အပိုင်း (၇၁၁) ရတနာသိုက်၏ ထူးဆန်းသော အပြောင်းအလဲ
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုထံမှ အရိုးပွတ်သံများ ထွက်ပေါ်လာပြီး သူ၏ မြင့်မြတ်အင်အားကို ထုတ်လွှတ်လိုက်သည်။
ဤကလေးသည် အလွန်ရိုင်းစိုင်းလှသည်။
သူသည် လေးစားမှုမပြပေ။
အလွန်ဒေါသထွက်နေသော်လည်း ယခုအချိန်၌ သူသည် ဘာမှလုပ်၍ မရပေ။
“သွမ့်ချင်း"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“အခုတိုက်ပွဲ အဆုံးသတ်သွားပြီး…မင်းတာအိုရှာဖွေခြင်းရတနာသိုက်ကို သွားသင့်တယ်"
အကယ်၍ သွမ့်ချင်းသည် ဆက်လက်၍ တိုက်ခိုက်နေပါက ၎င်းသည် သူတို့ တာအိုရှာဖွေခြင်းတောင်၏ ဂုဏ်သတင်းကို အကြီးအကျယ်ထိခိုက်စေလိမ့်မည်ဖြစ်သည်။
လက်ရှိအချိန်၌ သူ၏ ပထမဦးစားပေးမှာ အခြေအနေကို ထိန်းချုပ်ရန် ဖြစ်သည်။
“ဒါပေါ့"
ချင်နန် ကျေနပ်စွာဖြင့် ပြောလိုက်သည်။သူ၏ ယခင်အသွင်အပြင်နှင့် လုံးဝခြားနားနေသည်။
အဓိကအကြောင်းအရင်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ သိုင်းအရှင်ပုံဆောင်ခဲသည် တဖြည်းဖြည်းမတည်မငြိမ်ဖြစ်လာသည်။
ထို့ပြင် သူသည် တိုက်ခိုက်ရာတွင် ကျေနပ်သွားပြီဖြစ်သောကြောင့် သူသည် တာအိုရှာဖွေခြင်းရတနာသိုက်သို့ သွားပြီး ဆေဘာကို ဆွဲနှုတ်ရန် အချိန်တန်ပြီဖြစ်သည်။
ဝှစ်…
နောက်ထပ် တုံ့ဆိုင်းခြင်းမရှိဘဲ ချင်နန်သည် တာအိုရှာဖွေခြင်းရတနာသိုက်ရှိရာသို့ သွားလိုက်သည်။
“ဒါနောက်ဆုံးတော့ အဆုံးသတ်သွားပြီ"
တစ်ကိုယ်တော် ကျင့်ကြံသူများစွာနှင့် တပည့်များ သက်ပြင်းချလိုက်ကြသည်။
အကယ်၍ သွမ့်ချင်းဆက်လက်တိုက်ခိုက်နေပါက တိုက်ပွဲ၏ ရလဒ်ကို ခန့်မှန်းရန် ခက်ခဲပေသည်။
“ချေး…ဒီလူယုတ်မာကောင်ချင်နန်က အာရုံစိုက်မှုအားလုံးကို ခိုးသွားပြီ"
လောင်ဂူး အံကြိတ်ကာ ပြောလိုက်သည်။
“သွားစို့"
စင့်မာခေါင် ကျယ်လောင်စွာ အော်၍ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံမှ လူများကို တာအိုရှာဖွေခြင်းရတနာသိုက်သို့ ဦးဆောင်လိုက်သည်။
ရေခဲတောင် သုံးဆယ့်ခြောက်တောင်၏ အထက်၌…
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုသည် သူ၏ နှလုံးသားထဲ၌ စိတ်သက်သာရာ သက်ပြင်းချကာ အလျင်အမြန် အသံပို့လွှတ်လိုက်သည်။
“အခုစမ်းသပ်မှုပြီးဆုံးသွားပြီ…အရာအားလုံး ကြိုတင်ပြင်ဆင်ထားလိုက်…အာဏာပိုင်တွေက အဲ့ကို မကြာခင်ရောက်လာလိမ့်မယ်"
“ဟုတ်ကဲ့"
တာအိုရှာဖွေခြင်းတောင်မှ တပည့်များသည် မည်သည့်အရာမျှ မဖြစ်ပျက်သကဲ့သို့ ချက်ချင်းပင် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် သွားလိုက်ကြသည်။
“ဒီကောင့်ကို ငါဘာလို့ အရင်က သိသလို ခံစားနေရတာလဲ"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုသည် အမိန့်များပေးပြီးနောက် ပျောက်ကွယ်သွားသော ချင်နန်၏ ပုံရိပ်ကို ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။
သူ၏ အပြုအမူနှင့် အော်ရာကို ယခင်က တစ်နေရာရာတွင် တွေ့မြင်ဖူးသည်ဟု သူ အလွန်ယုံကြည်သော်လည်း ယခုအချိန်၌ သူ စဉ်းစား၍ မရဖြစ်နေသည်။
တစ်ချိန်တည်းမှာပင်…
တာအိုရှာဖွေခြင်းတောင်မှ တပည့်များ ပြင်ဆင်ရာ၌ အလုပ်များနေကြသည်။
တာအိုရှာဖွေခြင်းတံဆိပ်ပိုင်ဆိုင်သူများသည်တာအိုရှာဖွေခြင်းရတနာသိုက်သို့ သွားလိုက်ကြသည်။
ချင်နန်သည် လူအုပ်ကြီး၏ အကြည့်များကို လျစ်လျုရှုလိုက်ပြီး ကောင်းကင်မျက်လုံးလမ်းကြောင်းပေါ်သို့ ခြေချလိုက်ပြီးနောက် တာအိုရှာဖွေခြင်းရတနာသိုက်၏ ရှေ့မှ အပြာရောင်ဒိုဂျိုသို့ တဖန်ရောက်လာသည်။
ဒိုဂျိုတွင် ကျင့်ကြသူများဖြင့် အုံကြွနေပြီး ရလဒ်အနေဖြင့် သက်ဝင်လှုပ်ရှားသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ ဤနေရာ၌ အနည်းဆုံး လူနှစ်ထောင်ကျော်ရှိပေသည်။
“ဒီမှာ အစွမ်းထက်တဲ့ ဂျီးနီးယပ်တွေ အရမ်းများတာပဲ"
ချင်နန် အကြည့်တစ်ချက်နှင့် စစ်ဆေးလိုက်သည်။
သူ ယခင်က နီလာသွေးသမုဒ္ဒရာတွင် တွေ့ဖူးသည့် ကောနွီကဲ့သို့ ဂျီးနီးယပ်များလည်း ရှိနေကြသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ကျန်းပိလန်၊ ယောင်ဂွန်နှင့် ယုလျိုရှားတို့ ရှိမနေပေ။
“သွမ့်ချင်း"
“သွမ့်ချင်းရောက်လာပြီ"
“ဒီလို အစွမ်းထက်တဲ့ ဖိနှိပ်မှု…သူ့ရှေ့မှာ ရပ်နေရင်း ငါ အသက်ရှူမဝဘူးလို့တောင် ခံစားရတယ်"
ဒိုဂျိုတွင် ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး လူတိုင်း၏ အကြည့်များသည် ချင်နန်ပေါ်သို့ အလွန်လေးစားစွာဖြင့် ကျရောက်လာသည်။
ထို့ပြင် သူတို့သည် သူ့အတွက် လမ်းပင် ဖွင့်ပေးလိုက်ကြသည်။
လမ်းသည် အပြာရောင်ဒိုဂျို၏ ရှေ့ မျက်ကန်းဓားသမားဆီသို့ တိုက်ရိုက်ဦးတည်ပေသည်။
ချင်နန်သည် အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ရှေ့သို့ ဖြည်းလေးစွာ လျှောက်လှမ်းသွားသည်။
“စီနီယာ…ကျုပ်ပြန်လာပြီ"
ချင်နန်သည် အပြာရောင်ဒိုဂျို၏ အလယ်တွင် ရပ်ကာ မျက်ကန်းဓားသမားကို အသံပို့လွှတ်လိုက်သည်။
ဝှစ်…
မျက်ကန်းဓားသမားထံမှ တုန်လှုပ်ဖွယ်ရာ ဓားစွမ်းအင်တစ်ခုပေါက်ကွဲထွက်လာပြီး သူ၏ မျက်နှာထက်၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
တာအိုရှာဖွေခြင်းရတနာသိုက်ကို လူများ စတင်ရောက်ရှိလာစဉ်ကတည်းက သူသည် ယခင်က လျှို့ဝှက်ဆန်းကြယ်သော ရတနာကို တွေ့ရှိခဲ့သည့် လူငယ်ကို မျှော်လင့်နေသည်။
သို့ရာတွင် အချိန်ကြာလာသည့်အခါ သူတဖြည်းဖြည်း စိတ်ဓာတ်ကျလာသည်။
လူငယ်က မလာဖို့ ဆုံးဖြတ်လိုက်တာလား…ဒါမှမဟုတ် သူက အသွင်အပြင်ပြောင်းထားတာလား…
သို့သော်လည်း သူ့အား အံ့အားသင့်စွာပင် ယခင်က လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် ကျော်ကြားသော သွမ့်ချင်းဖြစ်နေသည်။
“တာအိုရှာဖွေခြင်းရတနာသိုက်က မကြာခင်မှာ ဖွင့်လှစ်မယ်…သွမ့်ချင်း အခုအရာအားလုံးက မင်းအပေါ်မှာ မူတည်တယ်"
မျက်ကန်းဓားသမားသည် ခပ်အက်အက်အသံဖြင့် တုံ့ပြန်လိုက်သည်။
သူတဒင်္ဂရပ်တန့်နေပြီးနောက် ထပ်ပေါင်းထည့်ကာ ပြောလိုက်သည်။
“မင်း ငါလိုချင်တဲ့ ရတနာပစ္စည်းကို ပေးရင် ငါမင်းအပေါ် ကျေးဇူးကြွေးကြီးတစ်ခုတင်သွားပြီ…မင်းအကူအညီလိုရင် ငါ့ဆီက တောင်းလို့ရတယ်"
“ဟုတ်ကဲ့"
ချင်နန် အနည်းငယ် ခေါင်းညိတ်လိုက်၏။
အချိန်ကျလာသည့်အခါတွင် တာအိုရှာဖွေခြင်းတောင်ကို ကိုင်တွယ်ရာ၌ မျက်ကန်းဓားသမား၏ အကူအညီသည် အလွန်အကျိုးရှိလိမ့်မည်ဖြစ်သည်။
သိပ်မကြာခင်မှာပင် ဝူဟောင်၊ ကျူးဟန်နှင့် အခြားသူများသည်လည်း ဒိုဂျိုသို့ ရောက်ရှိလာကြသည်။ သို့သော်လည်း ဤတစ်ကြိမ်၌ သူတို့သည် အတော်နှိမ့်ချနေကြပြီး ဆူညံသံတစ်သံကိုမျှ မပြုရဲပေ။ အထူးသဖြင့် ကျူးဟန်ဖြစ်ပြီး ချင်နန်နှင့် မျက်လုံးချင်းမဆုံရန် အကောင်းဆုံးကြိုးစားနေသည်။
စင့်မာခေါင်နှင့် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံမှ လူများသည် အလွန်ယုံကြည်မှုရှိစွာဖြင့် ရောက်ရှိလာကြသည်။
