အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

By Azure5549

111K 10.6K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... More

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၄၆ - ၇၅၀
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၈၇၆ - ၈၈၀

478 45 4
By Azure5549


အပိုင်း (၈၇၆) ကောင်းကင်ဖြိုဖျက်ခြင်းအလင်း

     “မင်းမှာ တကယ်ကောင်းကင်‌ဖြိုဖျက်ခြင်းဆေဘာရှိတာလား"
    မျက်နှာဖုံးနှင့် လူ သူ၏ အတွေးများကို စုစည်းလိုက်ပြီး တုံ့ဆိုင်းစွာဖြင့် ပြန်မေးလိုက်သည်။

     သူသည် သူ၏ ပတ်ဝန်းကျင်ကို ရှာဖွေရန်ကြိုးပမ်းလိုက်သော်လည်း မည်သူ့ကိုမျှ ရှာမတွေ့ခဲ့ပေ။ ကောင်းကင်‌ဖြိုဖျက်ခြင်းဆေဘာဆိုပါက စကားထဲပင် ထည့်ပြောရန် မလို‌ပေ။
     အဓိကအချက်အနေဖြင့် သူ၏ အမြင်အရ အတိတ်ကာလက ဆရာပြောခဲ့သည့် လိုအပ်ချက်များနှင့် ပြည့်မှီရန်မှာ မဖြစ်နိုင်လုနီးပါးဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည်  ကောင်းကင်‌ဖြိုဖျက်ခြင်းဆေဘာအား ရရှိခဲ့သည်ကို သိရှိပြီးနောက် သူ အလွန်အံ့အားသင့်သွားခဲ့သည်။

     “အင်း…ကျုပ် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို အသုံးပြုပြီးတော့ သလင်းကျောက်ကို ယူနိုင်တယ်"
    ချင်နန် ပြောလိုက်၏။
    “စီနီယာ ကျုပ်ရဲ့ ကျင့်ကြံမှုက သိုင်းဘီဘင်အဆင့်တစ်ပဲ ရှိတယ်…ဒါကြောင့် ကျုပ် သူတို့ကို ရင်မဆိုင်နိုင်ဘူး…စီနီယာကျုပ်ကို ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးရဲ့ ဝင်ပေါက်နှုတ်ခမ်းဝကို တည်နေရာကူးပြောင်းပေးလို့ရလား"
    ချင်နန် သူ၏ နှလုံးသား လျင်မြန်စွာ ခုန်လှုပ်နေကြောင်းကို သတိထားမိလိုက်သည်။

    အကယ်၍ အဖြေသည် မရဟုဆိုပါက သူ၏ အစီအစဉ်သဲထဲရေသွန်ဖြစ်သွားလိမ့်မည်ဖြစ်သည်။

    “သိုင်းဘီဘင်အဆင့်တစ်တည်းလား…မင်းက သူတို့လက်ထဲကနေ လွတ်ဖို့ ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးထဲ ခုန်ဆင်းဖို့ စီစဉ်ထားတာလား"
    မျက်နှာဖုံးနှင့် လူ ချက်ချင်းပင် ချင်နန်၏ အစီအစဉ်ကို နားလည်သွားပြီး မေးလိုက်သည်။
     “ငါမင်းကို နှုတ်ခမ်းဝကိုရောက်အောင်တည်နေရာကူးပြောင်းပေးနိုင်တယ်…ဒါပေမဲ့ မင်းရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးထဲကို ဝင်နိုင်မှာမဟုတ်ဘူး…သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူတွေတောင် အနက်ပိုင်းထဲကိုသွားပြီး မစွန့်စားရဲဘူး…မင်းရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် မင်းသေမှာ သေချာတယ်"
    ချင်နန် ထံ၌ ဤကဲ့သို့ အရူးအတွေးမျိုးရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

      သူ၏ အဖြေအား ကြာရသည့်အခါ ချင်နန် ပျော်ရွှင်သွားသည်။ ချင်နန် တည်တံ့သော အသံဖြင့် ပြောလိုက်သည်။
     “စီနီယာ…ကျုပ်မှာနတ်ဆိုးအော်ရာတွေကနေ ကာကွယ်နိုင်တဲ့ ပစ္စည်းတစ်ခုရှိတယ်…ကျုပ်မှာ ရွေးချယ်စရာတစ်ခုပဲရှိတယ်…စီနီယာ ကျုပ်တို့ ကြိုးစားကြည့်ရအောင်…ကျုပ် သူတို့ကို ရတနာမပေးနိုင်ဘူး"
  
    “မင်း..."
     ချင်နန်၏ ဆုံးဖြတ်ချက်အား ကြားသည့်အခါ မျက်နှာဖုံးနှင့်လူ ဆွံ့အသွားသည်။ သူ၏ မျက်လုံးများ အံ့အားသင့်မှုဖြင့် အရောင်လက်နေသည်။
      သိုင်းဘီဘင်အဆင့်တစ်ကျင့်ကြံသူလေးက အစွမ်းထက်ရန်သူတွေလက်က လွတ်အောင် ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးကို အသုံးချချင်တာလား...
    အကယ်၍ အခြားသူများ သိရှိသွားပါက သူ၏ အရူးလုပ်ရပ်ကို သေချာပေါက် ရယ်မောကြလိမ့်မည်ဖြစ်သည်။
     သို့သော်လည်း သူ့ဆရာသည်လည်း ချင်နန်ကဲ့သို့ အရူးမဟုတ်ပါလား…

     “ချင်နန် မင်းသေချာလား…"
     မျက်နှာဖုံးနှင့် လူ လေးလံသော အသံဖြင့် ပြောလိုက်သည်။

    “ဟုတ်ကဲ့"
     ချက်ချင်းပင် ချင်နန် တုံ့ပြန်လိုက်သည်။

     “အရမ်းကောင်းတယ်…ငါမင်းကို ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးရဲ့ နှုတ်ခမ်းဝကို ရောက်အောင် တည်နေရာကူးပြောင်းပေးပြီးတော့ သူတို့ကို အတတ်နိုင်ဆုံးအချိန်ဆွဲထားပေးမယ်…ဒါပေမဲ့ အဲဒီနောက်ပိုင်းကိစ္စက မင်းဘာမင်း ရှင်းရမယ်"
     မျက်နှာဖုံးနှင့်လူ စကားရပ်ပြီးနောက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
      “မင်းအသက်ရှင်နိုင်မယ်လို့ ငါမျှော်လင့်တယ်"

     “ဒါပေါ့"
   ချင်နန် လေးနက်သော အသံဖြင့် တုံ့ပြန်လိုက်သည်။

    ထိုအချိန်၌ ဂျီးနီးယပ်နှစ်ယောက်နှင့် အမှောင်နက်သိုင်းဘီဘင်တို့သည် မျက်နှာဖုံးနှင့် လူကို ဆက်လက်တိုက်ခိုက်နေကြသည်။
 
     ချင်နန်သည် မျက်နှာဖုံးဝတ်လူနှင့် အပေးအယူလုပ်နေကြောင်းကို သူတို့ မသိကြချေ။

     “စီနီယာ ကျုပ်အသင့်ဖြစ်ပြီ"
     ချင်နန် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ရုပ်ရည်ကို မော်တယ်သွင်ပြင်ပြောင်းလဲခြင်းပညာရပ်ဖြင့် ပြောင်းလဲလိုက်သည်။

     သူ ကျယ်လောင်စွာ တစ်ချက်အော်လိုက်ပြီး သူ၏ ညာဘက်လက်သည် ကောင်းကင်‌ဖြိုဖျက်ခြင်းဆေဘာအဖြစ် ပေါက်ကွဲသွားကာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဆေဘာစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။
    သူ၏ အော်ရာ လုံးဝပေါက်ကွဲသွားသည်။

     “ဟမ်…ဘယ်သူလဲ…"
   ဂျီးနီးယပ်နှစ်ယောက်နှင့် အမှောင်နက်သိုင်းဘီဘင်တို့သည် ချင်နန်၏ တည်ရှိမှုကို သတိပြုမိသွားကြပြီး အံ့ဩတုန်လှုပ်သွားသည်။ တစ်စုံတစ်ယောက်ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြောင်း ထင်ရှားသည်။

    ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…
 
     “လာစမ်း"
   ချင်နန် ကျယ်လောင်စွာ အော်လိုက်ပြီး ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာသည် တစ်စုံတစ်ခုအား ဆင့်ခေါ်နေသကဲ့သို့ ပြင်းထန်စွာ တုန်ခါလာသည်။

    “ဒါ…"
    ဂျီးနီးယပ်နှစ်ယောက်နှင့် အမှောင်နက်သိုင်းဘီဘင်တို့ သူတို့၏ ခေါင်းများကို လှည့်ကြည့်လိုက်သည်။

    ချင်နန်၏ လက်ထဲမှ ဆေဘာအား မြင်သည့်အခါ သူတို့၏ မျက်လုံးများထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။ လူအများစုသည် ၎င်းကို သိကြလိမ့်မည်မဟုတ်သော်လည်း သူတို့မှာ အလွန်အကျွမ်းတဝင်ရှိသည်။

    ၎င်းမှာ ကောင်းကင်ဖြိုဖျက်ခြင်း ဆေဘာဖြစ်သည်။

    မည်သည့်နေရာကမှန်းမသိဘဲ ထွက်ပေါ်လာသော ဤလူငယ်ထံ၌ ကောင်းကင်‌ဖြိုဖျက်ခြင်းဆေဘာရှိနေသည်။

    ဘန်း…

    ထို့နောက် မျက်နှာဖုံးနှင့် လူထံမှ ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားပြီးသလင်းကျောက်သည် အလိုအလျောက် ချင်နန်၏ လက်ထဲ ပျံသန်းလာသည်။

     အဓိကအချက်အနေဖြင့် ချင်နန်သည် ဂျီးနီးယပ်နှစ်ယောက်နှင့် အမှောင်နက်သိုင်းဘီဘင်တို့ မိန်းမောသွားစေရန်အတွက် ကောင်းကင်‌ဖြိုဖျက်ခြင်းဆေဘာကို ရည်ရွယ်ချက်ရှိရှိ ပြသလိုက်ခြင်းဖြစ်သည်။ သူတို့ မိန်းမောနေသောကြောင့် သလင်းကျောက်ဖြတ်လုခြင်း မခံခဲ့ရပေ။

