ရပြီး ချင်နန် ရပ်တန့်သွားသည်။ အကယ်၍ သူ၏ လမ်းကြောင်းအတိုင်းဆက်သွားပါက သူတို့နှင့် တွေ့လိမ့်မည်ဖြစ်သည်။

      “ချင်နန်…မင်းလား"
   ထိုလူစုမှာ ရွှင်ရနှင့် ကောင်းကင်ဝံပုလွေမျိုးနွယ်စုမှ သားရဲများဖြစ်သည်။

    ရွှင်ရနှင့် သူ့လူများ အံ့ဩသွားကြသည်။

     သူတို့ ကိုးမြီးကမ္ဘာကိုစရောက်ကတည်းက ချင်နန်ကို ရှာနေခဲ့ကြသည်။

    သို့သော်လည်း ထူးဆန်းသော ဖြစ်ရပ်သို့ သွားရာလမ်း၌ သူတို့ချင်နန်နှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

    ချင်နန် ပြုံးလိုက်၏။
     ဘယ်လောက်အံ့ဩဖို့ကောင်းတဲ့ ကံကြမ္မာလဲ…

     “ဟား…ဟား…ဟား…"
   ရွှင်ရ သူ၏ အတွေးများကို စုစည်းကာ ရယ်မောလိုက်သည်။သူ၏ မျက်နှာနီရဲနေပြီး ပြောလိုက်သည်။
     “ကြည့်ရတာ မင်းက ကောင်းကင်ကို သွားရမဲ့အစား ငရဲလမ်းကို ရွေးချယ်လိုက်တဲ့ပုံပဲ…ချင်နန် မင်းအံ့ဩသွားလား"

    အခြားတပည့်ရှစ်ယောက်လည်း ရယ်မောလိုက်သည်။

    “မင်းက ဘယ်လိုလုပ် အရေးမပါတဲ့ စကားတွေ လာပြောနေတာလဲ...ပါးစပ်ပိတ်ပြီး တိုက်စမ်းပါ"
    ချင်နန် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

     “ဟန့်…သေမင်းရဲ့ လက်တစ်ကမ်းရောက်နေတာတောင် မင်းက ဘဝင်မြင့်နေသေးတယ်ပေါ့…အကုန်လုံးပဲ သူသခင်လေးကို လုပ်ခဲ့တာအတွက် ငါသူ့ကို ပြန်ပေးဆပ်ခိုင်းမယ်…ငါတို့ သူ့ကို ဒီနေ့ သင်ခန်းစာပေးကြမယ်"
   ရွှင်ရ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ သိုင်းဘီဘင်အဆင့်ရှစ်အော်ရာပေါက်ကွဲထွက်လာသည်။ သူ ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
       သူသည် မည်သည့်ဘုရင်သိုင်းပညာကိုမှ အသုံးမပြုဘဲ ချင်နန်၏ မျက်နှာကို ရိုက်ရန် ကြိုးပမ်းလိုက်ခြင်းဖြစ်သည်။

      သူတို့ ချင်နန်ကို သတ်လိုက်ပါက ၎င်းသည် သူတို့၏ မျိုးနွယ်စုအတွက် ပြဿနာဖြစ်စေမည်ဖြစ်သောကြောင့် ချင်နန်ကိုသတ်ရန်မစီစဉ်ထားပေ။ သည့်အစား သူတို့သည် နှိပ်စက်အရှက်ခွဲကာ လက်စားချေရန် စီစဉ်ထားသည်။

    ချင်နန်၏ ဘယ်ဘက်မျက်လုံး အရောင်လက်သွားပြီး ရိုက်ချက်ကို အလွယ်တကူရှောင်တိမ်းလိုက်သည်။

   “အိုး…မင်းမှာ စွမ်းရည်တချို့ရှိတာပဲ…ဒီလိုဆိုရင် ငါဘာတတ်နိုင်လဲဆိုတာ မင်းကို ပြမယ်"
    ရွှင်ရ၏ မျက်ခုံးများ ပင့်တက်သွားပြီး သူ၏ လက်များဖြန့်လိုက်ရာ ချွန်ထက်သော လက်သည်းများအဖြစ် ပြောင်းလဲသွားသည်။

     သူချင်နန်ဆီသို့ တဟုန်ထိုးတက်သွားလိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် ကုတ်ဆွဲလိုက်သည်။ သိုင်းဘီဘင်အဆင့်ငါးကျင့်ကြံသူပင် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လိမ့်မည်မဟုတ်ပေ။

    ထိုမြင်ကွင်းအား ကြည့်ကာ တပည့်ရှစ်ယောက် စိတ်လှုပ်ရှားသွားကြသည်။ သူတို့ ချင်နန် ဒူးထောက်အသနားခံနေသည့် မြင်ကွင်းကို မြင်ယောင်လာကြသည်။

     “ငါ့ရဲ့ အချိန်တွေကို ထပ်မဖြုန်းတော့ဘူး"
     ချင်နန် ပခုံးတွန့်လိုက်ပြီး သားရဲရိုက်တုတ်အား ထုတ်ယူ၍ ရိုက်ချလိုက်သည်။

     “ဟာသပဲ…တျန်အဆင့်တစ်သိုင်းဝိညာဉ်လေးနဲ့ သိုင်းဘီဘင်အဆင့်နှစ်ကျင့်ကြံမှုပဲရှိတဲ့ကောင်က ငါ့ကို ခုခံဖို့ ကြိုးစားနေတာပေါ့…ပြီးတော့ ဒီအသုံးမကျတဲ့တုတ်...."
     ရွှင်ရ လှောင်ပြောင်လိုက်ပြီး ချင်နန်ကို လူပြက်တစ်ယောက်ပမာ ဆက်ဆံလိုက်သည်။

     သို့သော်လည်း စကားမဆုံးခင်မှာပင်တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို သူ နားလည်လိုက်သည်။

     ဘာဖြစ်တာလဲ…
     ဘာလို့ငါ့ရဲ့ ခန္ဓာကိုယ်ထဲက အဓိကအင်အားက သုံးမရတော့တာလဲ...

    ထိုအချိန်၌ သားရဲရိုက်တုတ် သူ၏ လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။

     စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

     “အား"
   ရွှင်ရ နာကျင်စွာ အော်လိုက်ပြီး တဆတ်ဆတ်တုန်ရီသော ‌နှုတ်ခမ်းဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

    တပည့်ရှစ်ယောက် ဆွံ့အသွားသည်။
 
     ဘာဖြစ်သွားတာလဲ…ရွှင်ရက ဘယ်လိုလုပ်ရှုံးသွားတာလဲ…

    “ချင်နန်မင်းမှာ ဒီလိုစွမ်းရည်တွေရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး…ဒါပေမဲ့ မင်းက ငါ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး"
    ရွှင်ရ  ဒေါသတကြီးအော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် ကြီးမားသော  ငွေရောင်ဝံပုလွေကြီးအဖြစ် ပြောင်းလဲသွားသည်။ သူ သူ၏ ပါးစပ်ကိုဟ၍ ချင်နန်ကို အနီရောင်အလင်းတစ်ခုပစ်လွှတ်လိုက်သည်။