ထိုအချိန်၌ တာအိုရှာဖွေခြင်းရတနာသိုက်ထဲ ဝင်ခွင့်ရသည့် ကျင့်ကြံသူသုံးထောင်လုံး ရောက်ရှိလာကြပြီဖြစ်သည်။
“အာဏာပိုင်တွေ ရောက်လာပြီ"
ထို့နောက် အသံတစ်သံကြားလိုက်ရပြီး တာအိုရှာဖွေခြင်းတောင်တစ်တောင်လုံး ပဲ့တင်ထပ်သွားသည်။
ဘန်း…
အပြာရောင်ဒိုဂျို၏ အထက်၌ ဆယ်ကျန်ခန့်ရှိသော နန်းတော်တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ခမ်းနားထည်ဝါသည့် ဖိနှိပ်မှု လွှမ်းခြုံသွားသည်။
၎င်းသည် ထွတ်မြတ်လက်နက်ပင် ဖြစ်သည်။
ဝှစ်…ဝှစ်…ဝှစ်…
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို၊ ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၊ ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်နှင့် ဝမ့်ရှန်နန်းဆောင် ဒုခေါင်းဆောင်တို့သည် နန်းတော်ထဲဝင်သွားကြသည်။သူတို့၏ နောက်မှ ဝမ်တာအိုအကြီးအကဲများ၊ သွေးတောင်ပံဗာမီလီယံငှက်၊ နိုင်ငံကာကွယ်သူလိပ်နက်အစရှိသည့် အာဏာပိုင်များမှာလည်း လိုက်ပါသွားကြသည်။
တာအိုရှာဖွေခြင်းရတနာသိုက် ဖွင့်လှစ်သည့်အချိန်တိုင်း အမျိုးမျိုးသော အာဏာပိုင်များ အမြဲတမ်းရှိတတ်သည်။
“အာဏာပိုင်တွေ ရောက်လာပြီ"
“ရတနာသိုက်က နောက်ဆုံးတော့ ပွင့်တော့မယ်"
“ဟူး…ဒီတစ်ကြိမ်မှာ ဘယ်လို ရတနာမျိုးရမလဲဆိုတာ ငါမသိဘူး"
အပြာရောင်ဒိုဂျိုပေါ်မှ ပါဝင်သူများသည် သူတို့၏ မျက်နှာများ တည်တံ့လေးနက်နေကြသည်။ သူတို့၏ နှလုံးသားထဲ၌ တဖြည်းဖြည်း ဖိအားကြီးတစ်ခု ပြည့်နှက်လာသည်။
အကယ်၍ သူတို့ ကံကောင်းပါက သူတို့သည် ကောင်းကင်သို့ ပျံတက်သွားလိမ့်မည်ဖြစ်သည်။ မဟုတ်ပါက သူတို့သည် နှစ်များစွာ တဖန်စောင့်ရဦးမည်ဖြစ်သည်။
ယခုအချိန်၌ သူတို့၏ အနာဂတ်သည် သူတို့၏ လက်များထဲတွင် ရှိပေသည်။
“တာအိုရှာဖွေခြင်းရတနာသိုက်ပွင့်"
မျက်ကန်းဓားသမားသည် ဓားစွမ်းအင်တစ်ခုကို ထုတ်ဖော်လိုက်ပြီး ခေါင်းလောင်းထိုးသကဲ့သို့ ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။
သူ၏ လက်ထဲတွင် ထူးခြားသော တံဆိပ်တစ်ဆယ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် တံဆိပ်များထဲကို သူ၏ မြင့်မြတ်အင်အားထည့်သွင်းလိုက်ရာ ထိတ်လန့်ဖွယ်ရာ အလင်းတန်းတစ်ဆယ်ခုသည် တာအိုရှာဖွေခြင်းရတနာသိုက်၏ အတားအဆီးဆီသို့ တိုးဝင်သွားသည်။
ဘန်း…
လူအုပ်ကြီး၏ အကြည့်များအောက်တွင် အတားအဆီးမှာ တဖြည်းဖြည်းပွင့်လာပြီး သေးငယ်သော အပေါက်တစ်ခုဖြစ်ပေါ်လာသည်။ အပေါက်ထဲမှ မရေမတွက်နိုင်သော ရတနာများ၏ အော်ရာများ ထွက်ပေါ်နေကြပြီး လှိုင်းလုံးပြီးများပမာပင် ဖြစ်သည်။
လူအုပ်ကြီး မှင်တက်သွားကြသည်။
“ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာ…"
ချင်နန် ရတနာသိုက်၏ ဝင်ပေါက်ကို ကြည့်လိုက်သည်။
သို့သော်လည်း ထိုအချိန်၌ ရုတ်တရက် ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။
🐱🐱🐱🐱🐱
အပိုင်း (၇၁၂) နတ်ဘုရားဖယောင်းတိုင်များ၏ ထွက်ပေါ်လာမှု
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုတို့၏ မျက်လုံးများ အရောင်လက်သွားပြီး အပြာရောင်ဒိုဂျိုပေါ်မှ သွမ့်ချင်းကို ကြည့်ရှုလိုက်သည်။
သူ၏ ရှေ့မှ လူငယ်ကို သူယခင်က တွေ့ဖူးပြီး သူသည် အရေးမပါသည့် လူတစ်ယောက်မဟုတ်ကြောင်း သေချာပေသည်။
“ဆေဘာ…"
“အထက်ပိုင်းခရိုင်မှာ လူနည်းနည်းပဲ ယှဉ်နိုင်တဲ့ ထူးခြားတဲ့အော်ရာ…ပြီးတော့ သိုင်းစွမ်းရည်တွေ အမျိုးမျိုးပေါင်းစည်းခဲ့တာလဲ အရမ်းရင်းနှီးတယ်"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို သူ၏ နှလုံးသားထဲ၌ ရေရွတ်လိုက်သည်။
သူ၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု တဖြည်းဖြည်းပေါ်လာသည်။
သို့သော်လည်း ထိုအချိန်၌…
တာအိုရှာဖွေခြင်းရတနာသိုက်၏ ဝင်ပေါက်မှ ကြောက်မက်ဖွယ်ရာအင်အားတစ်ခု ပေါက်ကွဲလာသည်။
အင်အားသည် ရှေးခေတ်မှ ဆင်းသက်လာသည်ဟု ခံစားရကာ တိုင်းတာ၍မရသည့် လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပေးစွမ်းပေသည်။
အာဏာပိုင်များ၏ တည်ရှိမှုသည် ၎င်း၏ ရှေ့၌ အလွန်သေးငယ်သွားပုံရသည်။
“ဒါ"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို အံ့အားသင့်သည့် မျက်နှာထားဖြင့် သူ၏ ထိုင်ခုံမှ ထလိုက်သည်။
ဘန်း…
တာအိုရှာဖွေခြင်းတောင်တစ်ခုလုံး ထိတ်လန့်ပေါက်ကွဲမှုတစ်ခု ပဲ့တင်ထပ်သွားသည်။
တာအိုရှာဖွေခြင်းရတနာသိုက်တစ်ခုလုံး ပေါက်ကွဲသွားသည်။
ဝှစ်…
အငွေ့များ၏ အလယ်၌ အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး အတားအဆီးတစ်ခုအဖြစ် ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် နေအလင်းကဲ့သို့ လီနှစ်ဆယ်ဧရိယာကို ဖုံးလွှမ်းသွားသည်။
အတားအဆီးထဲတွင် တောက်ပသော မှော်အလင်းများ ထုတ်ဖော်နေသည့် မရေမတွက်နိုင်သော ရှားပါးရတနာများ လွင့်မျောနေသည်။
အတားအဆီး၏ အောက်၌ ကျန်တစ်ဝက်ခန့်ရှည်သည့် ဖယောင်းတိုင်များ အတန်းလိုက်ရှိနေကြသည်။
တစ်ခဏကြာပြီးနောက် ဖယောင်းတိုင်တစ်ရာကျော် အတန်းလိုက်နှင့် လမ်းတစ်ခု ဖြစ်သွားသည်။
ဖယောင်းတိုင်များဖြင့် ဖန်တီးထားသော လမ်းသည် အထွတ်အထိပ်သို့ ဦးတည်စေသကဲ့သို့ ဖြစ်သည်။
ထိုမြင်ကွင်းအားကြည့်ကာ လူအုပ်ကြီး အလွန်အံ့အားသင့်သွားကြသည်။
ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလိုဖြစ်လာတာလဲ…
တာအိုရှာဖွေခြင်းရတနာသိုက်က ဘာလို့ သူ့ဘာသူ ထွက်ပေါ်လာတာလဲ…
“နတ်ဘုရားဖယောင်းလမ်း…ဒါက နတ်ဘုရားဖယောင်းလမ်းပဲ"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုသည် လုံးဝစိတ်လွတ်နေပြီး သူမြင်တွေ့နေရသည့် အရာကို အစစ်အမှန်မဟုတ်ဟု သူ ခံစားနေရသည်။
ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်၊ ဝမ့်ရှန်နန်းဆောင်၏ ဒုခေါင်းဆောင်၊ ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်နှင့် အခြားအာဏာပိုင်များသည်လည်း အလွန်အံ့ဩတုန်လှုပ်နေကြသည်။
နတ်ဘုရားဖယောင်းတိုင်လမ်းသည် လွန်ခဲ့သော နှစ်သုံးရာကသာ ထွက်ပေါ်လာခဲ့ဖူးသည်။
ပါဝင်သူများ လမ်းပေါ်သို့ ခြေချကာ ဖယောင်းတိုင်များ ပို၍ထွန်းလင်းနိုင်လေလေ သူတို့အား ပေးမည့် ရတနာပစ္စည်းများလည်း များလေလေဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းသုံးရာက တာအိုရှာဖွေခြင်းတောင်၏ အမျိုးသမီးဂျီးနီးယပ်တစ်ယောက်သည် နတ်ဘုရားဖယောင်းလမ်းမှ ရတနာပစ္စည်းနှစ်ဆယ်ရရှိခဲ့ကာ အရှေ့ပိုင်းတိုက်ကြီး၏ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သွားခဲ့သည်။
ယခုအချိန်၌ နတ်ဘုရားဖယောင်းလမ်းကား တဖန်ပြန်ပေါ်လာသည်။
ဘန်း…
ရွှေရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားဖယောင်းလမ်း၏ အဆုံး၌ ရွှေနန်းတော်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အထဲမှ ထွက်ပေါ်နေသည့် ထူးခြားသော ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာကို ခံစားနိုင်ပေသည်။
ဝီ...
