အပိုင်း (၁၂၀) ချင်မော့ : ငါနဲ့အတူတူအိမ်ပြန်ကြမယ်
တင်းနစ်ပြိုင်ပွဲက မှောင်သည်အထိ မပြီးသေးပေ။
စီအီးအိုတစ်ယောက် ဖြစ်သည့်အပြင် ထိပ်ခေါင်အသင်း၏ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အလျောက် ချင်မော့သည် ဖုန်းတစ်လုံးဖြင့် အမြဲအလုပ်များနေလျက် ရှိပေသည်။ အခုလည်း ဒီလိုပင်။
ထိုနတ်ဘုရားချင်က ဖူကျို့ကို အာရုံစိုက်ရန် အချိန်မရှိတာကြောင့် ဖူကျို့သည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အဝတ်လဲခန်း၌ သူမအဝတ်အစားများကို အလျင်အမြန် လဲလိုက်ပေသည်။ သူမ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ထားလျက် ဖုန်းပြောနေသည့်ချင်မော့ကို စပ်ဖြဲဖြဲပြုံးပြကာ အဝတ်လဲခန်းကနေ သူမ အရင်သွားနှင့်မည်ဖြစ်ကြောင်း အမူအရာ ပြလိုက်ပေ၏။
ဖူကျို့၏ အီစီကလီလုပ်တတ်သောအကျင့်ကို စဉ်းစားမိသောအခါ ချင်မော့သည် ထိုလူငယ်လေးကို အရင်ထွက်သွားခွင့် မပြုချင်ပေ။ အကြောင်းမှာ အကယ်၍ ထိုကောင်လေးကိုသာ သူ့အနားမှာ မခေါ်ထားလျှင် သေချာပေါက် ပြဿနာမီးခွက်ထွန်း ရှာပေလိမ့်မည်။
ဒါပေမဲ့ ဒီကောင်လေးဟာ ဆယ်ကျော်သက်အရွယ် နည်းနည်းပုန်ကန်ချင်တတ်တဲ့အရွယ်ဆိုတော့ အမြဲတမ်းစည်းကမ်းတင်းကျပ်နေတာက မသင့်တော်ဘူးဆိုတာကို တွေးလိုက်မိလေတော့ ချင်မော့သည် သူ့ခေါင်းကို ညိတ်ပြလိုက်ပြီးတော့ သဘောတူလိုက်ပေသည်။ သို့သော် ဖူကျို့ကို သတိပေးသည့် အကြည့်တစ်ချက်တစ်ချက် ပစ်လွှတ်လိုက်ပေ၏။ ချင်မော့သည် ဒီကောင်လေးနည်းနည်းလောက်ပိုပြီး ဆင်ဆင်ခြင်ခြင်နေတတ်ပါစေဟု ဆုတောင်းနေမိသည်။
ဖုန်း၏ အခြားတစ်ဖက်ကလူဟာ သူတို့စီအီးအိုတစ်ယောက် ရုတ်တရက်ကြီးငြိမ်ကျသွားတာကြောင့် စိတ်ရှုပ်ထွေးသွားပေတော့၏။ သူ့အစီရင်ခံစာ၌ အမှားများပါသွားသလားဟု တွေးမိကာ တုန်လှုပ်နေသည့်အသံဖြင့် ပြောလိုက်သည်။
"စီအီးအိုချင်"
"ဆက်ပြော"
ချင်မော့သည် သူ့တင်းနစ်ရိုက်တံကို အောက်ချလိုက်ပြီးတော့ အဝတ်လဲခန်းဆီသို့ဝင်သွားလေသည်။
လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ထားလျက် သူ့ရှပ်အင်္ကျီဆီက ဇစ်ကို ပါးစပ်ဖြင့်ဖွင့်ကာ ကျန်လက်တစ်ဖက်ဖြင့် အဝတ်အစားများ ချွတ်လိုက်လေသည်။ သူ့ကိုကြည့်ရတာ အလွန်မိမိုက်နေပြီးတော့ ခံ့ညားနေပေတော့သည်။