    “ငါရပြီ"
    ချင်နန် ချက်ချင်းပင် သလင်းကျောက်အား သူ၏ သိုလှောင်အိတ်ထဲ ထ‌ည့်လိုက်ပြီးနောက် အဝေးသို့ တဟုန်ထိုးပြေးလိုက်သည်။

     “ရဲတင်းလှချေလား"
     ဂျီးနီးယပ်နှစ်ယောက်နှင့် အမှောင်နက်သိုင်းဘီဘင်တို့ တုန်လှုပ်ဖွယ်ရာ အော်ရာများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့ ပုံရိပ်များသည် အသက်တစ်ရှိုက်အတွင်းမှာပင် ချင်နန်၏ အထက်၌ ထွက်ပေါ်လာပြီး သူတို့၏ ကြောက်မက်ဖွယ်ရာတိုက်ကွက်များကို အသုံးပြုလိုက်သည်။

     ချင်နန် တုန်လှုပ်သွားပြီး သူ၏ ဆံပင်များ လူးလွန့်သွားသည်။
    တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်၌ သူသည် အလွန်သေးငယ်သော ပုရွက်ဆိတ်တစ်ကောင်ဟု ခံစားနေရသည်။
    တိုက်ခိုက်မှုများ သူ့ပေါ်သို့ ကျရောက်သွားပါက သူ ချက်ချင်းသေသွားမည်ဖြစ်ကြောင်း ပြောရန်မလိုပေ။

     “ကောင်းကင်ဖြိုဖျက်ခြင်းရတနာ…ငါ့အမိန့်ကို နားထောင်ပြီး ငါ့ဆီလာခဲ့"
    မျက်နှာဖုံးနှင့် လူ  လှုပ်ရှားလိုက်ပြီး လက်ဟန်သင်္ကေတတစ်ခုပြုလုပ်လိုက်ရာ တောက်ပသော အလင်းတစ်ခုသည် ချင်နန်ကို လွှမ်းခြုံသွားသည်။

   လေတိုးသံတစ်သံနှင့်အတူ ချင်နန်၏ ပုံရိပ်ပျောက်ကွယ်သွားပြီး  မျက်နှာဖုံးနှင့် လူ၏ နောက်၌ ထွက်ပေါ်လာသည်။
    မျက်နှာဖုံးနှင့်လူသည် သူနှင့် ကောင်းကင်ဖြိုဖျက်ခြင်းရတနာကြားမှ ချိတ်ဆက်မှုကို အသုံးပြု၍ တည်နေရာကူးပြောင်းပေးခဲ့ခြင်းဖြစ်သည်။

    နောက်ဆုံး၌ ချင်နန်သည် သူ၏ ခြေဖဝါးအောက်မှ ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးကို မြင်တွေ့လိုက်ရသည်။

     နတ်ဆိုးအော်ရာ၏ လွှမ်းမိုးမှုမှာ ကြီးမားပြီး မည်မျှနက်ကြောင်းကို မြင်နိုင်ခြင်းမရှိပေ။ နာမည်အတိုင်းပင် တွင်းနက်ကြီးသည် ရှေးဟောင်းနတ်ဆိုးတစ်ကောင်ပမာ ခံစားရသည်။ တွင်းနက်ကြီး၏ အဆုံးကို တွေ့မြင်နိုင်ခြင်းမရှိပေ။

     “စီနီယာကျေးဇူးတင်ပါတယ်"
    တုံ့ဆိုင်းမှုမရှိဘဲ ချင်နန် အော်လိုက်ပြီး တွင်းနက်ထဲသို့ တဟုန်ထိုး ဆင်းသွားသည်။

     “မင်းဘယ်လိုလုပ်ရဲတာလဲ"
   ဂျီးနီးယပ်နှစ်ယောက်နှင့် အမှောင်နက်သိုင်းဘီဘင်တို့ နားလည်သွားကြသည်။ သူတို့၏ မျက်လုံးများထဲ၌ ဒေါသမီးလျှံများ ပြည့်နှက်သွားသည်။

    သူတို့ လှည့်စားခံခဲ့ရသည်။
     လူငယ်သည် သူတို့အား မြှားခေါ်ရန်အတွက် သလင်းကျောက်ကိုယူခဲ့ပြီး မျက်နှာဖုံးနှင့် လူသည် ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီး၏ နှုတ်ခမ်းဝသို့ ရောက်အောင် တည်နေရာကူးပြောင်းပေးခဲ့သည်။ သူတို့သည် လူငယ်၏ ကျင့်ကြံမှုကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိသည့်တိုင် သူ အစွမ်းမထက်ကြောင်းကို ခံစားနိုင်သည်။
      ထို့ကြောင့် ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးထဲ ဝင်ခြင်းသာ သူ၏ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

     “ကောင်းကင်ရဲ့စွမ်းအား…တောင်းဆိုမှုကိုနားထောင်ပြီး နတ်ဘုရားဓားကိုးချောင်းကိုပေး"
      ဂျီးနီးယပ်နှစ်ယောက် ကျယ်လောင်စွာ အော်လိုက်ပြီးသူတို့၏ သိုင်းကွက်များထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ရာအင်အားများ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ထို့နောက် ကြီးမားသော မုန်တိုင်းတိမ်တိုက်တစ်ခုစု စည်းလာပြီး လျှပ်စီးများလက်ကာ ကြီးမားသော ဓားများကို ဆင့်ခေါ်လိုက်သည်။

   ဘန်း…ဘန်း…ဘန်း…

    ဓားများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်၌ အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပွားသွားသည်။
   ဓားများ၏ တည်ရှိမှုတစ်ခုတည်းကတင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်စေခဲ့သည်။

     “ဟား…ဟား…ဟား…မင်းက ရတနာကို ယူဖို့ ကြံစည်ထားတာလား…အခု ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာရဲ့ ဆက်ခံသူ ထွက်ပေါ်လာပြီ…မင်းတို့အတွက် လက်လျှော့လိုက်တာ ကောင်းလိမ့်မယ်…မကြာခင်မှာ ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်ရဲ့ စွမ်းအားက ကမ္ဘာကြီးထဲမှာ ပြန်လည်ထွက်ပေါ်လာလိမ့်မယ်…နတ်ဘုရားအဆင့်ပေါ်က ဂျီးနီးယပ်လို့ခေါ်တဲ့ကောင်တွအားလုံး ဖျက်ဆီးခံရလိမ့်မယ်…"
    မျက်နှာဖုံးနှင့် လူ ကြောက်ရွံ့ခြင်းမရှိဘဲ ရယ်မောလိုက်သည်။

    “နတ်ဆိုးတစ်သောင်းရှုတ်ချခြင်းပိုင်းချက်"
   ဂျီးနီးယပ်နှစ်ယောက်၏ မျက်နှာများ နက်မှောင်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်ရာ မိုးကြိုးဓားများသည် သည်းထန်စွာ ရွာသွန်းသော မိုးများပမာ ဆင်းသက်လာကာ မျက်နှာဖုံးလူနှင့် ချင်နန်ကို လွှမ်းခြုံသွားသည်။

     “ကောင်းကင်ဖြိုဖျက်ခြင်းအလင်း"
    မျက်နှာဖုံးနှင့် လူ၏ စိတ်ဆန္ဒသည် အကန့်အသတ်ထိ တိုးမြင့်လာပြီး ကြောက်မက်ဖွယ်ရာအနက်ရောင်အလင်းများအဖြစ် စုစည်းလာသည်။ သူသည် သူ၏ လက်ချောင်းကို မြှောက်၍ ကောင်းကင်အား ဖြိုခွဲမည်ကဲ့သို့ အင်အားလှိုင်းကြီးတစ်ခုကို ပစ်လွှတ်လိုက်သည်။

    ၎င်းသည် ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်၏ အစွမ်းထက်သော သိုင်းပညာတစ်ခုဖြစ်သည်။

    မျက်နှာဖုံးနှင့် လူသည် စွမ်းအား၏ ဆယ်ပုံတစ်ပုံကိုသာ အသုံးချနိုင်သော်လည်း  အလွန်ကြောက်စရာကောင်းဆဲဖြစ်သည်။
   
    ဘန်း…

   အင်အားလှိုင်းလုံးကြီးသည် မိုးကြိုးဓားများနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။ သက်ရောက်မှုအရှိန်လှိုင်းများသည် ပတ်ဝန်းကျင်အား အပျက်အစီးများစွာ ဖြစ်ပွားသွားစေခဲ့သည်။

🐱🐱🐱🐱🐱

အပိုင်း (၈၇၇) ရူးသွပ်စွာလိုက်ဖမ်းခြင်း

     ချင်နန်၏ ပုံရိပ်သည် ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးထဲ၌ ပျောက်ကွယ်သွားသည်။

    သူအထဲသို့ ဝင်လာသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေစည်းတံဆိပ်ထွက်ပေါ်လာပြီး ရွှေရောင်အလင်းဖြင့် လွှမ်းခြုံလိုက်ကာ နတ်ဆိုးအော်ရာများကို ပိတ်ပင်တားဆီးလိုက်သည်။

      “ဆရာ…ကျုပ် ကတိတည်ပြီနော်"
     မျက်နှာဖုံးနှင့်လူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ ပုံရိပ်သည် လောင်ကျွမ်းသွားသကဲ့သို့ တဖြည်းဖြည်းအနက်ရောင်အမှုန်များအဖြစ် ပြောင်းလဲသွားပြီး လွင့်ပါးပျောက်ကွယ်သွားသည်။ သူသည် အစကတည်းက လူသားတစ်ယောက်မဟုတ်ဘဲ  အစောင့်စိတ်ဆန္ဒတစ်ခုသာ ဖြစ်သည်။

      သူ၏ တစ်ခုတည်းသော ဆန္ဒမှာ ဆရာအား ကူညီရန်နှင့် ဆက်ခံသူကို စောင့်ဆိုင်းရန်ဖြစ်သည်။

        သူလုပ်နိုင်သည့် အရာ ထိုတစ်ခုတည်းသာ ရှိသည်။
      သူသည် သူ့ဆရာ၏ လက်အောက်ငယ်သား တပည့်သားထဲ၌ အားအနည်းဆုံးဟု သတ်မှတ်နိုင်သည့်တိုင် သူ့ဆရာ၏ ကြင်နာမှုကို ပြန်ပေးဆပ်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

    ......