အတားအဆီးထဲမှ ရတနာပစ္စည်းများသည် အရှိန်ပြင်းပြင်းဖြင့် လွင့်မျောနေသည်။ သူတို့၏ ဘုရင်မင်းမြတ်ကို ကြိုဆိုနေသကဲ့သို့ပင်ဖြစ်သည်။
“ ရွှေနန်းတော်က အဖိုးတန်ရတနာကို ကိုယ်စားပြုတာပဲ…"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို၏ အသံတုန်ယင်နေသည်။
၎င်းသည် အဖိုးတန်ရတနာဖြစ်သည်။
နှစ်ထောင်ချီကုန်ဆုံးပြီးနောက် ၎င်းသည် သူ၏ ပထမဆုံးအကြိမ်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဒဏ္ဍာရီများအရ အဖိုးတန်ရတနာကို ရရှိသူသည် ရတနာအားလုံးကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို ရရှိမည်ဟုဆိုသည်။
“ဒါအဖိုးတန်ရတနာပဲ"
အာဏာပိုင်များ ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
အပြာရောင်ဒိုဂျိုတစ်ခုလုံးသည် တစ်စပြင်တစ်ခုပမာ တိတ်ဆိတ်သွားသည်။
ရတနာသိုက်၏ ထူးခြားသော အပြောင်းအလဲကို တွေ့မြင်ပြီးနောက် လူတိုင်း စိတ်လွတ်သွားခဲ့သည်။
ချင်နန်မှတစ်ပါးဖြစ်သည်။
တာအိုရှာဖွေခြင်းရတနာသိုက်ထွက်ပေါ်လာကာ နတ်ဘုရားဖယောင်းလမ်း၏ အဆုံး ရွှေနန်းတော်ကို မြင်ရသောအခါ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာသည် နန်းတော်ထဲတွင်ရှိကြောင်းကို သူ နားလည်လိုက်သည်။
“သွမ့်ချင်း…မင်းနတ်ဘုရားဖယောင်းလမ်းရဲ့ အဆုံးကိုရောက်ရင် မင်းအဖိုးတန်ရတနာကို ရလိမ့်မယ်"
မျက်ကန်းဓားသမားသည် သူ၏ အတွေးများကို စုစည်းကာ ချက်ချင်းပင် ချင်နန်ဆီသို့ အသံပို့လွှတ်လိုက်သည်။
ချင်နန်၏ နှလုံးသားတစ်ချက်ခုန်လှုပ်သွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်သို့ ပျံသန်းလိုက်သည်။
ယခင်တစ်ကြိမ်က...
သူ၏ ကျင့်ကြံမှုမှာ အလွန်အားနည်းခဲ့သည်။
ဤတစ်ကြိမ်၌ သူသည် သူ့ကိုယ်သူ ပြင်ဆင်လာခဲ့သည်။
ယခုအချိန်၌ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို ဆွဲနှုတ်ကာ သူသည် ကြောက်မက်ဖွယ်ရာစစ်ပွဲတစ်ခု ဆင်နွှဲမည်ဖြစ်သည်။
နတ်ဘုရားဖယောင်းလမ်း၏ အဆုံးမှ ရွှေနန်းတော်သည် ချင်နန်ကို တုံ့ပြန်ရန် ကြိုးပမ်းနေသကဲ့သို့ အနည်းငယ်တုန်ခါနေသည်။
“ဒါသွမ့်ချင်းပဲ"
“သူက နန်းတော်ဆီကို သွားနေပြီ"
ချင်နန်၏ လုပ်ရပ်ကို မြင်သောအခါ လူအုပ်ကြီး ကြက်သေသေနေရာမှ နိုးထလာခဲ့သည်။
“သွမ့်ချင်း ရပ်စမ်း"
သို့သော်လည်း ချင်နန်သည် နတ်ဘုရားဖယောင်းလမ်းပေါ်သို့ ခြေချတော့မည့်အချိန်၌ ဒေါသထွက်နေသော အသံတစ်သံကို ကြားလိုက်ရသည်။ အော်သံပိုင်ရှင်မှာ ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုပင်ဖြစ်သည်။
ဘန်း…
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုသည် အလင်း၏ အမြန်နှုန်းဖြင့် ထွက်ခွာလာပြီး သူ၏ မြင့်မြတ်အင်အားဖြင့် ကောင်းကင်အား ဖုံးအုပ်သည့် ကြီးမားသော လက်ဖဝါးကြီးအား ဖန်တီးကာ ချင်နန်ကို ရိုက်ချလိုက်သည်။
အကြီးအကဲရင်ကဲ့သို့ မဟုတ်ဘဲ ဂိုဏ်းခေါင်းဆောင်ဝမ်တာအို၏ ကျင့်ကြံမှုမှာ သိုင်းသူတော်စင်အထွတ်အထိပ်အဆင့်ဖြစ်သောကြောင့် သူ့လက်ဖဝါး၏ စွမ်းအားသည် ချက်ချင်းပင် ချင်နန်ကို အပိုင်းပိုင်းဖျက်ဆီးပစ်နိုင်သည်။
“ဂိုဏ်းခေါင်းဆောင်ဝမ်တာအို ဒီနေ့ မရဘူး"
သွေးတောင်ပံဗာမီလီယံငှက် တင်းမာစွာ ပြောလိုက်ပြီး မီးလျှံများကို ထုတ်ဖော်ကာ ချင်နန်ကို ကာကွယ်လိုက်သည်။
ဘန်း…
ထိပ်တိုက်တွေ့ဆုံမှု၏ အင်အားအရှိန်သည် ချက်ချင်းပင် ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။
သွေးတောင်ပံဗာမီလီယံငှက် နည်းနည်းညည်းလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
သူ၏ လက်ရှိကျင့်ကြံမှုဖြင့် သူသည် ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုကို ဆန့်ကျင်ရန် စွမ်းအားမရှိသေးပေ။
ချင်နန်သည် နတ်ဘုရားဖယောင်းလမ်းဆီသို့ အမြန်သွားလိုက်သည်။
“ချက်ချင်း ရပ်စမ်း"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို၏ မျက်လုံးထဲမှ ဒေါသထွက်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေပြီး သူ၏ ဆံပင်များ ရိုင်းစိုင်းစွာ လူးလွန့်ကခုန်နေသည်။
ဘန်း…
ထိုအချိန်၌ ရေခဲတောင် သုံးဆယ့်ခြောက်တောင်တုန်ခါလာသည်။
တောင်တိုင်း၏ အထက်၌ ထူးဆန်းသည့် ဝင်္ကပါများ ကြီးမားသည့် နဂါးတစ်ကောင်ပမာ တစ်ခုနှင့် တစ်ခု ချိတ်ဆက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးမားသော ဝင်္ကပါကြီးတစ်ခု တည်ဆောက်ကာ တောင်တိုင်းကို လွှမ်းခြုံသွားသည်။
အရာအားလုံးကို ဖျက်ဆီးတော့မည့်ပမာ ကြီးမားသောဖိနှိပ်မှုတစ်ခုသည် နေရာတစ်ခွင်ကို လွှမ်းခြုံသွားသည်။
၎င်းသည် တာအိုရှာဖွေခြင်းတောင် နှစ်ထောင်ချီသုံးစွဲကာ စွမ်းအားတိုးတက်အောင် လုပ်ခဲ့သည့် ဝင်္ကပါပင်ဖြစ်သည်။
၎င်း၏ စွမ်းအားမှာ မခန့်မှန်းနိုင်ပေ။
ယခုအချိန်၌ ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုသည် ချင်နန်ကို ရပ်တန့်ရန်အတွက်နှင့် ဝင်္ကပါကို အသက်သွင်းရန် ဆန္ဒရှိခဲ့သည်။
“သွမ့်ချင်းကို ကာကွယ်ကြ"
ကောင်းကင်လောင်ကျွမ်းခြင်းဘုရင် ကျယ်လောင်စွာ အော်လိုက်သည်။
ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံမှ အာဏာပိုင်များသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်နန်၏ နောက်မှ ထွက်ပေါ်လာသည်။
“သတ်"
ထိုစကားနှင့်အတူ နေရာတစ်ခွင်၌ ကြီးမားသော သတ်ဖြတ်ခြင်း အော်ရာများ ပြည့်နှက်သွားသည်။
ဝမ်တာအိုအကြီးအကဲများသည် သူတို့၏ ရန်သူများဆီသို့ သွားလိုက်ကြသည်။
ထိုအချိန်၌ ဝင်္ကပါ၏ စွမ်းအားသည် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တို့ လူစုကို ကောင်းကင်မှ အပြစ်ပေးသည့်ပမာ ဦးတည်နေသည်။
ကြီးမားပြင်းထန်သော အဖျက်စွမ်းအား ထွက်ပေါ်လာသည်။
“ချေးပဲ"
ကောင်းကင်လောင်ကျွမ်းဘုရင်တို့ လူစု၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
🐱🐱🐱🐱🐱🐱
အပိုင်း (၇၁၃) နတ်ဘုရားဖယောင်းလမ်းကို ထိန်းချုပ်ခြင်း
အကယ်၍ ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် ဝမ်တာအိုအကြီးအကဲများဆိုပါက ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တို့ လူစုသည် သူတို့ တစ်ခဏခန့် ကိုင်တွယ်နိုင်ပေသည်။