ဖူကျို့က အဝတ်အစားခန်းဘက်ကို လှည့်ကြည့်လိုက်တော့ ချင်မော့ အဝတ်အစားလဲနေတာကို မြင်လိုက်ရပေသည်။ သူ့၏ ပြီးပြည့်စုံသော ပုံရိပ်က မိန်းကလေးများကို နှာခေါင်းသွေးလျှံပြီး ရူးခါသွားအောင် လုပ်နိုင်စွမ်းရှိပြီးတော့ ယောကျာ်းလေးတွေကိုတော့ မနာလိုအားကျစေနိုင်စွမ်း ရှိပေ၏။ ထို့နောက် ဖူကျို့က သူမကိုယ်သူမ ငုံ့ကြည့်လိုက်လေ၏။
ကြည့်ရတာ နောက်ဆိုရင် နင်လေးနဲ့ ဆိုဒ်တွေတိုင်းဖို့ သွားသွား မစတာကောင်းမယ်နဲ့တူတယ်။ ဒီဟာ နည်းနည်းတော့အန္တရာယ်များတယ်လေ။
သူတို့သုံးယောက်ဟာ ကားဆီသို့ပြန်လာခဲ့ပြီး အရင်က ထိုင်ခဲ့သည့်ပုံစံအတိုင်း ပြန်ထိုင်လိုက်ကြပေသည်။
သို့သော် သည်တစ်ကြိမ်မှာတော့ ယာဉ်မောင်းကော ရွယ်ယောင်ယောင်ပါ ရှော့ခ်ရဖို့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်လေသည်။
"မိန်းကလေးရွယ်ရဲ့အိမ်ကို အရင်မောင်း"
"ဟုတ်ကဲ့"
ယာဉ်မောင်းဟာ ဖြည်းဖြည်းမှန်မှန်မောင်းနေသော်ငြား ရွယ်ယောင်ယောင်၏ အိမ်သည် ကားသွားဖို့အတွက် အနည်းငယ်ခက်ခဲနေပေသည်။
သူမအိမ်ဟာ ဟင်းရွက်ဈေးဘေးက ရပ်ကွက်ဟောင်း၌ တည်ရှိပြီး စက်ဘီးများ အရှေ့နောက် နေရာပေါင်းစုံမှ ထွက်လာနေကြပေသည်။
ယာဉ်မောင်းတောင်မှ ဒီလိုနေရာသို့လာခဲရာ သခင်လေးချင်ဆိုရင်တော့ ပြောဖို့ပင်မလိုတော့ချေ။
ရွယ်ယောင်ယောင်က စဉ်းစားဉာဏ်ရှိပေ၏။ ထိုကြောင့် သူမဟာ သူတို့အား သူမအိမ်ရှိရာဆီသို့ မမောင်းခိုင်းပေ။
"ဒီနေရာမှာ ရပ်လိုက်ရင်ရပါပြီ ကျွန်မအိမ်က ဒီနေရာနဲ့ သိပ်မဝေးတော့ဘူး လမ်းဆက်လျှောက်သွားလိုက်ရင် ရောက်ပြီ ကျေးဇူးပါ ကြီးမြတ်လှသော သခင်လေးချင် ပြီးတော့ ကျေးဇူးပါ အရှင်ကျို့"
ရွယ်ယောင်ယောင် ကားပေါ်က ဆင်းသွားတာကိုတွေ့လိုက်သည်နှင့် ဖူကျို့ကလည်း ကားပေါ်က ဆင်းလိုက်ပေသည်။
"ယောင်ယောင် ဒီနေရာနဲ့ သိပ်မဝေးတာသေချာလား"
"ဟုတ်တယ် သိပ်မဝေးဘူး"
ရွယ်ယောင်ယောင်က ခေါင်းညိတ်ပြလေသည်။ တကယ်တော့ သူမ၏ မျက်နှာဝိုင်းဝိုင်းလေးက အလွန်ချစ်ဖို့ကောင်းပေ၏။
"အရှင်ကျို့ မစိုးရိမ်ပါနဲ့ ဒီနေ့ နင်သင်ပေးတဲ့ စကေးတွေကို အိမ်ပြန်ရောက်တာနဲ့ သွားလေ့ကျင့်လိုက်မယ်"
"အိုး ဒီနေ့တော့နားလိုက်ပါဦးဟ"
ဖူကျို့က အပြုံးလေးဖြင့်ပြောလိုက်ပေသည်။ ဒီနေ့တစ်နေ့လုံး သူမစိတ်ပင်ပန်းခဲ့တာကို သတိပြုလိုက်မိတော့ ဖူကျို့က သူမခေါင်းလေးကို အသာအယာလေး ပုတ်ပေးလိုက်ပေသည်။
"အသင်းခေါင်းဆောင်ဖြစ်တဲ့ငါလေး ရှိနေသရွေ့ ဂိမ်းရှုံးတယ်ဆိုတာ မဖြစ်နိုင်တဲ့အရာပဲ!"