     ဘန်း…

     တိုက်ခိုက်မှုသည် နေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။

    ရွှင်ရ သူ၏ စွမ်းအားကို ထိန်းချုပ်ထားသည့်တိုင် တိုက်ခိုက်မှုသည် သိုင်းဘီဘင်အဆင့်ခုနှစ်ကျင့်ကြံသူကို ဒဏ်ရာ‌ရစေရန် လုံလောက်သည်။

    “ဟန့်…မင်း ဒီတိုက်ခိုက်မှုကို ခုခံနိုင်လား"
     ရွှင်ရ မာနဖြင့် သူ၏ မျက်ခုံးများကို ပင့်လိုက်သည်။ ၎င်းသည် သူ၏ အသန်မာဆုံးတိုက်ကွက်ဖြစ်သည်။

     ဝှစ်…

     ချင်နန် သူ၏ လက်ကို တဖန်လွှဲယမ်းလိုက်သည်။

    ထူးဆန်းသော ခံစားချက်ကို တဖန်ခံစားလိုက်ရပြီး ရွှင်ရ၏ မျက်နှာပေါ်မှ ယုံကြည်မှုမှာ အေးခဲသွားသည်။

    သူ၏ ခန္ဓာကိုယ်ထဲမှ အဓိကအင်အားပိတ်ဆို့ခံလိုက်ရပြီး သူ၏  အဓိကအင်အား ပျောက်ကွယ်သွားသည်။

    ဘန်း…

    သားရဲရိုက်တုတ် ရွှင်ရ၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။

  ရွှင်ရ နာကျင်စွာအော်လိုက်ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်မြေပေါ်သို့ ပစ်ကျသွားကာ သူ၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
    သူ၏ ယခင် ခံ့ထည်သော သွင်ပြင်နှင့် လုံးဝခြားနားလို့နေသည်။

     “ဒါ…"
    တပည့်ရှစ်ယောက် အလွန်ကြောင်အမ်းအမ်းဖြစ်နေသည်။

     ဘာဖြစ်နေတာလဲ…

    သိုင်းဘီဘင်အဆင့်ရှစ် ရွှင်ရကို ချင်နန်က ဘယ်လိုလုပ် အနိုင်ယူလိုက်တာလဲ…

    “တစ်ခုခု…ဒီကောင်က တစ်ခုခုထူးဆန်းတယ်…အကုန်လုံးအတူတူတိုက်ကြ"
   ရွှင်ရ၏ အသံ တုန်ရီနေပြီး သူ၏ မျက်နှာပေါ်မှ ဒေါသပို၍ကြီးထွားလာသည်။ သူ ၎င်းကို မယုံကြည်နိုင်ပေ။
     ကျင့်ကြံမှုသိုင်းဘီဘင်အဆင့်နှစ်သာရှိသည့် ချင်နန်သည် သူ့ကို ထူးဆန်းသည့် တုတ်တစ်ချောင်းဖြင့် အနိုင်ယူခဲ့သည်။

   လူငယ်ရှစ်ယောက်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ကျယ်လောင်စွာအော်၍ သူတို့၏ ပုံရိပ်များ ဝံပုလွေများအဖြစ် ပြောင်းလဲသွားသည်။

    ကြီးမားသောကောင်းကင်ဝံပုလွေကိုးကောင် ပူးပေါင်း၍ တိုက်ခိုက်လိုက်သည်။ သူတို့၏ နဖူးပေါ်မှ လခြမ်းအမှတ်အသားများ တောက်ပလာပြီး ကြီးးမားသောလကြီးအဖြစ်ပြောင်းလဲသွားကာ ချင်နန်ကို ဖိချလိုက်သည်။

    သူတို့၏ ဝန်းကျင်မှ မြေပြင်၌ ရေခဲများ ဖုံးလွှမ်းလာသည်။ တိုက်ခိုက်မှုသည် သိုင်းဘီဘင်အဆင့်ကိုးကျင့်ကြံသူတစ်ယောက်ကို ရှင်းပစ်ရန် လုံလောက်သည်။

    “ချင်နန်…မင်းက ဒါကို ခုခံနိုင်တယ်ဆိုတာာငါမယုံဘူး…သေလိုက်တော့"
    ရွှင်ရ အော်ဟစ်လိုက်သည်။

    ဝှစ်…

     လေခွင်းသံတစ်သံထွက်ပေါ်လာပြီး ချင်နန်သည် သားရဲရိုက်တုတ်ကို လေး ငါးချက်ဆင့်ရိုက်လိုက်သည်။

     ရွှင်ရနှင့် တပည့်ရှစ်ယောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

      ဘာလားဟ…လူတိုင်းရဲ့ အဓိကအင်အားတွေ ပိတ်ဆို့ခံလိုက်ရတာလား…

     သူတို့ ဖန်တီးထားသည့် လကြီးတဖြည်းဖြည်းပျောက်ကွယ်သွားပြီး တုတ်ရိုက်ချက်များ သူတိူ့၏ ခေါင်းပေါ်သို့ ကျရောက်လာကြောင်းကိုသာ မြင်တွေ့လိုက်ရသည်။

    ဘန်း…ဘန်း…ဘန်း…

🐱🐱🐱🐱

အပိုင်း (၉၂၈) အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီး

      “အား…နာတယ်"
    
     “ချင်နန်…မင်းဘယ်လိုလုပ်ရဲတာလဲ…"

    “ချင်နန်…ငါတောင်းပန်ပါတယ်…ငါတို့တောင်းပန်ပါတယ်…ကျေးဇူးပြုပြီး ရပ်ပါတော့"
  
  ယခင်က ဒေါသထွက်နေသော ရွှင်ရနှင့် သူ၏ လူစုသည် သားရဲရိုက်တုတ်၏ စဉ်ဆက်မပြတ်ရိုက်နှက်ခြင်းကိုခံရပြီးနောက် အလွန်ကြောက်ရွံ့သွားကြသည်။

    လက်ရှိ၌ အလွန်ကြီးမားသော သိုင်းဘီဘင်အဆင့်ရှစ်ကောင်းကင်ဝံပုလွေကိုးကောင်သည် မြေပြင်ပေါ်တွင် ပြားဝပ်တုန်ရီစွာဖြင့် လဲလျောင်းနေပြီး နာကျင်စွာ အော်ဟစ်နေကြသည်။

   ချင်နန်သည် ယခုအကြိမ်၌ သူ၏ ကစားစရာအသစ်များကို သနားကြင်နာမှုမပြခဲ့ပေ။

     “ငါမင်းကိုမေးမယ်…ရွှင်ယွင်အတွက် ငါ့နောက်လိုက်တာက ရှက်စရာကောင်းတယ်လို့ မင်းထင်နေတာလား"
    ချင်နန် တည်ငြိမ်‌စွာဖြင့် ပြောလိုက်သည်။

     “အင်း…အား…မဟုတ်ပါဘူး…မဟုတ်ပါဘူး…လုံးဝမဟုတ်ပါဘူး"
      နောက်ထပ် တစ်ချက်အရိုက်ခံလိုက်ရပြီးနောက် ရွှင်ရ ငိုချင်သလိုဖြစ်သွားသည်။ ဤချင်နန်သည် ကျက်သ‌ရေတုံးသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။