     “ချေးပဲ"
   ဂျီးနီးယပ်နှစ်ယောက် အံကြိတ်လိုက်သည်။
     အကယ်၍ မျက်နှာဖုံးနှင့် လူ သူတို့အား အချိန်ဆွဲထားခြင်းကြောင့်သာ မဟုတ်ပါက လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးထဲသို့ ဝင်နိုင်လိမ့်မည်မဟုတ်ပေ။

    “ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာ ပြန်ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ…ကျုပ်တို့ သူ့ကို လိုက်ဖမ်းကြမယ်…သူက ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးရဲ့ အနက်ပိုင်းထဲကို မရောက်သေးဘူး…ကျုပ်တို့မှာ အခွင့်အရေးရှိသေးတယ်"
     အမှောင်နက်သိုင်းဘီဘင် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

    ၎င်းမှာ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာဖြစ်သည်။ အကယ်၍ သူ၏ အသက်ကိုစွန့်စားရလျှင်ပင် သူ ရအောင်ယူရမည်။

     “အင်း"
    ဂျီးနီးယပ်နှစ်ယောက် ခေါင်းညိတ်လိုက်ပြီး သူတို့၏ မျက်လုံးများထဲ၌ လောဘများပြည့်နှက်သွားသည်။
     ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာသည် ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်ချန်ထားခဲ့သည့် ရတနာထက်ပင် အဖိုးတန်သည်။

     “နတ်ဆိုးသုံးလွှာအဆောင်"

     “ရွှေဓားအော်ရာအကာအကွယ်"
   
     “ထာဝရကြောက်ရွံ့ခြင်းအမှောင်ထု"
     မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂျီးနီးယပ်နှစ်ယောက်နှင့် အမှောင်နက်သိုင်းဘီဘင်တို့ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။

    အဆောင်တစ်ခုထွက်ပေါ်လာပြီး အင်အားကြီးမားသော စွမ်းအားများထွက်‌ပေါ်လာကာ တစ်ယောက်၏ ပုံရိပ်ကို လွှမ်းခြုံသွားသည်။ နောက်တစ်ယောက်သည် တားမြစ်ပညာရပ်ကို အသုံးပြုလိုက်ရာ သူ၏ ဝန်းကျင်၌ မရေမတွက်နိုင်သော ဓားစွမ်းအင်များ လည်ပတ်လာသည်။ နောက်ဆုံးတစ်ယောက်မှာလည်း တားမြစ်ပညာရပ်တစ်ခုကို အသုံးပြုလိုက်ပြီး ရှေးဟောင်းနတ်ဆိုးတစ်ပါးအဖြစ် ပြောင်းလဲသွားသကဲ့သို့ဖြစ်သည်။

    ဘန်း…

    သူတို့ သုံး‌ယောက်ခြေတစ်ချက်ကန်၍ ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီး၏ နှုတ်ခမ်းဝသို့ သွားလိုက်သည်။
     နတ်ဆိုးအော်ရာမှာ လွှမ်းမိုးနိုင်စွမ်းကြီးမားသော်လည်း သူတို့၏ အနီးသို့ မကပ်နိုင်သောကြောင့် သူတို့မည်မျှ အစွမ်းထက်ကြောင်း မီးမောင်းထိုးပြနေသည်။

     ထိုအချိန်၌ ချင်နန်သည် ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးထဲ ကျနေသည်။ သူသည် အောက်ကို ဘယ်ဘက်မျက်လုံးဖြင့် ကြည့်ရန် ကြိုးပမ်းခဲ့သော်လည်း အမှောင်ထုမှတစ်ပါး အခြားမည့်သည့်အရာကိုမှ မမြင်နိုင်ပေ။
      သူသည် အဆုံးမဲ့အောက်ခြေသို့ လျင်မြန်စွာဖြင့် ဆက်လက်၍ ကျလာသည်။

      “သိုင်းသစ်ပင်တွေဖိနှိပ်"
   ချင်နန် အော်ဟစ်လိုက်ပြီး သူ့သိုင်းသစ်ပင်များ၏ စွမ်းအားများ ထုတ်ဖော်ကာ သူ၏ အမြန်နှုန်း မြင့်တက်သွားသည်။
      သူ ဘေးမကင်းသေးချေ။

    “သူတို့လာနေကြပြီ"
    ချင်နန် ရုတ်တရက် ခေါင်းမော့လိုက်သည်။

    သူ၏ အထက်၌ ပုံရိပ်သုံးခုသည် နေသုံးစင်းပမာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အလင်းများ ထုတ်ဖော်ထားသည်။ ချင်နန်နှင့် သူတို့အကြား အကွာအဝေးမှာ ဝေးသော်လည်း သူတို့၏ အကြည့်များ သူ့ပေါ်သို့ စူးစိုက်ကာ ကျရောက်နေသည်။

      အဆုံး၌ ချင်နန်၏ ဆံပင်များ ထောင်ထသွားပြီး သူ၏ ဦးနှောက်ထဲ၌ အချက်ပေးခေါင်းလောင်းသံများ ဆူညံသွားသည်။
    ၎င်းသည် သူ၏ ပထမဆုံးအကြိမ် ကြောက်မက်ဖွယ်ရာရန်သူများနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။

      “လာခဲ့စမ်း"
    ဂျီးနီးယပ်နှစ်ယောက်နှင့် အမှောင်နက်သိုင်းဘီဘင်တို့၏ မျက်နှာများ အေးစက်သွားပြီး သူတို့၏ သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျင့်ကြံမှုများအား ထုတ်ဖော်၍ ကြီးမားသော လက်သုံးဖက်အဖြစ် ဖန်တီးလိုက်ကာ ချင်နန့်ကို ဆုပ်ကိုင်လိုက်သည်။

    ချင်နန် လွတ်မြောက်ရန် လမ်းမရှိပေ။

     သူသည် ကြက်ပေါက်လေးတစ်ကောင်အလားပင် ဖြစ်သည်။

      “ခေါင်းတလား…သွေးကန်"
    ချင်နန်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ‌ခေါင်းတလားနှင့် သွေးကန်အား ထုတ်ယူကာ အပေါ်ကို ပစ်လွှတ်လိုက်သည်။

    ဘန်း…

    တုန်လှုပ်ဖွယ်ရာပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။

    ရှေးဟောင်းခေါင်းတလားနှင့် သွေးကန်တို့သည် တိုက်ခိုက်မှုကို ခုခံနိုင်သည့် ရှေးဟောင်းပစ္စည်းများဖြစ်ကြသည်။
     သိုင်းဘီဘင်အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူသုံးယောက်၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ၎င်းတို့သည် ကြီးမားသော လက်များကို ပိတ်ဆို့နိုင်ခဲ့သည်။ သို့သော်လည်း ရလဒ်အနေဖြင့် ရှေးဟောင်းခေါင်းတလားနှင့် သွေးကန်တို့ ပေါက်ကွဲသွားသည်။

   ထိပ်တိုက်တွေ့ဆုံမှုကြောင့် တုန်လှုပ်ဖွယ်ရာ အင်အားအရှိန်လှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ချင်နန်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားကာ သူ နာကျင်စွာ အော်လိုက်သည်။
      သူ အောက်သို့ရောက်လာလေလေ နတ်ဆိုးအော်ရာမှာ ပို၍သန်မာလာလေလေဖြစ်သည်။

  ကံကောင်းစွာပင် ရွှေစည်းတံဆိပ်သည် သူ့ကို စိတ်မပျက်စေခဲ့ပေ။
     သူ၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းနေသည့် ရွှေရောင်အလင်းနှင့်အတူ နတ်ဆိုးအော်ရာသည် သူ့အား မည်သည့်အန္တရာယ်မျှ မပေးနိုင်ပေ။
  
      “ဘာဖြစ်တာလဲ…ဒီကလေး..."
   ဂျီးနီးယပ်နှစ်ယောက်နှင့် အမှောင်နက်သိုင်းဘီဘင်တို့ အလွန်အံ့အားသင့်သွားကြသည်။

       ချင်နန်သည် သူတို့၏ စွမ်းအားများကို ခုခံနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြောင်း ထင်ရှားသည်။

      သူ့ထံ၌ နတ်ဆိုးအော်ရာများမှ ကာကွယ်ပေးနိုင်စွမ်းရှိသည့် ရတနာပစ္စည်းတချို့လည်း ရှိသည်။ နတ်ဆိုးအော်ရာများကြောင့် သူတို့ပင် အလွန်လျင်မြန်စွာဖြင့် မဆင်းရဲပေ။

     “ချေးပဲ…ကျုပ်တို့ အကုန်လုံး တကယ်လက်လွှတ်လိုက်ရမှာလား"
     တွင်းနက်ထဲ ပျောက်ကွယ်သွားသည့် ချင်နန်၏ ပုံရိပ်ကို မြင်ချိန်၌ အမှောင်နက်သိုင်းဘီဘင်၏ မျက်နှာ နက်မှောင်သွားသည်။

       အစက သူ့ထံတွင် ပြီးပြည့်စုံသည့် အစီအစဉ်တစ်ခုရှိခဲ့သည်။ သို့သော်လည်း ချင်နန်ကြောင့် ထိုအရာအားလုံး သဲထဲရေသွန်ဖြစ်သွားခဲ့သည်။
    အဓိကအချက်အနေဖြင့် ထိုလူငယ်သည် အလွန်အားနည်းသော ကျင့်ကြံသူတစ်ယောက်သာဖြစ်ပြီး ပုရွက်ဆိတ်တစ်ကောင်လို  အလွယ်တကူဖိခြေနိုင်သည်။
    ဒေါသထွက်နေ‌သော်လည်း သူ့ထံ၌ အခြားရွေးချယ်စရာမရှိပေ။  နတ်ဆိုးအော်ရာများမှာ အောက်သို့ ရောက်လာလေလေ ပို၍ အစွမ်းထက်လာလေလေဖြစ်သည်။

     ထိုအချိန်၌ သူတို့သုံးယောက်ထဲ၌ အစွမ်းထက်ဆုံးဖြစ်သည့် လူငယ်ပြောလိုက်သည်။
     “ဂျူနီယာညီငယ်…ငါ့ကို မင်းရဲ့ ဓားငှားဦး"

     “ဟုတ်ကဲ့"
    အခြားလူငယ်၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် သူ၏ ဓားအားထုတ်ယူကာ ပေးလိုက်သည်။

     “သိုင်းဝိညာဉ်…သိုင်းသစ်ပင်"
    လူငယ်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တျန်အဆင့်ခုနှစ်သိုင်းဝိညာဉ်နှင့် ဆယ့်သုံးကျန်မြင့်သည့် သိုင်းသစ်ပင် ထွက်ပေါ်လာကာ သူ၏ ဝန်းကျင်မှ နတ်ဆိုးအော်ရာများကို ဖျက်ဆီးလိုက်သည်။