ခဏလောက် ကြောင်သွားပြီးတော့မှ ရွယ်ယောင်ယောင်က လက်နှစ်ဖက်ကို ယှက်ထားလိုက်ကာ သူမ၏ အရှင်ကျို့က လူကြီးလူကောင်း တစ်ယောက်ပဲဟု တွေးမိကာ ပြုံးလိုက်မိပေသည်။
သူတို့နှစ်ယောက်လုံးဟာ ကျောင်းဝတ်စုံကို ဝတ်ထားကြဆဲဖြစ်ပေသည်။ ထို့အပြင် ဖူကျို့က သူများနှင့် မတူဘဲ သူ့နည်းသူ့ဟန်ဖြင့် ဆွဲဆောင်မှုရှိပေ၏။ အခုလိုအပြုအမူကြောင့် နံဘေးကနေ ဖြတ်သွားသည့်လူတွေဟာ သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြပေသည်။
ထိုသို့ အသက်ဝင်လှသော မြင်ကွင်းကြောင့် ပတ်ဝန်းကျင်လေထုဟာ လူငယ်ဆန်သော အငွေ့အသက်များနှင့် ပြည့်နှက်လာပေသည်။
ချင်မော့သည် ကားနောက်ခန်း၌ ထိုင်နေဆဲဖြစ်ပြီး သူ့နံဘေးက ကားပြတင်းပေါက်မှန်ကို ချထားလိုက်ပြီဖြစ်သည်။ သူ၏ နက်မှောင်သော မျက်ဝန်းတွေဟာ အေးစက်သော ညချမ်းပမာ သူ့ခံစားချက် အလုံးစုံကို ဖုံးကွယ်ထားပေသည်။ ချင်မော့၏ လက်များက ကွန်ပျူတာကို ကိုင်ထားဆဲဖြစ်ပြီး သူ့ကို ကြည့်ရတာ တစ်စုံတစ်ခုအား သည်းခံနိုင်စွမ်း ကုန်ဆုံးနေသလိုလိုပင်။
သည်တစ်ကြိမ်တော့ သူသည် ကားပေါ်က မဆင်းတော့ဘဲ ထိုင်စောင့်နေပေသည်။ ဖူကျို့ ကားထဲဝင်လာသည်နှင့် သူ့လက်အိတ်ကို ပြန်လည်ပြုပြင်လိုက်သည်။
"ဒီည ညစာစားပွဲကို ဖျက်လိုက်ပြီး အိမ်ကို တန်းမောင်းတော့"
ယာဉ်မောင်း "........."
အိမ်ကို တန်းပြန်မယ်လား။
ဒါပေမဲ့ ကားထဲမှာ ဟိုတစ်ယောက် ကျန်နေသေးတယ်လေ သခင်လေးရဲ့။
သခင်လေးက သခင်လေးဖူကို အိမ်ပြန်ပို့ပေးရမှာကို မေ့သွားတာလားဗျ။
ဖူကျို့က နည်းနည်းအံ့အားသင့်သွားပေကာ မျက်မှောင်ကြုံ့လိုက်သည်။
"ငါလေးကရော"
ချင်မော့သည် သူ့ခေါင်းကို လှည့်လိုက်ကာ စိတ်မချမ်းမြေ့စွာ လှောင်ပြုံးပြုံးလိုက်ပေသည်။ ထို့နောက် သူက ဖူကျို့၏ ပါးလေးကို အနက်ရောင်လက်အိတ်ဝတ်ထားသော ညာလက်ဖြင့် ခပ်ဖွဖွ ပုတ်လိုက်ပေ၏။ သူ့အသက်ရှူသံက ဆောင်းရာသီ၌ မြောက်လေတိုက်နေသကဲ့သို့ အေးစက်လှပေသည်။
ထို့နောက် ချင်မော့က
"မင်းလား မင်းက ငါ့အိမ်ကို လိုက်ခဲ့ရမှာလေ"
........