       “အင်း"
     ချင်နန် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ သူတိူ့၏ တံဆိပ်များနှင့် သိုလှောင်အိတ်များကို သိမ်းယူပြီးနောက် အတင်းကျိန်ဆိုခိုင်းခဲ့သည်။

     “ငါမြန်မြန်သွားရမယ်"
    ချင်နန် ထူးခြားသော ဖြစ်ရပ်ဆီသို့ မြန်မြန်သွားလိုက်သည်။
     ချင်နန်၏ ပျံသန်းသွားသော ပုံရိပ်အား ကြည့်ကာ ကောင်းကင်ဝံပုလွေကိုးကောင် စိတ်သက်သာရာရသွားသည်။
      တစ်ခဏကြာပြီးနောက် အခြားသားရဲများ မည်ကဲ့သို့ဖြစ်မည်ကို စဉ်းစားမိပြီး သူတို့ တုန်တက်သွားသည်။

   ချင်နန် ရပ်တန့်လိုက်သည်။

    သူ၏ ရှေ့၌ ကြီးမားသော ပန်ရောင်ရေကန်ကြီးတစ်ခုရှိနေသည်။ ၎င်း၏အလယ်၌ ကုန်းပြင်တစ်ခုရှိနေပြီး ရှေးဟောင်းသစ်ပင်များပေါက်နေသည်။
     ၎င်းတို့ထဲမှ သစ်ပင်တစ်ပင်သည် ရွှေရောင်ဖြစ်ပြီး အနီရောင်အလင်းတောက်နေသည်။ ထိုရွှေရောင်သစ်ပင်အား ခပ်ဖျော့ဖျော့ အတားအဆီးတစ်ခုက ဝန်းရံထားပြီး အတားအဆီးသည် လျင်မြန်သော နှုန်းထားဖြင့် ပျောက်ကွယ်နေသည်။

    “ဒါ မြေခွေးဝိညာဉ်သစ်သီးပဲ"
    ချင်နန်၏ မျက်လုံးများထဲ၌ အံ့ဩမှုများ ဖြစ်ပေါ်သွားသည်။

   မြေခွေးဝိညာဉ်သစ်ပင်သည် နှစ်နှစ်ရာတွင် တစ်လုံးသာသီးပြီး မြေခွေးဝိညာဉ်သစ်သီးဟု ခေါ်ကြသည်။ ၎င်းကို စားသုံးခြင်းသည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို သန်မာစေရုံသာမက ဆွဲဆောင်မှုကိုလည်း တိုးစေသောကြောင့် အလွန်အဖိုးတန်သည်။

    “ဒီသစ်သီးကို အတားအဆီးက တားထား‌တာကြောင့် ကြီးနေတုန်းပဲရှိသေးတယ်…ဒါကို အတင်းချိုးဖျက်တာက ပညာမဲ့ရာရောက်တယ်…မဟုတ်ရင် အကျိုးအာနိသင်ထိခိုက်သွားလိမ့်မယ်"
     ချင်နန်အခြားအရပ်မျက်နှာများကို လျင်မြန်စွာ ကြည့်လိုက်သည်။

      ထူးခြားသောဖြစ်ရပ်ကို စိတ်ဝင်စားသူမှာ သူတစ်ယောက်တည်းသာမဟုတ်ပေ။

     ရေကန်၏ ဆန့်ကျင်ဘက်ဘေး၌ အတွင်းစည်းတပည့်တစ်ဆယ့်ကိုးယောက်ရှိပြီး ထိပ်ဆုံးသားရဲမျိုးနွယ်စုသုံးဆယ်ထဲမှ ဖြစ်သည်။

   ဝှစ်…ဝှစ်…ဝှစ်…

   ထိုအချိန်၌ လေတိုးသံများကြားလိုက်ပြီး ရေကန်၏ ဘေးသို့ ပုံရိပ်များစွာ ဆင်းသက်လာသည်။ သူတို့သည် သားရဲမျိုးနွယ်စုသုံးစုမှ တပည့်များဖြစ်သည်။

     “ရွှေတောင်ပံငှက်မျိုးနွယ်စုကပဲ…အကုန်လုံးကို ကျပန်းပို့လိုက်တဲ့ဟာကို သူတို့ ဘယ်လိုလုပ် တစ်ယောက်နဲ့ တစ်ယောက် တွေ့သွားတာလဲ"

    “ဒါက ခက်ခဲတယ်…ငါတို့ အတူတူပူပေါင်းဖို့လိုတယ်"

    ကျင့်ကြံသူများ တည်တံ့သော မျက်နှာထားဖြင့် ဆွေးနွေးလိုက်ကြသည်။

    မည်သူမှ ချင်နန်၏ တည်ရှိမှုကို သတိမထားမိခဲ့ပေ။
   အချိန်တဖြည်းဖြည်းကုန်လွန်သွားခဲ့သည်။

   အမွှေးတိုင်တစ်ဝက်ကုန်စာခန့်ကြာပြီးနောက် မြေခွေးဝိညာဉ်သစ်သီး၏ အတားအဆီးပျောက်ကွယ်သွားသည်။

    အတွင်းစည်းတပည့်များ ချက်ချင်းအာရုံစိုက်လိုက်သည်။

    “ဟမ်"
     ချင်နန် လှုပ်ရှားတော့မည့်အချိန်၌ တစ်စုံတစ်ခုကိုနားလည်သွားပြီး သူ၏ မျက်နှာထားပြောင်းလဲသွားသည်။

     ဘန်း…

    ရုတ်တရက်‌ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသွားပြီး တပည့်များ အလွန်ကြောက်ရွံ့သွားသည်။

      ရွှေရောင်မြေခွေးဝိညာဉ်သစ်ပင်မှ အနီရောင်အလင်းတစ်ခုထွက်ပေါ်လာပြီး တောက်ပသော ခရမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
     ထို့ပြင် ပုံရိပ်ယောင်ကိုးမြီးမြေခွေးအနည်းငယ်သည် ခရမ်းရောင်အလင်းတန်းကြားထဲ၌ ကခုန်နေသည်။

     “ဘာဖြစ်တာလဲ"
    လူအုပ်ကြီး ကြောင်အမ်းးအမ်းဖြစ်သွားသည်။

     ဝှစ်…
 
    ကောင်းကင်မှ အင်အားများစွာ ဖြစ်ပေါ်လာပြီး ရှေးဟောင်းသစ်ပင်ပေါ်သို့ မိုးရွာသည့်ပမာ သက်ဆင်းလာသည်။

    ရှေးဟောင်းသစ်ပင် လျင်မြန်စွာ ကြီးထွားလာသည်။

    အသက်နှစ်ရှိုက်အတွင်းမှာပင် ၎င်းသည် သုံးကျန်ပိုရှည်သွားသည်။ ၎င်း၏ အလယ်၌ လက်သီးအရွယ်အစားခန့်ရှိသော သစ်သီးတစ်လုံးရှိနေပြီး ထူးဆန်းသော ‌အော်ရာတစ်ခုထုတ်ဖော်နေသည်။

      အင်မော်တယ်…

      ၎င်းမှာ အင်မော်တယ်အော်ရာဖြစ်သည်။

     မြေခွေးဝိညာဉ်သစ်သီးသည် အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
   တပည့်များ၏ စိတ်ထဲ၌ တူညီသော အတွေးတစ်ခုပေါ်ပေါက်လာပြီး သူတို့၏ မျက်လုံးများ အရောင်လက်သွားသည်။

     အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီး၏ အကျိုးအာနိသင်မှာမခန့်မှန်းနိုင်ပေ။ ၎င်းသည် အနည်းဆုံး မြေခွေးဝိညာဉ်သစ်သီးထက် တစ်ဆပိုသန်မာလာသည်။

       “အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီး…ကိုးမြီးကမ္ဘာရဲ့အကူအညီနဲ့ အဆင့်တက်သွားတာပဲ…စိတ်ဝင်စားစရာပဲ"
   ချင်နန်၏ မျက်လုံးများ မှေးစင်းသွားသည်။

     မည်သို့ပင်ဖြစ်စေကာမူ သူအင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးကို ယူမည်ဖြစ်သည်။

   ဝှစ်…ဝှစ်…ဝှစ်…

   ရေကန်ထူးဆန်းသော အပြောင်းအလဲနှင့် ကြုံတွေ့စဉ်၌ အစွမ်းထက်သော ပုံရိပ်များစွာရောက်ရှိလာသည်။

    နဂါးအင်ပါယာကလန်၏ ပဉ္စမ၊ ဆဌမနှင့် သတ္တမမျိုးနွယ်စုများဖြစ်သည်။ အစက ထူးဆန်းသော ဖြစ်ရပ်သည် သူတို့၏ အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။
    အဆုံး၌ ကိုးမြီးကမ္ဘာတွင် အရေမတွက်နိုင်သော ရတနာများ ပြည့်နှက်နေသည်။  သို့သော်လည်း ဒုတိယဖြစ်ရပ်ဆန်းကြောင့် သူတို့ အလေးအနက်ထားကာ လာကြည့်ခဲ့ကြသည်။

    “ဟမ်…အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီး…ကြည့်ရတာ ငါတို့ကံကောင်းတဲ့ပုံပဲ… ဂျူနီယာညီမမူမူ…ပြီးကျရင် ငါတို့ ဒါကိုယူရမယ်"
      တခစ်ခစ်ရယ်မောသံနှင့်အတူ  စုချင်းချင်းနှင့် မူမူတို့ ရှေးဟောင်းသစ်ပင်ဆီသို့ ဆင်းသက်လာပြီး အလွန်လှပသော မြင်ကွင်းတစ်ခုဖြစ်သည်။

    “ဒီလိုလား"
     တည်ငြိမ်သော အသံတစ်သံထွက်ပေါ်လာပြီး ရေကန်၏ အထက်၌ အနက်ရောင်ချီများ စုစည်းလာကာ အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

    နတ်မိစ္ဆာချီလင်...အန်လင်း…

     “ဟီး…ဟီး…ဘယ်သူက ဒါကို ရမလဲဆိုတာ ငါတို့ အဆုံးမှာ သိရလိမ့်မယ်"
     တောအုပ်ထဲ၌ အထင်သေးသည့် ရယ်မောသံဖြစ်ပေါ်လာပြီး အောက်တုံဖန်း လက်နောက်ပစ်၍ လျှောက်လှမ်းလာသည်။
     သူ၏ ခန္ဓာကိုယ်မှ ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါး၏ အင်အားထွက်ပေါ်နေသည်။

     “ဟန့်…နင်တို့က အရူးတွေပဲ…အမျိုးသမီးတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ နင်တို့ မသိဘူးလား"
   စုချင်းချင်း မျက်လုံးပင့်ကြည့်လိုက်သည်။

    ထိုမြင်ကွင်းအား ကြည့်ကာ  အတွင်းစည်းတပည့်များ တုန်လှုပ်သွားကြသည်။

  အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီး၏ ဆွဲဆောင်မှုမှာ အလွန်ကြီးမားလှသည်။ ၎င်းသည် ထိပ်ဆုံးမျိုးနွယ်စုသုံးခုကို ဤနေရာရောက်အောင် ဆွဲဆောင်ခဲ့သည်။
     သို့သော်လည်း သူတို့သည် သိုင်းဘီဘင်အဆင့်ငါးများသာဖြစ်သောကြောင့် သူတို့ထံ၌ ယှဉ်ပြိုင်ရန် အခွင့်အရေးရှိသေးသည်။

     ဝှစ်…

     ထိုအချိန်၌ အစီအရီခြေသံများ ကြားလိုက်ရပြီး ကြီးမားသော ဓားကြီးတစ်ချောင်းသည် လေဟာနယ်ကို ခွဲကာ ပျံသန်းလာသည်။
       ဓားကြီးပေါ်၌ ပုံရိပ်‌လေးခုရပ်နေသည်။
      ဟွာကျိဝူတောက်နှင့် သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူသုံးယောက်ဖြစ်သည်။

     အတွင်းစည်းတပည့်များ တုန်လှုပ်သွားသည်။

  ဂျီးနီးယပ်သုံးယောက်၏ မျက်လုံးများပင် အရောင်လက်သွားသည်။

    ဟွာကျိဝူတောက်၏ စွမ်းအားမှာ ထူးချွန်သည်ဟု မှတ်ယူနိုင်သည်။ ထို့ပြင် သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူသုံးယောက်၏ အကူအညီ‌လည်း ရှိနေသေးသည်။
    သို့တည်းသာမက နောက်ထပ်တပည့်များသည်လည်း ရေကန်သို့ လာနေကြသည်။
    လက်ရှိ၌ ရေကန်၏ ဝန်းကျင်တွင် လူများ အုံနေကြသည်။
    စမ်းသပ်မှုတွင် ပါဝင်သည့် တပည့်တစ်ဝက်နီးပါးခန့်ရောက်ရှိနေကြပြီဖြစ်ပြီး ထူးခြားသည့် အခိုက်အတန့်တစ်ခု ဖြစ်ပွားလာတော့မည့်ပမာဖြစ်သည်။

   အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးသည် ဆက်လက်ကြီးထွားနေပြီး နောက်ဆုံး၌ တောက်ပသော အလင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။
     “ဒါပြီးသွားပြီ"
 
🐱🐱🐱🐱🐱

အပိုင်း (၉၂၉) အကုန်လုံးကို စိန်ခေါ်ခြင်း

     အဝေးတွင်ရှ နေသော ချင်နန် သူ၏ နှလုံးသားထဲ၌ တွေးလိုက်သည်။
    အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးမှ ထုတ်ဖော်နေသော အလင်းသည် သစ်သီးကို ကြည်လင်လာစေပြီး ကိုးမြီးမြေခွေး၏ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာစေသည်။
    အင်မော်တယ်အော်ရာသည် နေရာတစ်ခွင်လုံးကို ပြည့်နှက်နေသည်။
    
      “သစ်သီးမှည့်တော့မယ်…ငါတို့က တစ်ဖက်တည်းဆိုတာ မမေ့နဲ့ "

   “ငါတို့မှာ အခွင့်အရေးရှိသေးတယ်…"

     “အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးက ငါ့ဟာပဲ"