      “အဆုံးအစွန်ရောက်ဖို့က လူတိုင်းမှာ နည်းလမ်းအမျိုးမျိုးရှိတယ်…ဒါပေမဲ့ငါ့ရဲ့ လမ်းကြောင်းတစ်ခုတည်းကပဲ ကောင်းကင်ကို ရောက်နိုင်တယ်"
     လူငယ်သည် သွေးစက်ဆယ့်သုံးစက်ကို ထုတ်ဖော်လိုက်ရာ သူ၏ ဆံပင်တစ်ဝက် အဖြူရောင်ဖြစ်သွားသည်။

   သို့သော်လည်း ရုတ်တရက် သူ၏ ကျင့်ကြံမှု မြင့်တက်လာသည်။ ၎င်းမှာ ယခင်ကထက် သုံးဆပိုသန်မာသည်။

     ဘန်း…

     လူငယ်သည် ကြောက်မက်ဖွယ်ရာဓားစွမ်းအင်များထုတ်ဖော်၍ အောက်သို့ တဟုန်ထိုးဆင်းသွားပြီး နတ်ဆိုးအော်ရာများကို ဖျက်ဆီးသွားသည်။

      “ထပ်လာပြန်ပြီလား"
    ချင်နန် တုန်လှုပ်သွားသည်။

   နတ်ဘုရားတစ်ဝက်ဒေသမှ ဂျီးနီးယပ်များမှာ အမှန်တကယ်ကို ကြောက်စရာကောင်းလှသည်။

    နတ်ဆိုးအော်ရာတွေ ဒီလောက်အစွမ်းထက်တာကို သူတို့က ငါ့နောက်ကို ဆက်လိုက်လာနိုင်သေးတယ်ပေါ့…

     ငါအခု ဘာလုပ်ရမလဲ…

    “ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဓားပိုက်ကွန်"
    မျက်တောင်တစ်ခတ်အတွင်းမှာပင် လူငယ် ချင်နန်၏ ပုံရိပ်ကိုကြည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် သူ၏ ဓားအား လွှဲယမ်းကာ ကြီးမားသော ဓားပိုက်ကွန်ကြီးတစ်ခုကို ထုတ်ဖော်၍ ချင်နန်ကို လွှမ်းခြုံလိုက်သည်။

     ဤကဲ့သို့ အားနည်းသော ကျင့်ကြံသူတစ်ယောက်သည် သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်စရာ နည်းလမ်းမရှိချေ။

     “ချေးပဲ"
    ချင်နန်၏ နှလုံးသား ထိတ်လန့်တကြား ဖြစ်သွားသည်။

     သူ၏ ညာဘက်လက်သည် မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်သည့်တိုင် ဓားပိုက်ကွန်ကို လုံလုံလောက်လောက် ခုခံနိုင်ခြင်းမရှိပေ။

    သို့သော်လည်း ထိုအချိန်၌ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

🐱🐱🐱🐱🐱🐱

အပိုင်း (၈၇၈) အောင်မြင်စွာ လွတ်မြောက်ခြင်း

     ဝုန်း…ဝုန်း…

    ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီး၏ အောက်ခြေမှ အဆက်မပြတ် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ ပေါက်ကွဲသံများသည် စစ်တပ်ကြီးတစ်တပ် ချီတက်လာသည့်ပမာ ပို၍ကျယ်လောင်လာသည်။

      “ဟမ်"
    လူငယ်၏  သေချာစူးစိုက်ကြည့်လိုက်သည်။

     ချင်နန်သည်လည်း အနည်းငယ် အံ့ဩတုန်လှုပ်သွားကာ ကြည့်လိုက်သည်။

     ထို့နောက် ကြောက်မက်ဖွယ်ရာနတ်ဆိုးအော်ရာများသည် မီးတောင်‌ပေါက်ကွဲသည့်ပမာ အပေါ်သို့ လှိမ့်တက်လာသည်။

     “ချေးပဲ"
    လူငယ်ထိတ်လန့်တကြားဖြစ်သွားသည်။
     ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးသည် ရုတ်တရက် ဤကဲ့သို့ လွှမ်းမိုးနိုင်စွမ်းကြီးမားသော နတ်ဆိုးအော်ရာများကို ပစ်လွှတ်လိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

      သူတို့ရဲ့ တိုက်ပွဲက တွင်းနက်ကြီးထဲက လျှို့ဝှက်ဆန်းကြယ်တဲ့တစ်စုံတစ်ခုကို နိုးထစေခဲ့တာလား…

   “ဒါငါ့ရဲ့ အခွင့်အရေးပဲ"
   ချင်နန် ပျော်ရွှင်သွားသည်။ သူသည် သူ၏ အမြန်နှုန်းကို တိုးမြှင့်၍ လှိမ့်တက်လာသော နတ်ဆိုးအော်ရာများဆီသို့ တဟုန်ထိုးဆင်းသက်လိုက်သည်။ ထိုအချိန်၌ ရွှေစည်းတံဆိပ် ပြင်းထန်စွာ တုန်ခါလာပြီး ပို၍သန်မာသော အလင်းအား ထုတ်ဖော်ကာ နတ်ဆိုးအော်ရာများကို ပိတ်ဆို့တားဆီးလိုက်သည်။

   “ချေးပဲ…ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာအပြင် သူ့မှာ ဒီလိုကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးအော်ရာတွေကနေ ကာကွယ်ပေးနိုင်တဲ့ အခြားရတနာလည်း ရှိသေးတယ်"
      လူငယ်၏ မျက်နှာ နက်မှောင်နေသည်။

     မကြာမီ၌ လှိမ့်တက်လာသော နတ်ဆိုးအော်ရာများ ချင်နန်ကို ဝါးမျိုသွားသည်။
     သို့သော်လည်း သူသည် နတ်ဆိုးအော်ရာများကြောင့် ထိခိုက်ခြင်းမရှိဘဲ အသက်ရှင်နေသေးကြောင်းကို လူငယ်ခံစားနိုင်သည်။

       “ဆရာ… ကျွန်တော် ဆရာရဲ့ အကူအညီလိုတယ်"
     ချက်ချင်းပင် လူငယ်ကျယ်‌လောင်စွာ အော်ဟစ်၍ သူ၏ နောက်ဆုံးဝှက်ဖဲကို ထုတ်ဖော်လိုက်သည်။ သူ၏ ဒန်တျန်ထဲတွင် လွင့်မျော နေသည့် အဆောင်သည် ရုတ်တရက် သူ၏ အထက်၌ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားကာ လူငယ်၏ ခန္ဓာကိုယ်ကို သိုင်းဘုရင်အော်ရာတစ်ခု လွှမ်းခြုံသွားသည်။

     နတ်ဘုရားတစ်ဝက်ဒေသထဲမှ အဖွဲ့အစည်းကြီးသုံးခု၏ တပည့်တိုင်းသည် တျန်အဆင့်ခြောက်သိုင်းဝိညာဉ် သို့မဟုတ် အထက်အဆင့်သိုင်းဝိညာဉ်များကို ပိုင်ဆိုင်ကြသည်။
    ထို့ကြောင့် သူတို့၏ အသက်များမှာ  အဖွဲ့အစည်းများအတွက် အလွန်အဖိုးတန်သည်။ ထို့ကြောင့် အများစုသည် အသက်အန္တရာယ်ကျရောက်သည့်အချိန်၌ သူတို့ကိုယ်သူတို့  ကာကွယ်ရန်အတွက် သိုင်းဘုရင်အ ဆောင်များ ယူဆောင်သွားကြသည်။

    ဘန်း…ဘန်း…ဘန်း…

    သိုင်းဘုရင်အဆောင်၏ ကာကွယ်မှုနှင့်ပင် နတ်ဆိုးအော်ရာများသည် ကြောက်မက်ဖွယ်ရာပေါက်ကွဲမှု ဖြစ်သွားစေသည်။ အဆောင်သည် အချိန်အတော်ကြာ ဆက်တောင့်ခံနိုင်လိမ့်မည်မဟုတ်‌ပေ။
    တစ်နည်းဆိုရပါလျှင် လူငယ် ယခုမထွက်သွားပါက သူ၏ အသက် အန္တရာယ်ကျရောက်လိမ့်မည်ဖြစ်သည်။
    
      “ငါဘေးကင်းပြီ…ငါ့ကံက သိပ်မဆိုးဘူးပဲ"
    ချင်နန်၏ မျက်လုံးများ တောက်ပသွားသည်။ သို့သော်လည်း သူသတိမပေါ့လျော့သေးပေ။

     အစစ်အမှန်အန္တရာယ်သည် ယခုမှစတင်ခြင်းဖြစ်သည်။ ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီး၏ အောက်ခြေ၌ မည်သည့်အရာစောင့်ဆိုင်းနေကြောင်းကို သူ သိရှိခြင်းမရှိပေ။

      “ဘယ်လောက်အံ့သြစရာလဲ…ဘယ်ကနေထွက်‌ပေါ်လာမှန်းမသိတဲ့ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာရဲ့ ဆက်ခံသူမှာ ဒီလိုစွမ်းရည်တွေ ရှိတယ်…ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာက သူ့ကို ဆက်ခံသူအဖြစ် ရွေးချယ်လိုက်တာက အံ့ဩစရာမဟုတ်တော့ပါဘူး…ဒါပေမဲ့ တကယ်လို့ ငါ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာနဲ့ ကောင်းကင်ဖြိုဖျက်ခြင်းရတနာကို မရနိုင်ဘူးဆိုရင်တောင် မင်းလည်း အသက်ရှင်နိုင်မှာမဟုတ်ဘူး"
    အခြေအနေကို သုံးသပ်လိုက်ပြီး လူငယ်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်သွားသည်။

      အားနည်းသည့်အချိန်တွင်ပင် ထိုလူငယ်သည် ဤကဲ့သို့ စွမ်းရည်များရှိနေပြီဖြစ်သည်။
     အကယ်၍ ကြီးထွားလာပါက သူမည်မျှကြောက်စရာကောင်းပါမည်နည်း…