Free မစောင့်ချင်ရင်တော့ Paid group ကို page cb မှာ hi ပို့ပြီး မြန်မြန်သာလာဝင်လိုက်တော့နော်
Paid groupမှာ တစ်ပတ်ခြောက်ရက် ၊ တစ်နေ့ကို နှစ်ပိုင်း (ဒါမှမဟုတ်) သုံးပိုင်းနှုန်းနဲ့ တင်မှာပါဗျ
Gp1 (51-200) (kpay,wave pay)3000 (ph bill)4000
25 ပိုင်းပါ paid doc တစ်ခုကို ၅၀၀ကျပ်ဖြင့် Erata Team Sale Channel page cbမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါပြီ ခင်ဗျာ
Erata Team Sale Channel Page link
https://www.facebook.com/eratasalechannel/
Zawgyi
အပိုင္း (၁၂၀) ခ်င္ေမာ့ : ငါနဲ႕အတူတူအိမ္ျပန္ၾကမယ္
တင္းနစ္ၿပိဳင္ပြဲက ေမွာင္သည္အထိ မၿပီးေသးေပ။
စီအီးအိုတစ္ေယာက္ ျဖစ္သည့္အျပင္ ထိပ္ေခါင္အသင္း၏ အသင္းေခါင္းေဆာင္တစ္ေယာက္ ျဖစ္သည့္အေလ်ာက္ ခ်င္ေမာ့သည္ ဖုန္းတစ္လုံးျဖင့္ အၿမဲအလုပ္မ်ားေနလ်က္ ရွိေပသည္။ အခုလည္း ဒီလိုပင္။
ထိုနတ္ဘုရားခ်င္က ဖူက်ိဳ႕ကို အာ႐ုံစိုက္ရန္ အခ်ိန္မရွိတာေၾကာင့္ ဖူက်ိဳ႕သည္ ထိုအခြင့္အေရးကို အမိအရ ဆုပ္ကိုင္ကာ အဝတ္လဲခန္း၌ သူမအဝတ္အစားမ်ားကို အလ်င္အျမန္ လဲလိုက္ေပသည္။ သူမ ေဘာင္းဘီအိတ္ကပ္ထဲသို႔ လက္တစ္ဖက္ထည့္ထားလ်က္ ဖုန္းေျပာေနသည့္ခ်င္ေမာ့ကို စပ္ၿဖဲၿဖဲၿပဳံးျပကာ အဝတ္လဲခန္းကေန သူမ အရင္သြားႏွင့္မည္ျဖစ္ေၾကာင္း အမူအရာ ျပလိုက္ေပ၏။
ဖူက်ိဳ႕၏ အီစီကလီလုပ္တတ္ေသာအက်င့္ကို စဥ္းစားမိေသာအခါ ခ်င္ေမာ့သည္ ထိုလူငယ္ေလးကို အရင္ထြက္သြားခြင့္ မျပဳခ်င္ေပ။ အေၾကာင္းမွာ အကယ္၍ ထိုေကာင္ေလးကိုသာ သူ႕အနားမွာ မေခၚထားလွ်င္ ေသခ်ာေပါက္ ျပႆနာမီးခြက္ထြန္း ရွာေပလိမ့္မည္။
