အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ခ...

De Azure5549

106K 10.4K 76

လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပ... Mais

မိတ်ဆက်
၁ မှ ၅
၆ မှ ၁၀
၁၁ မှ ၁၅
၁၆ မှ ၂၀
၂၁ မှ ၂၅
၂၆ မှ ၃၀
၃၁ မှ ၃၅
၃၆ မှ ၄၀
၄၁ မှ ၄၅
၄၆ မှ ၅၀
၅၁ မှ ၅၅
၅၆ မှ ၆၀
၆၁ မှ ၆၅
၆၆ မှ ၇၀
၇၁ မှ ၇၅
၇၆ မှ ၈၀
၈၁ မှ ၈၅
၈၆ မှ ၉၀
၉၁ မှ ၉၅
၉၆ မှ ၁၀၀
၁၀၁ မှ ၁၀၅
၁၀၆ မှ ၁၁၀
၁၁၁ မှ ၁၁၅
၁၁၆ မှ ၁၂၀
အပိုင်း ၁၂၁ - ၁၂၅
အပိုင်း ၁၂၆ - ၁၃၀
၁၃၁ - ၁၃၅
၁၃၆ - ၁၄၀
၁၄၁ - ၁၄၅
၁၄၆ - ၁၅၀
၁၅၁ - ၁၅၅
၁၅၆ - ၁၆၀
၁၆၁ - ၁၆၅
၁၆၆ - ၁၇၀
၁၇၁ - ၁၇၅
၁၇၆ - ၁၈၀
၁၈၁ - ၁၈၅
၁၈၆ - ၁၉၀
၁၉၁ - ၁၉၅
၁၉၆ - ၂၀၀
၂၀၁ - ၂၀၅
၂၀၆ - ၂၁၀
၂၁၁ - ၂၁၅
၂၁၆ - ၂၂၀
၂၂၁ - ၂၂၅
၂၂၆ - ၂၃၀
၂၃၁ - ၂၃၅
၂၃၆ - ၂၄၀
၂၄၁ - ၂၄၅
၂၄၆ - ၂၅၀
၂၅၁ - ၂၅၆
၂၅၆ - ၂၆၀
၂၆၁ - ၂၆၅
၂၆၆ - ၂၇၀
၂၇၁ - ၂၇၅
၂၇၆ - ၂၈၀
၂၈၁ - ၂၈၅
၂၈၆ - ၂၉၀
၂၉၁ - ၂၉၅
၂၉၆ - ၃၀၀
၃၀၁ - ၃၀၅
၃၀၆ - ၃၁၀
၃၁၆ - ၃၂၀
၃၂၁ - ၃၂၅
၃၂၆ - ၃၃၀
၃၃၁ - ၃၃၅
၃၃၆ - ၃၄၀
၃၄၁ - ၃၄၅
၃၄၆ - ၃၅၀
အပိုင်း ၃၅၁ - ၃၅၅
၃၅၆ - ၃၆၀
၃၆၁ - ၃၆၅
၃၆၆ - ၃၇၀
၃၇၁ - ၃၇၅
၃၇၆ - ၃၈၀
၃၈၁ - ၃၈၅
၃၈၆ - ၃၉၀
၃၉၁ - ၃၉၅
၃၉၆ - ၄၀၀
၄၀၁ - ၄၀၅
၄၀၆ - ၄၁၀
၄၁၁ - ၄၁၅
၄၁၆ - ၄၂၀
၄၂၁ - ၄၂၅
၄၂၆ - ၄၃၀
၄၃၁ - ၄၃၅
၄၃၆ - ၄၄၀
၄၄၁ - ၄၄၅
၄၄၆ - ၄၅၀
၄၅၁ - ၄၅၅
၄၅၆ - ၄၆၀
၄၆၁ - ၄၆၅
၄၆၆ - ၄၇၀
၄၇၁ - ၄၇၅
၄၇၆ - ၄၈၀
၄၈၁ - ၄၈၅
၄၈၆ - ၄၉၀
၄၉၁ - ၄၉၅
၄၉၆ - ၅၀၀
၅၀၁ - ၅၀၅
၅၀၆ - ၅၁၀
၅၁၁ - ၅၁၅
၅၁၆ - ၅၂၀
၅၂၁ - ၅၂၅
၅၂၆ - ၅၃၀
၅၃၁ - ၅၃၅
၅၃၆ - ၅၄၀
၅၄၁ - ၅၄၅
၅၄၆ - ၅၅၀
၅၅၁ - ၅၅၅
၅၅၆ - ၅၆၀
၅၆၁ - ၅၆၅
၅၆၆ - ၅၇၀
၅၇၁ - ၅၇၅
၅၇၆ - ၅၈၀
၅၈၁ - ၅၈၅
၅၈၆ - ၅၉၀
၅၉၁ - ၅၉၅
၅၉၆ - ၆၀၀
၆၀၁ - ၆၀၅
၆၀၆ - ၆၁၀
၆၁၁ - ၆၁၅
၆၁၆ - ၆၂၀
၆၂၁ - ၆၂၅
၆၂၆ - ၆၃၀
၆၃၁ - ၆၃၅
၆၃၆ - ၆၄၀
၆၄၁ - ၆၄၅
၆၄၆ - ၆၅၀
၆၅၁ - ၆၅၅
၆၅၆ - ၆၆၀
၆၆၁ - ၆၆၅
၆၆၆ - ၆၇၀
၆၇၁ - ၆၇၅
၆၇၆ - ၆၈၀
၆၈၁ - ၆၈၅
၆၈၆ - ၆၉၀
၆၉၁ - ၆၉၅
၆၉၆ - ၇၀၀
၇၀၁ - ၇၀၅
၇၀၆ - ၇၁၀
၇၁၁ - ၇၁၅
၇၁၆ - ၇၂၀
၇၂၁ - ၇၂၅
၇၂၆ - ၇၃၀
၇၃၁ - ၇၃၅
၇၃၆ - ၇၄၀
၇၄၁ - ၇၄၅
၇၅၁ - ၇၅၅
၇၅၆ - ၇၆၀
၇၆၁ - ၇၆၅
၇၆၆ - ၇၇၀
၇၇၁ - ၇၇၅
၇၇၆ - ၇၈၀
၇၈၁ - ၇၈၅
၇၈၆ - ၇၉၀
၇၉၁ - ၇၉၅
၇၉၆ - ၈၀၀
၈၀၁ - ၈၀၅
၈၀၆ - ၈၁၀
၈၁၁ - ၈၁၅
၈၁၆ - ၈၂၀
၈၂၁ - ၈၂၅
၈၂၆ - ၈၃၀
၈၃၁ - ၈၃၅
၈၃၆ - ၈၄၀
၈၄၁ - ၈၄၅
၈၄၆ - ၈၅၀
၈၅၁ - ၈၅၅
၈၅၆ - ၈၆၀
၈၆၁ - ၈၆၅
၈၆၆ - ၈၇၀
၈၇၁ - ၈၇၅
၈၇၆ - ၈၈၀
၈၈၁ - ၈၈၅
၈၈၆ - ၈၉၀
၈၉၁ - ၈၉၅
၈၉၆ - ၉၀၀
၉၀၁ - ၉၀၅
၉၀၆ - ၉၁၀
၉၁၁ - ၉၁၅
၉၁၆ - ၉၂၀
၉၂၁ - ၉၂၅
၉၂၆- ၉၃၀
၉၃၁ - ၉၃၅
၉၃၆ - ၉၄၀
၉၄၁ - ၉၄၅
၉၄၆ - ၉၅၀
၉၅၁ - ၉၅၅
၉၅၆ - ၉၆၀
၉၆၁ - ၉၆၅
၉၆၆ - ၉၇၀
၉၇၁ - ၉၇၅
၉၇၆ - ၉၈၀
၉၈၁ - ၉၈၅
၉၈၆ - ၉၉၀
၉၉၁ - ၉၉၅
၉၉၆ - ၁၀၀၀

၇၄၆ - ၇၅၀

450 45 0
De Azure5549


အပိုင်း (၇၄၆) လုံယန်ရွတ်ဆိုခြင်း

     အော်ရာမှာ သိုင်းသူတော်စင်အဆင့်မဟုတ်သော်လည်း လျှို့ဝှက်ဆန်းကြယ်စွာဖြင့် လျင်မြန်စွာ မြင့်တက်လာသည်။
      မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် သိုင်းသူတော်စင်အဆင့်ကဲ့သို့ သာလွန်ပြီး သိုင်းသူတော်စင်အဆင့်သုံး အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ထက်ပင် ကျော်လွန်ပေသည်။
     
       ချင်နန် အလွန်အံ့အားသင့်သွားသည်။

    ယုလျိုရှားသည် ဤအချိန်၌ အနစ်နာခံလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

    ယုလျိုရှားသည် သူ၏ ကံကြမ္မာကို ပြောင်းလဲခဲ့သော်လည်း ‘ဒီ'အဆင့်ကိုးသိုင်းဝိညာဉ်ကိုသာ ပိုင်ဆိုင်ပြီး သူ၏ စွမ်းအားသည် သိပ်ထူးခြားခြင်းမရှိပေ။ သို့သော်လည်း ဤကဲ့သို့ အစွမ်းထက်သော လျှို့ဝှက် ပညာရပ်ကို အသုံးပြုသောကြောင့် ၎င်းသည် သေချာပေါက် တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရလိမ့်မည်ဖြစ်သည်။

    “မလုပ်…"
   ချင်နန် ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
   သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် ယုလျိုရှား၏ ခန္ဓာကိုယ် ရှေ့သို့ တဟုန်ထိုးပြေးတက်သွားသည်။

   ရွှစ်…
   
   ယုလျိုရှား မြေပြင်ကို ခြေတစ်ချက်ပေါက်လိုက်ပြီး အလင်း၏ အမြန်နှုန်းဖြင့် အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ဆီသို့ တဟုန်ထိုးသွားလိုက်သည်။ သူ၏ နောက်ကျောမှ မက်မွန်ပွင့်ချပ်များ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ပြည့်နှက်သွားကာ အမွေအနှစ်နယ်မြေသည် ပွင့်ချပ်ပင်လယ်ဖြစ်သွားသည်။

     “မင်းက ဒီလိုကြောက်မက်ဖွယ်ရာပညာရပ်မျိုးကို တတ်မြောက်ထားလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ…ဒါပေမဲ့ ငါက အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ပဲ…မင်းငါ့ကို ဆန့်ကျင်လို့ ရမယ်လို့ ထင်နေတာလား"
   အလင်းလှုပ်ခါခြင်းသိုင်းဘီဘင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

    သူ၏ ခန္ဓာကိုယ်မှ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ပင်လယ်ပြင်မှ လှေတစ်စင်းပမာ လူးလွန့်နေသည်။

   “စကြာဝဠာက အဆုံးမရှိဘူး…ဟင်းလင်းပြင်ထဲက အလင်းလှုပ်ခါခြင်း"
     အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်သည် သူ၏ အစွမ်းထက်ဆုံးတိုက်ကွက်ကို ပြုလုပ်လိုက်ပြီး ယုလျိုရှားဆီသို့ အလင်းတန်းများ တိုးဝင်သွားသည်။