     “ကိုးကောင်းကင်ရဲ့ နတ်ဘုရားမိုးကြိုး…ဓားအစပျိုးခြင်း…"
     သူ ကျယ်လောင်စွာ တစ်ချက်အော်ဟစ်လိုက်ပြီး လူငယ်၏ လက်ထဲတွင်ရှိ‌သော ဓားမှ ထိတ်လန့်ချောက်ချားဖွယ်ရာကောင်းသော မိုးကြိုးအော်ရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူ၏ လက်ကိုလွှဲယမ်းလိုက်ပြီး ဓားထဲကို သူ၏ စွမ်းအားအားလုံးထည့်သွင်းလိုက်ရာ ဥက္ကာခဲတစ်လုံးပမာ လျင်မြန်စွာဖြင့် အောက်သို့ သက်ဆင်းသွားသည်။

    ဘန်း…

    ကျယ်လောင်သော ပေါက်ကွဲမှုသည် ချင်နန်၏ ဆံပင်များအား ထောင်မတ်သွားကာ ဦးရေထုံသွားစေသည်။

     သူ အမှတ်တမဲ့ဖြင့် ခေါင်းမော့ကြည့်လိုက်ရာ မြင်ကွင်းကြောင့် သွေးပျက်ချောက်ချားသွားသည်။
    မိုးကြိုးအော်ရာများ လွှမ်းခြုံနေသည့် ဓားတစ်ချောင်းသည် သူ့ဆီသို့ မိုးကြိုးနဂါးတစ်ကောင်ပမာ ပျံသန်းလာကြောင်းကို သူတွေ့လိုက်ရသည်။
     ၎င်း၏ ရှေ့၌ သူသည် မြက်ပင်တစ်ပင်ပမာ ခံစားနေရပြီး လုံးဝကူကယ်ရာမဲ့နေသည်။

     “စစ်နတ်ဘုရားရဲ့ ဘယ်ဘက်လက်…ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာ"
    ချင်နန် အော်ဟစ်၍ သူ၏ လက်များကို မြှောက်၍ ကာလိုက်သည်။ ၎င်းသည် သူ၏ ဘဝတစ်လျှောက်၌ သူကြုံဖူးသည့် အစွမ်းထက်ဆုံး တိုက်ခိုက်မှုဖြစ်သည်။
      ၎င်းနှင့် ရင်ဆိုင်ရာ၌ သူ၏ သိုင်းသစ်ပင်ခြောက်ပင်ပင် လုံးဝအသုံးဝင်ခြင်းမရှိပေ။

     ယခုအချိန်၌ သူလုပ်နိုင်သည့်အရာ ဘာမှမရှိပေ။

    သူအတင်းပိတ်ဆို့ရန်သာ တတ်နိုင်သည်။
 
    သူ ၎င်းကို ပိတ်ဆို့နိုင်မှသာ အသက်ရှင်လိမ့်မည်ဖြစ်သည်။

    ဘန်း…

    မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးဓားသည် ချင်နန်၏ လက်များနှင့် မိတ်ဆက်သွားပြီး သူ၏ ခန္ဓာကိုယ် ပို၍လျင်မြန်စွာဖြင့် အောက်သို့ ကျဆင်းသွားသည်။
    သူ အသက်ရှင်လား မရှင်လားကို ပြောရန် မဖြစ်နိုင်ပေ။

     “ဟန့်"
    ထိုမြင်ကွင်းအား ကြည့်ကာ လူငယ် နှာခေါင်းရှုံ့လိုက်သည်။ သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ ကျန်ရှိသော စွမ်းအားများကို အသုံးပြုကာ အပေါ်သို့ တက်သွားလိုက်သည်။

     ………
   
    ဝှစ်…

     လေတိုးသံတစ်သံနှင့်အတူ လူငယ်ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးပေါ်သို့ ပြန်တက်လာသည်။

      “ဘယ်လိုလဲ"
    သူ၏ ပြန်အလာကို စောင့်ဆိုင်းနေသော အခြားဂျီးနီးယပ်တစ်ယောက် မေးလိုက်သည်။
     
    “အဆင်မပြေဘူး…ငါရတနာကို မယူနိုင်ခဲ့ဘူး"
    ထိုအကြောင်းပြောရင်း လူငယ်၏ မျက်နှာထား မှုန်မှိုင်းလာသည်။
     “ငါ့သူ့ကို ဖမ်းမိတော့မဲ့ အချိန်မှာပဲ တွင်းနက်ကြီးရဲ့ အောက်ခြေကနေပြီး နတ်ဆိုးအော်ရာ လှိုင်းလုံးကြီးက အပေါ်ကို တက်လာတယ်…သိုင်းဘုရင်အဆောင်နဲ့တော့ ငါတစ်ခဏပဲ တားဆီးနိုင်ခဲ့တယ်"

     “ဘာ"
    ထိုစကားကြား‌သောအခါ အခြားသူနှစ်ယောက်၏ မျက်နှာ နက်မှောင်သွားသည်။
     သူတို့ ကြိုးစားအားထုတ်ခဲ့သော်လည်း အဆုံး၌ ဘာမှမရခဲ့ပေ။

     “စီနီယာအစ်ကို…ထားလိုက်တော့ အခုကောင်းကင်ဖြိုဖျက်ခြင်းဆေဘာရဲ့ ဆက်ခံသူထွက်ပေါ်လာပြီ…သူက ကောင်းကင်ဖြိုဖျက်ခြင်းရတနာကိုလည်း ရသွားတယ်…ကျုပ်တို့ ဒီအကြောင်းကို အဖွဲ့အစည်းကို‌ ပြောရမယ်...ကျုပ်..."
    အခြားလူငယ် ပြောလိုက်သည်။

    သူ၏ စကားမဆုံးသေးခင်မှာပင် အခြားလူငယ် အေးစက်သော အသံဖြင့် ပြောလိုက်သည်။
     “အသိပေးစရာမလိုတော့ဘူး…နောက်ဆုံးအချိန်တုန်းက ငါအ‌ပေါ်မတက်လာခင်မှာ ငါ့ရဲ့ အသန်မာဆုံးတိုက်ကွက်နဲ့ ငါ့သူ့ကို သတ်ခဲ့တယ်…သွားစို့"

     “ဟုတ်ကဲ့"
   သူ သိပ်မကျေမနပ်ခံစားနေရသော်လည်း နတ်ဘုရားတစ်ဝက်ဒေသကို ပြန်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

    အမှောင်နက်သိုင်းဘီဘင် တိတ်ဆိတ်စွာပင် ရှိနေသည်။ လူငယ်နှစ်ယောက် သူ့ကို ကြည့်ပြီးနောက် ထွက်ခွာသွားကြသည်။

     “ချေးပဲ…ဘောကို နတ်ဘုရားတစ်ဝက်ဒေသရဲ့ ဂျီးနီးယပ်တွေပါလား…အသုံးမကျတဲ့အမှိုက် းကောင်တွေ…"
    သူတို့၏ ပျောက်ကွယ်သွားသော ပုံရိပ်အားကြည့်ကာ အမှောင်နက်သိုင်းဘီဘင် ဆဲရေးလိုက်သည်။

     အကယ်၍ သူတို့၏ ဝှက်ဖဲများကို ကြောက်လို့သာမဟုတ်ပါက သူ သူတို့ကို သတ်၍ အရာအားလုံးကို လုယူမည်ဖြစ်သည်။

    “ ဟူး…ထားလိုက်ပါတော့"
     အမှောင်နက်သိုင်းဘီဘင် သက်ပြင်းချကာ ထွက်ခွာသွားသည်။
 
     ………

    ………

      ထိုစဉ်အတောအတွင်း ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီး၏ အနက်ပိုင်းထဲတွင်…

    ပုံရိပ်တစ်ခုသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး ကြီးမားသော ချိုင့်ကြီးတစ်ခုဖြစ်သွားသည်။

     မကြာခင်မှာပင် ချိုင့်ထဲ၌ သွေးများ စွန်းထင်းသွားသည်။

    အခြားသူမဟုတ် ချင်နန်ပင်ဖြစ်သည်။

      ကြောက်မက်ဖွယ်ရာတိုက်ကွက်ကို ရင်ဆိုင်ရပြီးနောက် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာနှင့် စစ်နတ်ဘုရား၏ ဘယ်ဘက်လက်နှင့်ပင် ချင်နန်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အသက်မျှင်မျှင်သာ ရှူနိုင်တော့သည်။
     သူထိုသို့ အသက်မျှင်းမျှင်း ရှူနိုင်ခြင်းမှာလည်း သိုင်းသစ်ပင်ခြောက်ပင်ရှိခြင်းကြောင့်ဖြစ်နိုင်သည်။
      သို့သော်လည်း မကြာခင်၌ မည်သည့်အကူအညီမျှမရပါက သူ သေသွားလိမ့်မည်ဖြစ်သည်။ သူ သိပ်ကြာကြာ မနေနိုင်တော့ပေ။

    ထိုအချိန်၌…

     ဘန်း…

     ကြောက်မက်ဖွယ်ရာအော်ရာနှင့်အတူ အသံတစ်သံ ထွက်ပေါ်လာသည်။
     “ဒီကလေး…ငါ ငါ့ကိုယ်ငါ ပြန်မြင်နေရသလိုပဲ…မဆိုးဘူး....မဆိုးဘူး"

🐱🐱🐱🐱🐱🐱

အပိုင်း (၈၇၉) ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်

    လျှို့ဝှက်ဆန်းကြယ်သော သလင်းကျောက်သည် ချင်နန်၏ သိုလှောင်အိတ်ထဲမှ အလိုအလျောက် ထွက်လာသည်။
    ၎င်းသည် မှောင်မိုက်နေသော ပတ်ဝန်းကျင်၌ သန့်စင်သော အဖြူရောင်အလင်းတစ်ခုကို ထုတ်ဖော်နေသည်။
     ထို့နောက် သလင်းကျောက်ထဲမှ ခပ်ဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
      မျက်လုံးမှေးမှေး နှာခေါင်းပွပွနှင့် ဆံပင်အဖြူ အနည်းငယ်သန်းနေသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူသည် ရှည်လျားသော အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး အင်္ကျီလက်များ၌ အပေါက်အပြဲများရှိနေသည်။ သူ၏ ပုံစံသည် သူဖုန်းစားတစ်ယောက်နှင့် တူညီနေပြီး သူ၏ ကြောက်မက်ဖွယ်ရာအော်ရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

      “ကျွတ်…ကျွတ်…ဒါက ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးပေါ့"
    အဘိုးအို သူ၏ ပတ်ဝန်းကျင်ကို ဝှေ့ကြည့်ကာ တအံ့တဩဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်များသည် မာနအရိပ်အမြွက်တချို့နှင့် ချင်နန်၏ ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။
      “ဒီကလေးကို ကြည့်ရတာ ငါ့ရဲ့ ငယ်ဘဝကို ပြန်ရောက်သွားသလိုဆိုပေမဲ့ သူ့ရဲ့ စွမ်းအားကတော့ ငါငယ်ရွယ်စဉ်ကနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး"

   ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လို့နေသည်။

    သူမည်သည့်အရာအား ဂုဏ်ယူနေကြောင်းကို မသိပေ။

      “ကောင်းပြီ…ငါမင်းကို ထပ်ပြီးတော့ ဝေဒနာမခံစားခိုင်းတော့ဘူး…မဟုတ်ရင် မင်းသေသွားလိမ့်မယ်"
     အဘိုးအို ခေါင်းခါယမ်းလိုက်ပြီး ချင်နန်ကို ရွှေရောင်အလင်းတစ်ခုနှင့် ပစ်ခတ်လိုက်သည်။ ချင်နန်၏ ပျက်စီးနေသော ခန္ဓာကိုယ်သည် မြင်နိုင်သော နှုန်းထားဖြင့် လျင်မြန်စွာ ကောင်းမွန်လာသည်။

    “ဒီအတိုင်းဆိုရင် သူ အပြည့်အ၀ ပြန်ကောင်းလာဖို့အတွက် အနည်းဆုံး သုံးရက် ဒါမှမဟုတ် ငါးရက်လောက်တော့ကြာမယ်…အဆင်မပြေဘူး…ဒါအရမ်းကြာတယ်"
    အဘိုးအို ချင်နန်ကို အမွှေးတိုင်တစ်တိုင်ကုန်စာခန့်ထိကြည့်ပြီးနောက် စိတ်ရှည်မှုကုန်ဆုံးသွားကာ အော်လိုက်သည်။
      “ထစမ်း"
    
     ဘန်း…

    ကြောက်မက်ဖွယ်ရာ အင်အားတစ်ခု ထွက်ပေါ်လာသည်။

   ပတ်ဝန်းကျင်မှ နတ်ဆိုးအော်ရာများ အဝေးသို့ လွင့်ထွက်သွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

   သလင်းကျောက်၏ အလင်းပေးမှုအောက်တွင် အနီရောင်မြေပြင်နှင့် ကျောက်တုံးများ ထွက်ပေါ်လာသည်။

    ထိုအချိန်၌ ချင်နန်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါလာသည်။

     အသက်ရှိုက်အနည်းငယ်ကြာပြီးနောက် သူ၏ တင်းကျပ်စွာ ပိတ်နေသော မျက်လုံးများ ပွင့်လာသည်။

   ဟူး…

    ချင်နန် သတိပြန်ရလာပြီးနောက် ချက်ချင်းပင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ အရိုးတိုင်းကို သံများ ရိုက်နှက်ထားသည်ဟု ခံစားနေရသည်။

   “ဟူး…ဘာဖြစ်တာလဲ…ငါဘယ်မှာလဲ…ရှေးဟောင်းနတ်ဆိုးတွင်းနက်ကြီးရဲ့ အောက်ခြေမှာလား…ဘယ်သူ့ငါ့ကို ကယ်ခဲ့တာလဲ"
     ချင်နန် ရှုပ်ထွေးသွားသည်။ သူသည် လူငယ်၏ တိုက်ခိုက်မှုအား ခုခံခဲ့သော်လည်း သူ၏ ခန္ဓာကိုယ် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်ကို သူမှတ်မိသည်။
    သူ့အတွက် အချိန်တိုအတွင်း ပြန်ကောင်းမွန်လာရန်မှာ မဖြစ်နိုင်ပေ။

     “ဟမ်"
    ချင်နန် သူ၏ အတွေးများကို စုစည်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံနေသည့် ရွှေရောင်အလင်းကို မြင်တွေ့ရချိန်၌ တစ်စုံတစ်ခုကို နားလည်သွားသည်။ သူခေါင်းမော့ကြည့်လိုက်ရာ အထင်သေးသည့် မျက်နှာထားဖြင့် ကြေတွန့်သော အဝတ်အစားများ ဝတ်ထားသည့် အဘိုးအိုတစ်‌ယောက်ကို မြင်တွေ့လိုက်သည်။

      “ခင်ဗျားက…"
     ချင်နန်၏ စကားမဆုံးခင်မှာပင် အဘိုးအို လက်  ဝှေ့ယမ်းကာ ပြောလိုက်သည်။
      “မင်းက ဘယ်လောက်သတိပေါ့လျော့လိုက်လဲ…မင်းသတိပြန်ရတာ အသက်သုံးရှိုက်လောက်ကြာပြီ…မင်းငါ့ကို အခုမှ သတိထားမိတယ်ပေါ့…ထားပါတော့လေ…မင်းက ငါ့ငယ်ငယ်တုန်းကလောက်မှ မတော်တာကို…ငါဘယ်သူလဲဆိုတဲ့ မေးခွန်းကတော့ လူအများစုက ငါ့ကို ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်လို့ သိကြတယ်"
      အဘိုးအို သူ၏ ခေါင်းကို ဝင့်ဝါစွာဖြင့် မော့လိုက်သည်။

      “ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်…ခင်ဗျားက ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်လား"
      ချင်နန် အလွန်အံ့အားသင့်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော သလင်းကျောက်ကို အလျင်အမြန် ကြည့်ရှုလိုက်သည်။

      ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်မှာ သေသွားပြီဖြစ်သည်။ သူ၏ ရှေ့မှ လူသည် အသက်ရှင်နေသေးစဉ်က ချန်ထားခဲ့သည့် သူ၏ စိတ်ဆန္ဒသာ ဖြစ်သည်။

     “နှုတ်ခွန်းဆက်ပါတယ်…စီနီယာ"
    ချင်နန် ချက်ချင်းပင် မြေပြင်မှထ၍ လက်သီးစုလိုက်သည်။ သို့သော်လည်း သူလှုပ်ရှားလိုက်သောအခါ ဒဏ်ရာများမှ နာကျင်လာသောကြောင့် အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

      “မင်းရဲ့ စွမ်းအားက အရမ်းအားနည်းသေးတယ်…ဒါက သိုင်းဘီဘင်အထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုလေးကို မင်းက မခုခံနိုင်ဘူးပေါ့…ငါ့တုန်းကဆိုရင်…ဟူး…ထားလိုက်ပါတော့.... ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်က သူ့ရဲ့ အတိတ်က အောင်မြင်မှုတွေကို မကြွားဝါဘူး"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် လက်ဝှေ့ယမ်းကာ သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးများမှ အတွေးများပြည့်နှက်နေသည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။
     “မင်းက ချင်နန်နော်…ဒီတော့ မင်းက နတ်ဘုရားပစ္စည်းရှာနေတဲ့တစ်ယောက်ပေါ့"

     “နတ်ဘုရားပစ္စည်း…ဒါ ကျုပ်ဟုတ်ပါတယ်"
    ချင်နန် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် ပြောသည့် နတ်ဘုရားပစ္စည်းမှာ စစ်နတ်ဘုရား၏ ညာဘက်လက်ဖြစ်ရမည်။

      “ကောင်းတယ်"
    သူ့အား အံ့အားသင့်စွာပင် ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်၏ မျက်နှာထား ပြောင်းလဲသွားပြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
     “အဲဒီလူယုတ်မာက ငါ့ကို ဆေဘာတစ်ချောင်းအဖြစ် အတင်းသန့်စင်ထုလုပ်ခိုင်းခဲ့တယ်…ဒါကြောင့်မလို့ ငါသိုင်းနတ်ဘုရားအဆင့်ကို မရောက်ခင်မှာတင် သေခဲ့ရတယ်…မင်းက အဲဒီအတွက် တာဝန်ရှိတယ်…ငါ နတ်ဘုရားပစ္စည်းကို မယှဉ်နိုင်ဘူး…ဒါကြောင့်မလို့ မင်းအကြွေးပြန်ဆပ်ရမယ်"
   သူသည် လွန်ခဲ့ပြီးသော နှစ်ပေါင်းများစွာကတည်းက မကျေနပ်မှုများကို ချုပ်တည်းထားခဲ့ရသကဲ့သို့ဖြစ်သည်။

     ချင်နန် ချက်ချင်းအံ့ဩသွားသည်။ ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် သူ့အား ထိုသို့ပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

    ကောလဟာလများအရ ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်သည် သူ့အတွက် စိန်ခေါ်မှုတစ်ခုအနေဖြင့် သူကိုယ်တိုင်စိတ်လိုလိုက်လျ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို သန့်စင်ခဲ့သည် မဟုတ်ပါလား…
      သူက ဘာလို့ စစ်နတ်ဘုရားရဲ့ ညာဘက်လက်က သူ့ကို အတင်းခိုင်းခဲ့သလို ပြောနေတာလဲ…

       “ငါ့ကို အချိန်မဖြုန်းနဲ့တော့"
     အဘိုးအို ချင်နန်ကို မျက်လုံးပြူးကြည့်ကာ အော်လိုက်သည်။
     “အခု ငါ့ကို ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာပေးစမ်း"

     “ဒါ…"
   ချင်နန် စိတ်လွတ်သွားသည်။

   အခုဘာလဲ…

    ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်က ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို ပြန်လိုချင်နေတာလား…

   “ဟူး… ဒီနေ့ခေတ်ကလေးတွေက ဘာလို့ အရမ်းပျင်းစရာကောင်းတာလဲ…  ဘဝက ပြဇာတ်တစ်ခုနဲ့ တူတယ်ဆိုတာ သူတို့ မသိကြဘူးလား…ငါမင်းကို လှည့်စားချင်လို့ ပြောခဲ့တာကို မင်းက ဒီလိုကြောင်တောင်တောင် ဖြစ်နေတယ်ပေါ့…"
     ချင်နန်၏ တုံ့ပြန်မှုအား ကြည့်ကာ ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်စိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

     “………"

    ချင်နန်၏ မျက်နှာ ရှုံ့တွသွသည်။

    တစ်ချိန်က သူ၏ စိတ်ထဲတွင်ရှိသော ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်၏ ခမ်းနားထည်ဝါသော ပုံရိပ်မှာ ချက်ချင်းပြိုလဲသွားသည်။

     လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က တိုက်ကြီးတစ်တိုက်လုံးကို လှုပ်ခါခဲ့သည့် ဂျီးနီးယပ်တစ်ယောက် လူများစွာက လေးစားခဲ့ရသည့် အရူးတစ်ယောက်သည် သူ့အား လှည့်စားရန် ကြိုးပမ်းနေသည်ဟု သူ မထင်ခဲ့ပေ။