ဒါေပမဲ့ ဒီေကာင္ေလးဟာ ဆယ္ေက်ာ္သက္အ႐ြယ္ နည္းနည္းပုန္ကန္ခ်င္တတ္တဲ့အ႐ြယ္ဆိုေတာ့ အၿမဲတမ္းစည္းကမ္းတင္းက်ပ္ေနတာက မသင့္ေတာ္ဘူးဆိုတာကို ေတြးလိုက္မိေလေတာ့ ခ်င္ေမာ့သည္ သူ႕ေခါင္းကို ညိတ္ျပလိုက္ၿပီးေတာ့ သေဘာတူလိုက္ေပသည္။ သို႔ေသာ္ ဖူက်ိဳ႕ကို သတိေပးသည့္ အၾကည့္တစ္ခ်က္တစ္ခ်က္ ပစ္လႊတ္လိုက္ေပ၏။ ခ်င္ေမာ့သည္ ဒီေကာင္ေလးနည္းနည္းေလာက္ပိုၿပီး ဆင္ဆင္ျခင္ျခင္ေနတတ္ပါေစဟု ဆုေတာင္းေနမိသည္။
ဖုန္း၏ အျခားတစ္ဖက္ကလူဟာ သူတို႔စီအီးအိုတစ္ေယာက္ ႐ုတ္တရက္ႀကီးၿငိမ္က်သြားတာေၾကာင့္ စိတ္ရႈပ္ေထြးသြားေပေတာ့၏။ သူ႕အစီရင္ခံစာ၌ အမွားမ်ားပါသြားသလားဟု ေတြးမိကာ တုန္လႈပ္ေနသည့္အသံျဖင့္ ေျပာလိုက္သည္။
"စီအီးအိုခ်င္"
"ဆက္ေျပာ"
ခ်င္ေမာ့သည္ သူ႕တင္းနစ္ရိုက္တံကို ေအာက္ခ်လိဳက္ၿပီးေတာ့ အဝတ္လဲခန္းဆီသို႔ဝင္သြားေလသည္။
လက္တစ္ဖက္ျဖင့္ ဖုန္းကိုကိုင္ထားလ်က္ သူ႕ရွပ္အကၤ်ီဆီက ဇစ္ကို ပါးစပ္ျဖင့္ဖြင့္ကာ က်န္လက္တစ္ဖက္ျဖင့္ အဝတ္အစားမ်ား ခြၽတ္လိုက္ေလသည္။ သူ႕ကိုၾကည့္ရတာ အလြန္မိမိုက္ေနၿပီးေတာ့ ခံ့ညားေနေပေတာ့သည္။
ဖူက်ိဳ႕က အဝတ္အစားခန္းဘက္ကို လွည့္ၾကည့္လိုက္ေတာ့ ခ်င္ေမာ့ အဝတ္အစားလဲေနတာကို ျမင္လိုက္ရေပသည္။ သူ႕၏ ၿပီးျပည့္စုံေသာ ပုံရိပ္က မိန္းကေလးမ်ားကို ႏွာေခါင္းေသြးလွ်ံၿပီး ႐ူးခါသြားေအာင္ လုပ္နိုင္စြမ္းရွိၿပီးေတာ့ ေယာက်ာ္းေလးေတြကိုေတာ့ မနာလိုအားက်ေစနိုင္စြမ္း ရွိေပ၏။ ထို႔ေနာက္ ဖူက်ိဳ႕က သူမကိုယ္သူမ ငုံ႕ၾကည့္လိုက္ေလ၏။
ၾကည့္ရတာ ေနာက္ဆိုရင္ နင္ေလးနဲ႕ ဆိုဒ္ေတြတိုင္းဖို႔ သြားသြား မစတာေကာင္းမယ္နဲ႕တူတယ္။ ဒီဟာ နည္းနည္းေတာ့အႏၲရာယ္မ်ားတယ္ေလ။
သူတို႔သုံးေယာက္ဟာ ကားဆီသို႔ျပန္လာခဲ့ၿပီး အရင္က ထိုင္ခဲ့သည့္ပုံစံအတိုင္း ျပန္ထိုင္လိုက္ၾကေပသည္။