     “တောင်ဘက် မိတ်ဆွေဟောင်း"
     ယုလျိုရှား တည်ငြိမ်သော မျက်နှာထားဖြင့် သူ၏ လက်များကို အတူတကွ ဆုပ်ကိုင်ကာ သက်ပြင်းချလိုက်သည်။

   ဟူး…

   သက်ပြင်းချမှုထဲတွင် မရေမတွက်နိုင်သော ခံစားချက်များ ပါဝင်သည်

    ထိုအချိန်၌ အလင်းစက်များ ပေါက်ကွဲသွားသည်။

     “ဒါက ဘယ်လိုစွမ်းအားမျိုးလဲ"
     အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ဗဟုသုတကြွယ်ဝသည့်တိုင် ဤကဲ့သို့ စွမ်းရည်မျိုး တစ်ခါမျှ မကြုံဘူးပေ။

     “မြောက်ပိုင်းက စွဲလမ်းမှု"
    ယုလျိုရှားသည် သူ၏ လက်များကို ရှေ့သို့ ဖိတွန်းချလိုက်သည်။

    ဘန်း…

    လှိုင်းလုံးကြီးတိုးဝင်လာသည့်ပမာ ဖိအားကြီးတစ်ခုသည် အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ဆီသို့ တိုးဝင်လာသည်။
    
     အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်၏ မျက်နှာ ဖြူဖျော့သွားသည်။

   တိုက်ခိုက်မှု၏ အင်အားသည် သူ၏ ခန္ဓာကိုယ်ကို ဖိခြေရန် လုံလောက်ပေသည်။

     “အရိပ်မဲ့ခြေလှမ်း"
     အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

    ဝှစ်…

     လေတိုးသံတစ်သံ ထွက်ပေါ်လာပြီး အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်သည် ယုလျိုရှား၏ နောက်မှ ထွက်ပေါ်လာကာ သူ၏ လက်ထဲမှ အလင်းဓားဖြင့် ယုလျိုရှား၏ ခေါင်းကို ပိုင်းလိုက်သည်။

      တိုက်ခိုက်မှု၏ အမြန်နှုန်းသည် အလင်းထက် ပိုမြန်ပေသည်။

     ချင်နန် တုန်လှုပ်သွားသည်။
    “ချေးပဲ"

    သို့သော်လည်း သူမတုံ့ပြန်နိုင်သေးခင်မှာပင်…
     
      “ကမ္ဘာကြီးက ဘာကိုချစ်တယ်လို့ ငါမေးမယ်"
   ယုလျိုရှား တည်ငြိမ်သော မျက်နှယထားဖြင့် ဆက်ပြောလိုက်ပြီး သူ၏ နောက်ကျောမှ ကြောက်မက်ဖွယ်ရာအင်အားတစ်ခု ထွက်ပေါ်လာကာ အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ဆီသို့ တိုးဝင်သွားသည်။

    “ချေးပဲ"
    အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်တုန်လှုပ်သွားပြီး ချက်ချင်းပင် သူ၏ တိုက်ခိုက်မှုကို ရုပ်သိမ်းကာ ပွတ်သီကပ်သီရှောင်တိမ်းနိုင်လိုက်သည်။ သို့သော်လည်း သူသည် အနေအထားပျက်ယွင်းသွားကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။

     “ငါတို့ အတူရှိနေသ၍ သေခြင်းတရားကလည်း လှပတယ်"

    ရွှစ်…

   ထိုအချိန်၌ လေဟာပြင်ထဲမှ အစွမ်းထက်သော အင်အားများ ပါဝင်သည့် မရေမတွက်နိုင်သော ပွင့်ချပ်များ ထွက်ပေါ်လာသည်။

    ကဗျာတစ်ပုဒ်နှင့် တူညီသည့်သိုင်းပညာ…

    ၎င်းသည် ယုလျိုရှား၏ စွမ်းအားဖြစ်သည်။

    “အလင်းလှုပ်ခါခြင်းလျှို့ဝှက်ပညာရပ်…အလွန်ဝမ်းနည်းမှုမှ ပျော်ရွှင်ခြင်း"
     အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်သည် ချက်ချင်းပင် ချဉ်းကပ်လာသော အန္တရာယ်ကို ခံစားလိုက်ရသည်။ သူသည် သွေးတစ်လုတ်အန်ထုတ်ကာ လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ ပွင့်ချပ်တိုင်းကို ပုံရိပ်ယောင်များက ခုခံလိုက်သည်။

     “ဟား…ဟား…သိုင်းအရှင်အထွတ်အထိပ်အဆင့်ကျင့်ကြံမှုနဲ့ မင်းမှာ ဒီလိုစွမ်းအားရှိတာက အထင်ကြီးစရာကောင်းတယ်ဆိုတာ ငါလက်ခံပါတယ်…ဒါပေမဲ့ မင်းတို့ နှစ်ယောက် ပူးပေါင်းတိုက်ရင်တောင် ငါ့ကို အနိုင်မယူနိုင်သေးဘူး…အနည်းဆုံး မင်းတို့ အသက်ရှိုက်တစ်ရာအတွင်း အနိုင်ယူဖို့ နည်းလမ်းမရှိဘူး"

    အလင်းလှုပ်ခါခြင်းသိုင်းဘီဘင် ရယ်မောလိုက်၏။

    အသက်ဆယ်ရှိုက်သာ ကျန်ရှိတော့သည်။ ယခုအချိန်၌ သူသည် သူ၏ တားမြစ်ပညာရပ်ကို အသုံးပြုထားသောကြောင့် လာမည့်အသက်ဆယ်ရှိုက်အတွင်း သူ့အား မည်ကဲ့သို့ အနိုင်ယူနိုင်ပါမည်နည်း…
   အချိန်အကန့်အသတ်ပြည့်သွားသည့်အချိန်၌  စိတ်ဝိညာဉ်စစ်ဆေးခြင်းလမ်းသည် မှော်နီသစ်သီး၏ ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်လိမ့်မည်ဖြစ်သည်။ ထိုအချိန်၌ သူသည် ချင်နန်နှင့် ဤရွံ့စရာကောင်းသော ခွေးမကို သတ်နိုင်လိမ့်မည်ဖြစ်သည်။
    အချိန်သိပ်မကြာတော့သည်ကို သတိမထားမိသကဲ့သို့ မှော်နီသစ်သီး ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။
     သူ အလွန်ကြိုးပမ်းအားထုတ်ခဲ့သော်လည်း အဆုံး၌ သူ၏ ရန်သူလက်ထဲမှ မလွတ်မြောက်ခဲ့ပေ။

     “လုံယန်…ရွတ်ဆိုခြင်း…"
     သို့သော်လည်း ထိုအချိန်၌ ယုလျိုရှား၏ မျက်နှာ အလွန်ဖြူဖျော့သွားပြီး နောက်ဆုံးလက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။

      သူရွတ်ဆိုခဲ့သည့် ကဗျာသည် တိုက်ခိုက်မှုမဟုတ်ပေ။ ၎င်းသည် လုံယန်ရွတ်ဆိုခြင်းဖြစ်သည်။

    ကဗျာကို အသုံးပြုကာ အစပျိုးခြင်း…

    လုံယန်အင်ပါယာကို ဆင့်ခေါ်ရန်အတွက်…
   
    ဘန်း…

    ထိုအချိန်၌ မရေမတွက်နိုင်သော ပွင့်ချပ်များသည် လေဆင်နှာမောင်းတစ်ခုပမာ မွေ့လည်လာပြီး အထဲမှ ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
     ပုံရိပ်မှာ ယောက်ျားမဟုတ် မိန်းမမဟုတ်  ဒွိလိင်ဖြစ်သည်။ သူသည် အလွန်ကျော့ရှင်းသေယ်လည်း သူ၏ အော်ရာမှာ အလွန်ကြောက်စရာကောင်းပေသည်။

    “ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
    အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်၏ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

    “ဒါ…သိုင်းအရှင်ထွတ်အထိပ်အဆင့်ကျင့်ကြံသူလေးက ဘယ်လိုလုပ် ဒီလိုလုပ်နိုင်တာလဲ"

   ဘန်း…

     ခမ်းနားထည်ဝါသော ပုံရိပ်လှုပ်ရှားလိုက်သည်။

    ကမ္ဘာကြီး ပြိုလဲတော့မည့်ပမာ ကောင်းကင်နှင့် မြေကြီးတုန်ခါလာသည်။
      တိုက်ခိုက်မှု၏ စွမ်းအားသည် လူတိုင်း၏ မျှော်လင့်ချက်ထက် လုံးဝကျော်လွန်ပေသည်။

    ဘန်း…

   အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်၏ မျက်လုံးများ ပြူးကျယ်နေသည်။ သူ မသေမီတွင် သူသည် ခုခံရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း ၎င်းတို့သည် ချက်ချင်းဖျက်ဆီးခြင်းခံခဲ့ရသည်။
      သူ၏ နောက်ဆုံးအသက်ရှူမှုပြီးဆုံးသွားသည့်တိုင် သူသည် သူ၏ ခန္ဓာကိုယ်ကို တစ်လက်မချင်း ပျက်စီးသွားသည်ကို မြင်ခဲ့ရသည်။
      သူ၏ စိတ်လုံးဝရှုပ်ထွေးနေသည်။

      သူ၏ အစီအစဉ်ပြီးဆုံးခါနီးတွင် သူသေဆုံးလိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ပေ။ ထို့ပြင် သူသည် သိုင်းအရှင်အထွတ်အထိပ်အဆင့်တစ်ယောက်၏ လက်ထဲတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

      ဒါက ဘယ်လိုဖြစ်ရတာလဲ..
   သူအဖြေမရသေးခင်မှာပင် သူ့အား အမှောင်ထုက ဝါးမျိုသွားသည်။
  
     အလင်းလှုပ်ခါခြင်းသိုင်းဘီဘင် သေဆုံးသွားခဲ့သည်။ သူကြံစည်ထားသော အစီအစဉ်နှင့် သူ၏ ဘ၀ အဆုံးသတ်သွားခဲ့သည်။
  
    ဘန်း…ဘန်း…ဘန်း…

    အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပွားသွားသည်။

    လေထဲလွင့်မျောနေသော စိတ်ဝိညာဉ်စစ်ဆေးခြင်းလမ်းသည်  ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်ပမာ အပိုင်းပိုင်းပေါက်ကွဲသွားသည်။ ရတနာပစ္စည်းသည် အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်၏ ကျင့်ကြံမှုဖြင့် သန့်စင်ခဲ့ခြင်းဖြစ်သောကြောင့် အလင်းလှုပ်ခါခြင်းသိုင်းဘီဘင် သေဆုံးသွားသည့်အချိန်၌ ၎င်းမှာ ပျက်စီးသွားခဲ့သည်။

       ချင်နန် ဆွံ့အ‌နေသည်။

      ယုလျိုရှားက အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ကို တကယ်သတ်လိုက်တာလား…

    ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားကာ သူချက်ချင်းပင် ခေါင်းမော့လိုက်ပြီး သူ၏ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

   “ယုလျိုရှား"