   ရေကန်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသွားသည်ဟု ခံစားလိုက်ရပြီး အပူချိန်မြင့်တက်လာသည်။
     ထိုအခိုက်အတန့်အား စောင့်နေကြသော တပည့်များသည် ချက်ချင်းပင် သူတို့၏ အဓိကပုံစံများ ပြောင်းလဲကာ အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးဆီသို့ သွားလိုက်သည်။

    မြင်ကွင်းမှာ လုံးဝကို ခမ်းနားလှသည်။

    အောက်တုံဖန်း၊ အန်လင်း၊ စုချင်းချင်းနှင့် ဟွာကျိဝူတောက်တို့ အသက်ရှိုက်အနည်းငယ်ခန့်တုံ့ဆိုင်းနေပြီးနောက် လှုပ်ရှားလိုက်သည်။ သူတို့၏ ပုံရိပ်များသည် ရှေ့သို့ အလင်းတန်းလေးခုပမာ ထိုးတက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီး၏ အနီးသို့ ရောက်ရှိသွားသည်။

    ဂျီးနီးယပ်လေးယောက်၏ ကျင့်ကြံမှုမှာ အလွန်အထင်ကြီးစရာမကောင်းသော်လည်း သူတို့၏ စွမ်းရည်များကို လျှော့တွက်၍မရပေ။
      တပည့်များကလည်း အရှုံးပေးရန် ဆန္ဒမရှိကြပေ။ သူတို့သည်  သူတို့၏ အဆောင်များ၊ ဘုရင်သိုင်းပညာများ၊ တားမြစ်ပညာရပ်များ…အစရှိသည်တို့ကိုအသုံးပြု၍ အခြားသူများ အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီး၏ အနီးသို့ရောက်ရှိခြင်းအား တားဆီးလိုက်သည်။

       ဂျီးနီးယပ်လေးယောက် အခြားသူများနှင့် ရင်ဆိုင်လိုက်ကြသည်။

    “ဒါငါ့အလှည့်ပဲ"
    ချင်နန်၏ အကြည့်များ စူးရှသွားသည်။

    တိုက်ပွားဖြစ်ပွားနေသည်ကို ကြည့်ရှူရင်း သူ၏ သွေးများဆူပွက်လာသည်ကို ခံစားနိုင်သည်။

    “စစ်နတ်ဘုရားရဲ့ ပထမပုံစံ…အတုမရှိတဲ့စစ်သည်တော်…"
    ချင်နန် တစ်ချက် အော်ဟစ်လိုက်ပြီး သူ၏ အော်ရာ ထိုးတက်သွားသည်။
   ခြေတစ်ချက်ကန်ကာ သူ၏ ပုံရိပ်သည် အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးဆီသို့ တဟုန်ထိုးသွားလိုက်သည်။

     တိုက်ပွဲဖြစ်ပွားနေသည့်နေရာမှ တပည့်များအားလုံးသည် သူတို့ မြင်သမျှ လူတိုင်းကို တိုက်ခိုက်နေသည်။ ထို့ကြောင့် ချင်နန် ချဉ်းကပ်လာသည်နှင့် သူတို့၏ ဘုရင်သိုင်းပညာများဖြင့် ချက်ချင်းတိုက်ခိုက်လိုက်သည်။

    ချင်နန်သည် တိုက်ခိုက်မှုများကို ပွတ်သီကပ်သီဖြင့် ရှောင်တိမ်းသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ဂျီးနီးယပ်လေးယောက်အား ကျော်ကာ အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးနှင့် အနီးဆုံးလူဖြစ်သွားသည်။

     “ဒါဘယ်သူလဲ…"

     “ချင်နန်…သူက ဘာလို့ဒီကိုရောက်လာတာလဲ"
     သေချာကြည့်ရှုပြီးနောက် ဂျီးနီးယပ်လေးယောက်နှင့် တပည့်များ အံ့ဩသွားကြသည်။

    ချင်နန့်မှာ တျန်အဆင့်တစ်သိုင်းဝိညာဉ်နဲ့ သိုင်းဘီဘင်အဆင့်နှစ်ကျင့်ကြံမှုပဲရှိတာမဟုတ်ဘူးလား…

    ချင်နန်က ဘာလို့ သူတို့ရှေ့ ထွက်လာရဲတာလဲ…

     “ဒီချင်နန်…သူက သေချင်နေတာပဲ…သူ့ကို ချက်ချင်းတိုက်ကြ"
   ဟွာကျိဝူတောက် ခက်ထန်စွာဖြင့် အော်လိုက်သည်။  
    ဦးချိုပြာမြင်းမျိုးနွယ်စုသည် ချင်နန်ကို ဖယ်ရှားရန် ဆုံးဖြတ်ပြီးပြီဖြစ်သည်။ သို့သော်လည်း သူတို့ ထိုသို့လုပ်ရန် အခွင့်အရေးမရှိခဲ့ပေ။ သို့ရာတွင် သူတို့အား အံ့အားသင့်စွာပင် ယခု၌ ချင်နန်သည် သူ့ အလိုလိုထွက်လာခဲ့သည်။

     သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူသုံးယောက်သည် ချက်ချင်းပင် အော်ဟစ်ကာ တိုက်ခိုက်လိုက်သည်။

     သို့တည်းသာမက အောက်တုံဖန်း၊ စုချင်းချင်း၊ အန်လင်းနှင့် အခြားတပည့်များသည်လည်း သူတို့၏ အတွေးများကို စုစည်းကာ ချင်နန်ကို တိုက်ခိုက်လိုက်ကြသည်။
    တိုက်ခိုက်မှုများသည် ချင်နန်ပေါ်သို့ ပိုက်ကွန်ကြီးတစ်ခုပမာ လွှမ်းခြုံသက်ဆင်းလာသည်။ ထိုအချိန်၌ ချင်နန်အတွက် ပြေးပေါက်မရှိပေ။
     သိုင်းဘီဘင်အထွတ်အထိပ်ဆင့်ကျွမ်းကျင်သူတစ်ယောက်ပင် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

    သို့သော်လည်း ချင်နန် တုံ့ဆိုင်းခြင်းမရှိပေ။ သူသည် နောက်ကျော၌ မျက်စိပါသကဲ့သို့ တိုက်ခိုက်မှုများကို အလွယ်တကူရှောင်တိမ်းလိုက်ပြီး ရှေ့သို့ ဆက်သွားလိုက်သည်။ သူသည် လေထဲ၌ ကခုန်နေသည့်ပမာပင်ဖြစ်သည်။

    “ရပြီ"
    ချင်နန် ထိခိုက်ဒဏ်ရာရမှုမရှိဘဲ အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးကို သူ၏လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

     “ဒါ…"
    ဂျီးနီးယပ်လေးယောက်နှင့် တပည့်များ တုန်လှုပ်သွားသည်။

     အစက ရုတ်ရုတ်သဲသဲဖြစ်နေသော တိုက်ပွဲမှာ ချက်ချင်းရပ်တန့်သွားသည်။

     ဒီလောက်တိုက်ခိုက်မှုတွေအများကြီးနဲ့ကို ချင်နန်က ဘယ်လိုလုပ် အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးကိုရသွားတာလဲ…

    သူဒါကိုဘယ်လိုလုပ်ခဲ့တာလဲ…

    “ကောင်းပြီ…အားလုံးကို ကျေးဇူးတင်ပါတယ်"
    ချင်နန် လက်သီးစု၍ တည်ငြိမ်စွာ ပြုံးကာ ပြောလိုက်သည်။

     အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးကို ရပြီးသည့်နောက်တွင်ပင် သူဤနေရာမှ ထွက်သွားမည့်ပုံမရပေ။

     “ချင်နန်…အဲဒါကို ငါ့ကိုပေးစမ်း"

     “ဘယ်လိုလုပ် မင်းက အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးကို ယူရဲတာလဲ"

    “မင်းသေချင်တာလား"
   တပည့်များ သူတို့၏ အတွေးများကို စုစည်းလိုက်ပြီး ဒေါသထွက်သွားသည်။

    မည်သို့ပင်ဖြစ်စေကာမူ ချင်နန်ထံ၌ တျန်အဆင့်တစ်သိုင်းဝိညာဉ်နှင့် သိုင်းဘီဘင်အဆင့်နှစ်ကျင့်ကြံမှုသာရှိသည်။

     သူက သူတို့ကို ဘယ်လိုလုပ် ဆန့်ကျင်ရဲတာလဲ…

    ထို့နောက် တပည့်သုံးဆယ်ကျော် ချင်နန်ဆီသို့  တဟုန်ထိုး တိုးဝင်လာသည်။ သူတို့ထဲ၌ သိုင်းဘီဘင်အဆင့်ခုနှစ်၊ အဆင့်ရှစ်နှင့် အဆင့်ကိုးကျင့်ကြံသူများ ပါသည်။ ဤကဲ့သို့ အင်အားစုနှင့် ရင်ဆိုင်ရပါက ဂျီးနီးယပ်လေးယောက်ပင် ဒုက္ခရောက်သွားလိမ့်မည်ဖြစ်သည်။

     “အချိန်ကောင်းပဲ"
    ချင်နန်၏ နှုတ်ခမ်းများ အပေါ်သို့ ကွေးညွတ်သွားသည်။ သူ့အတွက် အများကြီးလုယက်နိုင်သည့် ဤကဲ့သို့ အခွင့်အရေးအား လက်လွှတ်စရာ အကြောင်းမရှိပေ။

     လာစမ်းပါ...

    ဝှစ်…

    ချင်နန် သားရဲရိုက်တုတ်အား ထုတ်ကာ သူ၏ လက်ကို လွှဲယမ်းလိုက်သည်။ သူသည် သူ၏ ပြိုင်ဘက်များကို   ထိပ်တိုက်ရင်ဆိုင်မည့်ပမာပင်ဖြစ်သည်။

     “သူဘာလုပ်ဖို့ကြိုးစားနေတာလဲ…"
   ဒေါသထွက်နေကြသော ဂျီးနီးယပ်လေးယောက်နှင့် တပည့်များကြောင်တောင်တောင်ဖြစ်သွားသည်။

      တိုက်ခိုက်လိုက်ကြသော တပည့်များပင်  ကြောင်တောင်‌တောင်ဖြစ်သွားသည်။

    တုတ်တစ်ချောင်း…

     သူက တကယ်ကြီး အဲဒါနဲ့ ခုခံဖို့ ကြိုးစားနေတာလား…

    သို့သော်လည်း သားရဲရိုက်တုတ်သူတို့ဆီသို့ တိုးဝင်လာသည့်အချိန်၌ သားရဲသုံးဆယ် ကြက်သေသေသွားသည်။
   
      ဟမ်…ဘာဖြစ်တာလဲ…
    ဘာလို့ ငါ့တို့ရဲ့ အဓိကအင်အားကို မထုတ်ဖော်နိုင်တော့တာလဲ…

     “ဒါကိုမြည်းလိုက်"
    ချင်နန် လေထဲခုန်တက်ကာ ကျယ်လောင်စွာ အော်လိုက်ပြီး သားရဲရိုက်တုတ်ဖြင့် တပည့်များကို ရိုက်ချလိုက်သည်။

    ဘန်း…ဘန်း…ဘန်း…

   အဆက်မပြတ်ထုရိုက်သံများထွက်ပေါ်လာပြီး အလွန်တရာနာကျင်မှုကြောင့် တပည့်များ အော်ဟစ်လိုက်သည်။

    ရေကန်၌ ထူးဆန်းသော မြင်ကွင်းဆစ်ခုဖြစ်ပွားလာသည်။

   အစက ချင်နန်ဆီသို့ ဒေါသတကြီးဖြင့် တက်လာခဲ့ကြသော တပည့်များအားလုံးသည် ချင်နန်နှင့် လုံးဝမယှဉ်နိုင်သကဲ့သို့ လွင့်ထွက်သွားကြသည်။

     “ဘာ…ဘာဖြစ်နေတာလဲ…"
     အောက်တုံဖန်း၊ စုချင်းချင်း၊ အန်လင်းနှင့် ဟွာကျိဝူတောက်သို့ ဟာလာဟင်းလင်း မျက်နှာထားများဖြင့် ဖြစ်နေကြသည်။

    သူတို့၏ ရှေ့မှ မြင်ကွင်းသည် သူတို့၏ နားလည်နိုင်စွမ်းထက်လုံးဝကျော်လွန်နေသည်။

     ချင်နန်က တစ်ယောက်တည်းနဲ့ တပည့်သုံးဆယ်ကျော်ကို အနိုင်ယူလိုက်တာလား…

    သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ပင် ထိုသို့မလုပ်နိုင်ပေ။

      ဒါက အရမ်းမယုံနိုင်စရာ မကောင်းလွန်းဘူးလား…

    ချင်နန်သည် တပည့်များအား လွင့်ထွက်သွားအောင် လုပ်ပြီးနောက် ကြက်သေသေနေသော လူအုပ်ကြီးကို အပြုံးဖြင့် ပြောလိုက်သည်။
     “ဘယ်သူကြိုးစားချင်ကြသေးလဲ…ငါမင်းတို့နဲ့ ပျော်ပျော်ကစားပေးမယ်"

    ရေကန်၌ တိတ်ဆိတ်မှုက မင်းမူကြီးစိုးသွားသည်။

    ချင်နန်၏ လက်ထဲမှ သားရဲရိုက်တုတ် တောက်ပနေလျက်ရှိသည်။
 
🐱🐱🐱🐱🐱

အပိုင်း (၉၃၀) သတ်မှတ်ရက်မတိုင်ခင် စောစောအဆုံးသတ်ခြင်း

      အချို့လူများအတွက် ချင်နန်သည် သားရဲရိုက်တုတ်အား အသုံးချ၍ အနိုင်ယူခြင်းမှာ လက်မခံနိုင်ဖွယ်ရာ ဖြစ်သော်လည်း အဓိကအချက်အနေဖြင့် ကန်းလန်တိုက်ကြီးသည် အစကတည်းက ရက်စက်သော ကမ္ဘာကြီးဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည်  သူတို့၏ ကျင့်ကြံမှုခရီးစဉ်၌ ရရှိခဲ့သောရတနာများအပေါ် မှီခိုအားထားခြင်းမှာ လက်ခံနိုင်သည့်အရာဖြစ်သည်။
     ၎င်းမှာ ပြိုင်ပွဲတစ်ခုမဟုတ်ဘဲ ဂျီးနီးယပ်များအကြား ရောထွေးနေသော တိုက်ပွဲတစ်ခုဖြစ်သည်။
    ထို့ကြောင့် အသန်မာဆုံးစွမ်းရည်ရှိသူသည် အဆုံးထိတိုင်ရှင်သန်နိုင်လိမ့်မည်ဖြစ်သည်။