     “ထားလိုက်တော့…ငါမင်းနဲ့ ထပ်အချိန်မဖြုန်းချင်တော့ဘူး"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီး ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လိုက်သည်။
       “ချင်နန်…လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက ငါမင်းရဲ့ ညာဘက်လက်နဲ့ ပတ်သက်ပြီး အရမ်းရှုပ်ထွေးနေခဲ့တယ်…ဒါက ဘာလဲဆိုတာ မင်းငါ့ကို ပြောပြလို့ရလား"
   
    “စီနီယာ…ဒါက ဘာလဲဆိုတာ ကျုပ်လည်း မသိဘူး…ကျုပ်သိတာ တစ်ခုက အဲ့ဒါကို စစ်နတ်ဘုရားလို့ ခေါ်ပြီးတော့ ကိုးကောင်းကင်က လာတာပဲ"
    ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် လေးနက်စွာဖြင့် ပြောသည်ကို ကြည့်ကာ ချင်နန် အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိသေးပေ။

    သူသည် ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်အား နတ်ဘုရားသိုင်းဝိညာဉ်၏ လျှို့ဝှက်ချက်များကို ဝှက်ထားစရာမရှိပေ။
     အဆုံး၌ ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်သည် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို သန့်စင်ထုလုပ်ခဲ့သည့်သူ ဖြစ်သည်။

   “အဓိပ္ပာယ်မရှိလိုက်တာ…"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် ချင်နန်ကို မျက်လုံးပင့်ကာ ကြည့်လိုက်ပြီး စစ်ဆေးလိုက်သည်။ သူ၏ မျက်နှာထက်၌ တဖြည်းဖြည်း အံ့ဩတုန်လှုပ်မှုများ ထွက်ပေါ်လာသည်။
    “မင်းရဲ့ ဘယ်ဘက်မျက်လုံး…ပြီးတော့ မင်းရဲ့ ဘယ်ဘက်လက်ကလည်း ညာဘက်လက်နဲ့ တူညီတဲ့အော်ရာရှိတယ်…ဟမ်…မင်းရဲ့ နတ်ဘုရားအာရုံထဲမှာ ဘာလို့ ကြေးနီမှန်ရှိနေတာလဲ…ဘောပဲ…ကြေးနီမှန်နဲ့ ရွှေစည်းတံဆိပ်…တစ်ခုပဲ ကျန်တော့တယ်လို့ ဆိုလိုတာလား…"
    ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် အလွန်အံ့ဩတုန်လှုပ်စွာဖြင့် ထခုန်လိုက်သည်။

     မင်းငါ့ကိုနောက်နေတာလား…

    ဒါတကယ်ကြီးလား…

    သူက သုံးဘဝအတိဒုက္ခလား…

    “ချေးပဲ"
   ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် သူ၏ အတွေးများကို စုစည်းလိုက်ပြီး သူ၏ မျက်နှာ နီရဲသွားသည်။

    သူ၏ မျက်လုံးများထဲ၌ ဒေါသမီးလျှံများ ထွက်ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
     “သောက်ခွေးပဲ…တကယ်ကြီးလား…အတိတ်မှာတုန်းက ငါ ကောင်းကင်တောင်ပိုင်းဂိတ်နဲ့ ငရဲမြစ်အပါအဝင် နေရာအားလုံးကို သွားခဲ့ပေမဲ့ တစ်ခုမှ ရှာမတွေ့ခဲ့ဘူး…ဒါပေမဲ့ ဒီကလေးက သိုင်းဘုရင်အဆင့်ကိုတောင် မရောက်သေးဘူး ဒီလိုမယုံနိုင်စရာ‌ကံကောင်းမှုတွေထဲက နှစ်ခုကို ပိုင်ဆိုင်ထားပြီ…ဒါဟာသလား"

    ယခုအချိန်၌ သူအမှန်တကယ်ကို ဒေါသထွက်နေသည်။

    သုံးဘဝအတိဒုက္ခသည်  သူ ရှာဖွေရန် ကြိုးပမ်းခဲ့ပြီး  သူအမြဲတမ်း အိပ်မက်မက်ခဲ့သော အရာဖြစ်သည်။

🐱🐱🐱🐱🐱

အပိုင်း (၈၈၀) သေလွန်သူ၏ အကြံပေးမှု

      “စီနီယာ…သုံးဘဝအတိဒုက္ခဆိုတာ ဘာလဲ"
    ချင်နန် မျက်မှောင်ကြုတ်သွားပြိး အမှတ်တမဲ့ဖြင့် မေးလိုက်သည်။

     သူသည် ယခင်က ကြေးနီမှန်၊ ရွှေစည်းတံဆိပ်တို့နှင့်  တစ်နည်းနည်းဆက်နွှယ်နေသည့် သုံးဘဝအတိဒုက္ခဟူသော စကားကို ကြားဖူးခဲ့သည်။ သို့သော်လည်း ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်သည် ၎င်းကြောင့် စိတ်လွတ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

      သူ၏ ဒေါသကို ထုတ်ဖော်ပြီးနောက် ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် လက်ဝှေ့ယမ်းကာ ဒုက္ခရောက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
     “ငါမင်းကို အခုမပြောနိုင်သေးဘူး…မင်းသိုင်းဘုရင်အဆင့်ကိုရောက်မှပဲ မင်းဘာမင်း စုံစမ်းနိုင်လိမ့်မယ်…ဟူး"

    ထိုစကားပြောပြီးနောက် သူ သက်ပြင်းရှည်ကြီးဆွဲချလိုက်သည်။ အကယ်၍ သူသာ သုံးဘဝအတိဒုက္ခကို ရှာနိုင်ခဲ့ပါက ယခုအချိန်၌ သူသည် မတူညီသော လမ်းကြောင်းသို့ လျှောက်လှမ်းနေလိမ့်မည်ဖြစ်သည်။ သူ့အတွက် ကံဆိုးစွာပင် ကောင်းကင်သည် သူ့အား သူမနှင့် တွေ့ဆုံအောင် လုပ်မပေးခဲ့ပေ။

     “လာပြန်ပြီ သိုင်းဘုရင်အဆင့်"
     ချင်နန်၏ မျက်ခုံးများ ပင့်တက်သွားသည်။

    ကန်းလန်တိုက်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို မသိခင်မှာ သူကဘာလို့ သိုင်းဘုရင်အဆင့်ကို ရောက်နေဖို့ လိုအပ်တာလဲ…

     “ဟမ်…ကြည့်ရတာ တစ်ယောက်ယောက်က ဒီအကြောင်းမင်းကို သတိပေးခဲ့တဲ့ပုံပဲ"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် ချင်နန်အား ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
      “ငါကြောက်တဲ့ဟာ ဘာမှမရှိပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ငါလည်း ဘာမှမတတ်နိုင်ဘူး…ကန်းလန်တိုက်ကြီးရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဇစ်မြစ်က မင်းစိတ်ကူးနိုင်တာထက် ပိုပြီးကြောက်ဖို့ကောင်းတယ်…ဒါက မင်းရဲ့ နားလည်မှုထက် လုံးဝကျော်လွန်တယ်…ဒါကြောင့် သိုင်းဘုရင်အဆင့်ကို အောင်မြင်ခဲ့တဲ့ လူတွေက အတင်းကတိသစ္စာပြုခဲ့ရတယ်"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် အနည်းငယ်တွန့်ဆုတ်စွာဖြင့် ဆက်ပြောလိုက်သည်။
     “ကတိသစ္စာပြုပြီးတဲ့နောက်မှာ သိုင်းဘုရင်အဆင့်အောက်ကလူတွေ ဘယ်သူ့ကိုမှ ငါတို့ အဲအကြောင်းပြောခွင့်မရှိဘူး…မဟုတ်ရင် ငါတို့ရဲ့ တည်ရှိမှုက ပယ်ဖျက်ခံရလိမ့်မယ်…အဆုံးမှာတော့ သိုင်းဘုရင်အဆင့်ကို အောင်မြင်ခဲ့တဲ့ လူတွေကိုပဲ ကန်းလန်တိုက်ကြီးရဲ့ အစစ်အမှန်ကျွမ်းကျင်သူတွေလို့ သတ်မှတ်နိုင်ပြီးတော့ သိခွင့်ရှိတယ်"

      “ဒါကြောင့်ကိုး"
     ချင်နန်၏ မျက်လုံးများထဲ၌ အံ့အားသင့်မှုများ ဖြစ်ပေါ်သွားသည်။

     ယခုအချိန်၌ သူသည် အမှန်တရားကို ပို၍သိချင်လာမိသည်။
      သိုင်းဘုရင်အဆင့်အောက် ကျွမ်းကျင်သူတွေအားလုံး အတင်းကတိသစ္စာပြုရတဲ့အရာက ဘာလဲ…

     “ထားလိုက်ပါတော့…ဒီအကြောင်းကို အခုစဉ်းစားစရာမလိုဘူး…ငါသိုင်းဘုရင်အဆင့်ကို ရောက်တာနဲ့ ငါ အကုန်လုံး သိလိမ့်မယ်"
    ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး သူ၏ အတွေးများကို စုစည်းလိုက်သည်။

      “ဟုတ်သားပဲ…ကလေး…အချိန်ထပ်မဖြုန်းနဲ့တော့ အလုပ်လုပ်ရအောင်"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်၏ နှုတ်ခမ်းများ အပေါ်သို့ ကွေးတက်သွားကာ ပြောလိုက်သည်။
     “အခု မင်းက ငါ့ရဲ့ဆက်ခံသူတစ်ဝက်ဖြစ်နေပြီလို့ သတ်မှတ်နိုင်တယ်…မင်းရထားတဲ့ ဒီသလင်းကျောက်က အစစ်အမှန်ရတနာ မဟုတ်သေးဘူး…ဒါက ငါ့ရဲ့ရတနာတွေထဲမှာ အားအနည်းဆုံးလို့ သတ်မှတ်နိုင်တယ်"

    “ဗျာ"
    ထိုစကားကြားသောအခါ ချင်နန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

     သူ အသက်စွန့်ကာ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ခဲ့ရတဲ့ အရာက အစစ်အမှန် ကောင်းကင်ဖြိုဖျက်ခြင်းရတနာမဟုတ်ဘူးလား…