🐱🐱🐱🐱🐱

အပိုင်း (၇၄၇) ဒဏ္ဍာရီတစ်ခု၏ လမ်းစဉ်ကို လိုက်ခြင်း

     ယုလျိုရှား ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး ချင်နန် တုံ့ဆိုင်းခြင်းမရှိဘဲ ဖမ်းလိုက်သည်။

     “မင်း…"
     ချင်နန်သည် သူ၏ ဖြူဖျော့နေသော မျက်နှာကိုကြည့်ကာ မချိပြုံး ပြုံးလိုက်သည်။
      “ဒါက တကယ်ထိုက်တန်လို့လား…ငါအလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ကို ကိုယ့်ဘာသာကိုယ် အလွယ်တကူ ကိုင်တွယ်နိုင်တယ်"

      “ဒါအဆင်ပြေပါတယ်…ငါမင်းကို ကူညီချင်ရုံပါ"
     ယုလျိုရှားသည် သူ၏ မျက်တောင်များကို ပုတ်ခတ်ကာ ပြောလိုက်သည်။
      “ငါမင်းရဲ့ စီနီယာအစ်ကို မဖြစ်လို့ မရဘူးလား"

      ချင်နန် အံ့အားသင့်သွားပြီးနောက် အတိတ်မှ အ‌ရာများကို အမှတ်ရသွားသည်။ ချင်းလုံမြင့်မြတ်နေရာ၏ သွမ့်မုတောင်ထိပ်တွင် သူ၏ ပထမစီနီယာအစ်ကိုကျောက်ဖန်းသည် ပတ်ဝန်းကျင်မှ တပည့်များ သူ့အား ထူးဆန်းစွာ ကြည့်နေသည့် အကြည့်များအောက်တွင် အပြုံးဖြင့် ချဉ်းကပ်လာခဲ့သည်။

     ချင်နန်၏ ခန္ဓာကိုယ် မသိမသာတုန်ရီသွားသည်။
    သူ့အတွက် ကျောက်ဖန်း၏ ခံစားချက်များကို လက်ခံရန် မဖြစ်နိုင်ပေ။

    “ဒါအဆင်ပြေပါတယ်…ငါ့ကို မိတ်ဆွေတစ်ယောက်လိုပဲ မြင်ပေးပါ"
    ယုလျိုရှားသည် ချင်နန်၏ သိမ်မွေ့သော တုံ့ပြန်မှုအား သတိထားမိကာ တဒင်္ဂခန့် အသက်ရှူရပ်သွားပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။
     “မှော်နီသစ်သီးကို သန့်စင်လိုက်ပါ…ငါ ငါ့ရဲ့ စွမ်းအား ပြန်ပြည့်ဝလာအောင် လုပ်လိုက်ဦးမယ်"
     ထိုစကားပြောပြီးနောက် သူသည် တင်ပျဉ်ခွေထိုင်လိုက်သည်။

     ဟူး…

     ချင်နန် စိတ်သက်သာရာသက်ပြင်းချကာ သက်ပြင်းချလိုက်သည်။
     ယုလျိုရှားလုပ်ခဲ့သည့် အရာသည် သူ၏ နှလုံးသားကို နွေးထွေးစေခဲ့သော်လည်း ဤကဲ့သို့ ခံစားချက်သည် တစ်စုံတစ်ယောက်ပေါ်ထားရှိရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ့အတွက် စိတ်ပြောင်းရန် မဖြစ်နိုင်ပါ။

    “ငါမင်းအပေါ် အကြွေးကြီးတစ်ခုတင်သွားပြီ…ငါအနာဂတ်မှာ မင်းရဲ့ ကြင်နာမှုကို သေချာပေါက် ပြန်ပေးဆပ်ပါမယ်"
   ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီးနောက် မှော်နီသစ်သီးကို ကြည့်လိုက်သည်။
    အစက သူသည် မှော်နီသစ်သီးကို ယုလျိုရှားအား ပေးရန် စီစဉ်ထားခဲ့သော်လည်း ယုလျိုရှား၏ သဘောထားအရ သူသည် ၎င်းကို လက်ခံလိမ့်မည်မဟုတ်ပေ။

      ဟူး…

     ချင်နန် အသက်ပြင်းပြင်းရှူကာ သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။

     “မှော်နီသစ်သီး…ခင်ဗျားက ဒီကြယ်တစ်ပွင့်အမွေအနှစ်နယ်မြေရဲ့ ရတနာပဲ…ဒီနေ့ကစပြီး ခင်ဗျား ကျုပ်နောက်လိုက်ဖို့ ဆန္ဒရှိလား"
     ချင်နန်၏ အော်ရာသည် ကြီးမားစွာ ပြောင်းလဲသွားသည်။ သူသည် စစ်နတ်ဘုရားအဖြစ် ပြောင်းလဲသွားကာ အရာအားလုံးကို ဟိတ်ဟန်ကြီးမားစွာဖြင့် စိုက်ကြည့်နေသကဲ့သို့ ဖြစ်သည်။

     “ချင်နန်…မင်း…ငါတို့ကို အကျိုးအမြတ် တစ်ဝက်ခွဲပေးမယ်လို့ မပြောခဲ့ဘူးလား…မင်းအခု ဘယ်လိုလုပ် တစ်ယောက်တည်းမောင်ပိုင်စီးနေတာလဲ…ဒီအသီးကို အမြန်နှစ်ပိုင်းပိုင်းလိုက်..."
    သိုင်းဘီဘင်နှစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

     ကောင်းကင်ကံကြမ္မာကြွက် ခက်ထန်စွာဖြင့် ကြည့်လိုက်သည်။
     တကယ်လို့ ခင်ဗျားတို့ ဆက်ဆူညံရဲမယ်ဆိုရင် ကျုပ်ခင်ဗျားတို့ကို ကိုက်စားပစ်မယ်ဟု ပြောရန် ကြိုးပမ်းနေသကဲ့သို့ ဖြစ်သည်။

     “ဘောပဲ…မင်းလို ကြွက်လေးကများ ငါတို့ကို ဒီလိုကြည့်ရဲတယ်ပေါ့"
    သိုင်းဘီဘင်နှစ်ယောက် ဒေါသထွက်သွားကြသည်။

    ခွေးမသားချင်နန် ကတိဖျက်ခြင်းမှာ သူတို့ကို ဒေါသထွက်စေရန် လုံလောက်နေပြီဖြစ်သည်။
     သို့သော်လည်း ဤကြွက်သည်လည်း သူတို့အား စော်ကားမော်ကားလုပ်ရဲသည်လား…

     ကောင်းကင်ကံကြမ္မာကြွက်သည် ခက်ထန်စွာဖြင့် ကြည့်၍ သူတို့ကို ဆဲရေးရန် ကြိုးပမ်းနေသည့်ပမာ တကွိကွိနှင့် အော်လိုက်သည်။

     လူနှစ်ယောက်နှင့် ကြွက်တစ်ကောင်သည် ချက်ချင်းပင် စစ်ကြေညာလိုက်ကြသည်။

      ချင်နန် သူတို့ကို လျစ်လျုရှုလိုက်သည်။ သူသည် အမြဲတမ်းကတိတည်သော်လည်း မှော်နီသစ်သီးကို နှစ်ပိုင်းပိုင်းရန်မှာ မဖြစ်နိုင်ပေ။

     “ကလေး…ငါ ဆန္ဒမရှိ‌ပေမဲ့ စည်းမျဉ်းတွေအရ မင်းက အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ကို သတ်ပြီး စမ်းသပ်မှုကို ဖြတ်ကျော်သွားပြီ…ဒါကြောင့် ငါ စိတ်မပြောင်းခင် မင်းရဲ့ နတ်ဘုရားအာရုံကို မြန်မြန်ဖွင့်လိုက်"
      မှော်နီသစ်သီးသည် ချင်နန်ကို အလွန်ဆန္ဒမရှိဟန်ဖြင့် အသံပို့လွှတ်လိုက်သည်။
    သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ သဘာဝရတနာဖြစ်သောကြောင့် အနည်းဆုံး ပြိုင်ဘက်ကင်းသူရဲကောင်းတစ်ယောက်၏ နောက်သို့ လိုက်ချင်ပေသည်။
     ထို့ကြောင့် သူ၏ ရှေ့မှ ဤကလေးသည် သူ၏ သခင်ဖြစ်ရန် အရည်အချင်း မပြည့်မီသေးပေ။

    “ဒီလိုလား…လာကြိုးစားကြည့်လိုက်လေ"
    ချင်နန် ပြုံးလိုက်၏။ အစက သူသည် မှော်နီသစ်သီးကို အမှန်တရားပြောပြရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း မှော်နီသသစ်သီး၏ သဘောထားအား တွေ့မြင်ပြီးနောက် သူ့အတွက် ထိုသို့လုပ်ရန် မလိုတော့ပေ။
    သူကြိုးစားပြီးသည့်နောက်တွင် သူသည် ထိုက်တန်သူဖြစ်ကြောင်းကို သိရှိသွားလိမ့်မည်ဖြစ်သည်။

    ဝှစ်…

     မှော်နီသစ်သီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချင်နန်၏ နဖူးမှတစ်ဆင့် နတ်ဘုရားအာရုံထဲသို့ ထိုးဖောက်သွားသည်။

     “ထာဝရတည်မြဲတဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး…ငါအခု သိုင်းဝိညာဉ်အဖြစ် ပြောင်းလဲမယ်"
   မှော်နီသစ်သီးမှ တောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာသည်။
     သူသည် သူ့ကိုယ်သူ သိုင်းဝိညာဉ်အဖြစ် ပြောင်းတော့မည်ဖြစ်သည်။ သို့သော်လည်း အနီးမှ တစ်စုံတစ်ခုကို သတိပြုမိပြီးနောက် သူ၏ အသံရပ်တန့်သွားကာ သူ၏ မျက်လုံးထဲ၌ အလွန်အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

      ဘောပဲ…

      ဒါက ဘာလဲ…

      ဒီကလေးရဲ့ နတ်ဘုရားအာရုံထဲမှာ ဘာလို့ ဒီလိုကြောက်ဖို့ကောင်းတဲ့ မှန်ရှိနေရတာလဲ...