    ထို့ကြောင့် ချင်နန်သည် သားရဲရိုက်တုတ်အား သုံးရခြင်းကို ရှက်ရွံ့ခြင်းမရှိပေ။
   သို့သော်လည်း ၎င်းသည် ဂိုဏ်းထဲမှ စမ်းသပ်မှုတစ်ခုဖြစ်ပြီး အစစ်အမှန်တိုက်ပွဲတစ်ခုမဟုတ်ဟု သူ သတ်မှတ်ထားသည်။ မဟုတ်ပါက သူ၏ စွမ်းအားအစစ်အမှန်ကိုထုတ်ဖော်လိုက်လျှင် အခြားသူများအတွက် ကပ်ဘေးတစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။

    အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ဂျီးနီးယပ်လေးယောက် ပထမဆုံးသတိပြန်ဝင်လာကြသည်။

    “လူတိုင်းပဲ မထိတ်လန့်ကြပါနဲ့…ဒီတုတ်က ရှားပါးရတနာတစ်ခုဖြစ်လိမ့်မယ်"
   ဟွာကျိဝူတောက်၏ မျက်လုံးများ အရောင်လက်သွားကာ အော်လိုက်သည်။
     “သူက အင်မော်တယ်မြေခွေးဝိညာဉ်သစ်သီးကို ပေးဖို့ ဆန္ဒမရှိဘူးဆိုမှတော့ ငါတို့အတူတူတိုက်ကြတာပေါ့…သူ့ရဲ့ ပစ္စည်းက ဘယ်လောက်အစွမ်းထက်ထက် ငါတို့အားလုံးကို အနိုင်ယူဖို့မဖြစ်နိုင်ဘူး"

     ချင်နန်၏ စွမ်းအားသည် ဟွာကျိဝူတောက်၏ မျှော်မှန်းချက်များထက် လုံးဝကျော်လွန်သည်။
     ထို့ကြောင့် သူသည် အကုန်လုံးအား အတူတကွတိုက်ခိုက်ရန် နှိုးဆော်လိုက်သည်။
    ၎င်းသည် ချင်နန်၏ သေခြင်းတရားအတွက် အာမခံနိုင်လိမ့်မည်ဖြစ်သည်။
   ကလန်သည် ၎င်းကို စုံစမ်းစစ်ဆေးသည့်တိုင် ဦးချိုပြာမြင်းမျိုးနွယ်စုသည် မည်သည့်တာဝန်မျှ ယူစရာမလိုချေ။

     “ဟုတ်တယ်…အတူတူတိုက်ကြစို့"

     “ဟန့်…သူက အရမ်းဘဝင်မြင့်နေတာပဲ…ငါတို့အကုန်လုံးကို တစ်ယောက်တည်းနဲ့ စိန်ခေါ်ရဲတယ်ပေါ့"

     “သူ့ကို သင်ခန်းစာပေးရအောင်"

   တပည့်များသာမက အောက်တုံဖန်း၊ စုချင်းချင်းနှင့် အန်လင်းတို့ပင် သူတို့၏ အော်ရာများကို ထုတ်ဖော်လိုက်ကြသည်။

    ဘန်း…

    ထိုအချိန်၌ လူတိုင်းသည် သနားညှာတာမှုမရှိဘဲ တိုက်ခိုက်လိုက်သည်။ ဘုရင်သိုင်းပညာများသည် ချင်နန်၏ ပုံရိပ်အား လှိုင်းလေထန်သော ပင်လယ်ကြီးပမာ  လျင်မြန်စွာ ဝါးမျိုသွားသည်။
  
   သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ပင် ချက်ချင်းသေဆုံးသွားလိမ့်မည်ဖြစ်သည်။

     “ဟူး…ငါဒီလိုစိန်မခေါ်ရတာ ကြာသွားပြီ…ငါက ဒီတစ်ခေါက် သားရဲရိုက်တုတ်ကို မှီခိုနေရတာဆိုပေမဲ့ င့ါအတွက် စိတ်ကျေနပ်အောင် လုပ်ဖို့ အခွင့်အရေးတစ်ခုပဲ"
    ချင်နန် အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သားရဲရိုက်တုတ်ကို အလင်းအမြန်နှုန်းဖြင့် လွှဲယမ်းလိုက်သည်။

    ဝီ…

   ထူးဆန်းသော အင်အားတစ်ခုသည် ရေကန်ကို လွှမ်းခြုံသွားပြီး သားရဲများ သူတို့၏ စွမ်းအားများ ပိတ်ဆို့ခံလိုက်ရပြီး သူတို့၏ အဓိကအင်အားများ အသုံးမချနိုင်တော့ပေ။

     “ဟမ်"
    ဟွာကျိဝူတောက် အန်လင်းနှင့် စုချင်းချင်းတို့၏ မျက်လုံးများ ပြူးကျယ်သွားပြီး အမှတ်တမဲ့ဖြင့် သူတို့၏ ဝန်းကျင်ကို ကြည့်ရှုလိုက်ရာ လူတိုင်းသည်လည်း ထိုပြဿနာအား ရင်ဆိုင်နေရသည်ကို  သိရှိလိုက်သည်။

    သူတို့၏ နှလုံးသားထဲ၌ အံ့ဩတုန်လှုပ်မှုတစ်ခုပေါ်ပေါက်လာသည်။

     မင်း တကယ်ကြီးလား…

     ဤနေရာ၌ အတွင်းစည်းတပည့်တစ်ရာကျော်ရှိသည်။ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ပင် သူတို့၏ စွမ်းအားများကို ပိတ်ဆို့နိုင်လိမ့်မည် မဟုတ်ပေ။ သိုင်းဘီဘင်အဆင့်နှစ်ကျင့်ကြံမှုသာရှိသည့် ချင်နန်ဆိုပါက စကားထဲထည့်ပြောစရာမလိုပေ။

     သားရဲများကြားထဲ၌ မူမူသာ မိန်းမောနေသည်။
     သူမတစ်ယောက်တည်းသာ သက်ရောက်မှုမရှိပုံရသည်။

    “အကုန်လုံးမြည်းလိုက်ကြ"
     ချင်နန် အော်ဟစ်လိုက်ပြီး သူ၏ ပုံရိပ် ရှေ့သို့ တဟုန်ထိုးပြေးဝင်သွားကာ တုတ်ရိုက်ချက်များ ပစ်ကျွေးလိုက်သည်။

    ဘန်း…ဘန်း…ဘန်း…

    တပည့်များသည် သူတိူ့၏ ခန္ဓာကိုယ်ပေါ် တုတ်ရိုက်ချက်ကျဆင်းလာသည်ကိုသာ ကြည့်နေနိုင်သည်။
     သူတို့ထံ၌ မည်သည့်အစွမ်းမျှ မရှိသကဲ့သို့ဖြစ်သည်။
    တုတ်ရိုက်ချက်များကြောင့် သူတို့ လွင့်ထွက်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
    သားရဲတစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ ပစ်ကျသွားသည်။