သို႔ေသာ္ သည္တစ္ႀကိမ္မွာေတာ့ ယာဥ္ေမာင္းေကာ ႐ြယ္ေယာင္ေယာင္ပါ ေရွာ့ခ္ရဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားခဲ့ၿပီးျဖစ္ေလသည္။
"မိန္းကေလး႐ြယ္ရဲ႕အိမ္ကို အရင္ေမာင္း"
"ဟုတ္ကဲ့"
ယာဥ္ေမာင္းဟာ ျဖည္းျဖည္းမွန္မွန္ေမာင္းေနေသာ္ျငား ႐ြယ္ေယာင္ေယာင္၏ အိမ္သည္ ကားသြားဖို႔အတြက္ အနည္းငယ္ခက္ခဲေနေပသည္။
သူမအိမ္ဟာ ဟင္း႐ြက္ေဈးေဘးက ရပ္ကြက္ေဟာင္း၌ တည္ရွိၿပီး စက္ဘီးမ်ား အေရွ႕ေနာက္ ေနရာေပါင္းစုံမွ ထြက္လာေနၾကေပသည္။
ယာဥ္ေမာင္းေတာင္မွ ဒီလိုေနရာသို႔လာခဲရာ သခင္ေလးခ်င္ဆိုရင္ေတာ့ ေျပာဖို႔ပင္မလိုေတာ့ေခ်။
႐ြယ္ေယာင္ေယာင္က စဥ္းစားဉာဏ္ရွိေပ၏။ ထိုေၾကာင့္ သူမဟာ သူတို႔အား သူမအိမ္ရွိရာဆီသို႔ မေမာင္းခိုင္းေပ။
"ဒီေနရာမွာ ရပ္လိုက္ရင္ရပါၿပီ ကြၽန္မအိမ္က ဒီေနရာနဲ႕ သိပ္မေဝးေတာ့ဘူး လမ္းဆက္ေလွ်ာက္သြားလိုက္ရင္ ေရာက္ၿပီ ေက်းဇူးပါ ႀကီးျမတ္လွေသာ သခင္ေလးခ်င္ ၿပီးေတာ့ ေက်းဇူးပါ အရွင္က်ိဳ႕"
႐ြယ္ေယာင္ေယာင္ ကားေပၚက ဆင္းသြားတာကိုေတြ႕လိုက္သည္ႏွင့္ ဖူက်ိဳ႕ကလည္း ကားေပၚက ဆင္းလိုက္ေပသည္။
"ေယာင္ေယာင္ ဒီေနရာနဲ႕ သိပ္မေဝးတာေသခ်ာလား"
"ဟုတ္တယ္ သိပ္မေဝးဘူး"
႐ြယ္ေယာင္ေယာင္က ေခါင္းညိတ္ျပေလသည္။ တကယ္ေတာ့ သူမ၏ မ်က္ႏွာဝိုင္းဝိုင္းေလးက အလြန္ခ်စ္ဖို႔ေကာင္းေပ၏။
"အရွင္က်ိဳ႕ မစိုးရိမ္ပါနဲ႕ ဒီေန႕ နင္သင္ေပးတဲ့ စေကးေတြကို အိမ္ျပန္ေရာက္တာနဲ႕ သြားေလ့က်င့္လိုက္မယ္"
"အိုး ဒီေန႕ေတာ့နားလိုက္ပါဦးဟ"
ဖူက်ိဳ႕က အၿပဳံးေလးျဖင့္ေျပာလိုက္ေပသည္။ ဒီေန႕တစ္ေန႕လုံး သူမစိတ္ပင္ပန္းခဲ့တာကို သတိျပဳလိုက္မိေတာ့ ဖူက်ိဳ႕က သူမေခါင္းေလးကို အသာအယာေလး ပုတ္ေပးလိုက္ေပသည္။
"အသင္းေခါင္းေဆာင္ျဖစ္တဲ့ငါေလး ရွိေနသေ႐ြ႕ ဂိမ္းရႈံးတယ္ဆိုတာ မျဖစ္နိုင္တဲ့အရာပဲ!"