    သူ့ရဲ့ တည်ရှိမှုတစ်ခုတည်းကတင် ငါ့ရဲ့ အော်ရာထက် သာတယ်…

     ဒီကလေးက ငါထင်ထားသလို မရိုးရှင်းတဲ့ပုံပဲ…

     မှော်နီသစ်သီး ရေရွတ်လိုက်ပြီး နောက်ဆုံးတွင် သူ၏ ခံစားချက်များ ကောင်းမွန်လာခဲ့သည်။ ထို့နောက် သစ်သီးသည် အနက်ရောင်မြူများအဖြစ် ပြောင်းလဲသွားသည်။ မြူများသည် အလွန်မှော်ဆန်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အကန့်အသတ်ထက် ကျော်လွန်ပေသည်။

    ရွှစ်…
  
    မြူများသည် ချက်ချင်းပင် ချင်နန်၏ စိတ်ဝိညာဉ်တစ်ခုလုံးကို ထိုးဖောက်သွားသည်။
    ၎င်းသည် ချင်နန်၏ သိုင်းဝိညာဉ်ကို ဖျက်ဆီးကာ ထိုနေရာတွင် သူ နေရာယူတော့မည်ဖြစ်သည်။ သို့သော်လည်း နတ်ဘုရားသိုင်းဝိညာဉ်ကို မြင်သည့်အခါ သူ၏ မေးရိုးများ ကျဆင်းသွားသည်။

    “ဒါ…"

     တျန်အဆင့်တစ်သိုင်းဝိညာဉ်လား…

    ဒီကလေးမှာ တျန်အဆင့်တစ်သိုင်းဝိညာဉ်ရှိတယ်ပေါ့…

    ဘာတွေဖြစ်နေတာလဲ…

    အရှေ့ပိုင်းတိုက်ကြီးမှာ ဒီလိုပြိုင်ဘက်ကင်းဂျီးနီးယပ်တစ်ယောက်က ဘယ်တုန်းက မွေးဖွားလာတာလဲ…

     “ဟား…ဟား…ဟား...ကလေး မင်းအရမ်းယုံကြည်မှုရှိတာ အံ့ဩစရာမဟုတ်တော့ပါဘူး…မင်းမှာ တျန်အဆင့်သိုင်းဝိညာဉ်ရှိတယ်…အရမ်းကောင်းတယ်…မင်းက အခုငါ့ကိုလက်ခံဖို့ သေချာပေါက် ထိုက်တန်တယ်…ငါမင်းကို စွမ်းရည်သစ်တစ်ခုပေးမယ်"
    မှော်နီသစ်သီး ရယ်မောလိုက်သည်။

     သူရဲကောင်းတစ်ယောက်သည် ကံကောင်းမှုများနှင့် ထိုက်တန်ပေသည်။

     ရွှစ်…

     မြူများသည် ချက်ချင်းပင် နတ်ဘုရားသိုင်းဝိညာဉ်ဆီသို့ တိုးဝင်သွားသည်။

     သို့သော်လည်း တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

      ကြီးမားသော နတ်ဘုရားသိုင်းဝိညာဉ်ကြီးသည် အပြင်လူ၏ တည်ရှိမှုကို သတိထားမိပြီးနောက် သူ၏ မျက်လုံးများ ပွင့်လာသည်။

    သွားစမ်း…

     ထိုအချိန်၌ ထိတ်လန့်ချောက်ချားဖွယ်ရာ စကားသံတစ်သံ ထွက်ပေါ်လာသည်။

    နတ်ဘုရားသိုင်းဝိညာဉ် ထွက်ပေါ်လာသည်။

    “ဘာ"
    ဤတစ်ကြိမ်၌ မှော်နီသစ်သီး၏ အသံထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ထိုအချိန်၌ သူသည် အစစ်အမှန်နတ်ဘုရားတစ်ပါးကို မြင်တွေ့ရသည်ဟု ခံစားနေရသည်။
    သူ မတုံ့ပြန်နိုင်သေးခင်မှာပင် နတ်ဘုရားသိုင်းဝိညာဉ်မှ ကြောက်မက်ဖွယ်ရာအင်အားတစ်ခု ပေါက်ကွဲထွက်လာပြီး မြူများ လွင့်ထွက်သွားသည်။

     နတ်ဘုရားသိုင်းဝိညာဉ်နဲ့ ပေါင်းစည်းဖို့ ကြိုးစားနေတာလား…

     မင်းက ဒီလိုလုပ်ဖို့ မထိုက်တန်ဘူး

     “မျှော်လင့်ထားတဲ့အတိုင်း မှော်နီသစ်သီးက နတ်ဘုရားသိုင်းဝိညာဉ်နဲ့ ပေါင်းစည်းဖို့ မဖြစ်နိုင်ဘူးပဲ…ဒါကို ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ပဲ သန့်စင်ရတော့မယ်နဲ့ တူတယ်"
    အဖြစ်အပျက်တစ်ခုလုံးကို ကြည့်နေပြီး ချင်နန် အံ့အားသင့်ခြင်းမရှိပေ။ သူသည် ချက်ချင်းပင် မြူများကို သူ၏ မျက်လုံး သို့မဟုတ် သူ၏ လက် အစရှိသည်တို့ မပါဘဲ သူ၏ ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းလိုက်သည်။
     ဤတစ်ကြိမ်၌ မှော်နီသစ်သီးသည် မည်သည့် ခုခံမှုမျှ မပြဘဲ ချင်နန်ကို ဆန္ဒရှိသလို သန့်စင်စေခဲ့သည်။
     သို့သော်လည်း ၎င်းထံ၌ ဇဝေဇဝါဖြစ်နေသည့် မေးခွန်းတစ်ခု ရှိနေသည်။

    ဒီကလေးက…

    အတိအကျဘယ်သူလဲ…

     ထို့နောက် ၎င်းသည် ချင်နန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသောကြောင့် ထိုမေးခွန်းကို မည်သူမျှ ဖြေနိုင်ခြင်းမရှိပေ။
    မရေမတွက်နိုင်သည့် နှစ်များစွာ ကြာပြီးနောက် အကယ်၍ မှော်နီသစ်သီးသည် အသိစိတ်တချို့ ပိုင်ဆိုင်ပါက သူသည် ကိုးကောင်းကင်တစ်ခွင်လုံးတွင် ကျော်ကြားသည့် ပြိုင်ဘက်ကင်း ဒဏ္ဍာရီလူတစ်ယောက်၏ နောက်သို့ လိုက်ခဲ့ခြင်းဖြစ်ကြောင်းကို နားလည်သွားလိမ့်မည်ဖြစ်သည်။

🐱🐱🐱🐱

အပိုင်း (၇၄၈) ကောင်းကင်ကံကြမ္မာလမ်းကြောင်း၏ အမွေအနှစ်
  
     သန့်စင်ခြင်းလုပ်ငန်းစဉ်မှာ သုံးနာရီကြာခဲ့သည်။ ဤကာလအတောအတွင်းတွင် ချင်နန်သည် မှော်နီသစ်သီးကို မှော်နီအင်အားအဖြစ် သန့်စင်ပြီးနောက် သူ၏ ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းခဲ့သည်။
   
    အမွေးတိုင်တစ်တိုင်စာခန့် ကုန်လွန်ပြီးနောက်…

     ဝှစ်…

     ရုတ်တရက် ချင်နန်၏ မျက်လုံးများ ပွင့်လာသည်။ သူ၏ မွေးညင်းပေါက်ထဲမှ ပတ်ဝန်းကျင်သို့ အနက်ရောင်မြူများ ထွက်ပေါ်လာသည်။
     သူ၏ ခန္ဓာကိုယ်သည် ကြီးမားသော အပြောင်းအလဲကြီးတစ်ခုဖြင့် ကြုံတွေ့ခဲ့ရသည်။ သူသည် အဆိပ်များပါဝင်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်ရုံသာမက အဆိပ်အမျိုးမျိုးကိုလည်း တားဆီးနိုင်ပေသည်။

     “ဒါက ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလိုက်လဲ…အခု ငါ့ရဲ့ စွမ်းအားကို ငါတိုင်းတာလို့တောင် မရဘူး"
   ချင်နန်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်သွားသည်။

     အကယ်၍ ယခင်က သူသည် သိုင်းသူတော်စင်အဆင့်သုံး အလင်းလှုပ်ခါခြင်းသိုင်းဘီဘင်ကို အနိုင်ယူရန်အတွက် သူ၏ စွမ်းအားအားလုံးကို အသုံးပြုရန် လိုအပ်သည်ဆိုပါက ယခုအချိန်၌ သူသည် တစ်ဆယ်ပုံ ခုနှစ်ပုံသာ လိုအပ်ပေသည်။

     “မင်းပြန်ကောင်းလာပြီလား"
     ချင်နန် ယုလျိုရှားကို ကြည့်လိုက်ပြီး သူ၏ အော်ရာသည် သိသိသာသာတည်ငြိမ်နေကြောင်းကို သတိပြုမိလိုက်သည်။ သို့သော်လည်း ယုလျိုရှား၏ စိတ်ဝိညာဉ်ကို သက်ရောက်ခဲ့သည့် ပြင်းထန်သော ဒဏ်ရာသည် အချိန်တိုအတွင်း ပြန်သက်သာလာမည်မဟုတ်ကြောင်းကို ချင်နန် ခံစားနိုင်ပေသည်။

    ဝုန်း…

     ယုလျိုရှား မပြောရသေးခင်မှာပင် အဆက်မပြတ်ပေါက်ကွဲသံများ  ကြားလိုက်ရသည်။ သူတို့နှစ်ယောက် ဆူညံသံရှိရာသို့ ခေါင်းလှည့်ကြည့်လိုက်သည်။

    ပလ္လင်ပျက်စီးသွားပြီး မှော်ဆန်သော အင်အားတစ်ခု ထွက်ပေါ်လာကာ ကြီးမားသော တံခါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
    တံခါးသည် သူတို့ကို မတူညီသော နေရာတစ်ခုသို့ ပို့ဆောင်ပေးနိုင်သည်။

    “ငါတို့ တံခါးထဲ ဝင်လိုက်တာနဲ့ ကောင်းကင်ကံကြမ္မာလမ်းကြောင်းရဲ့ အမွေအနှစ်ရှိတဲ့ နေရာကို ရောက်နိုင်မယ်လို့ ငါယုံကြည်တယ်"
   ချင်နန် ယုလျိုရှားကို ကြည့်လိုက်သည်။

     “သွားစို့"
    ယုလျိုရှား ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ဦးသည် ချက်ချင်းပင် တံခါးထဲ ဝင်သွားကြသည်။

    ဝှစ်…

     တစ်ခဏကြာပြီးနောက် သူတို့သည် အခြားနေရာတစ်ခုသို့ ရောက်ရှိလာသည်။

    ချင်နန် သူ၏ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီး အံ့အားသင့်သွားသည်။ သူတို့သည် လက်ရှိ၌ နက်ပြာရောင်ဒိုဂျိုတွင်ဖြစ်ကာ လီတစ်ရာကျယ်ဝန်းပေသည်။ ဒိုဂျိုသည် ဟာလာဟင်းလင်းဖြစ်နေပြီး တစ်စုံတစ်‌ယောက်ကို တစ်ချက်ကြည့်ရုံဖြင့် ဗလာနတ္ထိခံစားချက်ကို ပေးစွမ်းပေသည်။

     ဒါက ဘာအဓိပ်ပာယျလဲ…

    ဒါက ကောင်းကင်ကံကြမ္မာလမ်းကြောင်းရဲ့ အမွေအနှစ်ရှိတဲ့ နေရာမဟုတ်ဘူးလား…

     ဘာလို့ အလွတ်ဖြစ်နေတာလဲ…

    ကွိ…ကွိ…

     ကောင်းကင်ကံကြမ္မာကြွက် ခုန်လိုက်ပြီး ဒိုဂျို၏ ရှေ့မှ လေဟာနယ်ထဲသို့ သူ၏ ပါးစပ်မှ မှော်အလင်းတစ်ခုပစ်လွှတ်လိုက်သည်။ လေဟာနယ်သည် ချက်ချင်းပင် တွ့န့်လိမ်ရှုံ့တွလာပြီး မြူအလွှာတစ်ခု ထွက်ပေါ်လာသည်။ မြူထဲတွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ရှိနေသည်။