     အသက်ရှိုက်သုံးဆယ်အတွင်းမှာပင် သားရဲများသည် လေဆင်နှာမောင်းတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်ပမာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်၌ လဲပြိုနေကြသည်။

   အဆုံးမဲ့အော်သံများကိုလည်း ကြားနေရသည်။

    “ ချင်နန်…မင်း"
   ဟွာကျိဝူတောက်၏ မျက်လုံးများ ပြူးကျယ်နေပြီး တစ်စုံတစ်ခုပြောရန် ကြိုးပမ်းနေသည်။

     “မင်းက ဒါကိုပိုမြည်းရမယ်"
    ချင်နန်၏ မျက်နှာအေးစက်သွားပြီး သူ၏ လက်အားလွှဲယမ်းလိုက်ရာ  သားရဲရိုက်တုတ်သည် ဟွာကျိဝူတောက်ပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။
    ဟွာကျိဝူတောက်သည် သူ၏ ကံကြမ္မာကို ပြောင်းလဲခဲ့သူဖြစ်သောကြောင့် သူ၏ ဆုံးဖြတ်ချက် မည်မျှပြတ်သားကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း နာကျင်မှုသည် သူ၏မျက်နှာကို ဖြူဖျော့သွားစေပြီး မြေပြင်ပေါ်၌ လူးလှိမ့်နေရသည်။ သူ့အတွက်  ၎င်းကိုတောင့်ခံရန်မှာ အလွန်ခက်ခဲသည်။

      “ချင်နန်…မင်းဘာလုပ်လိုက်တာလဲ"
    အောက်တုံဖန်း နက်မှောင်သော မျက်နှာထားဖြင့် အော်လိုက်သည်။

    အန်လင်းနှင့် စုချင်းချင်းတို့လည်း ဒုက္ခရောက်နေသည်။
    သူတို့ ဤကဲ့သို့ အဆုံးသတ်လိမ့်မည်ဟု ဂျီးနီးယပ်သုံးယောက် လုံးဝမထင်ထားခဲ့ကြပေ။

    “ငါစိတ်မကောင်းပါဘူး…ဒါက လျှို့ဝှက်ချက်ပဲ"
    ချင်နန် တည်ငြိမ်စွာ ပြုံးလိုက်ပြီး သားရဲရိုက်တုတ်အား အသုံးချကာ သနားညှာတာမှုမရှိဘဲ တိုက်ခိုက်လိုက်သည်။
   
    အန်လင်းနှင့် စုချင်းချင်းတို့ လွင့်ထွက်သွားသည်။

    အောက်တုံဖန်းသည် နာကျင်မှုကြောင့် သူ၏ မျက်နှာ ရှုံ့မဲ့သွားသည့်တိုင် ကျောက်တုံးတစ်တုံးပမာ မတ်မတ်သာ ရပ်နေသည်။
   “ချင်နန် ငါလက်မခံဘူး"

   “အထင်ကြီးစရာပဲ"
   ချင်နန်၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုများဖြစ်ပေါ်သွားသည်။

   သို့သော်လည်း သူ သူ၏ သားရဲရိုက်တုတ်ဖြင့် ဆက်တိုက်ခိုက်လိုက်သည်။
    မင်းက ရလဒ်ကို လက်မခံနိုင်ဘူးဆိုမှတော့ ငါမင်းကို လက်ခံအောင် လုပ်ပေးရတာပေါ့...

    ဘန်း…ဘန်း…ဘန်း…

.    ရိုက်နှက်သံများသည် လူအုပ်၏ နှလုံးသားထဲ၌ ပဲ့တင်ထပ်နေသည်။
   
     အောက်တုံဖန်းသည် နောက်ဆုံး၌ မခံနိုင်တော့ဘဲ ငယ်သံပါအောင် အော်ဟစ်လိုက်သည်။

    ဒီချင်နန်က ဘယ်လောက်ဆိုးလိုက်သလဲ…
    သူက တကယ်ဆက်ရိုက်နေတယ်ပေါ့…
     ဒါက အရမ်းနာတယ်…

    နောက်ဆုံး၌ အောက်တုံဖန်း လဲကျသွားသည်။  သူ၏ ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးရိုးတွင်းခြင်ဆီထဲမှ မာနပင် သားရဲရိုက်တုတ်ကို မခံနိုင်ပေ။

    ထိုအချိန်၌ ရေကန်တစ်ခုလုံး နာကျင်စွာ အော်သံများ ပြည့်နှက်သွားသည်။ ယခင်က မောက်မာဝံ့ဝါခဲ့သော အတွင်းစည်းတပည့်များသည် မြေပြင်ပေါ်၌ လဲကျနေပြီး နာကျင်စွာ တုန်ရီနေကြသည်။

    အကယ်၍ ဤကိစ္စသာ ပျံ့နှံ့သွားပါက အလယ်ပိုင်းတိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်ဖြစ်သည်။

     “ဧကရာဇ်သလင်းပြားတွေ ယူရမဲ့အချိန်ပဲ"
     ချင်နန် သိုလှောင်အိတ်များကို လိုက်သိမ်းလိုက်သည်။ သူသည် ဟွာကျိဝူတောက်မှတစ်ပါး အခြားသူများ၏ သိုလှောင်အိတ်များကို မယူခဲ့ပေ။  သူသည် သူတို့၏ သိုလှောင်အတ်ထဲမှ ဧကရာဇ်သလင်းပြားများကိုသာ ယူခဲ့သည်။
    အဆုံး၌ သူတို့သည် သူ၏ ရန်သူများမဟုတ်ပေ။

   “ဟွာကျိဝူတောက်နဲ့ ရွှင်ရ မပါသေးဘူး…ဧကရာဇ်သလင်းပြားသုံးသောင်းရပြီ..."
   ချင်နန် အလျင်အမြန်ကြည့်ရှုလိုက်ပြီး သူ၏ နှလုံးခုန်နှုန်းမြန်လာသည်။

    ဤတစ်ကြိမ်၌ သူ၏ နတ်ဘုရားသိုင်းဝိညာဉ်အဆင့်တက်နိုင်လောက်သည်။ ထို့နောက် ချင်နန်သည် သူတို့အား ကျိန်ဆိုခိုင်းလိုက်ပြီးနောက် သူတို့၏ တံဆိပ်များကို ယူခဲ့သည်။

   “ငါက သားရဲရိုက်တုတ်နဲ့ အတွင်းစည်းတပည့်တွေကို အနိုင်ယူခဲ့တယ်…စမ်းသပ်မှု ဆက်ကျင်းပစရာအကြောင်းမရှိတော့ဘူး…ဒါကို အဆုံးသတ်ပြီး ကလန်ကိုပြန်ရအောင်"
   လူတိုင်း၏ အကြည့်များအောက်တွင် ချင်နန် တံဆိပ်များကို အတူတကွ စုပုံလိုက်သည်။

    ဝီ…
    တံဆိပ်များ ပြင်းထန်စွာ တုန်ခါလာသည်။

    ထို့နောက် တောက်ပသော အလင်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။

Continue Reading

You'll Also Like

51.3K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
33.1K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
412K 51.2K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
209K 14K 55
Jeon Jungkook x Kim Taehyung