ခဏေလာက္ ေၾကာင္သြားၿပီးေတာ့မွ ႐ြယ္ေယာင္ေယာင္က လက္ႏွစ္ဖက္ကို ယွက္ထားလိုက္ကာ သူမ၏ အရွင္က်ိဳ႕က လူႀကီးလူေကာင္း တစ္ေယာက္ပဲဟု ေတြးမိကာ ၿပဳံးလိုက္မိေပသည္။
သူတို႔ႏွစ္ေယာက္လုံးဟာ ေက်ာင္းဝတ္စုံကို ဝတ္ထားၾကဆဲျဖစ္ေပသည္။ ထို႔အျပင္ ဖူက်ိဳ႕က သူမ်ားႏွင့္ မတူဘဲ သူ႕နည္းသူ႕ဟန္ျဖင့္ ဆြဲေဆာင္မႈရွိေပ၏။ အခုလိုအျပဳအမူေၾကာင့္ နံေဘးကေန ျဖတ္သြားသည့္လူေတြဟာ သူတို႔ကို ကြက္ၾကည့္ကြက္ၾကည့္ လုပ္သြားၾကေပသည္။
ထိုသို႔ အသက္ဝင္လွေသာ ျမင္ကြင္းေၾကာင့္ ပတ္ဝန္းက်င္ေလထုဟာ လူငယ္ဆန္ေသာ အေငြ႕အသက္မ်ားႏွင့္ ျပည့္ႏွက္လာေပသည္။
ခ်င္ေမာ့သည္ ကားေနာက္ခန္း၌ ထိုင္ေနဆဲျဖစ္ၿပီး သူ႕နံေဘးက ကားျပတင္းေပါက္မွန္ကို ခ်ထားလိုက္ၿပီျဖစ္သည္။ သူ၏ နက္ေမွာင္ေသာ မ်က္ဝန္းေတြဟာ ေအးစက္ေသာ ညခ်မ္းပမာ သူ႕ခံစားခ်က္ အလုံးစုံကို ဖုံးကြယ္ထားေပသည္။ ခ်င္ေမာ့၏ လက္မ်ားက ကြန္ပ်ဴတာကို ကိုင္ထားဆဲျဖစ္ၿပီး သူ႕ကို ၾကည့္ရတာ တစ္စုံတစ္ခုအား သည္းခံနိုင္စြမ္း ကုန္ဆုံးေနသလိုလိုပင္။
သည္တစ္ႀကိမ္ေတာ့ သူသည္ ကားေပၚက မဆင္းေတာ့ဘဲ ထိုင္ေစာင့္ေနေပသည္။ ဖူက်ိဳ႕ ကားထဲဝင္လာသည္ႏွင့္ သူ႕လက္အိတ္ကို ျပန္လည္ျပဳျပင္လိုက္သည္။
"ဒီည ညစာစားပြဲကို ဖ်က္လိုက္ၿပီး အိမ္ကို တန္းေမာင္းေတာ့"
ယာဥ္ေမာင္း "........."
အိမ္ကို တန္းျပန္မယ္လား။
ဒါေပမဲ့ ကားထဲမွာ ဟိုတစ္ေယာက္ က်န္ေနေသးတယ္ေလ သခင္ေလးရဲ႕။
သခင္ေလးက သခင္ေလးဖူကို အိမ္ျပန္ပို႔ေပးရမွာကို ေမ့သြားတာလားဗ်။
ဖူက်ိဳ႕က နည္းနည္းအံ့အားသင့္သြားေပကာ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
"ငါေလးကေရာ"
ခ်င္ေမာ့သည္ သူ႕ေခါင္းကို လွည့္လိုက္ကာ စိတ္မခ်မ္းေျမ့စြာ ေလွာင္ၿပဳံးၿပဳံးလိုက္ေပသည္။ ထို႔ေနာက္ သူက ဖူက်ိဳ႕၏ ပါးေလးကို အနက္ေရာင္လက္အိတ္ဝတ္ထားေသာ ညာလက္ျဖင့္ ခပ္ဖြဖြ ပုတ္လိုက္ေပ၏။ သူ႕အသက္ရႉသံက ေဆာင္းရာသီ၌ ေျမာက္ေလတိုက္ေနသကဲ့သို႔ ေအးစက္လွေပသည္။
ထို႔ေနာက္ ခ်င္ေမာ့က
"မင္းလား မင္းက ငါ့အိမ္ကို လိုက္ခဲ့ရမွာေလ"
........
Free မေစာင့္ခ်င္ရင္ေတာ့ Paid group ကို page cb မွာ hi ပို႔ၿပီး ျမန္ျမန္သာလာဝင္လိုက္ေတာ့ေနာ္
Paid groupမွာ တစ္ပတ္ေျခာက္ရက္ ၊ တစ္ေန႕ကို ႏွစ္ပိုင္း (ဒါမွမဟုတ္) သုံးပိုင္းႏႈန္းနဲ႕ တင္မွာပါဗ်
Gp1 (51-200) (kpay,wave pay)3000 (ph bill)4000
25 ပိုင္းပါ paid doc တစ္ခုကို ၅၀၀က်ပ္ျဖင့္ Erata Team Sale Channel page cbမွာ hi ပို႔ၿပီး ဝယ္ယူနိုင္ပါၿပီ ခင္ဗ်ာ
Erata Team Sale Channel Page link
https://www.facebook.com/eratasalechannel/