     ဒါက လျှို့ဝှက်နေရာလား…

     ချင်နန်သည် ချက်ချင်းပင် စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးကို ထုတ်ဖော်လိုက်ရာ နန်းတော်၏ ဝင်ပေါက်ကို ကာကွယ်ထားသည့် အစွမ်းထက်သော ဝင်္ကပါတစ်ခုကို မြင်လိုက်ရသည်။ ဝင်္ကပါ၏ အော်ရာသည် တိုင်းတာ၍ မရသော နက်ရှိုင်းသည့် သမုဒ္ဒရာတစ်ခုနှင့် တူညီပြီး ကြောက်မက်ဖွယ်ရာစွမ်းအား ပိုင်ဆိုင်ကြောင်းကို ထင်ရှားနေသည်။

     ကွိ…

    ကောင်းကင်ကံကြမ္မာကြွက် သူ၏ လက်များကို မြှောက်ကာ လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်။

    “အမွေအနှစ် မထွက်ပေါ်လာခင် အမွေအနှစ်နယ်မြေတွေက အခြားသူတွေ ထွက်လာတာကို စောင့်နေသင့်တယ်လို့ ဆိုလိုတာလား"
     ကောင်းကင်ကံကြမ္မာကြွက်၏ လုပ်ရပ်များကို တွေ့ရှိသွားပြီး ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။

     နောက်ဆုံး၌ သူသည် ကောင်းကင်ကံကြမ္မာလမ်းကြောင်း၏ ဖွဲ့စည်းပုံကို နားလည်သွားသည်။

    ကောင်းကင်ကံကြမ္မာလမ်းကြောင်းသည် အလယ်သို့ လမ်းများစွာ ဦးတည်နေသည့် ပုရွက်ဆိတ်သိုက် တစ်သိုက်နှင့် တူညီပေသည်။
    အမွေအနှစ်နယ်မြေများသည် စမ်းသပ်မှုများဖြစ်ကြသည်။
     သူတို့ စမ်းသပ်မှုကို ဖြတ်ကျော်သွားသည်နှင့် သူတို့သည် အဆုံးသို့ ရောက်ရှိကာ အမွေအနှစ်အတွက် ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်သည်။
    
    “ငါလိုချင်နေတာ ဒါပဲ"
    ချင်နန် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ အကြည့်များထဲမှ သန်မာ‌သော တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာသည်။

     “မင်းအဆင်ပြေလား"
     ယုလျိုရှား အလွန်ကြောက်ရွံ့သွားသည်။ အဘယ်ကြောင့် ချင်နန်၏ ခန္ဓာကိုယ်ထဲမှ သန်မာသော တိုက်ခိုက်ချင်စိတ် ထွက်ပေါ်လာကြောင်းကို သူ နားမလည်ပေ။

     ချင်နန်သည် ထိုက်တန်သော တိုက်ပွဲတစ်ပွဲအား ရှာဖွေနေကြောင်းကို သူ မသိပေ။
    သူသည် စစ်နတ်ဘုရားသိုင်းအရှင်အဆင့်သို့ ရောက်ကတည်းက ထိုက်တန်သော ပြိုင်ဘက်တစ်ယောက် မတွေ့ရသေးပေ။

     “ငါအဆင်ပြေပါတယ်"
     ချင်နန် ခေါင်းခါယမ်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ တိုက်ခိုက်ချင်စိတ်ကို ချုပ်တည်းလိုက်သည်။ သူသည် ရုတ်တရက် တစ်နေရာရာကို ခေါင်းလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
     “တစ်ယောက်ယောက် လာနေပြီ"

     သူပြောခဲ့သကဲ့သို့ပင် ဒိုဂျိုပေါ်တွင် တံခါးတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်အနည်းငယ် ကျဆင်းလာသည်။

    “ကျန်းပိလန် ငါနင့်ကို လုံး၀ ခွင့်မလွှတ်ဘူး…"
   ကျွမ်းဝင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ အခြားသူမဟုတ် လောင်ဂူးပင် ဖြစ်သည်။

    ကျန်းပိလန်သည် အနက်ရောင် ဝတ်ရုံအောက်တွင် မျက်နှာသေဖြင့်ဖြစ်ပြီး လောင်ဂူး၏ တည်ရှိမှုကို လျစ်လျုရှုထားသည်။
     အခြားကျင့်ကြံသူများသည် ကျန်းပိလန်ကို ကြည့်နေကြသည့်  အကြည့်များထဲ၌ နက်နက်ရှိုင်းရှိုင်းလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
     ယခင်က အမွေအနှစ်နယ်မြေတွင် ဤအမျိုးသမီးပြသခဲ့သည့် စွမ်းအားသည် သူတို့၏ နှလုံးသားထဲ၌ အထင်ကြီးမှုများ ဖြစ်ပေါ်စေခဲ့သည်။

     “ဟမ်...ချင်နန်"
    ချင်န်န်ကို မြင်သည့်အခါ ကျန်းပိလန်၏ မျက်လုံးများ အရောင်လက်သွားသည်။

     “ချင်နန်…ရို့ ချင်နန်…တရားမျှတမှုရှာရမဲ့ အချိန်ပဲ…ဒီကျန်းပိလန်က အမွေအနှစ်နယ်မြေက အရာအားလုံးကို ယူသွားခဲ့တယ်"
   လောင်ဂူးသည် သူကယ်တင်ရှင်ကို ရှာတွေ့သည့်ပမာ တိုင်ကြားလိုက်သည်။  သူတို့ အမွေအနှစ်နယ်မြေသို့ ရောက်ရှိချိန်မှစ၍ ကျန်းပိလန်သည် ရတနာအားလုံးကို ယူသွားခဲ့သည်။

   သားရဲအလောင်းတစ်လောင်းပင် မကျန်ပေ။

    ချင်နန်၏ မျက်နှာ နက်မှောင်သွားသည်။

     ဘာလို့ ဒီလောင်ဂူးက သူလိုချင်တဲ့ အရာကို အမြဲပြောနေတာလဲ
 
     ဒုတိယအတွေးမှာမူ ဤငတုံးသည် အချိန်တိုင်း ကံဆိုးပုံရသည်။

   ဘန်း…ဘန်း…ဘန်း…

    ရုတ်တရက် တံခါးခြောက်ခု ထွက်ပေါ်လာသည်။

    တံခါးများထဲမှ မရေမတွက်နိုင်သော ဂျီးနီးယပ်များ ထွက်ပေါ်လာပြီး နက်ပြာရောင်ဒိုဂျိုတွင် စုစည်းလာသည်။ နေရာသည် ချက်ချင်းပင် လူများကို အုံကြွသွားစေသည်။ အနည်းဆုံး တစ်ရာ ရှိပေသည်။

    မူထျန်ရှင်၊ မူကလန်၏ အခြားတပည့်သုံးယောက်နှင့် ကျန်ဖေးဖန် တို့သည်လည်း လူအုပ်ကြားထဲ၌ ရှိနေကြသည်။
     လက်ရှိအချိန်၌ သူတို့သည် အမွေအနှစ်နယ်‌မြေများတစ်ဆင့် သူတို့ လိုချင်ခဲ့သည့် အဖိုးတန်ပစ္စည်းများကို ရရှိခဲ့သောကြောင့် ယခုအချိန်၌ အလွန်‌ကျေနပ်နေကြသည်။ ထို့ပြင် သူတို့၏ စွမ်းအားများလည်း တိုးတက်လာခဲ့သည်။

     “ချင်နန်က ကြယ်တစ်ပွင့်အမွေအနှစ်နယ်မြေထဲမှာ အသတ်ခံရမယ်လို့ ငါ မျှော်လင့်တယ်...."
    သူတို့၏ စိတ်ထဲ ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး သူတို့၏ မျက်နှာများ နက်မှောင်သွားကာ ကျိန်ဆဲလိုက်ပြီး လူအုပ်ကြီးကို ကြည့်လိုက်ကြသည်။
       ချင်နန်သည် မည်သည့်အရာမျှ လုပ်စရာမလိုဘဲ ကြယ်တစ်ပွင့်အမွေအနှစ်နယ်မြေထဲ ဝင်ခွင့်ရခြင်းကို သူတို့ လုံးဝမကျေနပ်ကြပေ။

    ၎င်းမှာ တရားမျှတမှုမရှိပေ။

    “ဟမ်...ချင်နန်"
  လူများကို စစ်ဆေးလိုက်ပြီး ရင်းနှီးကျွမ်းဝင်သော လူကို မြင်ရသည့်အခါ သူတို့၏ မျက်နှာထားများ တောင့်တင်းသွားသည်။

    “ချင်နန်"

     “ဒါက ချင်နန်ပဲ...သူက ကြယ်တစ်ပွင့်အမွေအနှစ်နယ်မြေထဲက ထွက်လာတယ်ပေါ့"

    “ဟူး…ကြယ်နှစ်ပွင့်အမွေအနှစ်နယ်မြေထဲက ရတနာပစ္စည်းတွေကတောင် တုန်လှုပ်စေဖို့ လုံလောက်နေပြီ…"

     “ဒီချင်နန်က အစကတည်းက‌ ကြောက်ဖို့ကောင်းတဲ့ စွမ်းအား ပိုင်ဆိုင်တယ်…အခု သူဘယ်လောက်သန်မာလာလဲဆိုတာ ငါသိချင်လိုက်တာ"

    လူအုပ်ကြီး အံ့အားသင့်နေကြသည်။

    အစကကျေနပ်သောမျက်နှာထားများဖြင့် ရှိနေကြသော လူများ၏ မျက်နှာများ နက်မှောင်သွားသည်။

    ဘန်း…ဘန်း…ဘန်း…

     နောက်ထပ် အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပွားသွားသည်။

     ကျန်ရှိသော ဂျီးနီးယပ်များသည် တံခါးများမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
    တစ်နည်းဆိုရပါက အမွေအနှစ်နယ်မြေတစ်ဆယ့်ရှစ်ခု၏ စမ်းသပ်မှု ပြီးဆုံးသွားပြီဖြစ်သည်။
    ဤနေရာတွင် ရှိနေသော လူအားလုံးသည် စမ်းသပ်မှုကို အောင်မြင်ခဲ့ကြသူများ ဖြစ်ကြသည်။

     “ဟမ်"
     ချင်နန် သူ၏ အကြည့်ကို ရုပ်သိမ်းပြီးနောက် မူထျန်ရှင်တို့ လူစုကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ စူးရှနေသည်။

    ကောင်းကင်ကံကြမ္မာလမ်းကြောင်းရဲ့ အမွေအနှစ်…

    နောက်ဆုံးတော့ ဒါထွက်ပေါ်လာတော့မှာလား…

🐱🐱🐱🐱🐱

အပိုင်း (၇၄၉) သိုင်းဘုရင်အလောင်း

       လူအများစုသည် ကောင်းကင်ကံကြမ္မာလမ်းကြောင်း၏ အမွေအနှစ်ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်းကို သတိပြုမိကြပေသည်။ ချက်ချင်းပင် လေထုမှာ ပူးနွေးလာသည်။

     “ချင်နန်ရဲ့ ကျင့်ကြံမှုက သန်မာတယ်"

     “သူတင် မဟုတ်သေးဘူး…မူထျန်ရှင်၊ ကျန်ဖေးဖန်၊ ချန်ထျန်ကူနဲ့ အခြားသူတွေကလည်း သန်မာတယ်"