    “မင်းမျက်နှာက ဘာဖြစ်တာလဲ"
   ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် မျက်လုံးပင့်ကြည့်ကာ ဝင့်ဝါသော လေသံဖြင့် ပြောလိုက်သည်။
     “မင်းက ငါ့ကို ဘယ်သူလို့ ထင်နေတာလဲ…သူ(မ)က လွဲလို့ ဘယ်ဂျီးနီးယပ်ကမှ ငါနဲ့ မနှိုင်းယှဉ်နိုင်ဘူး…ဒါကြောင့် ငါ့ရဲ့ ရတနာကို ဘယ်လိုလုပ် အလွယ်တကူရနိုင်မှာလဲ…ဒါပေမဲ့ စိတ်မပူပါနဲ့…မင်း မြေပုံသုံးပိုင်းလုံးကို တွေ့တာနဲ့ အဲ့ဒါက မင်းကို အစစ်အမှန်ရတနာရဲ့ တည်နေရာကို ပြပေးလိမ့်မယ်"
   
     “မြေပုံသုံးပိုင်း"
   ချင်နန် ကြောင်တောင်တောင်ဖြစ်သွားသည်။
     “မင်းဒီသလင်းကျောက်ထဲမှာ ရှေးဟောင်းပစ္စည်းတစ်ခုနဲ့ မြေပုံအပိုင်းတစ်ခုကို တွေ့လိမ့်မယ်…မင်းဘာမင်းပဲ ကြည့်လိုက်တော့"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် လက်ဝှေ့ယမ်းကာ ချင်နန်ကို သလင်းကျောက်ပေးလိုက်သည်။

    “ဟုတ်ကဲ့"
    ချင်နန် ခေါင်းညိတ်လိုက်ပြီး သူ၏ အတွေးများကို စုစည်းလိုက်သည်။

     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်ပြောခဲ့သည့်စကားများသည် အနည်းငယ်မောက်မာသော်လည်း သူလုံးဝမမှားပေ။
     အလွန်အစွမ်းထက်သည့် ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်ချန်ထားခဲ့သည့် ကောင်းကင်ဖြိုဖျက်ခြင်းရတနာကို မည်ကဲ့သို့ အလွယ်တကူ ရနိုင်ပါမည်နည်း…

      အကယ်၍ သူ မြေပုံသုံးပိုင်းအား စုဆောင်းရန် လိုအပ်ပါက ‌ရအောင်လုပ်မည်။

    အဆုံး၌ ချင်နန်အတွက် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိရန် အလွန်ဝေးကွာနေဆဲ ဖြစ်သည်။ သူသည် အချိန်တိုအတွင်း သိုင်းဘုရင်အဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။
     ထို့ကြောင့် သူသည် ၎င်းအား သူ့ကိုယ်သူ လေ့ကျင့်သည့် အခွင့်အရေးအဖြစ် အသုံးချကာ ‌ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်၏ အစစ်အမှန်ရတနာကို ရှာဖွေရန် ခရီးစတင်နိုင်သည်။

    “အင်း...ကလေး…ငါချန်ထားခဲ့တဲ့ဟာက မင်းကို စိတ်ပျက်စေမှာမဟုတ်ဘူး"
    ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်သည် ချင်နန်ကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်ပြီး ချင်နန် မတုံ့ပြန်နိုင်သေးခင်မှာပင် သူ၏ လေသံကို ပြောင်းလဲ၍ ပြောလိုက်သည်။
      “အရေးမပါတဲ့ စကားတွေ မပြောတော့ဘူး…ငါ့မှာ အချိန်သိပ်မရှိတော့ဘူး…ဒါကြောင့်မလို့ ငါမင်းကို ဒီနေရာက ထွက်သွားနိုင်အောင် ကူညီပေးမယ်…တကယ်လို့ မင်း ဒီမှာ သေသွားရင် မင်းရဲ့ ညာဘက်လက်က ငါ့ကိုသတ်လိမ့်မယ်"

      “ကျေးဇူးတင်ပါတယ် စီနီယာ"
   ထိုစကားကြားသောအခါ ချင်နန် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူ ပတ်ဝန်းကျင်ကို တစ်ချက်စစ်ဆေးလိုက်သည်။

     ရွှေစည်းတံဆိပ်သည် သူ့အား နတ်ဆိုးအော်ရာများမှ ကာကွယ်ထားပေးသည့်တိုင် သူ့ ဘယ်ဘက်မျက်လုံး၏ အမြင်အာရုံမှာ အတော်ကန့်သတ်ထားခြင်းခံရသည်။
      အခြေခံအားဖြင့် ဆိုရပါက သူသည် သူနှင့် မီတာတစ်ရာအကွာကိုသာ မြင်နိုင်သည်။ အကယ်၍ ဤနေရာမှ သူကိုယ်တိုင် ထွက်သွားရန် ကြိုးပမ်းလျှင် သူ ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်၍ အချိန်အတော်ကြာလိမ့်မည်ဖြစ်သည်။

     “ကောင်းကင်ဖြိုဖျက်ခြင်းနတ်ဘုရားမျက်လုံး…ပွင့်"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်သည် လက်ဟန်သင်္ကေတတစ်ခုပြုလုပ်ကာ အော်လိုက်သည်။ သူ၏ နဖူးပေါ်၌ တဖြည်းဖြည်း တတိယမျက်လုံး ထွက်ပေါ်လာပြီး ကိုယ်ပိုင်အသိစိတ်ပိုင်ဆိုင်သကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

    “ကောင်းကင်ဖြိုဖျက်ခြင်းနတ်ဘုရားမျက်လုံး…ဒီကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်ရဲ့ မျက်လုံးပညာရပ်က အရမ်းကို အထင်ကြီးဖို့ကောင်းတာပဲ…"
      ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်သည် ထိုမျက်လုံးအား အသုံးပြုကာ သူ့အား စစ်ဆေးခဲ့သည်ကို ချင်နန် အမှတ်ရသွားသည်။
       ၎င်းသည် သူ၏ ပထမဆုံးအကြိမ် တစ်စုံတစ်‌ယောက်၏ မျက်လုံးပညာရပ်ဖြင့် ထွင်းဖောက်မြင်ခံရခြင်းဖြစ်သည်။

     “ကျွတ်…ကျွတ်…ဒီနေရာကို မင်းသဘောကျမှာမဟုတ်ဘူးဆိုတာ သေချာတယ်…နေရာတိုင်းမှာ ထောင်ချောက်တွေ ပြည့်နေတယ်…တားမြစ်နေရာဆယ်ခု၊ သမုဒ္ဒရာကိုးခုနဲ့ မြစ်သုံးစင်းအပြင် ဒီနေရာက ဘာလို့ အရမ်းကြောက်ဖို့ကောင်းတာလဲ"
    ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် လမ်းကို ဦးဆောင်၍ တအံ့တဩဖြင့် ရေရွတ်လိုက်သည်။ ချင်နန် သူ၏ နောက်မှ လိုက်ပါလာသည်။

     သူတို့နှစ်‌ယောက် ရှေ့တက်လာပြီး ပတ်ဝန်းကျင်သည် နတ်ဆိုးအော်ရာများ၏ တည်ရှိမှုကြောင့် နဂိုအတိုင်းပင် အမှောင်ထုဖြစ်နေသည်။

      “စီနီယာ"
   ချင်နန်၏ နှလုံးသား လှုပ်ခုန်သွားပြီး ပြောလိုက်သည်။
     “အဲ့မှာ တစ်ခုခုရှိတယ်"

    မီတာတစ်ရာအဝေး၌ အနက်ရောင်အလင်းများ ထုတ်ဖော်နေသည့် ကြီးမားသော ကျောက်တုံးကြီးတစ်တုံးရှိနေသည်။ ၎င်းသည် ကိုယ်ပိုင်စိတ်ဝိညာဉ်တစ်ခု မွေးဖွားတော့မည်ကဲ့သို့ဖြစ်သည်။
     ကျောက်တုံး၏ အပေါ်၌ အဘိုးအိုအလောင်းတစ်လောင်း ရပ်နေပြီး သူ၏ ခန္ဓာကိုယ်မှ အဖြူရောင်အလင်းခပ်ဖျော့ဖျော့ ထုတ်ဖော်နေသည်။ သူ၏ မျက်နှာပေါ်မှ တည်ငြိမ်သော အပြုံးသည် ပတ်ဝန်းကျင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

    “အင်း...ငါမြင်တယ်…ကျွတ်…ကျွတ်…သေလွန်သူရဲ့ အကြံပြုချက်…ဘယ်သိုင်းဘုရင်က တခြားသူတွေအတွက် အကြံပေးဖို့ အရမ်းကြင်နာတာလဲဆိုတာ ငါသိချင်လိုက်တာ…ဒါက ငါ့အတွက် ပိုလွယ်သွားတာပေါ့"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး သူ၏ ပိန်လှီသော လက်အား ဆန့်ထုတ်ကာ အဘိုးအို၏ အလောင်းကို ရွှေရောင်အလင်းတစ်ခု ပစ်လွှတ်လိုက်သည်။
     
     ဝီ..... 

     အဘိုးအို၏ ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားပြီး သူ၏ လက် ရုတ်တရက် ရွေ့လျားသွားကာ ညာဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

     “ကျေးဇူးအဘိုးကြီး"
     ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်သည် လက်ညှိုးထိုးပြသည့်အရပ်မျက်နှာကို တစ်ခဏခန့်ကြည့်ရှုကာ မည်သည့်အန္တရာယ်ကိုမျှ မတွေ့သောကြောင့် ခေါင်းညိတ်လိုက်သည်။

     ထိုအချိန်၌ နောက်မှ လိုက်လာသော ချင်နန် လုံးဝရှုပ်ထွေးနေသည်။ သူသည် သေလွန်သူ၏ အကြံကြုချက်အကြောင်းကို အနည်းငယ်သိသော်လည်း အသေးစိတ် သိရှိခြင်းမရှိပေ။

     သို့သော်လည်း ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်နှင့် ချင်နန်သည် ခြေလှမ်းငါးဆယ်ခန့် လျှောက်လှမ်းလာပြီးနောက် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

    ဘန်း…

   အမှောင်ထု၏ အလယ်၌ ရုတ်တရက် ကြောက်မက်ဖွယ်ရာအော်ရာနှင့်အတူ သွေးနီရောင်မျက်လုံးများ နိုးထလာသည်။

      ကောင်းကင်ဖြိုဖျက်ခြင်းသိုင်းဘုရင်နှင့် ချင်နန်တို့ တုန်လှုပ်သွားသည်။

Continue Reading

You'll Also Like

581K 92.5K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
103K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
411K 51.2K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
32.7K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...