သို့သော်လည်း ယခု၌ ဝင်္ကပါ၏ စွမ်းအားကို အသက်သွင်းလိုက်သောအခါ ချင်နန်၏ အသက် ဆုံးရှုံးသွားနိုင်သည်။
“သွမ့်ချင်း…သွားစို့"
ကောင်းကင်လောင်ကျွမ်းခြင်းဘုရင် အော်လိုက်ပြီး ချင်နန်၏ ပုံရိပ်ကို အင်ပါယာစည်းတံဆိပ်တော်၏ စွမ်းအားဖြင့် ဖုံးလွှမ်းလိုက်သည်။
သွေးတောင်ပံဗာမီလီယံငှက်တစ်ချက်အော်ကာ မီးလျှံများ မှုတ်ထုတ်လိုက်သည်။
မီးလျှံများသည် သူတို့၏ ခန္ဓာကိုယ်များကို ဖုံးလွှမ်းသွားပြီး လေဟာနယ်ထဲ ဆွဲခေါ်သွားကာ ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် ဝင်္ကပါ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် ဝမ်တာအိုအကြီးအကဲတို့ နတ်ဘုရားဖယောင်းလမ်းသို့ ရောက်ရှိလာကြသည်။
သူတို့၏ ခန္ဓာကိုယ်များမှ မြင့်မြတ်အင်အားများ ထွက်ပေါ်လာကြပြီး သူတို့နှင့် သုံးလီအတွင်း ဧရိယာကို စည်းတံဆိပ်ခတ် ပိတ်ဆို့လိုက်သည်။
သိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ပင် ၎င်းကို မချိုးဖျက်နိုင်ပေ။
ထိုအချိန်၌ ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တို့ လူစုသည် အခြားတစ်နေရာတွင် ပြန်လည်ထွက်ပေါ်လာကြသည်။
“သွမ့်ချင်း…"
ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်နှင့် အခြားသူများသည် ချင်နန်ကို ကြည့်လိုက်ပြီး သူတို့ စကားရပ်သွားကြသည်။
ချင်နန်၏ နဖူးပေါ်တွင် သွေးကြောစိမ်းခပ်ရေးရေး ထနေပြီး တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရှိနေသည်။
“ဒီဝင်္ကပါက ဒီလောက်ထိ အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ"
ချင်နန် အသက်ပြင်းပြင်းရှူလိုက်သည်။
ဝင်္ကပါကြောင့်သာမဟုတ်ပါက ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တို့လူစုသည် သူ နတ်ဘုရားဖယောင်းလမ်းထဲဝင်ရန်အတွက် သေချာပေါက် အချိန်တချို့ရအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဖြစ်သည်။
ထိုအချိန်သည် သူ့အတွက် နတ်ဘုရားဖယောင်းလမ်းသို့သွားကာ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို ဆွဲနှုတ်ရန် လုံလောက်ပေသည်။
“ဒါပေမဲ့ ဒီကောင်းကင်ဖြိုဖျက်ခြင်းဆေဘာက ငါ့အပိုင်ပဲ ဖြစ်နေသေးတယ်"
ချင်နန်၏ အကြည့်များ တဖန် စူးရှသွားသည်။
သူမှလွှဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ဆေဘာကို ဆွဲနှုတ်ရန် မဖြစ်နိုင်ပေ။
လူအုပ်ကြီးနှင့် အခြားအာဏာပိုင်များသည် ဟာလာဟင်းလင်းမျက်နှာထားများဖြင့် ရှိနေကြပြီး အဆက်မပြတ် ဖြစ်ပွားသွားသည့် အဖြစ်အပျက်များကြောင့် သတိပြန်မဝင်လာကြသေးပေ။
နတ်ဘုရားဖယောင်းလမ်းဆိုတာ ဘာလဲ…
သွမ့်ချင်းက ဘာလို့ အဲဒီကို သွားဖို့ ကြိုးစားနေတာလဲ…
“လူတိုင်းပဲ"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုသည် သွမ့်ချင်းတို့ လူစုကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။
“မင်းတို့ ဒါကို မြင်ကြတယ်မလား…နတ်ဘုရားဖယောင်းလမ်းရဲ့အဆုံး ရွှေနန်းတော်က အဖိုးတန်ရတနာရှိတဲ့နေရာပဲ…နတ်ဘုရားဖယောင်းလမ်းကို သွားတဲ့အခါမှာ ဖယောင်းတိုင်အားလုံးကို လင်းအောင် စွမ်းဆောင်နိုင်တဲ့ သူက အဖိုးတန်ရတနာကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရရှိလိမ့်မယ်"
ထိုစကားကြားသောအခါ လူအုပ်ကြီး အလွန်အံ့အားသင့်သွားကြသည်။
နတ်ဘုရားဖယောင်းလမ်း…
ယင်၏အဆုံး၌ ဒဏ္ဍာရီ အဖိုးတန်ရတနာရှိသည်။
သွမ့်ချင်း နန်းတော်သို့ အလျင်အမြန်သွားရောက်ခြင်းမှာ အံ့အားသင့်စရာမဟုတ်တော့ပေ။
သူသည် အဖိုးတန်ရတနာကို ရယူလိုခြင်းဖြစ်သည်။
ထိုအချိန်၌ လူအုပ်ကြီး၏ မျက်လုံးများ မီးတောက်သွားကြသည်။
အဖိုးတန်ရတနာသည် သူတို့အတွက် သူတို့၏ ကံကြမ္မာကို ပြောင်းလဲကာ မခန့်မှန်းနိုင်သည့် အနာဂတ်တစ်ခုကို ပေးစွမ်းလိမ့်မည်ဖြစ်သည်။
“ဒီလိုဆိုပေမဲ့ တာအိုရှာဖွေခြင်းရတနာသိုက်က ငါတို့ တာအိုရှာဖွေခြင်းတောင်ရဲ့ အပိုင်ပဲ"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို ပြတ်သားစွာ ပြောလိုက်သည်။
“ပြီးတော့ သိုင်းသူတော်စင်အဆင့်အောက်ကျင့်ကြံသူတွေကပဲ တာအိုရှာဖွေခြင်းရတနာသိုက်ထဲ ဝင်ခွင့်ရှိတယ်…ဒါကြောင့် တာအိုရှာဖွေခြင်းတောင်ရဲ့ သိုင်းသူတော်စင်အဆင့်အောက် တပည့်တွေက တာအိုရှာဖွေခြင်းရတနာသိုက်ထဲကို အရင်ဝင်ရမယ်…ပြီးတော့မှ တခြားသူတွေ ဝင်ရမယ်"
ထိုစကားကြားသောအခါ တစ်ကိုယ်တော်ကျင့်ကြံသူများစွာသည် မသာမယာမျက်နှာထားများဖြင့် ဖြစ်သွားကြသည်။ သို့သော်လည်း မည်သူမျှ အသံတစ်သံမှ မထွက်ရဲကြပေ။
တာအိုရှာဖွေခြင်းတောင်၏ တပည့်များသည် နတ်ဘုရားဖယောာင်းလမ်းကို အရင်ဆုံးဝင်ရန် အခွင့်အရေးရှိသော်လည်း ကံကြမ္မာရေစက်ရှိသူသာ အဖိုးတန်ရတနာကို ပိုင်ဆိုင်လိမ့်မည်ဖြစ်သည်။
အကယ်၍ သူတို့သည် အဖိုးတန်ရတနာကို ရရှိမည့်ကံမပါပါက နတ်ဘုရားဖယောာင်းလမ်းထဲ ပထမဆုံးဝင်ခွင့်ရလျှင်လည်း ထူးခြားမည်မဟုတ်ပေ။
“ကောင်းပြီ"
“ငါတို့ တာအိုရှာဖွေခြင်းတောင်က လူတွေကို အရင်ဝင်ခွင့်ပြုတယ်"
“ပြီးတော့မှ ငါတို့ ဝင်မယ်"
ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်နှင့် ဝမ့်ရှန်နန်းဆောင်ဒုခေါင်းဆောင်တို့သည် သူတို့၏ အတွေးများကို စုစည်းကာ ခေါင်းညိတ်လိုက်ကြသည်။
သူတို့၏ တပည့်များ နတ်ဘုရားဖယောင်းလမ်းထဲဝင်ရန် အခွင့်အရေးရှိသ၍ မည်သူပထမဝင်ခွင့်ရရ အရေးမကြီးပေ။
တာအိုရှာဖွေခြင်းတောင်သည် သူတို့ကို နတ်ဘုရားဖယောင်းလမ်းထဲ ဝင်ခြင်းအား တားဆီးလျှင်တော့ ဤကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်ပေ။
“ဒါပေမဲ့ သွမ့်ချင်းနဲ့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက လူတွေက နောက်ဆုံးမှ ဝင်ခွင့်ရမယ်"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို ဟက်ဟက်ပက်ပက်ရယ်မောကာ ပြောလိုက်သည်။
သွမ့်ချင်း…မင်းက ပထမဆုံးဝင်ချင်နေတာလား…
မင်းရဲ့ အိပ်မက်ထဲမှာပဲ ရမယ်…
မင်းနောက်ဆုံးမှ ဝင်ရမယ်…
“ဂိုဏ်းခေါင်းဆောင်ဝမ်တာအို မင်းက ဘာကို ဆိုလိုတာလဲ"
ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံမှ အာဏာပိုင်များ၏ မျက်လုံးများ အေးစက်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှ ကြောက်မက်ဖွယ်ရာအော်ရာများ ထုတ်လွှတ်လိုက်ကြသည်။
“ထားလိုက်ပါ"
ချင်နန် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်နှင့် အခြားသူများကို အသံပို့လွှတ်လိုက်သည်။
“ဒါက ဘာမှ ခြားနားမှာ မဟုတ်ဘူး"
“ဒါ…"
ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တို့ လူစု အံ့ဩသွားကြသည်။ ချင်နန် ဤကဲ့သို့ စကားမျိုးပြောလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ လွန်ခဲ့တဲ့ တစ်ခဏက ချင်နန်သည် အရင်ဆုံးသွားရန် ကြိုးပမ်းခဲ့သည်။
ချင်နန်၏ မျက်နှာထား တည်ငြိမ်အေးဆေးနေသည်။
တာအိုရှာဖွေခြင်းရတနာသိုက်သည် သူ့ကိုယ်သူ ထုတ်ဖော်ပြသကာ အဘယ်ကြောင့် လူတိုင်းကို အဖိုးတန် ရတနာရရှိရန် အခွင့်အရေးပေးရသည့် အကြောင်းအရင်းအား သူ ရုတ်တရက် နားလည်သွားသည်။ စစ်နတ်ဘုရား၏ ညာလက်သည် ၎င်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ပုံရသည်။
အကြောင်းမှာ ယခင်တစ်ခေါက်က ချင်နန်သည် ဆေဘာကို ဆွဲမထုတ်ရန် ရွေးချယ်ခဲ့သည်။
ဤတစ်ကြိမ်၌ ယင်းသည် ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြသခြင်းဖြင့် အကယ်၍ ချင်နန်သည် ၎င်းကို ဆွဲမထုတ်ရန် ရွေးချယ်ပါက အခြားသူတစ်ယောက်ကို အခွင့်အရေးပေးမည်ဖြစ်သည်။
“အခု ငါဒီမှာ ရောက်နေပြီဖြစ်လို့ ငါဆုံးဖြတ်ချက်မချခင်မှာ ဘယ်သူမှ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို ယူလို့မရဘူး"
ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
ထို့ကြောင့် ပထမဝင်ရခြင်း မဝင်ရခြင်းမှာ အရေးမကြီးပေ။
“သိုင်းသူတော်စင်အဆင့်အောက် တပည့်တွေအားလုံး တာအိုရှာဖွေခြင်းတောင်ကို အခုလာခိုင်းလိုက်"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို အမိန့်ပေးလိုက်သည်။
အချိန်တိုအတွင်းမှာပင် တာအိုရှာဖွေခြင်းတောင်၏ ရေခဲတောင်သုံးဆယ့်ခြောက်တောင်၌ ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး တပည့်များကို တာအိုရှာဖွေခြင်းရတနာသိုက်သို့ ခေါ်လိုက်သည်။
ထိုအချိန၌ တပည့်များအားလုံးသည် သူတို့၏ တံဆိပ်များမှတစ်ဆင့် သတင်းပို့လွှတ်လိုက်ကြသည်။
ထို့နောက် တာအိုရှာဖွေခြင်းတောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
“ဘာ…နတ်ဘုရားဖယောာင်းလမ်း ထွက်ပေါ်လာတယ်…လူတိုင်းက အဖိုးတန်ရတနာကို ပိုင်ဆိုင်ခွင့်ရှိတယ်"
“ဟူး…မြန်မြန်သွားရအောင်…တကယ်လို့ ငါအဖိုးတန်ရတနာကို ရရင် ငါ့ရဲ့ ဘဝက ပြောင်းလဲသွားလိမ့်မယ်"
“………"
ဝှစ်…ဝှစ်…ဝှစ်…
အဆက်မပြတ်လေခွင်းသံများ ကြားလိုက်ရသည်။
တာအိုရှာဖွေခြင်းတောင်၏ တပည့်များ အဆက်မပြတ်ရောက်ရှိလာသည်ကိုသာ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အာဏာပိုင်များ မြင်လိုက်ရသည်။ အကြမ်းဖျင်း အကြည့်တစ်ချက်နှင့်အတူ ယခုရောက်ရှိလာသည့် တပည့်မှာ လေးထောင်ကျော်ရှိပေသည်။
အရေအတွက်မှာ တိုးလာဆဲဖြစ်သည်။
တာအိုရှာဖွေခြင်းရတနာသိုက်သည် အမှန်တကယ်ကို ကြီးကျယ်ခမ်းနားသော ပွဲတစ်ခုဖြစ်လာခဲ့သည်။
ကျောင်းပိဖန်သည် တပည့်များကို ထိန်းချုပ်ကာ အမိန့်ပေးလိုက်သည်။
“အဓိကတပည့်တွေ အတွင်းစည်းတပည့်တွေနဲ့ အပြင်စည်းတပည့်တွေ ချက်ချင်းတန်းစီကြ…အခု ထုန်ရှင်းဝေ မင်းအရင်ဆုံးသွား"
ထိုစကားကြားရသောအခါ ထုန်ရှင်းဝေ အလွန်ပျော်ရွှင်သွားပြီး ချက်ချင်းပင် နတ်ဘုရားဖယောင်းလမ်းဆီသို့ သွားလိုက်သည်။
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုတို့ လူစုသည် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တို့ လူစုရှိရာကို ကြည့်နေကြသည်။ အတားအဆီးပေါ်တွင် ကြီးမားသော အပေါက်တစ်ခု ပေါ်ထွက်လာပြီး ထုန်ရှင်းဝေ ဝင်ရောက်သွားသည်။
ထိုအချိန်၌ နေရာတစ်ခုလုံး တိတ်ဆိတ်နေကြသည်။
နတ်ဘုရားဖယောင်းလမ်း၏ အဆုံးတွင် အဖိုးတန်ရတနာရှိသည်ကို လူတိုင်း သတိပြုမိသည့်တိုင် နတ်ဘုရားဖယောင်းလမ်းထဲတွင် သူတို့ ဘာဖြစ်မည်ကို မည်သူမျှ မသိကြပေ။
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုတို့ လူစုပင် အသက်ရှုရပ်နေသည်။
ထုန်ရှင်းဝေသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ နတ်ဘုရားဖယောင်းလမ်း၏ အဆုံးသို့ စတင်လျှောက်လှမ်းလိုက်သည်။
ထိုအချိန်၌ တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။
လမ်း၏ နှစ်ဖက်လုံးမှ ဖယောင်းတိုင်များသည် မီးများ တောက်လာပြီး ပတ်ဝန်းကျင်ကို အနီရောင်အလင်းများ ထွန်းလင်းသွားသည်။
ဖယောင်းတိုင်များအားလုံး ထွန်းလင်းခဲ့သည်။
🐱🐱🐱🐱🐱
အပိုင်း (၇၁၄)ရူးချင်စရာ ရတနာ
ကျင့်ကြံသူများနှင့် အာဏာပိုင်များ ကြက်သေသေနေကြသည်။
“ကောင်းတယ်…"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် ဝမ်တာအိုအကြီးအကဲများ အလွန်ပျော်ရွှင်သွားကြပြီး သူတို့၏ မျက်လုံးများ ရွှန်းလဲ့သွားကြသည်ား။
အခြေအနေအရ ဖယောင်းတိုင်များ အားလုံးထွန်းလင်းသွားသောကြောင့် ထုန်ရှင်းဝေသည် အဖိုးတန်ရတနာကို ပိုင်ဆိုင်ဖို့ အခွင့်အရေးရှိသည်ဟု ဆိုလိုသည်။
ထိုအချိန်၌ ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်၊ ဝမ့်ရှန်နန်းဆောင် ဒုခေါင်းဆောင်နှင့် တစ်ကိုယ်တော်ကျင့်ကြံသူများမှာ မသာမယာမျက်နှာထားများဖြင့် ရှိနေကြသည်။
အကယ်၍ ထုန်ရှင်းဝေ အဖိုးတန်ရတနာကို ရရှိပါက ၎င်းသည် သေချာပေါက် သူတို့အတွက် သတင်းကောင်းမဟုတ်ပေ။
မျက်ကန်းဓားသမားသည်လည်း အလွန်ရှုပ်ထွေးနေသည်။
ဘာဖြစ်နေတာလဲ…
ထုန်ရှင်းဝေက ဘယ်လိုလုပ် ဖယောင်းတိုင်တွေ အားလုံးကို ထွန်းလင်းစေနိုင်တာလဲ…
ချင်နန်ပင် ဆွံ့အနေသည်။
ထိုအချိန်၌ ထုန်ရှင်းဝေ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။ သူ၏ နှလုံးသားသည် တစ်စက္ကန့်တွင် နှစ်ကြိမ်နှုန်းဖြင့် ခုန်နေပြီး သူ၏ သွေးများ ဆူပွက်လာသည်။
အဖိုးတန်ရတနာ…
ငါအဖိုးတန်ရတနာကို ရတနာနဲ့ သွမ့်ချင်းနဲ့ လျှို့ဝှက်နဂါးအဆင့်ပေါ်က ထိပ်ဆုံးသုံးယောက်က ငါ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ဘူး…ငါက ထိပ်သီးဂျီးနီးယပ်ဖြစ်လာလိမ့်မယ်...
အဆုံးမှာ ငါ မူကလန်နဲ့ အလယ်ပိုင်းတိုက်ကြီးကိုတောင် သွားနိုင်တယ်...
“ယား…"
ထုန်ရှင်းဝေ ရုတ်တရက် ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး သူ၏ အမြန်နှုန်းကို မြှင့်တင်ကာ ရွှေနန်းတော်ဆီသို့ တဟုန်ထိုးသွားလိုက်သည်။
လူအုပ်ကြီး အသက်ရှူရပ်သွားကြသည်။
သို့သော်လည်း အံ့အားသင့်ဖွယ်ရာမြင်ကွင်းတစ်ခု ဖြစ်ပွားလာသည်။
ထုန်ရှင်းဝေသည် ရွှေနန်းတော်နှင့် သုံးကျန်အကွာသို့ ရောက်ရှိသွားသည့်အခါ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကြောက်မက်ဖွယ်ရာဖိအားတစ်ခု ကျရောက်လာပြီး သူနောက်ထပ် ခြေတစ်လှမ်းမျှ လှမ်း၍ မရတော့ပေ။
“ဘာဖြစ်တာလဲ…ရှေ့ဆက်သွားမယ်"
ထုန်ရှင်းဝေ အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် သိုင်းအရှင်အဆင့်အင်အားများကို ထုတ်လွှတ်လိုက်ရာ သူ၏ ဆံပင်များ လေထဲတွင် လူးလွန့်သွားသည်။
ထုန်ရှင်းဝေသည် ရှေးဟောင်းသိုင်းပညာများ အသုံးပြုကာ သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။
သူသည် သူ စဉ်းစား၍ ရသော နည်းလမ်းမှန်သမျှကို အသုံးပြုခဲ့သည်။ သို့သော်လည်း သူသည် ရှေ့သို့ ခြေလှမ်းပင် ထပ်တိုး၍ မရပေ။
“ဒါ…"
ထုန်ရှင်းဝေ၏ မျက်နှာ ချက်ချင်းဖြူဖျော့သွားသည်။ ၎င်းသည် သူ၏ မျှော်လင့်ချက်ထက် လုံးဝကျော်လွန်ကာ အဖြစ်မှန်သည် သူ့အား ရေအေးတစ်ပုံးနှင့် လောင်းချလိုက်သကဲ့သို့ပင် ဖြစ်သွားသည်။
လူအုပ်ကြီးအံ့အားသင့်နေကြသည်။
ဘာဖြစ်နေတာလဲ…
နတ်ဘုရားဖယောင်းတိုင်အားလုံး လင်းတာက အဖိုးတန်ရတနာကို ပိုင်ဆိုင်ဖို့ အခွင့်အရေးရှိတာ မဟုတ်ဘူးလား…
ထို့နောက် နတ်ဘုရားဖယောင်းလမ်း၏ ဘေးနှစ်ဖက်မှ ရတနာရှစ်ခုသည် ထုန်ရှင်းဝေဆီသို့ ပစ်လွင့်လာသည်။
ဘန်း…
နတ်ဘုရားဖယောင်းလမ်းမှ အစွမ်းထက်သော အင်အားတစ်ခုထွက်ပေါ်လာပြီး ထုန်ရှင်းဝေ လမ်းအစသို့ ရောက်ရှိသွားသည်။
လူအုပ်ကြီးချက်ချင်းပင် သူတို့၏ အတွေးများကို စုစည်းလိုက်ကြသည်။
“ဟား…ဟား…ဟား…နတ်ဘုရားဖယောင်းတိုင်တွေအားလုံး လင်းတာက အဖိုးတန်ရတနာကိုရမယ်လို့ ဆိုလိုတာမဟုတ်ဘူး…အစတုန်းက အဖိုးတန်ရတနာကို ရဖို့ ဘာလို့ ဒီလောက်အရမ်းလွယ်နေပါလိမ့်လို့ ငါစဉ်းစားနေတာ"
“ကျွတ်…ကျွတ်…ရတနာရှစ်ခုက လုံလောက်ပါတယ်"
“ချေးပဲ…ငါကြောက်တောင် ကြောက်သွားတယ်"
ကျင့်ကြံသူများနှင့် အာဏာပိုင်များ စိတ်သက်သာရာ သက်ပြင်းချလိုက်ပြီး သူတို့၏ မျက်နှာထားများ ပြေလျော့သွားကြသည်။
အဖိုးတန်ရတနာကို မရရှိသွားခြင်းမှာ အလွန်ကောင်းလှသည်။
“နောက်တစ်ယောက်...ဝူဟောင်"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို၏ မျက်နှာထား မကြည်မသာဖြစ်နေသည်။ ရုတ်တရက် ကောင်းကင်မှ ငရဲသို့ ကျသွားသည့် ခံစားချက်ကို မည်သူမျှ ခံစားချင်ကြလိမ့်မည် မဟုတ်ပေ။
ဝူဟောင် လေထဲသို့ ပျံသန်းလာပြီး နတ်ဘုရားဖယောင်းလမ်းထဲသို့ ဝင်သွားသည်။
ယခင်ကကဲ့သို့ပင် နတ်ဘုရားဖယောင်းတိုင်များအားလုံး လင်းသွားသည်။
သူ၏ နှလုံးသားထဲမှ မျှော်လင့်ချက်တစ်မျှင်နှင့်အတူ ဝူဟောင်သည်အစွမ်းကုန်အသုံးပြု၍ ရွှေနန်းတော်ဆီသို့ တဟုန်ထိုးသွားလိုက်သည်။ သို့သော်လည်း နန်းတော်နှင့် တစ်ဆယ်ကျန်အဝေးနှင့် ရောက်ရှိသည့်အခါတွင် သူ၏ ခန္ဓာကိုယ်ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မရွေ့လျားနိုင်တော့ပေ။
ထိုအချိန်၌ လူတိုင်းနားလည်သွားသည်။
ဖယောင်းတိုင်များအားလုံးလင်းခြင်းသည် အဖိုးတန်ရတနာများ ရရှိခြင်းနှင့် လုံးဝမပတ်သက်ပေ။
အဆုံး၌ ဝူဟောင်သည် ရတနာခြောက်ခုကို ရရှိခဲ့သည်။
“နောက်တစ်ယောက်…"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို အေးစက်သော မျက်နှာထားဖြင့် တိတ်ဆိတ်စွာပင် ရှိနေသည်။ ကျောင်းပိဖန်သူ၏ နှလုံးသားထဲ၌ မချိပြုံး ပြုံးလိုက်ပြီး နောက်ထပ်တပည့်တစ်ယောက်ကို ကြေညာလိုက်သည်။
တာအိုရှာဖွေခြင်းတောင်၏ အတွင်းစည်းတပည့်များနှင့် အပြင်စည်းတပည့်များသည် တစ်ယောက်ပြီး တစ်ယောက် နတ်ဘုရားဖယောင်းလမ်းထဲ ဝင်လိုက်ကြသည်။
အချိန်တဖြည်းဖြည်းကုန်လွန်သွားကာ နှစ်နာရီကြာပြီးနောက် တာအိုရှာဖွေခြင်းတောင်၏ တပည့်တစ်ဝက်သည် နတ်ဘုရားဖယောင်းလမ်းထဲ ဝင်ပြီးသွားပြီဖြစ်သည်။
မည်သူမျှ အဖိုးတန်ရတနာကို မရရှိခဲ့ပေ။
ထုန်ရှင်းဝေ၏ ရတနာရှစ်ခုရလဒ်သည်သာ အမြင့်ဆုံးတွင် ရှိသေးသည်။
“ဟီး.ဟီး…အဖိုးတန်ရတနာကို ရဖို့က မလွယ်တဲ့ပုံပဲ"
“အဖိုးတန်ရတနာကို မရရင်တောင် တခြားရတနာပစ္စည်းတွေ ရတနာက တန်နေပြီ…ရတနာပစ္စည်းအချို့က မင်းရဲ့ ဘဝကို ကောင်းကောင်းပြောင်းလဲပေးနိုင်တယ်"
“မင်းပြောတာ မှန်တယ်"
တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် တပည့်များ အတင်းအဖျင်းပြောလိုက်ကြသည်။
နောက်ဆုံး၌ နောက်ထပ် တစ်နာရီခွဲကြာသောအခါ တာအိုရှာဖွေခြင်းတောင်မှ တပည့်များ၏ အလှည့် ပြီးဆုံးသွားပြီဖြစ်သည်။ မည်သူမျှ အဖိုးတန်ရတနာကို မရရှိခဲ့ပေ။
“ဟား…ဟား…ဟား…"
ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၊ သွေးတောင်ပံဗာမီလီယံငှက်နှင့် အခြားသူများ ရယ်မောလိုက်သည်။
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုတို့ လူစုသည် အလွန် မကြည်မသာ ခံစားနေရပြီး သူတို့၏ မျက်လုံးများ အေးစက် နေကြသည်။
“လူတိုင်းမြင်တဲ့အတိုင်းပဲ တာအိုရှာဖွေခြင်းတောင်ရဲ့ တပည့်တွေက အဖိုးတန်ရတနာကို မရခဲ့ကြဘူး…အခု မင်းတို့ အလှည့်ပဲ"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို အော်လိုက်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများ၊ ကုန်သွယ်ရေးမဟာမိတ်မှ တပည့်များနှင့် ဝမ့်ရှန်နန်းဆောင်မှ တပည့်များ တက်ကြွသွားကြသည်။
နောက်ဆုံး၌ သူတို့ အလှည့် ရောက်ရှိလာပြီဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို သူ၏ နှလုံးသားထဲ၌ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ တာအိုရှာဖွေခြင်းတောင်မှ တပည့်များ အဖိုးတန်ရတနာ မရရှိခဲ့ခြင်းကို သူအလွန် စိတ်ပျက်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်သည် အဖိုးတန်ရတနာကို ရရှိသွားပါက သူသည် မည်သည့်တန်ဖိုးပေးဆပ်ပေးဆပ်ရ လုယူမည်ဖြစ်သည်။
“ငါ အရင်သွားမယ်"
“ချေးပဲ…ငါအရင်သွားမယ်"
“ရတနာက ငါ့ဟာပဲ"
လေထုမှာ တဖန် တင်းကျပ်လာသည်။
ချင်နန်သာ တစ်စုံတစ်ခုသာ စောင့်ဆိုင်းနေသကဲ့သို့ တည်ငြိမ်စွာ ရှိနေသည်။
ကျောင်းပိဖန်သည် တစ်ကိုယ်တော် ကျင့်ကြံသူများ နတ်ဘုရားဖယောင်းလမ်းထဲဝင်ရန် ဆက်လက်၍ အမိန့်များပေးနေသည်။
ယခင်ကကဲ့သို့ပင် မည်သူမျှ အဆုံးကို မရောက်ရှိခဲ့ကြပေ။
“ဟား…ဟား…ဟား…ငါလခြမ်းအဆောင်၊ သွေးနီတံဆိပ်နဲ့ အင်ပါယာလက်သီးကို ရခဲ့တယ်…ငါက အရှေ့ပိုင်းတိုက်ကြီးမှာ ကျော်ကြားလာတော့မယ်"
“ချေးပဲ…ငါ့ရဲ့ ရတနာပစ္စည်းတွေက အမှိုက်ပဲ"
“ဟူး…"
တစ်ကိုယ်တော်ကျင့်ကြံသူများ သူတို့၏ အလှည့်သို့ ရောက်ရှိလာသောအခါ အချို့မှာ ရလဒ်ကို ပျော်ရွှင်နေကြပြီး အချို့မှာ စိတ်ပျက်နေကြသည်။
အဆုံး၌ တစ်ကိုယ်တော်ကျင့်ကြံသူများအားလုံး ပြီးဆုံးသွားသည်။
ထူးခြားသော စွမ်းရည်များ လေ့ကျင့်ထားသည့် ကျူးဟန်ပင် ရတနာပစ္စည်းတစ်ဆယ့်ငါးခုသာ ရရှိခဲ့သည်။
ဝမ့်ရှန်နန်းဆောင်၏ အလှည့်သည်လည်း ပြီးဆုံးသွားသည်။
တပည့်များနှင့် ကျင့်ကြံသူတစ်သောင်းကျော်ထဲတွင် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံသာ ကျန်ရှိတော့သည်။
“နောက်ဆုံးတော့ ငါ့အလှည့်ရောက်လာပြီ"
ချင်နန်၏ မျက်လုံးများ မှေးစင်းသွားပြီး မြေပြင်ကို ခြေတစ်ချက်ပေါက်လိုက်သည်။
သူ၏ နှလုံးသားထဲတွင် မယုံနိုင်စရာတိုက်ခိုက်ချင်စိတ်တစ်ခု ထွက်ပေါ်လာသည်။
🐱🐱🐱🐱🐱🐱
အပိုင်း (၇၁၅) ဆွဲထုတ်ပါ
“ဟား…ဟား…ဟား…ငါတို့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက နောက်ဆုံးဖြစ်တာ အရေးကြီးလို့လား…မင်းတို့ရဲ့ အဘိုးလောင်က အဖိုးတန်ရတနာကို ဘယ်လိုယူမလဲဆိုတာ မင်းတို့ကို ပြမယ်"
ချင်နန် လှုပ်ရှားလိုက်သည့်အချိန်တွင်ပင် ကျယ်လောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာပြီး လောင်ဂူး နတ်ဘုရားဖယောင်းလမ်းသို့ သွားလိုက်သည်။
ရယ်သံသည် ချက်ချင်းပင် လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင်သွားသည်။
ချင်နန်၏ လှုပ်ရှားမှုများသည်လည်း ရပ်တန့်သွားကာ ကြက်သေသေသွားသည်။
ဝှစ်…
မကြာမီ၌ လောင်ဂူးသည် နတ်ဘုရားဖယောင်းလမ်းကို လျှောက်လိုက်သော်လည်း သူ၏ မောက်မာသော အပြုအမူနှင့်မတူဘဲ ရလဒ်မှာ စိတ်ပျက်စရာဖြစ်ခဲ့သည်။
သူသည် အဖိုးတန်ရတနာကို ပိုင်ဆိုင်ဖို့ မပြောနှင့် ရတနာပစ္စည်းတစ်ခုကိုသာ ရရှိခဲ့သည်။
“*ီး…ဒီအမှိုက်"
သူ၏ လက်ထဲမှ ရတနာပစ္စည်းတစ်ခုအား ကြည့်ကာ လောင်ဂူး သွေးအန်လုနီးပါးဖြစ်နေသည်။
သူ့ထံတွင် ကောင်းကင်နဂါးနှင့် မိုးကြိုးကျား၏ သွေးကြောရှိသော်လည်း သူသည် ရတနာပစ္စည်းတစ်ခုကိုသာ ရရှိခဲ့ကာ ပါဝင်သူများကြားထဲ၌ အဆိုးဝါးဆုံးရလဒ်ဖြစ်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများ မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။
ဤကောင်သည် အလွန်ရယ်စရာကောင်းလှသည်။
“ထွက်သွား"
အေးစက်သော အသံတစ်သံကြားလိုက်ရပြီး ချင်နန် ခံစားချက်မဲ့သည့် မျက်နှာထားဖြင့် ရှေ့တက်လာသည်။
သူ၏ နတ်ဆိုးဝတ်ရုံသည် လေထဲ၌ ရိုင်းစိုင်းစွာ လူးလွန့်နေသည်။
လောင်ဂူး ငေါက်ရန် ပြင်လိုက်သော်လည်း ချင်နန်၏ မျက်နှာထားအား မြင်သည့်အခါ တိတ်ဆိတ်စွာနေရရန် ရွေးချယ်ကာ နတ်ဘုရားဖယောင်းလမ်းမှ ထွက်ခွာလိုက်သည်။
အကြောင်းအရင်းတချို့ကြောင့် မယုံနိုင်စရာကောင်းသော သတ်ဖြတ်ခြင်းအော်ရာတစ်ခုကို သူ ခံစားနိုင်သည်။
ချင်နန်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားထဲတွင် တစ်ခုတည်းသော အလင်းပမာပင် ဖြစ်သည်။
“လုပ်စမ်းပါ…ငါတို့ကို အံ့ဖွယ်အမှုဆောင်ကြဉ်းပေးစမ်းပါ"
ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တို့ လူစု နှလုံးခုန်မြန်သွားကြသည်။ သူတို့အားလုံး ဤနေရာသို့ လာရောက်ကြခြင်းမှာ ချင်နန်သည် အံ့ဖွယ်အမှုကိစ္စတစ်ခုကို လုပ်ပြမည်ဟု ယုံကြည်ကြသောကြောင့်ဖြစ်သည်။
“ဟန့်…"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ကျန်ရှိသော အာဏာပိုင်များမှာလည်း မသာမယာမျက်နှာထားများဖြင့် ရှိနေကြသည်။
သူတို့အများစုသည် သွမ့်ချင်းကို အလွန်မုန်းတီးပြီး သူတို့၏ လက်နှစ်ဖက်နှင့် သတ်ချင်နေကြသည်။
သို့သော်လည်း အာဏာပိုင်များ မသိကြသည့် အရာမှာ မျက်ကန်းဓားသမား၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါနေပြီး သူ၏ ပိန်လှီသော လက်ကို တင်းကျပ်စွာ ဆုပ်ထားခြင်းဖြစ်သည်။
လူအုပ်ကြီး၏ အကြည့်များအောက်တွင်ပင် ချင်နန်သည် နတ်ဘုရားဖယောင်းလမ်းပေါ် ခြေချလိုက်သည်။
လူတိုင်းကဲ့သို့ပင် သူ၏ ပထမခြေလှမ်း၌ လမ်း၏ နှစ်ဖက်မှ ဖယောင်းတိုင်များ အားလုံးလင်းသွားသည်။
မည်သည့်အတားအဆီးမှမရှိဘဲ ချင်နန်သည် မကြာမီ၌ တစ်ဆယ်ကျန်အဝေးသို့ ရောက်ရှိသွားသည်။
တပည့်အများစုသည်လည်း ထိုအကွာအဝေးတွင် ရှေ့သို့် ဆက်မသွားနိုင်ခဲ့ကြခြင်း ဖြစ်သည်။
အခြားသူများကဲ့သို့ ချင်နန်သည်လည်း ရပ်တန့်သွားသည်။
“မင်းကို ကြည့်ရတာ မင်းက အရမ်းယုံကြည်ချက်ရှိနေတဲ့ ပုံပဲ…ဒါပေမဲ့ လူတွေ အများကြီး ကျရှုံးခဲ့တဲ့ အဖိုးတန်ရတနာကို မင်းက ရနိုင်မယ်လို့ ထင်နေတာလား"
ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်၏ မျက်လုံးများထဲ၌ အထင်သေးသည့် အရိပ်အငွေ့များ ထွက်ပေါ်နေသည်။
“ဒီကောင်ဘယ်သူလဲဆိုတာ နောက်ပိုင်းကျရင် ငါဖော်ထုတ်ရမယ်"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုသည် ထိုသု့်ဖြစ်ပျက်မည်ကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် မည်သည့်လှောင်ပြောင်စကားမျှ မပြောခဲ့ပေ။
သည့်အစား သူ၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို ကြံစည်နေသကဲ့သို့ သူ၏ မျက်လုံးများ အေးစက်စွာ အရောင်လက်သွားသည်။ ရတနာသိုက်၏ ထူးခြားသော အပြောင်းအလဲကြောင့် ဖြစ်ပေါ်ခဲ့သည့် သူ၏ အံ့အားသင့်မှုမှာ တဖြည်းဖြည်းပျောက်ကွယ်လာသည်။ ယခုအချိန်၌ သူ၏ ဆန္ဒမှာ သွမ့်ချင်း မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးရန်နှင့် သူ့အား စိတ်အနှောက်အယှက်ဖြစ်စေသည့် ဤပိုးကောင်ကို သတ်ပစ်ရန်ဖြစ်သည်။
ထုန်ရှင်းဝေ၊ ကျူးဟန်၊ ဝူဟောင်နှင့် အခြားဂျီးနီးယပ်များသည်လည်း နှာခေါင်းရှုံ့လိုက်ကြသည်။
အစတုန်းက မင်းက အရမ်းယုံကြည်ချက်ရှိနေသလိုသရုပ်ဆောင်ခဲ့တယ်…ဒါပေမဲ့ အဲဒါက ဘာထူးခြားလဲ…
သို့သော်လည်း တုန်လှုပ်ဖွယ်ရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ချင်နန်သည် သူ၏ ခြေထောက်ကို မြှောက်ကာ ရှေ့သို့ ခြေချလိုက်သည်။
ဝှစ်…
လမ်း၏ ဘေးနှစ်ဖက်မှ ဖယောင်းတိုင်အလင်းသည် ရုတ်တရက် အပြာရောင်ဖြစ်သွားသည်။
“ဒါ…"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်တို့၏ မျက်လုံးများ မှေးကျုံ့သွားသည်။
လူအုပ်ကြီးသည်လည်း တုန်လှုပ်သွားသည်။
“သွမ့်ချင်း"
ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်တို့လူစု တုန်လှုပ်သွားကြသည်။ ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်သည် ချက်ချင်းပင် ကွယ်လွန်သူဧကရာဇ်မင်း၏ ရုပ်တုနှင့် နဂါးတွင်းနက်သစ်ပင်ကို ဆင့်ခေါ်လိုက်သည်။
နတ်ဘုရားဖယောင်းလမ်းထဲ ကျင့်ကြံသူတစ်သောင်းကျော် ဝင်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထိုကဲ့သို့ ဖြစ်ပျက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ချင်နန် ဤကဲ့သို့ လုပ်နိုင်ခြင်းသည် အဖိုးတန်ရတနာကို ရရန် အခွင့်အရေးရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ချင်နန် နောက်ထပ်ခြေတစ်လှမ်းလှမ်းလိုက်ရာ ဖယောင်းတိုင်အလင်းသည် အနက်ရောင်ဖြစ်သွားသည်။
သူသည် ရုတ်တရက် နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
ဖယောင်းတိုင်အလင်းများသည် အနက်၊ အပြာ၊ အဖြူ၊ အနီစသည်ဖြင့် မတူညီသော အရောင်များအဖြစ် ပြောင်းလဲသွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချင်နန်သည် ရွှေနန်းတော်၏ ရှေ့သို့ ရောက်ရှိသွားပြီး လက်တစ်ပြန်သာ ကွာဝေးတော့သည်။
ဝီ…
ရွှေနန်းတော်သည် ပြင်းထန်စွာ တုန်ခါလာပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်ပမာ အက်ကြောင်းများ ထလာသည်။
ထိုအချိန်၌ ဖယောင်းတိုင်များ၏ အလင်းသည် ရွှေရောင်ဖြစ်သွားသည်။
အတားအဆီးထဲမှ လွင့်မျောနေသော ရတနာများသည် အော်ဟစ်နေသကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာသည်။
“ကလေး…"
ချင်နန်၏ ခန္ဓာကိုယ်ထဲမှ သိုင်းဘီဘင်များ အံ့ဩတုန်လှုပ်သွားကြပြီး သူတို့၏ အသံထဲ၌ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။ သူတို့၏ စွန့်လွှတ်မှုသည် အမှန်တကယ် အချည်းအနှီးမဖြစ်ခဲ့ပေ။ သူသည် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို ဆွဲထုတ်နိုင်မည့်ပုံရသည်။
အရာအားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
လူအုပ်ကြီး မတုံ့ပြန်နိုင်သေးခင်မှာပင် ဖယောင်းတိုင်အလင်းများ လျင်မြန်စွာ ပြောင်းလဲသွားပြီး ရွှေနန်းတော် အက်ကြောင်းထသွားကာ သွမ့်ချင်း အဖိုးတန်ရတနာရှေ့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
“ဖြစ်နိုင်တာက…"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် အခြားသူများ အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့၏ နှလုံးသားထဲ၌ စိတ်မသက်မသာ ခံစားချက် ဖြစ်ပွားလာသည်။
လှောင်ပြောင်ခဲ့ကြသော ထုန်ရှင်းဝေနှင့် ဂျီးနီးယပ်များသည် လက်ရှိ၌ ဟာလာဟင်းလင်းမျက်နှာထားများဖြင့် ရှိနေကြသည်။
ထိုအချိန်၌ အံ့ဖွယ် အခိုက်အတန့်တစ်ခုကို တွေ့မြင်ရတော့မည်ကဲ့သို့ လူအုပ်ကြီး၏ နှလုံးသားများ တင်းကျပ်လာသည်။
မျက်ကန်းဓားသမားပင် ထိုင်ရာမှ ထလိုက်သည်။
ဘန်း…
တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားပြီး မင်းမူနေသည့် တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။
ရွှေနန်းတော် အပိုင်းပိုင်း ပေါက်ကွဲသွားသည်။
ရွှေနန်းတော်မှ ဆေဘာအော်ရာတစ်ခုသည် ရေခဲတောင် သုံးဆယ့်ခြောက်တောင်အား ဖုံးလွှမ်းထားသည့် လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါကို အပေါက်ကြီးတစ်ခုဖောက်ကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ကြောက်မက်ဖွယ်ရာအော်ရာသည် နေရာတစ်ခွင်ကို လွှမ်းခြုံသွားသည်။
အာဏာပိုင်များ လုံးဝစိတ်လွတ်သွားသည်။
အဖိုးတန်ရတနာ…
အဖိုးတန်ရတနာ…
ဒါတကယ် ရှိတယ်…
ဝေါင်း…
နဂါးဟိန်းသံကြားလိုက်ရပြီး ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာသည် အောက်သို့ ဆင်းသက်လာကာ ချင်နန်၏ ရှေ့၌ လွင့်မျောနေသည်။
ဆေဘာထဲမှ ထွက်ပေါ်လာသည့် စစ်နတ်ဘုရားညာလက်၏ စိတ်လှုပ်ရှားသော အသံကို ကြားနိုင်သည်။
“သုံးလရှိသွားပြီ…သုံးလ…ဆေဘာကို ဆွဲထုတ်ဖို့ မင်းဆုံးဖြတ်ပြီးသွားပြီလား"
စကားလုံးများသည် မေးခွန်းတစ်ခုနှင့် တူညီသည်။ သို့သော်လည်း စိတ်ရှည်မှုကုန်ဆုံးကာ ညည်းညူနေသည့် ပုံစံနှင့် တူပေသည်။
ဘန်း…
ချင်နန်သည် သူ၏ ညာလက်ကို ဆန့်ထုတ်ကာ ဆေဘာ၏ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
စစ်နတ်ဘုရားအသက်ပြန်ရှင်လာသကဲ့သို့ သူ၏ အော်ရာ ကြီးမားစွာ ပြောင်းလဲသွားသည်။
၎င်းသည် သူ၏ အစစ်အမှန်သွင်ပြင်ဖြစ်သည်။
သူသည် မည်သည့်အရာကိုမျှ မကြောက်ပေ။ သူ မဆန့်ကျင်နိုင်သည့် အရာတစ်ခုမျှ မရှိပေ။ သူအနိုင်မယူနိုင်သည့်အရာတစ်ခုမျှ မရှိပေ။
“ဆွဲထုတ်ပါ…"