     “ငါတို့ အတူတူပူးပေါင်းရမယ်"

    “အေးအေး…"

   ကျင့်ကြံသူများ တစ်ယောက်နှင့် တစ်ယောက် နတ်ဘုရားအာရုံများဖြင့် အလျင်အမြန် ဆက်သွယ်လိုက်ကြသည်။

    သူတို့အတွက် ဂျီးနီးယပ်များကို တစ်ယောက်ချင်းရင်ဆိုင်ရန် မဖြစ်နိုင်ကြောင်းကို သူတို့ နားလည်ကြပေသည်။ တစ်ခုတည်းသော နည်းလမ်းမှာ မဟာမိတ်ဖွဲ့ခြင်းဖြစ်သည်။

    ဘန်း…

     ပေါက်ကွဲသံတစ်သံနှင့်အတူ ဒိုဂျို၏ အဆုံးမှ ခံ့ညားထည်ဝါသော နန်းတော်သည် အလင်းတစ်ခုထုတ်ဖော်၍ တဖြည်းဖြည်းထင်ရှားလာသည်။ နန်းတော်ကို ကာကွယ်ထားသည့် ကြောက်မက်ဖွယ်ရာဝင်္ကပါသည် ဓားတစ်ချောင်းဖြင့် ပိုင်းချခံလိုက်ရသည့်ပမာ အက်ကွဲသွားသည်။

   ကွိ…ကွိ…

    နန်းတော်၏ သစ်သားတံခါး တဖြည်းဖြည်းပွင့်လာသည်။

     အနည်းငယ်သာ ပွင့်သေးသော်လည်း တံခါးထဲမှ ကြောက်မက်ဖွယ်ရာဖိအားတစ်ခု ထွက်ပေါ်လာကာ ချက်ချင်းပင် ဒိုဂျိုကို ပြည့်နှက်သွားပြီး လူအုပ်ကြီး လန့်ဖျပ်သွားကြသည်။

   ကောင်းကင်ကံကြမ္မာလမ်းကြောင်း၏ အမွေအနှစ်ထွက်ပေါ်လာပြီ…

    ကွိ…ကွိ…

     ကောင်းကင်ကံကြမ္မာကြွက်သည် တစ်စုံတစ်ခုကို သတိပြုမိသည့်ပမာ စိတ်လှုပ်ရှားနေသည်။
    သိုင်းဘီဘင်များသည်လည်း အသက်ရှူရပ်ကာ သူတို့၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကြပြီး အသေးစိတ်အချက်အလက်တစ်ခုကိုမျှ လက်လွှတ်မခံရဲပေ။

   တံခါးသည် ဆက်လက်၍ ပွင့်နေသည်။
   ပွင့်သည့် အရှိန်နှုန်းမှာ သေခါနီးလူတစ်ယောက် လမ်းလျှောက်နေသည့်ပမာ အလွန်နှေးကွေး‌ ပေသည်။
    သို့သော်လည်း ဆူညံသံတစ်သံမျှ မထွက်ပေါ်လာပေ။

    ဒိုဂျိုကို ဖုံးလွှမ်းနေသည့် ဖိအားသည် လေထုကို တင်းကျပ်သွားစေသည်။

    ဘန်း…

   ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

  ရုတ်တရက် တံခါးပွင့်သည့်အမြန်နှုန်းသည် လျင်မြန်စွာ တိုးသွားပြီး တံခါး၏ နောက်မှ ခန်းမကို မြင်တွေ့လိုက်ရသည်။
    နန်းတော်ထဲမှ မရေမတွက်နိုင်သော အလင်းများသည် သမုဒ္ဒရာလှိုင်းများပမာ ထွက်ပေါ်နေသည်။

       “အခု ကောင်းကင်ကံကြမ္မာလမ်းကြောင်းရဲ့ အမွေအနှစ်တွေ ထွက်ပေါ်လာပြီ"
   ထိုအချိန်၌ အက်ကွဲသော အသံတစ်သံနှင့်အတူ နန်းတော်၏ ဝင်ပေါက်တွင် ခပ်ဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ပုံရိပ်သည် တစ်ခါက နီလာသွေး‌သမုဒ္ဒရာတွင် ထွက်ပေါ်လာဖူးသည့် ကောင်းကင်ကံကြမ္မာအဘွားအိုပင် ဖြစ်သည်။

     “ကလေးတို့ အခု အမွေအနှစ်မှာ ပါဝင်တဲ့ ရတနာတွေနဲ့ ငါမိတ်ဆက်‌ပေးမယ်"
    ကောင်းကင်ကံကြမ္မာအဘွားအိုသည် သူမ၏  လက်ကို ဆန့်ထုတ်ကာ နန်းတော်၏ ညာဘက်ထောင့်ကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
    “ဒီမှာ မင်းတို့ နည်းနည်းတန်ဖိုးနိမ့်တဲ့ ရတနာကို တွေ့ရလိမ့်မယ်…ဒါပေမဲ့ အိပ်မက်ထုံးတမ်းပန်းက အရမ်းတန်ဖိုးရှိနေဆဲပဲ"

    ဝီ…

     နန်းတော်၏ ညာဘက်ထောင့်မှ အလင်းတစ်ရာကျော်ထွက်ပေါ်လာသည်။ ဆေးပင်တစ်ရာကျော်ဖြစ်သည်။ ဆေးပင်များထဲတွင် တစ်ပင်သည် မီးခိုးဖျော့ဖျော့ ပွင့်ချပ်များ ရှိပြီး အသက်ဝင်နေသည်ဟု ခံစားရပေသည်။ ဤဆေးပင်သည် အိပ်မက်ထုံးတမ်းပန်းဖြစ်သည်။

    “အိပ်မက်ထုံးတုံးပန်း…ဒါက အိပ်မက်ထုံးတမ်းပဲ"
    လူအုပ်ကြီး စိတ်လှုပ်ရှားသွားကြသည်။

     ပန်းပင်ကို ရသူသည် မူကလန်ခေါင်းဆောင်၏ တပည့်ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထိုလူ၏ အဆင့်အတန်းသည် ကြီးမားစွာ ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။
     အထူးသဖြင့် မူကလန်၏ တပည့်များ အလွန်အံ့အားသင့်သွားသည်။ ဤအိပ်မက်ထုံးတမ်းပန်းသည် အမှန်တကယ်ကို ကောင်းကင်ကံကြမ္မာလမ်းကြောင်းတွင် ရှိသည်။ သူတို့ ၎င်းကို ရသည်နှင့် သူတို့၏ အစီအစဉ်ကို စနိုင်လိမ့်မည်ဖြစ်သည်။

    “ဒီတော့ ဒါက မူကလန်ခေါင်းဆောင် တောင်းဆိုတဲ့ဟာပေါ့"
    ချင်နန် မည်သည့်စိတ်ဝင်စားမှုမျှ မရှိဘဲ ကြည့်လိုက်သည်။

     သူ၏ ဘဝတွင် သူသည် ဆရာတစ်ယောက်သာ လိုအပ်ခဲ့သည်။ ထို့ကြောင့် မူကလန်၏ တပည့်ဖြစ်ခြင်းသည် သူ့ကို ဆွဲဆောင်နိုင်သည့် အရာမဟုတ်ပေ။

    “ကလေးတို့…အရမ်းစိတ်မလှုပ်ရှားကြသေးနဲ့ဦး…အိပ်မက်ထုံးတမ်းပန်းထက်ပိုပြီး အဖိုးတန်တဲ့ တခြားရတနာငါးခုရှိသေးတယ်…သူတို့ထဲက တစ်ခုကိုရတာနဲ့ တစ်စုံတစ်ယောက်က သူတို့ရဲ့ ကံကြမ္မာကို အလွယ်တကူ ပြောင်းလဲလို့ရတယ်"
   ကောင်းကင်ကံကြမ္မာအဘွားအို အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
     “လာ…ငါမင်းတို့ကို ပြမယ်"
    သူမ၏ စကားဆုံးသည့်နောက်တွင် နန်းတော်၏ အလယ်မှ ကောင်းကင်သို့ တောက်ပသော ရွှေရောင်အလင်းတန်းနှစ်ခု ပစ်လွှတ်လိုက်သည်။ ၎င်းတို့သည် တိမ်ထုတိမ်စိုင်များကို ထိုးဖောက်သွားသကဲ့သို့ ဖြစ်သည်။

    မိုးခြိမ်းသံများနှင့်အတူ  အထက်မှ ဆင်းသက်လာသည့် ကြောက်မက်ဖွယ်ရာအော်ရာကို ခံစားလိုက်ရသည်။
    လူအုပ်ကြီးသည်  တင်ပျဉ်ခွေထိုင်နေသော အလောင်းတစ်လောင်းနှင့် ခိုင်မြဲစွာ ရပ်နေသော အလောင်းတစ်လောင်းကို တွေ့လိုက်ရသည်။

     ထိုအချိန်၌ အချိန်သည် အေးခဲသွားသကဲ့သို့ ဖြစ်သည်။
    ည၎င်းတို့သည် အလောင်းများသာဖြစ်သော်လည်း သူတို့၏ တည်ရှိမှုသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လှုပ်ခါနိုင်ဆဲဖြစ်သည်။

   “ဒါက သိုင်းဘီဘင်တစ်ဝက်အဆင့် အလောင်းနှစ်လောင်းပဲ…တစ်စုံတစ်ယောက်က သန့်စင်လိုက်တာနဲ့ သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်…သူအသက်ရှင်နေသ၍ သူက သေချာပေါက် သိုင်းဘီဘင်အဆင့် ဒါမှမဟုတ် သိုင်းဘုရင်အဆင့်ကို ရောက်နိုင်ဖို့ အခွင့်အရေးရှိတယ်"
   ကောင်းကင်ကံကြမ္မာအဘွားအို တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

  သို့သော်လည်း တည်ငြိမ်သော အသံသည် လူအုပ်ကြီး၏ နှလုံးသားကို မုန်တိုင်းထန်သွားစေပေသည်။

    “သိုင်းဘုရင်တစ်ဝက်အဆင့်‌အလောင်းတွေ"
  သန့်စင်လိုက်သည်နှင့် ၎င်းသည် သိုင်းဘီဘင်အဆင့် သို့မဟုတ် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိရန် အခွင့်အရေးပေးလိမ့်မည်ဖြစ်သည်။
    ၎င်းမှာ ဖြစ်နိုင်ချေသာ ဖြစ်သော်လည်း လက်ရှိ သူတို့ထံတွင် ထိုကဲ့သို့ မျှော်လင့်ချက်မျိုး မရှိပေ။

      ထိုအချိန်၌ မူထျန်ရှင်၊ ချန်ထျန်ကူ နှင့် ကျန်ဖေးဖန်တို့ နှလုံးခုန်မြန်လာကြသည်။ အကယ်၍ သူတို့သည် ဤသိုင်းဘုရင်အဆင့်အလောင်းများကို သန့်စင်နိုင်ပါက သူတို့အတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိကာ သိုင်းဘုရင်အဆင့်သို့ ရောက်ရှိရန် အခွင့်အရေးပိုများသွားစေလိမ့်မည်ဖြစ်သည်။
      အကြောင်းမှာ သူတို့ထံတွင် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိရန် အခွင့်အရေးရှိပြီးသားဖြစ်သောကြောင့် ဖြစ်သည်။

    “ချေးပဲ…သိုင်းဘုရင်တစ်ဝက်အဆင့်အလောင်းနှစ်လောင်း…ချင်နန် ဘယ်လိုပဲဖြစ်ဖြစ် မင်းဒီအလောင်းတွေကို ငါတို့ကို ပေးရမယ်"
    သိုင်းဘီဘင်နှစ်ယောက် လုံးဝစိတ်လွတ်သွားသည်။

   ဤသိုင်းဘုရင်တစ်ဝက်အဆင့်အလောင်းနှစ်လောင်းနှင့်ဆိုပါက…
   
   သူတို့သည် အသက်ပြန်ရှင်ကာ သူတို့၏ ယခင်စွမ်းအားထက်ပင် သာလွန်နိုင်ပေသည်။

   “ဒီအလောင်းနှစ်လောင်းက တကယ်ကို အရမ်းအသုံးဝင်တယ်…"
    ချင်နန်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်သွားသည်။

  အကယ်၍ သူသည် သိုင်းဘုရင်တစ်ဝက်အဆင့်အ‌လောင်းနှစ်လောင်းကို သန့်စင်နိုင်ပါက သူ၏ ကျင့်ကြံမှုချိုးဖျက်နိုင်လိမ့်မည်ဖြစ်သည်။

     “ဘာလို့ စိတ်လှုပ်ရှားနေတာလဲ…ဒီအလောင်းတွေက အကောင်းဆုံး မဟုတ်သေးဘူး"
     ကောင်းကင်ကံကြမ္မာအဘွားအို ရှင်းပြလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
     “ကျန်ရှိတဲ့ ရတနာသုံးခုကတော့  ငါမင်းတို့ကို တစ်ခါတည်းပြမယ်…ဒီထဲက ဘယ်ရတနာကို ရရ မင်းတို့ရဲ့ အနာဂတ်က စိတ်ကူးကြည့်လို့တောင် မရဘူး"

     ရွှစ်…
 
     နန်းတော်မှ ထွက်ပေါ်နေသည့် အနက်ရောင်အလင်းများ ပျောက်ကွယ်သွားသည်။

     ဘုရင်တစ်ဝက်အဆင့်အလောင်းနှစ်လောင်းသည် ချက်ချင်းပင် နန်းတော်၏ အလယ်ကို လှည့်ကာ အရိုအသေပေးသကဲ့သို့ ခေါင်းအနည်းငယ် ငုံ့လိုက်သည်။

     ဝုန်း…

      နန်းတော်တစ်ခုလုံး အပိုင်းပိုင်းပေါက်ကွဲသွားပြီး ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ ဒိုဂျိုတစ်ခုလုံး ခရမ်းရောင်ဖြစ်သွားသည်။

    “ဒါ…"
    ချင်နန် စိတ်လှုပ်ရှားသွားပြီး ဖိနှိပ်မှုကြောင့် သူ၏ နှလုံးသားပင် တုန်လှုပ်သွားသည်။

   လူအုပ်ကြီး လုံးဝချောက်ချားသွားကြသည်။

    သူတို့သည် နန်းတော်၏ အလယ်တွင် ရပ်နေသည့် အလောင်းတစ်‌လောင်းကိုသာ မြင်နေရပြီး ၎င်း၏ ဘေးတွင် ခွေးများနှင့် ဆင်သည့် အလောင်းနှစ်လောင်းရှိနေသည်။
    သို့သော်လည်း လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားသည့်အရာမှာ အလယ်မှ အလောင်းဖြစ်သည်။
    သိုင်းဘုရင်တစ်ဝက်အဆင့်အလောင်းများနှင့် ခြားနားစွာပင် သူ၏ အရိုးများထဲတွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများ ရှိနေပြီး လွှမ်းမိုးနိုင်စွမ်းကြီးသည့် အစွမ်းထုတ်ဖော်နေသည်။
     အဓိကအနေဖြင့် ၎င်းထွက်ပေါ်လာသည့်အချိန်၌ အရာအားလုံးသည် မထင်မရှားဖြစ်သွားခဲ့သည်။

    လူအုပ်ကြီး၏ နှလုံးသားထဲတွင် ဦးညွှတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

     သူတို့သည် သူတို့၏ ဘုရင်ရှေ့တွင် ရောက်နေသကဲ့သို့…

    သူတို့သည် ဘုရင်မင်းမြတ်၏ အစေခံများဖြစ်သကဲ့သို့…

    ၎င်းသည် သိုင်းဘုရင်အလောင်းဖြစ်သည်။

🐱🐱🐱🐱

အပိုင်း (၇၅၀) တိုက်ပွဲစတင်ခြင်း
  
     “ဒီရတနာသုံးထဲမှာ ခွေးနဲ့ တူတဲ့ အလောင်းနှစ်လောင်းကို ကောင်းကင်ကံကြမ္မာအမဲလိုက်ခွေးလို့ခေါ်တယ်…ငါတို့ ကောင်းကင်ကံကြမ္မာမျိုးနွယ်စုရဲ့ အဖိုးတန်ရတနာတွေပဲ…အလောင်းတွေကို သန့်စင်ပြီးတာနဲ့ ကောင်းကင်ကံကြမ္မာအမဲလိုက်ခွေးအဖြစ် ပြန်လည်မွေးဖွားပြီးတော့ တာဝန်ထမ်းဆောင်လိမ့်မယ်"
     ကောင်းကင်ကံကြမ္မာအဘွားအို ပြောလိုက်သည်။
     “အလယ်က ဘာလဲဆိုတာတော့ မင်းတို့ ခန့်မှန်းပြီးပြီလို့ ငါထင်တယ်…ဒါက သိုင်းဘုရင်အလောင်းပဲ…သန့်စင်လိုက်တာနဲ့ တစ်စုံတစ်ယောက်က သေချာပေါက် သိုင်းဘုရင်အဆင့်ကို ရောက်လိမ့်မယ်"

    ဘန်း…

    လူအုပ်ကြီး၏ နှလုံးသားထဲ မိုးကြိုးတစ်စင်းပစ်ခွင်းသွားသည်။

   သူတို့သည် ချက်ချင်းပင် ကောင်းကင်ကံကြမ္မာအမဲလိုက်ခွေးများကို လျစ်လျူရှုလိုက်ကြသည်။
    မည်သို့ပင်ဖြစ်စေကာမူ မည်သူမျှ အမဲလိုက်ခွေးတစ်ကောင်အဖြစ် ပြန်လည်မမွေးဖွားလိုချင်ကြပေ။
     သို့သော်လည်း သိုင်းဘုရင်အလောင်းမှာမူ ထိတ်လန့်စရာဖြစ်သည်။
      ၎င်းသည် သန့်စင်ပြီးသည်နှင့် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိရန် အာမခံပေသည်။
      သိုင်းဘုရင်တစ်ဝက်အဆင့်အလောင်းနှစ်လောင်းသည်  သိုင်းဘုရင်အလောင်းနှင့် နှိုင်းယှဉ်ပါက ဘာမှ မဟုတ်ပေ။
     မည်သူမျှ ဤကဲ့သို့ သွေးဆောင်မှုကို တောင့်မခံနိုင်ကြပေ။

    သိုင်းဘုရင်တစ်ယောက်ဖြစ်တာ ကန်းလန်တိုက်ကြီးအား လှည့်လည်ခရီးထွက်ခြင်းကို မည်သူအိပ်မက်မမက်ဘဲ နေပါမည်နည်း…

   “ရတနာတွေကိုတော့ ပြောပြီးသွားပြီ…အခု သူတို့ရဲ့ ပိုင်ရှင်တွေက ဘယ်သူလဲဆိုတာ မင်းတို့ အားလုံး ဆုံဖြတ်ကြတော့"
     ကောင်းကင်ကံကြမ္မာအဘွားအို ပြောလိုက်ပြီး သူ၏ ပုံရိပ်သည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ နောက်ဆုံးအဆင့်တွင် စည်းမျဉ်းမရှိပေ။ ယခုအချိန်၌ သူတို့အားလုံး ဆုံးဖြတ်ရလိမ့်မည်။

    ချင်နန် အနည်းငယ် အံ့အားသင့်သွားသည်။

    အစက ကောင်းကင်ကံကြမ္မာလမ်းကြောင်း၏ အမွေအနှစ်တွင် စမ်းသပ်မှုအချို့ရှိလိမ့်မည်ဟု သူထင်ထားခဲ့သည်။
    သို့သော်လည်း ချင်နန်သည် မကြာမီ၌ သူ၏ အတွေးများကို စုစည်းလိုက်ပြီး သူ၏ မျက်လုံးများ စူးရှသွားသည်။

     ဒိုဂျိုတစ်ခုလုံးသည် အသက်ရှူသံများကို ရှင်းလင်းစွာ ကြားနေရသည်အထိ တိတ်ဆိတ်နေသည်။ 
    သို့သော်လည်း အသက်သုံးရှိုက်ကြာပြီးနောက် လူတိုင်းသတိပြန်ဝင်လာကာ သူတို့၏ သတ်ဖြတ်ခြင်းအော်ရာများကို ထုတ်ဖော်လိုက်သည်။

     “ဒါက ငါ့ဟာပဲ"

    “သိုင်းဘုရင်အလောင်းက ငါ့ဟာပဲ…ဒါကို ယူတဲ့ ဘယ်သူ့ကိုမဆို ငါသတ်မယ်"

    “တက်…ငါ ငါ့ရဲ့ ကံကြမ္မာကို ပြောင်းလဲရမယ်…ငါသိုင်းဘုရင်တစ်ယောက်ဖြစ်လာရမယ်"

   မျက်တောင်တစ်ခတ်အတွင်းမှာပင် အလွန်ကျယ်လောင်သည့် အသံများကို ကြားလိုက်ရသည်။

   ကျင့်ကြံသူများစွာသည် နီရဲသော မျက်လုံးများဖြင့် ရှိနေကြသည်။

    အခွင့်အရေးသည် သူတိူ့၏ ရှေ့တွင် ဖြစ်သည်။

    ဘန်း…

    ဘန်း…

    ဘန်း…

    ဒိုဂျိုတစ်ခုလုံးတွင် အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပွားသွားကြပြီး ကျင့်ကြံသူများ လှုပ်ရှားလိုက်ကြသည်။ သူတို့သည် ရတနာများဆီသို့ တဟုန်ထိုးပြေးသွားလိုက်ကြသည်။

     နောက်တွင်ရှိသော လူများသည် သူတို့၏ ရှေ့မှ လူများကို တိုက်ခိုက်ကာ ရတနာများဆီ မသွားနိုင်အောင် တားဆီးလိုက်သည်။ 
   နေရာတစ်ခုလုံးသည် ခမ်းနားကြီးကျယ်သော တိုက်ပွဲတစ်ခုဖြစ်ပွားလာသည့်ပမာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။

   “ချင်နန်…"
   ကျန်းပိလန် ညင်သာစွာဖြင့် ပြောလိုက်သည်။

     “သွား"
   ချင်နန် မြေပြင်ကို ခြေဆောင့်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာသည်။ သို့သော်လည်း ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။ သူ၏ နှလုံးသားမှ လောင်ကျွမ်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

  “ ချင်နန် ငါ့ကို အိပ်မက်ထုံးတမ်းပန်းရအောင် ကူညီပေး"
    ရုတ်တရက် မင်းသမီးမြောင်မြောင်၏ လေးနက်သော အသံသည် ချင်နန်၏ နတ်ဘုရားအာရုံထဲ ရောက်လာသည်။

    “မူထျန်ရှင်တို့ လူစုကို အဲဒါမရ‌စေနဲ့ မဟုတ်ရင် ဒါက ငါတို့အပေါ် အန္တရာယ်ကျရောက်စေလိမ့်မယ်"
    ချင်နန် ကြောင်အမ်းအမ်းဖြစ်သွားသည်။

     ဤအချိန်၌ မင်းသမီးမြောင်မြောင်သည် ပုံရိပ်ယောင်ကြေးမုံမှတစ်ပါး အသံပို့လွှတိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
    သူ မတုံ့ပြန်နိုင်သေးခင်မှာပင် မင်းသမီးမြောင်မြောင်၏ အသံပျောက်ကွယ်သွားသည်။

     “ထားလိုက်တော့…ဘာပဲဖြစ်ဖြစ် မင်းသမီးမြောင်မြောင်ပြောတဲ့ အတိုင်း ငါအိပ်မက်ထုံးတမ်းပန်းကို ယူရမယ်"
   ချင်နန် အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်ပြီး ကျန်းပိလန်နှင့် ယုလျိုရှားကို ကြည့်လိုက်သည်။

     “လှုပ်ရှားကြတော့"
  
    ဘန်း…

    ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲ၏ အလယ်တွင် ကြောက်မက်ဖွယ်ရောအော်ရာများ ထွက်ပေါ်လာသည်။ ချင်နန်တို့ လူစုသည် လေးယောက်သာ ဖြစ်သော်လည်း သူတို့သည် တပ်တစ်ခုပမာပင် လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင်နေသည်။
   
     “သူလှုပ်ရှားနေပြီ"

    “ချင်နန်…ဒါချင်နန်ပဲ"

    “ချေးပဲ…ငါတို့ အခုဘာလုပ်သင့်လဲ"

     “မစိုးရိမ်နဲ့ ငါတို့အခြေအနေတိုင်းပဲ လုပ်မယ်"

    ထိုအချိန်၌ တစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်နေကြသော တစ်ကိုယ်တော် ကျင့်ကြံသူများသည် ချက်ချင်းပင် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်လိုက်ကြသည်။

     “ကျန်ဖေးဖန်…ချန်ထျန်ကူ"
    လူအုပ်ကြားထဲတွင် လူးလွန့်လှုပ်ရှားနေသည့် မူထျန်ရှင် အသံပို့လွှတ်လိုက်သည်။

     “ပူးပေါင်းရအောင်…ချင်နန်ကို အရင်ဆုံး ဖယ်ရှားဖို့ လိုတယ်"
     ချန်ထျန်ကူနှင့် ကျန်ဖေးဖန်တို့၏ မျက်လုံးများ  ရက်စက်စွာဖြင့် အရောင်လက်သွားပြီး ချင်နန်ကို ကြည့်လိုက်ကြသည်။ ချင်နန်မှာ သန်မာပေသည်။
   သို့သော်လည်း သူတို့ ပူးပေါင်းလိုက်ပါက သူတို့သည် သူ့ကို သေချာပေါက် အနိုင်ယူနိုင်ပေသည်။

     “သိုင်းဘုရင်အလောင်းကို ပစ်မှတ်ထားကြ"
    လေထဲတွင် ချင်နန်သည် လူအုပ်ကြီး၏ အကြည့်များကို လျစ်လျူရှု၍ သူ၏ အကြည့်သည် အလယ်မှ သိုင်းဘုရင်အလောင်းပေါ်သို့ ကျရောက်သွားသည်။ သူသည် သိုင်းအရှင်အဆင့်အင်အားစီးကြောင်းတစ်သောင်းလုံးကို အပြည့်အ၀ ထုတ်လွှတ်လိုက်သည်။

     ဘန်း…

      ချင်နန်၏ ခန္ဓာကိုယ်သည် မြားတစ်စင်းပမာ အလွန်လျင်မြန်ပြီး ‌လေပြင်းများ တိုက်ခတ်သွားသည်။ သူ၏ အမြန်နှုန်းသည် အလွန်ကြောက်စရာကောင်းပေသည်။

    လူအုက်ကြီး မတုံ့ပြန်နိုင်သေးခင်မှာပင် ချင်နန်သည် သိုင်းဘုရင်အလောင်းနှင့် ငါးကျန်သာ ဝေးတော့သည်။
   
     “ချင်နန် မင်း လုပ်ရဲလား"
   ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ မူထျန်ရှင်သည် ချက်ချင်းပင် သူ၏ အတွေးများကို စုစည်းလိုက်သည်။ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ အဆောင်တစ်ခုအား  ထုတ်ယူကာ ဖိခြေလိုက်သည်။
     ထို့နောက် မရေမတွက်နိုင်သော သံမဏိကြိုးများ ထွက်ပေါ်လာပြီး ချင်နန်ဆီသို့ တိုးဝင်သွားသည်။

    ချင်နန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သံမဏိကြိုးများကို အပိုင်းပိုင်း ဖျက်ဆီးလိုက်သည်။
    
     “‌တောင်သုံးတောင် ဖိနှိပ်ခြင်းဝင်္ကပါ"
    မူကလန်၏ တပည့်များသည် ချင်နန် ရပ်တန့်သွားသည့်အချိန်၌ ချက်ချင်းပင် ရှေ့သို့ ပြေးတက်လာပြီး ချင်နန်ကို ဝိုင်း၍ ဝင်္ကပါတစ်ခု ဖန်တီးလိုက်ကြသည်။။ 
     ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုသည် ချင်နန်ကို လှိုင်းလုံးကြီးတစ်ခုပမာ တိုးဝင်သွားသည်။

      “ပျက်စီးစမ်း"
     ချင်နန်၏ ဘယ်ဘက်မျက်လုံး အရောင်လက်သွားပြီး သူ၏ ညာဘက်လက်ဖြင့် ပိုင်းချလိုက်သည်။
     ဝင်္ကပါသည် အဖျက်စွမ်းအားတစ်ခုနှင့် တွေ့ကြုံရသည့်ပမာ ပျက်စီးသွားပြီး မူကလန်မှ တပည့်များ  တုန်လှုပ်သွားကာ နောက်ဆုတ်လိုက်ရသည်။

     ဘယ်ဘက်မျက်လုံးဖြင့် အားနည်းချက်ကို ကြည့်ကာ ညာဘက်လက်ဆေဘာဖြင့် ဝင်္ကပါဖျက်ဆီးခြင်း…

    “ချေးပဲ"
    မူထျန်ရှင် တုန်လှုပ်နေသည်။
    ဝင်္ကပါသည် ချင်နန်ကို အသက်တစ်ရှိုက်ပင် မထိန်းချုပ်နိုင်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

   ဝှစ်.ဝှစ်…

    အစွမ်းထက်သော ပုံရိပ်နှစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်လာသည်။

     ကျန်ဖေးဖန်နှင့် ချန်ထျန်ကူပင် ဖြစ်သည်။

      သူတို့နှစ်ဦးသည် ချင်နန်ကို အရပ်မျက်နှာနှစ်ဖက်မှ ပိတ်ဆို့တိုက်ခိုက်လိုက်သည်။

    “ငါနင်တို့ရဲ့ ပြိုင်ဘက်လုပ်ပေးမယ်"
   ကျန်းပိလန် ပြုံးလိုက်ပြီး သေးမင်းချီကို  အလုံးအရင်း ထုတ်ဖော်၍ တိုက်ခိုက်လိုက်သည်။ သူမသည် မည်သည့်သနားကြင်နာမှုမျှ ပြရန် ရည်ရွယ်ချက်မရှိပေ။

    သေမင်းအသက်ရှူခြင်း…
    ဘန်း…

   ကျန်ဖေးဖန်နှင့် ချန်ထျန်ကူဆီသို့  ကြောက်မက်ဖွယ်ရာသေခြင်းအင်အားတစ်ခုဆင်းသက်လာသည်။

    “ချေးပဲ"
   ဂျီးနီးယပ်နှစ်ယောက် တုန်လှုပ်သွားကြသည်။

     “ဝိညာဉ်စင်ကြယ်ခြင်းသိုင်းပညာ"

     “ကောင်းကင်လှည့်ပတ်ခြင်းလက်ဝါး"

   “လင်းယုန်ပျံသန်းခြင်းချိတ်"

     ထိုအချိန်၌ တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် ချင်နန်ဆီသို့ ချဉ်းကပ်လာပြီး တိုက်ခိုက်မှုများ ထုတ်ဖော်လိုက်ကြသည်။ ချင်နန်သည် ကြောက်မက်ဖွယ်ရာစွမ်းအားရှိကြောင်းကို သူတို့ သတိထားမိပေသည်။
     သို့သော်လည်း ၎င်းသည် ယခုအချိန်၌ အရေးပါသည်လား…

    ချင်နန်သည် ရတနာများဆီသို့ သွားနေသ၍ သူတို့အားလုံး သူ့ကို ပစ်မှတ်ထားလိမ့်မည်ဖြစ်သည်။
      ရတနာများနှင့် ရှေးဟောင်းသိုင်းပညာများသည် ချင်နန်ဆီသို့ ထိတ်လန့်စရာကောင်းစွာဖြင့် ဝင်ရောက်လာသည်။

    ဝေါင်း…

   ရုတ်တရက် ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံကို ကြားလိုက်ရသည်။
    လောင်ဂူးသည် သူ၏ အစစ်အမှန်သွင်ပြင်ကို ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ကို ဒိုင်းသဖွယ် အသုံးပြုလိုက်သည်။

    ယုလျိုရှားသည် လက်ဟန်တစ်ခုကို ပြုလုပ်က  ပလ္လင်တစ်ခုဖန်တီးလိုက်သည်။

    “ချင်နန်...အခုသွား"
   သူတို့နှစ်ဦးလုံး အော်ဟစ်လိုက်သည်။

   တစ်ကိုယ်တော်ကျင့်ကြံသူများမှာ များပြားသောကြောင့်  သူတို့သည် အသက်တစ်ရှိုက်သာ တောင့်ခံနိုင်ပေသည်။

   ဝှစ်…

    တုံ့ဆိုင်းခြင်းမရှိဘဲ ချင်နန်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရတနာများဆီသို့ ပျံသန်းသွားလိုက်သည်။

Continue lendo

Você também vai gostar

27.5K 5K 125
အိုအာဗီရဲ့မြန်မာဘာသာပြန် credit အပြည့်အစုံမပေးတာက CRမိမှာကြောက်လို့ပါ။စာရေးသူတွေရဲ့နာမည်ကိုပျက်စေလိုခြင်းအလျင်းမရှိပါ။ဝတ္ထုကို Eလိုဖတ်ချင်ပါက ကိုယ့်ဆ...
71.9K 6.5K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
119K 16.3K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
340K 33.8K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *